အခန်း ၆၄
Vol. 7 Ch. 64
64
"ကောင်းပြီလေ မင်းတို့က အမှန်အတိုင်း မပြောချင်ဘူးဆိုရင်လည်း ငါ စကားအပိုတွေ မပြောတော့ဘူး၊ ငါ့ကို မင်းတို့ရဲ့ အထက်လူကြီးဆီပဲ ခေါ်သွားပေးတော့"
ကျိုးဟောက်ယွီ ဤနေရာတွင် အချိန်ထပ်မဖြုန်းချင်တော့ပေ။ ထို့ပြင် အရိပ်မည်းထဲတွင် ပုန်းအောင်းနေသော ထိုလူမှာ မည်သူဆိုသည်ကိုလည်း အမြန်ဆုံး သိချင်နေမိသည်။
ဤသို့ အမြဲတမ်း ခြောက်လှန့်ခံနေရမည့်အစား ရှေ့တွင် မည်သို့သော အန္တရာယ်မျိုးရှိရှိ ရင်ဆိုင်ကြည့်လိုက်ကာ ထိုသူသည် သူ့အပေါ် မည်မျှအထိ ရန်ငြိုးကြီးနေသည်ကို သိအောင်လုပ်မည်ဟု သူ ဆုံးဖြတ်လိုက်၏။
"မဟုတ်သေးဘူး မဟုတ်သေးဘူး"
မျက်နှာအမာရွတ်နှင့်လူက သူ၏မျက်မှန်ကို အင်္ကျီကော်လာတွင် ချိတ်လိုက်ရင်း ပြုံးစိစိဖြင့် ဆိုသည်။
"ငါတို့ အထက်လူကြီးက ကြိုပြောထားပြီးသား၊ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့အရာကို နောက်တစ်ပတ် လပြည့်ညကျမှ လာထုတ်မယ်တဲ့"
ထိုစကားကို ကြားလိုက်ရသောအခါ ကျိုးဟောက်ယွီ၏ ရင်ထဲ ဒိန်းခနဲ ဖြစ်သွား၏။
‘ငါသာ ဒီမှာ တစ်ပတ်လောက် အပိတ်ခံထားရရင် ယုဝမ်ရဲ့ အမေတော့ သေမှာ သေချာပြီ’
သူ စိုးရိမ်တကြီး တွေးလိုက်မိသည်။ ယခုအချိန်တွင် သူ အပူဆုံးမှာ လီယုဝမ်၏ မိခင်ကိစ္စသာ ဖြစ်ပြီး၊ သူတစ်ပါး မက်မောနေသော သူ၏ ခန္ဓာကိုယ်ထဲမှ အရာအကြောင်းကိုပင် အာရုံမရနိုင်တော့ချေ။
"ခွေးသူတောင်းစားတွေ မင်းတို့က ငါ့ကို ဒီမှာ တစ်ပတ်လုံး ပိတ်ထားမလို့လား"
ကျိုးဟောက်ယွီ နားထင်ကြောများ ထောင်တက်လာသည်အထိ အော်ဟစ်လိုက်သည်။ အကယ်၍ သူသာ အခု မတ်တတ်ရပ်နိုင်လျှင် ဤလူများကို အပိုင်းပိုင်း ဆွဲဖြတ်ပစ်မိပေလိမ့်မည်။
မျက်နှာအမာရွတ်နှင့်လူမှာ စိတ်မဆိုးဘဲ အဓိပ္ပာယ်ပါသော အပြုံးဖြင့် ပြောလိုက်သည်။
"မင်းရဲ့ အခြေအနေကို မင်း သဘောပေါက်စမ်းပါ၊ အခု မင်းက အကျဉ်းသားလေ၊ ငါတို့က မင်းကို အခန်းကြီးကြီး၊ ခုတင်ဝိုင်းကြီးနဲ့ မိန်းမလှလေးတွေ လာပြုစုပေးမယ်လို့ ထင်နေတာလား"
ကျိုးဟောက်ယွီ အံကြိတ်ကာ သူ့ကို စိုက်ကြည့်နေပြီးမှ အေးဆေးစွာ ပြန်ပြုံးလိုက်ရင်း ဆို၏။
"အဲဒီလောက်အထိတော့ ငါ မမျှော်လင့်ပါဘူး၊ ဒါပေမဲ့ တစ်ခုပဲ မေးပါရစေ၊ ငါ့ကို ဒီလိုကြီး တုတ်နှောင်ထားရင် ငါ ဘယ်လိုလုပ်ပြီး ဆီးသွားရမှာလဲ"
