← Chapters

အခန်း ၁၃၂၉

Vol. 133 Ch. 1329

အခန်း ၁၃၂၉

Vol. 133 Ch. 1329

အခန်း (၁၃၂၉) ကြီးမြတ်သော အရှင်ထိုက်ရွှီရောက်လာခြင်း

"ဒီနေရာက မင်းတို့အထက်မှာ ဗုဒ္ဓထိုင်နေတဲ့ အရှေ့ပိုင်းတိုက်ကြီး ပဲ။"

ခေါင်းဆောင် ဗောဓိသတ္တက သူ၏ဗုဒ္ဓပုတီးစေ့များ ကိုစိပ်နေခြင်းမှ ရပ်တန့်လိုက်ပြီး သူ၏နှုတ်ခမ်းထောင့်တွင် ရက်စက်သောအပြုံးတစ်ခု ပေါ်လာခဲ့၏။ "မင်းတို့ မယုံကြည်ဘူးဆိုရင် မင်းတို့ရဲ့ အကြီးအကဲတွေကို ဒီကို ခေါ်လိုက်ပြီး သူတို့ လာရဲမလာရဲကြည့်ကြတာပေါ့။"

"နင်" အမျိုးသမီးတပည့်က ဒေါသတကြီး တုန်ယင်လျက် သူမ၏ဓားကို ဆွဲထုတ်လိုက်သည်။

အစစ်အမှန်အရှင် ရှန်းမင်၏ မျက်နှာက အနည်းငယ် မည်းမှောင်သွားပြီး သူ၏ဂျူနီယာ ညီမလေး၏ကျိန်ဆဲမှုများကို တားဆီးရန် လက်ကို မြှောက်လိုက်ကာ ခက်ထန်စွာပြောလိုက်၏။ "စကားတွေကို အလဟဿဖြုန်းနေစရာ မလိုပါဘူး။ တိုက်ပွဲစတင်တဲ့အခါ... သူ့ကိုအရင်သတ်လိုက်။"

ဤစကားကို ကြားသောအခါ ခေါင်းဆောင် ဗောဓိသတ္တ၏ အမူအရာက ခေတ္တမျှအေးခဲသွားခဲ့၏။

သူ၏ရှေ့ရှိလူများက ထောင်ချောက်မိနေသော သားရဲတစ်အုပ်နှင့် တူပြီး သူတို့၏မျက်နှာများမှာ သေခြင်းတရား၏မျှော်လင့်ချက်မဲ့မှုများဖြင့် ပြည့်နှက်နေကာ မသေဆုံးမီအသားတစ်ဖဲ့ကို ကိုက်ဖြတ်ရန်သာ စောင့်ဆိုင်းနေကြသည်။ ယခုအခါ သူက ထိုအသားတစ်ဖဲ့ ဖြစ်နေလေပြီ။

သို့သော် မျက်တောင်တစ်ခတ်အတွင်း သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု နောက်တစ်ကြိမ် ပေါ်လာခဲ့၏။ သူက တိတ်တဆိတ် နောက်သို့ ဆုတ်လိုက်ပြီး လူအုပ်ထဲသို့ပြန်လည် ဝင်ရောက်သွားကာ လှောင်ပြောင်လိုက်သည်။ "လမ်းဘေးခွေးတွေလိုဖြစ်နေတဲ့ မင်းတို့ရဲ့လက်ရှိ အခြေအနေနဲ့ဆိုရင် မင်းတို့က ဘယ်သူ့ကိုသတ်နိုင်မှာမို့လို့လဲ။"

စကားပြောပြီးနောက် သူက သူ၏ကြီးမားသော လက်ကို ဝှေ့ယမ်းလိုက်၏။ "ဝင်္ကပါကို အသက်သွင်းလိုက်"

