← Chapters

အခန်း ၈၇

Vol. 9 Ch. 87

အခန်း ၈၇

Vol. 9 Ch. 87

87

ချန်အယ်မှ သူမ နေမကောင်းဖြစ်နေကြောင်း ပြောလိုက်သည်ကို ကြားသောအခါ ကျိုးဟောက်ယွီမှာ မိမိကိုယ်တိုင် ဓားဖြင့်ထိုးခံလိုက်ရသည်ထက်ပင် ပို၍ စိုးရိမ်တကြီး ဖြစ်သွားတော့သည်။

"အရမ်းကြီး စိတ်မပူပါနဲ့၊ အဆိုးကြီးမဟုတ်ပါဘူး၊ နည်းနည်းပဲ နာတာပါ၊ သေသွားနိုင်လောက်တဲ့အထိ မဟုတ်ဘူး"

ချန်အယ်မှ သူ့ကို ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။ ကျိုးဟောက်ယွီ၏ ပျာပျာသလဲ ဖြစ်နေသော ပုံစံကို ကြည့်ကာ သူမ စိတ်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရ၏။

"ဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မှာလဲ၊ ကျွန်တော့်စကားနားထောင်၊ အခု အိမ်ကိုပဲ လိုက်ခဲ့တော့"

ကျိုးဟောက်ယွီမှာ အမိန့်ပေးသလို ပြောလိုက်ပြီး ရှေ့မှ လမ်းဆုံတွင် ကားကို ချက်ချင်း ကွေ့ကာ သူ့အိမ်ဘက်သို့ မောင်းထွက်ခဲ့သည်။ ချန်အယ်သည် ကျိုးဟောက်ယွီ၏ ဘေးတွင် ထိုင်ရင်း သူ့ကို ငေးကြည့်နေမိကာ သူမမျက်နှာတွင် မသိမသာ အပြုံးလေးတစ်ခု ပေါ်လာတော့၏။ ကားရောက်ရှိရမည့်

နေရာသို့ ဆိုက်ရောက်သောအခါ ကျိုးဟောက်ယွီ ဆင်းပြီး ချန်အယ်အတွက် တံခါးဖွင့်ပေးလိုက်၏။ ထို့နောက် သတ္တိမွေးကာ ဆိုသည်။

"အစ်မ ချန်အယ်၊ အစ်မ နေလို့မကောင်းဘူးဆိုတော့ ကျွန်တော် တွဲပေးပါရစေနော်"

"ရောဂါအသေးအဖွဲလေးကို မင်းကလည်း အကြီးအကျယ်တွေ ဖြစ်နေလိုက်တာ"

ချန်အယ်မှာ ရယ်မောရင်း ပြောသော်လည်း ကျိုးဟောက်ယွီ၏ အနေရခက်နေသော မျက်နှာလေးကို ကြည့်ကာ စိတ်ပျော့သွားပြီး သူမ၏ နုနယ်သော လက်ကလေးကို သူ့ထံသို့ အသာလေး ကမ်းပေးလိုက်သည်။

"အစ်မချန်အယ်က တကယ်ကို ကြင်နာတာပဲ"

ကျိုးဟောက်ယွီသည် ချန်အယ်မှာ အလွန်ပင် စာနာတတ်သူဟု ခံစားလိုက်ရသည်။ သူသည် ချန်အယ်၏ လက်မောင်းကို လက်နှစ်ဖက်လုံးနှင့် ဂရုတစိုက် ကိုင်တွယ်ကာ ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့၏။

"နင်က ငါ့ကို လမ်းလျှောက်ဖို့ ကူညီပေးနေတာလေ၊ ငါက ဘာလို့ ကြင်နာရမှာလဲ၊ နင်ကတော့ တကယ့်လူပဲ"

ချန်အယ်မှ တောက်ပစွာ ပြုံးလိုက်သည်။

"ဟဲဟဲ"

ချန်အယ်၏ လှပညှို့ယူဖွယ်ကောင်းသော မျက်နှာလေးကို ကြည့်ကာ ကျိုးဟောက်ယွီမှာ ဘာပြောရမှန်းမသိဘဲ အရူးတစ်ယောက်လိုသာ ရယ်နေမိတော့သည်။ လှေကားခွင်မှ ဖြတ်သွားသောအခါ ကျိုးဟောက်ယွီကို အမြဲအထင်သေးလေ့ရှိသော အိမ်နီးနားချင်း အဘွားကြီးတစ်ဦးနှင့်ဆုံ၏။ သူမသည် ကျိုးဟောက်ယွီမှာ အလွန်လှပသော အမျိုးသမီးတစ်ဦးနှင့် ရင်းရင်းနှီးနှီး လမ်းလျှောက်လာသည်ကို မြင်သောအခါ မျက်လုံးပြူးသွားပြီး မေးတော့သည်။

