← Chapters

အခန်း ၁၈၇၀

Vol. 125 Ch. 1870

အခန်း ၁၈၇၀

Vol. 125 Ch. 1870

အခန်း (၁၈၇၀ )

လျှော့တွက်နေသူ

နတ်သခင် ကောင်းကင် စိုးရိမ်ပူပန်နေသည့် အရာကို နတ်သခင် ယွမ်မုန့် သိ၏။

နတ်သခင် ကောင်းကင် စကားပြောပြီးနောက် နတ်သခင် ယွမ်မုန့်က

“ဒါကြောင့်လည်း သူတော်စင်မ ဖြစ်လာနိုင်မယ့် အရည်အချင်းရှိသူကို ဆက်ပြီး ရှာဖွေခိုင်းထားတာပေါ့။”

“တကယ်လို့ မဖြစ်မနေ အခြေအနေမျိုး မဟုတ်ရင် ရှုကျင့်ရှူးရဲ့ ကလေးကို ကျွန်မက သူတော်စင်မအဖြစ် တင်မြှောက်မှာ မဟုတ်ဘူး။”

ဘာပြန်ပြောရမှန်း မသိသဖြင့် နတ်သခင် ကောင်းကင် နှုတ်ဆိတ်သွားရ၏။ ထိုအခိုက်အတန့်တွင် နတ်သခင် ယွမ်မုန့်က

“နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို ကျွန်မကို ပြစမ်းပါဦး။”

နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို နတ်သခင် ယွမ်မုန့်လည်း အတော်လေး စိတ်ဝင်စားနေ၏။ သူမ မြောက်ပိုင်းနယ်သို့ ကိုယ်တိုင်မသွားရောက်ခဲ့သော်လည်း နတ်သခင် ကောင်းကင် ပြန်လည်ပေးပို့လာသော စာအချို့ကိုတော့ ဖတ်ရှုခဲ့ရ၏။

ထိုစာများထဲတွင် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာက ကောင်းကင်နတ်ဆိုးစွမ်းအားကို မည်သို့နှိမ်နင်းနိုင်ကြောင်း နတ်သခင် ကောင်းကင်က ရေးသားဖော်ပြထားသည်။ ဤအချက်က နတ်သခင် ယွမ်မုန့်၏ စိတ်ဝင်စားမှုကို အကြီးအကျယ် ဆွဲဆောင်နိုင်ခဲ့၏။

သတိပြန်ဝင်လာပြီးနောက် နတ်သခင် ကောင်းကင်လည်း နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ၏ အကြောင်းအရာကို မှတ်ဉာဏ်ပုလဲလုံးတစ်ခုအဖြစ် တိုက်ရိုက်ပုံဖော်လိုက်၏။ ထို့နောက် ထိုပုလဲလုံးကို နတ်သခင် ယွမ်မုန့်၏ ရှေ့မှောက်သို့ ပို့ပေးလိုက်သည်။

လက်ကို ညင်သာစွာ မြှောက်ကာ လက်ချောင်းထိပ်ရှိ ခုနစ်ရောင်ခြယ် နတ်စွမ်းအားတစ်မျှင်ဖြင့် မှတ်ဉာဏ်ပုလဲလုံးကို နတ်သခင် ယွမ်မုန့် လှုပ်နှိုးလိုက်၏။ နောက်တစ်ခဏ၌ ထိုပုလဲလုံးသည် ခုနစ်ရောင်ခြယ်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူမ၏ နဖူးပြင်ဆီသို့ စီးဝင်သွားတော့သည်။

နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ၏ နတ်ပညာရပ် အကြောင်းအရာကို ဖတ်ရှုပြီးနောက် မဆိုင်းမတွပင် နတ်သခင် ယွမ်မုန့် စမ်းသပ်ကြည့်လိုက်၏။

နတ်သခင် ယွမ်မုန့်က

“ဒါက တကယ့်ကို ကောင်းကင်အဆင့် နတ်ပညာရပ်ပဲ။ လုချန်းက ကစဉ့်ကလျား ပင်လယ်ဆီကနေ အခွင့်အလမ်းတွေ အများကြီး ရခဲ့တာ သိသာနေတာပဲ။”

“ဒါပေမဲ့ အဲဒီထဲမှာ ဧကရာဇ်အဆင့် ရောက်နိုင်မယ့် အခွင့်အလမ်းမျိုးကော ပါမပါ ဘယ်သူသိနိုင်မလဲ...”

