← Chapters

အခန်း ၂၆၃

Vol. 18 Ch. 263

အခန်း ၂၆၃

Vol. 18 Ch. 263

အပိုင်း ( 263 )

အဘိုးကြီး

တစ်ချို့သော အကြောင်းအရင်းများကြောင့် ရှောင်ဟေး၏ အမူအရာက ငေးငေးငိုင်ငိုင်ဖြစ်နေလျက်ရှိ၏။ သို့သော် သူသည် ရုတ်တရက် မော့ကြည့်လာခဲ့သည်။

“ မင်းတို့က ဘာပြောချင်နေတာလဲ “

ရှောင်ဟေး၏ မျက်ဝန်းများ အနည်းငယ် ခါရမ်းသွားကာ သူ၏အတွေးများ ဖရိုဖရဲ ဖြစ်သွားခဲ့သည်။ သို့သော် ထိုလူနှစ်ဦး၏ စကားများကို ကြားလိုက်ရသောအချိန်တွင် သူသည် တစ်စုံတစ်ခုကို မှန်းဆမိသွားခဲ့သည်။

ချီယန်က တဟားဟား ရယ်မောနေတော့သည် “ အခုချိန်မှာ ငါတို့ပြောတာတွေက အရေးကြီးသေးလို့လား “

လျှပ်စီးကျီကပါ စကားထပ်ပြောလာခဲ့၏ “ အမှန်ပဲ။ ကိစ္စတွေက ဒီလိုဖြစ်လာပြီဆိုမှတော့ ဘာမှမလိုတော့ဘူး။ ဝိညာဥ်ဝါးမျို အင်းစက်နဲ့ အနက်ရောင် ကျောက်စိမ်းပျားတွေက မွေးရာပါ ဝိညာဥ်နယ်ပယ် ပညာရှင်တိုင်းကို ချေမှုန်းနိုင်တယ် “

သူ၏ စကားလုံးများက အနည်းငယ် ရှေးရိုးစွဲနေခဲ့၏။ ၎င်းတို့နှင့် ရင်ဆိုင်ရသောအခါတွင် ဟွာရှုနယ်ပယ် ပညာရှင်တစ်ဦးကပင် ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။ ဝိညာဥ်ဝါးမျို အင်းစက်များက အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ တစ်ကြိမ်မျှ ထိတွေ့သွားရုံဖြင့် ၎င်းတို့က အသွေးအသားနှင့် မှော်ပစ္စည်းများကို ကိုက်ဖြတ်နိုင်ပြီး ရှေးဦးဝိညာဥ်ကပင် အပြည့်အဝ ဝါးမျိုခံလိုက်ရမည် ဖြစ်သည်။

၎င်းတို့နှင့် ဆုံတွေ့ရခြင်းက မျှတသော တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မည် မဟုတ်ပေ။ အပြတ်အသတ် ရှုံးနိမ့်ခြင်း (သို့) ၎င်းတို့၏ အစာဖြစ်သွားခြင်းတို့သာ ဖြစ်ဖို့များ၏။

“ နောက်ဆုံးမှာ အခွင့်အလမ်းက ငါတို့အတွက်ပဲ ဖြစ်နေခဲ့တာ “

လျှပ်စီးကျီမှာ တပြုံးပြုံး ဖြစ်သွားခဲ့သည်။ မိုးကြိုးရေကန်၏ ဖန်တီးမှုက သူနှင့် ပြီးပြည့်စုံစွာ ကိုက်ညီနေလျက်ရှိပြီး သူ၏မိုးကြိုးတာအို နားလည်မှုကို နောက်တစ်ဆင့်အထိ မြှင့်တင်ပေးနိုင်ပေသည်။

ရှောင်ဟေးကမူ အေးစက်စွာ ပြန်ပြောလိုက်သည် “ မင်းတို့ကတောင် ဝိညာဥ်ဝါးမျို အင်းစက်တွေကို မကြောက်မှတော့ သူက ဘယ်လိုလုပ် ကြောက်နေမှာလဲ “

“ ဟက် “

ချီယန်က လှောင်ပြောင်နေတော့သည်။

လျှပ်စီးကျီ၏ လက်အတွင်းတွင် ကျောက်စိမ်းပုလွေတစ်ချောင်း ပေါ်ထွက်လာခဲ့၏။

“ အဲ့ဒီအခွင့်အလမ်းကို မင်းအတွက် ချန်ပေးခဲ့တာလို့ တကယ်ကြီး ထင်နေတာလားဟ။ တကယ်လို့ အဲ့လိုသာ ဖြစ်နေမယ်ဆိုရင် အင်းစက်အုပ်ကို မောင်းထုတ်နိုင်သည့် ဒီပုလွေက မင်းလက်ထဲမှာ ရှိနေရမှာပေါ့ဟ “