"ဟဲ့ ကောင်လေး၊ ဘယ်ကနေ ဒီလောက်လှတဲ့ ကောင်မလေးကို ခေါ်လာတာလဲ"

"ကျွန်တော်က လူတိုင်းရဲ့အချစ်တော်လေ၊ မိန်းကလေးတွေက ကျွန်တော့်နောက်ကို တန်းစီလိုက်နေကြတာ၊ ဒါတွေကို လူတိုင်းဆီလျှောက်ပြောနေရမလား"

ကျိုးဟောက်ယွီမှာ မေးစေ့ကိုပင့်ကာ ဘဝင်မြင့်စွာ ပြောလိုက်သည်။

"ဟွန့် ငါ့ရှေ့မှာ လာဟန်ဆောင်မနေနဲ့၊ နင့်ရုပ်နဲ့ မိန်းကလေးတွေကလိုက်တယ် ဟုတ်လား၊ မှန်ထဲရော ပြန်ကြည့်ရဲ့လား"

အဘွားကြီးမှာ ကျိုးဟောက်ယွီ၏စကားကို လုံးဝမယုံပေ။ ဒါကို မြင်တော့ ကျိုးဟောက်ယွီမှာ သတ္တိမွေးကာ ချန်အယ်၏ခါးလေးကို လှမ်းဖက်လိုက်ပြီး ဂုဏ်ယူစွာ ပြောလိုက်၏။

"ကြည့်လေ၊ ကျွန်တော့်ရင်ခွင်ထဲက အလှလေးကို မြင်လား၊ ဒီလောက်နတ်မိမယ်လို ကောင်မလေးက ရှေ့မှာရပ်နေတာကို အဘွား မျက်စိကန်းနေလို့လား"

"ဘယ်လိုတွေ လိမ်ခေါ်လာလဲမသိပါဘူး"

အဘွားကြီးမှာပြောရင်း ချန်အယ်ကို သေသေချာချာကြည့်ကာ ဆိုသည်။

"သမီးလေး ဘာဖြစ်လို့လဲ၊ အဘွားကို ပြောလို့ရတယ်နော်၊ အဘွား မကူညီနိုင်ရင်တောင် ရဲတော့ တိုင်ပေးလို့ရတယ်"

ချန်အယ်သည် ထိုအဘွားကြီးကိုအေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး စကားပြောရန် စိတ်မဝင်စားကြောင်း ပြသလိုက်သည်။ ထို့နောက် ကျိုးဟောက်ယွီကို ချိုသာစွာပြုံးပြရင်း ချွဲနွဲ့သော အသံဖြင့် ပြောလိုက်၏။

"နင့်အိမ်ကို သွားမယ်ဆို၊ ဘာလို့ မသွားသေးတာလဲ"

"ဪ ဟုတ်သားပဲ၊ သွားကြစို့"

ကျိုးဟောက်ယွီ ခေါင်းကို အသည်းအသန်ညိတ်လိုက်ပြီး အဘွားကြီးကို ဂရုမစိုက်တော့ဘဲ ချန်အယ်၏ ခါးပေါ်မှ လက်ကိုပြန်ရုပ်ကာ သူမကို အပေါ်ထပ်သို့ အမြန်တွဲခေါ်သွားတော့သည်။ အိမ်ထဲရောက်သည်နှင့် ကျိုးဟောက်ယွီ တံခါးပိတ်လိုက်ပြီး ချန်အယ်ကို ချက်ချင်းတောင်းပန်လိုက်၏။

"စောစောက ဘာလို့လဲမသိဘူး၊ အစ်မရဲ့ခါးကို ကိုင်မိသွားတယ်၊ တကယ် တောင်းပန်ပါတယ်ဗျာ"

"နောက်တစ်ခါ အဲဒီလိုမလုပ်နဲ့တော့နော်"

