အခန်း ၂၆၀
Vol. 18 Ch. 260
အပိုင်း ( 260 )
ရှောင်ဟေးက တော်တော်မြန်တာပဲ
ဤဟင်းလင်ပြင်က ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သက်ကာ ငြိမ်းချမ်းနေလျက်ရှိ၏။
စိတ်စွမ်းအားဖြင့် ထောက်လှမ်းကြည့်လိုက်ရာ ဝိညာဥ်ချီက ဖယ်ထုတ်၍ မရလောက်သည်အထိ အလွန်တရာ သိပ်သည်းလွန်းနေခဲ့၏။ ဤနေရာက ကောင်းချီမြေတစ်ခုဆိုသည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ရှောင်ဟေးမှာလည်း ကောင်းကင်ဘုံ အကယ်ဒမီ၏ ကြယ်ဝမှုကို မည်သည့်အင်အားစုကမှ မယှဥ်နိုင်ဘူးဟု ညီးတွားပြောဆိုနေတော့သည်။ သူတို့ပိုင်ဆိုင်ထားသည့် လျှို့ဝှက်နယ်မြေတိုင်းက ရှေးဟောင်းဂိုဏ်း၏ တည်နေရာနှင့်ပင် ယှဥ်ပြိုင်နိုင်ပေသည်။
“ ဒီနေရာမှာ သုံးလေးနှစ်လောက် ကျင့်ကြံရမယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ “
လုချန်ရှန်းက သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။
ရှောင်ဟေးက ပြန်ပြောလိုက်သည် “ အိမ်မက်နေတာကို ရပ်လိုက်တော့။ မိုးကြိုးတာအိုကို အရင်သွားရှာကြမယ် “
“ အင်းး “
သူသည် ခေါင်းငြိမ့်၍ သဘောတူလိုက်သည်။ ထိုကဲ့သို့သော အရေးကြီးကိစ္စမျိုးကို ပေါ့ပေါ့တန်တန် သဘောထား၍ မရဘဲ အပြည့်အဝ အာရုံစိုက်ထားရမည် ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် လူနှစ်ဦးက တောင်တန်းများကို ကျော်ဖြတ်၍ ထပ်မံ၍ ရှာဖွေနေကြတော့သည်။ သူတို့သည် အဆက်မပြတ် ရှာဖွေနေကြကာ ဖြစ်နိုင်ခြေရှိသည့် မည်သည့်နေရာကိုမှ မချန်ထားခဲ့ကြပေ။
နေ့တစ်ဝက်ကြာခဲ့ပြီးသည့်နောက်မှာပင် မိုးကြိုးတာအို၏ မည်သည့်အငွေ့အသက်ကိုမှ မမြင်ခဲ့ရပေ။ သို့သော် လုချန်ရှန်းကမူ ခရမ်းရောင် တောက်နေသည့် ဂျင်စင်းတစ်ပင်ကို ရှာဖွေတွေ့ရှိခဲ့၏။
“ အဲ့တာက ဂျင်စင်းဘုရင်လေ။ သက်တမ်းက သုံးသောင်းကျော်လောက်နေပြီ “
ရှောင်ဟေးမှာ တအံ့တဩဖြစ်သွားခဲ့သည်။ ကြယ်ဝသော ဝိညာဥ်ချီက အမှန်ပင် အံ့ဖွယ်ကောင်းလှသည်။ အကယ်၍ ၎င်းကသာ အချိန်ပိုရကာ အနှုတ်မခံလိုက်ရပါက နတ်ဆေးပင်အဆင့်အထိပင် ရောက်ရှိသွားမည် ဖြစ်သည်။
ကံဆိုးစွာဖြင့် ၎င်းက လုချန်ရှန်းနှင့် ဆုံတွေ့သွားခဲ့ရသည်။
လုချန်ရှန်းကမူ ဂျင်စင်းကို ဆွဲထုတ်ကာ ဂရုတစိုက် စူးစမ်းလေ့လာနေတော့၏။ ထိုကဲ့သို့သော ပစ္စည်းကောင်းမျိုးက အလွန်တရာ ရှားပါးလွန်းလှသည်။
“ သွားကြစို့ “ ဟု ရှောင်ဟေးက စကားထပ်ပြောလာခဲ့၏။
