← Chapters

အခန်း ၂၅၉

Vol. 18 Ch. 259

အခန်း ၂၅၉

Vol. 18 Ch. 259

အပိုင်း ( 259 )

ငါတို့က မိသားစုဝင်တွေ ဖြစ်လာနိုင်တယ်

တောင်ထိပ်ပေါ်တွင် လေပြေလေညင်းများ တိုက်ခတ်နေလျက်ရှိ၏။

လူနှစ်ဦးမှာ အသားဟင်းကို စားကာ သီချင်းများ ညည်းနေရင်းဖြင့် အတော်ပင် ကျေနပ်အားရနေလျက်ရှိ၏။

ဗိုက်ပြည့်သွားသည်နှင့်တစ်ပြိုင်နက် လုချန်ရှန်းသည် ဘေးတစ်ဖက်တွင် လှဲလျောင်းကာ သွားကြားထိုးနေတော့၏ “ အရသာကတော့ သိပ်မဆိုးပါဘူး။ ဒါပင်မဲ့ သွေးမျိုးဆက်ကတော့ တော်တော်လေးကို ပါးလွန်းနေတယ်။ ချီလင်ကို အရသာမခံခဲ့ရဘူး “

“ မင်းကို ချီလင်ကို စားဖူးတာလား “ ရှောင်ဟေးက တအံ့တဩဖြင့် မေးမြန်းလာခဲ့၏။

လုချန်ရှန်းသည် ဇဝေဇဝါ ဖြစ်သွားကာ ပြန်ပြောလိုက်သည် “ မစားဖူးဘူး “

“ အဲ့တာဆိုရင် မင်းပြော ……… “

ရှောင်ဟေးမှာ ဆွံ့အသွားခဲ့သည်။ မင်းစကားပြောတဲ့ပုံကိုလည်း ကြည့်ဦးလေ မသိရင် စားဖူးသလိုလို ဘာလိုလိုနဲ့။

လုချန်ရှန်းကမူ စားခြင်းကို မဆိုထားနှင့် ချီလင်ကိုပင် တစ်ကြိမ်တစ်ခါမှ မမြင်ခဲ့ဖူးချေ။ သို့သော် အလုံးစုံချုံကြည့်ရသော် လေဝိညာဥ်သားရဲက အတော်ပင် ကောင်းနေသေး၏။

၎င်းကို တွေးမိသွားသောအခါတွင် သူသည် လိုအင်ဆန္ဒတို့ဖြင့် စကားထပ်ပြောနေတော့သည် “ နှစ်ပေါင်းများစွံာ ကျော်ဖြတ်လာခဲ့ပြီးတဲ့နောက်မှာ စည်းမျဥ်းတစ်ခုကို နားလည်သွားပြီ “

“ ဘာလဲ “

“ သွေးမျိုးဆက်က ပိုအားကောင်းလေလေ အရသာ ပိုကောင်းလေလေ။ ငါက တစ်နေ့မှာ ပန်ငှက်တစ်ကောင်ကို မြည်းကြည့်ရမယ် “

ရှောင်ဟေးမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။ ဒီကောင်က ရွှေတောင်ပံ မဟာပန်မျိုးနွယ်စုကို မျက်စိကျနေတာလားဟ။ အဲ့တာက အဆင်ပြေပါ့မလား။

ထို့နောက်တွင် လုချန်ရှန်းက စကားဆက်ပြောလာခဲ့၏ “ နေပါဦး အဲ့လိုဆိုမှ မိုးကြိုးငှက်နဲ့ ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုတွေကလည်း အရသာ ကောင်းသင့်တယ်။ နှစ်ခုစလုံးက ငှက်မျိုးနွယ်စုတွေ။ ငှက်တွေရဲ့ အရသာက ဘယ်တော့မှ မဆိုးဘူး “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှောင်ဟေးမှာ ဝှစ်ခနဲ ထရပ်ကာ တင်းတင်းကြပ်ကြပ် မျက်မှောင်ကြုတ်သွားခဲ့သည်။ ဒီကောင်က ငါတို့ မျိုးနွယ်စုကိုပါ မျက်စိကျနေတာပဲ။

