← Chapters

အခန်း ၂၆၁

Vol. 18 Ch. 261

အခန်း ၂၆၁

Vol. 18 Ch. 261

အပိုင်း ( 261 )

ရွရွလေးဟ

ပုံရိပ်နှစ်ခု တစ်ခုက အနောက်တွင် ရှိနေပြီး ကျန်တစ်ခုက အရှေ့တွင် ရှိနေကာ အဝေးသို့ တဟုန်ထိုး ပြေးလွှားနေလျက်ရှိ၏။

ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မည်သူကမှ မထင်မှတ်ထားခဲ့ပေ။

ရှောင်ဟေးကမူ ထိုကိစ္စကို လုချန်ရှန်းဆီသို့ လွှဲပေးလိုက်သာ ရေကန်အတွင်းသို့ အရင်ဝင်ရန် တွေးတောစဥ်းစားနေသေး၏။

လုချန်ရှန်းမှာလည်း ယုံကြည်မှုအပြည့်ဖြစ်နေခဲ့ကာ ပြဿနာက သိပ်မကြီးဘူးဟုသာ ထင်မှတ်နေခဲ့၏။ သို့သော် ထိုအချိန်မှာပင် ငွေရောင်အင်းစက်တစ်အုပ်ကို မြင်တွေ့သွားကာ မည်သို့မျှ တည်ငြိမ်မနေနိုင်တော့ပေ။

ဝိညာဥ်ဝါးမျို အင်းစက်သည် အနက်ရောင် ကျောက်စိမ်းပျားကဲ့သို့ပင် အုပ်စုဖွဲ့၍ နေထိုင်တတ်သည်။ သို့သော် အနက်ရောင် ကျောက်စိမ်းပျားတို့ဖြင့် ယှဥ်လိုက်မည်ဆိုပါက ဝိညာဥ်ဝါးမျို အင်းစက်များက ပိုမိုကြောက်မက်ဖွယ်ကောင်းလေသည်။

၎င်းတို့က ရူးသွပ်လုနီးပါးဖြစ်နေသည့် မျိုးနွယ်စု တစ်ခုဖြစ်ကာ စိတ်ဝိညာဥ်အားလုံးကို ဝါးမျိုနိုင်ကာ အရာအားလုံးကို ဝါးမျိုနိုင်ခြင်းအတွက် နာမည်ကျော်လှသည်။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုပါက အကယ်၍ ၎င်းတို့ကသာ ဝါးမျိုချင်သည်ဆိုပါက ၎င်းတို့က နတ်ဘုရားများကိုပင် ဖုန်မှုန့်များဖြစ်သွားသည်အထိ ဝါးမျိုနိုင်ပေ၏။

သို့သော် ၎င်းက အင်းစက်ဘုရင်ကို မွေးထုတ်ပေးနိုင်သည့် အုပ်စုတစ်ခုအတွက်သာ ဖြစ်ပေသည်။

အကယ်၍ အင်းစက်ဘုရင် မရှိဘူးဆိုလျှင်တောင်မှ ၎င်းတို့က အတော်ပင် ကြောက်မက်ဖွယ်ကောင်းနေသေးသည်။ ၎င်းတို့က ရုပ်ဆိုးရုံသာလျှင် မဟုတ်ဘဲ ၎င်းတို့၏ သွားများကပါ အလွန်တရာ ချွန်ထက်နေခဲ့၏။ ၎င်းတို့ဖြတ်သန်းသွားရာ နေရာတိုင်းတွင် တောင်တန်းများပင် ကိုက်ဖြတ်ခံရနိုင်ပေသည်။

အူတိုင်ဖွဲ့စည်းခြင်း အင်းစက်များကပင် ဘုရင်အဆင့် မှော်ပစ္စည်းများကို ကိုက်ဖြတ်နိုင်ပေ၏။