လုချန်ရှန်း ခေါင်းငြိမ့်ပြလိုက်သည်။ ဂျင်စင်းကို သိမ်းထားလိုက်တော့မည့် အချိန်မှာပင် သူ၏နားများအတွင်းသို့ တဝီဝီ အော်မြည်သံတစ်ခု ဝင်ရောက်လာခဲ့၏။ နောက်လှည့်ကြည့်လိုက်ရာ လက်မအရွယ် အင်းစက်တစ်ကောင်က သူ့ဆီသို့ ပျံသန်းလာနေသည်ကို မြင်တွေ့သွားခဲ့သည်။
၎င်းက သေးငယ်သော်လည်း ရန်လိုသည့် အရှိန်အဝါတစ်ခုကို ဖော်ထုတ်ထားကာ ဖြတ်လုရန်ကြိုးပမ်းနေသည့်အလား သူ့လက်အတွင်းရှိ ဂျင်စင်းထံသို့ ဦးတည်လာခဲ့သည်။
လုချန်ရှန်းမှာလည်း အံ့ဩတကြီး ဖြစ်သွားခဲ့သည်။ ၎င်းက ပျားကဲ့သို့သော အင်းစက်ကောင်ဖြစ်ပြီး သေးငယ်သော်လည်း အူတိုင်ဖွဲ့စည်းခြင်း အဆင့်၃ ကျင့်ကြံရေးကို ပိုင်ဆိုင်ထားခဲ့သည်။
ထို့နောက်တွင် သူသည် ဘေးတစ်ဖက်သို့ ရှောင်ရှားလိုက်သည်။ ပျားငယ်သည် ပစ်မှတ်ကို လွဲချော်သွားကာ မြေပြင်ကိုသာ ဝင်ဆောင့်သွားခဲ့သည်။
“ အသေးလေး တော်တော်လေးကို ကြမ်းနေတယ်ပေါ့။ ငါ့ဆီကနေတောင် လုချင်နေတယ်ပေါ့လေ “
ပျားငယ်မှ ၎င်း၏ တောင်ပံများကို ခတ်လိုက်ကာ ၎င်း၏ပတ်ပတ်လည်တွင် လေပြင်းများ တိုက်ခတ်လာခဲ့၏။ ၎င်း၏ အရှိန်အဝါက မည်သို့မျှ မလျော့ပါးသွားခဲ့ချေ။ ၎င်းက လုချန်ရှန်းဆီသို့ ထပ်မံ၍ ပြေးတက်လာပြန်သည်။
ဘမ်းးးး
ဤတစ်ကြိမ်တွင်မူ လုချန်ရှန်းက မည်သို့မျှ မရှောင်ရှားဘဲ ၎င်းကို အသေသတ်ရိုက်သတ်လိုက်၏။ သူသည် ၎င်းနှင့်ဆော့ကစားရန်အတွက် အလွန်တရာ ပျင်းရိနေခဲ့သည်။
သို့ရာတွင် ရှောင်ဟေးကမူ ၎င်းကို စူးစမ်းလေ့လာနေခဲ့ပြီး မျက်မှောင်ကြုတ်သွားကာ စကားထပ်ပြောလာခဲ့သည် “ ကြည့်ရတာတော့ အဲ့တာက ဒဏ္ဍာရီလာ ကျောက်စိမ်းပျားနဲ့တူတယ်။ သူတို့တွေကို အပြင်ကမ္ဘာမှာ လုံးဝမတွေ့ရတော့ဘူး။ ပျောက်ကွယ်သွားခဲ့တာ နှစ်သောင်းနဲ့ချီနေပြီ။ သူတို့က ဒီနေရာမှာ တကယ်ကြီး ရှင်သန်နေကြတာပဲ “
“ သူတို့က တော်တော်ရှားတာလား “
“ အဲ့လိုပြောလို့ရတယ်။ အဲ့ဒီမျိုးနွယ်စုက အသိစိတ်ရတယ်ဆိုတာ တော်တော်ရှားတယ်။ ဒါပင်မဲ့ သူတို့ရဲ့ စွမ်းအားကိုတော့ သွားရှုပ်လို့မရဘူး။ သူတို့ရဲ့ ခန္ဓာကိုယ်က တော်တော်လေး မာတယ်။ သူတို့ရဲ့ အထွတ်အထိပ် အခြေအနေတုန်းကဆိုရင် နတ်ဘုရားနယ်ပယ်အပါအဝင် ဟွာရှုနယ်ပယ် ပညာရှင်တွေက သောင်းနဲ့ချီပြီးတော့ကို ရှိတယ်။ ပိုပြီးတော့ အစွမ်းထက်တဲ့ တပ်မှူးတွေတောင် ရှိသေးတယ်။ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်လဲ “
