← Chapters

အခန်း ၂၆၇

Vol. 18 Ch. 267

အခန်း ၂၆၇

Vol. 18 Ch. 267

အပိုင်း ( 267 )

အဲ့လိုဖြစ်လာလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ

ကောင်းကင်ဘုံ အကယ်ဒမီ အတွင်း၌ အရာအားလုံးက ပုံမှန်အတိုင်းသာ ပြန်ဖြစ်သွားခဲ့သည်။

သက်ရှိတိုင်းက စနစ်တကျ ကျင့်ကြံနေလျက်ရှိ၏။

အစွမ်းထက် ပညာရှင်များက တာအိုကို ဟောကြားကာ နည်းစနစ်များကို မျှဝေပေးကာ လျှို့ဝှက်နည်းစနစ်များကို သင်ကြားပေး၍ အခွင့်အလမ်းများ ရှာဖွေရာတွင် ကူညီပေးရန်အတွက် ပေါ်ထွက်လာခဲ့သည်။ ကောင်းကင်ဘုံ အကယ်ဒမီ ပေါ်ထွက်လာမှုကြောင့် ထိုလူများက မျှော်မှန်းထားသည်ထပ် ပိုမိုမြန်ဆန်စွာ ကြီးထွားလာခဲ့၏။

ကောင်းကင်ဘုံ အကယ်ဒမီ၏ မူမှာ လူတစ်ဦးကသာ စည်းမျဥ်းစည်းကမ်းများကို လိုက်နာနေသရွေ့ သူတို့က ခွဲခြားဆက်ဆံခံရခြင်းမရှိဘဲ ညွှန်ကြားသင်ပြခံရလိမ့်မည်ဖြစ်သည်။ ၎င်းကို ဝင်ရောက်ခြင်းဖြင့် အကာအကွယ်ကို ရရှိစေပေလိမ့်မည်။ ၎င်းတို့အားလုံးက သက်ရှိသတ္တဝါတိုင်းကို ဉာဏ်အလင်းရသွားစေရန်အတွက် ဖြစ်သည်။

ထိုနေ့ကတည်းက ရှောင်ဟေးမှာ မည်သို့မျှ ပြန်မပေါ်လာခဲ့ဘဲ အသူရာတောင်ထွတ်ပေါ်တွင်သာ ကျန်ရှိနေခဲ့သည်။

လောင်လျူမှာလည်း ကောင်းကင်ဘုံ အကယ်ဒမီမှ မပေါ်ထွက်လာခဲ့ပေ။

လုချန်ရှန်းနှင့် ကူချန်ကျွင်းတို့မှာလည်း သူတို့ရှိနေခဲ့သည့် နေရာမှာပင် ရှိနေခဲ့သည်။

ကူချန်ကျွင်းသည် မျက်လုံးများ မှိတ်၍ တင်ပျဥ်ခွေထိုင်ကာ အချိန်ကို ကုန်ဆုံးခွင့်ပြုလိုက်၏။

လုချန်ရှန်းကမူ ကျင့်ကြံနေလျက်ရှိပြီး ဝိညာဥ်ချီကို သူ၏ခန္ဓာကိုယ်အတွင်းသို့ မစုပ်ယူလိုက်ပေ။ ထို့အစား သူသည် မိုးကြိုးရေကန်၏ ရေများကို သန့်စင်နေလျက်ရှိ၏။

ရှောင်ဟေးကို တစ်စိတ်တစ်ပိုင်း ပေးခဲ့ပြီးသည့်နောက်၌ သူ့ထံတွင် အတော်များများ ကျန်နေသေး၏။

ထိုအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်မှာ တရားထိုင်နေသည့်အလား မည်သည့်စွမ်းအင်လှိုင်းမှ မရှိဘဲ တည်ငြိမ်အေးချမ်းနေလျက်ရှိ၏။ သို့သော် သူ၏ခန္ဓာကိုယ်အတွင်းတွင် မိုးကြိုးများ ပေါက်ထွက်နေကာ နိယာမစွမ်းအားက သူ့ကို အဆက်မပြတ် ရိုက်ခတ်နေလျက်ရှိ၏။