ချန်အယ်မှာ အသံတိုးတိုးလေးဖြင့်ပြန်ဖြေသည်။ သူမမျက်နှာတွင် ဒေါသထွက်သည့် အရိပ်အယောင်မရှိပေ။ ကျိုးဟောက်ယွီ၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်မိသော်လည်း သူ့မျက်နှာကို ထောက်ထားကာ ဘာမှမပြောခြင်းဖြစ်သည်။

"စိတ်မပူပါနဲ့၊ နောက်တစ်ခါ သေချာပေါက် မလုပ်တော့ပါဘူး"

ကျိုးဟောက်ယွီမှ အလေးအနက်ကတိပေးလိုက်သည်။ သို့သော် သူ စိတ်ထဲတွင် တိတ်တိတ်လေး ရေရွတ်နေမိ၏။

"နောက်တစ်ခါဆိုရင်တော့ ခွင့်မပြုဘဲ မကိုင်တော့ဘူး၊ ဒါပေမဲ့ ခွင့်ပြုရင်တော့ ကိုင်မှာပဲ"

"ဘယ်မှာ ကုပေးမှာလဲ"

ချန်အယ်မှာ အခန်းထဲကို တစ်ချက်ဝေ့ကြည့်ပြီး အလုပ်ကိစ္စဘက်သို့လှည့်လိုက်သည်။

"ကျွန်တော့် ကုတင်ပေါ်မှာပဲ ကုရအောင်လေ၊ ဟုတ်ပြီလား"

ကျိုးဟောက်ယွီ ပြောပြီးပြီးချင်း အထင်လွဲမည်စိုးသဖြင့် အမြန်ရှင်းပြသည်။

"ကျွန်တော် ဘာရည်ရွယ်ချက်မှ မရှိပါဘူး၊ အိမ်ကသေးနေတော့ တခြား သင့်တော်တဲ့နေရာ မရှိလို့ပါ၊ ကုတင်ပေါ်မှာ လှဲနေရင် အစ်မအတွက် ပိုသက်သာမှာမို့လို့ပါ"

ချန်အယ်မှာ ဘာမှသိပ်မတွေးသည့်ပုံစံဖြင့် ခေတ္တစဉ်းစားပြီးနောက် ခေါင်းညိတ် သဘောတူလိုက်သည်။

"ကောင်းပြီလေ၊ ငါ နင့်ကို ယုံကြည်ပါတယ်၊ နင် ငါ့ကို စိတ်ပျက်အောင်မလုပ်ဘူးလို့ မျှော်လင့်ပါတယ်"

"ဟုတ်ကဲ့ စိတ်ချပါ၊ သေသေချာချာ ကုပေးပါ့မယ်"

ကျိုးဟောက်ယွီပြောရင်း သူ့ကုတင်ဆီသို့ ဦးဆောင်ခေါ်သွားသည်။ အနည်းငယ် ရှုပ်ပွနေသည့် အခင်းအကျင်းကို မြင်သောအခါ သူ မျက်နှာရဲသွားပြီး အမြန်ပင် သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်လိုက်၏။ သို့သော် စောင်ကို ခါလိုက်သည့်အချိန်တွင် အမျိုးသားအတွင်းခံဘောင်းဘီတစ်ထည်မှာ ပြုတ်ကျလာတော့သည်။

"အဲ"

ကျိုးဟောက်ယွီမှာ အလွန်အရှက်ရသွားပြီး ထိုဘောင်းဘီကို အမြန်ကောက်ယူကာ ဘေးမှ ဗီရိုထဲသို့ထိုးထည့်လိုက်သည်။ ဘေးတွင်တည်ငြိမ်စွာရပ်နေသည့် ချန်အယ်ကို ကြည့်ကာ မျက်နှာပူပူဖြင့် ပြောလိုက်၏။

"တောင်းပန်ပါတယ်၊ အခန်းက နည်းနည်း ရှုပ်နေလို့၊ ဒါမျိုးတွေမြင်သွားစေမိလို့ အားနာလိုက်တာ"

"ဘာမှမဖြစ်ပါဘူး"

ချန်အယ်မှာ အေးဆေးပြန်ဖြေသည်။ သူမမျက်နှာမှာ တည်တံ့နေသဖြင့် ဘာတွေးနေသည်ကို ခန့်မှန်း၍မရပေ။ ကုတင်ကို ပြင်ဆင်ပြီးနောက် ကျိုးဟောက်ယွီမှာ အသာပြောလိုက်သည်။

