← Chapters

အခန်း ၂၆၆

Vol. 18 Ch. 266

အခန်း ၂၆၆

Vol. 18 Ch. 266

အပိုင်း ( 266 )

တစ်ချက်လောက်ကြည့်လိုက်ရုံနဲ့တင် ဝါရင့်သဘာရင့်ဆိုတာကို သိတယ်

တောင်ထိပ်ပေါ်ရှိ အင်မော်တယ် လှိုဏ်ဂူ၏ အရှေ့တွင် ရှောင်ဟေးက အထီးကျန်မှုတို့ဖြင့် တိတ်တဆိတ် ထိုင်နေလျက်ရှိ၏။

ကျင်းဝူရွှေ့က ချဥ်းကပ်လာခဲ့ကာ စကားပြောလိုက်သည် “ မင်းက ငါ့ရဲ့ နတ်ဝိညာဥ် အပိုင်းအစကို တွေ့ခဲ့တယ်မလား “

ရှောင်ဟေးကမူ စိတ်ခံစားချက်များ ရောထွေးနေသည့် မျက်ဝန်းများဖြင့် သူ့အရှေ့ရှိလူကို မော့ကြည့်လိုက်သည်။

“ အင်းးး “

ကျင်းဝူရွှေ့ကမူ ၎င်းကို မျှော်လင့်ပြီးသားဖြစ်နေခဲ့သော်လည်း ဇဝေဇဝါ ဖြစ်နေသေး၏။

“ မင်းက ဘာဖြစ်လို့ အခုမျိုး ဖြစ်နေရတာလဲ “

ရှောင်ဟေးက ပြန်ပြောလိုက်သည် “ ကျုပ်က သစ်ပင်လည်းမဟုတ် သစ်သားချောင်းလည်း မဟုတ်ဘူး။ ကျုပ်နဲ့သူက ရင်းနှီးတဲ့ မိတ်ဆွေတွေ ဒါပင်မဲ့ ကျုပ်ကိုယ်တိုင် သူ့ကို အဲ့နေရာဆီ ပို့လိုက်ရတယ်။ ကျုပ်က ဘယ်လိုလုပ်ငြိမ်းချမ်းနေနိုင်မှာလဲ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ကျင်းဝူရွှေ့က စကားထပ်ပြောလာခဲ့၏ “ ဒါပင်မဲ့ မင်းက အဲ့ကိုစ္စကို ကူချန်ကျွင်းကို မပြောပြဘဲ ဖုံးထားလိုက်တယ်လေ “

“ ကျုပ် ……… “

ရှောင်ဟေးသည် ပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။

“ မင်းက ရွေးချယ်လိုက်ပြီမှတော့ မင်းရဲ့ ခံစားချက်တွေကို ထိန်းချုပ်ထားလိုက်တော့။ မနက်ဖြန်ကျရင် အသူရာတောင်ထွတ်ဆီ တက်လာခဲ့။ ငါမင်းကို အဲ့မှာစောင့်နေမယ် “

ထို့နောက်တွင် သူသည် ဤနေရာမှ ထွက်သွားကာ အမြင်အာရုံအတွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

ရှောင်ဟေးကမူ သွေးနီရောင် အလင်းတန်းတို့ဖြင့် ပြည့်နှက်နေသော အဆုံးမဲ့ သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသော မျက်ဝန်းများဖြင့် အဝေးရှိ တောင်တန်းတစ်ခုကို ငေးကြည့်နေတော့သည်။

ကျင်းဝူရွှေ့ပြောထားခဲ့သည့် သူက ရှောင်ဟေးကို သဘောကျကာ အသူရာလမ်းစဥ်ကို ကျင့်ကြံစေချင်သည်ဆိုသည့် အချက်များက အမှန်တရားသာ ဖြစ်နေခဲ့သည်။ သို့သော် လုချန်ရှန်းကို သတ်ဖြတ်လိုသည့် သူ၏စိတ်ဆန္ဒကပါ မှန်ကန်နေခဲ့သည်။

