အခန်း ၁၈၇၅
Vol. 125 Ch. 1875
အခန်း (၁၈၇၅ )
လုချန်း၏ သတိပေးချက်
ထိုအခိုက်အတန့်တွင် နဂါးပျံနတ်သခင်က
“အခြားအင်အားစုတွေရဲ့ အတွေးက ကျုပ်အတွက် အရေးမကြီးပါဘူး။ နန်းတော်သခင် ယွမ်မုန့် သိထားရမှာက ကျုပ်တို့ နဂါးပြာခန်းမဟာ အရိုင်းနယ်မြေကိုပဲ ဦးတည်နေတယ် ဆိုတာပါပဲ။”
နတ်သခင် ယွမ်မုန့် ခဏခန့် အတွေးထဲနစ်မြောသွား၏။ နဂါးပျံနတ်သခင် လိမ်ညာနေခြင်း မဟုတ်ဟု သူမ တွေးမိပြန်သည်။
ယခုအချိန်တွင် ကျရောက်တော့မည့် ကပ်ဘေးအတွက် အင်အားကို ထိန်းသိမ်းထားရမည် ဖြစ်ရာ မည်သည့်အင်အားစုနှင့်မဆို စစ်ပွဲစတင်ရန် မသင့်တော်ပေ။
ချက်ချင်းဆိုသလိုပင် နတ်သခင် ယွမ်မုန့်က
“နဂါးပြာခန်းမသခင် ကတိတည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
ထိုသို့ပြောပြီးနောက် နတ်သခင် ယွမ်မုန့် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ ဆက်လက်၍
“ဒါဆို မြောက်ပိုင်းနယ်ပယ်က မိတ်ဆွေတွေ အရိုင်းနယ်မြေကို ပိုမြန်မြန်ရောက်နိုင်ဖို့ အတိုဆုံးလမ်းကြောင်းကို ကျွန်မ ရှာပေးထားပါတယ်။”
စကားဆုံးသည်နှင့် နတ်သခင် ယွမ်မုန့် လက် မြှောက်လိုက်၏။ နောက်အခိုက်အတန့်တွင် ကောင်းကင်ထက်၌ မြေပုံတစ်ခု ပေါ်လာသည်။ ထိုမြေပုံပေါ်တွင် အနီရောင်မျဉ်းတစ်ကြောင်း ရှိနေပြီး ထိုမျဉ်းသည် အလယ်ပိုင်းနယ်နှင့် အရိုင်းနယ်မြေကြား နယ်နိမိတ်ဟု သတ်မှတ်ထားသော အလယ်ပိုင်းနယ်ပယ်၏ အနောက်ဘက်ခြမ်းတွင် ရှိနေသည်။
နတ်သခင် ယွမ်မုန့် သူတို့ကို စိတ်မချသေးကြောင်း ထင်ရှား၏။ သူမက အလယ်ပိုင်းနယ်ပယ်၏ အဓိကဗဟိုချက်အရပ်သို့ ပေးမဝင်ပဲ အစွန်အဖျားမှသာ ဖြတ်သန်းခွင့်ပြုရန် ရည်ရွယ်ထားခြင်း ဖြစ်၏။
နဂါးပြာခန်းမမှ နတ်သခင်များလည်း ထိုမျဉ်းကို မြင်လျှင် ဒေါသချောင်းချောင်း ထွက်သွားကြ၏။ နတ်သခင် ယွမ်မုန့်က သူတို့ကို အရှက်ခွဲနေသည်ဟု ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
နဂါးပျံနတ်သခင်က စကားအများကြီး မပြောတော့ပဲ နှာခေါင်းရှုံ့လိုက်ကာ
“ဒီနေ့ကိစ္စကို နဂါးပြာခန်းမက မှတ်သားထားလိုက်ပါမယ်။”
