← Chapters

အခန်း ၂၆၄

Vol. 18 Ch. 264

အခန်း ၂၆၄

Vol. 18 Ch. 264

အပိုင်း ( 264 )

မင်းစိတ်ဝင်စားသွားတာလား။ အဲ့တာကို လိုချင်တာလား

တောင်ကြားစမ်းချောင်း၏ အရှေ့တွင် ရှောင်ဟေးမှာ အပြုံးတစ်ခုကို ဆင်မြန်းထားခဲ့သည်။

ယခင်က သူ၏အတွေးများ ဖရိုဖရဲဖြစ်နေခဲ့ပြီး အသူရာ တောင်ထွတ်သခင်က သူနှင့် လုချန်ရှန်းတို့၏ ခင်မင်ရင်းနှီးမှုကို အသုံးချကာ လုချန်ရှန်းအား အသေသတ်မည့် ထောက်ချောက်အတွင်းသို့ ကျဆင်းသွားစေလိမ့်မည်ဟု မည်သို့မျှ မမျှော်လင့်ထားခဲ့ပေ။

သူ၏နည်းလမ်းများက အတော်ပင် ပါးနပ်လွန်းလှပြီး ကံကြွေးတင်သွားစေခြင်း မရှိဘဲ သတ်ဖြတ်ကာ ကူချန်ကျွင်းကပင် သူ့ကို မည်သို့မျှ ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ပေ။

အကယ်၍ လုချန်ရှန်းက သေသွားရမည်ဆိုလျှင်‌တောင်မှ တောင်ကြားစမ်းချောင်းအတွင်းတွင် သေဆုံးသွားရမည်ဖြစ်ပြီး သူ့ကို ဓားတောင်ထွတ်သခင်က ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။ ထိုလူက ရှောင်ဟေး၏ ခန္ဓာကိုယ်ပေါ်တွင် နည်းလမ်းတစ်ခု ချန်ထားခဲ့သော်လည်း အစမှအဆုံးအထိ သူက လုချန်ရှန်းကို လက်ဖျားနှင့်ပင် မထိခဲ့ချေ။ ထို့ကြောင့် သူ့ကို မည်သို့မျှ ခြေရာခံနိုင်လိမ့်မည် မဟုတ်ပေ။ စုံစမ်းစစ်ဆေးခံရပါက သူက ရှောင်ဟေးကို ကာကွယ်ရန်အတွက်သာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆင်ခြေပေး၍ ရပေသည်။

အကယ်၍ ၎င်းက အလုပ်မဖြစ်ဘူးဆိုပါက ရှောင်ဟေးကို သတ်ဖြတ်လိုက်နိုင်ပေသည်။ ထိုနည်းလမ်းနှင့်သာဆိုပါက မည်သည့်မျက်မြင်သက်သေမှ ကျန်နေခဲ့မည် မဟုတ်ပေ။

လူများကို ဇဝေဇဝါ ဖြစ်စေသည့် တစ်ခုတည်းသော အရာမှာ အသူရာ တောင်ထွတ်သခင်က မည်သည့်အတွက်ကြောင့် လုချန်ရှန်းကို သတ်ချင်နေရလဲဆိုသည်ပင် ဖြစ်သည်။

ထိုအကောင်က နေရာအနှံ့ ပြဿနာရှာကာ ရန်သူများစွာ ပြုလုပ်ခဲ့သော်လည်း ကောင်းကင်ဘုံ အကယ်ဒမီ ပေါ်လာသည်မှာ တစ်နှစ်မျှသာ ရှိသေးပြီး သူပျောက်ဆုံးသွားခဲ့သည်မှာ တစ်နှစ်ကျော် ဖြစ်နေခဲ့ကာ သူတို့အကြားတွင် မည်သည့်ပတ်သက်ဆက်နွယ်မှုမှ မရှိချေ။

အကြောင်းအရင်းကို မည်သို့မျှ ရှာမရခဲ့ပေ။

“ သူက ဆရာနဲ့ ရန်ငြိုးရှိနေတာများလား။ သူက ငါ့လို ပါရမီရှင်တစ်ယောက်ကို မနာလိုဖြစ်နေတာလား။ ဒါမှမဟုတ် အဲ့ဒီမြင့်မြတ်နယ်မြေတွေနဲ့ ပေါင်းကြံပြီးတော့ ငါ့ကို အသေသတ်ချင်နေတာများလား “

