← Chapters

အခန်း ၂၆၅

Vol. 18 Ch. 265

အခန်း ၂၆၅

Vol. 18 Ch. 265

အပိုင်း ( 265 )

ပြဿနာကြီးလား

နတ်ဘုရားတို့၏ ဂူဗိမာန်နယ်မြေအတွင်းတွင် အင်အားစုအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေလျက်ရှိ၏။

အခွင့်အလမ်းများ ရှာဖွေခြင်းနှင့် အမွေအနှစ်များ ရယူခြင်းတို့ဖြင့် အလွန်တရာ အလုပ်များနေခဲ့၏။

အားလုံးက အသည်းအသန်လှုပ်ရှားနေသည့် အချိန်တွင် ရှောင်ဟေးက ကြီးမားသော ယဇ်ပုလ္လင်တစ်လုံးပေါ်တွင် ပေါ်ထွက်လာခဲ့၏။

ဤနေရာ၏ ပတ်ပတ်လည်တွင် မည်သူမှ မရှိပေ။ မည်သူကမှ မထွက်လာသေးပေ။

သူသည် လမ်းကြောင်းအတိုင်း လျှောက်လှမ်းသွားကာ အဝေးသို့ ဦးတည်သွားတော့သည်။ သူ၏နောက်ကျောက စိတ်အားထက်သန်မှုနှင့် စိတ်ဝိညာဥ်ကင်းမဲ့သည့်ပမာ အထီးကျန်ဆန်သည့် အရိပ်အငွေ့များကို သယ်ဆောင်ထားခဲ့သည်။ ခေါင်းငုံ့၍ အရှေ့သို့ အဆက်မပြတ် ရွေ့လျားနေကာ အချိန်အတိုင်းအတာတစ်ခုအထိ လမ်းလျှောက်နေခဲ့ပြီးမှ အမြင်အာရုံအတွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

“ အဲ့ဒီယဲ့မီထျန်းက ဒီအချိန်ကြီးမှာ တကယ်ကြီး ထွက်လာခဲ့တယ်ပေါ့ “

“ အထဲမှာ ဘာတွေဖြစ်ခဲ့တာလဲဟ “

အဝေးရှိ တောင်ထိပ်ပေါ်တွင် အစွမ်းထက် ပညာရှင်များစွာ ရှိနေခဲ့ပြီး သူတို့က ရှောင်ဟေးပေါ်ထွက်လာမှုကို စောင့်ကြည့်ရင်းဖြင့် စူးစမ်းလေ့လာနေကြတော့သည်။

တစ်စုံတစ်ဦးက စကားဝင်ပြောလာခဲ့၏ “ တကယ်တော့ သူက တစ်ခုခုကို ကြုံတွေ့ခဲ့ရနိုင်တယ် “

“ သူဘာတွေ ကြုံခဲ့ရလဲဆိုတာကို ငါမသိဘူး။ ဒါပင်မဲ့ သူ့ကြည့်ရတာတော့ သူက အရေးကြီးတဲ့ အရာတစ်ခုကို ဆုံးရှုံးသွားရသလိုမျိုး စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ပုံပဲ “

လူတော်တော်များများသည် စောင့်ကြည့်ရုံသာ စောင့်ကြည့်နေခဲ့ပြီး ဘာမှထပ်မပြောကြတော့ပေ။

တောင်ထွတ်ခုနစ်ခုအနက်မှ တစ်ခုဖြစ်သည့် အသူရာတောင်ထွတ်ပေါ်တွင် ပုံရိပ်တစ်ခုက စိတ်ခံစားချက် ကင်းမဲ့နေသည့် အမူအရာမျိုးဖြင့် တိတ်တဆိတ် ငေးမောနေလျက်ရှိပြီး သူ၏မျက်ဝန်းများအတွင်းတွင် အေးစက်မှုနှင့် သတ်ဖြတ်လိုစိတ်တို့သာ ရှိနေခဲ့၏။