ယခုအချိန်တွင် သူသည် အောက်ခြေရောက်နေသဖြင့် အလျော့မပေးလျှင် ထွက်ပြေးရန် အခွင့်အရေး ရလိမ့်မည် မဟုတ်ပေ။
"သူ သွားချင်တဲ့အချိန်ကျမှ ပြောတော့"
မျက်နှာအမာရွတ်နှင့်လူ လက်ကာပြရင်း လှည့်ထွက်သွားသည်။
"သူ့ကို ထမင်းကျွေးလိုက်၊ ပြီးရင် ဆေးတစ်ချက် ထိုးပေးလိုက်ဦး"
ကျိုးဟောက်ယွီ ယခုမှ သဘောပေါက်သွားသည်။ ထိုဆေးမှာ ထုံဆေး သို့မဟုတ် မေ့ဆေး ဖြစ်ရမည်။ သူ ထွက်မပြေးနိုင်အောင် လုပ်ထားသည့် နည်းလမ်းပင် ဖြစ်သည်။ အကယ်၍ ဆေးရှိန်ဖြင့်သာ အမြဲရှိနေပါက သူသည် အားအင်ပြန်ရလာမည် မဟုတ်ဘဲ အသေစောင့်နေရုံသာ ရှိတော့မည်။
"ဟေ့ လူကြီးမင်းတို့ ငါ့ဘာသာငါ စားပါရစေလား၊ ဒီအရွယ်ကြီးရောက်မှ သူများလာကျွေးနေတာ ရှက်ဖို့ကောင်းလွန်းလို့ပါ"
ကျိုးဟောက်ယွီ ပြုံးစိစိဖြင့် ပြောလိုက်သည်။ သူသည် ရုပ်ရှင်ထဲက သူရဲကောင်းများကဲ့သို့ မာနအတွက်နှင့် အစာငတ်ခံပြီး အင်အားချည့်နဲ့အောင် လုပ်မည့်သူ မဟုတ်ပေ။ အကယ်၍ အစာမစားဘဲ နေပါက ဆေးမရှိလျှင်တောင် သူ ထွက်ပြေးနိုင်မည် မဟုတ်ချေ။
သူ၏ လက်ရှိအတွေးမှာ ရိုးရှင်းသည် ဗိုက်ဝအောင်စား၊ အင်အားစုဆောင်းပြီး အခွင့်အရေးကို စောင့်ရန်ပင်။
သူ့ကို ထမင်းကျွေးမည့်သူက ဂရုမစိုက်ဘဲ ထမင်းတစ်ဇွန်းကို ခပ်ကာ ကျိုးဟောက်ယွီ၏ ပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်၏။
"အစ်ကိုကြီး ခင်ဗျား ကျွေးရတာလည်း ပင်ပန်းပါတယ်၊ ကျွန်တော် စားရတာလည်း ခက်တယ်၊ ကျွန်တော့်လက်ကို သံကြိုးနဲ့ပဲ ခတ်ထားလိုက်ပါ၊ စားပြီးမှ ပြန်ချည်ပေါ့၊ ပြီးတော့ ကျွန်တော့်ခြေထောက်တွေလည်း အချည်ခံထားရတာပဲ မဟုတ်လား၊ ခင်ဗျားတို့လည်း ဒီလိုအလုပ်မျိုး လုပ်ရတာ ပင်ပန်းမှာပဲဆိုတော့ ကျွန်တော် တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ပါ့မယ်၊ ထွက်လည်းမပြေးဘူး၊ ပြဿနာလည်း မရှာဘူး"
ကျိုးဟောက်ယွီ အပြစ်ကင်းစင်သော မျက်နှာဖြင့် ပြောလိုက်သည်။
ထမင်းကျွေးနေသောသူက သူ၏အဖော်ကို လှည့်ကြည့်ကာ ခေါင်းကို ကုတ်နေမိ၏။
"ဟင်း ဘာလို့ အဲဒီလို လာကြည့်နေတာလဲ၊ သူပြောတဲ့အတိုင်း လုပ်ပေးလိုက်လေ"
ဗလတောင့်တောင့် လူကြီးတစ်ယောက်မှာ ရုတ်တရက် မျက်နှာနီသွားသည်။