“ နည်းနည်းလေးတော့ ကြောက်စရာကောင်းတာပဲ။ ဟွာရှုနယ်ပယ် သောင်းဂဏန်းလား။ အဲ့တာဆိုရင် ဒေသလေးခုက ပျားအုံတွေဖြစ်သွားမှာ မဟုတ်ဘူးလား “
“ အဲ့လိုမျိုးပဲ။ ဒါပင်မဲ့ နောက်ကျတော့ သူတို့တွေက ဆက်တိုက်ကွဲသွားကြတယ်။ အဲ့တာကြောင့်ပဲ အားနည်းသွားကြတာ။ လွန်ခဲ့တဲ့ နှစ်တစ်သောင်းလောက်က သူတို့အားလုံး မျိုးတုန်းသွားကြတယ်။ သူတို့က အင်အားစုတစ်ခု မဖြစ်လာနိုင်တော့ဘူး “ ဟု ရှောင်ဟေးက ရှင်းပြနေခဲ့သည်။
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ကောင်းတယ် “
ထို့နောက်တွင် သူတို့နှစ်ဦးစလုံး ထပ်မံ၍ ထွက်ခွာသွားသည်။ လုချန်ရှန်းမှာလည်း စိတ်မရှည်နိုင်ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူ၏ စိတ်စွမ်းအား ပျံ့လွင့်သွားကာ သူ၏ မှော်စွမ်းအားက စိတ်စွမ်းအားကို ဖုံးလွှမ်းသွားပြီး ကောင်းကင်နှင့်မြေပြင်ကို လှန်လှောရှာဖွေနေတော့သည်။
အရာအားလုံးက သူ၏အမြင်အာရုံအတွင်းတွင် ရှင်းရှင်းလင်းလင်း ရောင်ပြန်ဟပ်လာခဲ့၏။
ရှောင်ဟေးမှာလည်း စိတ်စွမ်းအားလှိုင်းကာ သတိပြုမိသွားကာ တိတ်တဆိတ် ကြောက်လန့်သွားခဲ့သည်။
“ ဒီကောင်က တော်တော်ကြီးကို သန်မာလာတာပဲ “ ရှောင်ဟေးက တအံ့တဩဖြင့် လွှတ်ခနဲ ပြောမိသွားခဲ့သည်။ အဆိုပါ စိတ်စွမ်းအားက အလွန်တရာ စွမ်းလွန်းနေခဲ့ကာ ဟွာရှုနယ်ပယ် ပညာရှင်တစ်ဦးကသာလျှင် ထိုကဲ့သို့သော အရာမျိုးကို ပိုင်ဆိုင်နိုင်ပေသည်။
ထို့အပြင် အဆိုပါ စိတ်စွမ်းအားက ပင်လယ်တစ်ခုကဲ့သို့ အဆုံးအစမရှိ ကျန်ပြန့်နေခဲ့ပြီး အဆက်မပြတ် ပျံ့လွင့်သွားခဲ့သည်။
ရှောင်ဟေးမှာ သက်ပြင်းတချချ ဖြစ်သွားခဲ့ရသည်။ လုချန်ရှန်းက အလွန်အားကောင်းသည်ဆိုသည်ကို သူသိသော်လည်း သူက ထိုလူ့ကို လျှော့တွက်မိနေသေး၏။
တစ်ခဏအကြာတွင် လုချန်ရှန်းက မျက်လုံးများ ရုတ်တရက် ဖွင့်ဟကာ အဝေးသို့ ငေးကြည့်နေတော့သည်။
“ ရှာတွေ့ပြီ “
ထို့ကဲ့သို့ ပြောလာခဲ့ပြီးသည့်နောက်တွင် သူသည် ကောင်းကင်ထက်သို့ ပြေးတက်သွားတော့သည်။ ရှောင်ဟေးမှာလည်း သူ၏ကိုယ်ပိုင် စိတ်စွမ်းအားကို ရုတ်သိမ်းကာ အလောတကြီး ပြေးလိုက်သွားခဲ့သည်။
လူနှစ်ဦးမှာ တောင်တန်းဒေသကို ကျော်ဖြတ်ကာ ချိုင့်ဝှမ်းတစ်ခု၏ အရှေ့သို့ ရောက်ရှိလာခဲ့သည်။
ချိုင့်ဝှမ်းက မည်သို့မျှ ထူးခြားမနေခဲ့ဘဲ အတော်ပင် သာမန်ဆန်နေခဲ့သည်။ သို့သော် သူတို့က အတွင်းသို့ ဝင်သွားသည့် အချိန်တွင် ပြင်းထန်သော စွမ်းအားတစ်ခု ချက်ချင်းမြင့်တက်လာခဲ့ကာ အမြင်အာရုံအတွင်းသို့ ရေကန်တစ်ကန် ဝင်ရောက်လာခဲ့၏။