ချက်ချင်းဆိုသလိုပင် ရှောင်ဟေး၏ မျက်ဝန်းများ လှုပ်ခါသွားခဲ့သည်။ သူ၏ မျက်လုံးများ နီရဲသွားခဲ့သည်။

သူနားလည်သွားခဲ့ပြီ ဖြစ်သည်။ အစကတည်းက ဤကိစ္စတစ်ခုလုံးက လုချန်ရှန်းကို သတ်ဖြတ်ရန် ရည်ရွယ်ကာ ပြင်ဆင်ထားသော ထောက်ချောက်တစ်ခုဖြစ်သည်။ သူက လုချန်ရှန်းကို ထိုနေရာဆီသို့ ခေါ်ဆောင်သွားရမည့် နယ်ရုပ်တစ်ရုပ်မျှသာ ဖြစ်သည်။

“ မင်းတို့ ခွေးသူတောင်းစားတွေ “

ရှောင်ဟေးက အော်ဟစ်ဟိန်းဟောက်ကာ တောင်ကြားစမ်းချောင်းအတွင်းသို့ ဦးတည်သွားတော့သည်။ သူသည် အဆိုပါ ဟင်းလင်းပြင်အတွင်းသို့ ပြန်သွားချင်နေခဲ့၏။

ချီယန်နှင့် လျှပ်စီးကျီတို့မှာ နားမလည်နိုင် ဖြစ်သွားခဲ့သည်။ လုချန်ရှန်းအတွက် သေပေးမလို့လားဟ။

သူ့ထံတွင် လုချန်ရှန်းကို ကယ်တင်နိုင်စွမ်း ရှိမရှိကို မဆိုထားနှင့် အရာအားလုံးက နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ မွေးရာပါ ဝိညာဥ် အဆင့်၉ ပညာရှင်တစ်ဦးကပင် အင်းစက်အုပ်ကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

သူတို့နှစ်ဦးမှ အလွန်တရာ အေးဆေးတည်ငြိမ်နေလျက်ရှိ၏။ သေချင်တယ်ဆိုမှတော့ သွားပေါ့ကွာ။

သို့သော် ဟင်းလင်းပြင်အတွင်းမှ သွေးနီရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ကာ ဝင်ပေါက်ကို ပိတ်ဆို့သွားခဲ့သည်။ ချက်ချင်းဆိုသလိုပင် ရှည်သွယ်သွယ် ပုံရိပ်တစ်ခု ပေါ်လာခဲ့ပြီး ရှောင်ဟေး၏ အရှေ့တွင် မတ်တပ်ရပ်နေကာ ဝင်ပေါက်ကို ပိတ်ဆို့နေတော့၏။

၎င်းက အသက်လေးဆယ်အရွယ် လူတစ်ဦးဖြစ်ပြီး ချောမောသော အသွင်အပြင်ကို ပိုင်ဆိုင်ထားကာ အနက်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားခဲ့သည်။ သူပေါ်ထွက်လာသည့် အချိန်တွင် သတ်ဖြတ်လိုစိတ်တစ်ခုပါ လိုက်ပါလာခဲ့ကာ တစ်ကမ္ဘာလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။

“ အသူရာ တောင်ထွတ်သခင်ကို နှုတ်ဆက်ပါတယ် “

ချီယန်နှင့် လျှပ်စီးကျီတို့က တစ်ပြိုင်နက် ဦးညွတ်လိုက်ကြသည်။

ထိုလူက အသူရာတောင်ထွတ်သခင် ကျင်းဝူရွှေ့ပင် ဖြစ်သည်။

“မင်းတို့နှစ်ယောက် သွားလို့ရပြီ “ ဟူ ကျင်းဝူရွှေ့က တုံ့ပြန်လာခဲ့၏။

နှစ်ဦးစလုံး တုံ့ပြန်လိုက်ကာ ဟင်းလင်းပြင်ဆီသို့ ဦးတည်သွား၏။

ရှောင်ဟေးက ၎င်းကို စောင့်ကြည့်နေခဲ့သည်။ အစက အဆိုပါ အခွင့်အလမ်းက သူတို့နှစ်ဦး၏ လက်ထဲတွင်သာ ရှိနေခဲ့သည်။ သို့သော် သူက လုချန်ရှန်းကို မြှားထုတ်မည့် နယ်ရုပ်တစ်ခုသာ ဖြစ်နေခဲ့သည်။

