အခန်း (၆၇၉-၆၈၁)
Vol. 46 Ch. 679-681
အပိုင်း ၆၇၉ : အနာဂတ်သတင်း
လုပ်ကြံသတ်ဖြတ်သူသုံးယောက်ထဲမှ တစ်ယောက်က ရှေ့ထွက်လာသည်။
"အစ်ကိုကြီး... ဒီကောင်လေးကို ကျွန်တော့်တာဝန်သာ ထားလိုက်ပါ"
ထိုလူက သူ့သားကောင်ကို ကြည့်နေသည့်အလား ယဲ့ချန်းကို လှောင်ပြောင်လိုက်သည်။
ခေါင်းဆောင်ဖြစ်သူက အေးစက်စက်ခေါင်းညိတ်လိုက်၏။
"မြန်မြန်လုပ်... ပြီးရင် ဟွားနိုင်ငံက မိန်းမလှလေး တချို့ရှာပြီး ပျော်ပါးရဦးမယ်"
ထိုလူက ယဲ့ချန်းဆီသို့ တစ်လှမ်းချင်း လျှောက်လာလေသည်။
"ကောင်လေး... ငါ့နာမည်က ကင်းစ်ပဲ။ ငါ့လက်ချက်နဲ့ သေရတာ မင်း ကံကောင်းတယ်"
သို့သော် ထိုအချိန်မှာပင် ယဲ့ချန်းက ရုတ်တရက် လှုပ်ရှားလိုက်သည်။
ယဲ့ချန်းက စကားဖြင့် မတုံ့ပြန်ဘဲ ထိုလူ၏ ရင်ဘတ်ဆီသို့ တည့်တည့် ထိုးချလိုက်သည်။
ဤလူငယ်လေးက ဤမျှအထိ မျက်နှာပြောင်တိုက်ပြီး အသိမပေးဘဲ ရုတ်တရက်ဝင်တိုက်ခိုက်လိမ့်မည်ဟု ကင်းစ် ထင်မှတ်မထားပေ။
သူ တုံ့ပြန်ရန် အချိန်မရလိုက်ခင်မှာပင် သူ့ခန္ဓာကိုယ်မှာ လွင့်စင်ထွက်သွားေချသည်။
ဘုန်း!
ကင်းစ်သည် လက်သီးတစ်ချက်တည်းဖြင့်ပင် တံခါးအပြင်ဘက်သို့ လွင့်စင်ထွက်သွားတော့သည်။
ယဲ့ချန်းက သူ့လက်များကို ခါလိုက်၏။
"အဓိပ္ပာယ်မရှိတာတွေ လေပေါနေရတာကို ငါမုန်းတယ်။ လက်နဲ့ ဖြေရှင်းလို့ရရင် ပါးစပ်နဲ့ ဘယ်တော့မှ မဖြေရှင်းဘူး"
ထိုနေရာကား တစပြင်အလား တိတ်ဆိတ်သွားသည်။
ကင်းစ်သည် နာမည်ဆိုးဖြင့် ကျော်ကြားသော သွေးအကျဉ်းထောင်မှ အေအဆင့် လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်ဖြစ်သော်လည်း ယဲ့ချန်းရှေ့တွင် ပြန်လည်ခုခံရန် အခွင့်အရေးပင် မရလိုက်ပေ။
စုန့်မင်လည်း အံ့ဩမှင်တက်သွားသည်။
ဒီယဲ့ချန်းက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် စွမ်းဆောင်ရည်မြင့်မားနေရတာလဲ။
ကျန်ရစ်နေသည့် အမျိုးသားနှင့် အမျိုးသမီးတို့လည်း အချင်းချင်း အပြန်အလှန် ကြည့်လိုက်ကြပြီးေနာက် သူတို့၏ မျက်နှာအမူအရာများမှာ အနည်းငယ် ပျက်ယွင်းသွားကြသည်။
ထိုအမျိုးသားက အေးစက်ခက်ထန်စွာ ပြောလိုက်လေသည်။
"ဒီကောင်လေးက သာမန်မဟုတ်ဘူး။ ငါတို့ အတူတူ ဝင်တိုက်ကြရအောင်"
စကားဆုံးသည်နှင့် သူတို့နှစ်ယောက်စလုံး ယဲ့ချန်းဆီသို့ ပြေးဝင်လာကြသည်။
ပြင်းထန်လှသော လူသတ်လိုဟန် အငွေ့အသက်များက ယဲ့ချန်းကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။
ယဲ့ချန်းလည်း အရှိန်ပြင်းပြင်းဖြင့် ရှေ့သို့ တိုးဝင်သွားသည်။
ဘုန်း... ဘုန်း...
