အခန်း ၄၃
Vol. 5 Ch. 43
အပိုင်း ၄၃- တုန်လှုပ်ဖွယ်ရာ လျှို့ဝှက်ချက်ကို ဖော်ထုတ်ခြင်း
ပင်လယ်ကမ်းစပ် ရေကျချိန်တွင် ပစ္စည်းရှာဖို့ ဒုတိယအကြိမ်မြောက် ထွက်လာကြသည့်အခါမှာတော့ လျန်ဟွေ့နဲ့ လင်းစုယွီတို့ဟာ ပထမအကြိမ်တုန်းကလောက် စိတ်မလှုပ်ရှားကြတော့ဘဲ တော်တော်လေး တည်ငြိမ်နေကြပြီပင်။ ဒီတစ်ခေါက်မှာတော့ ကားကြုံလိုက်လာတာဖြစ်လို့ နှစ်ယောက်သားဟာ စကားတိုင်ပင်မထားဘဲ အပိုပုံးတစ်ပုံးစီပါ ယူလာခဲ့ကြသည်။
တစ်နာရီမပြည့်ခင်မှာပဲ သူတို့စီးလာတဲ့ကားဟာ တံငါရွာလေးရဲ့ ငါးအခြောက်လှန်းတဲ့ ကွင်းပြင်မှာ ရပ်လိုက်သည်။ တစ်ကီလိုမီတာနီးပါး ရှည်လျားတဲ့ ကမ်းခြေတစ်လျှောက်မှာ ငါးဖမ်းထွက်ရာက ပြန်လာတဲ့ လှေငယ်လေး ငါးစင်းလောက် ဆိုက်ကပ်ထားပြီး၊ သဲသောင်ပြင်ပေါ်မှာ ပင်လယ်စာ ကောက်နေကြတဲ့ တံငါသည်တွေလည်း အများအပြား ရှိနေကြသည်။
လျန်ဟွေ့က သူမရဲ့တတိယအစ်ကို လျန်ကို စကားအနည်းငယ်ပြောပြီးနောက် လင်းစုယွီကိုဆွဲကာ ကမ်းခြေဆီ ပြေးသွားတော့သည်။ လျန်ဟွေ့က တခြားသူတွေဆီကနေ ပင်လယ်စာ ဘယ်လိုကောက်ရမလဲဆိုတာ သွားသင်ချင်နေတာပါ။ ဒါပေမဲ့ တံငါသည်တွေကတော့ ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေကြပြီး လျန်ဟွေ့ ဘာလုပ်နေလဲဆိုတာကို စိတ်မဝင်စားကြပါ။
ဒီနေရာကို သူစိမ်းတွေလာတာဟာ ထူးဆန်းတဲ့ကိစ္စမဟုတ်သလိုပါပဲ၊ ဘယ်သူကမှ စပ်စုတာမျိုးမရှိဘဲ ကိုယ့်အလုပ်ကိုယ် လုပ်နေကြသည်။ လျန်ဟွေ့ကတော့ သဘာဝအတိုင်း ပွင့်လင်းဖော်ရွေသူမို့ တခြားသူတွေက လာမနှုတ်ဆက်ရင်တောင် သူမကပဲ စကားစမြည်တွေ ပြောနေပြီး၊ လင်းစုယွီကိုလည်း အမီလိုက်ခဲ့ဖို့ လှမ်းခေါ်နေပါသေးသည်။