“ မီထျန်း မင်းဘာလုပ်မလို့လဲ “

ထိုအချိန်တွင် နှစ်ဦးစလုံး တိတ်ဆိတ်ငြိမ်သက်နေလျက်ရှိ၏။ ကျင်းဝူရွှေ့က အရင်ဦးဆုံး စကားပြောလာခဲ့၏။ သူ၏လေသံက အေးစက်စက် ဖြစ်နေခဲ့ကာ စိတ်ခံစားများ လုံးဝကင်းမဲ့နေခဲ့သည်။ ၎င်းမှာ အသူရာလမ်းစဥ်ကို ကျင့်ကြံထားသောကြောင့် ဖြစ်သည်။

“ ကျုပ်သူ့ကိုသွားကယ်မလို့ “

ရှောင်ဟေးက မည်သို့မျှ တွေဝေတုံ့ဆိုင်းမနေခဲ့ပေ။

ကျင်းဝူရွှေ့က အေးအေးလူလူ ပြန်ပြောလိုက်သည် “ မင်းသူ့ကို မကယ်နိုင်ဘူး “

ရှောင်ဟေးကမူ မည်သို့မျှ မတုံ့ပြန်လိုက်ဘဲ အတင်းအကြပ် ဆက်သွားနေတော့သည်။

သွေးနီရောင် အလင်းတန်းတစ်ခု ဖြစ်တည်လာကာ သူ၏လမ်းကြောင်းကို ပိတ်ဆို့လာခဲ့သည်။

“ မင်းရဲ့ အနာဂတ်ကို သူ့ကိုကယ်ဖို့အတွက် တကယ်ကြီး စွ့န်လွှတ်ချင်နေတာလား “

“ ဘာအနာဂတ်လဲ “ ရှောင်ဟေးက အေးစက်စွာ ပြန်ပြောလိုက်သည်။

ကျင်းဝူရွှေ့က အေးအေးလူလူ တုံ့ပြန်လာခဲ့၏ “ မင်းက စမ်းသပ်မှုကို အောင်သွားပြီးတော့ အသူရာ တောင်ထွတ်ကို ဝင်ဖို့အတွက် အဆင့်မှီတယ်။ အခုအချိန်ကစပြီးတော့ ဒီကမ္ဘာပေါ်မှာရှိတဲ့ ဘယ်သူကမှ မင်းကို နှောင့်ယှက်နိုင်တော့မှာ မဟုတ်ဘူး “

“ စမ်းသပ်တာလား “ ရှောင်ဟေးသည် မယုံကြည်နိုင်ဖြစ်သွားသော အမူအရာမျိုးဖြင့် ပြန်ပြောလိုက်သည် “ စမ်းသပ်မှုဆိုတာက အဲ့တာကလား။ လုချန်ရှန်းရဲ့ အသက်ကို အသုံးချလိုက်တာလား “

“ အစကတည်းက လူတိုင်းက အသူရာတောင်ထွတ်ကို ဝင်ဖို့အတွက် အဆင့်မမှီဘူးလို့ ငါပြောခဲ့ပြီးသားလေ။ အသူရာလမ်းစဥ်က ခံစားချက်တွေ အကုန်လုံးကို ဖြတ်တောက်ပစ်ဖို့ လိုအပ်တယ်။ ကျင့်ကြံရေးအတွက်ပဲ ရှင်သန်ပြီးတော့ တာအိုအတွက်ပဲ လှုပ်ရှားရမယ်။ တာအိုနှလုံးသားကို နှောင့်ယှက်နိုင်တဲ့လူတိုင်းကို ရှင်းထုတ်ရမယ်။ အဲ့တာက တာအိုပဲ။ လုချန်ရှန်းရဲ့ သေဆုံးမှုက မင်းတာအိုလမ်းခရီးရဲ့ အစပဲ “

ကျင်းဝူရွှေ့က အေးစက်စက်သာဖြစ်နေခဲ့ပြီး မဟာတာအိုဟု ခေါ်ဆိုသည့်အရာအကြောင်းကို ရှင်းပြနေခဲ့၏။

