← Chapters

အခန်း ၂၅၇

Vol. 18 Ch. 257

အခန်း ၂၅၇

Vol. 18 Ch. 257

အပိုင်း ( 257 )

သူက အငြိုးအတေးထားတတ်တယ်။ ငါမယုံဘူး

ဂူဗိမာန်နယ်မြေအတွင်း၌ ထူးဆန်းသော သားရဲက တစ်စုံတစ်ခုကို အာရုံခံမိသွားပုံကာ ပိုင်ပိုင်ဟီကို အဝေးသို့ ခေါ်ဆောင်သွားခဲ့သည်။

သူသည် လုချန်ရှန်းကို မည်သို့မျှ အလေးအနက် မထားခဲ့ပေ။

သို့ရာတွင် သူ့နောက်သို့ လိုက်နေကြသူများကမူ စိုးရိမ်တကြီး ဖြစ်သွားကြသည်။

“ သခင်လေး မင်းက သူ့ပစ္စည်းကို ကြားဖြတ်လုလိုက်ပြီးတော့ ဒီအတိုင်း ထွက်လာခဲ့တာလား “ လူတစ်ဦးက စိတ်မသက်မသာဖြင့် စကားပြောဆိုလာခဲ့၏။

ပိုင်ပိုင်ဟီကမူ ပေါ့ပေါ့ပါးပါး လှည့်ကြည့်ကာ မောက်မောက်မာမာဖြင့် ပြန်ပြောလိုက်သည် “ အဲ့တော့ ဘာဖြစ်လဲ။ အခွင့်အလမ်းတွေက လူတိုင်းနဲ့ သက်ဆိုင်တာ မဟုတ်ဘူးလို့ ငါပြောခဲ့ပြီးသားလေ။ ကမ္ဘာဆိုတာက အားနည်းသူတွေကို အားကြီးသူတွေက စားသုံးတဲ့နေရာတစ်ခုပဲ။ ဘာမှားနေလို့လဲ “

“ အဲ့တာက မှန်တယ်ဆိုပင်မဲ့ လုချန်ရှန်းကတော့ တစ်ခြားလူတွေနဲ့ မတူဘူးလေ။ သူ့နောက်မှာ ကူချန်ကျွင်းရှိတယ်။ ပြီးတော့ အဲ့လူလိမ်ကောင် လုချန်ရှန်းက အငြိုးအတေးထားတတ်တယ် ……… “

ပိုင်ပိုင်ဟီက တဟားဟား ရယ်မောနေတော့၏ “ သက်တူရွယ်တူကြားက ပြိုင်ပွဲတွေအကြောင်းကို အများကြီး ပြောနေဖို့ မလိုပါဘူး။ တကယ်လို့ သူက အငြိုးအတေးထားတတ်တယ်ဆိုရင်တောင်မှ ဘာဖြစ်လဲ။ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၉ ကျင့်ကြံသူတစ်ယောက်က ငါ့ကို ဘာလုပ်နိုင်မှာမို့လဲ “

သူ၏လေသံအတွင်းတွင် ယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ သူ၏ အကြည့်များ ကွဲပြားနေကာ ထိုကိစ္စကို မည်သို့မျှ အလေးအနက်မထားခဲ့ပေ။

ကူချန်ကျွင်းသည် သက်တူရွယ်တူများ၏ ပြိုင်ပွဲကို ဝင်မစွက်ဖက်ဘူးဟု ပြောထားခဲ့ဖူးသည်။ ကူချန်ကျွင်းက သူ့အဖေ၏ မျိုးဆက်တူ ဦးလေးများကို ဖိနှိပ်သတ်ဖြတ်ခဲ့စဥ် အချိန်က သူ့ထပ်ပင် ပိုမိုမောက်မာနေခဲ့သည်။

ရန်ငြိုးထားခြင်းက လုချန်ရှန်းကို သူပစ်မှတ်ထားရသည့် အကြောင်းအရင်းများအနက်မှ တစ်ခုဖြစ်သည်။

ထို့အပြင် ပိုင်မိသားစုက ထျန်းရီ မြင့်မြတ်နယ်မြေနှင့် တစ်လှေတည်းစီးနေခဲ့ကြသည်။ သူတို့ထံတွင် မဟာမိတ် အများအပြား ရှိနေခဲ့ပြီး နောက်ရက်အနည်းငယ်အကြာတွင် ကူချန်ကျွင်းက တန်ကြေးတစ်ခု ပေးချေကောင်းပေးချေရနိုင်ပေသည်။