ဗောဓိသတ္တ အချို့က လေထဲသို့ ပျံတက်သွားကြပြီးတစ်ဦးစီက ကွဲပြားသော အရပ်မျက်နှာများတွင် ရပ်ကာ သူတို့၏ကိုယ်ပိုင် ဓမ္မအသီးအပွင့်ဖြင့် အာဟတ်တစ်ထောင်ကျော် ပါဝင်ဖွဲ့စည်းထားသော မဟာဝင်္ကပါကြီးကို အသက်သွင်းလိုက်ကြသည်။

ခန်းမဆောင်ကို လွှမ်းခြုံထားသော ဗုဒ္ဓအလင်းတန်းက အောက်သို့ ဖုန်းအုပ်လိုက်သည့် ရွှေခေါင်းလောင်းကြီးတစ်ခုအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားပြီး သူတို့ကိုဝန်းရံလိုက်၏။

ဤကဲ့သို့သော အားသာချက်မျိုးရှိနေလျှင်ပင် သူတို့က မသေမျိုးသုံးပါးဂိုဏ်း၏ တပည့်များနှင့် တိုက်ရိုက်တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိကြပေ။

လူအနည်းငယ်ကို ထောင်ချောက်ဆင်ပြီးနောက် ဗောဓိသတ္တများက လေထဲတွင်တင်ပျဉ်ခွေ ထိုင်လိုက်ကြပြီးလက်ဖဝါးများကို ပူးကာ မျက်လွှာချလျက် သူတို့၏နှုတ်ခမ်းများက လျင်မြန်စွာ လှုပ်ရှားနေပြီး မဟာကျမ်းစာကို စတင် ရွတ်ဆိုကြ၏။

ဗုဒ္ဓအသံ၏နက်နဲသော အသံအောက်တွင် မသေမျိုးသုံးပါးဂိုဏ်းမှ တပည့်အချို့၏မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားကြပြီး သူတို့၏ ပတ်လည်တွင် ရွှေရောင်မြစ်တစ်စင်း တိတ်တဆိတ် မြင့်တက်လာကာ သူတို့၏ကပ်ဘေးစွမ်းအားများကို လျင်မြန်စွာပျောက်ကွယ်သွားစေနေသည်ကို ကြည့်နေကြ၏။

အစစ်အမှန်အရှင် ရှန်းမင် က အလျင်မြန်ဆုံး တုံ့ပြန်လိုက်ပြီး အလံရှည်တစ်ခုကို ဆွဲယူရန် လက်လှမ်းလိုက်ကာ ရွှေခေါင်းလောင်းဆီသို့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

ဘုန်း..

ရွှေခေါင်းလောင်း၏ မျက်နှာပြင်မှာ ရေလှိုင်းများအလား လှိုင်းထသွားပြီးမြင့်တက်လာသော ရွှေရောင်မြစ်က နောက်သို့ ပြန်လည်လှည့်ပတ်လာကာ သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်ပြီး ခန်းမဆောင် အရှေ့သို့ တိုက်ရိုက်လွင့်ထွက်သွားစေ၏။

အစစ်အမှန်အရှင် ရှန်းမင်က မြေပြင်ပေါ်တွင် အကြိမ်အနည်းငယ် အဆင်မပြေစွာလိမ့်သွားခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရနေပြီဖြစ်ရာမှ၊ ယခုအခါ မြေပြင်ပေါ်ရှိ သူ၏လက်မောင်းကိုအားစိုက်ထုတ်ကာ အကြိမ်အနည်းငယ်ကြိုးစားသော်လည်း ပြန်လည်မတ်တပ်မရပ်နိုင်သေးပေ။

ရုတ်တရက် သူကနောက်သို့ လှည့်ကြည့်လိုက်ပြီး ရွှေခေါင်းလောင်း၏ အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကာ သူ၏မျက်လုံးများက ကျဉ်းမြောင်းသွားပြီး ထို အာဟတ်များပေါ်သို့ အာရုံစိုက်လိုက်၏။