နဂါးပျံနတ်သခင်၏ ပြင်းထန်သော စကားလုံးများကို နတ်သခင် ယွမ်မုန့် ဂရုမစိုက်ပေ။ သူမက အလယ်ပိုင်းနယ်ပယ်မှ နတ်များကို ခပ်အေးအေးပင် အမိန့်ပေးလိုက်၏။
“လမ်းဖယ်ပေးလိုက်ကြ”
နတ်သခင် ယွမ်မုန့်၏ စကားအဆုံးတွင် အလယ်ပိုင်းနယ်မှ စစ်နတ်လှေများသည် ဘေးတစ်ဖက်တစ်ချက်စီသို့ ဖြည်းညှင်းစွာ ရွေ့လျားသွားကာ မြောက်ပိုင်းနယ် အင်အားစုများအတွက် လမ်းတစ်ခု ဖွင့်ပေးလိုက်ကြ၏။
ထိုအချိန်တွင် နဂါးပျံနတ်သခင်ကလည်း အမိန့်ပေးလိုက်ပြန်သည်။
“သွားကြစို့”
ထို့နောက် နဂါးပျံနတ်သခင်သည် နဂါးပြာခန်းမမှ နတ်များကို ဦးဆောင်ကာ အလယ်ပိုင်းနယ်ထဲသို့ အရင်ဆုံး ဝင်ရောက်သွား၏။ သို့သော် သူတို့သည် အလယ်ပိုင်းနယ်၏ ဗဟိုချက်သို့ မဝင်ပဲ နတ်သခင် ယွမ်မုန့် ဆွဲပေးထားသည့် လမ်းကြောင်းအတိုင်း အရိုင်းနယ်မြေဆီသို့သာ ဆက်တိုက် ဦးတည်သွားကြသည်။
စိတ်ထဲတွင် မကျေမနပ် ဖြစ်နေသော်လည်း အလယ်ပိုင်းနယ်နှင့် ထိပ်တိုက်တွေ့ရမည့် အချိန်မဟုတ်ကြောင်း နဂါးပျံနတ်သခင် နားလည်ထား၏။ သူတို့ တောင်ဘက်သို့ ခရီးနှင်လာစဉ် အင်အားစုအသီးသီး၏ ကံစွမ်းအားများ သိသိသာသာ ဆုတ်ယုတ်လာခဲ့ရာ ယခုလက်ရှိ သူတို့၏ စုစုပေါင်း အင်အားသည် အလယ်ပိုင်းနယ်ကို မယှဉ်နိုင်ပေ။
အလယ်ပိုင်းနယ်သည် သူတို့၏ ကိုယ်ပိုင်နယ်မြေတွင် တိုက်ခိုက်ရခြင်း ဖြစ်သည့်အပြင် ကံစွမ်းအားလည်း အားကောင်းလှသည်။ အကယ်၍ တကယ်တမ်း တိုက်ပွဲဖြစ်ပွားပါက မြောက်ပိုင်းနယ်သာ နစ်နာဆုံးရှုံးမှု ရှိလိမ့်မည် ဖြစ်၏။
အရေးကြီးဆုံး အကြောင်းပြချက်မှာ ကပ်ဘေး ကျရောက်လုနီးပြီ ဖြစ်သဖြင့် သူတို့၏ စွမ်းအားကို ထိန်းသိမ်းထားရန် လိုအပ်သောကြောင့် ဖြစ်သည်။
…..
နောက်ပိုင်းနှစ်များတွင် မြောက်ပိုင်းနယ်မှ အင်အားစုများ တောင်ဘက်သို့ ဆက်တိုက် ရွှေ့ပြောင်းလာကြခဲ့ကြ၏။ အချို့ကတော့ အလယ်ပိုင်းနယ်သို့ ရောက်ရှိပြီးနောက် အခြားအင်အားစုများနှင့် ပူးပေါင်းသွားကြပြီး အချို့ကတော့ အရိုင်းနယ်မြေသို့ ဦးတည်သွားကြ၏။
မြောက်ပိုင်းနယ်မှ အင်အားစုများ တောင်ဘက်သို့ စတင်ရွှေ့ပြောင်းလာသည့် ပထမဆုံး အခေါက်မှာပင် ထိုကိစ္စကို ယွမ်ယုတိအား လုချန်း အကြောင်းကြားလိုက်၏။
…….