အကယ်၍ လုချန်ရှန်းကသာ သူ့အရှေ့တွင် စိတ်ကြီးဝင်နေမည်ဆိုပါက သူရက်စက်လိုက်မည် ဖြစ်သည်။

စကားတပြောပြောဖြင့် ပိုင်ပိုင်ဟီသည် သူ၏ အဖွဲ့ကို တောင်တန်းဒေသတစ်ခုဆီသို့ ဦးဆောင်သွားခဲ့သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် လေဝိညာဥ်သားရဲ၏ ဦးချိုများ တောက်ပလာခဲ့ပြီး ထူးခြားသော တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည့်အလား အရှေ့သို့ ဟိန်းဟောက်လိုက်၏။

ပိုင်ပိုင်ဟီသည် စူးစူးရဲရဲ စိုက်ကြည့်နေခဲ့ပြီး တောင်ထိပ်ပေါ်သို့ တိုက်ပွဲဝင်လက်နက်တစ်ခု ခုန်ဆင်းလာခဲ့ကာ တာအိုပုံစံကွက်တို့ဖြင့် ရောယှက်နေသည့် အလင်းတန်းတစ်ခု ဖြာထွက်လာခဲ့ပြီး ၎င်းအား အင်မော်တယ် အရှိန်အဝါတစ်ခုက ဖုံးလွှမ်းထားသည်ကိုသာ မြင်တွေ့သွားခဲ့သည်။

“ ခြေလှမ်းတစ်ဝက် နတ်အဆင့် မှော်ပစ္စည်းတစ်ခုပဲ “

ပိုင်ပိုင်ဟီမှာ အံ့ဩတကြီး ဖြစ်သွားခဲ့သည်။ သူအရှေ့တွင် ရှိနေသည့် ပစ္စည်းက နတ်ဘုရားတစ်ပါး အသုံးပြုခဲ့သည့် မှော်ပစ္စည်းတစ်ခု ဖြစ်ပုံရပြီး ၎င်း၏ ကိုယ်ထည်တစ်ခုလုံးက ကြောက်မက်ဖွယ်ရာ စွမ်းအားကို သယ်ဆောင်ထား၏။

၎င်းကို မြင်လိုက်ရသောအခါတွင် သူသည် လေဝိညာဥ်သားရဲဆီမှ ခုန်ချလိုက်သည်။ သူ၏မှော်စွမ်းအားများ မြင့်တက်လာခဲ့ကာ သူသည် ၎င်းကို သိမ်းယူရန် ကြံရွယ်လိုက်သည်။

သို့သော် သူ၏မှော်စွမ်းအား ချဥ်းကပ်သွားသည့် အချိန်တွင် အနက်ရောင် အမွှေးအမျှင်တို့ဖြင့် ဖုံးလွှမ်းနေသည့် ဧရာမ မျောက်ဝံ့တစ်ကောင် ပေါ်ထွက်လာခဲ့ပြီး ၎င်း၏ လက်ဝါးဖြင့် မှော်စွမ်းအားကို ရိုက်ချလိုက်ကာ တိုက်ပွဲဝင် လက်နက်ကို စောင့်ကြပ်နေခဲ့သည်။

“ မွေးရာပါ ဝိညာဥ်အဆင့်၆ သွေးနီမျောက်ဝံ့ “

ပိုင်ပိုင်ဟီက စူးစမ်းလေ့လာနေခဲ့သည်။ ၎င်းက အံ့ဖွယ်ကောင်းသည့် ရှေးဟောင်းနတ်ဆိုး မျောက်ဝံ့သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် သားရဲတစ်ကောင်ဖြစ်ပြီး ၎င်း၏ စွမ်းအားက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။

၎င်းကို မြင်လိုက်ရသောအခါတွင် ပတ်ဝန်းကျင်ရှိ လူများ လှုပ်ရှားလာကြကာ ၎င်းကို ဖိနှိပ်ရန် ပူးပေါင်းလုပ်ဆောင်နေကြတော့သည်။