ထိုလူက ကျင်းဝူရွှေ့ပင် ဖြစ်သည်။ သူသည် ရှောင်ဟေးကို ငေးကြည့်နေရင်းဖြင့် မည်သည့်အရာများ ဖြစ်ပျက်ခဲ့လဲဆိုသည်ကို အကြမ်းဖျင်းနားလည်သွားခဲ့သည်။ သို့သော် သူသည် သူ၏ နတ်ဝိညာဥ် အပိုင်းအစက မည်သည့်အတွက်ကြောင့် ပျောက်ကွယ်သွားလဲဆိုသည်ကို နားမလည်နိုင်ဖြစ်သွားခဲ့သည်။

၎င်းက နတ်ဘုရားတို့၏ ဂူဗိမာန်နယ်မြေအတွင်းတွင် သူချန်ထားခဲ့သည့် ဝိညာဥ်စွမ်းအားဖြစ်သည်။ တိတိကျကျ ပြောရမည်ဆိုပါက မွေးရာပါ ဝိညာဥ်အဆင့်၉ ပညာရှင်တစ်ဦးကပင် ၎င်းကို ထိခိုက်ပျက်စီးသွားအောင် ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် ၎င်းက ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

ရှောင်ဟေးကမူ စိတ်လွတ်နေပုံရကာ လမ်းလျှောက်နေသည့် ဇွန်ဘီတစ်ကောင်အလားဖြစ်နေခဲ့ပြီး သူမည်မျှကြာရှည်သည်အထိ လမ်းလျှောက်နေခဲ့လဲဆိုသည်နှင့် သူမည်သည့်နေရာသို့ ရောက်ရှိနေလဲဆိုသည်ကို မသိပေ။

လောင်လျူကပင် ထိုသတင်းကို ကြားကာ အလောတကြီး ပြေးလာခဲ့ပြီး ကြည့်ရှုစစ်ဆေးခဲ့သော်လည်း မည်သည့်အဖြေကိုမှ ပြန်မရခဲ့ပေ။

“ ဘာဖြစ်တာလဲ။ ချင်းကြီးကရော “

“ လုချန်ရှန်း ………. “

ထိုအချိန်တွင် ရှောင်ဟေးက တိတ်ဆိတ်ငြိမ်သက်သွား၏။

သိပ်မကြာခင် အချိန်မှာပင် ပုံရိပ်များက ဟင်းလင်းပြင်အတွင်းမှ ထွက်ခွာလာကြသည်။ တစ်ဦးချင်းစီတိုင်းက အခွင့်အလမ်းတစ်ခုစီ ရရှိခဲ့ကြသည်။

သို့သော် မည်သူကမှ အမွေအနှစ်ကို မရရှိခဲ့သောကြောင့် လူတိုင်း အံ့ဩတကြီးဖြစ်သွားခဲ့ရသည်။ အမွေအနှစ်ကိုးခုက မည်သို့မျှ မလှုပ်ရှားလာခဲ့ပေ။

“ ပါရမီရှင်တွေ အများကြီး ရှိနေတာတောင်မှ တစ်ခုတစ်လေတောင် မရခဲ့ဘူးပေါ့ “

“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ လျှပ်စီးကျီ ပိုင်ပိုင်ဟီ ချီယန်နဲ့ တစ်ခြားလူတွေက အမွေအနှစ်တွေကို အရယူနိုင်တယ်လေ။ သူတို့က အဲ့တာတွေကို ဘယ်လိုလုပ် လက်လွှတ်ခဲ့ရတာလဲဟ “

လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြ၏။

အားလုံး ထွက်ခွာလာခဲ့ပြီဖြစ်သောကြောင့် နတ်ဘုရားတို့၏ ဂူဗိမာန်နယ်မြေ ပျောက်ကွယ်သွားခဲ့သည်။ ၎င်း၏ နောင်လာမည့် ဖွင့်လှစ်မှုက နောင်တစ်ခေတ်တွင် ဖြစ်လာလိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင် အရာအားလုံး ကွဲပြားနေလောက်ပြီဖြစ်ပြီး မထင်မှတ်ထားသော ကိစ္စတစ်ခုခုသာ မပေါ်လာခဲ့ဘူးဆိုပါက ယခုလက်ရှိအချိန်တွင် ရှင်သန်နေခဲ့သည့် သက်ရှိများက ကမ္ဘာမြေအတွင်းတွင် မြှုပ်နှံခံလိုက်ရပြီဖြစ်သည်။

တစ်စုံတစ်ဦးသည် လုချန်ရှန်းကို အစမှအဆုံးအထိ မမြင်တွေ့ခဲ့ရသောကြောင့် အံ့ဩတကြီး ဖြစ်သွားခဲ့သည်။

သတင်းများ ရောက်ရှိလာကာ အရာအားလုံး ပေါ်ထွက်လာခဲ့၏။ လုချန်ရှန်းက ဝိညာဥ်ဝါးမျို အင်းစက်အုပ်နှင့် ရင်ဆိုင်ခဲ့ရ၏။ လျှပ်စီးကျီနှင့် တစ်ခြားလူတစ်ဦးကပါ အမှန်တရားကို ပြောပြခဲ့ကြသည်။ လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်။

တစ်ပြိုင်နက်ဆိုသလိုပင် ဓားတောင်ထွတ်အထက်ရှိ ကောင်းကင်ယံတွင် အားကောင်းသော အရှိန်အဝါတစ်ခု ဖုံးလွှမ်းလာခဲ့ကာ ကောင်းကင်ဘုံကို ထိုးဖောက်ကာ ကမ္ဘာမြေကို ပိုင်းဖြတ်လိုက်သည့်အလား ဖြစ်နေသည့် ပြိုင်ဘက်ကင်း ဓားဆန္ဒတစ်ခု ပေါ်ထွက်လာခဲ့၏။

လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားသည်။ ၎င်းက ကြောက်မက်ဖွယ်ရာ ဓားဆန္ဒတစ်ခု အဆုံးမဲ့ လည်ပတ်လိမ်ယှက်နေသည့် ဓားတောင်ထွတ်သခင်၏ အရှိန်အဝါဖြစ်သည်။

၎င်းက ကောင်းကင်ဘုံ အကယ်ဒမီအတွင်းတွင် တံခါးပိတ် ကျင့်ကြံနေသူများကိုပင် လှုပ်ခတ်သွားစေခဲ့၏။

“ ဓားတောင်ထွတ်သခင်က ဘယ်လိုလုပ် အဲ့လိုဖြစ်သွားရတာလဲ “

တစ်စုံတစ်ဦးက ဇဝေဇဝါဖြင့် မေးမြန်းလာခဲ့၏။

အဘိုးအိုတစ်ဦးက ပြန်ပြောလိုက်သည် “ လုချန်ရှန်း သေသွားပြီလေ “

“ ပြီးတော့ရော “

“ ဒီတစ်ခေါက် သူပေါ်လာတဲ့ အချိန်တုန်းက သူသည် ဒေသလေးခုစလုံးမှာ လိုက်ရှာနေခဲ့ပင်မဲ့ လုချန်ရှန်းတစ်ယောက်တည်းကပဲ သူ့ရဲ့ မျှော်မှန်းချက်တွေနဲ့ ကိုက်ညီခဲ့တာလေ။ သူက ဓားတောင်ထွတ်ရဲ့ အမွေအနှစ်ကို အဲ့လူဆီ လက်ဆင့်ကမ်းချင်နေခဲ့တာလေ။ ဒါပင်မဲ့ အဲ့လူက သေသွားပြီ “