ဟွာရှုနယ်ပယ် အင်းစက်ဘုရင်က ဦးဆောင်သည့် အင်းစက်တစ်အုပ်သာဆိုပါက နတ်ဘုရားများကပင် ၎င်းတို့ကို ရှောင်ရှားရပေသည်။ သူတို့က အရာအားလုံးကို ဝါးမျိုနိုင်သည့် အဆိုပါ သက်ရှိများကို ရန်မစလိုကြပေ။

တစ်ခါက အစွမ်းအထက်ဆုံး အင်းစက်အင်ပါယာက တစ်ကောင်က သူ၏ မျိုးနွယ်စုကို ဦးဆောင်ကာ တာအိုနိယာမကိုပင် ကိုက်ဖြတ်ခဲ့သည်ဟု ဒဏ္ဍာရီများက ဆိုထား၏။

၎င်းတို့ကို ရှေးခေတ်မဟာနတ်ဆိုးများစာရင်းတွင် မှတ်တမ်းတင်ထားခဲ့သည်။

လုချန်ရှန်းမှာလည်း သူက ဤနေရာတွင် ထိုမျှကြောက်မက်ဖွယ်ကောင်းသည် အရာများနှင့် ဆုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ၎င်းတို့ကို မြင်လိုက်ရသောအခါတွင် သူသည် အင်းစက်ဘုရင် ရှိမရှိဆိုသည်ကို မသိသောကြောင့် အရင်ဦးဆုံးထွက်ပြေးသွားရန်သာ ပြုလုပ်နိုင်ခဲ့သည်။

နတ်စွမ်းအားဖြင့် ၎င်းတို့ကို ထောက်လှမ်းနိုင်လိမ့်မည် မဟုတ်ပေ။ နတ်စွမ်းအား ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့က ၎င်းကို ဝါးမျိုလိုက်မည် ဖြစ်သည်။

သူတို့နှစ်ဦးက ပြေးလွှားနေကြသော်လည်း အဆိုပါ အင်းစက်နှစ်အုပ်က သူတို့က အလွတ်ပေးချင်ပုံမရဘဲ အလွန်တရာ မြန်ဆန်သော အမြန်နှုန်းဖြင့် တောက်လျှောက်လိုက်ဖမ်းနေခဲ့၏။ ကြီးမားသော အင်းစက်အုပ်ကြီးက ကြီးမားသော ဖိအားတစ်ခုကို ဖန်တီးလိုက်သည်။

“ ချီးပဲ ငါတို့က ဘယ်လိုလုပ် ဒီလောက်တောင် ကံဆိုးနေရတာလဲ “

လုချန်ရှန်းသည် စကားတပြောပြောဖြင့် သူ့အနောက်တွင် ရှိနေသည့် အင်းစက်အုပ်ကို လှည့်ကြည့်ကာ မည်သို့မျှ တွေဝေတုံ့ဆိုင်းမနေတော့ပေ။ သူသည် အံကြိတ်ကာ မြေကျုံ့ခြင်း နည်းစနစ်ကို အသုံးပြုလိုက်သည်။

သူသည် ကောင်းကင်ဘုံ အကယ်ဒမီသို့သွားရာ လမ်းတွင် ၎င်းကို အကြမ်းဖျင်း နားလည်လာခဲ့သည်။ သိသာထင်ရှားသော ရလဒ်မျိုးမရှိသေးသော်လည်း သူ၏အမြန်နှုန်းက အထက်တန်းစားဖြစ်နေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ရှောင်ဟေးကို လိုက်မှီသွားခဲ့သည်။ ရှောင်ဟေး၏ မျက်ဝန်းများအတွင်းတွင် အံ့အားသင့်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။ လုချန်ရှန်းသည် သူ၏လက်ကို ဝေ့ရမ်းလိုက်ပြီး ရှောင်ဟေး၏ ဂုတ်ကို ဆွဲကာ ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ဝိညာဥ်ဝါးမျို အင်းစက်များက အသိမ်မွေ့ဆုံးသော အရှိန်အဝါကိုပင် အာရုံခံနိုင်ပေသည်။

