← Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

အပိုင်း ၃၅ -အနားယူသွားသော စနစ်

"လီလီ... ငါတို့ အခုချက်ချင်း မြို့တော်ကို ပြန်ရမယ်။ မင်းအဖေ ခုနတင် ဖုန်းဆက်တယ်၊ ချက်ချင်းပြန်လာဖို့ ပြောနေပြီ"

လန်ရှို့ယင်းက သူမရဲ့ ခရီးဆောင်အိတ်ကို ထုပ်ပိုးရင်း ချန်လီလီကို ပြောလိုက်သည်။ သူမရဲ့ လေသံက အရင်ကထက် ပိုပြီး စိုးရိမ်တကြီး ဖြစ်နေပေမဲ့ ချန်လီလီကတော့ ဘာမှ ပြန်မဖြေခဲ့ပါ။

"လီလီ! ဒီလို အရေးကြီးနေတဲ့ အချိန်မှာ ဘာတွေ ငေးငိုင်နေတာလဲ"

တုံ့ပြန်မှု မရှိတဲ့ လင်ပါသမီးကို ကြည့်ပြီး လန်ရှို့ယင်း ပထမဆုံးအကြိမ်အဖြစ် မကျေမနပ် ဖြစ်လာမိသည်။ ဒီကိစ္စတွေကို လုပ်ဖို့ မြှောက်ပင့်ပေးခဲ့တာ လီလီကိုယ်တိုင် ဖြစ်ပေမဲ့ အခုလိုအရာရာ လွဲချော်သွားသည့်အခါ သူမကပဲ ခင်ပွန်းဖြစ်သူရဲ့ ဆူပူကြိမ်းမောင်းတာကို ခံနေရပြီး သမီးဖြစ်သူကတော့ သူမကို နှစ်သိမ့်ဖို့ စိတ်ကူးတောင် မရှိပုံပါပဲ။

"သွားပြီ... အားလုံး သွားပြီ... အား... ဘာလို့ ဒီလို ဖြစ်သွားရတာလဲ။ ငါ့ရဲ့ စနစ်! ငါ့စနစ်ကို ပြန်ပေး! ဝူးဝူးဝူး..."

အံ့ဩစရာကောင်းတဲ့ စနစ်ကို ပိုင်ဆိုင်ခဲ့ဖူးပြီးမှ ရုတ်တရက် ဆုံးရှုံးလိုက်ရတဲ့အခါ မျှော်လင့်ချက်တွေ ပျောက်ဆုံးပြီး အိပ်မက်လှလှလေးတွေ ကြေမွသွားတဲ့ ခံစားချက်က ချန်လီလီကို စိတ်ဓာတ်ပြိုကွဲသွားစေပါသည်။

သူမဟာ ကိုယ့်ကိုယ်ကို ပြန်မေးခွန်းထုတ်ရင်း အပြစ်တင်ရင်းနဲ့ ဒီအိပ်မက်ဆိုးထဲကနေ မနိုးထချင်ဘဲ ဖြစ်နေခဲ့ပေမဲ့ လန်ရှို့ယင်းရဲ့ ဒေါသတကြီး အော်သံကြောင့် ထိတ်လန့်သွားပြီး "စနစ်... စနစ်" နဲ့ပဲ ရူးသွပ်သလို တတွတ်တွတ် ရေရွတ်နေမိတော့သည်။ လန်ရှို့ယင်းကတော့ 'စနစ်' ဆိုတာ ဘာလဲ မသိပါ။ သူမ သိတာကတော့ အခု ဒုက္ခအကြီးအကျယ် တွေ့နေပြီ ဆိုတာပါပဲ။

ချန်မိသားစုဆီ ပြန်ရောက်ရင် ချန်လီတဲ့ရဲ့ ဒေါသနဲ့ အပြစ်တင်မှုတွေကို ရင်ဆိုင်ရတော့မှာဖြစ်ပေမဲ့ သူမရဲ့ သမီးဖြစ်သူကတော့ အခုထိ ပြဿနာရှာနေတုန်းပါ။

