← Chapters

အခန်း ၁၈၆၂

Vol. 125 Ch. 1862

အခန်း ၁၈၆၂

Vol. 125 Ch. 1862

အခန်း( ၁၈၆၂ )

အခွင့်အရေး ရောက်ရှိလာခဲ့ပြီ

နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို လုချန်း လှုံ့ဆော်လိုက်ပြီးနောက် ပတ်ဝန်းကျင်ရှိ ကောင်းကင်နတ်ဆိုးစွမ်းအားများကို ဆီမီးအိမ်များက လျင်မြန်စွာ စုပ်ယူလိုက်သဖြင့် ဆီမီးအိမ်များ၏ အနီးအနားတွင် ထိုစွမ်းအားများ ကင်းစင်သွား၏။

ဆီမီးအိမ်များနှင့် နီးကပ်သော အချို့နေရာများတွင် ကောင်းကင်နတ်ဆိုးများကိုယ်တိုင်ပင် လေဟာနယ်တစ်ခုအဖြစ် ကိုယ်ရောင်ဖျောက်လိုက်ကြရသဖြင့် ဤဆီမီးအိမ်များ၏ အာနိသင်ကို နတ်များ ချက်ချင်း သတိပြုမိသွားကြ၏။

တစ်ခဏချင်းမှာပင် စစ်မြေပြင်အတွင်းရှိ နတ်များအားလုံး ဆီမီးအိမ်များရှိရာသို့ တိုးကပ်သွားကြ၏။ ဆီမီးအိမ်များနှင့် နီးကပ်သွားသော နတ်များကို ကောင်းကင်နတ်ဆိုးများက လိုက်လံဖမ်းဆီးရန် ကြိုးပမ်းသည့်အခါ သူတို့ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်နတ်ဆိုးစွမ်းအားကို လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက ဖိနှိပ်ထားကြောင်း သူတို့ ချက်ချင်း သိသွားကြ၏။

ကောင်းကင်နတ်ဆိုးများကို ပို၍ပင် ထိတ်လန့်တုန်လှုပ်သွားစေသည့်အချက်မှာ ၎င်းတို့အတွင်းရှိ ကောင်းကင်နတ်ဆိုးစွမ်းအားများကို နီရဲသော အလင်းတန်းများ ဖြာထွက်နေသည့် ဤဆီမီးအိမ်များက တကယ် စုပ်ယူနေခြင်းပင် ဖြစ်၏။

ကောင်းကင်နတ်ဆိုးစွမ်းအားကို ဆီမီးအိမ်များက ပိုစုပ်ယူမိလာသည်နှင့်အမျှ နီရဲသော နတ်အငွေ့အသက်များကို စတင်ထုတ်လွှတ်ကာ နီရဲသော ပိုးမျှင်တန်းများအဖြစ် ဖွဲ့စည်းသွား၏။ ထိုနီရဲသော ပိုးမျှင်တန်းများသည် ပတ်ဝန်းကျင်ရှိ ကောင်းကင်နတ်ဆိုးများကို ရူးသွပ်စွာ တိုက်ခိုက်လာပြီး ရစ်ပတ်နှောင်ဖွဲ့လိုက်ကြ၏။

တစ်ခဏချင်း အတွင်းမှာပင် ထိုနီရဲသော ပိုးမျှင်တန်းများ၏ ရစ်ပတ်ခြင်းကို ခံလိုက်ရသည့် ကောင်းကင်နတ်ဆိုးများသည် ဆီမီးအိမ်များအတွက် လောင်စာအဖြစ်သို့ ပြောင်းလဲသွားကြ၏။

သူ၏ စွမ်းအားများ လျင်မြန်စွာ တိုးပွားလာသည်ကို ခံစားမိလိုက်လျှင် နတ်ဆိုးကျင့်ကြံသူတစ်ယောက် ဖြစ်ရခြင်းကလည်း ဆိုးလှသည်တော့မဟုတ်ဟု လုချန်း ရုတ်တရက် တွေးမိသွား၏။

ထိုသို့ တွေးမိသည်နှင့် လုချန်း၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရ၏။ သူကိုယ်ကိုယ် ဖြောင့်မတ်သောသူတစ်ဦးအဖြစ် သတ်မှတ်ထားပါလျက်နှင့် ဤကဲ့သို့သော အတွေးမျိုး မည်သို့တွေးမိရပါအံ့နည်း။

မဖြစ်သေးပေ...

