← Chapters

အခန်း ၁၃၂၂

Vol. 133 Ch. 1322

အခန်း ၁၃၂၂

Vol. 133 Ch. 1322

အခန်း (၁၃၂၂) သန့်စင်သောကမ္ဘာ အရှင်မြတ်ကို သုတ်သင်ခြင်း

"မင်းက အရူးပဲ" သန့်စင်သောကမ္ဘာ အရှင်မြတ်က ရှန်းယီ မည်သည့်အရာကို လုပ်ဆောင်နေသည်ကို သဘောပေါက်သွားသောအခါ သူ၏ရင်ဘက်အား လေးလံသောတူကြီးဖြင့် ရိုက်နှက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး တွေဝေငေးမောစွာဖြင့် နောက်သို့ ယိမ်းယိုင်သွားခဲ့၏။

မသေမျိုးကတိသစ္စာကို ကျိန်ဆိုခြင်း၊ မဟာအနန္တဆန္ဒကို ပြုလုပ်ခြင်းပင်ဖြစ်ပေ၏။

ဤသည်မှာ မူလဖရိုဖရဲတာ့လော်ရွှေမသေမျိုးများနှင့် မဟာလွတ်လပ်ခြင်းဗောဓိသတ္တများအတွက် တစ်ခုတည်းသော အထက်သို့တက်လှမ်းရာ လမ်းကြောင်းဖြစ်သော်လည်း နှစ်ကာလများတစ်လျှောက် ဤလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းရန် ရဲဝံ့သူများမှာအလွန်ရှားပါးလှပါသည်။

၎င်းမှာ ဤလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းရန် အလွန်ခက်ခဲသောကြောင့် မဟုတ်ဘဲ ရွှေမသေမျိုးများက ခေတ်ကာလများစွာကြာပြီးနောက် သူတို့၏ လက်ရှိနေရာသို့ရောက်ရှိရန် အလွန်ပင်ပန်းဆင်းရဲစွာကြိုးပမ်းခဲ့ရသဖြင့် သတ္တိကိုအကြောင်းပြု၍ အရာအားလုံးကို စွန့်စားရန် တွန့်ဆုတ်နေကြသောကြောင့် ဖြစ်ပေသည်။

မသေမျိုးကတိသစ္စာကို ခံယူခြင်းက ကောင်းကင်တာအို၏အာရုံစိုက်မှုကို သေချာပေါက်ရရှိစေပြီး သာမန်ရွှေမသေမျိုးများထက်များစွာသာလွန်သော စွမ်းအားကို ပေးစွမ်းနိုင်ကာ ဧကရာဇ်များနှင့် အစစ်အမှန်ဗုဒ္ဓများ၏နောက်တွင်သာရှိ၏။

သို့သော် တန်ဖိုးတစ်ခုအနေဖြင့် ခက်ခဲစွာရယူထားသော မိမိကိုယ်တိုင်၏သေဆုံးခြင်းမရှိ၊ ပျက်စီးခြင်းမရှိသောစွမ်းရည်ကိုချိုးဖျက်ရပါလိမ့်မည်။

ဤမသေနိုင်ခြင်းဟူသော သဘောတရားကို မပိုင်ဆိုင်မီက ဒုတိယအဆင့်သို့ရောက်ရှိနိုင်သူများက သူတို့၏ လူငယ်ဘဝတွင် မည်သူကများ အားကောင်းသော ရန်သူများကို ရင်ဆိုင်ရန်မရဲဝံ့ဘဲ ရှိခဲ့မည်နည်း။ မရေမတွက်နိုင်သော အရိုးများပေါ်တွင် တည်ဆောက်ထားသည့် ရှည်လျားသော လှေကားထစ်များကို သူတို့ တက်လှမ်းခဲ့ကြခြင်း ဖြစ်ပေသည်။

သို့သော် အမှန်တကယ် ပိုင်ဆိုင်သွားသောအခါ ထိုကဲ့သို့သောအရာကို စွန့်လွှတ်ရန်မှာ အင်မတန်ခက်ခဲသွားခဲ့လေပြီ။

ထို့ကြောင့် ဒုတိယအဆင့်ကျွမ်းကျင်သူတိုင်းက လှုပ်ရှားမှုမပြုလုပ်မီ သူတို့၏မဟာဆန္ဒကို လုံလောက်သောယုံကြည်မှုဖြင့် ပြီးမြောက်နိုင်ကြောင်း သေချာစေရန် အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းကြသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ယနေ့ သူက ဗောဓိဂိုဏ်းသို့ပြန်သွားပြီး ဤသတ္တဝါ၏အစစ်အမှန် သဘောသဘာဝကို ဖော်ထုတ်ကာ ဂိုဏ်းနှစ်ခု၏ ပေါင်းစပ်အင်အားအောက်တွင် ကောင်းကင်တာအိုအတွင်းရှိ ၎င်း၏နေရာကို အောင်မြင်စွာရှာဖွေနိုင်ခဲ့လျှင်ပင် ၎င်းမှာ ဖိနှိပ်ခြင်းထက်ပိုမလုပ်နိုင်ပေ။

