← Chapters

အခန်း ၈၈

Vol. 9 Ch. 88

အခန်း ၈၈

Vol. 9 Ch. 88

88

"နားလည်ပြီ"

ချန်အယ်မှ ခေါင်းညိတ်သည်။ ကျိုးဟောက်ယွီ၏ စကားမှာ ကျိုးကြောင်းဆီလျော်သည်ဟု သူမယူဆကာ ချက်ချင်းပင် ယုံကြည်သွားတော့သည်။ ကျိုးဟောက်ယွီ သူမကို အကဲခတ်ရင်း တိုးတိုးလေး မေးလိုက်သည်။

"ဒါဆို အစ်မကို ကျွန်တော် ဆက်ကုပေးရမလား"

"ထားလိုက်ပါတော့၊ အရေးကြီးနေတာလည်း မဟုတ်ပါဘူး၊ နောင်မှ ရှန်းနုန်နဲ့တွေ့မှပဲ သူ့ကို ပြလိုက်ပါတော့မယ်"

ချန်အယ်မှာ ငြင်းပယ်ရင်း ခေါင်းခါပြသည်။

"ဟုတ်ကဲ့ပါ"

ကျိုးဟောက်ယွီ အနည်းငယ် စိတ်ပျက်သွားမိသည်။ ချန်အယ်၏ နုနယ်လှပသောခါးလေးကို မမြင်ရတော့၍ ဝမ်းနည်းခြင်းမဟုတ်ဘဲ ချန်အယ်တစ်ယောက် ဝေဒနာကိုဆက်လက်ခံစားနေရမှာကို သူအမှန်တကယ်မလိုလားသောကြောင့်ဖြစ်၏။ သို့သော် ကျိုးဟောက်ယွီ တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး အမြန်ပြောလိုက်သည်။

"ဒါနဲ့ ကျွန်တော် လောင်ဇီနဲ့ အကြိမ်ပေါင်းများစွာ ဆုံဖူးတယ်၊ သူ့မှာ အစွမ်းထက်တဲ့ ဆေးတွေရှိတယ်၊ နောက်တစ်ခါကျရင် အစ်မအတွက် တစ်လုံးတောင်းပေးမယ်၊ အဲဒါဆိုရင် သေချာပေါက် ပျောက်သွားမှာပါ"

"လောင်ဇီရဲ့နတ်ဆေးတွေ ဟုတ်လား"

ချန်အယ် အံ့ဩတကြီးရေရွတ်မိသည်။

"အဲဒါတွေက တကယ့်ရတနာတွေလေ၊ လွယ်လွယ်နဲ့ တောင်းလို့ရတာမျိုး မဟုတ်ဘူး"

"ဟဲဟဲ"

ကျိုးဟောက်ယွီ ရယ်မောရင်း ရင်ဘတ်ကိုပုတ်ကာ ကြွားလိုက်သည်။

"စိတ်မပူပါနဲ့ အစ်မချန်အယ်၊ နောက်တစ်ခါ လောင်ဇီနဲ့တွေ့ရင် အစ်မအတွက် နတ်ဆေးတစ်လုံးရအောင်ယူပေးမယ်လို့ အာမခံပါတယ်"

"နင်နဲ့ လောင်ဇီက အဲဒီလောက်တောင် ခင်လို့လား"

ချန်အယ်မှ စူးစမ်းစွာ မေးသည်။

"အရမ်းကြီး ခင်တာမျိုးတော့ မဟုတ်ပေမဲ့ သူကျွန်တော့်ကို ဆေးနှစ်ခါပေးဖူးပြီးပြီလေ၊ နောက်တစ်ခါ ထပ်တောင်းတာကတော့ ပြဿနာမရှိလောက်ပါဘူး"

ကျိုးဟောက်ယွီမှ ခပ်ပေါ့ပေါ့ပင်ပြောလိုက်သည်။ သူ့မျက်လုံးထဲတွင်တော့ လောင်ဇီဆိုသည်မှာ ချစ်စရာကောင်းအောင်နေတတ်သည့် အဘိုးကြီးတစ်ဦးမျှသာဖြစ်၏။ သို့သော် ချန်အယ်မှ အလေးအနက်ပြောရှာသည်။