နတ်သခင် ယွမ်မုန့်၏ စကားကို ကြားလျှင် ထိုအချက်သည်ပင် လုချန်းကို နတ်သခင် ယွမ်မုန့် ဆွဲဆောင်ထိန်းသိမ်းထားရသည့် စစ်မှန်သောအကြောင်းရင်း ဖြစ်နိုင်ကြောင်း နတ်သခင် ကောင်းကင်စိတ်ထဲ တွေးတောမိလိုက်၏။ သို့သော်လည်း ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အလမ်းဟူသည် အလွယ်တကူ ရရှိနိုင်သောအရာမျိုး မဟုတ်ပေ။

လုချန်းတွင် ဧကရာဇ်အဆင့် ရောက်မည့် အခွင့်အလမ်း တကယ် ရှိနေလျှင်ပင် သူ၏ ပါရမီအရ နတ်သခင်အဆင့်သို့ ရောက်ရှိရန် အချိန်အများကြီး လိုမည်မဟုတ်ပေ။ ထိုကဲ့သို့သော အခွင့်အလမ်းကို သူကိုယ်တိုင်အတွက်သာ သိမ်းဆည်းထားမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

သူတစ်ပါးကို ဘာ့ကြောင့်ခွဲဝေပေးမှာနည်း။

နတ်သခင် ကောင်းကင်က

“ကျောင်းတော်သခင်က သူ့ဆီကနေ ဧကရာဇ်အဆင့် ရောက်မယ့် အခွင့်အလမ်းကို လိုချင်ရင် တိုက်ရိုက်ပဲ မေးလိုက်ပါလား။ သူ့ရဲ့ အခုလက်ရှိ စွမ်းအားနဲ့ဆို ကျောင်းတော်သခင်ကို ဘာမှ တုံ့ပြန်နိုင်မှာ မဟုတ်ဘူး။”

နတ်သခင် ကောင်းကင်၏ မေးခွန်းကို ကြားရလျှင် နတ်သခင် ယွမ်မုန့်က မသိမသာ ပြုံးလိုက်ရင်း

“ရှင် လုချန်းကို လျှော့တွက်နေပြီ”

ဒါက...

နတ်သခင် ယွမ်မုန့် အဘယ်ကြောင့် ထိုသို့ပြောရသည်ကို နတ်သခင် ကောင်းကင် အနည်းငယ် နားမလည်နိုင် ဖြစ်သွား၏။ လုချန်းသည် အချို့သော ပါရမီထူးများကို ပိုင်ဆိုင်ထားပြီး ကစဉ့်ကလျား ပင်လယ်ထဲမှ အခွင့်အလမ်းကောင်းများစွာ ရရှိခဲ့နိုင်သော်လည်း သူ၏ လက်ရှိ စွမ်းအားမှာ အလွန်ဆုံးရှိလှ နတ်ဘုရင် အဆင့်သာ ဖြစ်နိုင်သည်။

စစ်မြေပြင်တွင် သူ၏ အစွမ်းကုန်ကို ထုတ်သုံးကာ နတ်သခင်တစ်ပါးကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်ကို သူမ ကိုယ်တိုင် မြင်တွေ့ခဲ့ရ၏။ ထို့နောက်တွင်တော့ သူ၏ ခန္ဓာကိုယ်မှ အငွေ့အသက်များ လျင်မြန်စွာ အားနည်းသွားပြီး ဒုတိယအကြိမ် ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။

လုချန်း၏ လက်ရှိ စွမ်းအားနှင့်ဆိုပါက လျှို့ဝှက်လဝန်း ကျောင်းတော်အတွင်းရှိ များပြားလှစွာသော နတ်သခင်များကို မဆိုထားနှင့် နတ်သခင် ယွမ်မုန့်ကိုပင် မည်သို့မှ ခြိမ်းခြောက်နိုင်စွမ်း မရှိသည်မှာ သေချာသလောက်ပင် ဖြစ်၏။

အကယ်၍ နတ်သခင် ယွမ်မုန့်ကသာ အတင်းအဓမ္မ လုယူလိုပါက လုချန်းအနေနှင့် ဘာများ တတ်နိုင်ပါဦးမည်နည်း။

ထို့ကြောင့်ပင် နတ်သခင် ယွမ်မုန့်က လုချန်းအပေါ် အဘယ်ကြောင့် ဤမျှယဉ်ကျေးပျူငှာစွာ ဆက်ဆံနေရသည်ကို နတ်သခင် ကောင်းကင် နားမလည်နိုင်ဖြစ်ရခြင်း ဖြစ်သည်။