ဗုဒ္ဓကိုယ်တိုင် လှုပ်ရှားခဲ့လျှင်ပင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးထံမှ သူတို့၏ခန္ဓာကိုယ်ဖြစ်တည်မှုကို ပြန်လည်ပုံဖော်နိုင်သော နတ်ဘုရားစွမ်းရည်ကို မဖယ်ရှားနိုင်ပေ။

၎င်းသည် မဟာလမ်းစဉ်၏ဆုလာဘ်တစ်ခု ဖြစ်သောကြောင့်ပင်။

သေဆုံးခြင်းမရှိ၊ ပျက်စီးခြင်းမရှိသော ခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်သရွေ့ ၎င်းက အကန့်အသတ်မရှိသော အခွင့်အရေးများ ရှိနေခြင်းကိုဆိုလိုပြီး တစ်နေ့နေ့တွင် နောက်ဆုံး၌ ပြန်လည်လွတ်မြောက်နိုင်စေပါလိမ့်မည်။

ထို့ကြောင့် သန့်စင်သောကမ္ဘာ အရှင်မြတ်က ရှန်းယီ၏အတွေးများကို လုံးဝ နားလည်နိုင်စွမ်းမရှိခဲ့ပေ။

သူ့ကို ပို၍အံ့အားသင့်စေခဲ့သည်မှာ သူကြားလိုက်ရသော စကားစုသုံးခုဖြစ်ပါသည်။

လောကကြီးအတွက် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းရန်၊သတ္တဝါအားလုံးကို ကယ်တင်ရန်၊ သေမျိုးလောကကို စောင့်ရှောက်ရန်တို့ဖြစ်၏။

ယခုအခါ လောကကြီးက အခြေအနေကောင်းမွန်နေပြီး ဗောဓိဂိုဏ်း နှင့် မသေမျိုးသုံးပါးဂိုဏ်း ဂိုဏ်းနှစ်ခုတို့က လောကကြီးကို ကူညီရန် ထွက်ပေါ်လာကာ နတ်ဘုရားနယ်မြေတစ်ခွင်တွင် မသေမျိုးဗိမာန်များနှင့် ဗုဒ္ဓဗိမာန်များ ပြည့်နှက်နေသည်။

သတ္တဝါအားလုံးကို အတင်းအကျပ်ခိုင်းစေကာ ကောင်းကင်ကိုဖီဆန်လိုသော လူသားဧကရာဇ်က ပြည်သူများ၏ယုံကြည်မှုကို ဆုံးရှုံးသွားစေရန်နှင့် မသေမျိုးဧကရာဇ်က သေမျိုးလောကကို အုပ်ချုပ်ကာ ဤမဟာကပ်ဘေးကြီးကို အဆုံးသတ်ရန်သာ စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

ထိုကဲ့သို့သော လောကကြီးတွင် အဘယ်ကြောင့် ကယ်တင်ရန်လိုအပ်ရမည်နည်း။

တစ်နည်းဆိုရသော် ဤရွှေမသေမျိုးက မည်သည့်နယ်ပယ်ကိုအခြေချရန် ရည်ရွယ်ထားပြီး သေမျိုးလောကအတွင်းရှိ မည်သူ့ကို သူက စောင့်ရှောက်လိုသနည်း။

ဤမသေမျိုးကတိသစ္စာက မဟာဂိုဏ်းကြီးနှင့် မသေမျိုးခုံးရုံးတို့ကို ဆန့်ကျင်နေပြီးအောင်မြင်ရန် အခွင့်အရေး လုံးဝမရှိပေ။

မိမိထွက်ခွာမသွားနိုင်ရန်အတွက် မဟာလမ်းစဉ်နှင့် မသေနိုင်ခြင်းကိုစွန့်လွှတ်ခြင်းမှာ ရူးသွပ်မှုပင် မဟုတ်လော။

"ထွက်သွားစမ်း"

သန့်စင်သောကမ္ဘာ အရှင်မြတ်က မသဲကွဲသော ဟိန်းဟောက်သံတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ဤရူးသွပ်နေသူနှင့် ဆက်လက်ပက်သက်လိုသော ဆန္ဒအားလုံး ဆုံးရှုံးသွားခဲ့၏။