သူတို့၏ညာဘက် လက်မောင်းများပေါ်တွင် ပေါ့ပေါ့ပါးပါးပေါင်းသပ်ထားသကဲ့သို့ အနီရောင် အက္ခရာအချို့ကို သူ တွေ့လိုက်ရသည်။

ဤတစ်ခါလည်း နောက်တစ်ကြိမ် ထိုမဟာလွတ်လပ်ခြင်း ဗောဓိသတ္တများ၏လက်ချက်ပင်။

နေ့ခင်းကြောင်တောင် စီနီယာအစ်ကိုချူရှီး ကို သတ်ဖြတ်ခြင်းဖြင့် စည်းမျဉ်းများကို ချိုးဖောက်ခဲ့ပြီးဖြစ်သော်လည်း ဤလူအိုသူခိုးများက သူတို့၏ အကြီးအကဲများအရှေ့ပိုင်းတိုက်ကြီးသို့ မဆင်းသက်မီ သူတို့ကိုယ်သူတို့ ထိန်းချုပ်ရန် ဆန္ဒမရှိကြသေးပေ။

အစစ်အမှန်အရှင် ရှန်းမင်၏ မျက်နှာတွင် ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ပေါ်လာပြီး သွေးများကို ထွေးထုတ်ကာအော်ဟစ်လိုက်၏။ "ဒီ ရွှေခေါင်းလောင်းနားကို မသွားကြနဲ့၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြ၊ သူတို့က ငါတို့ကိုအရှင်လတ်လတ် သန့်စင်ဖို့ ရည်ရွယ်ထားတာ။ မင်းတို့ အချိန်အတိုင်းအတာတစ်ခုအထိ တောင့်ခံထားရမယ်၊ မြောက်ပိုင်းတိုက်ကြီးက စစ်ကူတွေ ရောက်လာတဲ့အထိ သေချာပေါက် တောင့်ခံထားကြ"

"..."

ကျန်ရှိနေသော တပည့်များက နာခံစွာထိုင်ချလိုက်ကြပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် သူတို့၏ကပ်ဘေးစွမ်းအားကို အသက်သွင်းလိုက်ကြ၏။

၎င်းက သူတို့၏ကပ်ဘေးစွမ်းအားများ ပျောက်ကွယ်သွားမှုကို နှေးကွေးစေသော်လည်း မျှော်လင့်ချက်မဲ့မှုများက သူတို့၏မျက်လုံးများထဲတွင် ပြည့်နှက်နေကြ၏။

မြောက်ပိုင်းတိုက်ကြီး နှင့် အရှေ့ပိုင်းတိုက်ကြီး အကြားအကွာအဝေးက မည်မျှပင်ကျယ်ဝန်းသနည်း။

သူတို့၏ရဲဘော်ရဲဘက်များက သတင်းကို ပြန်လည်ယူဆောင်သွားချိန်တွင် အခြားတစ်ဖက်ရှိ အခြေအနေကလည်း တူညီစွာ ရှုပ်ထွေးနေပေလိမ့်မည်။ ဂိုဏ်းမှ အကြီးအကဲများက ချက်ချင်း ဆုံးဖြတ်ချက် ချနိုင်မည် မဟုတ်ပေ။

အကယ်၍ အနည်းငယ်မျှနှောင့်နှေးမှု ရှိခဲ့လျှင်ပင် သူတို့ အသက်ရှင်ကျန်ရစ်ရန်မည်သည့် အခွင့်အရေးရှိမည်နည်း။

"သူရဲဘောကြောင်တဲ့ ကောင်တွေ၊နင်တို့မှာ သတ္တိရှိရင် ဝင်္ကပါကို ဖယ်ရှားပြီး ငါတို့နဲ့ အစစ်အမှန် တိုက်ပွဲတစ်ခု ဆင်နွှဲစမ်းပါ" အမျိုးသမီးတပည့်က အရာအားလုံးကို မြင်ပြီးပုံရပြီး ၎င်းမှာအစောပိုင်း သို့မဟုတ် နောက်ကျမှ သေဆုံးခြင်း ကိစ္စမျှသာ ဖြစ်၏။

သူမက သူမ၏မသေမျိုးဓား ကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် တိုးညှင်းသောဟိန်းဟောက်သံတစ်ခုကို ထုတ်လွှတ်လိုက်၏။

"..."