မဖြစ်သေးပေ...

သူ၏ စိတ်အာရုံကို သူ တည်ငြိမ်အောင် ထိန်းရပေလိမ့်မည်။ ကောင်းကင်နတ်ဆိုးစွမ်းအား၏ လွှမ်းမိုးမှုကြောင့်သာ ဤကဲ့သို့သော အတွေးမျိုး ဝင်လာရခြင်း ဖြစ်ပေလိမ့်မည်။

ထိုစဉ် စစ်မြေပြင်၏ ထောင့်တစ်နေရာရှိ စစ်နတ်လှေပေါ်ရှိ လုချန်းကို လူရိပ်နှစ်ရိပ်က စိုက်ကြည့်နေကြ၏။

နတ်ဘုရင်ခံ ကန်းဝူက

“ကျုပ် အမြင်မမှားဘူးဆိုရင် ကောင်းကင်က ဆီမီးအိမ်တွေကို ချန်းလု ထုတ်လွှတ်လိုက်တာ မဟုတ်လား။”

နတ်ဘုရင်ခံ ကန်းဝူ၏ ဘေးနားရှိ နတ်ဘုရင်ခံ မိုယွမ်က

“ဖြစ်နိုင်ပါတယ်... အစောပိုင်းက နတ်သခင်တွေလည်း နတ်ဆိုးဧကရာဇ်ကို တိုက်ခိုက်ဖို့ ဒီနည်းလမ်းကိုပဲ သုံးခဲ့ကြတာ။ နတ်သခင် ကောင်းကင်က မထွက်ခွာခင် ချန်းလုကို ဒီကျင့်စဉ် သင်ပေးထားခဲ့တာ သေချာပါတယ်။ ကောင်းကင်နတ်ဆိုးစွမ်းအားကို နှိမ်နင်းနိုင်တဲ့ နတ်နိယာမမျိုး ကျုပ်တို့ဆီမှာ တကယ်ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး။”

နတ်ဘုရင်ခံ ကန်းဝူက

“ဒီနတ်နိယာမကို ချန်းလုဆီကနေ ကျုပ်တို့ သင်ယူနိုင်ရင် ကောင်းကင်နတ်ဆိုးတွေကို ကြောက်နေစရာ မလိုတော့ဘူး။”

နတ်ဘုရင်ခံ ကန်းဝူ၏ စကားသံ ဆုံးသည်နှင့် သူ မလှုပ်ရှားပဲ မနေနိုင်တော့ပေ။

သူတို့၏ တာဝန်မှာ ချန်းလုကို သတ်ဖြတ်ရန်သာ ဖြစ်သော်လည်း မည်သို့ပင်ဖြစ်စေ ချန်းလုသည် နတ်သခင်တစ်ပါး၏ တပည့်ရင်း ဖြစ်နေသဖြင့် အစက သူတို့နှစ်ဦးစလုံး မလာရောက်လိုကြပေ။

သူတို့နှစ်ဦးသာ လူမိသွားပါက သေလမ်းသာ ရှိပေလိမ့်မည်။ လူမမိလျှင်ပင် လျှို့ဝှက်ချက်ပေါက်ကြားမည်ကို စိုးရိမ်သဖြင့် ကောင်းကင်လင်းယုန် နတ်သခင်၏ သုတ်သင်ခြင်းကို ခံရနိုင်ခြေ ရှိပြန်၏။