လုချန်ရှန်းက တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည်။

ရှောင်းဟေးကမူ သူ၏ဦးခေါင်းကို ခါရမ်းပြလိုက်သည်။

ထို့နောက်တွင် လူနှစ်ဦးက တောင်ထိပ်ပေါ်သို့ ရောက်လာခဲ့ကာ တိတ်တဆိတ် ငုံ့ကြည့်နေကြတော့သည်။

ထိုစဥ် တောင်ကြားစမ်းချောင်း၏ ဝင်ပေါက်တွင် လှိုင်းဂယက်တစ်ခု ပေါ်လာခဲ့ပြီး ထိုနေရာမှ ပုံရိပ်နှစ်ခု ပြေးထွက်လာခဲ့၏။ ၎င်းက အစောပိုင်းအချိန်များအတွင်းက ထွက်သွားခဲ့သည့် ချီယန်နှင့် လျှပ်စီးကျီတို့ပင် ဖြစ်သည်။

သူတို့နှစ်ဦးစလုံးက ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေလျက်ရှိကာ သူတို့၏ ဝတ်စုံများက သေးငယ်သော အပေါက်လေးတို့ဖြင့် ပြွတ်သိပ်ပြည့်နှက်နေပြီး စုတ်ပြတ်သပ်နေသည့် အဝတ်စုများအဖြစ် ပြောင်းလဲသွားခဲ့သည်။

ချီယန်က လေထုအတွင်းတွင် မတ်တပ်ရပ်နေလျက်ရှိပြီး လက်မောင်းတစ်ဖက်တွင် သွေးများထွက်နေကာ အရိုးများပေါ်သည်အထိ ကိုက်ဖြတ်ခံထားရပြီး သူ့ခန္ဓာကိုယ်၏ တစ်ခြားသော အစိတ်အပိုင်းတို့တွင်လည်း အကြီး အသေး ဒဏ်ရာများစွာ ရှိနေခဲ့၏။

လျှပ်စီးကျီ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ရင်နေလျက်ရှိ၏။ သူ့ရင်ဘတ်ရှိ အသားအပိုင်းအစ အကြီးကြီး ပျောက်ဆုံးနေလျက်ရှိပြီး ကျောက်စိမ်းပုလွေကို ကိုင်ဆောင်ထားခဲ့သည်။ ၎င်းက အင်းစက်များကို မောင်းထုတ်ရမည်ဖြစ်သော်လည်း ယခုတွင်မူ တစ်ဝက်တိတိ ကျိုးပဲ့ပျက်စီးနေပြီဖြစ်သည်။

သူ့နောက်ကျောရှိ လှပ‌သော တောင်ပံတစ်စုံကပင် စုတ်ပြဲနေခဲ့ကာ အမွှေးများနှင့် အသွေးအသားတို့ ကပ်ညိနေသည့် အရိုးငှတ်တိုများကိုပင် မြင်တွေ့နေခဲ့ရသည်။

၎င်းကို မြင်လိုက်ရသောအခါတွင် ရှောင်ဟေးမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။

လုချန်ရှန်းကမူ ပို၍ပင် အံ့အားသင့်သွားခဲ့သည် “ သူတို့က မသေသေးဘူးလား။ သူတို့ဆီမှာ လှည့်ကွက်လေးတွေ ရှိနေတာပဲ “

အထဲရှိ အခြေအနေကို မည်သူကမှ သူ့ထပ် ပိုမသိနိုင်ပေ။

အင်းစက်အုပ်က ရူးသွပ်နေသည့်အလား ဖြစ်နေခဲ့ကာ လုံးဝထိန်းမရ သိမ်းမရ ဖြစ်နေခဲ့ပြီဖြစ်သည်။

လုချန်ရှန်းကိုယ်တိုင်ကပင် သန်မာလွန်းလှသော သူ၏ရုပ်ခန္ဓာနှင့် မိုးကြိုးစွမ်းအားတို့ကို မှီခို၍ သူ၏ ဓားဆန္ဒကို အကန့်အသတ်အထိ တွန်းအားပေးခဲ့ပြီးမှ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။ သူက အနည်းငယ် ပုံပျက်ပန်းပျက်ဖြစ်နေခဲ့သော်လည်း နိမ့်ပါးသော တန်ကြေးတစ်ခုဖြင့် ရှင်သန်နိုင်ခဲ့၏။

