← Chapters

အခန်း ၂၅၆

Vol. 18 Ch. 256

အခန်း ၂၅၆

Vol. 18 Ch. 256

အပိုင်း ( 256 )

မင်းတို့အားလုံး အရင်လာခဲ့ကြ။ ငါစဥ်းစားလိုက်ဦးမယ်

သူက ၎င်းတို့ကို ကြည့်လိုက်သည့် အချိန်တွင် အဆိုပါ အမှတ်အသား ကိုးခုက ထပ်မံ၍ ရန်ဖြစ်မနေကြတော့ဘဲ သူ၏အရှေ့တွင်သာ မျောလွင့်နေကြတော့သည်။

၎င်းတို့မှာ သူက ရွေးချယ်လာမည်ကို စောင့်ဆိုင်းနေပုံရကာ တစ်ခုချင်းစီ အနားကပ်လာကြပြီး အားလုံးက သူနှင့်အတူ သွားချင်နေကြ၏။

“ မင်းတို့အားလုံးက ငါနဲ့အတူ သွားချင်ကြတာလား “

လုချန်ရှန်းက မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။

အမှတ်အသားများက နတ်ဘုရားနယ်ပယ် ပညာရှင်တစ်ဦး ချန်ထားခဲ့သည့် အရာများဖြစ်ပြီး အသိစိတ်ကို ပိုင်ဆိုင်ထားကာ စွမ်းအင်လှိုင်းများ ထုတ်လွှင့်၍ တုံ့ပြန်လာကြ၏။

၎င်းကို မြင်လိုက်ရသောအခါတွင် သူအတွေးနက်သွားရတော့သည် “ အခုလိုမျိုး ရွေးချယ်ရတာက ငါ့အတွက် တကယ်ခက်တယ်။ မင်းတို့အားလုံး အရင်လိုက်ခဲ့ရင်ကော ဘယ်လိုလဲ။ နောက်ကျမှ ငါစဉ်းစားပေးမယ်လေ “

ထိုစကားကို ပြောခဲ့ပြီးသည့်နောက်တွင် သူသည် သူ၏လက်ကို မြှောက်ကာ အချက်ပြလိုက်သည်။ အမှတ်အသားအားလုံးသည် မည်သို့မျှ ခုခံရုန်းကန်မနေဘဲ သူ့လက်အတွင်းသို့ ဆင်းသက်လာကြ၏။

လုချန်ရှန်းမှာလည်း တပြုံးပြုံး ဖြစ်သွားခဲ့သည်။ ကလေးများကသာလျှင် ရွေးချယ်မှုများ ပြုလုပ်ခြင်း ဖြစ်သည်။ သူကမူ အရာအားလုံးကို လိုချင်‌ပေသည်။

၎င်းတို့မှာ နတ်ဘုရား ပညာရှင်တစ်ဦး၏ အမွေအနှစ်ဖြစ်သည်။ ၎င်းတို့က မည်မျှအဖိုးတန်လဲဆိုသည်ကို စကားထဲထည့်ပြောနေရန်ပင် မလိုအပ်ပေ။ သူက အဆိုပါ အမွေအနှစ်ကို မရောင်းချနိုင်သည်မှာ နှမြောဖွယ်ကောင်းလှသည်။

သူသည် သူ၏ ရန်သူများနှင့် စီးပွားရေးလုပ်လေ့ရှိသည်။ အကယ်၍ သူ၏ ရန်သူများကသာ ၎င်းတို့ကို ရရှိသွားပြီး နတ်ဘုရားများ ဖြစ်လာကြမည်ဆိုပါက ၎င်းက သူ၏အဆုံးသတ် ဖြစ်သွားပေလိမ့်မည် မဟုတ်လော။

၎င်းတို့ကို တစ်ခြားလူများထံသို့ ရောင်းချခြင်းမှာလည်း သူ့ကို စိတ်မသက်မသာ ဖြစ်သွားစေခဲ့သည်။ ဤကမ္ဘာအတွင်းတွင် ၎င်းတို့က မည်သူ့လက်အတွင်းသို့ ကျရောက်သွားလဲဆိုသည်ကို မည်သူက သိနိုင်မည်နည်း။ သူ့ထံတွင် ရန်သူအများအပြား ရှိနေခဲ့ပြီး တစ်ခဏခန့် ပေါ့ဆမိသွားမည်ဆိုပါက ၎င်းက သူ၏အသက်ကို ပေးချေလိုက်ရမည့် တန်ကြေးတစ်ခု ဖြစ်သွားနိုင်ပေသည်။