"ဘာစနစ်လဲ။ တော်စမ်း မငိုနဲ့တော့။ ချန်လီလီ... ငါ ညဥ်းကို ပြောနေတာ။ ညဉ်းးး ညဉ်းအဖေကို ဒုက္ခပေးလိုက်ပြီ။ သူ ရတော့မယ့် အဖွဲ့ခေါင်းဆောင် ရာထူးလည်း ပြုတ်သွားပြီ"

"ညဉ်းရဲ့ အကြံဉာဏ်ကြောင့် လျန်ဟွေ့ကို ချဉ်းကပ်မိရာကနေ လျန်မိသားစုက သတိထားမိသွားပြီ။ သူတို့က ညဉ်းအဖေကို ပြန်ကစားလိုက်တာပဲ။ နောက်ထပ် တစ်ခုခု ထပ်လုပ်ရင် ညဉ်းအဖေ အလုပ်ပြုတ်သွားလိမ့်မယ်လို့ သတိပေးလိုက်ပြီ။ ငါပြောတာ ကြားရဲ့လား"

လန်ရှို့ယင်းသည် ရည်ရွယ်ချက်ကြောင့်သာ ချန်လီလီအပေါ် အမြဲ ကောင်းပြခဲ့သည်။ သူမ ချန်မိသားစုထဲကို မိထွေးအဖြစ် စဝင်လာတုန်းက သိတတ်နေပြီဖြစ်တဲ့ သားကြီးတစ်ယောက်နဲ့ အသက် တစ်နှစ်ပဲ ရှိသေးတဲ့ သမီးလေးကို ရင်ဆိုင်ခဲ့ရသည်။ အိမ်မှာ ခြေကုပ်မြဲဖို့အတွက် သမီးအငယ်မလေးကို သူမရဲ့ သမီးအရင်းလိုပဲ ဆက်ဆံခဲ့ရသည်။

နောက်တော့ သူမမှာ ကိုယ်ပိုင် သားလေးတစ်ယောက် ထွန်းကားလာပြီး သူမရဲ့ နေရာက ခိုင်မြဲပြီလို့ ထင်ခဲ့ပေမဲ့ သူမ ယောကျာ်းရဲ့သားကြီးကတော့ သူမသားလေးကို ဝံပုလွေတစ်ကောင်လို ရက်စက်တဲ့ မျက်လုံးတွေနဲ့သာ ကြည့်ခဲ့သည်။ အကယ်၍ သူမသာ သူ့ညီမအပေါ် မကောင်းရင် သူမသားလေး အသက်ရှင်မှာ မဟုတ်ဘူးလို့ ခြိမ်းခြောက်နေသလိုပါပဲ။

ဒီလို အခြေအနေတွေအောက်မှာပဲ သူမဟာ သမီးဖြစ်သူကို ဂရုတစိုက်နဲ့ကောင်းမွန်စွာ ဆက်ဆံခဲ့ရင်း သားအကြီးနဲ့ သမီးအငယ်ကြားဆက်ဆံရေးကို သပ်လျှို ခွဲခြားခဲ့ပါသည်။ အကျိုးဆက်အနေဖြင့်သားကြီးဖြစ်သူ အရွယ်ရောက်လာသည့်အခါ အမွေအနည်းငယ်ကိုပဲ ယူပြီး အိမ်ခွဲနေဖို့ ပြောလာခဲ့သည်။

အခုတော့ ချန်လီတဲ့ရဲ့ အပြစ်တင်တာကို ခံနေရတဲ့ လန်ရှို့ယင်းသည် သမီးဖြစ်သူကသာ တာဝန်ယူသင့်တယ်လို့ ခံစားနေရသည်။လန်ရှို့ယင်းက သူမကို ပေါ်ပေါ်တင်တင် အပြစ်တင်လိုက်၍လားမသိ, ချန်လီလီလည်း ကိုယ့်ကိုယ်ကို သနားနေတာတွေကို ရပ်လိုက်ရတော့တယ်။