လုချန်ရှန်းမှာလည်း ရှောင်ဟေး၏ တုံ့ပြန်မှုကို သတိပြုမိသွားကာ ပြန်ပြောလိုက်သည် “ အဲ့တာက ဘယ်လို အကြည့်မျိုးလဲ။ ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုထဲမှာ မင်းစကားကို မနာခံတဲ့လူတွေ အများကြီး ရှိတယ်ဆိုတာကို မသိဘူးလား “

“ သိတယ် “

“ ပုန်ကန်မှုကို ဖိနှိပ်တဲ့ အချိန်မှာ မနာခံတဲ့ တစ်ကောင်နှစ်ကောင်ကို ငါ့ဆီပို့လိုက်။ သူတို့ကို ငါမြည်းကြည့်မယ် “

“ မင်းက အိမ်မက်နေတာပဲ “

ရှောင်ဟေးမှာ မ‌ကျေမခြမ်းဖြစ်သွားခဲ့သည်။ ထိုလူများက သူ၏ပြိုင်ဘက်များဖြစ်သော်လည်း သူသည် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားနေခဲ့ရကာ ထိုကိစ္စကို မည်သို့မျှ သဘောတူလိုက်မည် မဟုတ်ပေ။ တစ်ခြားဟာ တစ်ခုခုကို စားလို့မရဘူးလားဟ။

တစ်ခဏခန့် တိတ်ဆိတ်နေခဲ့ပြီးသည့်နောက်တွင် သူသည် လုချန်ရှန်းကို ကြည့်ကာ စကားပြောလိုက်သည် “ ကိစ္စတစ်ခုပြောဖို့အတွက် ငါမင်းဆီ လာခဲ့တာ “

“ ဘာလဲ “

“ ငါက ကောင်းကင်ဘုံ အကယ်ဒမီကို ဝင်လိုက်ပြီ “ ဟု ရှောင်ဟေးက တုံ့ပြန်လာခဲ့၏။

လုချန်ရှန်းက ခေါင်းငြိမ့်ပြကာ ပြန်ပြောလိုက်သည် “ ငါသိတယ်လေ။ ပြီးတော့ရော “

ရှောင်ဟေးကမူ တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်မှ ပြန်ပြောလိုက်သည် “ ကောင်းကင်ဘုံ အကယ်ဒမီကို ဝင်ခဲ့ပြီးတဲ့နောက်မှာ အစွမ်းထက် ပညာရှင်တော်တော်များများနဲ့ တွေ့ခဲ့ရတယ်။ တော်တော်များများကတော့ ငါ့ကို တော်တော်လေး တန်ဖိုးထားကြတယ်။ အဲ့ထဲမှာ အသူရာတောင်ထွတ်သခင်ပါပါတယ် “

“ အသူရာတောင်ထွတ်လား။ တောင်ထွတ်ခုနစ်ခုထဲက တစ်ခုလား “

“ အင်း “

“ ရှောင်ဟေး မင်းက မြင့်တက်သွားတော့မှာပဲ “ လုချန်ရှန်းမှာ အံ့ဩတကြီး ဖြစ်သွားခဲ့သည်။

အသူရာလမ်းစဥ်က ၎င်းက မည်မျှထူးကဲလိုက်သနည်း။ ရုပ်ခန္ဓာဖြင့် တာအိုအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပါက အသူရာကို သွန်းလုပ်ကာ ၎င်း၏ သတ်ဖြတ်လိုစိတ်ဖြင့် တစ်ကမ္ဘာလုံးကို ထိတ်လန့်သွားစေမည်ဖြစ်သည်။ တိုက်ခိုက်ရေးစွမ်းအား ရှုထောင့်တွင် ၎င်းက မိုးကြိုးတာအိုနှင့် ဓားတာအိုတို့ကို ယှဥ်နိုင်သည်အထိ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။

