← Chapters

အခန်း ၂၆၉

Vol. 18 Ch. 269

အခန်း ၂၆၉

Vol. 18 Ch. 269

အပိုင်း ( 269 )

စစ်မြေပြင်အလွန်တွင်

အရှေ့ပိုင်းဒေသအထက်တွင် ကူချန်ကျွင်းက ကောင်းကင်ယံကို ကျော်ဖြတ်ကာ နယ်စပ်သို့ ဦးတည်နေလျက်ရှိ၏။

သူတို့မှာ ယခင်က ကူချန်ကျွင်းပြောပြခဲ့ဖူးသည့် စစ်မြေပြင်ဆီသို့ သွားနေကြခြင်း ဖြစ်သည်။

လုချန်ရှန်းကမူ ၎င်းတို့ကို ၎င်းတို့ကို ငေးကြည့်နေရင်းနှင့် ဇ‌ဝေဇဝါဖြင့် မေးမြန်းလိုက်သည် “ ဆရာ အဲ့နေရာက ဘယ်လိုဟာမျိုးလဲ။ ဆရာက အဲ့တာကို တော်တော်လေး တန်ဖိုးထားနေတဲ့ပုံပဲ “

နတ်အမွေအနှစ်ကိုပင် ဂရုမစိုက်သည့် ကူချန်ကျွင်းက ထိုစစ်မြေပြင်ကို အတော်ပင် ဂရုစိုက်နေခဲ့သည်။ ထို့ကြောင့် ထိုနေရာတွင် ထူးခြားသော အရာတစ်ခု သေချာပေါက် ရှိနေလိမ့်မည် ဖြစ်သည်။

“ အဲ့ဒီစစ်မြေပြင်က ရှေးခေတ်ကတည်းက ကျန်နေခဲ့တာ။ ပြီးတော့ အဲ့တာက နတ်မိစ္ဆာစစ်ပွဲရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ဖူးတယ်။ မဟာစစ်ပွဲကာလတုန်းက အစွမ်းထက် ပညာရှင်တော်တော်များများ သေသွားခဲ့တယ်။ အဆုံးမှာ ပညာရှင်တစ်ယောက်က သူ့ရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ်ကို စတေးပြီးတော့ နတ်မိစ္ဆာအကုန်လုံးကို ရှင်းလင်းပြီး ပင်လယ်မျက်လုံးထဲမှာ မြှုပ်နှံခဲ့တယ် “

“ ကျွန်တော်က အဲ့သမိုင်းကြောင်းကို ဘာဖြစ်လို့ မကြားဖူးရတာလဲ။ အဲ့တာကို မှတ်တမ်းမတင်ထားဘူးလား “

“ အဆင့်တစ်ခုထိ ရောက်လာတဲ့ အချိန်ကျရင် ကိစ္စတော်တော်များကို မင်းသိလာပါလိမ့်မယ် “

“ အို့ “

လုချန်ရှန်းမှာ ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည်။

သို့ရာတွင် သူသည် ဆက်လက်၍ မေးမြန်းနေတော့သည် “ ပြီးတော့ရော “

“ နတ်မိစ္ဆာရဲ့ မကျေနပ်ချက်က ကြောက်စရာကောင်းလွန်းတယ်။ အဲ့ဒီပင်လယ်မျက်လုံးက အဲ့တာက ချိတ်မပိတ်နိုင်ဘူး။ သူတို့တွေက ပင်လယ်မျက်လုံးဆီကနေ လွတ်ဖို့အတွက် ဆက်တိုက်ကြိုးစားနေကြပြီးတော့ နတ်ဆိုးဝိညာဥ်တွေအဖြစ် အသွင်ပြောင်းသွားခဲ့တယ်။ နတ်ဆိုးဝိညာဥ်တွေ ကမ္ဘာကြီးထဲကို ရောက်လာတာနဲ့ သက်ရှိအားလုံးအတွက် ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မယ်။ အဲ့တာကြောင့် စစ်မြေပြင်က နတ်မိစ္ဆာတွေကို အမဲလိုက်ဖို့အတွက် အချိန်အတိုင်းအတာတစ်ခုအထိ ကြာခဲ့ပြီးတဲ့နောက်မှာ တစ်ကြိမ်စီ ပွင့်လာတတ်ပြီးတော့ သက်ရှိအားလုံးကို ဝင်ခွင့်ပြုတယ် “