၎င်း၏အထက်တွင် နတ်စွမ်းအားများ လည်ပတ်နေလျက်ရှိပြီး လေထုအတွင်းတွင် မိုးကြိုးလျှပ်စီးများ ပေါ်ထွက်နေကာ အဆက်မပြတ် ပေါက်ကွဲနေပြီး လူအများကို ကြောက်လန့်သွားစေနိုင်သည့် စွမ်းအားမျိုးကို အဆက်မပြတ် ထုတ်လွှတ်နေခဲ့သည်။
“ မိုးကြိုးတာအို “
ရှောင်ဟေး၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
လုချန်ရှန်းမှာလည်း တပြုံးပြုံးဖြစ်သွားခဲ့သည်။ သူသည် ဤနေရာရှိ စွမ်းအင်လှိုင်း အတက်အကျကို ခံစားမိနေခဲ့ပြီး ဤနေရာတွင် ရှိနေသည့် ကြွယ်ဝသော မိုးကြိုးတာအို စွမ်းအားက သူ့ခန္ဓာကိုယ်အတွင်းရှိ အရင်းအမြစ်ကိုပင် လှုပ်ခါသွားစေခဲ့သည်။
“ တကယ့် ပစ္စည်းကောင်းလေးတစ်ခုပဲ “
လုချန်ရှန်းသည် သက်ပြင်းတချချ ဖြစ်သွားကာ အသူရာတောင်ထွတ်က ရှောင်ဟေးကို အလွန်တရာ တန်ဖိုးထားသည်ဟု ပိုပို၍ ခံစားသွားခဲ့ရသည်။
ထို့အပြင် ထိုကဲ့သို့သော အလေးပေးမှုကို ကြည့်ရခြင်းအားဖြင့် ထိုအကောင်က အဓိက တပည့်အဖြစ် ပျိုးထောင်ခံရဖို့များသည်။ လုချန်ရှန်းသည် အသူရာလမ်းစဥ်ကို သူနားလည်သွားမည့် နေ့ရက်များက သိပ်မဝေးလှဘူးဟု ခံစားနေရတော့၏။
ထို့နောက်တွင် လုချန်ရှန်းသည် ဘူးသီးခြောက်ကို ထုတ်ယူကာ အရှေ့သို့ လျှောက်သွားပြီး အနည်းငယ်မျှ ဖြည့်ရန် ကြံရွယ်လိုက်သည်။ သို့ရာ၌ မိုးကြိုးတာအိုရေက ဘူးသီးခြောက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီးသည့်နောက်တွင် ရုတ်တရက် ပေါက်ကွဲသွားခဲ့သည်။
၎င်းက ဘုရင်အဆင့် မှော်ပစ္စည်းဖြစ်သော်လည်း အလေးချိန်ကို တောင့်မခံနိုင်ခဲ့ပေ။
ရှောင်ဟေးမှာလည်း တအံ့တဩဖြစ်သွားခဲ့၏။
လုချန်ရှန်းသည် အံ့အားသင့်သွားကာ ထပ်မံ၍ ကြိုးစားနေခဲ့ပြီး သူက ဤရေကန်အတွင်းမှ ရေများကို သူတို့နှင့်အတူ မယူဆောင်သွားနိုင်ဘူးဆိုသည်ကိုသာ သိရှိသွားခဲ့သည်။
မှော်ပစ္စည်းများက ၎င်းကို မသယ်ဆောင်နိုင်သကဲ့သို့ သူတို့က ၎င်းကို ချိုင့်ဝှမ်းအတွင်းမှ မယူဆောင်သွားနိုင်ပေ။ ကန်းယွင်ကားချပ်ကသာလျှင် ၎င်းတို့ကို ယူဆောင်သွားနိုင်ပေသည်။ သို့သော် ရေများက ကန်းယွင်ကားချပ်အတွင်းသို့ ဝင်သွားသည့် အချိန်တွင် တာအိုနိယာမအားလုံး ပျောက်ကွယ်သွားခဲ့သည်။
“ ဘာတုန်းဟ “
လုချန်ရှန်းမှာ အံ့ဩမှင်သက်သွားခဲ့သည်။
ရှောင်ဟေးမှာလည်း ငေးငေးငိုင်ငိုင် ဖြစ်သွားခဲ့သည်။
“ ကြည့်ရတာတော့ ငါတို့က အဲ့ဟာကို ယူသွားလို့မရဘူးနဲ့တူတယ် “