ထိုအကြောင်းကို ပြောနေသည့် အချိန်တွင် ရှောင်ဟေး၏ မျက်ဝန်းတစ်စုံက တလက်လက် တောက်ပနေလျက်ရှိကာ မျှော်လင့်ချက်တို့ဖြင့် ပြည့်နှက်နေခဲ့၏။ သူသည် အဆိုပါ တာအိုက အလွန်တရာ အစွမ်းထက်ကြောင်းကို သိနေခဲ့ပြီး ၎င်းကို ကျင့်ကြံနိုင်သည်နှင့်တစ်ပြိုင်နက် သူက နယ်ပယ်တူ/အဆင့်တူတွင် ခေါင်းဆောင်တစ်ဦး ဖြစ်လာပေလိမ့်မည်။

လုချန်ရှန်းသည် သူ၏ပြောင်းလဲမှုကို သတိပြုမိသွားကာ မျက်မှောင်ကြုတ်၍ စကားထပ်ပြောနေတော့၏ “ ရှောင်ဟေး မင်းက လာကြွားနေတာတော့ မဟုတ်ဘူးမလား။ တကယ်လို့ မင်းကြွားနေတာဆိုရင်လည်း အဆင်ပြေပါတယ် ငါ့ကို အကွက်နည်းနည်းလောက် သင်ပေးလိုက်။ အဲ့တာဆိုရင် မင်းအတွက် ငါရှယ်ပျော်ပေးမယ် “

ရှောင်ဟေးက သူ့ကို မကြည်ကြည့်ကြည့်နေတော့သည်။ သင်ချင်တယ်ဆိုရင်လည်း တည့်ပြောလိုက်လေ။ ဘာကိစ္စ ကွေ့ဝိုက်နေရတာတုန်း။

သို့ရာတွင် သူသည် သူ၏အကြည့်ကို ရုတ်သိမ်းလိုက်ကာ ပြန်ပြောလာခဲ့သည် “ အသူရာတောင်ထွတ်သခင်က ငါ့ကို တော်တော်လေး သဘောကျနေပြီးတော့ ငါ့ကို အသူရာတောင်ထွတ်ဆီ ခေါ်ချင်နေတယ်လေ။ ဒါပင်မဲ့ ငါက ဒီတာအိုအတွက် သင့်တော်လားဆိုတာကို သိရဖို့အတွက် စမ်းသပ်မှုတစ်ခုကို လိုအပ်တယ် “

“ စမ်းသပ်မှုတစ်ခုက စမ်းသပ်မှုတစ်ခုလေးပါပဲ ”

လုချန်ရှန်းသည် စမ်းသပ်မှုများကို မည်သို့မျှ ဂရုမစိုက်ခဲ့ပေ။ ပစ္စည်းကသာ ကောင်းမွန်နေသရွေ့ သူ၏ ဝိညာဥ်ကိုပင် ရောင်းချရန် ဝန်မလေးပေ။ ဝိညာဥ်တစ်ပေါင်ကို ဘယ်လောက်တန်ပါလိမ့်။

ရှောင်ဟေးက ရေငုံနှုတ်ပိတ်နေခဲ့၏။ သူသည် အဆိုပါ တာအိုကို အလွန်တရာ တပ်မက်နေခဲ့၏။ အကယ်၍ သူအောင်မြင်သွားမည်ဆိုပါက သူသည် အရေးကြီး ကိစ္စဟု ခေါ်ဆိုသည့် အရာများကို လက်လျှော့လိုက်မည် ဖြစ်သည်။

သူသတိပြန်ဝင်လာသည့် အချိန်တွင် စကားထပ်ပြောနေတော့သည် “ ငါမလာခင် အချိန်တုန်းက တောင်ထွတ်သခင်က ငါ့ကို လျှို့ဝှက်နယ်မြေတစ်ခုအကြောင်းကို ပြောခဲ့တယ်။ အဲ့နေရာမှာ အခွင့်အလမ်းတစ်ခု ရှိတယ်။ အဲ့တာက မိုးကြိုးတွေနဲ့ ဖွဲ့စည်းထားတဲ့ ရေကန်တစ်ခုပဲ။ အဲ့တာက ရုပ်ခန္ဓာကို သန့်စင်နိုင်ပြီးတော့ ပြန်လည်ပြင်ဆင်ပုံသွင်းနိုင်တယ်။ မိုးကြိုးတာအိုကို ကျင့်ကြံတဲ့သူတွေအတွက် အဲ့တာက အခွင့်အလမ်းကြီးတစ်ခုပဲ “