ရုတ်တရက်ဆိုသလိုပင် သူ၏ ဝိညာဥ်ပလက်ဖောင်းက ကြည်လင်လာခဲ့ပြီး သူ၏ မွေးရာပါ ဝိညာဥ်က ကန်းယွင်ကားချပ်ကို ပွေ့ဖက်၍ တင်ပျဥ်ခွေထိုင်နေခဲ့ကာ သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ၎င်းတို့က မိုးကြိုးအမျှင်တန်းများ ရစ်ပတ်နေလျက်ရှိပြီး အနီးကပ်ကြည့်ရှုလိုက်သည့် အချိန်တွင် ၎င်းတို့က သီးခြားဖြစ်တည်နေသည့် ရုန်းများဖြစ်နေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။

ထိုစဥ် လုချန်ရှန်းက တစ်စုံတစ်ခုကို ခံစားမိသွားပြီး ရုတ်တရက် မတ်တပ်ထရပ်ကာ မြေကျုံ့ခြင်း နည်းစနစ်ကို အသုံးပြုကာ အဝေးရှိ ဟင်းလင်းပြင်ကို ကျော်ဖြတ်၍ ပျောက်ကွယ်သွားခဲ့သည်။

ကူချန်ကျွင်းမှာ မမေးမြန်းသကဲ့သို့ စုံစမ်းစစ်ဆေးခြင်းကိုပါ မပြုလုပ်ခဲ့ဘဲ ထွက်သွားခွင့်ပြုလိုက်၏။

သူသည် ထိုတပည့်က မရိုးရှင်းဘဲ လျှို့ဝှက်ချက်များစွာ ရှိနေသည်ကို သိနေခဲ့သည်။ သူသည် ထိုကလေး၏ ကျင့်ကြံရေးတွင် ကြားဝင်မစွက်ဖက်ဘဲ အကာအကွယ်ပေးကာ သူ၏ကိုယ်ပိုင်လမ်းကြောင်းကိုသာ လျှောက်လှမ်းခွင့်ပြုထားခဲ့သည်။

မိုင်ထောင်ချီအကွာတွင် လုချန်ရှန်းက တောင်ကြားချိုင့်ဝှမ်းအတွင်းတွင် ရပ်တန့်သွားပြီး သူ၏ခန္ဓာကိုယ်မှ အဆုံးမဲ့ မိုးကြိုးများ ပေါက်ထွက်လာခဲ့၏။

ချက်ချင်းဆိုသလိုပင် တောင်တန်းထိပ်များ ပြိုကွဲသွားပြီး အလင်းတန်းများ လင်းလက်လာကာ ကမောက်ကမဖြစ်သွားစေနိုင်သည့် အဖျက်စွမ်းအားကို သယ်ဆောင်ထားသည့် ကြောက်မက်ဖွယ်ရာ မိုးကြိုးများ ကျူးကျော်ဝင်ရောက်လာခဲ့သည်။

ကောင်းကင်ထက်တွင် တိမ်တိုက်များ လှိုက်တက်လာခဲ့ပြီး တောက်ပသော အလင်းတန်းများ ပျံ့လွင့်လာကာ ကောင်းကင်နှင့် ကမ္ဘာမြေအကြားတွင် ပဲ့တင်ထပ်သွားစေခဲ့သည်။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ အမှတ်အသားတစ်ခု လင်းလက်လာခဲ့၏။ ၎င်းက သူရရှိခဲ့သည့် မဟာတာအို အမှတ်အသား သုံးထောင်အနက်မှ တစ်ခုဖြစ်သည့် မိုးကြိုးတာအို အမှတ်အသားပင်ဖြစ်သည်။

တောက်ပသော အလင်းတန်းတစ်ခု စိမ့်ဝင်လာခဲ့ပြီး သူအဆင့်တက်သွားခဲ့သည်။ သူ၏ မိုးကြိုးနည်းစနစ်များက ကြီးမားသော အောင်မြင်မှုအဆင့်သို့ ရောက်ရှိသွားပြီး တွေးလိုက်ရုံဖြင့် မိုးကြိုးက သူ့အနောက်သို့ လိုက်လာခဲ့ကာ ၎င်းက ပြိုင်ဘက်ကင်းကာ ကြီးစိုးသော စွမ်းအားကို အဆက်မပြတ် ပြသနေလျက်ရှိ၏။