"မေမေ... ဘယ်လိုဖြစ်လို့ သမီးအပေါ်ပဲ အပြစ် ပုံချနေရတာလဲ။ ဒါတွေ အားလုံးက အတူတူ တိုင်ပင်ပြီး ဆုံးဖြတ်ခဲ့ကြတာလေ။ အပြစ်တင်ရမယ်ဆိုရင်တော့ မေမေ့ရဲ့ သမီးလိမ္မာလေးကိုပဲ အပြစ်တင်လိုက်တော့။ သူမက သူ့ရဲ့ အမေအရင်းကိုတောင် အသိအမှတ်မပြုချင်တဲ့သူပဲ"

လင်းစုယွီ အကြောင်းကို ပြောလိုက်တဲ့အခါမှာတော့ သားအမိနှစ်ယောက်လုံး ဘုံရန်သူ တစ်ယောက်ကို တွေ့သွားပြီး တစ်ယောက်ကိုတစ်ယောက် အပြစ်တင်နေတာတွေ ရပ်သွားကြသည်။

"လင်းစုယွိီက ကျေးဇူးမသိတတ်တဲ့ ဝံပုလွေမပဲ။ မေမေ သူ့ကို ကိုးလလွယ် ဆယ်လဖွားခဲ့တာကို ကျေးဇူးမတင်တဲ့အပြင် အသိအမှတ်တောင် မပြုဘူး။ အခုဆို သူမကိုယ်သူမ မိဘမဲ့ တစ်ယောက်လိုတောင် လုပ်နေပြီ။ တကယ့်ကို အမိမသိ အဖမသိ ကျေးဇူးကန်းတဲ့ ဝံပုလွေမပဲ"

လင်းစုယွိီရဲ့ အိမ်ထောင်စုစာရင်းထဲက မိဘတွေအကြောင်း ပြန်စဉ်းစားမိလိုက်သည့်အခါ လန်ရှို့ယင်းရဲ့ ဒေါသတွေက ချက်ချင်း ငြိမ်ကျသွားတယ်။ ပိုင်ဝမ်ချင်း... လင်းစုယွိီက သူ့ရဲ့ မျိုးရိုးအမှန်ကို သိနေတာလား။

သူမ ချက်ချင်းပဲ အဲ့ဒီအတွေးကို ငြင်းပယ်လိုက်သည်။ လင်းမိသားစုမှာ ပိုင်ဝမ်ချင်း ဆိုတဲ့ နာမည်က ပြောခွင့်မရှိတဲ့ နာမည်တစ်ခုပါ။ လင်းစုယွိီရဲ့ မူလဇစ်မြစ်ကို ဘယ်တော့မှ မပြောဖို့ လင်းဟွာရှန်းကို သူမကိုယ်တိုင် ကျိန်ဆိုခိုင်းထားခဲ့တာ မဟုတ်လား။

"တော်ပြီ၊ တော်ပြီ ဘာမှ ထပ်မပြောနဲ့တော့။ အထုပ်အပိုးတွေ မြန်မြန်ပြင် ငါတို့ ရထားဘူတာ သွားရမယ်"

လန်ရှို့ယင်းက လင်းစုယွိီကို အိမ်ပြန်ခေါ်မယ့် အစီအစဉ်အကြောင်း ထပ်မပြောချင်တော့ပါဘူး။ တကယ်တော့ ဒီခရီးကို ထွက်လာခဲ့မိတာကိုက သူမအတွက် အမှားပါပဲ။ ဘာတစ်ခုမှ မအောင်မြင်တဲ့အပြင် ပိုက်ဆံတွေလည်း အကုန်အကျများပြီး ပြဿနာတွေနဲ့ပဲ အဆုံးသတ်ခဲ့ရတယ်—တကယ့်ကို 'ငါးစာလည်းကုန် ငါးလည်းမရ' ဖြစ်ခဲ့ရသည်။