"နင်က လောင်ဇီရဲ့နတ်ဆေးကို အထင်သေးနေတာပဲ၊ သူ့ဆေးက အရမ်းကို အဖိုးတန်တာ၊ ငါ နတ်ပြည်မှာ နေလာတာ နှစ်ပေါင်းများစွာရှိပြီ၊ အခုထိ သူ့ဆီက ဆေးတစ်လုံးပဲရဖူးသေးတယ်"

"အဲဒါပြီးခဲ့တဲ့အပတ်က ကျွန်တော့်ကို ပေးလိုက်တဲ့ ဆေးလား"

ကျိုးဟောက်ယွီ အတည်ပေါက်ဖြင့်မေးလိုက်သည်။

"အင်း အဲဒါပဲ"

ချန်အယ်မှ ညင်သာစွာ ခေါင်းညိတ်သည်။ ငြင်းစရာ အကြောင်းမရှိပေ။ သို့သော် ဒါကို သိလိုက်ရချိန်တွင် ကျိုးဟောက်ယွီ ဘာကြောင့် ဒီလောက်ထိ စိတ်လှုပ်ရှားသွားရသည်ကို သူမနားမလည်ပေ။ လောင်ဇီ၏နတ်ဆေးမှာ မည်မျှအဖိုးတန်ကြောင်းသိလျက်နှင့် ချန်အယ်မှာ သူမ၏တစ်လုံးတည်းသော ဆေးကို သူ့ကို ပေးခဲ့သည်မှာ ကျိုးဟောက်ယွီရင်ကို နွေးထွေးသွားစေသည်။ တစ်ချိန်တည်းမှာပင် သူ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချလိုက်သည်။

"အစ်ချန်အယ် စိတ်မပူပါနဲ့၊ လောင်ဇီနဲ့ ပြန်တွေ့တဲ့အခါ အစ်မအတွက် ဆေးတစ်လုံး သေချာပေါက်ရအောင် ယူပေးပါ့မယ်"

"ဒါကတော့ ကံတရားအပေါ်မှာပဲ မူတည်ပါတယ်၊ အဲဒီလောက်ကြီး စိုးရိမ်မနေပါနဲ့"

ချန်အယ် တိုးတိုးလေးပြန်ပြောသည်။ သူမ ကုတင်ပေါ်မှ ထရန်ပြင်သောအခါ ကျိုးဟောက်ယွီမှာ အမြန်ပင် သူမလက်မောင်းကို တွဲပေးလိုက်၏။

"ခစ်ခစ်"

ချန်အယ် ဒါကိုမြင်တော့ အသာပြုံးလိုက်မိသည်။

"နင်ကလည်း အရမ်းဂရုစိုက်လွန်းနေတာပဲ၊ ငါက လမ်းမလျှောက်နိုင်တာမှ မဟုတ်ဘဲ"

"အစ်မက နတ်သမီးလေးပဲဟာ၊ သိမ်မွေ့ပြီး အဖိုးတန်လွန်းတော့ ကျွန်တော်က သတိထားရတာပေါ့"

ကျိုးဟောက်ယွီမှာ မြှောက်ပင့်ပြောလိုက်ရာ ချန်အယ်မှ ချိုချိုသာသာပြုံးပြသည်။

"နင့်ပါးစပ်လေးကတော့ တကယ်ချိုတာပဲ၊ မိန်းကလေး အတော်များများကို ဒီလိုပဲ လိမ်ညာခဲ့တာမဟုတ်လား"

"ဘယ်လိုလုပ် အဲဒီလိုဖြစ်နိုင်မှာလဲ"

ကျိုးဟောက်ယွီ ထိုစကားကိုကြားတော့ အနည်းငယ် ဝမ်းနည်းသွားမိသည်။

"ဒီဘက်ခေတ် မိန်းကလေး အတော်များများက ပစ္စည်းဥစ္စာကိုကြည့်ကြတာလေ၊ ကျွန်တော့်လို ပိုက်ဆံမရှိတဲ့လူက ရည်းစားရဖို့တောင် ကံကောင်းမှပဲ၊ ဘယ်လိုလုပ်ပြီး မိန်းကလေး အများကြီးကို လိမ်နိုင်မှာလဲ"

"စိတ်မပျက်ပါနဲ့၊ ငါ့အမြင်မှာတော့ နင်က တကယ့်လူကောင်းတစ်ယောက်ပါ၊ နင့်ကိုတန်ဖိုးထားမယ့် မိန်းကလေးတွေ နင့်ဘဝထဲမှာ သေချာပေါက်ပေါ်လာမှာပါ"