“ တကယ့် အခွင့်အလမ်းကြီး တစ်ခုပဲ “

လှုပ်ခတ်မှုများ ငြိမ်သက်သွားသည်နှင့်တစ်ပြိုင်နက် လုချန်ရှန်းမှာ စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချနေတော့သည်။ သူ၏လက်ဖဝါးအတွင်းတွင် ငွေရောင်နဂါးများကဲ့သို့သော မိုးကြိုးလျှပ်စီးကြောင်းများ ကခုန်နေလျက်ရှိ၏။

မိုးကြိုးနိယာမကို ကျွမ်းကျင်ပိုင်နိုင်ခဲ့သည့်နောက်တွင် သူ၏ အရှိန်အဝါတစ်ခုလုံးက ပိုမိုကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။ အဆိုပါ နိယာမကို အသက်သွင်းခြင်း မရှိဘဲနှင့် သူပြသခဲ့သည့် စွမ်းအားက အံ့မခမ်း ပြင်းထန်နေခဲ့ကာ သူ၏ ရုပ်ခန္ဓာမှာလည်း တဖန်ပြန်၍ လန်းဆန်းလာခဲ့၏။

၎င်းက ပြန်လည်မွေးဖွားခြင်း မဟုတ်သော်လည်း သူပိုမိုသန်မာလာခဲ့သည်။ နှစ်ပေါင်းများစွာ ပြုပြင်ပြင်ဆင်လာခဲ့ပြီးသည့်နောက်တွင် သူ၏ ရုပ်ခန္ဓာက အထွတ်အထိပ်အထိ ရောက်ရှိသွားကာ ထပ်မံ၍ ဖွံ့ဖြိုးတိုးတက်ရန် အလွန်တရာ ခဲယဥ်သွားခဲ့ပြီ ဖြစ်သည်။

သို့ရာတွင် သူ၏တွက်ချက်မှုများအရ သူက ဟွာရှုနယ်ပယ် ပညာရှင်တစ်ဦးနှင့်ပင် တိုက်ခိုက်နေနိုင်ပြီ ဖြစ်သည်။

အရာအားလုံး လုပ်ဆောင်ခဲ့ပြီးသည့်နောက်တွင် သူသည် တောင်ထိပ်ဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ထိုအခိုက်အတန့်တွင် ကူချန်ကျွင်းက မတ်တပ်ထရပ်ကာ ကောင်းကင်ဘုံ အကယ်ဒမီ ရှိရာဘက်သို့ ငေးကြည့်နေတော့၏။

“ အချိန်ကျတော့မယ် “

ကူချန်ကျွင်းက စကားပြောလာခဲ့သည်။

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ အဲ့တာဆိုရင် ကျွန်တော်တို့က ဘာလုပ်ကြမလဲ။ ကျွန်တော်တို့က သတ်ဖြတ်ပြီးတော့ ဝင်သွားလို့မရဘူးလေ ဟုတ်တယ်မလား “

“ အဲ့တာက မင်းဖြေရှင်းရမှာ။ အဲ့တာမျိုးတွေက မင်းရဲ့ ကျွမ်းကျင်မှုတွေ မဟုတ်ဘူးလား ”

စကားဝိုင်းက ထိုအခြေအနေအထိ ရောက်ရှိသွားခဲ့ပြီဖြစ်သောကြောင့် လုချန်ရှန်းက မည်သို့မျှ တွန့်ဆုတ်မနေတော့ပေ။

သူ၏လက်ကို ဝေ့ရမ်းလိုက်ရာ အနက်ရောင် ဝတ်စုံနှစ်ခု ပေါ်ထွက်လာခဲ့၏။

ကူချန်ကျွင်း၏ မျက်ဝန်းများအတွင်းတွင် အံ့အားသင့်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။ အတော်လေး နားမလည်နိုင်ဖြစ်သွားပုံရသော်လည်း သူသည် ၎င်းတို့ကို ရင်းနှီးနေသည်ဟု ခံစားသွားခဲ့ရသည်။

ထို့နောက်တွင် လုချန်ရှန်းက ကူချန်ကျွင်းကို ကောင်းကင်ဘုံ အကယ်ဒမီဆီသို့ ဦးဆောင်လာကာ သူတို့၏ အရှိန်အဝါများကို ဖုံးကွယ်ထားပြီး တံခါးစောင့်များကို ရင်ဆိုင်ရန် ရှေ့တက်သွားခဲ့သည်။