သို့ရာတွင် ရှောင်ဟေး၏ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရမ်းသွားခဲ့သည်။

“ မင်းက ငါသဘောကျတဲ့လူပဲ။ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့ပြီးတော့ သတ်ဖြတ်ခြင်းကနေ တာအိုကို ဝင်နိုင်ခဲ့တယ်။ နှောင်ကြိုးအားလုံးကိုပါ ဖြတ်တောက်နိုင်ခဲ့တယ်။ အခုချိန်ကနေစပြီးတော့ မင်းက ဒီကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းလာလိမ့်မယ် “

သူ၏ စကားသံ ပြီးဆုံးသွားသည့်နောက်တွင် ရှောင်ဟေးက လှုပ်ရှားလာခဲ့သည်။

သူသည် ကျင်းဝူရွှေ့၏ဆိုလိုရင်းကို နားလည်နေခဲ့သည်။ အသူရာ လမ်းစဥ်ကို ကျင့်ကြံရန်အတွက် လူတစ်ဦးက အရေးကြီးသော အရာတော်တော်များများကို စွန့်လွှတ်ရမည် ဖြစ်သည်။

အစက ဖရိုဖရဲဖြစ်နေခဲ့သည့် သူ၏အတွေးအားလုံး ကြည်လင်ရှင်းလင်းသွားခဲ့သည်။ သူသည် ကျင်းဝူရွှေ့ကို မော့ကြည့်လိုက်ပြီး သူ၏မျက်ဝန်းများအတွင်းမှ သတ်ဖြတ်လိုစိတ်များ ပေါက်ထွက်လာခဲ့၏။

“ ခင်ဗျားက လုချန်ရှန်းကို သတ်ချင်နေရုံတင်ပဲ။ ကျုပ်က အခွင့်အလမ်းအကြောင်းကို သိရင် သူ့ကို ခေါ်သွားမယ်ဆိုတာကို ခင်ဗျားသိနေတယ်။ အရာအားလုံးက ခင်ဗျားရဲ့ တွက်ချက်မှုအောက်မှာ ရှိနေတာပဲ “

“ အမှန်ပဲ “ ကျင်းဝူရွှေ့က မည်သို့မျှ မငြင်းပယ်လိုက်ပေ။ ထို့အစား စကားဆက်ပြောနေတော့၏ “ ဒါပင်မဲ့ ငါရဲ့ တာအိုအမွေအနှစ်ကို မင်းကို တကယ်အမွေဆက်ခံစေချင်တယ် “

“ ကူချန်ကျွင်းကို မကြောက်ဘူးလား “

ကျင်းဝူရွှေ့သည် တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီးမှ စကားဆက်ပြောလာခဲ့သည် “ လုချန်ရှန်းရဲ့ သေဆုံးမှုက ဝိညာဥ်ဝါးမျို အင်းစက်တွေကြောင့်လေ ……. ငါနဲ့ဘာဆိုင်လို့လဲ “

“ ဟက် “

ရှောင်ဟေးက ဘာမှထပ်မပြောတော့ဘဲ သူ၏ဦးခေါင်းကိုသာ အသာအယာ ခါရမ်းနေတော့၏။

“ ဘာကိုဆိုလိုတာလဲ “

“ ဘာမှမဟုတ်ဘူး “

“ ငါမင်းကို တာအိုဆီ ဦးဆောင်ပေးခဲ့တယ်လေ။ မင်းက ငါ့ကို ကျေးဇူးမတင်ဘူးလား “ ကျင်းဝူရွှေ့က မေးခွန်းထုတ်လာခဲ့၏။

ရှောင်ဟေး၏ မျက်ဝန်းများအတွင်းတွင် သတ်ဖြတ်လိုစိတ်များ ထပ်မံ၍ သိပ်သည်းလာခဲ့သည် “ ကျုပ်က အဲ့လိုတာအိုကို ကျင့်ကြံမှာ မဟုတ်ဘူး “

“ ဒါပင်မဲ့ လုချန်ရှန်းက သေသွားပြီလေ။ ဘာထူးမှာမို့လို့လဲ “

ကျင်းဝူရွှေ့မှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ သူက ရှောင်ဟေးကို တန်ဖိုးထားနေသေးပုံရကာ ဆက်လက်၍ ဖြောင်းဖြချင်နေသေး၏။