အဘယ်ကြောင့်ဆိုသော် လျှို့ဝှက်လဝန်း ကျောင်းတော်တွင် နတ်ဘုရင်ခံ အဆင့်များ သည် တန်ဖိုးအထားရဆုံး အဆင့်မျိုး မဟုတ်သောကြောင့် ဖြစ်၏။

သို့သော်လည်း ယခုတော့ ဤတာဝန်ကို သူတို့ လာရောက်ထမ်းဆောင်ရခြင်းအပေါ် နတ်ဘုရင်ခံ ကန်းဝူနှင့် နတ်ဘုရင်ခံ မိုယွမ်တို့ ဝမ်းသာမိကြပြန်၏။

အဘယ်ကြောင့်ဆိုသော် သာမန်အခြေအနေမျိုးဆိုလျှင် ကောင်းကင်နတ်ဆိုးစွမ်းအားကို ဖိနှိပ်နိုင်သည့် ဤကဲ့သို့သော နတ်နိယာမမျိုးနှင့် ထိတွေ့ခွင့်ရရန် သူတို့၌ အခွင့်အရေး မရှိနိုင်သောကြောင့် ဖြစ်၏။

နတ်ဘုရား နယ်မြေ မဟာမိတ်တပ်နှင့် နတ်ဆိုးဧကရာဇ်တို့အကြား စစ်ပွဲမှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယနေ့မှသာ နတ်သခင်များက ဤနိယာမကို ထုတ်ဖော်အသုံးပြုခဲ့ကြခြင်းက ၎င်း၏ အဖိုးတန်မှုကို ညွန်ပြနေခြင်းဖြစ်သည်။

လုံးဝ မလွဲမရှောင်သာသည့် အခြေအနေမျိုး မဟုတ်လျှင် ဤနိယာမ ပေါ်ထွက်လာလိမ့်မည်မဟုတ်သလို ဤနတ်နိယာမကို ပိုင်ဆိုင်ထားသည့် နတ်ဂိုဏ်းကလည်း သာမန်အချိန်များတွင် ထုတ်သုံးလိမ့်မည် မဟုတ်ပေ။

သို့ရာတွင် ချန်းလုသည်လည်း ဤနတ်နိယာမကို တတ်မြောက်ထားရာ သူ့ကို မသတ်ခင် ဝိညာဉ်ရှာဖွေခြင်း ပညာကို အသုံးပြုလိုက်ရုံမျှဖြင့် ဤနတ်နိယာမကို သူတို့ ရရှိသွားနိုင်မည်။

သူတို့နှစ်ဦး စိတ်ကူးထဲ၌ အစီအစဉ်ဆွဲပြီးဖြစ်၏။ စစ်မြေအတွင်း ပို၍ ကစဉ့်ကလျား ဖြစ်လာမည့်အချိန်ကို စောင့်ဆိုင်းပြီး ထိုအချိန်၌ ချန်းလုကို အမြန်ဆုံး ရှင်းလင်းရန် လှုပ်ရှားကြမည်ဖြစ်သည်။

ချန်းလုကို ရှင်းလင်းပြီးနောက် ဆီမီးအိမ်များကို ထိန်းသိမ်းမည့်သူ မရှိတော့ခြင်းကြောင့် စစ်မြေပြင် အခြေအနေ ပိုဆိုးရွားသွားပြီး ကောင်းကင်နတ်ဆိုးများ ထပ်မံသောင်းကျန်းလာမှာလား ဆိုသည့်အခြေအနေကတော့ သူတို့ ဂရုစိုက်မည့်အရာ မဟုတ်ပေ။