သို့ရာတွင် ရှောင်ဟေးမပြောလိုက်သည့် အရာတစ်ချို့ ရှိနေခဲ့သည်။ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ကူချန်ကျွင်းက ထိုကဲ့သို့ ထွက်သွားခဲ့လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်ပင် ကျင်းဝူရွှေ့မှာ ရှောင်ဟေးက သူ့ကို ရွေးချယ်လိုက်ပြီဟု ထင်မှတ်သွားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ နတ်ဝိညာဥ် အပိုင်းအစတစ်ခုက အရာအားလုံးကို ရှင်းလင်းသွားစေခဲ့၏။

သို့သော် ဖြတ်တောက်ခံလိုက်ရသည့် အဆိုပါ နတ်ဝိညာဥ် အပိုင်းအစက မည်သည့်သတင်းကိုမှ ပြန်မယူသွားနိုင်ခဲ့ပေ။ ၎င်းက မထင်မှတ်ထားသော ကိစ္စတစ်ရပ်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံ ကပ်ဘေးအပြင်ဘက် မိုင်တစ်ထောင်အကွာ၌ ကူချန်ကျွင်းက တောင်ထိပ်တစ်ခုအပေါ်တွင် မတ်တပ်ရပ်နေလျက်ရှိကာ သူ၏လက်အတွင်းတွင် မီးဖိုတစ်လုံး ပေါ်လာခဲ့၏။ ၎င်းကို ဖွင့်လိုက်သည့် အချိန်တွင် အလင်းတန်းတစ်ခု ပေါက်ထွက်လာကာ လူသားပုံရိပ်တစ်ခုအဖြစ် အသွင်ပြောင်းသွားခဲ့သည်။

၎င်းက လုချန်ရှန်းမှတစ်ပါး တစ်ခြားလူမဟုတ်ချေ။

သူသည် ကန်းယွင်ကားချပ်အတွင်းတွင် ကိုယ့်ကိုကိုယ် ဖုံးကွယ်ထားခဲ့ပြီး ကန်းယွင်ကားချပ်ကိုမူ မီးဖိုအတွင်းတွင် ထည့်ထားကာ သူ့ကို အပြင်ခေါ်ထုတ်သွားရန်အတွက် ရှောင်ဟေးကို တာဝန်ယူခိုင်းလိုက်သည်။

ကန်းယွင်ကားချက်မှာ မည်သည့်အရာကိုမဆို ဖုံးကွယ်ထားနိုင်ပေသည်။ ၎င်းက သူ၏ခန္ဓာကိုယ်ကို ဖိနှိပ်ထားသောကြောင့် ကောင်းကင်ဘုံ လျှို့ဝှက်ချက်များပင် မည်သို့မျှ မပေါ်ထွက်နိုင်တော့ပေ။ လူတစ်ဦးက မည်မျှပင် တွက်ချက်နေခဲ့ပါစေ ဖရိုဖရဲအခြေအနေမျိုးသာ ရှိနေလိမ့်မည် ဖြစ်သည်။ အကယ်၍ လူတစ်ဦးက ကန်းယွင်ကားချပ်အတွင်းသို့ ဝင်သွားမည်ဆိုပါက ထိုလူက မည်သို့မျှ မတည်ရှိခဲ့သည့်အလား ဖြစ်သွားပေလိမ့်မည်။

ထို့အပြင် ထိုလူများကို လှည့်စားရန်အတွက် ကမ္ဘာကြီးနှင့် စကားများခြင်းကို မနှစ်သက်သော သူ၏ဆရာဖြစ်သူကို သူနှင့်အတူ သရုပ်ဆောင်ပေးရန်အတွက် အာပေါက်မတတ် ပြောခဲ့ရ၏။

အဆုံးတွင် ကူချန်ကျွင်းက တပည့်ဖြစ်သူ၏ အဆင့်ထိုးဖောက်မှုအတွက် သူ၏ကိုယ်ပိုင်စည်းမျဥ်းကို သူကိုယ်တိုင်ပင် ပြန်ဖျက်ခဲ့လေသည်။