သူ၏ ပထမဆုံးသော တပည့်ရင်းဖြစ်သူကို လုချန်း ခေါ်ဆောင်သွားခဲ့ခြင်းကြောင့် နတ်သခင် ကောင်းကင်၏ စိတ်ထဲ၌ ယခုထက်တိုင် လုချန်းအပေါ် မကျေနပ်မှုအချို့ ရှိနေဆဲ ဖြစ်၏။ ထို့ကြောင့်ပင် သူ့ကို တိုက်ရိုက်ရင်ဆိုင်ရန် စိတ်ကူးမိခြင်းလည်း ဖြစ်သည်။

နတ်သခင် ယွမ်မုန့်က

“ရှင်မြင်နေရတဲ့အရာက လုချန်း အစစ်မဟုတ်ဘူး”

နတ်သခင် ယွမ်မုန့်၏ ဆိုလိုရင်းကို နတ်သခင် ကောင်းကင် ချက်ချင်းပင် သဘောပေါက်သွား၏။ နတ်သခင် ကောင်းကင်က မျက်မှောင်ကြုတ်လျက်

“ကိုယ်ပွားတစ်ခုလား”

နတ်သခင် ယွမ်မုန့်က

“တစ်ဖက်ကကြည့်ရင်တော့ ဟုတ်တယ်။ ဒါပေမဲ့ သူ့ရဲ့ ကိုယ်ပွားက အတော်လေး ထူးဆန်းတယ်။ သူ့ရဲ့ ဝိညာဉ်အငွေ့အသက်က ပြည့်စုံလွန်းနေတယ်။”

“ကိုယ်ပွားလို့ ပြောမယ့်အစား သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ရုပ်သေးရုပ်နဲ့ ပိုတူပြီး သူ့ရဲ့ ဝိညာဉ်က အဲဒီရုပ်သေးကို ထိန်းချုပ်နေတာလို့ ကျွန်မ ထင်တယ်။”

“သူ့ရဲ့ ဝိညာဉ်အစစ် ဘယ်နေရာမှာ ပုန်းအောင်းနေလဲ ဆိုတာကိုတော့ ကျွန်မလည်း အာရုံမခံနိုင်ဘူး။”

လုချန်း၏ ခန္ဓာကိုယ်မှာ ရုပ်သေးရုပ်မျှသာ ဖြစ်နေသောကြောင့် နတ်သခင် ယွမ်မုန့် သူ့အပေါ် ဤမျှ သဘောကောင်းနေရခြင်းဖြစ်ကြောင်း နတ်သခင် ကောင်းကင် သဘောပေါက်သွားတော့၏။

ဤရုပ်သေးခန္ဓာကိုယ်ကို သတ်လိုက်လျှင်ပင် လုချန်းကို ထိခိုက်ဒဏ်ရာရလိမ့်မည် မဟုတ်ပေ။ ၎င်းက ကိုယ်ပွားတစ်ခုပင် မဟုတ်သည့်အတွက် ဝိညာဉ်အပေါ် တန်ပြန်သက်ရောက်မှုပင် ရှိလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း လုချန်း၏ ရုပ်သေးပညာရပ်မှာ ငြင်း၍မရအောင်ပင် အဆင့်မြင့်လွန်းလှသဖြင့် နတ်သခင်တစ်ပါးဖြစ်သော သူမကိုယ်တိုင်ပင်လျှင် ရိပ်မိခြင်း မရှိခဲ့ပေ။

ဤရုပ်သေးအတတ်ပညာသည်လည်း ကစဉ့်ကလျား ပင်လယ်ထဲမှ လုချန်း ရရှိခဲ့သည့် အခွင့်အလမ်းတစ်ခု ဖြစ်နေလေရော့သလား။

နတ်သခင် ယွမ်မုန့်က ဆက်လက်၍

“ပြီးခဲ့တဲ့ ကိစ္စတွေကို အတိတ်မှာပဲ ထားခဲ့ဖို့ သူ့ကို ပြောပြီးပြီ။ အခုကစပြီး သူက လျှို့ဝှက်လဝန်း ကျောင်းတော်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားပြီ။ ဒါကြောင့်...”