ရေခဲနန်းတော်အတွင်းရှိ ကုတင်ထက်၌ စူးရှတောက်ပသော ဖြူလွလွ ပုံရိပ်နှစ်ခု ကျင့်စဉ် ကျင့်ကြံနေကြ၏။ သူတို့၏ ခန္ဓာကိုယ်ထက်တွင် လမ်းစဉ်အငွေ့အသက်များ စီးဆင်းနေပြီး နတ်အငွေ့အသက်များ ဝန်းရံလျက် ရှိနေသည်။
ထိုစဉ် ကုတင်ပေါ်တွင် လဲလျောင်းနေသော လုချန်း ရုတ်တရက် မျက်လုံးပွင့်လာကာ သူအထက်တွင် ထိုင်နေသော ယွမ်ယုတိကို မော့ကြည့်ရင်း
“အရိုင်းနယ်မြေမှာ ပြဿနာအကြီးကြီး တက်တော့မယ်”
ထိုအရာကို ကြားလျှင် မျက်လုံးကို တင်းတင်းပိတ်ထားသော ယွမ်ယုတိ မျက်လုံးပွင့်လာကာ လုချန်း၏ တည်ကြည်နေသော မျက်နှာကို ငုံ့ကြည့်လိုက်၏။ သူ၏ အမူအရာ အလွန် လေးနက်နေသည်ကို မြင်သဖြင့် ယွမ်ယုတိက
“ခမ်းနားသော ကောင်းကင်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ခိုက်မလို့လား။”
လုချန်းက
“မဟုတ်ဘူး”
“မြောက်ပိုင်းနယ်က အင်အားစုတွေ တောင်ဘက်ကို ဆင်းလာပြီး အရိုင်းနယ်မြေဆီ ရွှေ့ပြောင်းဖို့ ကြံစည်နေကြတာ။ အရိုင်းနယ်မြေက ကျယ်ပြောပြီး လူသူနည်းပါးတယ် ဆိုပေမဲ့ နတ်အငွေ့အသက်တွေ ကြွယ်ဝတဲ့နေရာက သိပ်မရှိဘူးလေ။ အဲဒီတော့ တိုက်ပွဲကတော့ အနှေးနဲ့အမြန် ဖြစ်လာမှာပဲ။”
လုချန်း၏ စကားကို ကြားလျှင် ခမ်းနားသော ကောင်းကင်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ခိုက်ရန် ကြံစည်နေခြင်းဟု ထင်မှတ်ထားသည့် ယွမ်ယုတိ အံ့အားသင့်သွား၏။ အခြေအနေက သူမ ထင်ထားသည်ထက် ပိုဆိုးရွားနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
အကယ်၍ ခမ်းနားသော ကောင်းကင်ခန်းမတစ်ခုတည်းက လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ခိုက်ခြင်း ဖြစ်ပါက မဟာအင်အားကြီးအုပ်စု တစ်စုတည်းသာ ဖြစ်လိမ့်မည်။ ထိုခန်းမက အခြားအင်အားစုအချို့ကို ဆွဲခေါ်ကာ တိုက်ခိုက်လာနိုင်သော်လည်း သူတို့တွင် ကိုယ်ပိုင်ထိန်းချုပ်ထားသည့် နယ်မြေတစ်ခု ရှိနေသဖြင့် အသေအလဲ လာရောက်တိုက်ခိုက်ကြမည် မဟုတ်ပေ။