“ အဲ့တာက …… “

အရပ်မျက်နှာလေးခုစလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

သို့သော် စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိခဲ့ပြီးသည့်နောက်တွင် တစ်စုံတစ်ဦးက စကားထပ်ပြောလာခဲ့၏ “ အဲ့တာဆိုရင် ငါတို့က နောက်ထပ်အခွင့်အလမ်းတစ်ခု ထပ်ရလာတာ မဟုတ်ဘူးလား။ အခွင့်အရေးက ကျဥ်းမြောင်းတယ်ဆိုပင်မဲ့ ဘာမှမရှိတာထပ်တော့ ပိုကောင်းတယ်လေ “

“ ဟမ် “

တစ်စုံတစ်ဦးက ထိုစကားကို ထုတ်ပြောလာခဲ့သည့် အချိန်တွင် လူတိုင်း သတိပြန်ဝင်သွားကြသည်။

သို့ရာတွင် သူတို့က ထိုအကြောင်းကို တွေးတောစဥ်းစားနေသည့် အချိန်မှာပင် တစ်စုံတစ်ဦးက ထိုနေရာသို့ အရင်ဦးဆုံး ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

လောင်လျူက ဝူယွမ်ကျီဆိုသည့် အမည်ဝှက်ကို အသုံးပြု၍ ဓားတောင်ထွတ်ဆီသို့ ဦးတည်လာခဲ့ကာ လမ်းတစ်ဝက်အရောက်တွင် ဝမ်းနည်းဟန်ဆောင်၍ အော်ဟစ်ငိုကြွေးနေခဲ့ပြီး လုချန်ရှန်း၏ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးသည့်အနေဖြင့် ဓားတောင်ထွတ်ကို လက်လွှဲယူကာ အမွေအနှစ်ကို လက်ခံမည်ဟု ကြွေးကြော်နေတော့၏။

အဆိုပါ ဖြစ်ရပ်က မည်သို့မျှ မမျှော်လင့်ထားသော ဖြစ်ရပ်တစ်ခုဖြစ်ပြီး လူတိုင်းကို အငိုက်မိသွားစေခဲ့၏။ ထိုလူက ထိုမျှလောက်မြန်ဆန်နေလိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားခဲ့ပေ။

၎င်းကို မြင်လိုက်ရသောအခါတွင် တစ်ကမ္ဘာလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။ ကောင်းကင်ဘုံ အကယ်ဒမီမှာလည်း စုံစမ်းစစ်ဆေးရန်အတွက် လူများ လွှတ်လိုက်ကာ နတ်ဘုရားနယ်မြေကို ပြန်လည်ဖွင့်လှစ်၍ စစ်ဆေးကြည့်ရန်အတွက်ပင် ကြီးမားသော တန်ကြေးတစ်ခုကို ပေးဆပ်ခဲ့၏။

အဆိုပါ အချက်အလက်များက အမှန်ပင် မှန်ကန်နေခဲ့သည်။ လုချန်ရှန်းက ထိုနေရာတွင် ရှိနေခဲ့ပြီး အင်းစက်အုပ်မှာလည်း ထိန်းမရ သိမ်းမရဖြစ်သွားခဲ့ကာ ရှောင်ဟေးကမူ ကျင်းဝူရွှေ့က သူ့ကိုယ်ပေါ်တွင် ချန်ထားခဲ့သည့် နည်းလမ်းများကြောင့် ရှင်သန်နိုင်ခဲ့သည်။

အဖြေကို ရရှိခဲ့ပြီးသည့်နောက်တွင် ကောင်းကင်ဘုံ အကယ်ဒမီအတွင်းရှိ မရေမတွက်နိုင်လောက်အောင် များပြားလွန်းလှသော လူများက ဝမ်းသာပီတိဖြစ်သွားကြသည်။