"လှဲလိုက်ပါ၊ ကျွန်တော် သေသေချာချာ စစ်ဆေးပေးပါရစေ"

"အင်း"

ချန်အယ်မှ ဘာမှပြန်မပြောဘဲ ပြန်ဖြေလိုက်သည်။ ထို့နောက် သူမဂါဝန်အနားကို အသာအယာမကာ ကုတင်ဘေးတွင် အရင်ထိုင်ပြီးမှ ဖြည်းဖြည်းချင်းလှဲချလိုက်သည်။ ကျိုးဟောက်ယွီ ခုံတစ်ခုံကို ဆွဲလာပြီး သူမဘေးတွင်ထိုင်လိုက်၏။ ထို့နောက် အသက်ကို အောင့်ထားရင်း ချန်အယ်၏သွေးခုန်နှုန်းကို စမ်းသပ်တော့သည်။ ကြမ်းတမ်းသော သူ့လက်သည် ချန်အယ်၏ နူးညံ့သော လက်ကောက်ဝတ်ပေါ်တွင် ရှိနေပြီး မတော်တဆထိခိုက်မိမည်စိုးသဖြင့် အလွန်သတိထားကာ သွေးခုန်နှုန်းကို စမ်းနေမိ၏။

"ဗိုက်နာတာအပြင် တခြားလက္ခဏာတွေရော ရှိသေးလား၊ ဥပမာ ဗိုက်အောက်ပိုင်းက တင်းနေတာမျိုး ဒါမှမဟုတ် ခါးနာတာမျိုးပေါ့"

ကျိုးဟောက်ယွီမှ တိုးတိုးလေး မေးလိုက်သည်။ ဒါကို ကြားတော့ ချန်အယ်မှာ အာမေဍိတ်သံထွက်လာပြီး ပြောလိုက်၏။

"နင်က ဒီလောက်မှန်အောင် ပြောနိုင်လိမ့်မယ်လို့ မထင်ထားဘူး၊ ဗိုက်နာတာအပြင် တစ်ခါတလေ ဗိုက်အောက်ပိုင်းက ဆွဲထားသလို ခံစားရတယ်၊ ခါးကတော့ နည်းနည်းပဲ နာတာပါ"

"ဘာမှမဖြစ်ပါဘူး၊ ပြဿနာအသေးအမွှားလေးပါ၊ အပ်စိုက်ပေးရင် ပျောက်သွားမှာပါ"

ကျိုးဟောက်ယွီပြောရင်းမှ ရုတ်တရက် တွန့်ဆုတ်သွားသည်။

"ဘာဖြစ်လို့လဲ"

ချန်အယ်မှ သူ့မျက်နှာပေးကို သတိထားမိသွားသည်။

"အဲ့ အဲ့ဒါကလေ၊ အပ်စိုက်ဖို့အတွက် အပ်စိုက်မှတ်ကို တိတိကျကျရှာရမှာဆိုတော့ အစ်မရဲ့ဗိုက်ကို လှန်ပြဖို့ လိုလိမ့်မယ်"

ကျိုးဟောက်ယွီမှ အတော်လေးအားနာဟန်ဖြင့် ပြောလိုက်သည်။

"ဟင်"

ချန်အယ်ကြောင်သွားပြီး သံသယများဖြင့် မျက်နှာပြည့်သွားသည်။

"ဒါပေမဲ့ ရှန်းနုန် ငါ့ကိုအပ်စိုက်ပေးတုန်းက အရေပြားကို လှန်ပြဖို့မလိုဖူးဘူးလေ၊ သူက အဝတ်ပေါ်ကနေပဲအမြဲ စိုက်ပေးတာ"

ချန်အယ်မှ သူ့ကိုမရိုးမသားဟု သံသယဝင်နေသည်ကို မြင်သောအခါ ကျိုးဟောက်ယွီ ကောင်းကင်ကို တိုင်တည်ကာ အမြန်ကျိန်ဆိုလိုက်သည်။

"ကျွန်တော် တကယ်အမြတ်ထုတ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး၊ ကျွန်တော် သင်ယူနေတာ မကြာသေးတော့ အတွေ့အကြုံသိပ်မရှိလို့ပါ၊ အဝတ်ပေါ်ကနေစိုက်ရင် အပ်စိုက်မှတ်ကို ကျွန်တော်ရှာတတ်မှာ မဟုတ်လို့ပါ"

All Chapters