ချန်အယ်မှာ ကျိုးဟောက်ယွီ၏ပုခုံးကို ပုတ်ကာ ညင်သာစွာနှစ်သိမ့်ပေးရှာသည်။

"အစ်မ ချန်အယ်က တကယ်ကို စိတ်ထားကောင်းတာပဲ"

ကျိုးဟောက်ယွီ အလွန်တရာစိတ်လှုပ်ရှားသွားသည်။ လှပလွန်းသော နတ်သမီးလေးတစ်ပါးမှာ သူ့အပေါ် ယခုကဲ့သို့ နူးညံ့လိမ့်မည်ဟု သူတကယ် မထင်ထားခဲ့ပေ။ သူစိတ်ထဲတွင် တိုးတိုးလေး ရေရွတ်မိသည်။

'ချန်အယ်၊ အစ်မသာ ကျွန်တော့်ဘေးမှာရှိနေရင် ကျွန်တော် ကျေနပ်ပါပြီ၊ တခြားဘာမှ ထပ်မတောင်းဆိုရဲတော့ပါဘူး'

သို့သော် ထိုစကားများကို သူအပြင်ထုတ်မပြောရဲပေ။ ချန်အယ် လန့်သွားပြီး နောက်တစ်ခါ ပြန်မလာတော့မှာကို သူစိုးရိမ်သောကြောင့်ဖြစ်သည်။

"တကယ်တော့ ငါက အဲဒီလောက်ထိ မကောင်းပါဘူး"

ချန်အယ်မှာ တိုးတိုးလေးရေရွတ်ပြီးနောက် ကျိုးဟောက်ယွီကို ပြန်ပြောသည်။

"ငါတို့တွေမှာ အချိန်နည်းနည်း ကျန်သေးတယ်လေ၊ နင်ငါ့ကို ဘယ်ခေါ်သွားချင်လဲ"

"ဟင် ဪ ဟုတ်သားပဲ၊ တစ်နေရာရာမှာ သွားလည်မယ်လို့ ပြောထားတာပဲ၊ မေ့တော့မလို့"

ကျိုးဟောက်ယွီ သတိဝင်လာပြီး နဖူးကို လက်ဝါးနှင့် ရိုက်လိုက်သည်။ ထို့နောက် ချန်အယ့်လက်မောင်းကို တွဲကာ တံခါးဆီသို့ လျှောက်သွားတော့၏။ ကျိုးဟောက်ယွီသည် ချန်အယ်ကို ကားမောင်းပြီး ဈေးဝယ်စင်တာ သို့ ခေါ်လာခဲ့သည်။ နတ်ပြည်မှ နတ်ဘုရားများသည် တောတောင်များ၊ ရှုခင်းလှလှများကို မြင်ဖူးပြီးသားဖြစ်မှာမို့ ရှုခင်းတွေထက် လူ့လောက၏ စည်ကားမှုကို ခံစားစေချင်သောကြောင့် ဖြစ်သည်။

"ဝါး၊ ဟို မိုးပျံပူဖောင်းလေးတွေက အရမ်းလှတာပဲ"

ချန်အယ် စိတ်လှုပ်ရှားစွာဖြင့်အော်လိုက်သည်။ လမ်းလျှောက်နေရင်း ချန်အယ်သည် အရာရာကိုစိတ်ဝင်စားနေ၏။ အထူးသဖြင့် ယုန်ရုပ်ပူဖောင်းလေးကို မြင်သောအခါ သူမမျက်လုံးများမှာ တောက်ပသွားတော့သည်။

"ဒီမှာ ခဏစောင့်နော်"

ကျိုးဟောက်ယွီ ချန်အယ်ကိုမှာခဲ့ပြီး အမြန်ပြေးထွက်သွားသည်။ ချန်အယ်မှာ သူဘာလုပ်မလို့လဲဟု တွေးနေစဉ်မှာပင် ကျိုးဟောက်ယွီမှ ယုန်ရုပ်ပူဖောင်းလေးကို ကိုင်ကာ ပြန်ရောက်လာသည်။

"ဟင် နင် နင်ဒါကို"

ချန်အယ်မှ ကျိုးဟောက်ယွီကို ဝမ်းသာအားရ ကြည့်လိုက်သည်။

"အစ်မအတွက်ပါ"