မျိုးဆက်တစ်ခုက ကပ်ဘေးကြီးက ထိုနေရာတွင် မြှုပ်နှံခံလိုက်ရပြီဖြစ်သည်။ အပြင်ကမ္ဘာရှိ အင်အားစု အသီးသီးမှာလည်း ထိုသတင်းကို ကြားသိသွားပြီး တစ်ခုပြီးတစ်ခု မေးမြန်းလာကြ၏။ ကောင်းကင်ဘုံ အကယ်ဒမီ အတွင်းတွင် ရှိနေသည့် သူတို့၏ တပည့်ဖြစ်သူများကို အဆက်မပြတ် မေးမြန်းကာ ထိုကိစ္စကို အတည်ပြုချင်နေလျက်ရှိ၏။

ထျန်းကျီစံအိမ်ကမူ ကံကြမ္မာတွက်ချက်ခြင်းကိုပင် ပြုလုပ်ခဲ့ကြသည်။ သို့သော် ပြန်လည်ရရှိခဲ့သည့် အဖြေက သူတို့ကို တအံ့တဩဖြစ်သွားစေခဲ့သည်။

ယခင်က သူတို့သည် လုချန်ရှန်း၏ အကြောင်းကို တစ်ကြိမ်ထပ်ပို၍ တွက်ချက်ခဲ့ဖူးသည်။ သို့သော် အချိန်တိုင်းတွင် မှုန်ဝါးဝါးဖြစ်နေသည့် ကသောင်းကနင်းဖြစ်ရပ်ကိုသာ မြင်ခဲ့ရပြီး ထူးခြားသော ချီတစ်ခုက ကောင်းကင်ဘုံ လျှို့ဝှက်ချက်များကို နှောင့်ယှက်ပိတ်ဆို့နေခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ မည်သည့်အရာကိုမှ မမြင်ခဲ့ရသကဲ့သို့ လုချန်ရှန်း၏ အရိပ်အငွေ့ကိုပင် မမြင်ခဲ့ရချေ။ သူက အမှန်တကယ် ပျောက်ကွယ်သွားပုံရ၏။

၎င်းက လူတော်တော်များများကို ပျော်ရွှင်သွားစေခဲ့သည်။

သို့သော် ကောင်းကင်ဘုံ အကယ်ဒမီ အတွင်းရှိ လူတစ်ချို့ကမူ စတင်၍ စိုးရိမ်ပူပန်နေကြပြီဖြစ်သည်။

“ ခုနစ်ရက်ရှိနေပြီ။ ဓားတောင်ထွတ်သခင်ရဲ့ ဓားဆန္ဒက မပျောက်သွားဘူး။ တစ်ခုခုဖြစ်လာတော့မှာလား “

“ အခြေအနေတွေအရဆိုရင် ဘာများလုပ်နိုင်မှာမို့လို့လဲ “

အဘိုးအိုတစ်ဦးက လေးနက်စွာ ပြောဆိုလာခဲ့၏ “ ငါတို့က ဓားတောင်ထွတ်သခင်က ဘာလုပ်မလဲဆိုတာကို တွေးပူနေသင့်တာ မဟုတ်ဘူး။ ကူချန်ကျွင်းကို တွေးပူရမှာ “

ထိုအမည်ကို ကြားလိုက်ရသောအခါတွင် လူတိုင်း လေးနက်သွားကြသည်။

“ အဲ့လူရဲ့ ဇစ်မြစ် တော်တော်ကြီးကို လျှို့ဝှက်ဆန်းကြယ်လွန်းတယ်။ ဒေသလေးခုစလုံးမှာ ရှာခဲ့ပင်မဲ့ သူ့ရဲ့နောက်ခံကို မတွေ့ခဲ့ရဘူး။ သူဘယ်ကလာလဲဆိုတာနဲ့ သူ့နောက်မှာ ဘယ်လိုအင်အားစုမျိုး ရှိနေလဲဆိုတာကို မသိခဲ့ရဘူး “

“ သူက အဲ့တပည့်ကို တော်တော်လေး ဂရုစိုက်တဲ့ပုံပဲ။ အခုအဲ့လူက ကောင်းကင်ဘုံ အကယ်ဒမီမှာ သေသွားပြီလေ။ သူငြိမ်မနေမှာကို ငါကြောက်မိတယ် “