“ နည်းနည်းထူးဆန်းတယ် “ လုချန်ရှန်းသည် ၎င်းကို နားထောင်နေရင်းဖြင့် ထူးဆန်းသည်ဟု ခံစားသွားခဲ့ရကာ ထပ်မံ၍ မေးမြန်းနေတော့သည် “ နတ်မိစ္ဆာတွေကို အမဲလိုက်ပြီးရင် ဘာတွေဖြစ်လာမှာလဲ “

“ သေသွားခဲ့တဲ့ အဲ့ဒီပညာရှင်ရဲ့ စွဲလန်းမှုက မပျောက်သွားဘဲ စစ်မြေပြင်နဲ့ ပေါင်းစပ်သွားတယ်လေ။ နတ်မိစ္ဆာတွေက ကမ္ဘာကြီးကို ဖျက်စီးမှာကို သူမလိုချင်ဘူး။ ဒါပင်မဲ့ သူကလည်း စွမ်းအားမရှိဘူး။ အဲ့တာကြောင့်ပဲ သက်ရှိဝင်နိုင်ဖို့အတွက် စစ်မြေပြင်ကို ဖွင့်ပေးလိုက်တာ။ နတ်မိစ္ဆာတွေ အမဲလိုက်ခံလိုက်ရတဲ့ အချိန်တိုင်းမှာ အမှတ်အသားတစ်ခုစီ အလိုလို ပေါ်လာတတ်တယ်။ အဲ့တာကို ကိုယ်လိုချင်တဲ့ အရာတွေအတွက် စစ်မြေပြင်ရဲ့ စိတ်ဆန္ဒနဲ့ ဖလှယ်လို့ရတယ် “

ကူချန်ကျွင်းက ထိုကိစ္စကို ပြောပြလာခဲ့၏။

လုချန်ရှန်းကမူ ၎င်းကို နားထောင်နေရင်းဖြင့် စိတ်မသက်မသာဖြစ်သွားခဲ့သည်။ သူသည် တစ်ခဏခန့် တွေးတောစဥ်းစားကာ တုံ့ပြန်လိုက်သည် “ ဘာပဲဖြစ်ဖြစ် လဲလို့ရတာလား “

“ မင်းဆီမှာ အမှတ်အသားတွေ လုံလုံလောက်လောက် ရှိနေသရွေ့ စစ်မြေပြင်မှာ ရနိုင်တဲ့ ဘယ်ဟာကိုမဆို လဲယူလို့ရတယ်။ အခွင့်အလမ်းတွေလည်း တပုံကြီး ရှိတယ်။ အပြင်ကမ္ဘာမှာ မတွေ့ရတဲ့ ရှေးဟောင်းကျမ်းစာတွေ နတ်မိစ္ဆာအမွေအနှစ်တွေနဲ့ နတ်မိစ္ဆာ အရင်းအမြစ်တွေရှိတယ်။ ဒါပင်မဲ့ အဲ့တွေကို ရဖို့အတွက် အမှတ်အသားတွေကို တစ်ပုံတစ်ပင် လိုအပ်တယ် “

ကူချန်ကျွင်းက ရှင်းပြလာခဲ့၏။

လုချန်ရှန်းက ဆက်လက်၍ မေးမြန်းနေတော့သည် “ တန်ဖိုးအရှိဆုံး အရာက ဘာလဲ “

“ အဲ့အကြောင်းကို စဥ်းတောင်မစဥ်းစားလိုက်နဲ့။ အဲ့တာကို လဲဖို့အတွက် အမှတ်အသား အများကြီး လိုအပ်တယ်။ ကောင်းကင်ဘုံ အကယ်ဒမီက နှစ်အတော်ကြာ စုဆောင်းနေခဲ့တာကိုတောင်မှ အခုအထိ မပြည့်သေးဘူး။ မင်းက အဲ့တာကို ရနိုင်မှာ မဟုတ်ဘူး “