“ ဆရာတို့ ကျုပ်တို့က အသူရာတောင်ထွတ်သခင်ရဲ့ မိတ်ဆွေဟောင်းတွေပါ။ ကျုပ်တို့က သူ့ကို တွေ့ဖို့အတွက် ရောက်နေကြောင်းကို သတင်းပို့ပေးပါဦး “ လုချန်ရှန်းက ရှေ့တက်ကာ ပြန်ပြောလိုက်သည်။

တံခါးစောင့်များက မွေးရာပါ ဝိညာဥ်နယ်ပယ် ကျင့်ကြံသူများဖြစ်သည်။ ထိုလူနှစ်ဦးအနက်မှ တစ်ဦးက သူတို့နှစ်ဦးကို ငေးကြည့်လာခဲ့ပြီး လုချန်ရှန်းကို မြင်တွေ့သွားသော အခိုက်အတန့်တွင် မည်သည့်ထူးခြားမှုမှ မရှိဘူးဆိုသည်ကိုသာ မြင်တွေ့သွားခဲ့သည်။

သို့ရာတွင် သူသည် ကူချန်ကျွင်းထံမှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခုကို ခံစားနေခဲ့ရသည်။ သူသည် ထိုလူက အစွမ်းထက် ပညာရှင်တစ်ဦးဆိုသည်ကို သိရှိသွားခဲ့သည်။ ၎င်းက ကောင်းကင်ဘုံ အကယ်ဒမီ၏ တစ်ချို့သော အကြီးအကဲများထပ်ပင် များစွာပိုမိုသာလွန်နေခဲ့သည်။

“ ခဏလောက် စောင့်ပေးပါ။ သူ့ဆီကို သတင်းသွားပို့ပေးပါမယ် “

ထိုလူမှာ အသိဉာဏ်ကြွယ်ဝသည့် လူတစ်ဦးဖြစ်သည်။ ၎င်းက ထူးခြားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဆိုသည်ကို သိနေခဲ့သည်။ ထို့ကြောင့် သူသည် ထိုလူနှစ်ဦး၏ အမည်များ(သို့) ဇစ်မြစ်များကို မမေးမြန်းလိုက်ပေ။

မည်သို့ပင်ဆိုစေကာမူ ဤနေရာက ကောင်းကင်ဘုံ အကယ်ဒမီဖြစ်ပြီး မည်သူက ဤနေရာတွင် ပြဿနာလာရှာဝံ့မည်နည်း။

ထို့အပြင် သူရှာဖွေနေသူမှာ ပိုမိုကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုဖြစ်သော အသူရာ တောင်ထွတ်သခင်ပင် ဖြစ်သည်။ ထို့ကြောင့် မေးခွန်းများစွာ မေးမြန်းနေရန် မလိုအပ်ပေ။ သူတို့က မတော်တဆဖြစ်ရပ်များ ပေါ်ပေါက်လာမည်ကို မကြောက်ပေ။ ၎င်းမှာ ကောင်းကင်ဘုံ အကယ်ဒမီနှင့် အသူရာတောင်ထွတ်က သူတို့ကို ပေးထားခဲ့သည့် ယုံကြည်မှုဖြစ်သည်။

လုချန်ရှန်းမှာလည်း ထိုအတိုင်းသာ တွေးနေခဲ့သည်။ ကောင်းကင်ဘုံ အကယ်ဒမီက မည်မျှယုံကြည်မှုရှိလိုက်ပါသနည်း။ မည်သည့်အတွက်ကြောင့် လူနှစ်ဦးရောက်ရှိလာခြင်းကို အရေးစိုက်မည်နည်း။

ထို့ကြောင့် သူတို့သည် ကျင်းဝူရွှေ့ ထွက်လာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေရမည်ဖြစ်ပြီး ထို့နောက်တွင် ထိုလူ့ကို ရိုက်နှက် ဖောက်ခွဲကာ ထွက်ပြေးမည် ဖြစ်သည်။