“ အဲ့တော့ဘာဖြစ်လဲ “ အစွမ်းထက် ပညာရှင်တစ်ဦးက အေးစက်စွာ နှာခေါင်းရှုံ့နေတော့သည်။

နောက်လူတစ်ဦးက စကားဝင်ပြောလာခဲ့၏ “ လုချန်ရှန်းရဲ့ သေဆုံးမှုကို ငါတို့ကောင်းကင်ဘုံ အကယ်ဒမီက ဖြစ်စေခဲ့တာ မဟုတ်ဘူး။ အဲ့တာအတွက် ငါတို့ကို အပြစ်တင်လို့မရဘူး “

“ ပြီးတော့ ငါတို့ ကောင်းကင်ဘုံ အကယ်ဒမီက ဘယ်သူ့ကို ကြောက်ခဲ့ဖူးလို့လဲ “

“ … “

အသံပေါင်းများစွာ အဆက်မပြတ် ပေါ်ထွက်လာခဲ့ကာ သူတို့အားလုံး ဆွေးနွေးပြောဆိုနေကြ၏။

ထိုသတင်း ပေါ်ထွက်လာခဲ့ပြီးသည့်နောက် သိပ်မကြာခင်အချိန်မှာပင် နောက်ထပ်သတင်းတစ်ခု ရောက်ရှိလာခဲ့သည်။

ကူချန်ကျွင်းက ထျန်းရီ မြင့်မြတ်နယ်မြေ၏ အပြင်ဘက်တွင် ပေါ်ထွက်လာခဲ့ကာ ဂိတ်တံခါးဝကို ပြိုကွဲသွားစေလိုက်၏။ သူသည် အဆိုပါ ဟင်းလင်းပြင် အတွင်းသို့ ဝင်ရောက်ခဲ့သူများအနက်မှ တစ်ဦးဖြစ်သည့် ချီယန်ကို မြင်တွေ့ချင်နေခြင်း ဖြစ်သည်။

အစတွင် ချီယန်က သူ၏ဒဏ်ရာများကို ကုသရန်အတွက် ထျန်းရီ မြင့်မြတ်နယ်မြေသို့ ပြန်ရောက်လာခဲ့သည်။ သို့သော် သူသည် ကောင်းကင်ဘုံ အကယ်ဒမီဆီသို့ အလောတကြီး ပြန်ပို့ခံလိုက်ရ၏။

ကူချန်ကျွင်းသည် မိုးကြိုးငှက် မျိုးနွယ်စုဆီသို့ပါ သွားခဲ့ကာ လျှပ်စီးကျီကို တွေ့ရန် တောင်းဆိုခဲ့၏။

အဆုံးတွင် သူသည် ကောင်းကင်ဘုံ အကယ်ဒမီဆီသို့ ရောက်ရှိလာခဲ့သည်။ သူသည် မည်သို့မျှ ယဥ်ကျေးမနေဘဲ အတွင်းသို့ တိုက်ရိုက်ဝင်ရောက်လာခဲ့ကာ ချီယန်နှင့် လျှပ်စီးကျီတို့ကို ရှာဖွေခဲ့၏။ သူတွက်ချက်ခဲ့သော်လည်း မည်သည့်ကံကြွေးကိုမှ မမြင်ခဲ့ရပေ။