“ ဘယ်လောက်တောင် ခေါင်းကိုက်ဖို့ကောင်းလိုက်လဲ “

လုချန်ရှန်းမှာ သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။ ဝိညာဥ်ကျောက်တုံးတွေနဲ့ လဲလို့မရတဲ့ဟာတွေကို ရှာတွေ့တာက တော်တော်လေးကို ပြဿနာများတာပဲ။

ထို့နောက်တွင် သူသည် အမှတ်အသားများကို သိမ်းဆည်းကာ ဤနယ်မြေအတွင်းသို့ တရားဝင် ဝင်ရောက်လာခဲ့၏။

ယခုလေးတင် ဝင်လာခဲ့ပြီး ကြီးကြီးမားမား ရိတ်သိမ်းနိုင်ခဲ့သောကြောင့် သူသည် ဤနယ်မြေကို ပိုပို၍ မျှော်လင့်နေမိတော့သည်။

သိပ်မကြာခင် အချိန်မှာပင် သူသည် ဝိညာဥ်ဆေးပင်တစ်ပင်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းက သိပ်မရှားလှသော်လည်း အတော်ပင် တန်ဖိုးရှိနေခဲ့ကာ ခန္ဓာကိုယ်ကို ကွေးညွတ်၍ အနည်းငယ်မျှ ကြိုးစားအားထုတ်ရုံဖြင့် ကောက်ယူနိုင်ခဲ့၏။

သို့ရာ၌ တောင်တန်းဒေသတစ်ခုကို ဖြတ်သွားသည့်အချိန်တွင် သူ့လက်အတွင်းတွင် ရှိနေသည့် အမှတ်အသားများအနက်မှ တစ်ခုက အနည်းငယ် တုန်ခါလာခဲ့၏။ သူသည် ၎င်းကို အာရုံခံကာ အပေါ်သို့ မော့ကြည့်လိုက်၏။ ခမ်းနားထည်ဝါသော တောင်တန်းတစ်ခု ပေါ်ထွက်လာခဲ့ကာ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းတို့နှင့် ရောနှောနေသည့် သိပ်သည်းသော နတ်စွမ်းအားတို့ဖြင့် ရောနှောလိမ်ယှက်နေလျက်ရှိ၏။

“ အမွေအနှစ်က ဒီနေရာမှာ ရှိခဲ့တဲ့ပုံပဲ “

လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေကာ စပ်စုလိုစိတ်ကို မည်သို့မျှ မခုခံနိုင်ခဲ့ဘဲ အနားသို့ ကပ်သွားတော့၏။

သို့သော် သူချဥ်းကပ်သွားသည့် အချိန်၌ တောင်ခြေတွင် လူတစ်စု ရောက်ရှိနေသည်ကို မြင်တွေ့သွားခဲ့သည်။

သူတို့၏ အရှေ့တွင် ကျောက်စာတစ်ချပ် မားမားမတ်မတ် ရပ်တည်နေလျက်ရှိသည်။ ထိုလူများအနက် ငွေရောင် ဆံသားပိုင်ရှင် လူငယ်လေးတစ်ဦးက ကျောက်စာ၏ အရှေ့တွင် မတ်တပ်ရပ်နေခဲ့ပြီး သူ၏ မျက်ဝန်းအစုံက တင်းကြပ်စွာ ကျုံ့ဝင်နေခဲ့ကာ စိတ်ရှုပ်ထွေးမှုများနှင့် သံသယတို့ဖြင့် ပြည့်နှက်နေလျက်ရှိ၏။

“ လျှပ်စီးကျီ မင်းက မြန်မြန်ဆန်ဆန်ကြီးကို ရောက်နေတာပဲ “ လုချန်ရှန်းက တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည်။