ဗောဓိသတ္တများက သူမကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး လှောင်ပြောင်လိုက်ကြ၏။

မငြိမ်မသက်ဖြစ်နေသော ကပ်ဘေးစွမ်းအားများကြားတွင်အထက်ရှိ တိမ်တိုက်များထဲ၌ ရွှေရောင် ခန္ဓာကိုယ်ဓမ္မကိုယ်ထည် ငါးခု၏ ပုံသဏ္ဌာန်များ ပေါ်ထွက်လာပြီး ဧရာမဗုဒ္ဓရုပ်ပွားတော်အသီးသီးကလက်ဖဝါးများကိုပူးကာ ခန်းမဆောင်ကို အေးစက်စွာ ငုံ့ကြည့်နေကြ၏။

သူတို့၏ခန္ဓာကိုယ်များ ဆက်သွယ်နေကြပြီး ဖျက်ဆီး၍မရနိုင်သော အကျဉ်းထောင်တစ်ခုကို ဖန်တီးလိုက်သည်။

"မင်းတို့နေရာမှာပဲ ငြိမ်ငြိမ်နေတာပိုကောင်းမယ်၊ မင်းတို့ရဲ့သေဆုံးမှုကို အရမ်းကြီးအရုပ်ဆိုးမသွားစေနဲ့။"

အထက်ရှိ ဗုဒ္ဓက ဍုမေဏုတောင်ကို ကျောထောက်နောက်ခံ ပြုထားခြင်းဖြစ်သည်။

'အစစ်အမှန် တိုက်ပွဲလား။ မင်းတို့နဲ့ ထိုက်တန်လို့လား။'

"အား..."

အမျိုးသမီး တပည့်က သူမ၏ကပ်ဘေးစွမ်းအား များနီးပါး လုံးဝပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရပြီးစူးရှသော အော်ဟစ်သံတစ်ခုကို ထုတ်လွှတ်လိုက်၏။

ဤဘုန်းကြီးအုပ်စုနှင့် ယှဉ်ပြိုင် တိုက်ခိုက်ရာတွင် ရှုံးနိမ့်ခြင်းကို သူမလက်ခံနိုင်ပြီး သူမကိုစောင့်ကြိုနေသည့် မည်သည့်တရားစီရင်မှုကိုမဆို လက်ခံနိုင်ပါသည်။

သို့သော် သူမ၏အသိပညာများအားလုံး အသုံးမဝင်ဖြစ်သွားပြီး ထိုင်ကာ သေဆုံးရန် အတင်းအကျပ် စောင့်ဆိုင်းနေရခြင်းဖြင့် ထိုမဟာလွတ်လပ်ခြင်းပုဂ္ဂိုလ်များ၏နည်းလမ်းများဖြင့် အရှက်ခွဲခံရခြင်းကို သူမ မခံစားနိုင်ပေ။

သူမက သူမ၏ကျန်ရှိနေသော ကပ်ဘေးစွမ်းအား ကို အသက်သွင်းလိုက်ရာ သူမ၏လက်ထဲရှိ မသေမျိုးဓားက အဖြူရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီးနောက် ရွှေခေါင်းလောင်းဆီသို့ ခုန်ဝင်သွားခဲ့၏။

"ဟူး။"

တိမ်တိုက်များကြားရှိ အခြားတစ်နေရာတွင် ဘုန်းကြီးကျစ်ခုန်းက ညင်သာစွာ သက်ပြင်းချလိုက်ပါသည်။

