← Chapters

အခန်း ၈၂

Vol. 9 Ch. 82

အခန်း ၈၂

Vol. 9 Ch. 82

82

ဝမ်ထျန်လုံ၏အကြည့်များမှာ ဘေးရှိ ကျန်းရှောင်ဟွာထံသို့ ရောက်သွားပြီး ချက်ချင်းပင် ရယ်မောကာ ပြောလိုက်သည်။

"ဒါ ရှောင်ဟွာ မဟုတ်လား၊ မတွေ့ရတာ ကြာပြီပဲ၊ နင်က ပိုပိုပြီး လှလာတာပဲ၊ ငါတောင် မမှတ်မိတော့ဘူး"

"ဟွန့်"

ကျန်းရှောင်ဟွာ နှုတ်ခမ်းဆူလိုက်ပြီး ပြောလိုက်သည်။

"ရှင့်မျက်လုံးထဲမှာ ရှီယုတစ်ယောက်ပဲ ရှိတာ၊ ကျွန်မကို ဘယ်မှတ်မိပါ့မလဲ"

"ဟာ၊ အဲဒီလို မပြောပါနဲ့"

ဝမ်ထျန်လုံ အနည်းငယ်အနေရခက်စွာ လက်ခါပြလိုက်ပြီးနောက် တမင်တကာ တည်တည်တံ့တံ့ ပုံစံဖမ်းကာ ပြောလိုက်သည်။

"ရှောင်ဟွာ ငါ မလိမ်ပါဘူး၊ နင်က တကယ်ကို လှလာတာပါ၊ တကယ်လို့ ရှီယုနဲ့ အတူရှိမနေဘဲ လမ်းမှာ တစ်ယောက်တည်း လျှောက်နေရင် ငါတကယ်မှတ်မိမှာ မဟုတ်ဘူး"

"ရှင်ကတော့ စကားတွေ တတ်နေတာပဲ၊ လူတွေကို ဘယ်လို မြှောက်ပင့်ရမလဲဆိုတာ ကောင်းကောင်း သိနေပြီပေါ့"

ကျန်းရှောင်ဟွာမှာ စနောက်လိုက်ပြီးနောက် မလှမ်းမကမ်းတွင် ထိုင်နေသည့် ကျိုးဟောက်ယွီကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"မပြောဘူး မရှိနဲ့ဦး၊ ရှင့်မှာပြိုင်ဘက်တွေ အများကြီး ရှိနေပြီနော်၊ ဟိုမှာ ထိုင်နေတဲ့တစ်ယောက်ကလည်း တစ်ယောက်အပါအဝင်ပဲ"

"ဪ"

ဝမ်ထျန်လုံမှ ကျိုးဟောက်ယွီဘက်သို့ လှည့်ကြည့်လိုက်ပြီး အထင်သေးစွာဖြင့် ပြောလိုက်သည်။

"အဲဒီကောင်ကိုကြည့်ရတာ င‌‌ပျော့တစ်ယောက်လိုပဲ၊ ငါ့ရဲ့ပြိုင်ဘက်ဖြစ်ဖို့တောင် ထိုက်တန်လို့လား"

ဤစကားကိုကြားသောအခါ ဝေ့ရှီယု မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် စိတ်မသက်မသာဖြစ်သွားသည်။ သို့သော် ကျိုးဟောက်ယွီဘက်မှလည်း မကာကွယ်ပေးချင်သဖြင့် တိုက်တွန်းလိုက်၏။

"စီးဦးမှာလား၊ ကျွန်မ ခဏနေရင် အနှိပ်ခန်းသွားဖို့ ရှိသေးတယ်"

ဝမ်ထျန်လုံမှ အလျင်အမြန်ပြန်ဖြေလိုက်သည်။

"စီးမှာပေါ့ သေချာတာပေါ့၊ နင်တို့ အရင်ဝင်နှင့်၊ ငါ စကိတ်ဖိနပ်လဲပြီးတာနဲ့ ချက်ချင်း လိုက်လာခဲ့မယ်"

ဝေ့ရှီယုသည် ဝမ်ထျန်လုံအပေါ်ထားရှိသည့် အထင်အမြင်မှာ ပိုဆိုးသွားသဖြင့် သူ့ကိုထပ်မကြည့်တော့ဘဲ ကျန်းရှောင်ဟွာနှင့်အတူ တခစ်ခစ်ရယ်ကာ ကွင်းထဲသို့ ဝင်သွားတော့သည်။ ဝမ်ထျန်လုံကွင်းထဲရောက်သောအခါ ဝေ့ရှီယုကို အထင်ကြီးစေရန် အသံကျယ်ကြီးဖြင့် အော်ပြောလိုက်၏။