“ အဲ့လောက်တောင် စိတ်လှုပ်ရှားဖို့ကောင်းတာလား “

“ အင်း “ ရှောင်ဟေားက ခေါင်းငြိမ့်၍ ပြန်ပြောလိုက်သည် “ အဲ့တာက သူငါ့ကို ပေးခဲ့တဲ့ အခွင့်အလမ်းလေ။ ငါက အဲ့တာရဲ့ တည်နေရာကို အာရုံခံနိုင်တယ်။ ငါမင်းကို အဲ့ကို ခေါ်သွားပေးမယ် “

“ ကျွတ် ကျွတ် ကျွတ် “

လုချန်ရှန်းမှာ စုတ်တသပ်သပ် ဖြစ်သွားတော့၏။

ရှောင်ဟေးက ဇဝေဇဝါဖြင့် မေးမြန်းလာခဲ့၏ “ ဘာကို တကျွတ်ကျွတ် ဖြစ်နေတာတုန်း “

“ ငါက တော်တော်လေး ရင်ထဲထိသွားတာလေ။ မင်းက အဲ့လိုကိစ္စကောင်းတစ်ခုအတွက် ငါ့ကို တွေးပေးနေသေးတယ်ပေါ့ “ လုချန်ရှန်း၏ မျက်ဝန်းများအတွင်းတွင် မျက်ရည်များဝဲ့လာခဲ့၏။

ရှောင်ဟေးက ရွံ့ရှာစက်ဆုပ်စွာဖြင့် ပြန်ပြောလိုက်သည် “ ငါ့ကို ရွံအောင် မလုပ်နဲ့ “

“ မင်းရဲ့ လိင်မှားနေတာတော့ နှမြောဖို့ကောင်းတယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ငါမင်းကို သေလောက်အောင် ချစ်မိသွားမှာ။ မင်းက တော်တော်လေးကို ယောကျာ်းပီသတာပဲ။ မင်းကို လက်မထပ်ရရင် ငါ့ဘဝအတွက် နစ်နာသွားလိမ့်မယ် “

“ အို့ အဲ့လိုလား “

ရှောင်ဟေးက ဘေးတစ်စောင်း လှည့်ကြည့်လာခဲ့၏။

လုချန်ရှန်းက ခေါင်းငြိမ့်ပြလိုက်သည်။ သူ၏ အမူအရာက ထူးထူးခြားခြား လေးနက်နေခဲ့သည်။

“ အဲ့တာဆိုရင် မင်းက ငါ့ညီမကို ဘာဖြစ်လို့ လက်မထပ်လိုက်ရတာလဲ။ ငါ့ညီမလေးက ထူးထူးခြားခြား လှပပြီးတော့ ဉာဏ်ထက်တယ်။ မင်းတွေ့ခဲ့ဖူးတဲ့ အဲ့ဒီနတ်ဘုရားမတွေထပ် ဘယ်လိုမှ မနိမ့်ကျဘူး။ အဲ့နည်းလမ်းနဲ့ဆိုရင် ငါတို့က မိသားစုတွေ ဖြစ်လာနိုင်ပြီလေ “

“ လစ်စမ်း “

လုချန်ရှန်းမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။ သူသည် ထိုအကောင်ကို သူ့ကို အမှန်တကယ် လိုချင်နေကာ အခွင့်အရေးရတိုင်း သတိပေးရန် မည်သို့မျှ မမေ့လျော့ခဲ့ပေ။ ထိုအကောင်က ငှက်ကောင်းတစ်ကောင် မဟုတ်နိုင်ပေ။

“ သွားကြစို့ “

ရှောင်ဟေးက သူနှင့် ဆော့ကစားနေခြင်းကို ရပ်တန့်ကာ လုချန်ရှန်းကို အတွင်းပိုင်းသို့ ခေါ်ဆောင်သွားတော့သည်။

သူတို့ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ရှုခင်းများရှိနေခဲ့ပြီး အခွင့်အလမ်းဆီသို့ သွားရာ လမ်းကြောင်းပေါ်တွင် လေကောင်းလေသန့်ရကာ လေထုက အလွန်တရာ လတ်ဆတ်နေခဲ့၏။