သူတို့ ဂရုစိုက်သည်မှာ သူတို့၏ တာဝန် အောင်မြင်ရေးသာ ဖြစ်၏။ ထို့ပြင် ချန်းလုကို ရှင်းလင်းပြီး သူ့ထံမှ ထိုနတ်နိယာမကို သင်ယူပြီးပါက ကောင်းကင်နတ်ဆိုးများကို ရင်ဆိုင်ရန် သူတို့ကိုယ်တိုင်လည်း ဤနတ်နိယာမကို အသုံးပြုနိုင်မည် မဟုတ်ပါလား။

သူတို့သည် နတ်ဘုရင်ခံ အဆင့်များ ဖြစ်ကြရာ ရွှေနတ်အဆင့်ပင် မရှိသေးသော ချန်းလုနှင့် နှိုင်းယှဉ်လျှင် ဤနတ်နိယာမကို သူတို့ အသုံးပြုခြင်းက ပို၍ကြီးမားသော ရလဒ်များကို ဧကန်မုချ ထွက်ပေါ်စေလိမ့်မည် ဖြစ်၏။

ဤနတ်နိယာမကို သူတို့ ရရှိသွားသည်နှင့် သူတို့သည် ကောင်းကင်လင်းယုန် နတ်သခင်အတွက် တန်ဖိုးရှိသောသူများ ပြန်ဖြစ်သွားမည်ဖြစ်ရာ အသတ်ခံရမည့် ဘေးအန္တရာယ်မှလည်း ကင်းဝေးသွားပေလိမ့်မည်။

လုချန်းကို တိုက်ခိုက်ရန် အခွင့်အရေးကို သူတို့နှစ်ဦး ရှာဖွေနေစဉ် အဝေးဆီမှ ထူထပ်လှသော မြူခိုးမည်းကြီးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာပြန်၏။

ထိုမြူခိုးမည်းကြီးအတွင်းရှိ သွေးနီရောင်မျက်လုံးကြီးများသည် တောက်လောင်နေသည့် နေနှစ်စင်းနှင့်ပင် တူနေတော့သည်။

နောက်အခိုက်အတန့်တွင် ထိုမြူခိုးမည်းကြီးသည် လုချန်းရှိရာ အရပ်သို့ တိုက်ရိုက် ဦးတည်ပြေးဝင်လာသဖြင့် လုချန်း မျက်မှောင်ကြုတ်လိုက်မိ၏။ မြူခိုးမည်းကြီးထံမှ ဖြာထွက်လာသော အငွေ့အသက်သည် အလွန်တရာ ပြင်းထန်လှရာ အတွင်း၌ မြင့်မားသည့် ကျင့်စဉ်အဆင့်ရှိသည့် ကောင်းကင်နတ်ဆိုးတစ်ကောင် ပုန်းအောင်းနေသည်မှာ သေချာလှ၏။

ရွှမ်ချင်းယွမ် ထျန်းရန် နတ်ဘုရား နယ်မြေသို့ ပြန်လည်ရောက်ရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ နတ်သခင်အဆင့်ရှိ ကောင်းကင်နတ်ဆိုးတစ်ကောင်ကို သူမ ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်လိမ့်မည်။

ထိုဖြစ်တည်မှုသည် တကယ်ပင် နတ်သခင်အဆင့်ရှိ ကောင်းကင်နတ်ဆိုးတစ်ကောင် ဖြစ်ပုံရ၏။

နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာက ကောင်းကင်နတ်ဆိုးစွမ်းအားကို ဖိနှိပ်နိုင်သည်ဆိုသော်လည်း သူ၏ လက်ရှိစွမ်းအားနှင့်ဆိုလျှင် နတ်သခင်အဆင့်ရှိ ကောင်းကင်နတ်ဆိုးတစ်ကောင်အပေါ် သက်ရောက်နိုင်စွမ်းက အလွန်တရာ ကန့်သတ်ချက် ရှိနေသေး၏။