ဤမြင်ကွင်းကြောင့် ကျိုးဟောက်ယွီမှာ ပါးစပ်ထဲက ထမင်းကိုပင် ဝါးရန် မေ့သွားရသည်။ သူ့ကို ထမင်းကျွေးနေသူမှာလည်း ကြောင်သွား၏။
"ကြည့်နေတုန်းလား၊ ခင်ဗျား ကျွန်တော့်ကိုတောင် တစ်ခါမှ မကျွေးဖူးဘူး၊ တခြားသူကို ကျွေးနေတာ ကျွန်တော် မကြည့်ချင်ဘူး၊ နောက်တစ်ခါ ထပ်ကျွေးရင် ခင်ဗျားကို စကားမပြောတော့ဘူး"
ထိုလူက မိန်းကလေးငယ်လေးတစ်ယောက်ကဲ့သို့ ခြေစောင့်ကာ ပြောလေသည်။
"ဖူး"
ကျိုးဟောက်ယွီ ပါးစပ်ထဲက ထမင်းများ ပြန်ထွက်လာ၏။
"စိတ်မရှိပါနဲ့ ခင်ဗျားတို့ နှစ်ယောက် ဒီလောက် ချစ်ပြနေတာ မြင်ရတော့ ကျွန်တော် တကယ်ပဲ မနာလိုဖြစ်ပြီး စိတ်လှုပ်ရှားသွားလို့ပါ"
ကျိုးဟောက်ယွီ အလွန်ပင် စိတ်လှုပ်ရှားသွားသည့်ဟန်ဖြင့် မျက်ရည်တစ်စက်ကို ညှစ်ထုတ်ပြလိုက်သည်။
ထိုအခါမှ ထမင်းကျွေးနေသောသူက သတိဝင်လာကာ ထမင်းပန်းကန်ကို ထိုလူထံ ပေးလိုက်ပြီး အေးစက်စွာ ပြောကာ ထွက်သွား၏။
"ငါ သံကြိုးသွားရှာလိုက်ဦးမယ်"
ကျိုးဟောက်ယွီမှာ ကြည့်မရတော့ဘဲ တွေးမိသည်။
‘ဪ သူတို့က ဂေးစုံတွဲကိုး၊ ဒီခေတ်မှာ တကယ်ကို ထူးထူးဆန်းဆန်းတွေ များလိုက်တာ’
"အစ်ကိုကြီး အဲ မဟုတ်ဘူး၊ အစ်မကြီး ခင်ဗျားတို့နှစ်ယောက် အရမ်းပျော်နေတာ မြင်ရတာ ဝမ်းသာပါတယ်၊ သူက ခင်ဗျားကို တကယ် အလိုလိုက်တာပဲနော်"
ကျိုးဟောက်ယွီ မြှောက်ပြောလိုက်၏။
ထိုလူက မောက်မာစွာ ခေါင်းမော့လိုက်ပြီး ဆိုသည်။
"သေချာတာပေါ့၊ ငါတို့က ငယ်သူငယ်ချင်းတွေလေ"
ကျိုးဟောက်ယွီ ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရသည်။ သူ လွတ်မြောက်ဖို့ဆိုလျှင် ဤစုံတွဲကို အသုံးချမှ ရပေလိမ့်မည်။ အာ့တာနှင့် အာ့အာတို့မှာ ထွက်သွားကြပြီဖြစ်ရာ ယနေ့ည ကျိုးဟောက်ယွီကို စောင့်ကြည့်ရန်မှာ ဤသူတို့၏ အလှည့်ဖြစ်၏။
ယခုအချိန်တွင် ကျိုးဟောက်ယွီသည် သူ၏ အရှက်မရှိမှုကို အစွမ်းကုန် အသုံးချကာ ထိုလူကြီးကို အသားအရေက မိန်းမများထက်ပင် နူးညံ့ကြောင်း၊ မျက်နှာက မိန်းမလှလေးများထက်ပင် ချောမောကြောင်း ကောင်းကင်ရောက်အောင် မြှောက်ပင့်ပြောဆိုနေတော့၏။ အတိုချုပ်ပြောရလျှင် ထိုလူကြီးမှာ အလွန်ပင် ဝမ်းသာပီတိ ဖြစ်နေသည်။