သို့ရာ၌ လုချန်ရှန်းထံတွင် စိုးရိမ်ပူပန်စိတ်များ ရှိနေသေးပြီး သူအသံကို ပို့လွှတ်လိုက်သည် “ ဆရာ ကျွန်တော်တို့က သူ့ရဲ့ ဝိညာဥ်ခန္ဓာကို ဖောက်ခွဲပြီးတော့ သင်ခန်းစာပေးမယ်လို့ ပြောနေကြပင်မဲ့ သူ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ် ရောက်လာရင်ရော ဘာလုပ်ကြမလဲ။ ကျွန်တော်တို့က သူ့ကိုပါ ရှင်းလိုက်သင့်လား “

“ အသူရာတောင်ထွတ်က တစ်ခြားဟာတွေနဲ့ မတူဘူး။ အဲ့တာက အဆုံးမဲ့ ရန်လိုစိတ်တွေ သတ်ဖြတ်လိုစိတ်တွေနဲ့ ပြည့်နေတာ။ သူက အဲ့တာတွေကို ဖိနှိပ်ဖို့အတွက် အဲ့မှာပဲ နေနေရမှာ။ မသွားမဖြစ်တဲ့ ကိစ္စမရှိဘူးဆိုရင် သူ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်က ဘယ်ကိုမှ ထွက်သွားမှာ မဟုတ်ဘူး “

“ ကောင်းတယ် “

လုချန်ရှန်းက စုတ်တသပ်သပ် ဖြစ်သွားခဲ့သည်။ ၎င်းက အလွန်တရာ သေချာသော ကိစ္စတစ်ရပ်ဖြစ်သည်။

သို့ရာတွင် သူသည် စကားထပ်ပြောလိုက်သည် “ အဲ့လိုဆိုပင်မဲ့ သူထွက်လာပါ့မလား “

“ တကယ်လို့ သူမလာဘူးဆိုရင် ငါ့ဆီမှာ သူထွက်လာအောင် လုပ်နိုင်တဲ့ နည်းလမ်းတစ်ခု ရှိတယ် “

“ အို့ “

လုချန်ရှန်းက သိလိုစိတ်ဖြစ်သွားခဲ့သည်။

သို့ရာတွင် ကူချန်ကျွင်းက ဘာမှထပ်မပြောလာတော့ပေ။

ကံကောင်းထောက်မစွာဖြင့် သတင်းသွားပို့သည့် လူက ကူချန်ကျွင်း ထုတ်လွှတ်ထားသည့် ထူးခြာသော အရှိန်အဝါအကြောင်းကို သေချာပြောပြခဲ့သည့်အတွက်ကြောင့် ကျင်းဝူရွှေ့ရောက်ရှိလာခဲ့သည်။

သူသည် သေသပ်လှပသည့် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ကိုယ်ဟန်အနေအထားက မြင့်မား ဖြောင့်တန်းနေလျက်ရှိကာ သူ၏ပတ်ပတ်လည်တွင် သတ်ဖြတ်လိုစိတ်တစ်ခု မျောလွင့်နေခဲ့ပြီး သူ၏မျက်ဝန်းများအတွင်းတွင် စူးရှရှ အလင်းတန်းတစ်ခု တည်ရှိနေခဲ့၏။

“ သူရောက်လာပြီ “

ကူချန်ကျွင်းက စကားပြောလာခဲ့သည်။

ကျင်းဝူရွှေ့မှာလည်း သူ့အရှေ့တွင် ရှိနေသည့် လူကို ဂရုတစိုက် စူးစမ်းလေ့လာနေခဲ့သည်။ သူက ထိုလူနှစ်ဦး၏ အရှိန်အဝါများကို မမှတ်မိပေ။ သို့ပေမည့် သတင်းပို့သူပြောခဲ့သည့် သူ၏ စိတ်အာရုံကို ဖမ်းစားနိုင်သည့် ထူးခြားသောအရှိန်အဝါတစ်ခုကို အာရုံခံမိနေခဲ့သည်။