"ရှီယု၊ ငါ့ရဲ့ အဆင့်မြင့်စကိတ်စီးကွက်တွေကို ကြည့်ထားဦးနော်"

ပြောပြောဆိုဆိုနှင့် သူသည် ရေခဲပြင်ပေါ်တွင် လွင့်မျောနေသကဲ့သို့ စီးပြတော့သည်။ သူသည် မြေပြင်မှ လွတ်ထွက်သွားခြင်း မဟုတ်သော်လည်း သူ၏စီးကွက်ပုံစံမှာ အလွန်ပင် ကျော့ရှင်းပြီး လှပလွန်းလှစ။ လေထဲတွင် ဝေ့ဝဲနေသည့် မိုးမခပင်လေးကဲ့သို့ပင် ပေါ့ပါးလှပနေသည်။

"ဝါး ဟိုကောင်လေးကိုကြည့်စမ်း၊ စကိတ်စီးတာ တကယ့်ကို မိုက်တာပဲ"

"ဟုတ်ပါ့၊ သူသာ ငါ့ကို စကိတ်စီးသင်ပေးရင် အရမ်းကောင်းမှာပဲ"

"နင်ကလည်း၊ သင်ပေးတာက ဆင်ခြေပါ၊ တကယ်က သူ့ကို ထိတွေ့ချင်လို့ မဟုတ်လား"

ဘေးပတ်ဝန်းကျင်မှ မိန်းကလေးများမှာ ဝမ်ထျန်လုံ၏ ချောမောသော မျက်နှာနှင့် ကျော့ရှင်းသော လှုပ်ရှားမှုများကို မချီးကျူးဘဲ မနေနိုင်ကြပေ။ ဝမ်ထျန်လုံသည် ထိုစကားများကို ကြားသောအခါ မပြုံးဘဲ မနေနိုင်တော့ချေ။ သူသည် မိမိ၏ ဆွဲဆောင်မှုအပေါ် အတော်လေး ယုံကြည်ချက်ရှိသူ ဖြစ်သည်။ မိသားစုလုပ်ငန်းကို ဆက်ခံရန်အပြင် သူ တရုတ်ပြည်သို့ ပြန်လာသည့် နောက်ထပ် ရည်ရွယ်ချက်တစ်ခုမှာ ဝေ့ရှီယုကို အရယူရန် ဖြစ်သည်။ ခက်ခဲသော စီးကွက်အချို့ကို ပြသပြီးနောက် ဝမ်ထျန်လုံမှာ အမောတကော ဖြစ်နေပြီး ဝေ့ရှီယုမျက်နှာတွင် ချီးကျူးဂုဏ်ပြုသည့် အမူအရာကိုမြင်တွေ့ရရန် မျှော်လင့်တကြီးကြည့်လိုက်သည်။ သို့သော် သူအလွန်အံ့ဩသွားသည်မှာ ဝေ့ရှီယုသည် ကျန်းရှောင်ဟွာနှင့်သာဆော့ကစားနေပြီး သူ့ကိုလုံးဝ လှည့်မကြည့်ခြင်းပင်။

"ရှီယု၊ စောစောက ငါစီးတာကိုမကြည့်ဘူးလား"

ဝမ်ထျန်လုံ မနေနိုင်ဘဲမေးလိုက်သည်။ သူသည် သူ့ဆွဲဆောင်မှုကို ပြသရန် အတော်လေး အားထုတ်ခဲ့ရသည် မဟုတ်ပါလား။

"ဟင်"

ဝေ့ရှီယု အံ့ဩဟန်ဖြင့် ခေါင်းလှည့်ကြည့်ကာ ပြောလိုက်သည်။

"ဘာလို့ ကြည့်ရမှာလဲ၊ အစ်ကို့မျက်နှာမှာ တစ်ခုခု ပေနေလို့လား"

သူမသည် ဝမ်ထျန်လုံမှ ကျိုးဟောက်ယွီကို ငပျော့ဟုခေါ်ခဲ့ခြင်းအတွက် လက်စားချေရန် တမင်တကာလုပ်နေခြင်းဖြစ်သည်။ ဝေ့ရှီယုမျက်လုံးထဲတွင် ကျိုးဟောက်ယွီမှာ တကယ်ပင်မကောင်းသော်လည်း တခြားသူမှ ထိုသို့ပြောသည်ကို သူမ မကြားချင်ပေ။