သူကိုယ်တိုင်မှာလည်း မည်သည့်မြင့်မြတ်နယ်မြေကိုမှ မကြောက်ဘဲ ဘက်ပေါင်းစုံကို တိုက်ခိုက်နိုင်သည့် သူက တစ်ခြားလူများကို လှည့်စားရန်အတွက် သူ၏တပည့်ဖြစ်သူနှင့် ပူးပေါင်းရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူ၏စရိုက်ကြောင့် ၎င်းက ပိုမိုစစ်မှန်သွားပုံရပြီး ကူချန်ကျွင်းကို နားလည်သည့် လူတိုင်းက ၎င်းကို ယုံကြည်သွားကြသည်။

ဤအခိုက်အတန့်တွင် ဆရာတပည့် နှစ်ဦးစလုံးက ကောင်းကင်ဘုံ အကယ်ဒမီကို ငေးကြည့်နေကြတော့သည်။ အချိန်အတော်ကြာခဲ့ပြီးသည့်နောက်မှ လုချန်ရှန်းက တိတ်ဆိတ်မှုကို အရင်ဦးဆုံး ဖြိုခွင်းလာခဲ့သည်။

“ ဆရာ ဘာဖြစ်လို့ စကားမပြောရတာလဲ “

ကူချန်ကျွင်းက ပြန်ပြောလိုက်သည် “ မင်းက ငါ့ကို ဘာပြောစေချင်သေးတာလဲ “

“ အမ် အင်း …… ဒီကိစ္စက နောင်တစ်ချိန်မှာ ဆရာ့ရဲ့ ဂုဏ်သိက္ခာအတွက် နည်းနည်းလေး မေးခွန်းထုတ်စရာဖြစ်သွားနိုင်ပါတယ်။ ဒါပင်မဲ့ ………… “

ဂုဏ်သိက္ခာလား။

ကူချန်ကျွင်းမှာ အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး စကားပြန်ပြင်ပေးရန်အတွက်ပင် အလွန်တရာ ပျင်းရိနေခဲ့ကာ အေးအေးလူလူ ပြန်ပြောလိုက်သည် “ ငါက အဲ့လိုဟာမျိုးတွေကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူး။ ဒါပင်မဲ့ ငါတော်တော်လေး အံ့ဩသွားပြီးတော့ နည်းနည်းလေး မှင်သက်သွားခဲ့တယ် “

“ ဘာကိုမှင်သက်တာလဲ “

“ မင်းအတွက် အဲ့လိုကိစ္စတွေ လုပ်ရတာက ပုံမှန်ပဲလေ။ ဒါပင်မဲ့ မင်းက ကောင်းကင်ဘုံ အကယ်ဒမီကို မျက်စိကျနေပြီးတော့ အသူရာ တာအိုအမွေအနှစ်ကို လှည့်စားပြီး ရယူချင်နေမယ်လို့ တကယ်ကို မထင်ထားခဲ့မိဘူး ”

ကူချန်ကျွင်းက တစ်ခွန်းချင်းစီ ပြောနေခဲ့ပြီး သူ၏မျက်နှာပေါ်တွင် စိတ်ခံစားမှု အငွေ့အသက်များပင် ထင်ဟပ်လာခဲ့၏။

“ ဆရာ ဆရာက အဲ့တာကို တန်ဖိုးမထားပင်မဲ့ ကျွန်တော်ကတော့ အဲ့တာကို တော်တော်လေး လိုချင်နေတုန်းပဲ။ ဆိုရိုးစကားအတိုင်းပဲလေ အရည်အချင်းများနေတာက နည်းနေတာထပ် ပိုကောင်းတယ်တဲ့။ နောင်ကို ကျွန်တော် အပြင်ထွက်တဲ့ အချိန်ကျရင် ဆရာရဲ့ ဂုဏ်သိက္ခာကို ညှိုးနှမ်းသွားစေပြီးတော့ မျက်နှာပျက်သွားရအောင် လုပ်မိသွားမှာကို ကြောက်တယ်လေ “

“ မင်းသာ ဘေးကင်းလုံခြုံနေသရွေ့ ကိစ္စမရှိဘူး “

လုချန်ရှန်းမှာ အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီးမှ စကားထပ်ပြောလိုက်သည် “ ဒါပင်မဲ့ ဆရာက ကျွန်တော့်ကို ကူညီနေသေးတာပဲ “