သူသည် သူ၏အရှိန်အဝါကို အပြည့်အဝ ဖုံးကွယ်လိုက်ကာ လီတစ်ထောင်အထိ ရောက်ရှိသွားခဲ့ပြီးမှ ရပ်တန့်လိုက်သည်။

ရှောင်ဟေးသည် ကြောက်ကြောက်လန့်လန့်ဖြင့် နောက်လှည့်ကြည့်ကာ ပြန်ပြောလိုက်သည် “ ဝိညာဥ်ဝါးမျို အင်းစက်တွေက ဘယ်လိုလုပ် ဒီနေရာမှာ ရှိနေရတာလဲ “

“ ငါက ဘယ်လိုလုပ်သိမှာလဲ။ ဒါပင်မဲ့ သူတို့က ဝါးမျိုခြင်း နတ်ဘုရားအင်းစက်အဖြစ် ဆင့်ကဲမပြောင်းလဲသေးတာကတော့ တော်တော်လေးကို ကောင်းတယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ပြေးစရာ‌မြေရှိတော့မှာ မဟုတ်ဘူး “

ရှောင်ဟေးက စကားထပ်ပြောလာခဲ့၏ “ တကယ်လို့ ဝါးမျိုခြင်း နတ်ဘုရားအင်းစက်တွေသာ ရှိတယ်ဆိုရင် ဒီဟင်းလင်းပြင်တစ်ခုလုံး သွားပြီပဲ “

“ အမှန်ပဲ “

လုချန်ရှန်းမှာလည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့၏။

ရှောင်ဟေးသည် သတိပြန်ဝင်လာခဲ့ကာ ပြန်ပြောလာခဲ့သည် “ လုချန်ရှန်း ငါမင်းနဲ့ ဆွေးနွေးချင်တဲ့ ကိစ္စတစ်ခု ရှိတယ် “

“ ဘာလဲ “

“ ငါ့ဂုတ်ကို ဆွဲနေတာကို ရပ်လို့မရဘူးလား “

ထွက်ပြေးသွားခြင်းက ရည်ရွယ်ချက်ကောင်းတစ်ခုဖြစ်သော်လည်း အဆက်မပြတ် ဂုတ်ဆွဲခံနေရခြင်းက အမှန်ပင် အဆင်မပြေလှချေ။ ဤသည်က ပထမဦးဆုံးအကြိမ် မဟုတ်ပေ။ သူသည် သူက လူမိသွားသည့်အတွက် ကြက်ကို သယ်၍ ထွက်ပြေးနေရသော ကြက်သူခိုးတစ်ကောင်ဖြစ်သည်ဟု ခံစားသွားခဲ့ရသည်။

သူမည်မျှပင် တွေးတောစဥ်းစားနေခဲ့ပါစေ ၎င်းက ရှက်စရာကောင်းသည်ဟု ခံစားနေခဲ့ရ၏။ သူသည် ယခုလေးတင် ဆံပင်အဆွဲခံခဲ့ရ၏။ အကယ်၍ အဆွဲခံရလွန်းသဖြင့် သူ‌ခေါင်းပြောင်သွားမည်ဆိုပါက မည်ကဲ့သို့ ဖြစ်သွားမည်နည်း။ ဒီနေ့ခေတ်မှာ ဆံပင်ကျွတ်လို့ လူငယ်တွေ စိတ်အနှောင့်အယှက်ဖြစ်နေကြတာကို သူမသိဘူးလားဟ။

သို့ရာတွင် လုချန်ရှန်းကမူ များများစားစား တွေးတောစဥ်းစားမနေဘဲ ပြန်ပြောလိုက်သည် “ တစ်ခြားနေရာတွေက မင်းရဲ့ ဂုတ်လောက် ဖမ်းလို့မကောင်းဘူး “