ထိုဖြစ်တည်မှုက သူ၏ ခြိမ်းခြောက်မှုကို အထင်အရှား ရိပ်မိသွားပုံရပြီး ထိုအရာကို ဖယ်ရှားပစ်ရန် လုချန်းထံသို့ တည့်တည့်မတ်မတ် လာရောက်ခြင်း ဖြစ်သည်။

နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို လုချန်း ချက်ချင်း လှုံ့ဆော်လိုက်ရာ ကောင်းကင်ယံထက်၌ ဆီမီးအိမ်များ တစ်စတစ်စ တိုးပွားလာပြီး ထိုမြူခိုးမည်းကြီးထံသို့ တိုက်ရိုက် ဦးတည်သွားသည်။

ဆီမီးအိမ်များမှ ဖြာကျလာသော နီရဲသော အလင်းတန်းများက ကောင်းကင်နတ်ဆိုးစွမ်းအားအချို့ကို မောင်းထုတ်နိုင်ခဲ့သော်လည်း မြူခိုးမည်းကြီး၏ တိုးဝင်လာမှုကိုတော့ ပြောင်းလဲနိုင်ခြင်း မရှိသည်ကို လုချန်း ကြိုတင်ခန့်မှန်းမိလိုက်၏။

ထိုအခိုက်အတန့်တွင် စစ်မြေပြင်အတွင်းရှိ နတ်ဘုရား နယ်မြေ မဟာမိတ်တပ်မှ နတ်များကလည်း ဤအခြေအနေကို သတိပြုမိသွားကြပြီး ထိုဆီမီးအိမ်များကို လှုံ့ဆော်နေသူမှာ လုချန်းဖြစ်ကြောင်း နတ်ဘုရင်အချို့ ရိပ်မိသွားကြ၏။

ချက်ချင်းဆိုသလို ထိုမြူခိုးမည်းကြီး လျှို့ဝှက်လဝန်း ကျောင်းတော်၏ စစ်နတ်လှေအနီးသို့ မချဉ်းကပ်နိုင်စေဖို့ တားဆီးရန် နတ်ဘုရင်များက လူတိုင်းကို အမိန့်ပေးလိုက်ကြ၏။ အဘယ်ကြောင့်ဆိုသော် ယခုလောလောဆယ်တွင် ဆီမီးအိမ်များကသာ ကောင်းကင်နတ်ဆိုးစွမ်းအားကို ဖိနှိပ်နိုင်စွမ်းရှိပြီး ၎င်းတို့သာ မရှိလျှင် နတ်ဘုရား နယ်မြေ မဟာမိတ်တပ်၏ ကျဆုံးမှု များစွာ မြင့်တက်သွားမည် ဖြစ်သောကြောင့်ပင်။

ကောင်းကင်နတ်ဆိုးစွမ်းအားသည် နတ်များ၏ နတ်စွမ်းအားကို ဖိနှိပ်နိုင်ရုံသာမက ပို၍အရေးကြီးသည်မှာ ၎င်းစွမ်းအားသည် နတ်များ၏ စိတ်အာရုံကို လွှမ်းမိုးကာ ကြောက်ရွံ့မှုနှင့် မကောင်းသော အတွေးများကို ကြီးထွားစေခြင်းဖြင့် ကောင်းကင်နတ်ဆိုးများ၏ တည်ရှိမှုကို ပို၍ အားကောင်းလာစေခြင်း ဖြစ်သည်။

လုချန်း၏ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာက ပတ်ဝန်းကျင်ရှိ ကောင်းကင်နတ်ဆိုးစွမ်းအားများကို မောင်းထုတ်ပေးသဖြင့် စစ်တလင်းအတွင်းရှိ နတ်အများစုကို ဆင်ခြင်တုံတရား ထိန်းသိမ်းနိုင်စေပြီး ကောင်းကင်နတ်ဆိုးများ ပို၍ အားကောင်းမလာစေရန် တားဆီးပေးထားခြင်း ဖြစ်၏။