“ အသူရာလမ်းစဥ်က တကယ်ကို ထူးခြားတယ်။ ငါက ဘာဖြစ်လို့ မကူညီရမှာလဲ။ ကျင်းဝူရွှေ့သာမရှိဘူးဆိုရင် တစ်ခြားလူတွေက အသူရာလမ်းစဥ်ကို ရမှာမဟုတ်ဘူး။ ပြီးတော့ ကောင်းကင်ဘုံ အကယ်ဒမီက သူတို့ဂုဏ်ယူရတဲ့ အမွေအနှစ်တစ်ခု အခိုးခံလိုက်ရတာကို သိသွားရင် ဘယ်လိုဖြစ်သွားမလဲဆိုတာကို ငါသိချင်တယ်လေ “

ဟမ်

လုချန်ရှန်းမှာ အံ့ဩမှင်သက်သွားခဲ့သည်။ သူသည် တစ်ခုခုမှားယွင်းနေသည်ဟု အမြဲလိုလို ခံစားနေခဲ့ရ၏။ ပုံမှန်ဆိုရင် တိတ်ဆိတ်ငြိမ်သက်နေတဲ့ ငါ့ဆရာက နည်းနည်းလေးတော့ ကောက်ကျစ်နေသလိုပဲ။

“ အဲ့တာက တူရာတူရာ စုနေတယ်ဆိုတဲ့ဟာများလား။ ဆရာ ဆရာက ကောင်းကင်ဘုံ အကယ်ဒမီနဲ့ ရန်ငြိုးရှိတာလား “

“ မရှိဘူး “

“ အဲ့တာဆိုရင် ကျင်းဝူရွှေ့က ကျွန်တော့်ကို ဘာကိစ္စသတ်ချင်နေရတာလဲ “

ကောင်းကင်ဘုံ အကယ်ဒမီရဲ့ ရေက တော်တော်လေးနက်တယ်။ အဲ့တာက မင်းထိန်းချုပ်နိုင်တဲ့ဟာ မဟုတ်ဘူး။ ကောင်းကင်ဘုံ အကယ်ဒမီကို ဝင်လိုက်မယ်ဆိုရင် ဂုဏ်ကျက်သရေကို ရသွားပုံပေါ်ပင်မဲ့ အဆုံးသတ်ရလဒ်ကတော့ အဲ့လိုမျိုး လုံးဝမဟုတ်ဘူး “

ကူချန်ကျွင်းက လေးနက်စွာ ပြောပြလာခဲ့သည်။

သို့ရာတွင် လုချန်ရှန်းကမူ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

ကောင်းကင်ဘုံ အကယ်ဒမီဆီမှာ ထုတ်ပြောလို့ မရတဲ့ လျှို့ဝှက်ချက်တွေ ရှိနေတဲ့ပုံပဲ။ မဟာတောရိုင်း ခန်းမက ကောင်းကင်ဘုံ အကယ်ဒမီကို မဝင်တာက သူတို့က တစ်ခုခုကို သိထားလို့ပဲ ဖြစ်ရမယ်။

သူဆရာဖြစ်သူမှာလည်း သူ့ကို ပြောပြချင်ရုံမရပေ။ ထို့ကြောင့် သူသည် နောက်ပိုင်းမှ မဟာတောရိုင်း ခန်းမသို့ သွားရောက်မေးမြန်းမည် ဖြစ်သည်။

၎င်းကို တွေးမိသွားသောအခါတွင် လုချန်ရှန်းက တစ်စုံတစ်ခုကို တွေးမိသွားကာ ချက်ချင်းထပ်ပြောလိုက်သည် “ ဆရာ ကျွန်တော် မေ့တော့မလို့။ ကောင်းကင်ဘုံ အကယ်ဒမီ ခရီးစဥ်ကနေ အထူးပစ္စည်းလေးတွေ ယူလာခဲ့တယ် “