“ မင်းတို့က ဘယ်သူတွေလဲ။ ဘာဖြစ်လို့ ငါ့ကိုရှာနေတာလဲ “

ကျင်းဝူရွှေ့က ဂိတ်တံခါးဝမှ ထွက်လာခဲ့ကာ အေးစက်စွာ ပြောဆိုလိုက်သည်။

လုချန်ရှန်းက တစ်ခုခုပြောရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် ကူချန်ကျွင်းက ဖြည်းဖြည်းချင်း ရှေ့တက်သွားသည်ကို မြင်တွေ့သွားခဲ့သည် “ ဘာမှတော့ မဟုတ်ပါဘူး။ မင်းရဲ့ ကိုယ်ပွားတွေထဲက တစ်ခုကို ဖောက်ခွဲချင်ရုံပါပဲ “

“ ဘာဖြစ်တယ် “

ကျင်းဝူရွှေ့မှာ အံ့ဩမှင်သက်သွားခဲ့သည်။

လုချန်ရှန်းမှာလည်း တအံ့တဩဖြစ်သွားခဲ့သည်။ တည့်တိုးကြီး ပြောလိုက်တာလားဟ။

အဲ့တာက နည်းနည်းလေး မောက်မာလွန်းမနေဘူးလား။ ငါတို့က သူသတိမကပ်တဲ့ အချိန်မှာ ချုံခိုတိုက်သင့်တာ မဟုတ်ဘူးလားဟ။

ကျင်းဝူရွှေ့က မတုံ့ပြန်နိုင်သေးခင် အချိန်မှာပင် ကူချန်ကျွင်းက စတင်၍ လှုပ်ရှားနေခဲ့ပြီ ဖြစ်သည်။ ကျယ်ပြန့်သော မှော်စွမ်းအားများ ချက်ချင်းပေါက်ထွက်လာခဲ့ပြီး သူ၏လက်ဖဝါးနှင့်အတူ ရုတ်တရက် ရိုက်ချလိုက်၏။

“ အတင့်ရဲချက် “

ကျင်းဝူရွှေ့က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး မျက်လုံးများ နီရဲသွားခဲ့သည်။ တိုက်ခိုက်မှုကို တားဆီးပိတ်ဆို့ရန်အတွက် သူ၏မှော်စွမ်းအားများ မြင့်တက်လာခဲ့၏။

စွမ်းအားနှစ်ခု ထိတွေ့သွားသည့်အချိန်တွင် ကျင်းဝူရွှေ့၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူ့ကို ကြီးမားသော စွမ်းအားတစ်ခုက ထိမှန်လာခဲ့ပြီး သူ၏ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားခဲ့သည်။

မှော်စွမ်းအားများက အထက်မှအောက်သို့ အဆက်မပြတ် စီးဆင်းလာကာ သူ့ကို ဆက်တိုက်ဖိနှိပ်နေတော့၏။

“ မင်းဘယ်သူလဲ “

ကျင်းဝူရွှေ့က အော်ဟစ်ဟိန်းဟောက်ကာ မေးခွန်းထုတ်လာခဲ့၏။

“ မင်းဘိုးဘိုးကြီးလေ “ လုချန်ရှန်းက အော်ဟစ်နေရင်းဖြင့် အထက်သို့ ပျံတက်လာခဲ့ကာ သူ၏ မျက်နှာဆီသို့ ခြေကန်ချက်တစ်ခု ပစ်လွှတ်လိုက်၏။

ချက်ချင်းဆိုသလိုပင် ကျင်းဝူရွှေ့ လွင့်ထွက်သွားကာ ကောင်းကင်ဘုံ အကယ်ဒမီ၏ ဂိတ်တံခါးနှင့် ဝင်ဆောင့်မိသွားပြီး ကျယ်လောင်သော ဟိန်းဟောက်သံတစ်သံ ပေါ်ထွက်လာခဲ့၏။

ဂိတ်စောင့်များ၏ မျက်ဝန်းများ ပြူးကျယ်သွားခဲ့သည်။ သူတို့သည် ထိုကဲ့သို့သော မြင်ကွင်းမျိုးကို မြင်တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အသူရာ တောင်ထွတ်သခင်မှာ ရက်ရက်စက်စက် အရိုက်အနှက်ခံနေရပြီး မြေပြင်ပေါ်တွင် ဖိကပ်ခံထားရကာ မျက်နှာပင် မညှာမတာ ဖြတ်ကန်ခံလိုက်ရ၏။