ဤငြိမ်သက်နေသော လောကကြီးက သူ့ကို သူ၏လူငယ်ဘဝတွင်အဖြစ်များသော ကြောက်ရွံ့မှုကိုတဖြည်းဖြည်းပြန်လည်သတိရစေခဲ့ပြီး ယခုအခါ ၎င်းမှာသူ့အတွက်အနည်းငယ် သူစိမ်းဆန်သော ခံစားချက်တစ်ခုဖြစ်လာစေ၏။

မဟာလွတ်လပ်ခြင်းအဆင့်ရှိသူများအတွက် ကြောက်ရွံ့ခြင်းဟူသော စိတ်ခံစားမှုမှာ အလွန်တရာစိမ်းသက်နေပုံပင်။

လူတစ်ယောက်က မသေနိုင်သောအခါ ကြောက်စရာ ဘာရှိတော့မည်နည်း။

သူက သူကပ်ဘေးစွမ်းအားအားလုံးကို သစ်သားငါးထဲသို့သွန်းလောင်းထည့်လိုက်ပြီး သူကြောက်ရွံ့နေသောအရာမှာ မဟာဂိုဏ်းကြီးကိုဆန့်ကျင်ရန် ရဲဝံ့ကာ လူသားဧကရာဇ်ကိုယ်တိုင်ထက်များစွာပိုမို ရူးသွပ်ပြီး ကြောက်မက်ဖွယ်ကောင်းသော အတွေးများရှိသည့် သူ၏ရှေ့ရှိ နားလည်၍မရနိုင်သော လူငယ်လေးဖြစ်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားခဲ့၏။

"မင်း ဘယ်သွားမလို့လဲ" လူငယ်လေး၏အသံနှင့်အတူ ပတ်ဝန်းကျင်မှာ နက်ရှိုင်းသောအမှောင်ထုထဲသို့ကျဆင်းသွားပြီး တောက်ပနေသော သစ်သားငါးမှာမြူခိုးများအလား အမည်းရောင် တိမ်တိုက်များဖြင့် တင်းကျပ်စွာရစ်ပတ်ခံလိုက်ရကာ ရွှံ့ညွန်ထဲတွင် နက်ရှိုင်းစွာပိတ်မိနေသကဲ့သို့ ရုန်းကန်နေသော်လည်း လက်တစ်ဆစ်မျှပင်မရွေ့လျားနိုင်တော့ပေ။

"ဟာ..."

သန့်စင်သောကမ္ဘာ အရှင်မြတ်က မျက်လုံးပြူးကာ စိုက်ကြည့်နေပြီး သူ၏မျက်လုံးများတွင် ဝတ်ရုံရှည်ဖြင့်ဖြည်းညှင်းစွာ ချဉ်းကပ်လာသောပုံရိပ် ထင်ဟပ်နေ၏။

သူက အလိုအလျောက် အသက်ပြင်းပြင်း ရှူလိုက်မိ၏။

တူညီသော ဒုတိယအဆင့်ရှိသူဖြစ်ရာ သူကိုယ်တိုင်လည်း မဟာဆန္ဒကိုပြုလုပ်နိုင်သော်လည်း ၎င်းမှာ စိတ်လိုက်မာန်ပါချမှတ်ရမည့် ဆုံးဖြတ်ချက်မျိုး မဟုတ်ဘဲကြီးမားလှသော စိတ်ပိုင်းဖြတ်မှုနှင့် ဇွဲလုံ့လတို့ လိုအပ်သည့်အရာဖြစ်သည်။

သို့သော် နှစ်ပေါင်းများစွာ တောင်ပိုင်းဍုမေဏု၏ လောကီဗောဓိသတ္တဖြစ်ခဲ့သဖြင့် သန့်စင်သောကမ္ဘာ အရှင်မြတ်က သဘာဝကျကျပင်ပြင်ဆင်မှုများစွာကို ပြုလုပ်ခဲ့သည်။

သို့သော်... သူက ကတိမကျိန်ဆိုနိုင်ခဲ့ပေ။

ယခုအခါယှဉ်ပြိုင်တိုက်ခိုက်မှုတွင် ရှုံးနိမ့်ခြင်းက ပြင်ပကိုယ်ထည်တစ်ခု ဆုံးရှုံးရုံသာ ဆိုလိုသော်လည်း တစ်ဖက်လူ၏ရူးသွပ်မှုနောက် လိုက်ပါခြင်းက သူ ပင်ပန်းဆင်းရဲစွာစုဆောင်းထားခဲ့သမျှ အရာအားလုံးကို မြှုပ်နှံပစ်လိုက်ပါလိမ်ပမည်။

ထို့ကြောင့် ရှန်းယီက ဝိညာဉ်ရတနာ တစ်ခုကို ကိုင်ဆောင်ထားခြင်းမဟုတ်ဘဲ ဆောက်တစ်လက်ကို ကိုင်ဆောင်ထားသကဲ့သို့ ထိုထက်မြက်သော ဓားကိုလွှဲယမ်းနေသည်ကိုသာ သူကအကူအညီမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်တော့၏။