သို့ရာ၌ မျောက်ဝံ့ကြီးက ၎င်း၏ လက်မောင်းကို လွှဲရမ်းလိုက်သည့်အချိန်တွင် သွေးနီရောင် မှော်စွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့ပြီး ကြောက်မက်ဖွယ်ရာ ရန်လိုစိတ်များ ဖုံးလွှမ်းနေသည့် လူတိုင်းကို ခုတ်ပိုင်းမည့် တိုက်ခိုက်မှုတစ်ခုအဖြစ် ပြောင်းလဲသွား၏။

ဘုမ်းးးးး

ကျယ်လောင်သော ဟိန်းဟောက်သံတစ်သံ ပဲ့တင်ထပ်လာခဲ့ပြီး မျောက်ဝံ့ကြီးက ကောင်းကင်ထက်သို့ ပြေးတက်သွား၏။ တိုက်ခိုက်မှုတစ်ခုတည်းဖြင့် လူအုပ်တစ်ခုလုံး ပြိုကွဲသွားကာ မြေပြင်နှင့်ဝင်ဆောင့်မိပြီး လူတိုင်း သတိလစ်သွားကြသည်။ ၎င်းကို မြင်လိုက်ရသောအခါတွင် ပိုင်ပိုင်ဟီက လေးရှည်တစ်လက်ကို ထုတ်ယူကာ လေးကြိုးကို ဆွဲ၍ မြှားတို့ဖြင့် ပစ်ခွင်းတိုက်ခိုက်လိုက်သည်။

မြှားများ ဆင်းသက်သွားသည့် အချိန် မျောက်ဝံ့ကြီးက နာကျင်စွာဖြင့် အော်ဟစ်နေတော့သည်။ ၎င်း၏ ဒေါသတကြီး ဟိန်းဟောက်သံက ကမ္ဘာမြေကို ခါရမ်းသွားစေခဲ့ပြီး သွေးများ ဆူပွက်မြင့်တက်လာပုံရကာ ၎င်း၏ မျက်လုံးများ နီရဲသွားခဲ့သည်။

ပိုင်ပိုင်ဟီက ကောင်းကင်ယံတွင် အေးအေးလူလူ မျောလွင့်နေစဲဖြစ်ပြီး သူ၏ လေးကြိုးကို ထပ်မံ၍ ဆွဲတင်လိုက်၏။ သူ၏လက်ချောင်းများ ထိပ်တွင် ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုစိတ်များ အဖော်ပြုနေသည့် မှော်စွမ်းအားများ စုစည်းလာခဲ့ပြီး ထို့နောက်တွင် ရုတ်တရက် ပစ်ခွင်းလိုက်၏။

ဖူးးးး

ထိုအခိုက်အတန့်တွင် မြှားတစ်စင်းက မျောက်ဝံကြီး၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားခဲ့သည်။ လေထုအတွင်းတွင် သွေးများ စွန်းထင်းလာခဲ့ကာ အရာအားလုံး နီရဲသွားခဲ့သည်။

ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးက အမှန်ပင် အံ့ဖွယ်ကောင်းလှသည်။ သူ့လက်ထဲတွင် ရှိနေသည့် လေးရှည်က အံ့ဖွယ်ကောင်းကာ ထူးခြားသည့် ရတနာတစ်ခုဖြစ်သည်။

“ မိစ္ဆာကောင် မင်းနောက်မဆုတ်ဘူးဆိုရင် သေရလိမ့်မယ် “

ပိုင်ပိုင်ဟီသည် မျောက်ဝံကို အော်ငေါက်ကာ သူ၏လေးကြိုးကို အင်ပြည့်အားပြည့် ထပ်ဆွဲလိုက်သည်။ မျောက်ဝံကြီးသည် အဆိုပါ မြင်ကွင်းကို စူးစူးရဲရဲ စိုက်ကြည့်ကာ ဟိန်းဟောက်လာခဲ့သည်။