တစ်ချိန်တည်းမှာပင် တစ်ခြားလူများကပါ စကားပြောလာကြသည်။

“ ဘာတွေဖြစ်နေတာလဲဟ။ အစ်ကိုကြီး လျှပ်စီးကျီက ကျောက်စာချပ်ထဲမှာ နတ်ဘုရားချန်ထားခဲ့တဲ့ စမ်းသပ်မှုကို အောင်မြင်သွားပြီလေ။ ဘာဖြစ်လို့ အမွေအနှစ် အမှတ်အသားက မပေါ်လာရသေးတာလဲဟ “

“ သူစမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့တာက တတိယအကြိမ်မြောက် ဖြစ်နေပြီလေ။ ဘာဖြစ်လို့ ဘာလှုပ်ရှားမှုမှ မရှိရသေးတာလဲဟ “

“ တစ်ခုခုမှားနေတာများလား “

“ … “

သူ့ပတ်ပတ်လည်ရှိ လူများက အဆက်မပြတ် စကားပြောဆိုနေကြ၏။ လျှပ်စီးကျီသည် ကောင်းကင်ဘုံ အကယ်ဒမီမှ ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦး၏ လမ်းညွှန်သင်ပြပေးမှုကို ခံယူခဲ့ရပြီး ဤနယ်မြေအတွင်းသို့ ဝင်ခဲ့ပြီးသည့်နောက်တွင် ဤနေရာသို့ တိုက်ရိုက်ဦးတည်လာခဲ့ခြင်း ဖြစ်သည်။ သူသည် မျှော်မှန်းချက်များနှင့်အညီ တစ်ကြိမ်မျှကြိုးစားရုံဖြင့် စမ်းသပ်မှုကို အောင်မြင်သွားခဲ့သည်။ သို့သော် အမွေအနှစ် အမှတ်အသားက ပေါ်ထွက်လာရန်အတွက် အလွန်တရာ နှေးကွေးနေခဲ့၏။

အစတွင် သူသည် သူက စမ်းသပ်မှုကို အပြည့်အဝ မကျော်ဖြတ်နိုင်ဘူးဟု ထင်သွားခဲ့သည်။ ထို့ကြောင့် သူသည် နှစ်ကြိမ်တိတိ ထပ်မံ၍ ကြိုးစားခဲ့၏။ သို့သော် မည်သည့်လှုပ်ရှားမှုမှ မဖြစ်ပေါ်လာခဲ့ပေ။

“ ဟက် “

အရာအားလုံးကို နားလည်သွားခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းက မအောင့်ထားနိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်မောနေမိတော့သည်။

သူ၏ရယ်မောသံကြောင့် လူတိုင်း လှည့်ကြည့်လာကြ၏။ သူ့ကို မြင်လိုက်ရသောအခါတွင် ထိုလူအားလုံး၏ အမူအရာများ မည်းမှောင်သွားခဲ့သည်။

“ လုချန်ရှန်း “

လျှပ်စီးကျီသည် သူ့ကို ငေးကြည့်နေရင်းဖြင့် တင်းကြပ်စွာ မျက်မှောင်ကြုတ်သွားခဲ့သည်။

“ ဘာလဲ “ လုချန်ရှန်းက မျက်ခုံးတစ်ဖက်ပင့်ကာ မေးမြန်းလိုက်၏။

တစ်ခြားလူတစ်ဦးက မေးမြန်းလာခဲ့သည် “ မင်းက ဘာကိုရယ်နေတာလဲ “

“ ဒီမှာ ငါရယ်လို့မရဘူးလား “

သူသည် ထိုလူများ၏ အရှေ့တွင် အေးဆေးတည်ငြိမ်နေသေးသည်။

လျှပ်စီးကျီက စကားစပြောလာခဲ့၏ “ မင်းက ငါ့ကို လှောင်နေတာလား “

“ မင်းက အဲ့လိုပြောတယ်ဆိုမှတော့ အဲ့လိုပဲပေါ့ “

“ မင်း ……….. “

လျှပ်စီးကျီသည် နင်သွားကာ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။

သူ့ပတ်ပတ်လည်ရှိ လူများက ဒေါကြီးမောကြီးဖြင့် အေးစက်စွာ နှာခေါင်းရှုံ့နေကြတော့သည် “ မင်းက မောက်မာလွန်းနေတယ် “