ရှောင်ဟေး : “ … “

ထိုအခိုက်အတန့်တွင် လုချန်ရှန်းသည် သူတို့လာရာဘက်သို့ ပြန်လှည့်ကြည့်ကာ မည်ကဲ့သို့ ပြန်သွားရမလဲဆိုသည်ကို တွေးတောစဥ်းစားနေတော့သည်။

ရှောင်ဟေးမှာလည်း တွေးတောစဥ်းစားနေခဲ့ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေခဲ့ပြီး ငွေရောင်အလင်းစုတစ်စုကို ထပ်မံ၍ မြင်တွေ့သွားခဲ့သည်။

“ ထပ်ရှိသေးတယ် “

ရှောင်ဟေးမှာ အံ့ဩတကြီး ဖြစ်သွားခဲ့သည်။

လုချန်ရှန်းမှာလည်း မျက်မှောင်ကြုတ်သွားကာ ထိုနေရာသို့ ငေးကြည့်နေတော့သည်။ ၎င်းက ယခင်က တစ်အုပ်မဟုတ်ဘဲ အရေအတွက် မများလှသည့် တစ်ခြားတစ်အုပ်ဆိုသည်ကို သတိပြုမိသွားခဲ့သည်။ ထို့နောက်တွင် သူသည် သူ၏အကျ်ီ လက်များကို လိပ်တင်နေတော့၏။

“ မပြီးနိုင်သေးဘူးပေါ့။ တစ်ကောင်ချင်းစီတိုင်းကို အပြတ်ရှင်းပေးမယ် “

လုချန်ရှန်းက စကားတစ်ခွန်းမှမပြောဘဲ အရှေ့သို့ ခြေတစ်လှမ်းလိုက်ပြီး သူ၏ပတ်ပတ်လည်တွင် ဓားချီများ မြင့်တက်လာခဲ့ကာ ၎င်းတို့ကို တိုက်စားသွားသည့် ရေစီးကြောင်းတစ်ခုအဖြစ် အသွင်ပြောင်းသွားခဲ့သည်။

ရှောင်ဟေးမှာလည်း စုတ်တသပ်သပ် ဖြစ်သွားခဲ့သည်။ အမည်ခံသူတော်စင်များကို ကိုင်တွယ်ဖြေရှင်းခဲ့စဥ် အချိန်ကပင် ထိုမျှလောက် ကြီးကျယ်ခမ်းနားမနေခဲ့ပေ။ ဓားချီက အင်းစက်များထပ်ပင် ပိုမိုများပြားနေခဲ့၏။

သို့ရာ၌ ဓားချီများ ကျဆင်းသွားသည့် အချိန်တွင် အရာအားလုံး ဖုန်မှုန့်ဖြစ်သွားခဲ့သည်။

“ ဟမ့် “

လုချန်ရှန်းသည် ချောက်ကမ်းပါးအရှေ့တွင် မတ်တပ်ရပ်နေခဲ့ပြီး ဖျက်စီးခံလိုက်ရသည့် အင်းစက်များကို ကြည့်ကာ အေးစက်စွာ နှာခေါင်းရှုံ့နေတော့၏။

တစ်ခုခု ပြောလိုက်တော့မည့် အချိန်၌ သူသည် ချောက်ကမ်းပါး၏ နံရံပေါ်တွင် ရှိနေသည့် ဖြူဖွေးသေးငယ်သော အကောင်လေးများကို ရုတ်တရက် သတိပြုမိသွားခဲ့သည်။ ဂရုတစိုက် ကြည့်ရှုစစ်ဆေးလိုက်ပြီးသည့်နောက်တွင် သူသည် တအံ့တဩဖြင့် စကားထပ်ပြောနေတော့သည်။

“ အာ အဲ့တာက သူတို့ရဲ့ အသိုက်ဟ။ အဲ့မှာ သူတို့ရဲ့ သားပေါက်လေးတွေ တကယ်ကြီး ရှိနေတာပဲ “