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ မင်းက ကိုယ့်ကိုကိုယ် အရင်သွားပြုပြင်လိုက်သည် “
“ အင်း “
ရှောင်ဟေးမှာ မငြင်းပယ်လိုက်ဘဲ သူ၏ရုပ်ခန္ဓာကို ပြုပြင်ပြင်ဆင်ရန်အတွက် မိုးကြိုးတာအိုဆီသို့ တိုက်ရိုက်ဦးတည်သွား၏။ အကယ်၍ သူကံကောင်းခဲ့မည်ဆိုပါက သူက မိုးကြိုးတာအို တစ်စွန်းတစ်စကိုပင် နားလည်သွားလိမ့်မည် ဖြစ်သည်။
ကိုယ်တွင်းကိုယ်ပ ပြန်လည်မွေးဖွားခြင်းဆိုသည်မှာလည်း ဖြစ်နိုင်ခြေရှိသော အရာဖြစ်သည်။
၎င်းကို တွေးမိသွားသောအခါတွင် ရှောင်ဟေးက ရေကန်အတွင်းသို့ ဝင်ရန်ပြင်လိုက်သည်။ သို့သော် သူသည် တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိသွားကာ နောက်လှည့်ကြည့်လိုက်သည်။
လုချန်ရှန်း၏ အမူအရာက ပြောင်းလဲနေသည်ကို မြင်တွေ့သွားခဲ့သည်။
ငှက်အုပ်ကြီးတစ်ခုက အတူတကွ ပျံသန်းသွားလာနေသကဲ့သို့ ဖြစ်နေသော တဝီဝီ အော်မြည်သံတစ်ခု ဟင်းလင်းပြင်အတွင်းမှ ပေါ်ထွက်လာခဲ့၏။ အဝေးရှိ ကောင်းကင်ယံတွင် ဖုန်မှုန့်များ လှိုက်တက်လာကာ သဲနှင့်ကျောက်တုံးများ လွင့်ထွက်သွားကာ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ချဥ်းကပ်လာခဲ့သည်။
သူတို့နှစ်ဦးက ငေးကြည့်လိုက်ရာ သိပ်သည်းသော အနက်ရောင် အရိပ်များစွာ ဖြစ်နေသည်ကို မြင်တွေ့သွားခဲ့သည်။ ၎င်းတို့မှာ ယခင်က သူတို့နှစ်ဦး ကြုံတွေ့ခဲ့ရသည့် အနက်ရောင် ကျောက်စိမ်းပျားများပင် ဖြစ်သည်။
“ အနက်ရောင် ကျောက်စိမ်းပျား ……. “
“ သူတို့က အင်အားစုတစ်ခုကို မဖွဲ့စည်းနိုင်တော့ဘူးလို့ မင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား “
လုချန်ရှန်းက ရှောင်ဟေးကို ငေးကြည့်နေတော့သည်။ အဆိုပါ မြင်ကွင်းက အနည်းငယ် ကြောက်လန့်ဖွယ်ကောင်းလှသည်။
၎င်းတို့အားလုံးက အူတိုင်ဖွဲ့စည်းခြင်း နယ်ပယ်အထက်တွင် ရှိနေခဲ့ပြီး တော်တော်များများက မွေးရာပါ ဝိညာဥ်နယ်ပယ် ကျင့်ကြံရေးကို ပိုင်ဆိုင်ထားကာ မွေးရာပါ ဝိညာဥ် အဆင့်၉သို့ ရောက်ရှိနေသည့် အကောင်တစ်ကောင်ပင် ရှိနေခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ငွေကြောင်မျဥ်းကြောင်းနှစ်ခု လိမ်ယှက်နေလျက်ရှိ၏။
“ အဲ့တာက ပျားဘုရင်ပဲ “
ရှောင်ဟေးက စိုက်ကြည့်နေတော့သည်။
လုချန်ရှန်းသည် အံ့အားသင့်သွားကာ အသာအယာ သက်ပြင်းချနေတော့သည် “ ကြည့်ရတာတော့ ဒီတိုက်ပွဲကို ရှောင်လွှဲလို့ မရတော့တဲ့ပုံပဲ “