လင်းစုယွီကတော့ ပတ်ဝန်းကျင်ကို အသေအချာ အကဲခတ်နေသည်။ ဒီကမ်းခြေဟာ အရင်တစ်ခေါက်ကထက်စာရင် ပိုပြီးစည်ကားနေသည်။ လူကြီး၊ လူငယ်၊ ကလေးတွေပါမကျန် အစားအစာ ပိုရဖို့အတွက် ကြိုးစားပမ်းစား လုပ်ကိုင်နေကြတာပါ။ ကီလိုမီတာချီ ရှည်လျားတဲ့ ကမ်းခြေရဲ့ တစ်ဖက်မှာတော့ ကျောက်ဆောင်တန်းတွေ ရှိနေပြီး ရေကျသွားလို့ ကျန်ရစ်တဲ့ ရေအိုင်လေးတွေထဲမှာ ပင်လယ်ငါးလေးတွေ ရံဖန်ရံခါ ခုန်ပေါက်နေတာကို တွေ့ရနိုင်သည်။
ကမ်းခြေရဲ့ နောက်တစ်ဖက်မှာတော့ မတ်စောက်တဲ့ ကမ်းပါးယံကြီး ရှိနေပြီး အောက်ခြေမှာတော့ အနက်မတူတဲ့ ရေအိုင်တွေ ရှိနေသည်။ အဲဒီလို အန္တရာယ်များတာကြောင့် တံငါသည်တွေဟာ ကမ်းပါးယံဘက်ကို ဘယ်တော့မှ မသွားကြပဲ တားမြစ်နယ်မြေလို ဖြစ်နေသည်။
ဒါပေမဲ့ ဒီနေ့မှာတော့ ထူးခြားမှုတစ်ခု ရှိနေသည်။ အာရုံခံစားမှု ထက်မြက်တဲ့ လင်းစုယွီဟာ ကမ်းပါးယံအောက်မှာ ဆိုက်ကပ်ထားတဲ့ လှေငယ်တစ်စင်းကို သတိပြုမိသွားပြီး လူရိပ်နှစ်ခု ပစ္စည်းတစ်ခုခုကို ရွှေ့ပြောင်းနေတာကို ခပ်ဝါးဝါး လှမ်းမြင်လိုက်ရသည်။
မနက် ခြောက်နာရီဆိုတော့ ကမ်းခြေမှာ လင်းနေပြီဆိုပေမဲ့ ပင်လယ်မြူနှင်းတွေကြောင့် မြင်ကွင်းက ဝေဝါးနေသည်။ ပုံမှန်ဆိုရင်တော့ တံငါသည်တွေဟာ လှေဦးမှာ အချက်ပြမီးအိမ် ချိတ်ထားလေ့ရှိသည်။"စိတ် ဝိညာဉ်စမ်းရေ" ကြောင့် ရရှိလာသည့် အမြင်အာရုံ ထက်မြက်မှုဟာ လူတိုင်းမှာ မရှိနိုင်ပါ။ ထို့ကြောင့် အဲဒီလှေကို မြင်လိုက်ရသည့်အခါ လင်းစုယွီဟာ သာမန်မဟုတ်တဲ့ မသင်္ကာစရာ ခိုးကြောင်ခိုးဝှက် အငွေ့အသက်ကို ချက်ချင်း ခံစားလိုက်ရသည်။
သူမရဲ့ စပ်စုချင်စိတ်ကတော့ ဘယ်တော့မှ မသေဆုံးပါ။"စပ်စုရင် ဒုက္ခရောက်တတ်တယ်" ဆိုတဲ့ စကားကိုလည်း လင်းစုယွီက ဂရုမစိုက်ပါ။ သူမဟာ ဘာမှမဖြစ်သလိုမျိုး ကမ်းပါးယံဘက်ကို ဖြည်းဖြည်းချင်း လျှောက်သွားရင်း လမ်းမှာတွေ့တဲ့ ပင်လယ်စာတွေကို ကောက်ပြီး ပုံးထဲ ထည့်လိုက်သည်။
နီးလာပြီ၊ နည်းနည်းလေးပဲ လိုတော့တယ်။ လင်းစုယွီဟာ ကျောက်ဆောင်တွေပေါ်ကို ပါးပါးနပ်နပ်နဲ့ ခုန်ကူးလိုက်သည်။ သူမရဲ့ စိတ်ဝိညာဉ်အင်အား ကို အသုံးချပြီး ရေနက်တဲ့ အိုင်တွေကို ရှောင်ကာ ကမ်းပါးယံဆီ ချဉ်းကပ်ဖို့ လမ်းကြောင်းကို အပိုင်တွက်ချက်လိုက်သည်။