“ ဒါမှမဟုတ် မင်းက ကိုယ့်ကိုကိုယ် လျှပ်စီးကျီထပ် ပိုသန်မာတယ်လို့ ထင်နေတာလား။ တကယ်လို့ မင်းသာဆိုရင် စမ်းသပ်မှုကိုတောင် ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး “

“ အမှန်ပဲ။ ကူချန်ကျွင်းကြောင့်သာ မဟုတ်ဘူးဆိုရင် လူတွေက မင်းကို အမဲဝိုင်းဖြတ်တာ ကြာနေလောက်ပြီ “

အသံများ တစ်သံပြီးတစ်သံ ပေါ်ထွက်လာခဲ့ပြီး တစ်ခုချင်းစီတိုင်းက ဖြောင့်မတ်မှန်ကန်သော ဒေါသနှင့် နက်နဲသော မကျေနပ်ချက်တို့ဖြင့် ပြည့်နှက်နေလျက်ရှိ၏။

သို့ရာတွင် သူတို့က မည်မျှပင် ပြောဆိုနေခဲ့ပါစေ လုချန်ရှန်းက ဒေါသမထွက်သွားသကဲ့သို့ မည်သို့မျှ မတုံ့ပြန်ကြသောကြောင့် လူတိုင်း အံ့အားသင့်သွားခဲ့သည်။ သူက အပြုံးတစ်ခုကိုသာ ဆင်မြန်းထားခဲ့သည်။

“ ဟုတ်တယ် ဟုတ်တယ်။ မင်းတို့ ပြောတာတွေက အမှန်ပဲ။ ဆက်လုပ်ကြ ကောင်းကောင်း ကြိုးစားကြနော် “

ထိုကဲ့သို့ ပြောလိုက်ခဲ့ပြီးသည့်‌နောက်တွင် သူလှည့်ထွက်သွားတော့သည်။ ၎င်းက လူတိုင်းက ကြောင်အမ်းအမ်းဖြစ်သွားစေခဲ့၏။

“ သူ့အတွက် ဘာကကောင်းလဲဆိုတာကို သူသိသေးသားပဲ “ တစ်စုံတစ်ဦးက ပွစိပွစိ ပြောဆိုနေတော့သည်။

လျှပ်စီးကျီသည် အေးစက်စွာ နှာခေါင်းရှုံ့၍ သူ့ကို လျစ်လျူရှုထားခဲ့သည်။ ထို့အစား သူသည် ကျောက်စာကိုသာ ထပ်မံ၍ အာရုံစိုက်နေတော့ပြန်သည်။ ဒဏ်ရာရထားသော်လည်း အမှတ်အသားကို အရယူကာ အမွေအနှစ်ကို သိမ်းပိုက်ရန် စိတ်ပိုင်းဖြတ်ထားသေး၏။

လုချန်ရှန်းကမူ မိုင်တစ်ထောင်အကွာသို့ ချက်ချင်းရောက်ရှိလာခဲ့ပြီဖြစ်ပြီး အမှတ်အသား တစ်ခုက ထပ်မံ၍ လှုပ်ရှားလာခဲ့ပြန်သည်။ ၎င်းက တစ်ခြားနတ်တောင်တန်းတစ်ခု ဖြစ်ပြီး ချီယန်က ထိုနေရာတွင် စမ်းသပ်မှုကို ရင်ဆိုင်ကျော်ဖြတ်နေလျက်ရှိ၏။

သို့ရာတွင် လျှပ်စီးကျီကဲ့သို့ပင် သူတို့၏ ကိုယ်ပိုင်စွမ်းရည်ဖြင့် စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့ကြသည်။ အမှန်တိုင်း ပြောရမည်ဆိုပါက အကြိမ်ပေါင်းများစွာ ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူတို့သည် မည်သည့်အမှတ်အသားကိုမှ မမြင်ခဲ့ရပေ။