ရှောင်ဟေးမှာလည်း လှမ်းကြည့်လိုက်ကာ ၎င်းတို့ကို မြင်တွေ့သွားခဲ့သည်။

သို့ရာတွင် သူသည် ခေါင်းတခါခါဖြင့် ပြန်ပြောလိုက်သည် “ အဲ့တာက ဘာအသုံးဝင်လို့လဲ။ မင်းက သူတို့ကို အဲ့တာလေးတွေကို အသုံးချပြီးတော့ ခြိမ်းခြောက်မလို့လား။ အဲ့တာတွေက အသိစိတ် ဖွံ့ဖြိုးဖို့အတွက် တော်တော်ခက်တယ်။ အသုံးမဝင်ဘူး “

“ သူတို့ကို သုံးလို့မရဘူးဆိုရင် စားလို့ကော မရဘူးလား “

“ ဘာဖြစ်တယ် “

ရှောင်ဟေးသည် ထူထဲသိပ်သည်းသည့် အဖြူရောင် အင်းစက်လေးများကို ကြည့်ကာ ငြိမ်သက်သွားခဲ့သည်။

လုချန်ရှန်းကမူ ဆီထည့်ကာ ဒယ်အိုးတစ်လုံးကိုပင် ပြင်ဆင်ခဲ့ပြီးပြီဖြစ်သည်။ ဆီကျက်/ဆီပူသွားသည့် အချိန်တွင် သူသည် တစ်စုံကို ကောက်ယူကာ နူးညံ့ဆူဖြိုးသည့် အနက်ရောင် ကျောက်စိမ်းပျား သားလောင်းလေးများကို ညှပ်ယူကာ အိုးအတွင်းသို့ ပစ်ထည့်လိုက်၏။

လေထုအတွင်းတွင် ဆီပူသံတို့ဖြင့် ပြည့်နှက်သွားကာ ထူးခြာ့းသော မွှေးရနံ့တစ်ခု ပေါ်ထွက်လာခဲ့၏။

လုချန်ရှန်းသည် ရွှေရောင် ပျားလောင်းတစ်ကောင်ကို ကောက်ယူကာ ဝါးစားနေတော့သည်။ ကြွပ်ရွသော အသားက သူ့ကို ချက်ချင်း ဖမ်းစားသွားခဲ့ပြီး သူ၏စိတ်အတွင်းတွင် ထူးခြားကာ အံ့ဖွယ်ကောင်းသည့် စိတ်ခံစားချက်တစ်ခု လှိုက်တက်လာခဲ့သည်။

ရှောင်ဟေးက ၎င်းကို မျက်လုံးအပြူးသားဖြင့် စောင့်ကြည့်နေခဲ့၏။ ရနံ့က ဆွဲမက်ဖွယ်ကောင်းသော်လည်း သူက ၎င်းတို့ကို မယူစားခဲ့ပေ။

လုချန်ရှန်းကမူ များများစားလေလေ အရသာပိုရှိလေလေဟု ခံစားသွားခဲ့ရသည်။ သူသည် ရှောင်ဟေးကို ခေါ်ဆောင်ရန်ပါ မမေ့လျော့ခဲ့ပေ “ တူသုံးလေဟ။ ဘာကိစ္စ မစားရသေးတာလဲ။ ငှက်တွေက အင်းစက်တွေကို ကြိုက်တာ မဟုတ်ဘူးလား။ ဒီစကားပုံကရော ဘယ်လိုနေလဲ။ စောစောထတဲ့ငှက်က ပိုးကောင်ရတယ်။ နောက်ကျမှထရင် ဘာမှ မကျန်တော့ဘူးတဲ့ “