ကမ်းပါးယံက ကျောက်တုံးကြီးတွေ ကာနေတာကြောင့် လှေပေါ်ကလူတွေဟာ လင်းစုယွီ ချဉ်းကပ်လာတာကို လုံးဝ သတိမထားမိကြပါ။ အနီးအနားကို ရောက်သွားသည့်အခါမှာတော့ သူမရဲ့ အကြားအာရုံနဲ့ စိတ်ဝိညာဉ်အင်အားတို့ကြောင့် လှေပေါ်မှာ ဘာတွေဖြစ်နေလဲဆိုတာကို အကုန်လုံး အထင်းသား သိမြင်နေရပါပြီ။
"ဟင်! သူတို့တွေ ရှေးဟောင်းအမွေအနှစ်တွေကို မှောင်ခိုကူးနေကြတာလား" လင်းစုယွီရဲ့ နှလုံးခုန်သံတွေ မြန်လာပါတယ်။
"ဒါက အသက်နဲ့ရင်းရတဲ့ အလုပ်ပဲ၊ ဒီဇာတ်လမ်းကတော့ အဆိပ်ပြင်းလှချည်လား" လို့ သူမ တွေးလိုက်မိသည်။ အသက်အန္တရာယ်က ပိုအရေးကြီးတာမို့ ဒီလိုအန္တရာယ်များတဲ့ ကိစ္စထဲ သူမ မပါဝင်သင့်ပါ။ တကယ်လို့သာ အမိခံရရင် မျက်စိတစ်မှိတ်အတွင်း အသက်ပျောက်သွားနိုင်သည်။
လင်းစုယွီ နောက်ကြောင်းပြန်လှည့်ဖို့ ပြင်လိုက်စဉ်မှာပဲ လှေပေါ်ကလူတွေဟာ စကားများလာကြသည်။
"ကျန်းဖင် ဒါ မင်းကို ငါနောက်ဆုံးအကြိမ် ကူညီတာပဲ။ မင်း ငါ့ကို ကတိပေးထားတယ်နော်၊ မင်း ကတိတည်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်" အမျိုးသားတစ်ယောက်က ဒေါသသံနဲ့ ရန်လိုစွာ ပြောလိုက်သည်။ သူ့စကားတွေက တစ်စုံတစ်ယောက်ရဲ့ အကျပ်ကိုင်ခြင်းကို ခံထားရတဲ့ ပုံစံမျိုးပါ။
ကျန်တဲ့တစ်ယောက်ကတော့ လှောင်ပြောင်သလိုနဲ့ ပြန်ပြောလိုက်သည်။"ယွမ်ဖုန်း၊ ငါတို့ အတူတူ အလုပ်လုပ်လာတာ တစ်ကြိမ်နှစ်ကြိမ်မကတော့ဘူး။ မင်းက သစ္စာရှိပြီး မိဘအပေါ် သိတတ်တဲ့သားတစ်ယောက်မို့ ငါက မင်းကို လေးစားပါတယ်။ အဲဒါကြောင့် ငါ သတိပေးပါရစေဦး၊ ခိုးလှေပေါ် တစ်ခါတက်မိပြီးမှတော့ ပြန်ဆင်းဖို့ဆိုတာ မလွယ်ဘူးကွ"
"ကျန်းဖင်၊ မင်းက ဘာအခွင့်အရေးရှိလို့ အဲဒီလိုပြောတာလဲ။ အတွင်းရေးမှူးဝမ်က ကတိပေးထားတာ..."