ဤခရီးစဥ်က ရှောင်ဟေးပြောထားသည့်အတိုင်း အမှန်ပင် လျှို့လျှို့ဝှက်ဝှက် ဖြစ်နေခဲ့ပြီး အကယ်၍ သူတစ်ယောက်တည်း လာရမည်ဆိုပါက သုံးကြိမ်တိတိ ဖြတ်သွားမည်ဆိုလျှင်တောင်မှ အတွင်းပိုင်းသို့ ဝင်နိုင်လိမ့်မည် မဟုတ်ပေ။

ရှောင်ဟေး၏ လမ်းညွှန်မှုအောက်၌ တောင်ကြားစမ်းချောင်းအတွင်းတွင် ဟင်းလင်းပြင် စွမ်းအင်လှိုင်းများ ပေါ်ထွက်လာခဲ့သည်။ ဤနေရာရှိ ဟင်းလင်းပြင်အတွင်းတွင် ဖုံးကွယ်သော ဟင်းလင်းပြင်တစ်ခု ရှိနေခဲ့၏။

သူတို့က ထိုနေရာအတွင်းသို့ ဝင်သွားသည့် အချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံး ထပ်မံ၍ ပြောင်းလဲသွားခဲ့ကာ ထိုနေရာမှ အံ့ဖွယ်ကောင်းသည့် တာအိုစွမ်းအင်တစ်ခု စီးဆင်းလာခဲ့၏။ သူတို့ မြင်တွေ့နေရသည့် အရာမှာ ဆွဲမက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုဖြစ်သည်။

“ ဒီတစ်ခါတော့ ငါမင်းဆီကနေ အမြတ်ထွက်တော့မှာပဲ “

လုချန်ရှန်းမှာ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။ ယခုလက်ရှိ အချိန်၌ ဝိညာဥ်ကျောက်တုံးမှအပ သူ့အတွက် အသုံးဝင်သည့် အရာက မိုးကြိုးရေကန်ပင်ဖြစ်သည်။ သူသည် မိုးကြိုးတာအိုကို နားလည်ဆင်ခြင်ရာတွင် အရေးကြီးသော အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သူသည် သေးငယ်သော အောင်မြင်မှုအဆင့်အထိ ရောက်ရှိနေခဲ့ပြီဖြစ်ပြီး ထပ်မံ၍ တိုးတက်သွားမည်ဆိုပါက ကြီးမားသော အောင်မြင်မှုအဆင့်အထိ ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။

ယခင်က မိုးကြိုးချောက်နက်အတွင်းတွင် အကယ်၍ သူကသာ အဆိုပါ မူလအရင်းအမြစ်ကို အပြည့်အဝ သန့်စင်နိုင်ခဲ့မည်ဆိုပါက သူသည် ထိုအချိန်ကတည်းက ကြီးမားသော အောင်မြင်မှုအဆင့်အထိ ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။ သို့သော် ကံဆိုးစွာဖြင့် ထိုကဲ့သို့ မဖြစ်လာခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ၎င်းက တစ်ခြားလူတစ်ဦး၏ ပစ္စည်းဖြစ်သောကြောင့် ၎င်းက သူ့အား မိုးကြိုးနိယာမ၏ အရင်းအမြစ်နှင့် အသွင်ပြောင်းမှုကို ကြုံတွေ့ခံစားခွင့်မပြုခဲ့ချေ။

အဆိုပါ ဖြစ်စဥ်က တစ်ခြားလူများနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ သူတို့ လိုချင်သည့် အရာက အဆိုပါ စွမ်းအားသာဖြစ်သည်။ သို့သော် လုချန်ရှန်းအတွက်မူ ၎င်းက မရှိမဖြစ်လိုအပ်သည့် အရာတစ်ခု ဖြစ်နေခဲ့သည်။

ရှောင်ဟေးမှာလည်း ဤနေရာတွင် စီးဆင်းနေသည့် တာအိုစည်းမျဥ်းများကို ခံစားမိနေခဲ့၏။ အသူရာတောင်ထွတ်သခင်က သူ့အား မည်မျှတန်ဖိုးထားလဲဆိုသည်ကို ဤအခွင့်အလမ်းက သက်သေပြရန် လုံလောက်နေခဲ့သည်။