ဤဆီမီးအိမ်များသာ မရှိပါက နတ်များလည်း ထိုအကာအကွယ်ကို ဆုံးရှုံးရမည်ဖြစ်ပြီး သူတို့ ရင်ထဲရှိ ကြောက်ရွံ့မှုနှင့် အလိုဆန္ဒများ တစ်ဖန် ပြန်လည်ကြီးထွားလာပေလိမ့်မည်။ ထိုအခါ အကျိုးဆက် အနေနှင့် စစ်မြေပြင်အတွင်းရှိ ကောင်းကင်နတ်ဆိုးများ ပို၍ အားကောင်းလာကြပေလိမ့်မည်။

လက်ရှိ ကောင်းကင်နတ်ဆိုးများပင် ရင်ဆိုင်ရန် အလွန်ခက်ခဲနေပြီဖြစ်ရာ ၎င်းတို့သာ ပို၍ အားကောင်းလာပါက အဆုံး၌ နတ်ဘုရား နယ်မြေ မဟာမိတ်တပ်အနေနှင့် ဆုတ်ခွာရုံသာ ရှိတော့၏။

အင်အားစုအချို့မှ နတ်ဘုရင်များသည် လုချန်း၏ ရှေ့မှောက်သို့ တိုက်ရိုက် ပြေးဝင်လာကြပြီး ထိုမြူခိုးမည်းကြီး လုချန်း၏ အနီးသို့ မချဉ်းကပ်နိုင်စေရန် တားဆီးဖို့အတွက် နတ်နိယာမမျိုးစုံနှင့် နတ်ရတနာများကို အစွမ်းကုန် ထုတ်ဖော်လျက် စုပေါင်းလှုပ်ရှားလိုက်ကြ၏။

လုချန်းသည် မျက်မှောင်ကြုတ်လျက် ဤမြင်ကွင်းကို စောင့်ကြည့်မိ၏။ အမှန်အတိုင်းပြောရလျှင် သူ၏ လက်ရှိခန္ဓာကိုယ်နှင့် တိုးဝင်လာသော ကောင်းကင်နတ်ဆိုးကြီးကို ထိပ်တိုက်မရင်ဆိုင်နိုင်သဖြင့် ယခုအချိန်တွင် နတ်ဘုရင်၏ ကျိန်စာ စွမ်းအားကို ထုတ်သုံးရ တော့မလားဟု သူ တွေဝေနေမိသည်။

လုချန်း တွေဝေနေစဉ် အဝေးရှိ ကောင်းကင်နတ်ဆိုးက နတ်သခင်အဆင့်၏ ထိတ်လန့်ဖွယ် ဖိအားတစ်ခုကို ထုတ်လွှတ်လိုက်တော့၏။ ထိုအခါ လုချန်း၏ ရှေ့မှောက်ရှိ နတ်ဘုရင်အချို့လည်ူ မြေပြင်ပေါ်သို့ ချက်ချင်း ဖိနှိပ်ခံလိုက်ရသလို ဘေးပတ်ဝန်းကျင်ရှိ စစ်နတ်လှေများလည်း မြေ‌ ကြီးပေါ်သို့ ပျက်ကျသွားတော့၏။

လုချန်း နေနေသည့် စစ်နတ်လှေသည်လည်း မြေပြင်ပေါ်သို့ အရှိန်အဟုန်နှင့် ကျရောက်သွားပြီး ဖုန်မှုန့်များ လွင့်ပျံသွားစေတော့သည်။

အဝေးဆီမှ ဤမြင်ကွင်းကို လှမ်းမြင်လိုက်ရသောအခါ နတ်ဘုရင်ခံ ကန်းဝူနှင့်

နတ်ဘုရင်ခံ မိုယွမ်တို့လည်း အဓိပ္ပာယ်ပါပါ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

သူတို့၏ အခွင့်အရေး ရောက်ရှိလာခဲ့ပြီဖြစ်သည်။

--

…………..

All Chapters