သို့သော် မြောက်ပိုင်းနယ်ပယ်မှ အင်အားစုများအတွက်တော့ အခြေအနေက ကွာခြားလှ၏။ သူတို့သည် နတ်ဆိုးဧကရာဇ်၏ မောင်းထုတ်ခြင်းကို ခံလိုက်ရသဖြင့် သူတို့၏ ကံစွမ်းအားကို ကာကွယ်ရန် နယ်မြေအသစ်တစ်ခု အရေးတကြီး လိုအပ်နေကြသည်။ ထို့ကြောင့် သူတို့ လိုချင်သော မြေကို လုယူရန် အင်အားအပြည့် သုံးကြမည်မှာ ဧကန်မုချ ဖြစ်၏။
လျှို့ဝှက်လဝန်းနန်းတော် တည်ရှိရာနေရာသည် အရိုင်းနယ်မြေတစ်ခုလုံးနှင့် နှိုင်းယှဉ်ပါက အလွန်သေးငယ်သော်လည်း ဤနေရာ၌ နတ်အငွေ့အသက်များ အတော်အတန် ကြွယ်ဝလှသည်။ ထို့ကြောင့် ထိုမြောက်ပိုင်းနယ်မှ အင်အားစုများ၏ သတိပြုမိခြင်းကို ခံရမည်မှာ သေချာသလောက် ရှိနေသည်။
အကယ်၍ အင်အားစုတစ်စုတည်း ဆိုပါက ရင်ဆိုင်နိုင်သေးသော်လည်း အင်အားစုအမြောက်အမြားကသာ မျက်စိကျလာပါက ပြဿနာကြီးသွားပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် နဂါးပြာခန်းမ၏ ပစ်မှတ်ထားခြင်း ခံရမည်ကို ယွမ်ယုတိ အစိုးရိမ်ဆုံး ဖြစ်နေမိ၏။
ဤနေရာသည် အစကပင် နဂါးနယ်မြေဟု ခေါ်တွင်ပြီး နဂါးပြာခန်းမမှ နတ်အများစုမှာလည်း နဂါးမျိုးနွယ်ဝင်များ ဖြစ်ကြသည်။ အကယ်၍ နဂါးပြာခန်းမက ဤနေရာအကြောင်းကို သိသွားပါက သူတို့၏ နတ်ဂိုဏ်းအခြေစိုက်စခန်းအဖြစ် အသင့်တော်ဆုံးဟု တွေးတောသွားနိုင်သည်။
နဂါးပြာခန်းမ၏ မျက်စိကျခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက် လျှို့ဝှက်လဝန်းနန်းတော်အနေနှင့် နဂါးနယ်မြေကို ထိန်းသိမ်းထားနိုင်တော့မည် မဟုတ်ပေ။
ထိုသို့တွေးမိရင်း ယွမ်ယုတိလည်း ကျင့်စဉ်ကျင့်ကြံလိုစိတ်များ ပျောက်ဆုံးသွား၏။ လက်ရှိတွင် သူမသည်သာ ဤနေရာ၌ တစ်ဦးတည်းသော နတ်သခင် ဖြစ်သည်။
နဂါးနယ်မြေထဲတွင် တိတ်တဆိတ် ပုန်းအောင်းနေသော အခြားနတ်သခင်တစ်ဦးလည်း ရှိနေသေး၏။ အကယ်၍ နဂါးပြာခန်းမက နဂါးနယ်မြေကို တကယ်တမ်း မျက်စိကျလာပါက ထိုပုန်းအောင်းနေသော နတ်သခင်သည် လျှို့ဝှက်လဝန်းနန်းတော်နှင့် ပူးပေါင်းကာ နဂါးပြာခန်းမကို ရင်ဆိုင်လာနိုင်သလို အမှောင်ထဲကနေပဲ ကြည့်နေနိုင်သည့် အလားအလာလည်း ရှိနေပြန်သည်။