သို့ရာတွင် အဆိုပါ ဖြစ်ရပ်အားလုံးကို နောက်မှလိုက်လာသည့် လုချန်ရှန်းက မြင်တွေ့သွားခဲ့သည်။ အစတွင် သူသည် ထိုလူကို တိုက်ရိုက်သတ်ဖြတ်လိုက်မည်ဟု စဥ်းစားထားခဲ့သည်။ သို့သော် လေဝိညာဥ်သားရဲ၏ ဦးချိုများက အဆက်မပြတ် တောက်ပနေခဲ့သောကြောင့် သူသည် သူ၏လှုပ်ရှားမှုများကို ရပ်တန့်လိုက်၏။

၎င်းက ရတနာ၏ တည်ရှိမှုကို အာရုံခံနေနိုင်ပုံရသည်။

ထိုအတွေးနှင့်အတူ လုချန်ရှန်းက သူ၏လှုပ်ရှားမှုအားလုံးကို ရပ်တန့်လိုက်သည်။

ပိုင်ပိုင်ဟီသည် သူမြှောက်ထားသည့် လေးကို ဖြည်းဖြည်းချင်း အောက်ချလိုက်ပြီး မျောက်ဝံကြီးမှာလည်း နောက်ဆုတ်ကာ အဝေးသို့ ပြေးထွက်သွားခဲ့သည်။ သူသည် အသေသတ်တိုက်ကွက်ကို မထုတ်လွှတ်လိုက်ပေ။ အကယ်၍ မျောက်ဝံကသာ သေသည်အထိ တိုက်ခိုက်လာမည်ဆိုပါက ၎င်းက သူ၏ခရီးစဥ်ကို ထိခိုက်သွားစေလိမ့်မည် ဖြစ်သည်။

သူလိုချင်သည့် အရာက ခြေလှမ်းတစ်ဝက်နတ်အဆင့် မှော်ပစ္စည်းတစ်ခုဖြစ်ပြီး ယခုတွင် ၎င်းကို ရရှိထားခဲ့ပြီဖြစ်သောကြောင့် ထပ်မံ၍ တွန်းအားပေးနေရန် မလိုအပ်တော့ပေ။

၎င်းကို တွေးမိသွားသောအခါတွင် သူသည် အောက်သို့ ခုန်ဆင်းကာ မှော်ပစ္စည်းအရှေ့သို့ ရောက်ရှိသွားခဲ့သည်။ ထို့နောက်တွင် လက်ဆန့်တန်းကာ ၎င်းကို သိမ်းယူရန် ပြင်လိုက်သည်။ သို့သော် ထိုစဥ် သူသည် တစ်စုံတစ်ခု ချဥ်းကပ်လာနေသည်ကို အာရုံခံမိသွားခဲ့သည်။

သူသည် များများစားစား တွေးတောစဥ်းစားမနေဘဲ လေးကြိုးကို ဆွဲတင်ကာ နောက်လှည့်လိုက်သည်။ သို့သော် လေးကြိုးကို အပြည့်အဝ ဆွဲမတင်ရသေးခင် အချိန်မှာပင် သူ့ထံသို့ လက်ဝါးတစ်ခု ပျံသန်းလာခဲ့ကာ သူ၏မျက်နှာကို ရိုက်ချလာခဲ့၏။

ဖပ် အုမ်း

ယခင်ကထပ် ပိုမိုကျယ်လောင်သည့် အသံတစ်သံ ပေါ်ထွက်လာခဲ့ကာ ပိုင်ပိုင်ဟီမှာ အလျားလိုက် လွင့်ထွက်သွားပြီး အနီးအနားရှိ တောင်တစ်လုံးနှင့် တိုက်မိသွားကာ သတိလစ်သွားခဲ့သည်။

လေဝိညာဥ်သားရဲသည် အထိတ်တလန့်ဖြစ်သွားခဲ့သည်။ ၎င်းသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း တိုက်ခိုက်သူကို မမြင်ခဲ့ရဘဲ အနက်ရောင် အရိပ်တစ်ခု ဖြတ်သန်းလာသည်ကိုသာ မြင်တွေ့သွား၏။