"ပါးစပ်ပိတ်စမ်း! ငါတို့ အပြင်မှာရှိနေတုန်း အဲဒီနာမည်ကို လုံးဝ ထုတ်မပြောနဲ့။ မဟုတ်ရင် ငါမလုပ်ချင်ပေမဲ့ မင်းနေရာမှာ တခြားလူနဲ့ အစားထိုးလိုက်ရလိမ့်မယ်။ နားလည်လား" ကျန်းဖင်က ယွမ်ဖုန်းရဲ့စကားကို ချက်ချင်းဖြတ်ပြီး သတိပေးလိုက်သည်။
ကျန်းဖင်က သတိပေးစကားတွေနဲ့ ယွမ်ဖုန်းကို တားဆီးလိုက်ချိန်မှာတော့ ခိုးနားထောင်နေတဲ့ လင်းစုယွီပါ အကြီးအကျယ် တုန်လှုပ်သွားပါသည်။ 'အတွင်းရေးမှူးဝမ်' တဲ့လား။ သူမ သိတဲ့ အတွင်းရေးမှူးဝမ်များ ဖြစ်နေမလား။
ကျင်းမန်မြို့မှာ အစိုးရနဲ့ပတ်သက်တဲ့ နောက်ခံရှိတဲ့ ဘယ်မိသားစုကမှ 'အတွင်းရေးမှူးဝမ်' ဆိုတဲ့ နာမည်ရဲ့ အရှိန်အဝါကို မသိဘဲမနေပါ။ လင်းမိသားစု ဘေးကင်းကင်းနဲ့ ထွက်ခွာနိုင်ခဲ့တာဟာလည်း ဒီအတွင်းရေးမှူးဝမ်ကြောင့်ပဲ မဟုတ်လား။
"ကျန်းဖင်၊ ငါ တကယ်ကို ပင်ပန်းပြီး ကြောက်နေပြီ။ ဒီလို ထိတ်ထိတ်လန့်လန့်နဲ့ မနေချင်တော့ဘူး။ ငါ့အဖေက အသက် ၇၀ ရှိပြီ၊ ငါ သူ့ကိုပဲ ပြုစုစောင့်ရှောက်ချင်တော့တယ်"
ယွမ်ဖုန်းရဲ့ အသံထဲမှာ ပင်ပန်းနွမ်းနယ်မှုတွေကို ကျန်းဖင် ကြားနေရပေမဲ့ သူလည်း ဘာတတ်နိုင်မှာလဲ။ သူ့ရဲ့ လျှို့ဝှက်ချက်တွေကလည်း တခြားသူရဲ့ လက်ထဲမှာမို့ သူကိုယ်တိုင်လည်း သူများခိုင်းတာလုပ်ရတဲ့ ဓားတစ်လက်လို ဖြစ်နေတာပဲလေ။
ဒါကြောင့် ယွမ်ဖုန်းက သံယောဇဉ်တရားတွေနဲ့ ဖျောင်းဖျနေပေမဲ့ ကျန်းဖင်ရဲ့ စိတ်နှလုံးကတော့ မလှုပ်ခတ်ချေ။ သူ့ရဲ့ အမှားအမှန် သိစိတ်က ပျောက်ကွယ်သွားတာ ကြာလှပါပြီ။
"ယွမ်ဖုန်း၊ မင်းနဲ့ငါက သူများလက်ထဲက နယ်ရုပ်တွေပဲ။ ခေါင်းမာတဲ့ နယ်ရုပ်တွေရဲ့ အဆုံးသတ်က ဘာလဲဆိုတာ မင်းသိမှာပါ။ မင်းမှာ အပိုင်တွက်ချက်ထားတာမရှိမချင်းတော့ ဘာမှလျှောက်မလုပ်ဖို့ ငါအကြံပေးချင်တယ်"
ကျန်းဖင်ရဲ့ သတိပေးချက်က လေးနက်လှပေမဲ့ ယွမ်ဖုန်းကတော့ သူ့ဘဝကို သူ စိတ်ပျက်နေပြီပင်။