ရှောင်ဟေး : “ … “

သူသည် အဆိုပါ သားလောင်းအားလုံးကို အချိန်တစ်ခု ပေးကာ အကုန်အစင်ကြော်လှော်ခဲ့၏။ လုချန်ရှန်းသည် တူကို ချလိုက်သည့် အချိန်တွင် သူ၏ကြီးမြတ်သော လက်စားချေမှုက ပြီးဆုံးသွားပြီဟု ခံစားသွားခဲ့ရသည်။

ဝိညာဥ်ဝါးမျို အင်းစက်၏ သားလောင်းများ ကျန်ရှိနေသေးသည်။ သို့သော် သူကိုယ်တိုင်ကပင် ၎င်းတို့ကို ကုန်အောင် မစားနိုင်တော့ပေ။ ၎င်းတို့က ရုပ်ဆိုးနေရုံသာလျှင်မဟုတ်ဘဲ သူတို့၏နောက်ပိုင်းတွင် အမြှီးတစ်ချောင်းရှိနေခဲ့ပြီး ၎င်းတို့က သူ၏ အစာစားချင်စိတ်ကို ကြီးကြီးမားမား ထိခိုက်သွားစေခဲ့၏။

အဆုံးတွင် သူသည် ၎င်းတို့အားလုံးကို မီးရှို့ပြချလိုက်သည်။

သူသည် ၎င်းအား နောင်လာနောင်သားများကို အဆိပ်သင့်ခြင်းမှ ကယ်တင်ကာ အများအကျိုးအတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု မှတ်ယူလိုက်သည်။

သို့ရာတွင် လုချန်ရှန်း၏ သိလိုစိတ်များ ရှိနေသေး၏။ အနက်ရောင် ကျောက်စိမ်းပျားနဲ့ ဝိညာဥ်ဝါးမျို အင်းစက်တွေက ဘယ်အချိန်တုန်းက ဒီလောက်တောင် ဆက်ဆံရေး ကောင်းသွားရတာလဲဟ။ သူတို့ရဲ့ ကလေးတွေကိုတောင် အတူတူ ပျိုးထောင်နေကြတယ်ပေါ့။

ထိုစဥ် သူသည် အင်းစက်အုပ် ချဥ်းကပ်လာသည်ကို အာရုံခံမိသွားပြီး ရှောင်ဟေးကို ဆွဲခေါ်ကာ ထွက်သွားတော့သည်။

သူသည် မိုးကြိုးရေကန်ဆီသို့ ပြန်သွားချင်နေခဲ့သည်။ သို့သော် သူက မြန်မြန်ဆန်ဆန် ထွက်ပြေးလာခဲ့ရသောကြောင့် သူလာရာလမ်းကြောင်းကို မေ့လျော့သွားခဲ့သည်။ ထို့ကြောင့်ပင် ဤချိုင့်ဝှမ်းကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

သူသည် မိုးကြိုးရေကန်ကို ကြိုးစားအားထုတ်၍ ရှာဖွေနေခဲ့သည်။ သို့သော် အချိန်အတိုင်းအတာတစ်ခုအထိ ရုန်းကန်နေခဲ့ပြီးသည့်နောက်တွင် သူသည် ချိုင့်ဝှမ်းဆီသို့သာ ပြန်ရောက်သွားခဲ့သည်။

လုချန်ရှန်းသည် ရေအပြည့်ရှိနေသည့် ရေကန်ကို ငေးကြည့်နေရင်းဖြင့် မည်သို့မျှ မပေါ့ဆဝံ့ပေ။

ရှောင်ဟေးက စကားထပ်ပြောလာခဲ့၏ “ မင်းရဲ့ ခံနိုင်ရည်အားက ငါ့ထပ်ပိုမြင့်တယ်။ အဲ့တာကြောင့် မင်းအရင်သွားသင့်တယ် “

“ အိုကေ “

လုချန်ရှန်းသည် မည်သို့မျှ တွေဝေတုံ့ဆိုင်းမနေဘဲ ရေကန်အတွင်းသို့ ခုန်ဆင်းသွားကာ ထိုင်ချလိုက်သည်။