ဝေါင်းးးးးးး

မည်သူ့ကိုမှ မမြင်လိုက်ရသောအခါတွင် ၎င်းက ဒေါသတကြီး ဟိန်းဟောာက်သည်။ သို့သော် ၎င်းသည် ဦးခေါင်းတစ်ခုလုံး လေးလံသွားသည်ဟု ရုတ်တရက် ခံစားလိုက်ရကာ အကြည့်များ မည်းမှောင်သွားပြီး တိုက်ရိုက်လွင့်ထွက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် လုချန်ရှန်း ပေါ်ထွက်လာခဲ့ပြီး ခြေတစ်လှမ်းလှမ်းလိုက်ရာ လေဝိညာဥ်သားရဲ၏ ဘေးတစ်ဖက်သို့ ရောက်ရှိသွားကာ ၎င်း၏ တင်ပါးကို ကန်ကျောက်လိုက်၏။

“ မင်းကို အော်ခွင့်ပေးလိုက်မယ်။ ငါ့ဆီကနေ လုသွားရဲတယ်ပေါ့။ မင်းဘယ်လောက်ကြမ်းလဲဆိုတာကို ငါ့ကို ထပ်ပြစမ်းပါဦး “

လုချန်ရှန်းက အေးစက်စွာ နှာခေါင်းရှုံ့နေခဲ့ပြီး ၎င်းကို ကင်စားချင်နေသည့် သူ၏ စိတ်ဆန္ဒကို အတင်းအကြပ် ဖိနှိပ်ထားလိုက်သည်။ ထို့နောက်တွင် ပိုင်ပိုင်ဟီ၏ ဘေးနားသို့ ရောက်လာခဲ့ကာ သူ့ကိုပါ အကြိမ်အနည်းငယ်မျှ ကန်ကျောက်နေတော့၏။

သူသည် မည်သို့မျှ ယဥ်ကျေးမနေဘဲ ပိုင်ပိုင်ဟီ၏ ခန္ဓာကိုယ်လုံးကို ရှာဖွေကာ မြင်တွေ့ရသမျှ အရာအားလုံးကို သိမ်းယူလိုက်ပြီး မည်သည့်အရာမှ မရှိတော့ဘူးဆိုသည်ကို အတည်ပြုခဲ့ပြီးသည့်နောက်တွင် သူ့ကို လက်ပြန်ရိုက်ချက်နှင့်အတူ ဖယ်ထုတ်လိုက်သည်။

“ အဲ့တာက မင်းပဲ ပြောခဲ့တာလေ။ အရင်ရောက်တဲ့လူ အရင်ရတာ မဟုတ်ဘဲ အစွမ်းအစ ရှိတဲ့လူပဲ ရတာ။ ငါက ပိုပြီးတော့တောင် အစွမ်းအစရှိသေးတယ်။ အဲ့တာကြောင့် မင်းပစ္စည်းတွေ အကုန်သိမ်းလိုက်မယ် “

လုချန်ရှန်းသည် ဖြောင့်မတ်တည်ကြည်စွာ ပြောဆိုနေခဲ့သည်။ ၎င်းမှာ ပိုင်ပိုင်ဟီကိုယ်တိုင် ပြောခဲ့သည့် စကားများဖြစ်ပြီး သူသည် ထိုအကောင့်၏ ဟန်ပန်အတိုင်း သရုပ်ဆောင်နေတော့သည်။

၎င်းတို့အားလုံးကို လုပ်ဆောင်ခဲ့ပြီးသည့်နောက်တွင် သူသည် မှော်ပစ္စည်းကိုယူကာ ကောင်းကင်ထက်သို့ ခုန်တက်၍ ထွက်သွားခဲ့သည်။

သို့သော် သူသည် အဝေးသို့ မထွက်သွားခဲ့ဘဲ အနီးအနားတွင် တိတ်တဆိတ် မတ်တပ်ရပ်နေခဲ့ကာ ပိုင်ပိုင်ဟီ နိုးထလာကာ ဒေါသတကြီး အော်ဟစ်မည့် အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

“ ဘယ်သူလဲ ”

သူ၏ အသံပျံ့လွင့်လာခဲ့ပြီး အချိန်အတော်ကြာ စိတ်မတည်ငြိမ်နိုင်ခဲ့ပေ။ သူသည် ချုံခိုအတိုက်ခံရလိမ့်မည်ဟု မည်သို့မျှ မထင်မှတ်ထားခဲ့ပေ။