သို့ရာတွင် ၎င်းမှာ ထိုမျှကြီးမားသော ဆုံးရှုံးမှုကို ခံစားလိုက်ရသည့် သူ၏ ပထမဦးဆုံးအကြိမ်ဆိုလည်း ဟုတ်ပေသည်။ သူက ဝိညာဥ်ဝါးမျို အင်းစက်အုပ်၏ ကြောက်မက်ဖွယ်ကောင်းမှုကို ကိုယ်တိုင်ကြုံတွေ့ရင်ဆိုင်ခဲ့ရသည်။

သို့သော် ချီယန်နှင့် လျှပ်စီးကျီတို့ အသက်ရှင်လျက်ပြန်ရောက်လာခြင်းမှာ မထင်မှတ်ထားသော ကိစ္စတစ်ရပ်ဖြစ်သည်။

လျှပ်စီးကျီသည် သူ့ခန္ဓာကိုယ်ပေါ်တွင် စဥ်ဆက်မပြတ် ဖြစ်ပေါ်နေသည့် နာကျင်မှုကို ခံစားကြည့်နေရင်းဖြင့် ဟိန်းဟောက်နေတော့၏ “ ချီးပဲ။ လုချန်ရှန်းက အဲ့ဒီအင်းစက်အုပ်တွေ ထိန်းမရ သိမ်းမရဖြစ်သွား‌အောင် ဘာတွေလုပ်ခဲ့တာလဲ။ ကျောက်စိမ်းပုလွေကတောင် အသုံးမဝင်တော့ဘူး “

ချီယန်ကမူ သူ၏ဦးခေါင်းကို ခါရမ်းနေတော့သည်။ ယခုလက်ရှိအချိန်မှာပင် သူ့ထံတွင် အကြောက်တရားများ ကပ်ညိနေသေး၏။

သူသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်မှ စကားပြန်ပြောလိုက်သည် “ ဒါပင်မဲ့ အဲ့လိုစုဖွဲ့မှုနဲ့ဆိုရင် သူဘယ်လိုမှ အသက်မရှင်နိုင်ဘူး။ အနှေးနဲ့အမြန်ဆိုသလို အင်းစက်တွေက အရာရာတိုင်းကို ဝါးမျိုသွားလိမ့်မယ်။ ငါတို့က အခွင့်အလမ်းကို မရခဲ့ရုံတင်မဟုတ်ဘူး အစားထိုး အဆောင်ကိုပါ သုံးခဲ့ရတယ် “

သူတို့၏ နားလည်မှုများအရ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၉ ပညာရှင်က မည်မျှပင် သန်မာအားကောင်းနေခဲ့ပါစေ သူတို့နှစ်ဦးထပ် ပိုမိုသန်မာနေလိမ့်မည် မဟုတ်ပေ။ သူတို့ကိုယ်တိုင်ကပင် ကပ်ဘေးမှ ပွတ်ကာသီကာ လွတ်မြောက်လာရန်အတွက် အစားထိုးအဆောင်ကို အသုံးပြုခဲ့ရ၏။

အကယ်၍ သူတို့ကပင် ထိုကဲ့သို့ဖြစ်နေမည်ဆိုပါက လုချန်ရှန်းက မည်ကဲ့သို့ လွတ်မြောက်နိုင်မည်နည်း။

“ သူက တကယ်ကို သတ်ရခက်တယ်။ တန်ကြေးကြီးကြီး ပေးဆပ်လိုက်ရတယ် “ လျှပ်စီးကျီသည် မလိုလားမှုတို့ဖြင့် ပြည့်နှက်နေသော အကြည့်များဖြင့် အံတကြိတ်ကြိတ် ဖြစ်သွားခဲ့သည်။

ချီယန်ကမူ ကိုယ့်ကိုကိုယ် တည်ငြိမ်သွားစေလိုက်ကာ တုံ့ပြန်လိုက်၏ “ စကားများနေတာက အသုံးမဝင်ဘူး။ ဒဏ်ရာတွေကို မြန်မြန်ပျောက်အောင် လုပ်ရမယ်။ ငါတို့က နတ်အမွေအနှစ်ကို ရမှဖြစ်မယ် “