“ ကောင်းပြီလေ “

လုချန်ရှန်းမှာ ကူရာကယ်ရာမဲ့သွားခဲ့သည်။ သူသည် ကောင်းကင်ဘုံ အကယ်ဒမီက မည်သည့်အရာကို လဲလှယ်ချင်နေလဲဆိုသည်ကို သိချင်သွားခဲ့သည်။ သို့သော် ကူချန်ကျွင်းက သူ့ကို မပြောပြခဲ့ပေ။

သူသည် လမ်းတစ်လျှောက်လုံးတွင် အကြံအစည်များကို စတင်၍ စီစဥ်ပြုလုပ်နေတော့သည်။

သိပ်မကြာခင် အချိန်မှာပင် သူတို့နှစ်ဦးလုံးက လူသူကင်းမဲ့သော နေရာတစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။ သူတို့က ဟင်းလင်းပြင်ကို ကျော်ဖြတ်နေကြသော်လည်း လုချန်ရှန်းသည် သူတို့က တစ်ခြားနယ်မြေတစ်ခုအတွင်းသို့ ဝင်ရောက်သွားသည့်အလား တည်နေရာကူးပြောင်းသွားသည်ဟု ခံစားသွားခဲ့ရ၏။

“ ငါတို့ရောက်လာပြီ “ ဟု ကူချန်ကျွင်းက စကားထပ်ပြောလာခဲ့၏။

လုချန်ရှန်းမှာလည်း သူ၏မှော်ပစ္စည်းအတွင်းမှ ခုန်ထွက်လာခဲ့၏။ လုံခြုံစေရန်အလို့ငှာ သူသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်လိုက်သည်။ ကူချန်ကျွင်းကပါ အနက်ရောင်ဝတ်စုံကို လဲလှယ်လိုက်သည်။

ယခုလက်ရှိအချိန်တွင် အပြင်သို့ ငေးကြည့်လိုက်မည်ဆိုပါက အလုံးစုံ ပျက်သုဥ်းနေသည့် မြင်ကွင်းတစ်ခုကိုသာ မြင်တွေ့လိုက်ရမည် ဖြစ်သည်။ နှစ်ပေါင်းများစွာ ကျော်လွန်လာခဲ့ပြီဖြစ်သော်လည်း လေထုအတွင်းတွင် စစ်ပွဲ၏ အငွေ့အသက်များ ပျံ့လွင့်နေသေး၏။

သတ်ဖြတ်လိုစိတ်နှင့် မိစ္ဆာစွမ်းအင်များက အစိုင်အခဲအဖြစ် ဖွဲ့တည်နေပုံရကာ အနားသို့ ချဥ်းကပ်လာသူတိုင်းကို မွန်းကြပ်သွားစေခဲ့၏။

“ အဲ့တာလား “

“ ရှေ့ဆက်သွားရဦးမယ်။ မင်းသွားလိုက် “ ဟု ကူချန်ကျွင်းက တုံ့ပြန်လာခဲ့၏။

လုချန်ရှန်းက မေးမြန်းလိုက်သည် “ ဆရာက မသွားဘူးလား “

“ စစ်မြေပြင်ရဲ့ စိတ်ဆန္ဒမှာ ကန့်သတ်ချက်တစ်ခုရှိတယ်။ မွေးရာပါ ဝိညာဥ်အထက်က နတ်မိစ္ဆာ မပေါ်လာမချင်း မွေးရာပါ ဝိညာဥ်အထက်က ပညာရှင်တွေ မဝင်သွားတာက အကောင်းဆုံးပဲ။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ကံကြွေးဖြစ်လာလိမ့်မယ် “

“ ပျက်စီးနေတဲ့ စစ်မြေပြင်မှာ စည်းမျဥ်းစည်းကမ်းတွေ အများကြီး ရှိနေတာလား “

လုချန်ရှန်းမှာ စုတ်တသပ်သပ် ဖြစ်သွားခဲ့သည်။ ဤနေရာက ထူးဆန်းပုံရပြီး ၎င်း၏ စည်းမျဥ်းစည်းကမ်းက ပိုမိုထူးဆန်းနေလျက်ရှိ၏။