“ ဘာတွေလဲ “

ကူချန်ကျွင်းက ဇဝေဇဝါဖြစ်သွားခဲ့သည်။ သို့ရာ၌ သူသည် လုချန်ရှန်းက ထုတ်ယူလိုက်သည့် ပစ္စည်းများကို မြင်တွေ့လိုက်ရသောအခါတွင် အံ့ဩတကြီး ဖြစ်သွားခဲ့သည်။

၎င်းတို့ နတ်အမွေအနှစ်များပင် ဖြစ်သည်။

ကောင်းကင်ဘုံ အကယ်ဒမီ၏ အဆိုပါ အမွေအနှစ်ကိုးခုမှာ မရေမတွက်နိုင်လောက်သည်အထိ များပြားလွန်းလှသော လူများက လိုလားတောင့်တနေကြသည့် အရာများဖြစ်သည်။

“ ဆရာ တစ်ခုအရင်ရွေးထားလိုက်။ ကျန်တာတွေကိုတော့ စီနီယာအစ်ကို နှစ်ယောက်အတွက် ဆရာပဲ ရွေးပေးလိုက်။ ပြီးတော့ အဲ့ကောင်မလေး ရှန်လင်းဆီကိုလည်း တစ်ခုလောက် ကူပို့ပေးပါဦး “

လုချန်ရှန်းက ပြုံးပြလိုက်၏။ ရှောင်ဟေး ယူသွားသည့် တစ်ခုမှလွဲ၍ ကျန်ရှိနေသည့် ရှစ်ခုလုံးကို ဆရာဖြစ်သူထံသို့ ပေးအပ်လိုက်၏။

ကူချန်ကျွင်းက ဘာမှပြန်မပြောလာခဲ့ဘဲ သူ၏လက်ကို ဝေ့ရမ်းကာ အမွေအနှစ်သုံးခုကို ယူဆောင်သွား၏။

“ ဆရာ ဘာဖြစ်လို့ သုံးခုပဲ ယူတာလဲ။ ဆရာ့အတွက်ကရော “

ကူချန်ကျွင်းက ပြန်ပြောလိုက်သည် “ ငါက အဲ့တာတွေကို မလိုအပ်ဘူး “

“ အမ် …… “

ထိုအချိန်တွင် လုချန်ရှန်းမှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ ၎င်းတို့က သာမန်ပစ္စည်းများ မဟုတ်သည့် နတ်အမွေအနှစ်များပင် ဖြစ်သည်။ သို့တိုင်အောင် သူ၏ ဆရာဖြစ်သူမှာ ၎င်းတို့ကို အရေးမပါသည့် ပစ္စည်းများအဖြစ်သာ သတ်မှတ်ထားပုံရ၏။

ထို့အပြင် သူသည် ဆရာဖြစ်သူ၏မျက်ဝန်းများအတွင်းတွင် မိမိကိုယ်ကို ယုံကြည်နေသည့် အားကောင်းသော ယုံကြည်မှုများ ရှိနေသည်ကို ခံစားနေခဲ့ရပြီး တစ်ချိန်တည်းမှာပင် သိမ်မွေ့သော မထီမဲ့မြင်ပြုနေသည့် အရိပ်အငွေ့များကိုပါ မြင်လိုက်ရ၏။

သူသည် သူက ၎င်းတို့ကို မည်သည့်နေရာမှ မည်ကဲ့သို့ ရရှိလာလဲဆိုသည်ကိုပင် မမေးခဲ့ချေ။

“ ဒါဆိုရင်လည်း ကောင်းပြီလေ “

လုချန်ရှန်းက တွန်းအားမပေးလိုက်ပေ။ သူသည် ၎င်းတို့ကို ယခုလက်ရှိအချိန်တွင် သိမ်းဆည်းထားကာ လိုအပ်မှ အသုံးချရန် ဆုံးဖြတ်လိုက်သည်။

စကားဝိုင်းက ဤအခြေအနေအထိ ရောက်ရှိလာခဲ့ပြီဖြစ်သောကြောင့် သူသည် ထိုကိစ္စကို ထပ်ပြောမနေတော့ပေ။