"ထျန်းကျင်းမှာ ဝမ်ရှင်းဟွာ တစ်ယောက်တည်း ကောင်းကင်ကြီးကို လက်ဝါးနဲ့အုပ်ထားနိုင်မယ်လို့ ငါမယုံဘူး။ ကျန်းဖင် ငါ့အကြောင်းကို မင်းသိပါတယ်။ ငါ့ကို အကျပ်ကိုင်လွန်းရင် ငါလည်း အတူတူ သေဖို့ ဝန်မလေးဘူး"
သေစမ်းး တစ်ကယ်ကြီးပဲ!! ဒါဟာ တစ်ကယ့် ကြီးမားတဲ့ လျှို့ဝှက်ချက်ပဲ! ဝမ်ရှင်းဟွာဆိုတာ တကယ်ပဲ ကျင်းမန်မြို့ရဲ့ အဆင့်မြင့်ဆုံး ခေါင်းဆောင်ကြီးပဲ။ လင်းစုယွီက သူမရဲ့ စိတ်ဝိညာဉ်စွမ်းအားနဲ့ လှေပေါ်က သစ်သားသေတ္တာတွေကို စစ်ဆေးကြည့်လိုက်တဲ့အခါ ကြေးထည်တွေ၊ ရှေးဟောင်း ကဗျာနဲ့ ပန်းချီကားချပ်တွေ ပြည့်နှက်နေတာကို တွေ့လိုက်ရသည်။
နိုင်ငံတော်အဆင့် အဖိုးတန် ရှေးဟောင်းပစ္စည်းတွေကို မှောင်ခိုကူးနေကြတာပဲ! ဒါကတော့ လုံးဝကိုပဲ! တကယ်ကို ရဲတင်းလှချည်လား။ ထျန်းကျင်း ဆိပ်ကမ်းကနေ မှောင်ခိုပို့နေတာဖြစ်ပြီး ထျန်းကျင်းရဲ့ အဆင့်မြင့်ဆုံး အရာရှိကိုယ်တိုင်က နောက်ကွယ်က အကာအကွယ်ပေးထားတာဆိုတော့ ဒီကိစ္စတွေကို ဘယ်သူမှမသိတာ မဆန်းတော့ပါဘူးလေ။
"အတူတူ သေမယ် ဟုတ်လား။ မင်းကိုယ်မင်း အထင်ကြီးလွန်းနေပြီ ယွမ်ဖုန်း။ ဘာလို့ ဒီတစ်ခါ ပစ္စည်းပို့တာကို ငါတို့နှစ်ယောက်လုံး လာရတယ်လို့ မင်းထင်လဲ။ မင်း စိတ်ပြောင်းနေတာကို အထက်ကလူ သိသွားလို့ပဲ။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ ငါက မင်းနဲ့ အလုပ်လုပ်လာတာ ကြာပြီဆိုတော့ ဒီတစ်ခေါက်တော့ မင်းကို ခေတ္တကာကွယ်ပေးထားပါတယ်"
"နောက်နှစ်ရက်အတွင်း လှေပေါ်ကနေ မဆင်းနဲ့။ ငြိမ်ငြိမ်လေး စောင့်နေ။ မင်းကို လာပြီး လာဘ်ထိုးဖို့ ကြိုးစားတဲ့သူတွေရဲ့ အဆုံးသတ်ကို ဆုံးဖြတ်ပြီးရင်တော့ အထက်ကလူက စိတ်ကြည်ပြီး မင်းကို ခွင့်လွှတ်ပေးကောင်း ပေးလိမ့်မယ်"
ဒီစကားတွေကို နားထောင်ပြီး လင်းစုယွီက အတွင်းရေးမှူးဝမ်ဟာ တစ်စုံတစ်ယောက်နဲ့ အာဏာလုပွဲ ဖြစ်နေပြီး မကြာခင် အနိုင်ရတော့မယ်ဆိုတာကို ခန့်မှန်းလိုက်မိပါသည်။