သို့ရာ၌ သူစိတ်တည်ငြိမ်သွားသည့် အချိန်တွင် အံ့ဩတကြီး ဖြစ်သွားခဲ့သည်။ သူ့ကို တိုက်ကွက်တစ်ခုတည်းဖြင့် သတိမေ့သွားစေရန်အတွက် တစ်ဖက်လူထံတွင် ကြောက်မက်ဖွယ်ရာ နည်းလမ်းများစွာ ရှိနေပေလိမ့်မည်။ သူသည် သူ့ကို မည်သူက ပစ်မှတ်ထားနေလဲဆိုသည်ကို မသိပေ။

ကံကောင်းထောက်မစွာဖြင့် ထိုလူ့ထံတွင် သတ်ဖြတ်လိုစိတ် မရှိဘဲ လုယက်ခြင်းကိုသာ ပြုလုပ်သွားခဲ့သည်။ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက နောက်ဆက်တွဲအကျိုးဆက်များက မမှန်းဆနိုင်လောက်သည်အထိ ဖြစ်သွားပေလိမ့်မည်။

“ သွားကြမယ် “

ပိုင်ပိုင်ဟီက လေသံတိုးတိုးလေးဖြင့် စကားပြောလာခဲ့သည်။ တိုက်ခိုက်သူကို မသိသောကြောင့် သူသည် အဆုံးတွင် ထိုကိစ္စကို မျိုသိပ်သည်းခံလိုက်ရုံသာ တတ်နိုင်ပေသည်။

မကြာခင် အချိန်မှာပင် လေဝိညာဥ်သားရဲ၏ ဦးချိုများ ထပ်မံ၍ တောက်ပလာခဲ့ပြန်သည်။ ၎င်းက တစ်စုံတစ်ခုကို ထပ်မံ၍ အာရုံခံမိသွားပုံရသည်။

ပိုင်ပိုင်ဟီသည် သူ၏လူများကို ထပ်မံ၍ ဦးဆောင်သွားတော့သည်။ ထိုစဥ် လုချန်ရှန်းမှာလည်း အနောက်မှ ထပ်လိုက်သွားခဲ့သည်။ သူသည် ဤကိစ္စကို ဤအတိုင်းလွှတ်ပေးလိုက်မည် မဟုတ်ပေ။

သူတို့က သူ့ဆီကပင် ဖြတ်လုသွားကြပြီး သူအငြိုးကြီးသည်ဆိုသည်ကို မယုံကြည်ကြသည့်ပုံပင်။

ပိုင်ပိုင်ဟီသည် တစ်ခြားသော အခွင့်အလမ်းများကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့သည်။ သူ၏ အမြင်အာရုံအရှေ့တွင် သားရဲတစ်ကောင် စောင့်ကြပ်နေသည့် ရှားပါးသစ်သီးပင်တစ်ပင် ပေါ်ထွက်လာခဲ့၏။

သူက သားရဲကို ထပ်မံ၍ မောင်းထုတ်လိုက်ကာ သစ်သီးကို ခူးလိုက်တော့မည့် အချိန်တွင် ကောင်းကင်ထက်မှ လက်တစ်ဖက် ဆင်းသက်လာခဲ့သည်။ သူသည် တွေးပင်မတွေးဘဲ ချက်ချင်းခုခံလိုက်သည်။ သူ၏ခုခံကာကွယ်မှုများနှင့်ပင် သူတို့အားလုံး ချေမှုန်းခံလိုက်ရသည်။ အဆိုပါ လက်က သူ၏ဂုတ်ကို ဖိချလာခဲ့ကာ သူ့အား မြေပြင်ပေါ်သို့ တိုက်ရိုက်ရိုက်ချလိုက်သည်။

သူသည် ဒေါသထွက်သွားကာ ရုန်းကန်ချင်နေသော်လည်း အရာအားလုံး အချည်းနှီးသာ ဖြစ်သွားခဲ့ရသည်။ သူသည် ဂုတ်ဆွဲခံထားရပြီး သူ၏မျက်နှာက မြေပြင်နှင့် ပွတ်တိုက်ခံလိုက်ရကာ တောအုပ်အထိ ပေါက်သည့် ဖြောင့်တန်းသော လမ်းကြောင်းတစ်ခုကိုပင် ဖြစ်ပေါ်သွားစေခဲ့၏။ နောက်သို့ ပြန်လှည့်ကြည့်လိုက်သည့် အချိန်တွင်မူ သူထပ်မံ၍ သတိလစ်သွားခဲ့ရပြန်သည်။