သားအမိနှစ်ယောက်လုံး တိတ်ဆိတ်သွားကြသည်။ သူတို့ ရောက်လာတုန်းကတော့ တိုက်ပွဲဝင်စိတ်ဓာတ်တွေ, မျှော်လင့်ချက်တွေနဲ့ပါပဲ။ ဒါပေမဲ့ အခုတော့ အရှုံးပေးလိုက်ရသည့် ခွေးအိုကြီးတွေလို အမြီးကုပ်ပြီး အိပ်မက်တွေ ပျက်စီးကာ ပြန်သွားကြရပြီ။

လင်းစုယွိီဟာ မိသားစုအပေါ် သံယောဇဉ် မရှိတဲ့သူလို့ နှစ်ယောက်လုံးက သတ်မှတ်လိုက်ကြသည်။ သာမန်လူတစ်ယောက်က ကိုယ့်အမေအရင်းအပေါ် ဒီလို ဘယ်လိုများ ပြုမူနိုင်ရတာလဲ။

ဒါပေမဲ့ လင်းစုယွိီအတွက်တော့ သူမဟာ အရင်ဘဝမှာ အသက် ရှစ်ဆယ်ကျော်အထိ နေထိုင်ခဲ့သူပါ။ သူမဟာ ချမ်းသာကြွယ်ဝမှုနဲ့ လူ့သဘာဝရဲ့ အေးစက်မှုတွေကို မြင်တွေ့ခဲ့ပြီးပြီ ဖြစ်သည်။ ဆုံးရှုံးမှုတွေနဲ့ ကံကောင်းမှုတွေကိုလည်း အကြိမ်ကြိမ် ခံစားခဲ့ဖူးသည်။ ချိုသာသည့်စကားလုံးတွေနဲ့ မိခင်မေတ္တာဆိုတာတွေက တကယ့် မိန်းကလေးငယ်လေးတွေအပေါ်မှာတော့ အလုပ်ဖြစ်နိုင်ပေမဲ့ အရာရာကို အေးအေးဆေးဆေး သုံးသပ်နိုင်တဲ့ သူမအတွက်တော့ လန်ရှို့ယင်းတို့ သားအမိရဲ့ လုပ်ကြံမှုတွေနဲ့ လောဘတွေကို တစ်ချက်ကြည့်ရုံနဲ့ သိနေတာပေါ့။

ဒါကြောင့် လန်ရှို့ယင်းတို့ သားအမိ အရေးနိမ့်ပြီး ပြန်သွားရတာက အံ့ဩစရာ မဟုတ်ပါ။ လင်းစုယွိကတော့ လျန်မိသားစုအိမ်မှာ နေ့လယ်စာစားပြီး ဒေါ်လေးလျန် ပြင်ပေးလိုက်တဲ့ ဆန်ချောတွေကို သယ်ပြီး အိမ်ပြန်လာခဲ့သည်။ ဒေါ်လေးလျန်က စိတ်ဝင်စားဖို့ကောင်းတဲ့သူပါ။ လင်းစုယွိီက လျန်ဟွေ့ကို ကူညီခဲ့တယ်လို့ သူမ ယုံကြည်နေတာကြောင့် အခုလို လက်ဆောင်တွေ ပြန်ပေးခြင်း ဖြစ်သည်။

"ရဲဘော်ရှောင်ယွီ... ဆန်ဝယ်လာတာလား"

ဘေးအိမ်က ဦးလေးကျူးရဲ့ ဇနီး အဒေါ်ကုက ထမင်းစားဆောင်မှာ အလုပ်ဆင်းပြီး ပိုတဲ့ ဟင်းကျန်တွေကို သယ်လာရင်း ဆန်အိတ်နဲ့ ပြန်လာတဲ့ လင်းစုယွိီနဲ့ ဆုံမိသွားသည်။