"မျက်နှာမှာ ပေနေလို့ မဟုတ်ပါဘူး၊ ငါ့ရဲ့ စကိတ်စီးစွမ်းရည်တွေကို အားစိုက်ပြီး ပြသနေတာလေ"

ဝမ်ထျန်လုံမှာ မျက်နှာငယ်လေးဖြင့် ပြောသည်။

"ဪ စကိတ်စီးတာလား"

ဝေ့ရှီယုမှာ နားလည်သွားသလို ခေါင်းညိတ်ပြပြီးမှ ခပ်တိုးတိုးပြောလိုက်သည်။

"ဒါဆိုရင် ကျွန်မမြင်ရအောင် နောက်တစ်ခါ ထပ်စီးပြပါလား"

"ထားလိုက်ပါတော့၊ ငါ အရမ်းမောသွားပြီ၊ နောက်မှပဲ စီးပြတော့မယ်"

ဝမ်ထျန်လုံ၏ မျက်ဝန်းများတွင် စိတ်ပျက်မှုများ ပြည့်နှက်သွားသည်။ စကိတ်စီးခြင်းမှာ အလွန်ပင်ပန်းသော အလုပ်မဟုတ်သော်လည်း သူသည် စွမ်းရည်အကုန်ထုတ်ပြခဲ့သဖြင့် ဘတ်စကက်ဘော အပြင်းအထန် ကစားရသလို ပင်ပန်းနေခြင်းဖြစ်၏။

"အစ်ကို့သဘောပါပဲ"

ဝေ့ရှီယုမှာ အေးအေးဆေးဆေး ပြောပြီးနောက် သူ့ကို ထပ်မကြည့်တော့ဘဲ ကျန်းရှောင်ဟွာနှင့် ဆက်ကစားနေတော့သည်။ ဝမ်ထျန်လုံမှာတော့ ဒီအတိုင်း ရပ်ကြည့်မနေနိုင်ဘဲ ရှေ့သို့တိုးကာ ဝေ့ရှီယု၏နူးညံ့သော ခါးလေးကို လှမ်းဖက်ရန် ကြိုးစားလိုက်၏။

"ရှီယု ငါ စကိတ်စီးသင်ပေးမယ်လေ၊ ငါက တကယ်တော်တာပါ၊ နိုင်ငံခြားမှာတောင် ဆုတွေရခဲ့တာ"

ဝေ့ရှီယုမှာ ချက်ချင်းပင် ဘေးသို့ရှောင်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ဒေါသတကြီး အော်လိုက်သည်။

"ဘာလုပ်တာလဲ၊ ကျွန်မကို အဲဒီလို လာမကိုင်နဲ့"

"အိုး ရှီယု မင်း အထင်လွဲသွားပြီ၊ ငါက မင်းကို အမြတ်ထုတ်ပါ့မလား၊ စကိတ်စီးသင်ပေးချင်လို့ပါ"

ဝမ်ထျန်လုံမှာ လက်လွဲသွားသဖြင့် အနည်းငယ် အနေရခက်စွာရှင်းပြသည်။

"ကျွန်မ စကိတ်စီးတတ်တယ်၊ သင်ပေးဖို့ မလိုဘူး"

ဝေ့ရှီယု ခပ်မာမာပြန်တုံ့ပြန်သည်။ ဘာကြောင့်မှန်းမသိ ဝမ်ထျန်လုံမှာ ကျိုးဟောက်ယွီကို ငပျော့ဟု ခေါ်လိုက်ကတည်းက သူမ သူ့ကို စိတ်အနှောင့်အယှက် ဖြစ်နေမိသည်။

"ဒါဆိုလည်း သင်ပေးစရာ မလိုရင် အတူတူ စီးကြတာပေါ့"

ဝမ်ထျန်လုံမှာ အလျှော့ပေးကာ ပြောသည်။

"ထားလိုက်ပါတော့ ကျွန်မ မစီးချင်တော့ဘူး၊ အနှိပ်ခန်းဘဲ သွားတော့မယ်၊ အစ်ကို့သူငယ်ချင်းတွေနဲ့ပဲ သွားဆော့တော့"

ဝေ့ရှီယု ပြောပြောဆိုဆိုနှင့် ကျန်းရှောင်ဟွာကိုဆွဲကာ ကွင်းထဲမှ ထွက်လာခဲ့သည်။

"ဟေ့ ဒါက ဘာသဘောလဲ၊ မင်းပဲ ငါ့ကို အတူစီးဖို့ ခေါ်တာ မဟုတ်လား"