၎င်းက သေလူတစ်ဦးသာလျှင် ဖြစ်သည်။ သို့သော် အသူရာလမ်းစဥ်ကမူ မရေမတွက်နိုင်လောက်သည်အထိ များပြားလွန်းလှသော သက်ရှိများက လိုလားတောင့်တနေကြသည့် အရာဖြစ်သည်။

သို့ရာတွင် ရှောင်ဟေးကမူ ပိတ်ဆို့ခံထားရသည့် ဝင်ပေါက်ကို ကြည့်ကာ စတင်၍ ရယ်မောနေတော့၏။ ထို့နောက်တွင် သူသည် ဖြည်းဖြည်းချင်း စကားဆက်ပြောနေတော့သည် “ တကယ်လို့ သူသေသွားမယ်ဆိုရင် ကျုပ်က ခင်ဗျားနဲ့ အဆုံးမဲ့ရန်ငြိုးဖွဲ့မယ်။ တကယ်လို့ အခုလက်ရှိ အချိန်မှာ ကျုပ်ခင်ဗျားကို မသတ်နိုင်ဘူးဆိုရင်တောင်မှ ကျုပ်ကျင့်ကြံမယ်။ အဲ့တာတောင် ခင်ဗျားကို မသတ်နိုင်ဘူးဆိုရင် ခင်ဗျားရဲ့ ချီနဲ့သွေးတွေ ခမ်းခြောက်သွားပြီးတော့ မတိုက်ခိုက်နိုင်လောက်အောင် ခွန်အားမဲ့သွားတဲ့ အချိန်အထိ စောင့်နေပြီးမှ ကျုပ်ခင်ဗျားကို သတ်မယ် “

ချက်ချင်းဆိုသလိုပင် ဟင်းလင်းပြင်တစ်ခုလုံး ကြောက်ခမမ်းလိလိ တိတ်ဆိတ်ငြိမ်သက်သွား၏။

ကျင်းဝူရွှေ့၏ အမူအရာပါ ပြောင်းလဲသွားခဲ့သည်။

“ အဲ့တာက ငါ့ကို ဒေါသထွက်သွားစေတာကို မင်းကို သိလား “

“ ခင်ဗျားက ကျုပ်ဒေါသထွက်အောင် အရင်လုပ်ခဲ့တာ “

“ ဒါဆိုရင် ငါ့ကို ဒေါသထွက်သွားစေတာရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို သိလား “ ကျင်းဝူရွှေ့၏ အသံမှာ လုံးဝအေးစက်သွားခဲ့သည်။

ရှောင်ဟေးကမူ ပြန်မဖြေလိုက်သကဲ့သို့ မည်သို့မျှ မတုံ့ပြန်လိုက်ပေ။

သို့သော် ထိုအခိုက်အတန့်တွင် မလှမ်းမကမ်းမှ တိုးညှင်းသော အသံတစ်သံ ပေါ်ထွက်လာခဲ့၏။

“ အဘိုးကြီး ငါ့ကို ဒေါသထွက်အောင် လုပ်တာရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို အရင်စဥ်းစားထားသင့်တယ် “

ဟမ်

ထိုအသံ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် အပေါ်သို့ အကြည့်နှစ်ခု ရုတ်တရက် ရောက်ရှိသွားခဲ့သည်။ ချောက်ကမ်းပါးအထက်ရှိ တောင်ထိပ်ပေါ်တွင် ပုံရိပ်တစ်ခု ထိုင်နေလျက်ရှိ၏။ အနည်းငယ် ပုံပျက်ပန်းပျက်ဖြစ်နေခဲ့သော်လည်း ၎င်းကပင် ထိုလူ၏ ချောမောမှုကို မဖုံးကွယ်ထားနိုင်ခဲ့ပေ။

“ လုချန်ရှန်း မင်းမသေဘူးပဲ “

ကျင်းဝူရွှေ့၏ အကြည့်များ ပြောင်းလဲသွားခဲ့သည်။

လုချန်ရှန်းက မတ်တပ်ထရပ်လိုက်သည်။ သူ၏ပတ်ပတ်လည်တွင် သတ်ဖြတ်လိုစိတ်တစ်ခု ဖွဲ့တည်လာခဲ့၏။ သူသည် ခြေတစ်လှမ်းလှမ်းကာ ထိုနေရာသို့ ချဥ်းကပ်သွား၏။