မသေမျိုးသုံးပါးဂိုဏ်း၏ တပည့်များအတွက် သူ စိတ်မကောင်းဖြစ်နေခြင်း မဟုတ်ပေ။ မည်သို့ပင်ဆိုစေ သေမျိုးလောကအတွက် ဂိုဏ်းနှစ်ခုစလုံးက အကြီးမားဆုံးသောကပ်ဘေးများဖြစ်ပြီး ၎င်းတို့ထဲတွင် ကောင်းမွန်သောအရာဘာမှမရှိပေ။

ကျစ်ခုန်းက လိုအင်ဆန္ဒများကို ရင်ဆိုင်ရချိန်တွင် တစ်ချိန်က မြင့်မြတ်သောနတ်ဘုရားများ၊ ဗုဒ္ဓများ၊ မသေမျိုးများက အခြေခံ ဂုဏ်သိက္ခာကိုပင် စွန့်လွှတ်လိုက်ကြပြီး အရာရာကို ဤမျှ အကျည်းတန်သွားစေကာ အသားအတွက် ယှဉ်ပြိုင်တိုက်ခိုက်နေသော သားရဲများနှင့် မကွာခြားတော့ကြောင်းကို တွေးတောကာ အနည်းငယ် ဝမ်းနည်းနေခြင်းသာဖြစ်၏။

"အချိန်တန်ပြီ ထင်တယ်။"

အနာဂတ်လောက အရှင်မြတ်က အေးစက်စွာ ပြောလိုက်၏။ "ဗောဓိဂိုဏ်းရော မသေမျိုးသုံးပါးဂိုဏ်း တပည့်တွေပါ မဟာကပ်ဘေးကို သက်ရောက်မှုရှိအောင် မလုပ်ရဲကြဘူး။ သူတို့ရဲ့သေဆုံးမှုက အလဟဿမဖြစ်ပါဘူး၊ အနည်းဆုံးတော့ ညှိနှိုင်းမှုတွေ လုပ်တဲ့အခါ မသေမျိုးသုံးပါးဂိုဏ်းအတွက် နောက်ထပ် နယ်မြေအနည်းငယ်နဲ့ လဲလှယ်နိုင်ပါလိမ့်မယ်။"

ကောင်းကင်အောက်ရှိ အလေးစားရဆုံး ဂိုဏ်းချုပ် ခြောက်ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သဖြင့် သူက သာမန်လူများထက်အရာများကို များစွာ ပိုမို ရှင်းလင်းစွာ မြင်တွေ့နိုင်ပါသည်။

ယခုအချိန်တွင် သေခြင်းရှင်ခြင်းရန်ငြိုးတစ်ခုကဲ့သို့ ထင်ရသော်လည်း နှစ်ဖက်စလုံးမှ ရွှေမသေမျိုးများ သို့မဟုတ် မဟာလွတ်လပ်ခြင်းဗောဓိသတ္တများက အခြေအနေကို ထိန်းချုပ်မှုကင်းမဲ့သွားစေရန် မရဲဝံ့ကြပေ။

ပြန်လည် သင့်မြတ်ရေးက မလွှဲမရှောင်ဖြစ်လာမှာဖြစ်ပြီး ၎င်းမှာဝေးကွာမည် မဟုတ်ပေ။

အဆိုးဆုံးအခြေအနေတွင် သူတို့က မသေမျိုးသုံးပါးဂိုဏ်းတပည့်များကို သူတို့၏ဒေါသများ ထုတ်ဖော်ခွင့် ပြုမည်ဖြစ်ပြီး၊ ထို့နောက် လက်ဆွဲနှုတ်ဆက်ကာ ခင်မင်ရင်းနှီးမှုကိုဖလှယ်ကြမည်။ ထို့နောက် နယ်မြေများကို မည်သို့ ခွဲဝေရမည်ကို ဆွေးနွေးကြကာ၊နောက်ဆုံးတွင် မသေမျိုး ဧကရာဇ်တစ်ပါးကို ရွေးချယ်ကြပေလိမ့်မည်။