“ အင်း “

လူနှစ်ဦးသည် ခေါင်းတငြိမ့်ငြိမ့်ဖြစ်သွားကာ ဤနေရာမှ ကြောက်ကြောက်လန့်လန့်ဖြင့် ထွက်သွားကြသည်။

လုချန်ရှန်းကမူ ထိုမြင်ကွင်းကို စိတ်ဝင်တစား စောင့်ကြည့်နေလျက်ရှိ၏။

ရှောင်ဟေးက စကားပြောလာခဲ့သည် “ သွားကြစို့ “

“ မလောပါနဲ့။ မင်းက ငါ့ကို ဒီနေရာမှာ ခဏလောက် စောင့်နေလိုက် “

“ ဟမ် “

ရှောင်ဟေးမှာ မျက်မှောင်ကြုတ်သွားခဲ့သည်။

လုချန်ရှန်းကမူ လူသူကင်းမဲ့သော နေရာတစ်ခုဆီသို့ ရောက်ရှိသွားခဲ့သည်။ ရှောင်ဟေး၏ အကြည့်အောက်တွင် ထူးခြားသော မည်သည့်စွမ်းအင်လှိုင်းမှ မရှိဘဲ နဂါးဟိန်းသံကဲ့သို့သော အသံတစ်သံကိုသာ ကြားလိုက်ရ၏။

ဝေါင်းးးးးးးးး

အချိန်အတိုင်းအတာတစ်ခုအထိ ကြာခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းက ဘူးသီးခြောက်တစ်လုံးကို ကိုင်ဆောင်၍ ပြန်ရောက်လာခဲ့၏။

“ မင်းဒဏ်ရာရထားတာလား “

“ နည်းနည်းပေါ့ “

ရှောင်ဟေးက ခေါင်းငြိမ့်ပြန်လိုက်၏။ ထို့နောက်တွင် သူသည် လုချန်ရှန်းက ယခုလေးတင် ဘာသွားလုပ်ခဲ့လဲဆိုသည်ကို နားလည်သွားခဲ့သည်။ ထိုအကောင်က သူ့အရှေ့တွင် လုပ်ဆောင်ရမည်ကို ရှက်ရွံ့သည့်အတွက် မမြင်ကွယ်ရာတွင် သွေးသွားအန်ပုံရ၏။

မည်သို့ပင်ဆိုစေကာမူ ထိုလူက လွတ်မြောက်ရန်အတွက် ဝိညာဥ်ဝါးမျိုအင်းစက်အုပ်နှင့် တိုက်ခိုက်ခဲ့ရ၏။

ထိုလူက သူ၏မျက်ကို အလွန်တရာ ဂရုစိုက်သောကြောင့် ထိုကဲ့သို့ ပြုလုပ်နေသည်မှာ နားလည်၍ရပေသည်။

သို့ရာ၌ လုချန်ရှန်းက ဘူးသီးခြောက်တစ်လုံးကို လက်လွှဲပေးလာခဲ့သည့် အချိန်တွင် ရှောင်ဟေးက ဇဝေဇဝါဖြင့် မေးခွန်းထုတ်လိုက်၏ “ ဒါက ဘာလဲ “

“ မိုးကြိုးရေကန်ထဲက ရေလေ “

“ မင်းက တကယ်ကြီး ယူလာနိုင်ခဲ့တာပဲ “ ရှောင်ဟေးမှာ တအံ့တဩဖြစ်သွားခဲ့သည်။ သူကျရှုံးခဲ့တာ မဟုတ်ဘူးလားဟ။

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ အရေးကြီးတဲ့ အခိုက်အတန့်မှာ အဲ့တာကို ထုတ်လာနိုင်ခဲ့တယ်လေ “

“ မင်းက အဲ့တာကို ဘယ်လိုလုပ်ခဲ့တာလဲ “

“ မမေးနဲ့ “

“ အို့ “ ရှောင်ဟေးက ခေါင်းငြိမ့်ပြလိုက်ကာ ထပ်မံ၍ မေးမြန်းနေတော့၏ “ အဲ့တာက တကယ့်အခွင့်အလမ်းကြီးတစ်ခုပဲ။ တကယ်လို့ ငါကသာ အဲ့တာတွေကို နေ့တိုင်းဝါးမျိုနိုင်မယ်ဆိုရင် ငါက မိုးကြိုးတာအိုကို နည်းနည်းလောက် နားလည်သွားနိုင်တယ် “