ရှင်သန်ကြီးထွားနေသည့် မြက်ခြောက်နှင့် ညှိုးနွမ်းနေသည့် သစ်ဆွေးများကပင် မည်သို့မျှ တူညီမနေခဲ့ပေ။ ပေါင်းပင်တစ်ပင်က ပေဒါဇင်နှင့်ချီ၍ မြင့်မားနေကာ လဲကျနေသော သစ်ပင်သေကြီးများကမူ ပေတစ်ထောင်ကျော်အထိ ရှိနေခဲ့သည်။

သူသည် ၎င်းတို့က မည်သည့်အရာများကို စားသောက်နေသောကြောင့် ထိုမျှလောက် ကြီးထွားနေရလဲဆိုသည်ကိုမသိပေ။ သက်ရှိသတ္တဝါများနှင့် ပုရွက်ဆိတ်များကမူ မည်သည့်ကွာခြားချက်မှ မရှိသည့်ပုံပင်။

သို့ရာ၌ ဤနေရာတွင် သတ်ဖြတ်လိုစိတ်နှင့် မိစ္ဆာစွမ်းအင်များသာ ရှိနေခဲ့ပြီး အသူရာမြေ/ဖုန်းဆိုးမြေအဖြစ် ဖွဲ့တည်နေကာ အသက်ဓာတ် လုံးဝကင်းမဲ့နေခဲ့သည်။

ကူချန်ကျွင်းက စကားထပ်ပြောလာခဲ့၏ “ ဒီစစ်မြေပြင်ကို အထင်မသေးလိုက်နဲ့။ အဲ့တာက ကံကြွေးကြီးကို သယ်ဆောင်ထားပြီးတော့ မင်းစိတ်ကူးလို့တောင်မရတဲ့ အတိတ်ကဖြစ်ရပ်တွေ ကိန်းဝပ်နေတယ်။ ဒီဟာရဲ့ မွေးဖွားမှုက အတိတ်တုန်းက ကြောက်စရာကောင်းတဲ့ တည်ရှိမှုတစ်ခုဖြစ်တဲ့ ကမ္ဘာဦးနတ်ဆိုးတွေနဲ့ ဆက်စပ်နေတယ် “

လုချန်ရှန်းမှာ အံ့ဩတကြီး ဖြစ်သွားခဲ့သည်။ ကူချန်ကျွင်း တန်ဖိုးထားသည့် အရာတစ်ခုကို မြင်တွေ့ရခြင်းမှာ အမှန်ပင် ရှားပါးလွန်းလှသည်။

“ စစ်မြေပြင်ထဲကို ဝင်လိုက်တာက မင်းရဲ့ ကျင့်ကြံရေးအတွက် အကျိုးရှိမဲ့ စမ်းသပ်မှုတစ်ခုပဲ။ ဒါပင်မဲ့ အဲ့ဒီနတ်မိစ္ဆာတွေကို အထင်မသေးလိုက်နဲ့ “ ဟု ကူချန်ကျွင်းက သတိပေးလာခဲ့၏။

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ နားလည်ပါပြီ “

ကူချန်ကျွင်းကမူ ခေါင်းငြိမ့်ပြလိုက်ကာ အဝေးသို့ ငေးကြည့်နေတော့သည်။ သို့ရာ၌ ထိုအခိုက်အတန့်တွင် သူသည် တစ်ခြားတစ်ဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။

“ ကောင်းကင်ဘုံ အကယ်ဒမီက လူတွေ ရောက်လာပြီ “

တစ်ခဏအတွင်းမှာပင် ဧရာမ စစ်သဘောကြီးတစ်စီးက ဟင်းလင်းပြင်ကို ကျော်ဖြတ်လာခဲ့သည်။ ၎င်းက ကောင်းကင်နှင့်မြေပြင်ကို ဖုံးအုပ်သွားကာ မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့သည်။