ထို့နောက်တွင် သူသည် ဆရာဖြစ်သူကို ကြည့်ကာ စကားထပ်ပြောနေတော့၏ “ ဆရာ ကျွန်တော်မသွားသေးဘူး။ ဒီမှာဆက်နေပြီးတော့ ဘာတွေဖြစ်လာမလဲဆိုတာကို သိချင်သေးတယ်။ ပြီးတော့ ရှောင်ဟေးကိုလည်း ကူရဦးမယ် “

“ ငါကလည်း မလောပါဘူး။ လုပ်စရာ ကိစ္စတစ်ခု ရှိသေးတယ် “

“ အဲ့တာက ဘာလဲ “ ဟု လုချန်ရှန်းက ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။

ကူချန်ကျွင်းက ဘေးတစ်စောင်းကြည့်ကာလာခဲ့ကာ စိတ်ခံစားချက်ကင်းမဲ့နေသော အမူအရာမျိုးဖြင့် အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ ကျင်းဝူရွှေ့က မင်းကို သတ်ချင်နေတယ်။ ဘယ်လိုအကြောင်းပြချက်မျိုးကြောင့်ပဲဖြစ်ဖြစ် ဒီကိစ္စကို ဒီအတိုင်း လွှတ်ပေးလိုက်လို့ မဖြစ်ဘူး “

“ အာ။ ဆရာ မင်းက …… “

“ မင်းက အသူရာ အမွေအနှစ်ကို လိုချင်နေတယ်ဆိုမှတော့ သူ့အသက်ကို ခဏလောက် ချမ်းသာပေးလိုက်မယ်။ အဲ့ကိစ္စမတိုင်ခင် အချိန်မှာတော့ သူ့ရဲ့ ဝိညာဥ်ခန္ဓာနှစ်ခုကို အရင်သတ်ရမယ် “

လုချန်ရှန်းမှာ တစ်ခဏခန့် မှင်သက်သွားခဲ့သည်။ သူသည် သူ၏ဆရာဖြစ်သူက ထိုမျှလောက်အထိ ကာကွယ်ပေးတတ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

၎င်းကို တွေးမိသွားသောအခါတွင် သူသည် အမှန်တကယ် စိတ်ကျေနပ်သွားခဲ့ကာ ယခင်က ဆယ်စုနှစ်တစ်ခုတိတိ အပစ်ခံထားရသောကြောင့် ဖြစ်ပေါ်လာခဲ့သည့် မကျေနပ်ချက်တို့မှာလည်း လွင့်ပါးပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူ၏မျက်ဝန်းများအတွင်းတွင် စူးရှရှ အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။ သူက ထိုကဲ့သို့သော ပုန်းလျှိုးကွယ်လျှိုးလုပ်ရသည့် ထိုကဲ့သို့သော ချောင်းမြောင်းတိုက်ခိုက်မှုများကို ကြိုက်နှစ်သက်ပေသည်။ ထိုအကြောင်းကို တွေးရုံနှင့်တင် သူစိတ်ရှားသွားရသည်။

“ မလောနဲ့ “

“ ဘာဖြစ်လို့လဲ “

“ သူ့ဆီမှာ ရန်သူတွေ အများကြီး ရှိတယ်ဆိုပင်မဲ့ မင်းကိစ္စက အရေးကြီးတယ်။ သူသံသယဝင်သွားမှာကို ရှောင်ဖို့အတွက် အဲ့ကိစ္စကို လူတွေမေ့သွားတဲ့ အချိန်အထိ စောင့်နေပြီးမှ လှုပ်ရှားမယ်ဆိုရင်လည်း သိပ်နောက်မကျသေးပါဘူး “

“ အဲ့တာက ….. “ လုချန်ရှန်းမှာ ထပ်မံ၍ အံ့အားသင့်သွားခဲ့ရကာ တုံ့ပြန်လိုက်သည် “ ဆရာက ဒီလောက်တောင် အတွေ့အကြုံရှိနေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ ကြည့်ရတာတော့ အရင်တုန်းက တော်တော်လေး လုပ်ခဲ့ဖူးတဲ့ပုံပဲ “

ကူချန်ကျွင်းကမူ သူ့ကို လျစ်လျူရှုနေခဲ့သည်။

--

………………………………………………………………………………………………………………………………………….

All Chapters