ဝမ်ထျန်လုံလည်း အနည်းငယ်စိတ်တိုသွားသည်။ သူ့ဘဝတွင် အမျိုးသမီး သုံးရာထက်မနည်းရှိခဲ့ဖူးပြီး သူကိုယ်တိုင် အသည်းအသန် လိုက်ခဲ့ရသူ တစ်ယောက်မှ မရှိခဲ့ပေ။ ယခု သူစိတ်ရှည်လက်ရှည်ဖြင့် ဝေ့ရှီယုကို ချဉ်းကပ်နေပါသော်လည်း သူမမှာ သူ့အပေါ် ဂျစ်ကန်ကန်လုပ်နေသဖြင့် ဝမ်ထျန်လုံ မည်သို့ ဒေါသမထွက်ဘဲ နေပါ့မည်နည်း။

"စီးဖို့ ခေါ်တာဟုတ်တယ်၊ ဒါပေမဲ့ အခု ကျွန်မ ဝပြီလေ၊ ပြန်လို့ မရဘူးလား"

ဝေ့ရှီယုမှာ အားနာစရာမရှိဘဲပြန်ပက်လိုက်သည်။

"ဟူး"

ဝမ်ထျန်လုံမှာ ဒေါသကိုထိန်းရင်း သက်ပြင်းချလိုက်သည်။

"ကောင်းပြီလေ ဒါဆိုလည်း သွားတော့၊ နောက်မှ မင်းအိမ်ကိုလာလည်မယ်"

ဝေ့ရှီယုမှ လက်ဝှေ့ယမ်းပြပြီး ဖိနပ်လဲကာ မလှမ်းမကမ်းတွင် ထိုင်နေသည့် ကျိုးဟောက်ယွီကို လှမ်းခေါ်လိုက်သည်

"လာ၊ ငါနဲ့ အနှိပ်ခန်းလိုက်ခဲ့"

"အိုကေ"

ကျိုးဟောက်ယွီ ထရပ်လိုက်သည်။ လင်းချန်ချန်ဆီမှ စာပြန်မလာသေးသဖြင့် သူလည်း အနည်းငယ်စိတ်တိုနေသည်။ ဘေးတွင်ရပ်နေသည့် ဝမ်ထျန်လုံမှ ဝေ့ရှီယုသည် ကျန်းရှောင်ဟွာနှင့် အနိုပ်ခန်းသွားမည်ဟု ထင်ထားသော်လည်း ထိုင‌ပျော့ကိုခေါ်သွားလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားပေ။

"ရှီယု၊ အနှိပ်ခန်းသွားတာကို ဘာလို့ ယောက်ျားတစ်ယောက်ကို ခေါ်သွားတာလဲ၊ အဲဒါက သိပ်တော့မသင့်တော်ဘူး မဟုတ်လား"

ဝမ်ထျန်လုံ မနေနိုင်ဘဲ မေးလိုက်သည်။

"ကျွန််မ ဘယ်သူ့ကို ခေါ်သွားခေါ်သွား၊ အစ်ကိုနဲ့ ဘာဆိုင်လို့လဲ"

ဝေ့ရှီယုမှာ ရိုင်းရိုင်းပင်ပြန်ပြောလိုက်သည်။ ဝမ်ထျန်လုံသည် ဝေ့ရှီယုမှ သူ့အပေါ် ဆက်ဆံရေး ပြောင်းလဲသွားသည်မှာ သူကျိုးဟောက်ယွီကို လူညံ့ဟု ခေါ်လိုက်ပြီးနောက်မှဖြစ်ကြောင်း နောက်ဆုံးတွင် သတိထားမိသွားသည်။ ယခုအခါ ဝေ့ရှီယုမှာ ထိုငပျော့ကို သူ့ထက် ပိုကောင်းအောင်ဆက်ဆံနေသည်ကို မြင်လိုက်ရသောအခါ သူ မနေနိုင်ဘဲ ပြောလိုက်မိသည်။

"ရှီယု၊ ငါတို့တွေက ငယ်ငယ်ကတည်းက အတူကြီးပြင်းလာတဲ့ သူငယ်ချင်းတွေလေ၊ ဒီလောက်နှစ်တွေအကြာကြီးခင်လာတာကို မင်းမျက်လုံးထဲမှာ ငါကအဲဒီငပျော့လောက်တောင် တန်ဖိုးမရှိတာလား"

All Chapters