ဝင်ရောက်သွားသည့် အခိုက်အတန့်တွင် ယားကျိကျိဖြစ်သွားသည့် ခံစားချက်တစ်ခုက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်လာခဲ့၏။ လျှပ်စီးမိုးကြိုး အမြောက်အများ ဖြစ်တည်လာကာ သူ၏ခန္ဓာကိုယ်ဆီသို့ တိုးဝင်လာကြသည်။ အဆိုပါ စွမ်းအားသည် သူ၏ခန္ဓာကိုယ်အနှံ့အပြားသို့ စီးဆင်းသွားခဲ့သည်။

သို့သော် သူစတင်နေသည့် အချိန်မှာပင် အဝေးတစ်နေရာတွင် အင်းစက်အုပ်တစ်ခု ပေါ်ထွက်လာခဲ့၏။

“ နောက်ကျသွားပြီ “ လုချန်ရှန်းသည် ၎င်းကို အာရုံခံမိသွားကာ ရေကန်ကို ငေးကြည့်နေတော့သည်။ အဆုံးတွင် သူသည် အံကြိတ်ကာ ရေငုပ်နေတော့၏။

တစ်ချိန်တည်းမှာပင် အသံပလံများ ပေါ်ထွက်လာခဲ့ကာ ရေကန်အတွင်းရှိ ရေများက သိသာထင်ရှားသော အမြန်နှုန်းဖြင့် လျင်မြန်စွာ ပျောက်ကွယ်သွားပြီး အချိန်အတိုင်းအတာတစ်ခုအထိ ကြာခဲ့ပြီးသည့်နောက်တွင် လုံးဝပျောက်ကွယ်သွားခဲ့သည်။

ထပ်မံ၍ မော့ကြည့်လိုက်ရာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ထုံထိုင်းသွားခဲ့သည်။

အဝေးရှိ ကောင်းကင်ယံတွင် ကြီးမားသော အင်းစက်အုပ်တစ်ခု ဖုံးလွှမ်းနေလျက်ရှိကာ ချိုင့်ဝှမ်းဆီသို့ ပြေးဆင်းလာကြ၏။ ယခင်ကနှင့်ယှဥ်လိုက်မည်ဆိုပါက ၎င်းတို့က ပိုမိုများပြားကာ ပို၍ရက်စက်ကြမ်းကြုတ်နေလျက်ရှိ၏။

သူတို့နှစ်ဦးစလုံး ပြေးချင်နေကြသော်လည်း အင်းစက်များက နေရာအနှံ့ ရှိနေခဲ့ကာ မည်သည့်ပြေးပေါက်မှ မရှိတော့ပေ။

ထို့နောက်တွင် လုချန်ရှန်းက ရှောင်ဟေးကို ကြည့်ကာ စကားပြောလိုက်သည် “ ရှောင်ဟေး ငါ့ဆီမှာ သတင်းကောင်းနဲ့ သတင်းဆိုး ရှိတယ်။ ဘယ်ဟာကို အရင်ကြားချင်လဲ “

“ ဘာကြီးလဲ “ ဟု ရှောင်ဟေးက တုံ့ပြန်လိုက်၏။

လုချန်ရှန်းကမူ ၎င်းကို လျစ်လျူရှုထားကာ စကားဆက်ပြောနေတော့သည် “ သတင်းဆိုးကတော့ ငါတို့ဆီမှာ ပြေးစရာမြေမရှိတော့တာပဲ “

“ သတင်းကောင်းကရော ဘာလဲ “

“ အခုလေးတင် စစ်ဆေးခဲ့ပြီးပြီ။ ဝိညာဥ်ဝါးမျို အင်းစက်တွေထဲမှာ အင်းစက်ဘုရင် မရှိဘူး “

ရှောင်ဟေး : “ … “

--

………………………………………………………………………………………………………………………………………

All Chapters