ထိုပုန်းအောင်းနေသော နတ်သခင်သည် လျှို့ဝှက်လဝန်းနန်းတော်ဘက်မှ ရပ်တည်ရန် ရွေးချယ်ခဲ့လျှင်ပင် သူတို့အနေနှင့် မြောက်ပိုင်းနယ်၏ အရှင်သခင်ဖြစ်သော နဂါးပြာခန်းမကို အနိုင်ရရန် မသေချာပေ။ နဂါးပြာခန်းမနှင့်အတူ တောင်ဘက်သို့ ဆင်းလာကြသော အင်အားစုများသည် နဂါးပြာခန်းမ၏ အမိန့်ကို ဧကန်မုချ နာခံကြမည်သာ ဖြစ်သောကြောင့် ဖြစ်၏။
တိတ်ဆိတ်သွားသော ယွမ်ယုတိကို လုချန်း ပြုံး၍ကြည့်ကာ
“စစ်လာရင် တားဆီး၊ ရေလာရင် မြေဖို့ရုံပဲပေါ့။ ခင်ဗျား သိပ်ပြီး စိုးရိမ်မနေပါနဲ့။”
“အခုအချိန်မှာ ကျင့်စဉ်လမ်းစဉ်က ပိုပြီး ပျက်စီးယိုယွင်းလာနေပြီ။ အခုလိုအချိန်မျိုးမှာ နဂါးပြာခန်းမက နတ်သခင်ရှိတဲ့ နတ်ဂိုဏ်းတွေနဲ့ ပဋိပက္ခဖြစ်ချင်မှာ မဟုတ်ဘူး။”
ယွမ်ယုတိ သတိပြန်ဝင်လာကာ အေးစက်စွာဖြင့်
“အဲ့ဒီလိုပဲ မျှော်လင့်ရမှာပေါ့။”
စကားဆုံးသည်နှင့် ယွမ်ယုတိ လုချန်း၏ ခန္ဓာကိုယ်ပေါ်မှ ထလိုက်၏။ ရန်သူများအပေါ်တွင် သူမ မျှော်လင့်ချက် မထားနိုင်ပေ။
နဂါးပြာခန်းမက နဂါးနယ်မြေကို စိတ်ဝင်စားသည်ဖြစ်စေ၊ မဝင်စားသည်ဖြစ်စေ သူမဘက်က ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရမည် ဖြစ်သည်။
ထရပ်လိုက်ပြီးနောက် ဖျော့တော့သော ခရမ်းရောင် ပါးလျလျ ဝတ်စုံရှည်တစ်စုံ ယွမ်ယုတိ၏ ခန္ဓာကိုယ်ထက်တွင် ချက်ချင်း ပေါ်လာပြီးနောက် သူမ၏ နူးညံ့ချောမွေ့သော ဆံပင်ဖြူများကို အထက်သို့ စည်းနှောင်လိုက်၏။ ထို့နောက် လှပသော ခေါင်းဆောင်းတစ်ခု ခေါင်းပေါ်တွင် ပေါ်လာကာ သူမ၏ တစ်ကိုယ်လုံးမှ မြင့်မြတ်သော အငွေ့အသက်များ ထွက်ပေါ်လာသည်။
ဝတ်ဆင်ပြီးနောက် ကုတင်ပေါ်တွင် ပက်လက်လှဲနေသော လုချန်းကို ယွမ်ယုတိ လှည့်ကြည့်လိုက်မိ၏။ သူ၏ စွမ်းအားကို မြှင့်တင်ပေးနိုင်ရုံသာမက သတင်းအချက်အလက်များကိုပါ ကြိုတင်ရရှိစေသဖြင့် ဤ “ကစားစရာ” အပေါ် သူမ ပို၍ သဘောကျလာမိသည်။
သို့သော် ဤအရှက်မရှိသော လူယုတ်မာသည် သူမအား ထောင်ချောက်ထဲသို့ အမြဲတစေ ကျရောက်စေချင်နေကြောင်း ပြန်လည်အမှတ်ရနေသေးသဖြင့် သူ့အပေါ်တွင် သတိကြီးစွာ ထားနေဆဲဖြစ်၏။ ဤအရာများသည် ပြဿနာအသေးအမွှားများသာ ဖြစ်သဖြင့် ထိုအရှက်မရှိသူက သူမအား ဒုက္ခပေးလိမ့်မည်ဟု သူမ မယုံကြည်ပေ။