လေဝိညာဥ်သားရဲ၏ မျက်ဝန်းများအတွင်းတွင် အကြောက်တရားများ ဖြစ်တည်လာခဲ့သည်။ လူကိုပင် မမြင်လိုက်ရဘဲ ပိုင်ပိုင်ဟီက အမှောက်သိပ်ခံလိုက်ရပြီဖြစ်သည်။ ချက်ချင်းဆိုသလိုပင် ယခင်ကရှိနေသည့် မောက်မာမှုများ ပျောက်ကွယ်သွားပြီး ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ၎င်း၏ ဦးခေါင်းမှာ ကြေမွလုနီးပါး အရိုက်ခံလိုက်ရကာ အသိစိတ် ဝေဝါး၍ မျက်လုံးများ မည်းမှောင်သွားခဲ့သည်။

ကျန်ရှိနေသည့် လူများသည် လုချန်ရှန်းကို မြင်တွေ့နေခဲ့ရကာ မယုံကြည်နိုင် ဖြစ်သွားကြသည်။ သူသည် ကြောက်ကြောက်လန့်လန့်ဖြင့် ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြသော်လည်း လူတိုင်း ဖိနှိပ်ခံလိုက်ရသည်။

လုချန်ရှန်းသည် ပိုင်ပိုင်ဟီ၏ အရှေ့သို့ အမြဲလိုလို ရောက်လာတတ်ပြီး လိုချင်သမျှ အရာတိုင်းကို ယူဆောင်သွားကာ စကားတစ်ခွန်းကို မမေ့မလျော့ ပြောနေခဲ့၏ “ အစွမ်းအစရှိတဲ့လူနဲ့ပဲ ထိုက်တန်တယ်။ မင်းပြောခဲ့တာတွေက တော်တော်ကြီးကို အဓိပ္ပါယ်ရှိတယ်။ အရင်တုန်းက ငါက တော်တော်လေးကို အမြင်ကျဥ်းခဲ့တာပဲ “

သူသည် ယခင်က သူ၏သိမြင်နိုင်စွမ်းက အတော်ပင် ဆိုးရွားလွန်းသည်ဟု ခံစားသွားခဲ့ရ၏။ အဆိုပါ လေဝိညာဥ်သားရဲမှာ အတော်ပင် သဘောကောင်းလွန်းလှကာ ရတနာများကို မြန်မြန်ဆန် ရှာတွေ့ခဲ့သည်။ သူကိုယ်တိုင်ရှာဖွေခြင်းကပင် ထိုမျှလောက် မြန်ဆန်နေလိမ့်မည် မဟုတ်ပေ။

ထို့နောက်တွင် သူထွက်ခွာသွားခဲ့သည်။

ပိုင်ပိုင်ဟီ သတိရပြန်ရလာခဲ့ပြီး မည်သို့မျှ ဟိန်းဟောက်မနေတော့ပေ။ ထို့အစား သူသည် အလေးအနက်ထား၍ တွေးတောစဥ်းစားနေတော့သည်။ ငါက ဘဘ်အင်မော်တယ် ဆရာသခင်ကို စော်ကားခဲ့မိလို့ ထပ်ခါတလဲလဲ ပစ်မှတ်ထားခံရပြီးတော့ အလုခံနေခဲ့ရတာလဲ။

သူတွေးတောစဥ်းစားနေစဥ် အချိန်မှာပင် လုချန်ရှန်းက သူအတွေးများနေသည်ကို တိတ်တဆိတ် စောင့်ပေးနေခဲ့သည်။

အဆိုပါ အပြုအမူက အမှန်ပင် ရက်စက်လွန်းလှသည်။ တစ်ခြားလူများကမူ တစ်စုံတစ်ယောက်ကို မြင်တွေ့လိုက်ရသည့် အချိန်တွင် အများဆုံးအနေဖြင့် တစ်ကြိမ်မျှသာ လုယက်ကြပေလိမ့်မည်။ သို့သော် သူကမူ တစ်ခြားလူများနောက်သို့ တိုက်ရိုက်လိုက်သွားကာ အဆက်မပြတ် လုယက်နေခဲ့၏။

--

……………………………………………………………………………………………………………………………………….

All Chapters