"မင်း ငါ့ကို စောင့်ကြည့်နေတာလား။ မြို့တော်ဝန်ကျောက်က လူလွှတ်ပြီး ငါ့ကို ဆက်သွယ်ခဲ့တာတော့ အမှန်ပဲ၊ ဒါပေမဲ့ ငါ့မှာ ခိုင်လုံတဲ့ သက်သေမရှိဘူး။ ဒါနဲ့ ငါသိချင်တာက မြို့တော်ဝန်ကျောက်က တစ်သက်လုံး ဖြောင့်မတ်ခဲ့တဲ့သူလေ၊ သူ့ကို ဖြုတ်ချဖို့ မင်းတို့ ဘာကို သုံးမှာလဲ"
မေးခွန်းကောင်းပဲ။ လင်းစုယွီလည်း သိချင်နေတာပါ။ ယွမ်ဖုန်းကတော့ မေးသင့်တာကို ကောင်းကောင်းမေးပေးနေသည်။
"ဟဲဟဲ၊ ပြောပြရတာပေါ့။ မင်းလည်း ဒီလှေပေါ်က ပြေးမလွတ်တော့ဘူးပဲဟာ။ မင်းမိသားစု ဘေးကင်းစေချင်ရင်ပေါ့လေ"
ကျန်းဖင်က ယွမ်ဖုန်းကို လှောင်ပြောင်လိုက်သည်။ သူ့ကို မျှော်လင့်ချက်ပေးလိုက်၊ ပြီးမှ အဲဒီမျှော်လင့်ချက်ကို ရက်ရက်စက်စက် ပြန်ဖျက်ဆီးလိုက်တဲ့ ပုံစံမျိုးပေါ့။
"မြို့တော်ဝန်ကျောက်ကတော့ တကယ်ပဲ ဖြောင့်မတ်ပြီး အရည်အချင်းရှိပါတယ်။ ဒါပေမဲ့ ကံဆိုးတာက သူ့မှာ လောင်းကစားနဲ့ မိန်းမကိစ္စတွေမှာ နစ်မွန်းနေတဲ့ သားမိုက်တစ်ယောက် ရှိနေတာပဲ။ ဒီလှေပေါ်က သေတ္တာတွေကို ဘယ်သူပို့တယ်လို့ မင်းထင်လဲ။ ပြီးတော့ ဟဲဖိန်လမ်း၊ အမှတ် ၁၈ က အိမ်ရာဝင်းဟာ ဘယ်သူ့နာမည်နဲ့ ဖြစ်နေပြီး အဲဒီထဲမှာ မြို့တော်ဝန်ကျောက်ကို ဒုက္ခပေးဖို့ ဘယ်လောက်တောင် ရှက်စရာကောင်းတဲ့ အရာတွေ ရှိနေမလဲဆိုတာ မင်း ခန့်မှန်းကြည့်လိုက်ပေါ့"
ကျန်းဖင်က မျက်နှာပျက်သွားတဲ့ ယွမ်ဖုန်းကို အေးစက်စက် ကြည့်နေသည်။ သူကိုယ်တိုင်လည်း ငရဲထဲမှာမို့ တခြားသူတွေ လွတ်မြောက်သွားမှာကို သူ မလိုလားပါဘူး။ ငရဲကို အတူတူသွားဖို့ အဖော်ရှိတာ ပိုမကောင်းဘူးလား။
"မင်းတို့တွေ တကယ်ကို ယုတ်မာပြီး အရှက်မရှိတဲ့ လူယုတ်မာတွေပဲ!" ယွမ်ဖုန်းက နာကျင်စွာ အော်ဟစ်လိုက်မိသည်။
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း