ထိုသို့ပြောရင်း နတ်သခင် ယွမ်မုန့်က နတ်သခင် ကောင်းကင်ထံသို့ အကြည့် လွှဲပြောင်းလိုက်ကာ

“ညီမ... ရှင်အခု သူ့ရဲ့ သရုပ်မှန်ကို သိသွားပြီ ဆိုရင်တောင် စိတ်ထဲမှာ သူ့အပေါ် ရန်ငြိုးမထားဖို့ ကျွန်မ မျှော်လင့်ပါတယ်။”

နတ်သခင် ကောင်းကင် နှုတ်ဆိတ်သွားရပြန်၏။ နတ်ဂိုဏ်း၏ အကျိုးစီးပွား ရှုထောင့်မှ ကြည့်လျှင် သူမအနေနှင့် လုချန်းကို တကယ်ပင် အရေးယူ၍ မဖြစ်ပေ။

ကစဉ့်ကလျား ပင်လယ်မှ အခွင့်အလမ်းများကို ရရှိထားသည့်အပြင် လုချန်းတွင် ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးပင် ရှိနေနိုင်သေး၏။ လျှို့ဝှက်လဝန်း ကျောင်းတော်အနေနှင့် သူ့ကို ရန်မမူသင့်ရုံသာမက ပိုကောင်းမွန်သော အခွင့်အရေးများ ပေးအပ်ကာ ပံ့ပိုးကူညီပေးရမည် ဖြစ်သည်။

သို့သော်လည်း ဤလူကြောင့် သူမ၏ ပထမဆုံးသော တပည့်ရင်းဖြစ်သူ ယွမ်ချင်းရှုသည် လျှို့ဝှက်လဝန်း ကျောင်းတော်မှ နှင်ထုတ်ခြင်း ခံခဲ့ရရုံမှမက နောက်ဆုံးတွင် သေသလား ရှင်သလားကိုပင် မသိရပဲ ကစဉ့်ကလျား ပင်လယ်ထဲသို့ ဝင်ရောက်သွားခဲ့ရသည်ကို တွေးမိလျှင် သူမ၏ ရင်ထဲ၌ ခံစားချက်အချို့ ရှိနေဆဲပင် ဖြစ်၏။

သို့သော် နတ်သခင်တစ်ပါး ဖြစ်သည့်အားလျော်စွာ သူမ၏ စိတ်ခံစားချက်ကို နတ်သခင် ကောင်းကင် လျင်မြန်စွာပင် ထိန်းချုပ်လိုက်နိုင်၏။

အမှန်စင်စစ်တွင်တော့ သူမအနေနှင့် လုချန်းကို ကျေးဇူးတင်သင့်ပေသည်။ အကယ်၍ လုချန်းက ယွမ်ချင်းရှု၏ သန့်ရှင်းမှုကို ဖျက်ဆီးမပစ်ခဲ့ပါက ယွမ်ချင်းရှုသည် ဝင်စားရန် ခန္ဓာကိုယ်အဖြစ် ပြုစုပျိုးထောင်ခံရမည့် သူတော်စင်မအဖြစ် ယခုထက်တိုင် ရှိနေဦးမည် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် နတ်သခင် ယွမ်မုန့်က

“ညီမမှာ အခြား ကိစ္စရှိသေးလား”

သတိပြန်ဝင်လာပြီးနောက် နတ်သခင် ကောင်းကင်က

“မရှိတော့ပါဘူး... ကျွန်မ အရင် ပြန်ပါရစေဦး”

ထိုစကားနှင့်အတူ ထိုနေရာမှ နတ်သခင် ကောင်းကင်၏ ခန္ဓာကိုယ် ပျောက်ကွယ်သွားတော့၏။

……

နတ်သခင် ကောင်းကင် ပြန်ရောက်ပြီးနောက် ကောင်းကင်ခန်းမသို့ လာရောက်ရန် လုချန်းထံသို့ သတင်းစကား ပေးပို့လိုက်၏။

သူမ လုချန်းကို ဒုက္ခပေးရန် မရည်ရွယ်တော့သော်လည်း လုချန်းသည် ကစဉ့်ကလျား ပင်လယ်ထဲမှ ပြန်လည်ထွက်ခွာလာသူ ဖြစ်ခြင်းကြောင့် ယွမ်ချင်းရှုသည်လည်း အသက်ရှင်လျက် ရှိနေနိုင်သေးသည်။

ယွမ်ချင်းရှု၏ လက်ရှိ အခြေအနေကို နတ်သခင် ကောင်းကင် သိလိုလှ၏။

နတ်သခင် ကောင်းကင်၏ သတင်းစကားကို ကြားလျှင် သူမ၏ ရည်ရွယ်ချက်ကို လုချန်း ချက်ချင်းပင် ရိပ်မိလိုက်၏။ နတ်သခင် ကောင်းကင်သည် လူအ မဟုတ်သဖြင့် သူ၏ သရုပ်မှန်ကို တစ်နေ့တွင် သိသွားမည်ကို သူ ယုံကြည်ထားပြီးသား ဖြစ်၏။

ယခုကဲ့သို့ သူ့ကို ခေါ်တွေ့ခြင်းမှာ ကိစ္စအဝဝကို ပွင့်ပွင့်လင်းလင်း ရှင်းလင်းလိုသောကြောင့်သာ ဖြစ်နိုင်၏။