လူနှစ်ဦးသည် ထပ်မံ၍ ရွေ့လျားနေခဲ့ပြီး အတွင်းပိုင်းသို့ ဆက်လက်ဦးတည်သွားကာ မိုးကြိုးရေကန်ကို ရှာဖွေနေကြတော့သည်။

တစ်ချိန်တည်းမှာပင် တောင်ကြားစမ်းချောင်း အပြင်ဘက်တွင် လေတိုးသံနှင့် မိုးကြိုးပစ်သံများ ရောယှက်မြင့်တက်လာခဲ့၏။ ငွေရောင် ငှက်တစ်ကောင် ရောက်ရှိလာခဲ့ပြီး တောင်ပံများကို ခတ်ကာ မိုးကြိုးတာအိုစည်းချက်နှင့်အတူ မိုးကြိုးများ ပေါက်ထွက်လာခဲ့၏။

၎င်းက လျှပ်စီးကျီပင် ဖြစ်သည်။

ထို့အပြင် ချီယန်ပါ ဤနေရာသို့ ရောက်ရှိလာခဲ့သည်။

လူနှစ်ဦးသည် တစ်ဦးကို တစ်ဦးကြည့်နေကြသည်။ ထို့နောက်တွင် တောင်ကြားစမ်းချောင်း၏ ဝင်ပေါက်ကို ကြည့်နေကြပြီး နှစ်ဦးစလုံး၏ မျက်နှာများပေါ်တွင် အပြုံးတစ်ခု တစ်ပြိုင်နက် ဖြစ်ပေါ်လာခဲ့သည်။

“ မိုးကြိုးရေကန်က သူကွယ်လွန်သွားပြီးတဲ့နောက် မိုးကြိုးတာအို မဟာစွမ်းအားတစ်ခုရဲ့ ကျင့်ကြံရေးကနေ ဖွဲ့တည်လာတယ်လို့ ဒဏ္ဍာရီတွေက ပြောထားတယ်။ ဒီအခွင့်အလမ်းက တကယ်ကို ကြီးမားလွန်းတယ် “ ချီယန်က မောက်မောက်မာမာ ပြောဆိုလိုက်သည်။

လျှပ်စီးကျီမှာလည်း လူသားပုံစံအဖြစ် အသွင်ပြောင်းလိုက်၏။ သူ့နောက်ကျောတွင် တောင်ပံတစ်စုံ လှုပ်ရှားနေခဲ့ကာ ထိုနေရာကို တိတ်တဆိတ် ငေးကြည့်နေခဲ့သည်။

“ တကယ်လို့ အခွင့်အလမ်းကသာ မကောင်းဘူးဆိုရင် လုချန်ရှန်းက ဘယ်လိုလုပ် ရောက်လာမှာလဲ “

“ အမှန်ပဲ “

ချီယန်က ခေါင်းငြိမ့်ပြလိုက်ပြီး သူ့မျက်နှာပေါ်တွင် ရှိနေသည့် အပြုံးက ပိုမိုနက်နဲလာခဲ့၏။

သို့ရာတွင် သူတို့က တိတ်တဆိတ်သာ စောင့်ကြည့်နေခဲ့ပြီး အထဲသို့ သွားချင်ပုံမရပေ။

လျှပ်စီးကျီက ဖြည်းဖြည်းချင်း စကားထပ်ပြောလာခဲ့သည် “ လုချန်ရှန်းက ဝမ်ဝူနယ်မြေက ပြန်ဆုတ်သွားခဲ့တာ တော်တော်လေးကို ပါးနပ်လွန်းတယ်။ ယဲ့မီထျန်းတစ်ယောက်တည်းကပဲ သူယုံအောင် လုပ်နိုင်ပြီးတော့ ဒီကို ခေါ်လာမှာ “

“ ငါတို့က ဘာမှလုပ်နေဖို့ မလိုပါဘူးကွာ။ ရလဒ်ကိုသာ အေးအေးဆေးဆေး စောင့်ကြည့်နေလိုက်။ အခွင့်အလမ်းက ငါတို့အတွက်ပဲ ဖြစ်နေမှာ “

--

………………………………………………………………………………………………………………………………………….

All Chapters