တကယ်လို့ ခင်ဗျားလှုပ်ရှားခဲ့မယ်ဆိုရင်တောင်မှ ကျုပ်သေမှာမဟုတ်ဘူး။ ခင်ဗျားက ကျုပ်ကို ဘယ်လိုတောင် အကွက်ဆင်နေရဲရတာလဲ။ ဒီကမ္ဘာမှာ မွေးဖွားလာမိတဲ့အတွက် နောင်တရသွားအောင် လုပ်ပေးမယ်။ ခင်ဗျားရဲ့ နတ်ဝိညာဥ် အပိုင်းအစနဲ့ စလိုက်ကြတာပေါ့ “

ကျင်းဝူရွှေ့သည် အံ့အားသင့်သွားခဲ့သော်လည်း အထင်တသေး တုံ့ပြန်လာခဲ့၏ “ မင်းကလား “

“ ကျုပ်တစ်ယောက်တည်းပဲ။ ဒီကမ္ဘာမှာ မွေးဖွားလာခဲ့မိတဲ့အတွက် နောင်တရသွားစေရမယ် “

လုချန်ရှန်းက အနားသို့ တိုးလာတော့၏။

ကျင်းဝူရွှေ့ကမူ ခေါင်းတခါခါဖြင့် ၎င်းက ရယ်စရာကောင်းသည်ဟုသာ မှတ်ယူထားခဲ့သည်။ သူ၏လက်ကို မြှောက်လိုက်ရာ သတ်ဖြတ်လိုစိတ်တစ်ခု ဖွဲ့တည်လာပြီး လုချန်ရှန်းကို နောက်သို့ တွန်းထုတ်ရန် ကြံရွယ်လိုက်သည်။

သို့ရာ၌ ထိုအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ရာ ဓားဆန္ဒတစ်ခု ပေါ်ထွက်လာကာ ဓားနှင့်အတူ မြင့်တက်လာခဲ့ပြီး မိုင်သုံးထောင်အထိ သွေးချောင်းစီသွားစေခဲ့၏။ ကျင်းဝူရွှေ့က မည်မျှပင် သန်မာအားကောင်းနေပါစေ သူက နတ်ဝိညာဥ် အပိုင်းအစလေးတစ်ခုမျှသာ ဖြစ်နေခဲ့သည်။

ထိုအခိုက်အတန့်တွင် သူသည် လုံးဝခုတ်ပိုင်းခံလုံက်ရကာ ပျောက်ကွယ်သွားခဲ့သည်။ မှော်ပညာနှင့် နည်းစနစ်အားလုံး ပြိုကွဲသွားခဲ့သည်။ တစ်ပြိုင်နက်ဆိုသလိုပင် သူ၏မူလကိုယ်မှာလည်း သူ၏နတ်ဝိညာဥ် အပိုင်းအစက ဖြတ်တောက်ခံလိုက်ရပြီဆိုသည်ကို အာရုံခံမိသွားခဲ့သည်။ သို့သော် မည်သည့်အရာများ ဖြစ်ပျက်ခဲ့လဲဆိုသည်ကို သူမသိပေ။

ရှောင်ဟေးကမူ လုချန်ရှန်းကို ကြည့်ကာ ထူးထူးခြားခြား စိတ်လှုပ်ရှားနေခဲ့ပြီး စကားပြောသည့် အချိန်တွင် အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။

“ လုချန်ရှန်း အဲ့ကိစ္စကို ငါမသိခဲ့ဘူး။ အခုလိုမျိုး ဖြစ်သွားလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး။ ငါ ……. “

လုချန်ရှန်းကမူ သူ၏လက်ကို ဝေ့ရမ်းလိုက်ကာ စိတ်မရှည်စွာဖြင့် ပြန်ပြောလိုက်သည် “ ကောင်းပြီ စကားပြောနေတာကို တော်လိုက်တော့။ ငါအားလုံး ကြားခဲ့ပြီးပြီ။ လာပြီးတော့ အသည်းနုပြမနေနဲ့။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ငါမင်းကို ရိုက်မယ် “

ရှောင်ဟေးကမူ ဘာမှထပ်မပြောတော့ဘဲ ပြုံးမိသွားခဲ့သည်။ ထိုစကားကို ကြားကာ ထိုလူကို အရှင်လတ်လတ် မြင်လိုက်ရသောကြောင့် သူအတော်ပင် ပျော်ရွှင်သွားခဲ့သည်။

--

……………………………………………………………………………………………………………………………………….

All Chapters