ကျိုးဟောက်ယွီ ပြုံးပြရင်း ပူဖောင်းလေးကို ချန်အယ်ထံ ကမ်းပေးလိုက်သည်။

"ဝါး နင်ကတော့ တကယ်ပါပဲ၊ အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ"

ချန်အယ်၏မျက်ဝန်းများ နီမြန်းလာပြီး ပါးစပ်ကို လက်ဖြင့်အုပ်ကာ ယုန်ရုပ် ပူဖောင်းလေးကို လှမ်းယူလိုက်သည်။ ကျိုးဟောက်ယွီမှာ ကြောင်သွားပြီး ဘာလုပ်ရမှန်းမသိဖြစ်ကာ မေးလိုက်၏။

"အစ်မချန်အယ် ဘာလို့ ငိုနေတာလဲ"

"မဟုတ်ပါဘူး၊ ငါ ငိုနေတာမဟုတ်ပါဘူး၊ အရမ်း စိတ်လှုပ်ရှားသွားလို့ပါ"

ချန်အယ် အလေးအနက်ပြန်ပြောသည်။ ဒါကိုကြားတော့ ကျိုးဟောက်ယွီ အံ့ဩသွား၏။

"ပူဖောင်းလေး တစ်လုံးတည်းလေ၊ အဲဒီလောက်ထိ ဖြစ်သွားတာလား"

ချန်အယ်မှာ ဖြည်းဖြည်းချင်းခေါင်းခါပြသည်။

"ဒါက သာမန် ပူဖောင်းလေးတစ်လုံးတည်း မဟုတ်ဘူး၊ ဒါက လက်ဆောင်လေ၊ ငါ့တစ်သက်လုံးမှာ တစ်ခါမှ လက်ဆောင် မရဖူးဘူး"

"ဟမ်"

ကျိုးဟောက်ယွီ မယုံနိုင်စွာလွှတ်ခနဲ မေးမိသည်။

“ဟောက်ရီက အစ်မကို လက်ဆောင် တစ်ခါမှမပေးဖူးဘူးလား"

"သူက အရမ်းအေးပြီး စကားလည်း နည်းတယ်လေ၊ လက်ဆောင်ပေးဖို့ဆိုတာ ဝေးသေး"

ချန်အယ်မှာ အနည်းငယ်စိတ်မကောင်းဖြစ်ဟန်ဖြင့် ပြောရှာသည်။

"ဒါဆိုရင်တော့ နောက်ပိုင်းမှာ ကျွန်တော် အစ်မကိုလက်ဆောင်တွေ ခဏခဏ ပေးမှာပေါ့"

ကျိုးဟောက်ယွီ ရင်ဘတ်ကိုပုတ်ကာ အလေးအနက် ကတိပေးလိုက်သည်။ သူ့စိတ်ထဲတွင်တော့ ချန်အယ်၏လိုအင်ဆန္ဒမှာ အလွန်ပင်သေးငယ်လှ၏။ ပူဖောင်းလေးတစ်လုံးနှင့်ပင် ဤမျှ ပျော်ရွှင်နိုင်သည်ဆိုလျှင် တခြားဘာလိုသေးသနည်း။ လောကမှာ စိတ်ဝင်စားစရာကောင်းသော အဆင်တန်ဆာလေးတွေ အများကြီးရှိပါသေးသည်။ ကျိုးဟောက်ယွီမှာ ပိုက်ဆံအများကြီးမရှိသော်လည်း ဤကဲ့သို့သော လက်ဆောင်လေးတွေကိုတော့ သေချာပေါက် ပေးနိုင်ပါသည်။

"ခဏခဏ ပေးဖို့တော့မလိုပါဘူး၊ နင့်ဆီကပဲ လက်ဆောင်တွေ အမြဲရနေရင်မကောင်းဘူးလေ"

ချန်အယ် ခိုင်မာသောလေသံဖြင့် ခေါင်းခါသည်။

"ဒါဆိုရင်လည်း နည်းနည်းပဲပေးမှာပေါ့"

ကျိုးဟောက်ယွီမှာ ရယ်မောရင်း ဈေးဆစ်လိုက်သည်။ ချန်အယ် ဘာမှထပ်မပြောတော့ဘဲ သူမအကြည့်များမှာ ဘေးနားတွင် နှင်းဆီပန်းရောင်းနေသည့် မိန်းကလေးငယ်လေးတစ်ဦးထံသို့ ရောက်ရှိသွားလေ၏။

All Chapters