လုချန်ရှန်းသည် ခါတိုင်းလိုပင် အပေါ်သို့ တက်သွားကာ သူတို့အားလုံးကို နွေးနွေးထွေးထွေး နှုတ်ဆက်လိုက်ပြီး တစ်ခဏခန့် စောင့်ကြည့်နေခဲ့ပြီးမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။

ထိုကဲ့သို့သော လုပ်ရပ်များက လုချန်ရှန်း၏ ပုံစံနှင့်မတူဘဲ အတော်ပင် ရှုပ်ထွေးနေခဲ့သည်။

လုချန်ရှန်းက အမှတ်အသားများကို မည်သို့မျှ မဖိနှိပ်ထားဘဲ ၎င်းတို့က ထိုနေရာတွင် မလှုပ်မယှက် လှဲလျောင်းနေခြင်းသာ ဖြစ်သည်။

သူသည် လမ်းတစ်လျှောက်တွင် လူအမြောက်အများနှင့် ဆုံတွေ့ခဲ့ရပြီး အများစုက အမွေအနှစ်များကို သိမ်းပိုက်ရန် မျှော်လင့်ရင်းဖြင့် နတ်တောင်တန်းများကို ရှာဖွေနေကြ၏။ စမ်းသပ်မှုအတွက် တန်းစီနေသည့် လူများပင် ရှိနေခဲ့ကာ အားလုံးက အတော်ပင် အလျင်စလို ဖြစ်နေပုံရ၏။

လုချန်ရှန်းသည် ဘာမှမပြောလိုက်သကဲ့သို့ အပြစ်ရှိစိတ်လည်း မခံစားခဲ့ရပေ။ သူက တမင်သပ်သပ် ပြုလုပ်ခဲ့ခြင်း မဟုတ်ခဲ့ပေ။ အဆိုပါ အမှတ်အသားများက မည်သို့မျှ မထွက်သွားခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းက သူ့တာဝန်မဟုတ်ပေ။

သို့ရာတွင် ရေတံခွန်တစ်ခုအနားမှ ဖြတ်သွားသည့် အချိန်၌ သူ၏မျက်ဝန်းများအတွင်းတွင် ထူးဆန်းသော အကြည့်တစ်ခု ပေါ်ထွက်လာခဲ့၏။

သူ၏ အမြင်အာရုံအတွင်းတွင် ဝိညာဥ်အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားပြီး ရေတံခွန်၏အောက်ခြေတွင် ကိုယ်ထည်တစ်ခုလုံး စိမ်းစိုနေသည့် လင်ဇီးမှိုတစ်ပွင့် ပေါက်နေသည်ကို မြင်တွေ့သွားခဲ့သည်။

“ အဇူရာ ရေလင်ဇီး “

သူသည် တစ်ချက်မျှငေးကြည့်ရုံဖြင့် ၎င်း၏ ဇစ်မြစ်ကို မှတ်မိသွားခဲ့သည်။ အကယ်၍ ၎င်းကို ရောင်းချမည်ဆိုပါက ကြမ်းခင်းဈေးက ဝိညာဥ်ကျောက်တစ်သိန်းဖြင့် စတင်မည်ဖြစ်ပြီး အကယ်၍ သူကသာ ၎င်းကို အနည်းငယ် ဈေးမြှင့်လိုက်မည်ဆိုပါက ဝိညာဥ်ကျောက်နှစ်သိန်းဖြင့် ရောင်းချနိုင်ပေသည်။

လုချန်ရှန်းသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ရှေ့တက်ကာ ၎င်းကို ကောက်ယူရန် ပြင်လိုက်သည်။

သို့သော် သူချဥ်းကပ်သွားသည့် အချိန်တွင် ရေတံခွန် လှုပ်ရှားသွားကာ မြစ်ရေများက ပြောင်းပြန်စီးဆင်းသွားပြီး သူ့ကို ဖိချလာခဲ့၏။ ထိတွေ့သွားသည့် အခိုက်အတန့်တွင် မှော်စွမ်းအားများ မြင့်တက်လာကာ သူ့အပေါ်သို့ အကုန်အစင် ကျဆင်းလာခဲ့ပြီး သူ့ကို တွန်းချရန် ကြိုးပမ်းနေတော့သည်။