ထိုစဉ် အခြားတစ်ယောက်က သံကြိုးဖြင့် ပြန်ရောက်လာသည်။ သူသည် တစ်လျှောက်လုံး အမူအရာမပျက်ဘဲ ကျိုးဟောက်ယွီ၏ လက်ကို သံကြိုးဖြင့် ခတ်လိုက်၏။
"ညီလေး မင်း စကားပြောတာ ချိုသားပဲ၊ ဖြည်းဖြည်းစားနော်"
ထိုလူကြီးက ကျိုးဟောက်ယွီကို မျက်စိတစ်ချက် မှိတ်ပြလိုက်သည်။
ကျိုးဟောက်ယွီ တစ်ကိုယ်လုံး ကြက်သီးများ ထသွားရသည်။ အစက ဗိုက်ဆာနေသော်လည်း ထိုမျက်စိမှိတ်ပြမှုကြောင့် စားချင်စိတ်ပင် ကွယ်ပျောက်သွားတော့၏။ သို့သော် အင်အားရှိရန်အတွက် သူ အတင်းပင် မြိုချလိုက်ရသည်။ အစားအသောက် အရသာကိုလည်း ဂရုမစိုက်နိုင်တော့ဘဲ တစ်ဇွန်းပြီးတစ်ဇွန်း ပါးစပ်ထဲ ထိုးထည့်နေမိ၏။
စားပြီးသောအခါ နှုတ်ခမ်းကို သုတ်လိုက်ရင်း လှမ်းပြောလိုက်သည်။
"အစ်ကိုကြီး ကျွန်တော် စားလို့ပြီးပြီ၊ အပေါ့အပါး ခဏလောက် သွားခွင့်ပြုပါဦး"
သူ့ကို ထမင်းကျွေးခဲ့သော သူက မျက်နှာသေဖြင့် ချဉ်းကပ်လာကာ ကျိုးဟောက်ယွီ၏ ခြေထောက်မှ ကြိုးများကို ဖြေပေးလိုက်သည်။ ထို့နောက် အပြင်ဘက်သို့ မျက်စိတစ်ချက်ပြကာ အချက်ပေးလိုက်၏။
ကျိုးဟောက်ယွီ၏ နှုတ်ခမ်းထောင့်တွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာသည်။
‘အရမ်းပေါ့လျော့တာပဲ ဒီညတော့ ငါ လွတ်မှာ သေချာပြီ’
သူ တွေးလိုက်၏။
အပြင်ဘက်တွင် မှောင်အတိ ကျနေ၏။ တံခါးဝသို့ ရောက်သောအခါ ထိုလူက သံကြိုးကို ဆွဲထားပြီး ထောင့်တစ်နေရာကို ညွှန်ပြကာ ထိုနေရာမှာပင် ကိစ္စရှင်းရန် အချက်ပြသည်။
ကျိုးဟောက်ယွီသည် အကျဉ်းသားတစ်ယောက်ကဲ့သို့ စောင့်ကြည့်ခံနေရသော်လည်း ဂရုမစိုက်ဟန်ဖြင့် လေချွန်ရင်း ဘောင်းဘီဇစ်ကို ဆွဲချလိုက်သည်။ အမှန်တော့ သူ ဤအခွင့်အရေးကို အသုံးချကာ ထွက်ပြေးရန် ကြိုးစားသော်လည်း အားအင်များ ပြန်မရသေးသည်ကို တွေ့လိုက်ရ၏။
ထိုအခါမှ သူ ထိတ်လန့်သွားကာ ကျိန်ဆဲမိသည်။
‘တောက် ဒီကောင်တွေ ငါ့ကို ဆေးဘယ်လောက်တောင် ထိုးထားတာလဲ၊ ဒီလောက်ကြာတာတောင် ဆေးရှိန်က မပြယ်သေးဘူး’
အားအင်မရှိသဖြင့် သူ မည်သည်ကိုမှမလုပ်ရဲတော့ပေ။ အကြောင်းမှာ သူ့နောက်က လူထံမှ ဖုံးကွယ်ထားသော ခွန်အားအချို့ကို သူ ခံစားမိနေသောကြောင့် ဖြစ်သည်။ ထို့ပြင် ထိုသူမှာ စိတ္တဇဂေးတစ်ယောက် ဖြစ်နေပြန်ရာ အကယ်၍ သူ ထွက်မပြေးနိုင်ဘဲ ပြန်အမိခံရပါက သူ့ဖင်မှာ အန္တရာယ်ရှိနေပေလိမ့်မည်။