ပထမအဆင့် ဧရာမပုဂ္ဂိုလ်ကြီးများစွာ၏ ခြယ်လှယ်မှုအောက်တွင် ဤသည်မှာ ခမ်းနားသော ပြဇာတ်တစ်ခုထက် မပိုပေ။

သူတို့၏ တိုတောင်းသော စကားပြောဆိုမှု အလယ်တွင် စူးရှနေသောအော်ဟစ်သံက ကောင်းကင်ယံကို ဖောက်ထွင်းသွား၏။ သက်တံ့နှင့်တူသော ဓားအလင်းတန်းက ကောင်းကင်ကို ဖောက်ထွင်းသွားသင့်သော်လည်း ထောင်ချောက်မိနေသော နဂါးတစ်ကောင်အလား မဖောက်ထွင်းနိုင်ဘဲဖြစ်နေပုံရသည်။

မသေမျိုးသုံးပါးဂိုဏ်း၏ တပည့်များက အထက်သို့အမူအရာကင်းမဲ့စွာစိုက်ကြည့်နေကြပြီး သူတို့၏ဂျူနီယာညီမလေးက မီးတောက်ထဲသို့ ပျံဝင်သွားသော ပိုးဖလံတစ်ကောင်အလား ရွှေခေါင်းလောင်းကို ဝင်တိုက်သွားသည်ကို ကြည့်နေကြ၏။

ဓား၏စူးရှသောအသံမှာ နောက်တစ်ခဏတွင် ရုတ်တရက် ရပ်တန့်သွားတော့မည့်ပုံ ပေါ်နေခဲ့၏။

ဗောဓိသတ္တများက မျက်ခွံကိုပင် ပင့်မကြည့်ကြပေ။ အကယ်၍ဤသည်မှာ အမှန်တကယ် အသက်လုတိုက်ပွဲတစ်ခုဖြစ်ပါက သူတို့ အနည်းငယ်ကြောက်ရွံ့ကောင်းကြောက်ရွံ့နိုင်သော်လည်း ဍုမေဏုတောင်မှ ကြိုတင် စီစဉ်ထားသော ဤထောင်ချောက်ထဲတွင် ပြဿနာတစ်ခုအားထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားခွင့်ပြုမည်မဟုတ်ရာအံ့သြစရာများရှိလာမည် မဟုတ်ပေ။

အများဆုံး သုံးရက်အတွင်း နန်ဖျင်စီရင်စုမှ မသေမျိုးသုံးပါးဂိုဏ်းတပည့်များ အားလုံးက အရည်ပျစ်ပျစ်များအဖြစ် ပျော်ဝင်သွားမည်ဖြစ်ပြီး အရှေ့ပိုင်းတိုက်ကြီးတွင် ဆက်လက် နေထိုင်ရန်ရဲဝံ့သော မသေမျိုးများအတွက် သတိပေးချက် တစ်ခုအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

သို့သော် ထိုအခိုက်အတန့်တွင် ရပ်တန့်သွားသင့်ပြီဖြစ်သော ဓား၏စူးရှသောအသံက မရပ်တန့်သွားဘဲ ယခင်ကထက်အဆတစ်ရာမက ပိုမိုစူးရှလာကာ ကြီးမားလှသောသတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေခဲ့၏။

အဖြူရောင်နဂါးတစ်ကောင်နှင့် ငွေရောင် ရေတံခွန်အလား ဓား၏အလင်းတန်းက ကောင်းကင်မြစ်အပြင်မှ ကျဆင်းလာပါသည်။