“ မဟုတ်ဘူး “

ထိုစကားကို ကြားလိုက်ရသည်နှင့်တစ်ပြိုင် လုချန်ရှန်းသည် ကြောက်မက်ဖွယ်ကောင်းသည့် အဆိုပါ အကြံအစည်ကို ချက်ချင်းတားဆီးလိုက်၏။

“ ဘာဖြစ်လို့လဲ “

“ မမေးနဲ့။ ငါ့ရဲ့ ကိုယ်ရေးကိုယ်တာ အကြံပြုချက်အရ မင်းက အဲ့တာကို အပြင်ပိုင်းအတွက်ပဲ သုံးရမယ်။ အတွင်းပိုင်းကတော့ မရှိမဖြစ်လိုအပ်တာမျိုး မဟုတ်ရင် လုံးဝမစမ်းသပ်ကြည့်နဲ့ “

ရှောင်ဟေးမှာ ဇဝေဇဝါဖြင့် နားမလည်နိုင် ဖြစ်သွားခဲ့သည်။

လုချန်ရှန်းက ပြဿနာရှာတတ်ကာ စရိုက်က သိပ်မကောင်းသော်လည်း ရှောင်ဟေးက သူ့ကို ယုံကြည်နေသေး၏။

“ ဒီနေရာကနေ အရင်ထွက်သွားကြတာပေါ့ “ ဟု ရှောင်ဟေးက စကားထပ်ပြောလိုက်သည်။

“ မသွားသေးဘူး။ လုပ်စရာ ရှိသေးတယ် “ ဟု လုချန်ရှန်းက တုံ့ပြန်လိုက်၏။ သူသည် တစ်ခဏခန့် တွေးတောစဥ်းစားကာ စကားထပ်ဖြည့်ပြောလိုက်သည် “ အို့ ငါမင်းကို မေးဖို့မေ့နေတာ။ မင်းက အမွေအနှစ်ကိုးခုထဲက ဘယ်တစ်ခုကို လိုချင်တာလဲ “

“ ဘယ်တစ်ခုကို လိုချင်တာလဲ ဟုတ်လား။ တစ်ခုရတာကတင် အတော်လေး ကောင်းနေပြီလေ။ ရွေးနေဖို့ လိုအပ်လို့လားဟ “

“ တစ်ခုသာ ရွေးလိုက်စမ်းပါ “

လုချန်ရှန်းသည် ထိုကဲ့သို့ တုံ့ပြန်လိုက်ကာ လှည့်ထွက်သွားတော့သည်။

ထို့နောက်၌ သူသည် ရှောင်ဟေး၏ မယုံကြည်နိုင်ဖြစ်နေသော အကြည့်များအောက်မှာပင် တောင်တန်းကိုးခုကို ကျော်ဖြတ်ကာ အမွေအနှစ် ကိုးခုစလုံးကို ထုတ်ယူလိုက်၏။

ဖြစ်စဥ်တစ်ခုလုံးမှာ အလွန်တရာ ချောမွေ့နေကာ မည်သည့်အတားအဆီးမှ မရှိပေ။

သူသည် အမွေအနှစ်ကိုးခုကို ‌ရှောင်ဟေးအရှေ့တွင် ချပေးထားကာ ရွေးချယ်ခွင့်ပြုလိုက်၏။

“ မင်းက အဲ့တာကို ဘယ်လိုလုပ်လိုက်တာလဲ “

လုချန်ရှန်းက အေးအေးလူလူ ပြန်ပြောလိုက်သည် “ မင်းယုံမှာတော့ မဟုတ်ဘူး။ ဒါပင်မဲ့ ငါဒီကို ရောက်လာတာနဲ့ သူတို့က ငါ့ဆီကို ပြေးလာကြပြီးတော့ ငါ့နောက်ကို လိုက်ဖို့အတွက် အတင်းအကြပ် ကပ်တွယ်နေခဲ့ကြတာ “