လှိုင်းထန်နေသော ရေများသည် ပြိုကျလာသည့် တောင်တစ်လုံးကဲ့သို့ အဆက်မပြတ် စုစည်းလာကာ အပေါ်ဘက်မှ ဖိချလာခဲ့သည်။ အဆိုပါ ရုတ်တရက် ပြောင်းလဲမှုက သူ့ကို အငိုက်မိသွားစေခဲ့သည်။ သူသည် သူ၏လက်ကို မြှောက်ကာ ၎င်းကို ဖြိုခွင်းရန် ကြံရွယ်လိုက်သည်။ သို့သော် နတ်အလင်းတန်းတစ်ခု လိမ်ယှက်လာကာ သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

၎င်းက အလွန်တရာ သိမ်မွေ့သော အမျှင်တန်းတစ်ခုဖြစ်သော်လည်း ဝိညာဥ်ကျောက် ငါးသိန်းနှင့် ညီမျှသည့် ကြွယ်ဝသော ဝိညာဥ်ချီများ ပါဝင်နေသောကြောင့် သူအံ့အားသင့်သွားခဲ့ရသည်။ တစ်ချိန်တည်းမှာပင် ၎င်းက သူ့ကို ချုပ်နှောင်ထားခဲ့သည်။

စီးဆင်းနေသော ရေများ၏ အထက်တွင် ဧရာမ မြွေတစ်ကောင် ရစ်ခွေနေလျက်ရှိပြီး ၎င်း၏ အကြည့်များ အေးစက်နေကာ မွေးရာပါ ဝိညာဥ်နယ်ပယ် ကျင့်ကြံရေးကို ပိုင်ဆိုင်ထားခဲ့သည်။

“ ဟက် အသေးလေး “

လုချန်ရှန်းမှာ မျက်မှောင်တကြုတ်ကြုတ်ဖြစ်သွားခဲ့သည်။ သူသည် ၎င်းက ဤနေရာကို စောင့်ကြပ်နေကြောင်းကို မည်သို့မျှ အာရုံမခံနိုင်ခဲ့ပေ။ ရေများက အဆက်မပြတ် ဖိနှိပ်လာခဲ့ကာ နတ်အလင်းတန်းက သူ့ကို ချုပ်နှောင်ထားခဲ့သည်။ သူသည် တစ်ခဏခန့် ရုန်းမထွက်နိုင်ခဲ့ပေ။

ချက်ချင်းဆိုသလိုပင် သူ၏အတွေးများ လှုပ်ခတ်သွားကာ ထိုမြွေကို အရင်သတ်ရန် စဥ်းစားမိသွားခဲ့သည်။ သို့သော် ထို့နောက်တွင် သူသည် နတ်သက်တံ့တစ်စင်း ဖြစ်တည်လာကာ ဤနေရာသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရ၏။

၎င်းကို သူမြင်တွေ့သွားသည့် အချိန်တွင် ထူးဆန်းသော သားရဲတစ်ကောင် ရောက်ရှိလာခဲ့သည်။ ဟိန်းဟောက်သံတစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးကို ခါရမ်းသွားစေခဲ့ပြီး ၎င်းက ခုန်ဆင်းလာခဲ့ရာ နေရာအနှံ့သို့ ရေများ လွင့်စင်သွားကာ ဧရာမမြွေမှာလည်း ချက်ချင်းချေမှုန်းခံလိုက်ရသည်။ ထို့နောက်တွင် အဆိုပါ သားရဲက ၎င်း၏ ပါးစပ်ကို ဖွင့်ကာ မြွေကို ၎င်း၏ အစာအိမ်အတွင်းသို့ တိုက်ရိုက်ပို့လွှတ်လိုက်၏။

ထို့နောက်တွင် ၎င်းက နောက်လှည့်ကြည့်ကာ အဇူရာ ရေလင်ဇီးကို တိုက်ရိုက်ကောက်ယူသွားခဲ့သည်။

“ မင်း မိစ္ဆာကောင် ငါ့ကိုတောင် လုရဲနေတယ်ပေါ့ “ ဟု လုချန်ရှန်းက အော်ငေါက်လိုက်သည်။