၎င်းက ဗောဓိသတ္တရွှေရောင်ခန္ဓာကိုယ်ငါးခုကြားမှ သေမျိုးလောကသို့ ကျဆင်းလာခဲ့၏။ ၎င်း ဖြတ်သန်းသွားရာနေရာတိုင်းတွင် ထိုခမ်းနားပြီး ဖော်ပြ၍မရနိုင်သော ရွှေရောင်မျက်လုံးများက ရုတ်တရက်အရောင်အဆင်းကင်းမဲ့သွားကာ တောင်တန်းများနှင့်တူသော ဦးခေါင်းကြီးများသည် သူတို့၏ပခုံးများပေါ်မှ ပြုတ်ကျသွားသည်။

ကြီးမားပြီးခမ်းနားသောခန္ဓာကိုယ်ကြီးများက မျက်တောင်တစ်ခတ်အတွင်း ထူထပ်သော အက်ကွဲကြောင်းများဖြင့် ဖုံးလွှမ်းသွားခဲ့၏။

ထိုအဖြူရောင် သက်တံ့ကြီးဖြတ်သန်းသွားသည့် အခိုက်အတန့်တွင် မျက်စိကျိန်းမတတ် တောက်ပနေသော ဗုဒ္ဓအလင်းတန်းနေမင်းကြီးပင်လျှင် မှေးမှိန်သွားခဲ့၏။

ဘုန်း...

မိုးခြိမ်းသံအလား တုန်လှုပ်မှုကြားတွင် ရွှေရောင်ဓမ္မကိုယ်ထည်များ အားလုံး ပေါက်ကွဲထွက်သွားခဲ့၏။

ဧရာမရွှေခေါင်းလောင်းကြီးမှ အဆက်မပြတ် အက်ကွဲသံများထွက်ပေါ်လာပြီး အသက်တစ်ရှိုက်စာမျှပင်မကုန်ဆုံးမီ ၎င်းက လုံးဝပြိုကွဲပျက်စီးသွားသည်။

အမျိုးသမီး တပည့်က သူမ၏လက်ထဲရှိ ဓားကို အူကြောင်ကြောင်ဖြင့် စိုက်ကြည့်နေပြီး အခြား တပည့်များက သူမကိုအံ့အားသင့်စွာစိုက်ကြည့်နေကြသည်။

ဗောဓိသတ္တအချို့က တစ်ပြိုင်နက်တည်း သွေးများ အန်ထုတ်လိုက်ကြပြီး သူတို့၏မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေခဲ့၏။ အာဟတ်တစ်ထောင်က နောက်သို့ လွင့်ထွက်သွားကြပြီး မယုံကြည်နိုင်စွာဖြင့် မြေပြင်ပေါ်သို့ ပြိုကျသွားကြသည်။

သို့သော် လျင်မြန်စွာပင် လူတိုင်း၏အကြည့်က အမျိုးသမီးတပည့်ထံမှ ခန်းမဆောင်ကြီး၏ အရှေ့ဘက်သို့ ပြောင်းလဲသွားခဲ့၏။

ကျောက်လှေကားထစ်များပေါ်တွင် ရှေးဟောင်းမသေမျိုးဓားတစ်လက် စိုက်ဝင်နေခဲ့၏။

"ဘယ်သူကများ အရှေ့ပိုင်းတိုက်ကြီးမှာ ရိုင်းရိုင်းစိုင်းစိုင်း ပြုမှုရဲတာလဲ"

ခေါင်းဆောင်ဗောဓိသတ္တက သူ၏မျက်နှာမှာ နီမြန်းနေပြီး ခေါင်းကိုမော့ကာ ကြည့်ရန် ရုန်းကန်လိုက်၏။

"ဘာတွေ ဖြစ်နေတာလဲ"

ကောင်းကင်ယံ အဝေးရှိ ဘုန်းကြီး ကျစ်ခုန်းကလည်း ဇဝေဇဝါ ဖြစ်နေခဲ့၏။ ရွှေပုစဉ်းရင်ကွဲ ဓမ္မအသီးအပွင့်၏ကောင်းချီးဖြင့်ပင် သူက သဲလွန်စ အနည်းငယ်မျှကိုပင် မသိရှိခဲ့ပေ။