ဒီခေတ်ကြီးထဲမှာ ဆန်ဆိုတာ အသက်သွေးကြောပါပဲ။ လစဉ်ထုတ်ပေးသည့် ရိက္ခာစာအုပ်ထဲက ဆန်အပြင် အပြင်ကနေ ဆန်ဝယ်နိုင်တဲ့သူက သာမန်တော့မဟုတ်ပါ။ အဒေါ်ကုရဲ့ အကြည့်က လင်းစုယွိီရဲ့ အိတ်ပေါ်မှာ ရစ်ဝဲနေပြီး အထဲမှာပါတာက ဆန်ချောတွေဆိုတာ သိလိုက်သည်။ သူမ ချက်ချင်းပဲ အားကျသွားသလို လင်းစုယွိီဆီကနေ ဆန်ချောဝယ်ဖို့ အကူအညီတောင်းရမလား ဆိုသည့် အတွေးကလည်း ခေါင်းထဲ ဝင်လာပါတော့သည်။

အဒေါ်ကုရဲ့ သားကြီးက စစ်တပ်ထဲရောက်နေပြီး လစဉ် လစာပို့ပေးနေရတာကလည်း ကျူးမိသားစုမှာ ကျန်းမာရေးမကောင်းတဲ့ သားငယ်လေး ရှိနေလို့ပင်။ အိမ်နီးချင်း အဒေါ်ကု နှုတ်ဆက်တာကို လင်းစုယွိီက ပြုံးပြပြီး အိမ်ထဲဝင်ခဲ့လိုက်သည်။ သူမရဲ့ ဆန်အိတ်ကို ကြည့်နေတဲ့ အားကျနေတဲ့ အကြည့်တွေကိုလည်း သူမ သတိထားမိတာပေါ့။

သူမရဲ့ နေရာလွတ် ထဲမှာ စပါးတွေ အများကြီး စိုက်ထားသော်လည်း သူတစ်ပါးကို ကူညီမည်ဆိုပါက စိုးရိမ်စရာတွေက ရှိနေပြန်သည်။ အကယ်၍ သူမကိုယ်သူမ ဖော်ထုတ်စရာမလိုဘဲ ဘေးကင်းကင်းနဲ့ ပိုက်ဆံရှာလို့ရမယ့် အခွင့်အရေးရှိရင် တစ်ဖက်ကလည်း အိမ်နီးချင်းတွေကို ကူညီရာရောက်မည်ဆိုရင်တော့... သူမ ကူညီဖို့ ဝန်လေးမှာ မဟုတ်ပါ။

အဒေါ်ကုက စိတ်မရှည်တဲ့သူပါ။ လင်းစုယွိီဆီမှာ ဆန်‌ချော ရနိုင်သည့်လမ်းစ ရှိမှန်းသိတော့ သူမရဲ့ အတွေးတွေက ရေမှော်တွေလိုပဲ ပွားများလာတော့သည်။ သူမရဲ့ သားငယ်လေး ကျန်းမာဖို့အတွက် အာဟာရဖြစ်တဲ့ ဆန်ချောက မရှိမဖြစ်လေ။

သို့သော်လည်း သူမသည် အလိုက်သိတတ်တဲ့သူလည်း ဖြစ်ပါသည်။ ကျူးမိသားစုရော ချန်မိသားစုပါ လင်းစုယွိီရဲ့ အိမ်နီးချင်းတွေ ဖြစ်ပေမဲ့ ရင်းနှီးမှုအပိုင်းမှာတော့ ကျူးမိသားစုက ချန်မိသားစုကို မမီပါ။