အဆိုပါ စစ်သဘော်က ပေသောင်းနှင့်ချီ၍ ရှည်လျားနေခဲ့သည်။ သို့သော် ၎င်းက မြေပြင်ပေါ်သို့ ဆင်းသက်လာသည့် အချိန်တွင် ၎င်းမှာ သဲကန္တာရအတွင်းသို့ ကျဆင်းသွားသည့် သဲတစ်ပွင့်အလား အလွန်တရာ သေးငယ်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် စစ်မြေမြင်ဆီသို့ ပုံရိပ်အများအပြား ရောက်ရှိလာခဲ့သည်။

ထိုအခိုက်အတန့်တွင် အသံတစ်သံပါ ပေါ်ထွက်လာခဲ့သည်။

“ အရာအားလုံးက အရင်ကပြောခဲ့တဲ့အတိုင်းပဲ။ နတ်မိစ္ဆာတွေကို သတ်တာက စမ်းသပ်မှုတစ်ခုပဲ။ ရခဲ့တဲ့ အမှတ်အသားတွေကို မင်းတို့အချင်းချင်း ခွဲယူနိုင်ပြီးတော့ စစ်မြေပြင်ထဲမှာပဲ တစ်ခြား ပစ္စည်းတွေနဲ့ လဲလို့ရတယ်။ ဒါမှမဟုတ် အဲ့တာတွေကို ပြန်ယူလာပြီးတော့ အကယ်ဒမီဆီကို လက်လွှဲပေးလို့ရတယ်။ အကယ်ဒမီက ပေးတဲ့ ဆုလဒ်တွေက စစ်မြေပြင်ဆီကဟာတွေထပ် သေချာပေါက် ပိုကောင်းနေမှာပဲ “

စကားပြောလာသူမှာ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးဖြစ်ပြီး အောက်ဘက်တွင် ရှိနေသည့် တပည့်များကို ငေးကြည့်ကာ ဩဇာတိက္တမတို့ဖြင့် ပြည့်နှက်နေသော လေသံမျိုးဖြင့် စကားပြောနေခဲ့သည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။ ကောင်းကင်ဘုံ အကယ်ဒမီမှာ အမှန်ပင် ရက်ရောလွန်းလှသည်။ နတ်မိစ္ဆာများကို သတ်ဖြတ်ခြင်းကြောင့် ရရှိလာမည့် အမှတ်အသားများအတွက် စစ်မြေပြင်က လဲလှယ်ပေးသည့် ဆုလဒ်များထပ် သာလွန်များပြားသော ပိုကောင်းသော ဆုလဒ်များဖြင့် ကမ်းလှမ်းခဲ့လေသည်။

သူသည် သူတို့က မည်သည့်အရာကို လဲလှယ်ချင်နေလဲဆိုသည်ကို သိချင်သွားခဲ့သည်။

ကူချန်ကျွင်းက စကားထပ်ပြောလာခဲ့၏ “ သူတို့က ဒီလောက်ဇွဲကောင်းနေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး။ နှစ်သောင်းနဲ့ချီပြီးတော့ ကြာခဲ့ပြီးတဲ့နောက်မှာတောင်မှ သူတို့က အရှုံးမပေးချင်ကြသေးဘူး “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ အံ့ဩတကြီး ဖြစ်သွားကာ သိလိုစိတ်များ ပိုမိုမြင့်တက်သွားခဲ့သည်။ ဘာပစ္စည်းမို့လို့ ကောင်းကင်ဘုံ အကယ်ဒမီက အဲ့လောက်တောင် အသည်းအသန် လိုချင်နေရတာလဲဟ။ ကောင်းကင်ဘုံကို ဆန့်ကျင်နေတဲ့ ပစ္စည်းတစ်ခုခုများလား။

သူတို့က နတ်ကျမ်းစာနှင့် နတ်တစ်ပိုင်း မှော်ပစ္စည်းများကိုပင် ဆုကြေးအဖြစ် အသုံးပြုကာ ကမ်းလှမ်းခဲ့၏။ နတ်မိစ္ဆာကို အများဆုံး သတ်ဖြတ်နိုင်သူက ၎င်းတို့ကို ရရှိမည်ဖြစ်သည်။

ထို့နောက်တွင် ထိုလူများက အရှေ့သို့ ပြေးတက်ကာ စစ်မြေပြင်အတွင်းသို့ တိုးဝင်သွားကြသည်။