ထိုကဲ့သို့သော မကြားဖူးလောက်အောင် အံ့မခန်းဖွယ်ကောင်းသည့် ဓားချက်မှာ ထိုအမျိုးသမီး တပည့်ထံမှထွက်ပေါ်လာခြင်း မဟုတ်နိုင်ကြောင်းတော့ သေချာနေ၏။

အနာဂတ်လောက အရှင်မြတ်က မျက်ခုံးပင့်လိုက်ပြီး အကူအညီမဲ့စွာဖြင့် သူ၏တောင်ဝှေးကို အသုံးပြုကာ ဘုန်းကြီးကျစ်ခုန်း၏ မေးစေ့ကို ပင့်တင်လိုက်ပြီး ဘုန်းကြီးလေး၏ခေါင်းကို မြောက်ဘက်သို့ကြည့်ရန် ပင့်ပေးလိုက်၏။

လူတိုင်း၏ အကြည့်အောက်တွင်..

မှုန်ဝါးဝါးမြင်နေရသော တိမ်တိုက်များထဲမှ နဂါးများနှင့် ဖီးနစ်ငှက်များဆွဲလာသော အဖြူရောင် ကျောက်စိမ်းရထားလုံးတစ်ခုက သေမျိုးလောကသို့ တည်ငြိမ်စွာ ဆင်းသက်လာသည်။

ရထားလုံးပေါ်တွင် ရွှေရောင်မျဉ်းကြောင်းအနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော တာအိုကျင့်ကြံသူတစ်ဦးက တိတ်ဆိတ်စွာ ထိုင်နေပြီး သူ၏ချောမောသော ဘေးတိုက်မျက်နှာပြင်ကို လက်တစ်ဖက်ဖြင့် မှီထားကာ သူ၏မျက်ခုံးများနှင့် မျက်လုံးများတွင် ပျင်းရိပျင်းတွဲအမူအရာ အနည်းငယ်ပါဝင်နေပြီး ဤခမ်းနားသော စီရင်စု မြို့တော်ကို ခံစားချက်ကင်းမဲ့စွာငုံ့ကြည့်နေခဲ့၏။

သူ၏ရှေ့တွင် ရှန်းရွှီဘိုးဘေးက နှုတ်ခမ်းနီနီနှင့် သွားဖြူဖြူ ကလေးငယ်တစ်ဦးအဖြစ်သို့ ပြောင်းလဲထားခဲ့၏။ နောက်တစ်ခဏတွင် သူ၏ နူးညံ့သောအသံက နန်ဖျင်စီရင်စု တစ်ခွင် ပဲ့တင်ထပ်သွားပါသည်။

"မသေမျိုးသုံးပါးဂိုဏ်းက အစစ်အမှန်အရှင် ထိုက်ရွှီ အရှေ့ပိုင်းတိုက်ကြီးကို ရောက်ရှိလာပါပြီ"

သူက အောက်ဘက်ရှိ ဘုန်းကြီးများကို ကြည့်ကာ နှုတ်ခမ်းများက သိမ်မွေ့သောအပြုံးတစ်ခုဖြင့် ကွေးတက်သွားပြီး သူ၏မျက်လုံးများထဲရှိ အထင်သေးမှုကိုပင် မဖုံးကွယ်ထားခဲ့ပေ။

"မင်းတို့ကို ဒူးထောက်ပြီးကြိုဆိုဖို့ အမိန့်ပေးတယ်"

(ဒီအပိုင်းကို အဆင်မပြေတာရှိခဲ့ရင် တောင်းပန်ပါတယ်ခင်ဗျာ အင်္ဂလိပ်ဘာသာပြန်မှာ အရှေ့ကဟာက အနောက်မှာပြန်ပြန်ပါနေပြီးရောနှောနေလို့ပါ။ သေချာတော့ပြန်စစ်ထားပါတယ်)

All Chapters