ဒါကြောင့် သူမ အရင်ဆုံး အဒေါ်ထောင်ဆီကို သွားခဲ့သည်။ သူတို့က အိမ်နီးချင်းကောင်းတွေအဖြစ် နှစ်အတော်ကြာ အပြန်အလှန် ကူညီလာခဲ့ကြတာဖြစ်ပြီး တစ်ခါတလေ မှောင်ခိုဈေးကိုတောင် အတူတူ သွားဖူးကြသည်။ အဒေါ်ကုက သူမရဲ့ ရည်ရွယ်ချက်ကို ရှင်းပြသည့်အခါ အဒေါ်ထောင်လည်း ငြိမ်မနေနိုင်တော့ပါ။ သူမက ဆန်ရဖို့ထက် လင်းစုယွိီလို ကလေးမလေးတစ်ယောက် မှောင်ခိုဈေးသွားရင် အနိုင်ကျင့်ခံရမှာကို ပိုစိုးရိမ်နေတာပါ။

"အစ်မထောင်... စိတ်မပူပါနဲ့ဦး။ ရှောင်ယွိရဲ့ ဆန်က မှောင်ခိုဈေးက ဖြစ်ချင်မှ ဖြစ်မှာပါ။ ဘယ်သူက နေ့ခင်းကြောင်တောင် မှောင်ခိုဈေးသွားပြီး ဆန်ချောတွေ ဝယ်ပါ့မလဲ"

အဲ့ဒါလည်း ဟုတ်တာပဲ။ အဒေါ်ထောင် စိတ်အနည်းငယ် အေးသွားပြီး အဒေါ်ကုရဲ့ အကူအညီတောင်းမှုကို စဉ်းစားကြည့်လိုက်သည်။

စုယွိီမှာ ဆန်ရနိုင်တဲ့ လမ်းကြောင်းရှိမရှိ မေးရမှာက...

"အစ်မထောင်ရယ်၊ ကျွန်မမှာ တခြားလမ်း မရှိတော့လို့ပါ။ ခန်အန်း ကျောင်းပိတ်ရက် ပြန်လာတာကို ကြည့်ပါဦး။ လေတိုက်ရင်တောင် လဲတော့မယ့်အတိုင်းပဲ။ အာဟာရဖြစ်အောင် ဆန်ချောလေးသာ မကျွေးနိုင်ရင်တော့..."

အဒေါ်ကု ဆက်မပြောနိုင်တော့ပဲ ကျလာတော့မည့် သူမမျက်ရည်တွေ ကို ထိန်းလိုက်သည်။

"ဟူး... ကောင်းပါပြီလေ။ ဒါဆို ငါ နင့်နဲ့အတူလိုက်ပြီး စုယွိကို မေးပေးမယ်။ ဒါပေမဲ့ နင် အဲ့ဒီကလေးကို အကျပ်မကိုင်ဘူးလို့တော့ ကတိပေးရမယ်နော်"

အဒေါ်ထောင်ကတော့ လူတွေ ဒုက္ခရောက်နေတာကို မကြည့်ရက်ပါ။ သူမလည်း ကျူးခန်အန်း ကြီးလာတာကို စောင့်ကြည့်ခဲ့သူဆိုတော့ ကောင်လေးရဲ့ ကိုယ်ခန္ဓာက လေထဲက မိုးမခပင်လို အားနည်းနေတာကို သိတာပေါ့။

"အစ်မထောင်ရယ်... ကျွန်မကို အထင်သေးလိုက်တာ။ ရှောင်ယွိီကို ကျွန်မက ဘယ်လိုလုပ်ပြီး အကျပ်ကိုင်ပါ့မလဲ"

အဒေါ်ကုကတော့ သူမဟာ အဒေါ်ထောင်လောက် စိတ်သဘောထား မနူးညံ့ပေမဲ့ အကြောင်းမဲ့ သောင်းကျန်းတတ်သူတော့ မဟုတ်ပါ။

လင်းစုယွိီ ပြောင်းလာကတည်းက သူမဟာ ရိုးရိုးသားသား ခင်ခင်မင်မင် ဆက်ဆံခဲ့တာပါ။ ဆန်လေး နည်းနည်းပါးပါးအတွက်နဲ့ သူမကို ဘယ်လိုလုပ်ပြီး ဒုက္ခပေးနိုင်ပါ့မလဲ။

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း

All Chapters