တိုးဖွဖွအသံနှစ်သံနှင့်အတူ ယဲ့ချန်းက သူတို့၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းပြီး သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ လက်သီးဖြင့် ခပ်ပြင်းပြင်းထိုးချလိုက်၏။
ထူးခြားလှသော တိုက်ကွက်တစ်ခုမှမပါဘဲ လက်သီးနှစ်ချက်မျှသာ ဖြစ်၏။
ထိုလုပ်ကြံသူနှစ်ယောက်စလုံးလည်း လွင့်စင်ထွက်သွားသည်။
စုန့်မင်ခမျာ လုံးဝဆွံ့အမှင်တက်သွားသည်။
သောက်စမ်း.. နတ်ဘုရားအဆင့် လုပ်ကြံသတ်ဖြတ်သူေတွဆိုတာ အတုတွေပဲ ဖြစ်ရမယ်...
ယဲ့ချန်းမှာ သူ့လက်များကို ခါလိုက်ပြီး စုန့်မင်ကို ကြည့်လိုက်၏။
"မင်း ခေါ်ချင်တဲ့ လုပ်ကြံသတ်ဖြတ်ေရးသမားသူငယ်ချင်းတွေ ကျန်သေးလား။ ငါ ပျော်လို့တောင် မဝသေးဘူး"
စုန့်မင်ခမျာ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်လေသည်။
"ယဲ့ချန်း... စုန့်ချန်ချန်က မင်းကို ဘယ်လောက်ပေးထားတာလဲ။ ငါ နှစ်ဆပေးမယ်"
ယဲ့ချန်းကမူ ခေါင်းယမ်းလိုက်၏။
"တောင်းပန်ပါတယ်... ပိုက်ဆံဆိုတာ ငါ့အတွက်တော့ ကိန်းဂဏန်းသက်သက်ပဲ။ ဒါပေမဲ့ မင်းလုပ်ခဲ့တဲ့ မကောင်းမှုတွေက အရမ်းများလွန်းနေပြီဆိုတော့ မင်းရဲ့ လက်ကျန်ဘဝကို ထောင်ထဲမှာပဲ ကုန်ဆုံးလိုက်တာ ပိုကောင်းမယ်"
ထိုအချိန်တွင် အပြင်ဘက်မှ ရဲကားဥဩသံများကို ကြားလိုက်ရသည်။
မကြာခင်မှာပင် လျိုဝေ့ဝေ့သည် ပြည်သူ့လုံခြုံရေးဗျူရိုမှ အရာရှိအချို့နှင့်အတူ ရောက်လာေလသည်။
သူ့ဒုတိယအစ်ကိုနှင့် ယှဉ်လျှင် စုန့်မင်၏ ပြစ်မှုများက ပိုကြီးလေးလှပေသည်။
သူ့အား လက်ထိတ်ခတ်လိုက်သည်ကို စုန့်မင်ခမျာ ကြည့်နေရင်း မျက်နှာတစ်ခုလုံး ဖြူရော်သွားသည်။
"ဟင့်အင်း... ဒါ မဖြစ်နိုင်ဘူး။ အိမ်မက်မက်နေတာပဲ ဖြစ်ရမယ်"
စုန့်မင်အား ဖမ်းဆီးခေါ်ဆောင်သွားသည်ကို ကြည့်ရင်း အစည်းအဝေးခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။
အကြီးအကဲစုန့်က သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး အခြားရှယ်ယာရှင်များကို ကြည့်လိုက်သည်။
"ဒီကလေးနှစ်ယောက်ကို အလိုလိုက်ခဲ့မိတာ ကျွန်တော့်အမှားပါ။ အခုလို အခြေအနေမျိုးဖြစ်လာအောင် လွှတ်ထားခဲ့မိလို့ စုန့်မိသားစုကိုတောင် ဖျက်ဆီးလုနီးပါး ဖြစ်သွားပါတယ်။ ဒီနေ့ကစပြီး စုန့်ချန်ချန်ဟာ စုန့်မိသားစုရဲ့ ခေါင်းဆောင်ဖြစ်သွားပါပြီ။ စုန့်လုပ်ငန်းစုရဲ့ ကိစ္စရပ်အားလုံးအတွက်လည်း သူပဲ တာဝန်ယူရမယ်လို့ ကြေညာလိုက်ပါတယ်"
"တင်! စနစ်ရဲ့တာဝန်ကို အောင်မြင်စွာ ပြီးမြောက်ပြီး စနစ်ဆုကြေးကို ရရှိလိုက်တဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ အပတ်စဉ် အနာဂတ်သတင်းပေးပို့ချက်တစ်ခုကို ရရှိပါလိမ့်မယ်"
"တင် 'အနာဂတ်ခေါင်းကြီးပိုင်းသတင်းများ'ကို ချိတ်ဆက်နေပါတယ်..."