တစ်ပြိုင်နက်ဆိုသလိုပင် အသံတစ်သံ ပျံ့လွင့်လာခဲ့သည်။

“ ဒီနေရာမှာ ရှိတဲ့ အခွင့်အလမ်းက အစကတည်းက ပိုင်ရှင်မရှိဘူး။ အစွမ်းအစရှိတဲ့ လူတွေပဲ ပိုင်ဆိုင်နိုင်တာ အရင်ရောက်တဲ့လူ အရင်ရတာ မဟုတ်ဘူး။ မင်းရဲ့ ကျင့်ကြံရေးနဲ့ဆိုရင် အဲ့တာက မင်းရဲ့ အသက်ကို ကယ်လိုက်တယ်လို့တောင် ပြောလို့ရတယ်။ ဘာကို မ‌ကျေမနပ် ဖြစ်နေတာလဲ ”

စကားသံပျောက်ကွယ်သွားသည်နှင့်အတူ အဝေးတစ်နေရာရှိ ကောင်းကင်ထက်တွင် ပုံရိပ်အများအပြား ပေါ်ထွက်လာခဲ့၏။ လေထုအတွင်းတွင် ထူးဆန်းသော သားရဲတစ်ကောင် မျောလွင့်နေလျက်ရှိပြီး လူငယ်တစ်ဦးက ၎င်းကို စီးနင်းထားခဲ့သည်။ ထိုလူမှာ ပိုင်ပိုင်ဟီပင် ဖြစ်သည်။

ထူးဆန်းသော သားရဲသည် မထီမဲ့မြင်ပြုနေသော အကြည့်မျိုးဖြင့် လုချန်ရှန်းကို ငေးကြည့်နေလျက်ရှိ၏။

ပိုင်ပိုင်ဟီကမူ ယုံကြည်မှုအပြည့် ဖြစ်နေခဲ့၏။ နှစ်ဖက်လုံးက ထိပ်တိုက်တွေ့တော့မည့်အလား ဖြစ်နေခဲ့သည်။ သို့သော် ထူးဆန်းသော သားရဲ၏ ချိုများက တလက်လက် တောက်ပနေခဲ့သည်။ သူက အဝေးသို့ ချက်ချင်းလှမ်းကြည့်လိုက်ရာ သူ့အရှေ့တွင် ရှိနေသည့် ဟင်းလင်းပြင်မှာ ရုတ်တရက် ပွင့်ထွက်သွားကာ ပျောက်ကွယ်သွားပြီး လုချန်ရှန်းကို လုံးဝလျစ်လျူရှုထားခဲ့သည်။

လုချန်ရှန်းမှာ ထိုမြင်ကွင်းကြောင့် အံ့ဩမှင်သက်သွားခဲ့သည်။

သူ့ထပ်ပိုမိုမောက်မာသူတစ်ဦး အမှန်တကယ် တည်ရှိနေခဲ့သည်။

လုချန်ရှန်း၏ မျက်နှာပေါ်တွင် မည်သည့်ဒေါသမှ ရှိမနေခဲ့ပေ။ ထို့အစား သူသည် အေးအေးလူလူ စကားပြောနေတော့၏။

“ ဘာကိုအရင်ရောက်တဲ့လူ အရင်မရတာတွေ အစွမ်းအစရှိတာတွေလဲ။ မင်းက ငါ့ပစ္စည်းကို ခိုးပြီး အရာအားလုံးကို ယူသွားပြီးတော့ ငါ့ကိုတောင် လှောင်နေသေးတယ်ပေါ့ “

ထိုအခိုက်အတန့်တွင် စုစည်းနေသည့် ရေထုမှာ ချက်ချင်းပြိုကွဲသွားခဲ့သည်။ ‌ရေများသည် ရွာကျလာသည့် မိုးများကဲ့သို့ နေရာအနှံ့ ပြန့်ကျဲသွားခဲ့သည်။ သူသည် ဟင်းလင်းပြင်အတွင်းသို့ ခြေလှမ်းလိုက်ကာ ထိုနေရာသို့ ဦးတည်သွား၏။

--

………………………………………………………………………………………………………………………………………….

All Chapters