ယွမ်ယုတိက မျက်နှာသေနှင့်
“နဂါးပြာခန်းမဘက်က တစ်ခုခု လှုပ်ရှားတာနဲ့ ကျွန်မကို ချက်ချင်း အကြောင်းကြား။”
စကားဆုံးသည်နှင့် ယွမ်ယုတိ၏ ခန္ဓာကိုယ်လည်း ရေခဲပွင့်များအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွား၏။
ယွမ်ယုတိ၏ စကားကို ကြားလျှင် လုချန်း ခပ်တိုးတိုး ရယ်မောလိုက်မိ၏။ ယခု ဤမိန်းမသည် သူ့ကို လိုသလို ခိုင်းစေနိုင်သော ကိရိယာတစ်ခုလို တကယ်ပင် သဘောထားနေပေပြီ။
သို့သော် လုချန်း အရေးမစိုက်ပေ။ နှစ်ဦးနှစ်ဖက်စလုံးက အပြန်အလှန် အကျိုးအမြတ် ရယူနေကြခြင်းသာ ဖြစ်သည်။
ရေခဲနန်းတော်မှ ယွမ်ယုတိ ထွက်ခွာသွားပြီးနောက် မြောက်ပိုင်းနယ်၏ အင်အားစုအသီးသီး တောင်ဘက်သို့ ရွှေ့ပြောင်းလာသည့် ကိစ္စကို အသိပေးရန်နှင့် တန်ပြန်ဖြေရှင်းမည့် နည်းလမ်းများကို အတူတကွ တိုင်ပင်ဆွေးနွေးရန် လျှို့ဝှက်လဝန်းနန်းတော်၏ အကြီးအကဲများကို ယွမ်ယုတိ ဆင့်ခေါ်လိုက်၏။
ထိုအခိုက်အတန့်တွင် လုချန်းကတော့ သူ၏ အာရုံကို ယဲ့ချူယောင်ဆီသို့ ပြောင်းလဲလိုက်ပြီ ဖြစ်၏။
မကြာသေးမီ နှစ်များအတွင်း ကောက်ရှီယွမ်၊ ရှောင်ရွှီရင် နှင့် ယဲ့ချူယောင် တို့အပေါ်တွင် လုချန်း အဓိက အာရုံစိုက်ထားခဲ့သည်။ ယခု ထိုသုံးဦးသည် သူနှင့် ကျင့်စဉ်အဆင့်ချင်း တူညီကြ၏။ သူတို့၏ ကျင့်စဉ်အဆင့်များကလည်း လွန်လွန်ကဲကဲ မြင့်မားခြင်း မရှိကြသဖြင့် ကိုယ်ဝန်ရရှိရန် အခွင့်အလမ်း အရှိဆုံးသူများ ဖြစ်ကြသည်။
ကျောက်စိမ်းများဖြင့် ထုဆစ်ထားသည့် ပြတင်းပေါက်များမှတစ်ဆင့် နွေးထွေးသော နေရောင်ခြည်သည် အခန်းထဲသို့ ဖြာကျလာကာ တိမ်တိုက်ပုံစံ ပါးလျသော အိပ်ရာခင်းများ ခင်းကျင်းထားသည့် ကျောက်စိမ်းကုတင်ထက်သို့ ကျရောက်နေ၏။ ကုတင်၏ အစွန်းတွင် ဆွဲထားသော နတ်ပုလဲများဖြင့် ပြုလုပ်ထားသည့် ပုတီးတွဲများသည်လည်း ကုတင်၏ လှုပ်ရှားမှုနှင့်အတူ အဆက်မပြတ် လှုပ်ခါနေသည်။
ထိုအခိုက်အတန့်တွင် အခန်းတွင်း၌ ဆွဲဆောင်မှုရှိသော အသံများ ပဲ့တင်ထပ်လျက် ရှိနေတော့သည်။
--