“ အားးးးး “

ကျင်းဝူရွှေ့က ဟိန်းဟောက်လာခဲ့ကာ ခုခံရန် ကြိုးပမ်းနေရင်းဖြင့် အားကောင်းသော သတ်ဖြတ်လိုစိတ်တစ်ခု ပေါက်ထွက်လာခဲ့၏။

သို့ရာတွင် ကူချန်ကျွင်းက သူ့ကို မည်သည့်အခွင့်အရေးမှ မပေးခဲ့ချေ။ သူ၏ မှော်စွမ်းအားများ ဆင်းသက်လာခဲ့ကာ ထိုလူ့ကို တိုက်ရိုက်ဖိချလိုက်သည်။ လုချန်ရှန်းကမူ ခြေလက်နှစ်စုံလုံးကို အသုံးပြုကာ ပျော်ရွှင်စွာ တိုက်ခိုက်နေလျက်ရှိပြီး ကျင်းဝူရွှေ့မှာ မည်သို့မျှ မတုံ့ပြန်နိုင်ဘဲ ရိုက်နှက်မှုကိုသာ ငြိမ်ခံနေခဲ့ရသည်။

ဂိတ်စောင့်နှစ်ဦးမှာ ကြောက်အမ်းအမ်း ဖြစ်သွားကာ အရှေ့ပင် မတိုးဝံ့ကြပေ။ သူတို့သည် ကောင်းကင်ဘုံ အကယ်ဒမီကို အသိပေးရန်အတွက် နောက်လှည့်ပြေးသွားကြသည်။

၎င်းကိုမြင်လိုက်ရသောအခါတွင် ကူချန်ကျွင်းက စကားထပ်ပြောလာခဲ့သည် “ တော်လောက်ပြီ “

“ ဟူးးးး “

လုချန်ရှန်းသည် သူ၏လက်များကို ရုတ်သိမ်းကာ စိတ်သက်သာရာရစွာဖြင့် သက်မကြီး ချနေတော့၏။

ကူချန်ကျွင်းမှာလည်း ကျင်းဝူရွှေ့၏ ပေါက်တတ်ကရ စကားများကို နားမထောင်ဘဲ ထိုလူ၏ ကိုယ်ပွားကို တိုက်ရိုက်ချေမှုန်းလိုက်ပြီး ၎င်း၏ စွမ်းအားကို အပြည့်အဝ ပျောက်ပျက်သွားစေကာ ထိုလူ ထွက်ပြေးလွတ်မြောက်သွားမည်ကို တားဆီးလိုက်သည်။

၎င်းတို့အားလုံးကို လုပ်ဆောင်ခဲ့ပြီးသည့်နောက်တွင် လူနှစ်ဦးစလုံး လှည့်ထွက်သွားကြသည်။

ကောင်းကင်ဘုံ အကယ်ဒမီ၏ လူများ ရောက်ရှိလာသည့် အချိန်တွင် မည်သူမှ မရှိတော့ပေ။ မြေပြင်ပေါ်ရှိ အညစ်အကြေးများနှင့် ကောင်းကင်ဘုံ အကယ်ဒမီ အတွင်းပိုင်းမှ ပေါက်ထွက်လာသည့် အော်သံများသာ ကျန်နေခဲ့၏။

လူတစ်စုမှာ ကြောင်အမ်းအမ်းဖြင့် မတ်တပ်ရပ်နေလျက်ရှိ၏။ ဂုဏ်သိက္ခာကြီးမားသည့် ကောင်းကင်ဘုံ အကယ်ဒမီတွင် တစ်စုံတစ်ဦးက သူတို့၏ ဂိတ်တံခါးအရှေ့မှာပင် အကြမ်းဖက်မှုတစ်ခု ကျူးလွန်ခဲ့၏။ လူတစ်ဦးကို အပြင်ထွက်လာအောင် ဆွဲဆောင်ကာ လူအများရှေ့မှာပင် ရိုက်နှက်ခဲ့လေသည်။ သားကောင်ကမူ အသူရာတောင်ထွတ်သခင် ဖြစ်နေခဲ့သည်။

ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။ အိမ်မက်ထဲမှာပင် မည်သူကမှ ထိုကဲ့သို့ တွေးဝံ့လိမ့်မည် မဟုတ်ပေ။

--

………………………………………………………………………………………………………………………………………

All Chapters