သူတို့သာလျှင်မဟုတ်ဘဲ တစ်ခဏအကြာတွင် လူများ ပိုမိုရောက်ရှိလာခဲ့သည်။

ထိုလူများက အမျိုးမျိုးသော မြင့်မြတ်နယ်မြေများနှင့် ရှေးဟောင်းဂိုဏ်းများမှဖြစ်ပြီး သူတို့မှာလည်း စစ်မြေပြင်အတွက် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

“ ဘယ်လောက်တောင် ခမ်းနားလိုက်တဲ့ မြင်ကွင်းမျိုးလဲ “

၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းမှာ စိတ်ခံစားချက်တို့ဖြင့် သက်ပြင်းချနေတော့သည်။ ထိုမြင်ကွင်းက ဝူဝမ်နယ်မြေ ခရီးစဥ်လောက် မခမ်းနားသော်လည်း အတော်ပင် အရေးပါနေသေးသည်။ မွေးရာပါ ဝိညာဥ်နယ်ပယ် ပညာရှင်များ အစုလိုက်အပြုံလိုက် ပေါ်ထွက်လာခဲ့ပြီး သူတို့၏ အရှိန်အဝါများ ချက်ချင်းဖိနှိပ်ခံလိုက်ရသည်။

ရွှေတောင်ပံ ပန်ဘုရင်လေး ကောင်းကင်ဝါးမျိုငှက် နှင့် မိုးကြိုးငှက်တို့က သူတို့၏ တောင်ပံများကို ခတ်ကာ ကောင်းကင်ထက်သို့ မြင့်တက်လာကြ၏။

အင်အားတိုင်းနဲ့ မျိုးနွယ်စုတိုင်း အဆိုပါ အခွင့်အလမ်းကို လက်မလွှတ်ချင်ကြသည့်ပုံပင်။

၎င်းကို ကြည့်ခြင်းအားဖြင့် ဤနေရာ၏ အရေးပါမှုကို မြင်တွေ့နိုင်ပေသည်။

ထိုအခိုက်အတန့်တွင် လုချန်ရှန်းက မေးခွန်းတစ်ခုကို ထုတ်မေးလိုက်သည် “ ဒီနေရာမှာ သက်ရှိသတ္တဝါတွေ အများကြီး ရှိနေတယ်ဆိုတော့ နတ်မိစ္ဆာတွေက လုံလုံလောက်လောက် ရှိပါ့မလား “

“ အဲ့တာက မင်းတွေးပူနေရမဲ့ ကိစ္စမဟုတ်ဘူး။ မြန်မြန်သွားတော့ “

“ ဆရာ ဆရာက ဘယ်သွားမလို့လဲ “

သူသည် ထွက်သွားရန် ပြင်ဆင်နေသည့် ကူချန်ကျွင်းကို ငေးကြည့်ကာ မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလိုက်သည်။

သို့ရာတွင် ကူချန်ကျွင်းက အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ ကျင်းဝူရွှေ့ရောက်လာတာကို ငါအာရုံခံမိတယ်။ သူ့ရဲ့ ကိုယ်ပွားနောက်တစ်ခုကို ထပ်သတ်လိုက်ဦးမယ်။ အဲ့တာက သူ့ရဲ့ အတွင်းချီကို သေချာပေါက် ဖျက်စီးပြီးတော့ သူ့ကို ပြန်ပြီးတော့ ကျင့်ကြံရအောင် ဖိအားပေးလိမ့်မယ် “

“ အဲ့တာက ……. “

လုချန်ရှန်းမှာ အံ့ဩမှင်သက်ကာ ဘာပြောရမှန်းမသိဖြစ်သွားခဲ့သည်။ သူက ကျေးဇူးတင်စိတ်မှတစ်ပါး မည်သည့်အရာကို ခံစားနိုင်မည်နည်း။

မထွက်သွားခင် အချိန်တွင် သူသည် ထွက်ခွာသွားသည့် ကူချန်ကျွင်းကို ငေးကြည့်ကာ တိတ်တဆိတ် အားပေးရန် မမေ့လျော့ခဲ့ပေ။

--

………………………………………………………………………………………………………………………………………

All Chapters