"တင်! 'အနာဂတ်ခေါင်းကြီးပိုင်းသတင်းများ'ကို အောင်မြင်စွာ ချိတ်ဆက်ပြီးပါပြီ။ အပတ်တိုင်းမှာ နောက်အပတ်ရဲ့ ထိပ်တန်းခေါင်းကြီးပိုင်းသတင်းကို ရရှိပါလိမ့်မယ်"
ခေါင်းကြီးပိုင်းသတင်းတွင် "စားသောက်ဆိုင်လေးတစ်ခု၏ နောက်ဖေးခြံဝင်းအတွင်းမှ ဓားသွေးကျောက်သည် တရုတ်ယွမ်ငွေ တစ်ဘီလျံတန်ဖိုးရှိသည့် မြစိမ်းေရာင်ကျောက်ရိုင်းဖြစ်နေကြောင်း တွေ့ရှိရ"ဟု ဖော်ပြထားသည်။
ယဲ့ချန်း အံ့အားသင့်သွားပြီး ထိုသတင်းကို နှိပ်လိုက်သည်။
"ဒီဇင်ဘာ၂၄ရက်နေ့ မနက်ပိုင်းတွင် မစ္စတာလီသည် သူဝယ်ယူခဲ့သော စားသောက်ဆိုင်မှ ဓားသွေးကျောက်တစ်ခုကို တွေ့ရှိခဲ့ရာ ထိုပစ္စည်းမှာ ဧကရာဇ်ကျောက်စိမ်းရိုင်းတစ်ခု ဖြစ်နေကြောင်း သိရသည်။ ပညာရှင်များ၏ ခန့်မှန်းချက်အရ တန်ဖိုးမှာ ယွမ်တစ်ဘီလျံအထိ ရှိကြောင်း သိရသည်"
ယဲ့ချန်းလည်း ထိုသတင်းကိုဖတ်ရင်း ကြောင်အသွားသည်။
ဒါက သူတို့မိသားစုရဲ့ အိမ်ဟောင်းလေး မဟုတ်ဘူးလား။
သူ့အဖေက စားသောက်ဆိုင် ဖွင့်ချင်ခဲ့သော်လည်း အကျိုးအမြတ်မရကြောင်း ကြားသဖြင့် ရောင်းချရန် စီစဉ်ခဲ့ကြောင်း ယဲ့ချန်း မှတ်မိလိုက်သည်။
ဓာတ်ပုံကို ကြည့်လိုက်သောအခါ ထိုနေရာကား အမှန်တကယ်ပင် စားသောက်ဆိုင်၏ ခြံဝင်းငယ်လေးဖြစ်နေပြီး ထိုကျောက်တုံးကလည်း ခြံဝင်းထဲမှ ဓားသွေးကျောက် ဖြစ်နေေချသည်။
အရပ်ခပ်ပုပုနှင့် ဝတုတ်တုတ် အမျိုးသားတစ်ယောက်က ဓားသွေးကျောက်ကို ဖက်ကာ ပြုံးဖြီးဖြီးလုပ်နေသည်။
စားသောက်ဆိုင်တံခါး ပွင့်လာပြီး အခြားအရပ်ပုပု ဝတုတ်တုတ်အမျိုးသားတစ်ယောက် ဝင်လာသည်။
ယဲ့ချန်းလည်း ရက်စွဲကို စစ်ဆေးကြည့်လိုက်ေလရာ ယနေ့မှာ ၂၃ရက်နေ့ဖြစ်ပြီး မနက်ဖြန်မှာ ၂၄ရက်နေ့ဖြစ်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် ဤသည်မှာ မနက်ဖြန်အတွက် သတင်းဖြစ်ပေမည်။
"ဝိုး... ငါတို့မိသားစုဆီမှာ ဒီလိုရတနာမျိုး ရှိနေတာပဲ"
ယဲ့ချန်းမှာ အလျင်အမြန် ဖုန်းထုတ်လိုက်သည်။
"အဖေ... ကျွန်တော်တို့ရဲ့ဆိုင်လေး ရောင်းထွက်သွားပြီလား"
"မရောင်းရသေးဘူး... ကြော်ငြာတင်ထားတာ ကြာပြီ။ ဘယ်သူမှ မမေးကြသေးဘူး"
ယဲ့ချန်းက ဆို၏။