လူငယ်လေး၏အမူအရာမှာ တည်ငြိမ်နေဆဲဖြစ်ပြီး သူ၏လုပ်ရပ်များက ကြမ်းတမ်းနေကာ ဗုဒ္ဓအလင်းတန်းများ စီးဆင်းနေသောသစ်သားငါးကို အဆက်မပြတ် ခုတ်ထစ် ဖျက်ဆီးပစ်လိုက်ပြီးနောက် အတွင်းသို့ လှမ်းဝင်လာခဲ့၏။

ဖြစ်စဉ်တစ်ခုလုံးတစ်လျှောက်တွင် သန့်စင်သောကမ္ဘာ အရှင်မြတ်က မြေပြင်ပေါ်သို့ ပြိုကျနေပြီး တွင်းထဲမှယုန်တစ်ကောင်အလား နောက်သို့ တွားသွားနေကာ သားရဲ၏ချဉ်းကပ်လာမှုကို ရင်ဆိုင်ရလျက် တုန်ယင်နေရုံမှလွဲ၍ ဘာမျှမလုပ်နိုင်ခဲ့ပေ။

မည်သို့ပင်ဆိုစေ ဤသစ်သားငါးက သူ၏ နောက်ဆုံး မျှော်လင့်ချက် ဖြစ်ပါသည်။

မျက်တောင်တစ်ခတ်အတွင်း ရှန်းယီက သန့်စင်သောကမ္ဘာ အရှင်မြတ်၏ရှေ့သို့ ရောက်ရှိသွားခဲ့ပြီး မျက်လုံးများကကြည်လင်နေသော်လည်း နက်ရှိုင်းသောနေရာတွင် ဖုံးကွယ်ထားသော သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်မှာ ယခင် လူသားမဆန်သောကျောက်စိမ်းကဲ့သို့ မျက်လုံးများထက်ပိုမို ကြက်သီးမွေးညင်းထစေလေ၏။

သူက သန့်စင်သောကမ္ဘာ အရှင်မြတ်၏ ရင်ဘတ်ပေါ်သို့ ပြင်းပြင်းထန်ထန် နင်းလိုက်ပြီးနောက် ဆောင့်ကြောင့်ထိုင်ကာ သူ၏လက်နှစ်ဖက်ဖြင့် ဓားရိုးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်၏။

မျက်နှာချင်းဆိုင်ချိန်တွင် ဘုန်းကြီးက အသံအက်ကွဲစွာဖြင့် ပြောလိုက်၏။

"မင်း ဒါကိုနှစ်အနည်းငယ်လောက် ဖုံးကွယ်ထားနိုင်ရင်တောင်နောက်ဆုံးကျရင် မင်းက ဖိနှိပ်ခံရမှာပဲ၊ ပြီးတော့ဒီတစ်ကြိမ်မှာတော့ မင်းရဲ့တာအိုက တကယ်ပဲအဆုံးသတ်ပြီး သေဆုံးသွားလိမ့်မယ်..."

"နှစ်အနည်းငယ်"

ရှန်းယီက ခေတ္တမျှရပ်တန့်သွားပြီးနောက် ရုတ်တရက် ရယ်မောလိုက်လေ၏။

"ငါ ထင်ထားတာထက်တောင် ပိုသေးတယ်"

ရယ်မောသံမှေးမှိန်သွားသည်နှင့်အမျှ ဓားသွားက ရက်စက်စွာကျဆင်းလာပြီး ယခင်ကထက် များစွာသာလွန်သောအငွေ့အသက်များမငြိမ်မသက်ဖြစ်မှုကြားတွင် ဓားသွားက သန့်စင်သောကမ္ဘာ အရှင်မြတ်၏ရင်ဘတ်ကို လွယ်ကူစွာ ဖောက်ထွင်းသွားလေတော့သည်။

ဖြန်းခနဲ အသံနှင့်အတူ သွေးများက ထိုဖြူဝင်းသောမျက်နှာပေါ်သို့ ပန်းထွက်သွားခဲ့၏။

"မင်းထွက်သွားလို့မရဘူးလို့ ငါ ပြောခဲ့တယ်လေ"

ရှန်းယီက ဓားကိုပြန်လည် ရုပ်သိမ်းလိုက်ပြီးနောက် အလွန်အမင်းတည်ငြိမ်နေသော သူ၏ လေသံဆန့်ကျင်ဘက်ဖြစ်စွာ ၎င်းကိုအောက်သို့ ရက်စက်စွာ ထပ်မံ ထိုးချလိုက်သည်။

All Chapters