ရှောင်ဟေး : “ … “

ငါ့ကို အရူးများမှတ်နေတာလားဟ။

အဲ့တာကို သရဲပဲ ယုံလိမ့်မယ်။

လုချန်ရှန်းမှာ သူ့မျက်ဝန်းများအတွင်းတွင် ရှိနေသည့် မူမမှန်သော အကြည့်ကို သတိပြုမိသွားခဲ့သည်။ သို့သော် သူသည် ဘာမှထပ်မပြောလိုက်ပေ။ ရှေးခေတ်ကတည်းက နက်ရှိုင်းသော ဆက်ဆံရေးများက တာရှည်မခံခဲ့ဘဲ လိမ်ညာမှုများကသာလျှင် စိတ်နှလုံးသားများကို အနိုင်ရသွားခဲ့သည်။ ၎င်းက သူ့ကို အတော်ပင် ကူရာကယ်ရာမဲ့သွားစေခဲ့၏။

အားလုံးက စမ်းသပ်မှုများကို ထပ်ခါတလဲလဲ ကျော်ဖြတ်ခြင်း အမွေအနှစ်နှင့် အခွင့်အလမ်းများကို ရှာဖွေခြင်းတို့ဖြင့် အလုပ်များနေစဥ် အချိန်တွင် သူတို့နှစ်ဦးက ထွက်ပေါက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ရှောင်ဟေးက အပြင်ထွက်ရန်ပြင်လိုက်သည့် အချိန်မှာပင် လုချန်ရှန်း၏ ဆွဲယူခြင်းကို ခံလိုက်ရ၏။

“ ငါတို့က ဘာလုပ်မလို့လဲဟ “

ရှောင်ဟေးက လုချန်ရှန်းကို ကြည့်ကာ မေးမြန်းလိုက်သည်။

သို့ရာတွင် လုချန်ရှန်းကမူ ရှောင်ဟေးကို အပေါ်အောက် စုံချည်ဆန်ချည် ကြည့်ရှုစစ်ဆေးကာ သူ၏မေးစေ့ကို အဆက်မပြတ် ပွတ်နေတော့၏။

“ ရှောင်ဟေး ငါအတည်ပြုချင်တဲ့ မေးခွန်းတစ်ခုရှိတယ် “

“ ဘာမေးခွန်းလဲ “ ရှောင်ဟေးမှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

ထိုလုပ်ရပ်က သူ့ကို အနည်းငယ် စိတ်ရှုပ်ထွေးသွားစေခဲ့၏။

လုချန်ရှန်းက စကားထပ်ပြောနေတော့သည် “ အသူရာလမ်းစဥ်က တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေနိုင်တဲ့ သတ်ဖြတ်ခြင်း စွမ်းအားကို ပိုင်ဆိုင်ထားတယ်လေ။ အဲ့တာကို ကျင့်ကြံနိုင်တာနဲ့ အဲ့တာက အတိတ်နဲ့ အနာဂတ်ကို မလွှမ်းမိုးနိုင်ဘူးဆိုပင်မဲ့ အဆင့်တူတွေထဲမှာ သေချာပေါက်ကို အကောင်းဆုံးဖြစ်နေမှာပဲ။ မိုးကြိုးတာအိုနဲ့ ဓားတာအိုတွေနဲ့တောင် ယှဥ်နိုင်မှာပဲ “

“မင်းက အဲ့တာတွေကို ဘာဖြစ်လို့ ပြောနေရတာလဲ “

ရှောင်ဟေးမှာ နားမလည်နိုင်ဖြစ်နေသေး၏။ အဲ့တာတွေ အကုန်လုံးကို ငါသိပြီးသားလေ။ ဘာကိစ္စ အဲ့တာတွေကို ပြောနေရတာလဲဟ။

လုချန်ရှန်းက စကားဆက်ပြောနေတော့၏ “ ဆိုတော့ မင်းက စိတ်ဝင်စားသွားလား “

“ ငါက ဘယ်လိုလုပ် စိတ်မဝင်စားပဲ နေမှာလဲဟ “

“ အဲ့တာဆိုရင် အဲ့တာကို မင်းလိုချင်လား “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှောင်ဟေးမှာ အေးခဲတောင့်တင်းကာ ကြက်သေသေသွားခဲ့သည်။

--

………………………………………………………………………………………………………………………………………

All Chapters