"မရောင်းလိုက်နဲ့ဦး။ ကျွန်တော် အခု လာခဲ့မယ်"
ယဲ့ချန်းမှာ ယခုအခါ ချမ်းသာနေပြီ ဖြစ်သော်လည်း ယွမ်တစ်ဆယ်ဘီလျံဆိုသည်မှာ ယွမ်တစ်ဘီလျံပင် ဖြစ်ေလရာ ငွေက ငွေသာလျှင် ဖြစ်၏။
ယဲ့ချန်းလည်း လယ်တောအိမ်စားသောက်ဆိုင်ဆီသို့ အမြန်မောင်းလာခဲ့သည်။
သူ့အဖေ နေပူဆာလှုံနေသည်ကို တွေ့လိုက်ရသည်။
"အဖေ... လယ်တောအိမ်ကို မရောင်းရသေးဘူးမလား"
"အေး... ဘာဖြစ်လို့လဲ"
ယဲ့ချန်းက ခြံဝင်းထဲရှိ ဓားသွေးကျောက်ကို ကြည့်ကာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိသည်။
ထိုအချိန်မှာပင် တံခါးဝမှ အသံတစ်သံ ထွက်ပေါ်လာသည်။
"ဒီဆိုင်က ရောင်းမှာလား"
ယဲ့ချန်းက သူ့ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထိုဧည့်သည်ကို ကြည့်လိုက်ေလရာ ထိုလူမှာ ဓားသွေးကျောက်ကို ဖက်ပြီး ပြုံးဖြီးဖြီးလုပ်နေသည့် ဝတုတ်တုတ်အမျိုးသား ဖြစ်နေေလသည်။
ခေါင်းကြီးပိုင်းသတင်းက ယုံကြည်ရပုံပေါ်သည်။ ဒီဇင်ဘာ၂၄ရက်နေ့တွင် ဤလူက ဓားသွေးကျောက်မှာ ကျောက်စိမ်းတံုးဖြစ်ကြောင်း သိသွားပြီး ယွမ်တစ်ဘီလျံဖြင့် ရောင်းချခဲ့သည်။
ဒါက ဘာကိုဆိုလိုတာလဲ။
သတင်းက အလွန်တိကျမှန်ကန်ကြောင်း ဆိုလိုခြင်းပင်။
'အနာဂတ်သတင်း'က အနာဂတ်တွင် ဖြစ်လာမည့် သတင်းများကို ကြိုတင်ဟောကိန်းထုတ်နိုင်သည်။
ယဲ့ချန်း၏ အကြည့်များမှာ စူးရှသွားပြီး အနည်းငယ် စိတ်လှုပ်ရှားလာသည်။
"ဒီဆိုင်ကို ခင်ဗျားဆီ ရောင်းပေးလို့ေတာ့ရတယ်။ ဒါပေမဲ့ ဒီကျောက်တုံးကိုတော့ ကျွန်တော်ယူသွားမယ်"
ယဲ့ချန်းက ဓားသွေးကျောက်ကို လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။
ဝတုတ်တုတ်အမျိုးသားက ခေတ္တရပ်တန့်သွားပြီး ခြံဝင်းထဲရှိ ဓားသွေးကျောက်ကို တစ်ချက်ကြည့်ကာ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်လေသည်။
"ပြဿနာမရှိပါဘူး"
ထိုဝတုတ်တုတ်အမျိုးသားက အလွန်ပင် သိချင်စိတ်ပြင်းပြနေသည်။ စားသောက်ဆိုင်ထဲတွင် တန်ဖိုးရှိသည့် အရာများစွာ ရှိနေပါလျက်နှင့် ဤလူက ဦးနှောက်ေချာင်ပြီး ဓားသွေးကျောက်ကိုမှ ယူသွားသည်။
စားသောက်ဆိုင် ပိတ်လိုက်ရတာ အံ့သြစရာမရှိပါဘူး။ စီးပွားရေးအမြင်မှ မရှိတာကိုး...