ထိုကဲ့သို့ ပြောလိုက်ပြီးသည့်နောက်တွင် သူသည် သူ၏မှော်စွမ်းအားကို လည်ပတ်ကာ လှုပ်ရှားရန် ပြင်ဆင်နေတော့၏။
ရှောင်ဟေးကမူ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။ အနက်ရောင် ကျောက်စိမ်းပျားတစ်အုပ်က ကြောက်မက်ဖွယ်ကောင်းသော်လည်း လုချန်ရှန်းက ပိုမိုကြောက်မက်ဖွယ်ကောင်းပေသည်။ ဤတိုက်ပွဲက မည်သို့မျှ စိတ်လှုပ်ရှားရလိမ့်မည် မဟုတ်ပေ။
၎င်းကို တွေးမိသွားသောအခါတွင် ရှောင်ဟေးမှာ ရေကန်ဆီသို့ လှည့်ပြန်ရန် ပြင်ဆင်နေတော့သည်။
သို့သော် သူနောက်လှည့်လိုက်သည့် အချိန်မှာပင် သူသည် တစ်စုံတစ်ဦးက သူ့အနောက်သို့ ရောက်ရှိလာသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ ထိုလူသည် သူ၏ဆံပင်ကို ဆုပ်ကိုင်ကာ သူ့ကို ဆွဲခေါ်သွားတော့သည်။
“ မင်းဘာလုပ်နေတာလဲ “ ဆံပင်အဆွဲ ခံလိုက်ရသည်ကို မြင်လိုက်ရသောအခါတွင် ရှောင်ဟေးမှာ မျက်မှောင်ကြုတ်သွားကာ မေးခွန်းထုတ်နေတော့သည်။
သို့သော် လုချန်ရှန်းက အလောတကြီး တုံ့ပြန်လာခဲ့၏ “ စကားမပြောနဲ့ ပြေးတော့ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှောင်ဟေးက နောက်လှည့်ကြည့်နေတော့သည်။ သူသည် အနက်ရောင် ကျောက်စိမ်းပျားအုပ်၏ အနောက်ဘက်တွင် ငွေရောင်အလင်းမှုန်လေးများ လင်းလက်နေသည်ကို မြင်တွေ့သွားခဲ့သည်။ အဝေးမှလှမ်းကြည့်နေခဲ့ရာ ၎င်းတို့က ကြယ်များအလားဖြစ်နေခဲ့ကာ ရင်သပ်ရှုမောဖွယ်ကောင်းသည့် အလှတရားကို သယ်ဆောင်ထားခဲ့သည်။
သို့သော် အနီးကပ် စူးစမ်းကြည့်လိုက်သောအချိန်၌ အလင်းမှုန်တစ်ခုချင်းစီတိုင်းက ငွေရောင် အင်းစက်တစ်ကောင်စီ ဖြစ်နေခဲ့ကာ ၎င်းတို့၏ မျက်နှာများက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
“ မင်းမေကလွှား။ ဝိညာဥ်ဝါးမျို အင်းစက်အုပ် ………… “
၎င်းကို မြင်လိုက်ရသောအခါတွင် ရှောင်ဟေးက ချက်ချင်း နောက်လှည့်ပြေးနေတော့သည်။ သူ၏ ခန္ဓာကိုယ်မှ စိမ်းနက်ရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ကာ သူ၏ မူလအသွင်အပြင်အဖြစ် ပြန်လည်ပြောင်းလဲသွားပြီး အဝေးသို့ ပျံသန်းသွားတော့သည်။
အဆိုပါ အမြန်နှုန်းက အကန့်အသတ်အထိပင် ရောက်ရှိနေပုံရ၏။ လုချန်ရှန်းက အံ့ဩမှင်သက်သွားခဲ့သည်။ သူသည် ရှောင်ဟေးက ထိုမျှ မြန်ဆန်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
--
………………………………………………………………………………………………………………………………………….