အထူးသဖြင့် ကျောင်းတော်သခင် နတ်သခင် ယွမ်မုန့်ကိုယ်တိုင်က သူ့ကို လက်ခံရန် ရွေးချယ်ထားပြီး ဖြစ်သဖြင့် လုချန်း နည်းနည်းမှ စိုးရိမ်ပူပန်ခြင်း မရှိပေ။

တောင်ထိပ်သခင်အဆင့်သာ ဖြစ်သော နတ်သခင် ကောင်းကင်အနေနှင့် ဘာများလုပ်နိုင်မည်နည်း။

မဆိုင်းမတွပင် ကောင်းကင်ခန်းမဆီသို့ လုချန်း တိုက်ရိုက် ဦးတည်သွားလိုက်၏။ ခန်းမထဲသို့ လှမ်းဝင်လိုက်သည်နှင့် ဖိနှိပ်သည့် အငွေ့အသက်များကို သူ ချက်ချင်း ခံစားလိုက်ရသည်။

ထိုအခိုက်အတန့်တွင် နတ်သခင် ကောင်းကင်သည် ခန်းမအလယ်၌ လုချန်းကို ကျောခိုင်းလျက် ရပ်နေ၏။ ဝတ်ရုံအနားသတ်တွင် ငွေချည်မျှင်များဖြင့် လွင့်မျောနေသော တိမ်တိုက် ဝတ်ရုံပါးကို သူမ ဆင်မြန်းထား၏။

ခါးတွင် ခရမ်းနုရောင် ခါးပတ်တစ်လက်ကို ပတ်ထားပြီး အေးစက်စက် ဆွဲဆောင်မှု အနည်းငယ်ကို ထုတ်လွှတ်နေလျက် ငြိမ်သက်စွာ ရပ်နေသော သူမ၏ ကျောပြင်အလှသည် သန့်စင်မွန်မြတ်သည့် အလှတရားကို ပေါ်လွင်နေစေ၏။

နတ်သခင် ကောင်းကင်၏ ကျောပြင်ကို မြင်လျှင် ယွမ်ချင်းရှု၏ ပုံရိပ်ကို လုချန်း မရည်ရွယ်ပဲ မြင်ယောင်မိသွား၏။ စရိုက်သဘာဝချင်းတွင်တော့ ယွမ်ချင်းရှုသည် နတ်သခင် ကောင်းကင်နှင့် တကယ့်ကို တူညီလှ၏။ သူတို့နှစ်ဦး ဆရာနှင့် တပည့်ပီသလှသည်ဟု ဆိုရပေမည်။

ထို့ပြင် ယွမ်ချင်းရှုနှင့် နတ်သခင် ကောင်းကင်တို့သာမက ယွမ်ယုတိ၏ စရိုက်မှာလည်း သူတို့နှင့် အလွန် ဆင်တူလှ၏။ ထိုအရာက သူတို့၏ ကျင့်စဉ်လမ်းကြောင်းများ ထပ်တူနီးပါး တူညီနေခြင်းကြောင့်လည်း ဖြစ်နိုင်၏။

ခန်းမထဲသို့ လုချန်း ရောက်ရှိလာသည်ကို အာရုံခံမိလျှင် လှည့်မကြည့်ပဲ နတ်သခင် ကောင်းကင်က အေးစက်စွာဖြင့်

“ရှင် တကယ့်ကို သတ္တိကောင်းလှချည်လား”

လုန်းက မသိနားမလည်ဟန်ဖြင့်

“ဆရာ... ဒါက ဘာကို ဆိုလိုတာလဲဆိုတာ ကျုပ် နားမလည်ဘူး။”

နတ်သခင် ကောင်းကင်က နှာခေါင်းရှုံ့ကာ လုချန်းထံသို့ စူးစူးဝါးဝါး လှည့်ကြည့်လိုက်ရင်း

“ရှင်က ကျွန်မရဲ့ တပည့်ရင်းကို ခေါ်သွားပြီးတော့ အခု လျှို့ဝှက်လဝန်း ကျောင်းတော်ကို လာပြီး ကျွန်မကို ဆရာအဖြစ် လာသတ်မှတ်ရဲသေးတယ်ပေါ့။ လုချန်း... ကျောင်းတော်သခင်က ရှင့်ကို ကျောထောက်နောက်ခံပေးထားရုံနဲ့ ရှင့်ကို ကျွန်မ ဘာမှမလုပ်ရဲဘူးလို့ ထင်နေတာလား။”

--

…………….

All Chapters