သူတို့က လုချန်ရှန်းကို မထိဘူးဆိုသည့် အဖြေကိုသာ ရရှိခဲ့၏။

ကမ္ဘာကြီးက ကူချန်ကျွင်း၏ စွမ်းအားကို ထပ်မံ၍ မြင်တွေ့ခဲ့ရပြန်သည်။ ကောင်းကင်ဘုံ အကယ်ဒမီတွင် သူနှင့် အနည်းငယ်မျှ သိကျွမ်းသည့် အစွမ်းထက်ပညာရှင်တစ်ဦး ပေါ်လာခဲ့ဖူး၏။ သူသည် ဤကိစ္စက တစ်ခြားတပည့်များနှင့် ဆက်စပ်သွားကာ ပြဿနာ ပိုကြီးသွားမည်ကို မလိုလားပေ။ အခြေအနေကို ငြိမ်သက်သွားစေရန်အတွက် သူသည် ကောင်းကင်ဘုံ အကယ်ဒမီ၏ ပုဂ္ဂိုလ်ကြီးတစ်ဦးကို ဖိတ်ခေါ်ကာ ကံကြမ္မာတွက်ချက်ခိုင်းခဲ့သည်။ သို့သော် မည်သည့်အဖြေကိုမှ မရရှိခဲ့ပေ။

မည်သူ့ထံတွင်မှ ကံကြွေး စွန်းထင်းခြင်း မရှိပေ။ ၎င်းမှာ မည်သူကမှ လုချန်ရှန်းကို မတိုက်ခိုက်ခဲ့ဘူးဆိုသည်ကို သက်သေပြနေခဲ့သည်။

ကူချန်ကျွင်းက ရှောင်ဟေးနှင့်ပါ တွေ့ဆုံခဲ့၏။ ရှောင်ဟေးက တိတ်ဆိတ်ငြိမ်သက်နေခဲ့ကာ သူ၏မျက်ဝန်းများအတွင်းမှ ဝမ်းနည်းတကြီးဖြစ်နေသည့် အရိပ်အငွေ့များ အလိုလို စီးဆင်းလာခဲ့၏။

အဆုံးတွင် သူသည် ကောင်းကင်ဘုံ အကယ်ဒမီမှ ထွက်သွားခဲ့သည်။ အစက ကောင်းကင်ဘုံကိုပင် တိုက်ခိုက်ဝံ့သည့် စိတ်ဓာတ်မျိုးဖြင့် တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့သည့် ခမ်းနားထည်ဝါကာ ထိုလူက ယခုတွင် စိတ်ပျက်အားလျော့နေသည့် လူတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

အနှစ်တစ်ထောင်မျှ ပိုမိုအိုစာသွားသကဲ့သို့ သူ၏ ခန္ဓာကိုယ်ကပင် ကွေးညွတ်သွားခဲ့သည်။

လုချန်ရှန်း၏ သေဆုံးမှုက အင်အားစု အများအပြားကို အံ့ဩတုန်လှုပ်သွားစေခဲ့သည်။

အဆိုပါ ရလဒ်က အားလုံး၏ မှန်းဆချက်များထပ် ကျော်လွန်နေခဲ့သည်။ သူက ဝိညာဥ်ဝါးမျို အင်းစက်များ၏ ပါးစပ်ထံတွင် အမြုပ်ခံလိုက်ရကာ အရိုးစုပင် မကျန်ခဲ့ချေ။

ထိုကိစ္စက တဖြည်းဖြည်း နိဂုံးချုပ်သွားမှုနှင့်အတူ ကျင်းဝူရွှေ့က ကူချန်ကျွင်း ထွက်သွားသည့် အချိန်အထိ အရာအားလုံးကို တိတ်တဆိတ်သာ စောင့်ကြည့်နေခဲ့သည်။ သူသည် မည်သည့်အရာများ ဖြစ်ပျက်ခဲ့လဲဆိုသည်ကို အကြမ်းဖျင်း မှန်းဆမိနေခဲ့ပြီဖြစ်သည်။ ထို့နောက်တွင် သူသည် ခြေတစ်လှမ်းလှမ်းကာ အသူရာတောင်ထွတ်မှ ပျောက်ကွယ်သွားခဲ့ပြီး ထို့နောက် စက္ကန့်ပိုင်းမျှအကြာ၌ ရှောင်ဟေး၏ အရှေ့တွင် ပြန်လည်ပေါ်ထွက်လာခဲ့သည်။

--

………………………………………………………………………………………………………………………………….

All Chapters