...
ကျောက်တုံးကို ကားပေါ်တင်ပြီးနောက် ယဲ့ချန်း သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။ ယွမ်တစ်ဘီလျံက လက်ထဲရောက်လာပြီဖြစ်၏။
ယဲ့ချန်း နောက်ထပ်သတင်းတစ်ခုကို တွေ့လိုက်ရသည်။ နာမည်ကြီးရုပ်ရှင်သရုပ်ဆောင် ယန်းမီမီသည် ပွဲတစ်ခုကိုတက်ရောက်စဉ် သူ(မ) စီးလာသော ဖုန်းထျန်းကားမှာ ရုတ်တရက် အထိန်းအကွပ်မဲ့သွားပြီး ယန်းမီမီလည်း...
ဤသတင်းမှာ ဖုံးကွယ်ခံထားရသည်။ ယဲ့ချန်းလည်း ထိုသတင်းကို နှိပ်ကြည့်ချင်သော်ငြား စနစ်က သတိပေးချက်တစ်ခု ပို့လာသည်။
"ဒီအပတ်အတွက် ဖတ်ရှုရန် သတင်းမရှိတော့ပါ။ ဆက်လက်ကြည့်ရှု၍ မရနိုင်ပါ"
ဤသတင်းအရ ယန်းမီမီ မနက်ဖြန်တွင် တစ်ခုခုဖြစ်မည်ဟု ယဲ့ချန်း သိနိုင်သည်။
ထို့ကြောင့် သူ ယန်းမီမီကို တားဆီးရမည်။
ယဲ့ချန်းလည်း သူ့အဖေကို ဆိုင်ခန်းရောင်းချပေးပြီးနောက် ဓားသွေးကျောက်ကိုယူကာ မိုတုစီးပွားရေးလမ်းမကြီးဆီသို့ ထွက်လာခဲ့သည်။ ထိုလမ်းမကြီးပေါ်ရှိ အကြီးဆုံးဆိုင်မှာ ကျောက်စိမ်းများကို အဓိကထား၍ ရောင်းချသည့် ကျောက်စိမ်းပြခန်းပင်။
မိုတုစီးပွားရေးလမ်းမတစ်လျှောက်တွင် လူများ စည်ကားသိုက်မြိုက်နေပြီး လူေပါင်းများစွာကို မြင်နေရသည့်အတွက် ယဲ့ချန်း အလွန်ပင် ခံစားချက် ကောင်းမွန်နေသည်။
သူ မြင်တွေ့နေရသည်မှာ လူများမဟုတ်ပါဘဲ လမ်းလျှောက်နေသော ငွေသားများသာ။
မည်သို့ပင်ဆိုစေ သူသည် မိုတုစီးပွားရေးလမ်းမ၏ ပိုင်ရှင် မဟုတ်ပါလော။
ယဲ့ချန်းက ကျောက်ရိုင်းတုံးကို ကျောက်စိမ်းဆိုင်ဆီသို့ သယ်သွားပြီး ကျောက်တုံးရောင်းချဖို့ စုံစမ်းမေးမြန်းရန် ပြင်လိုက်သည်။
အနောက်ဘက်မှ လှောင်ပြောင်သရော်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။
"ဪ... ဒါက ယဲ့ချန်းမဟုတ်လား"
ယဲ့ချန်း လှည့်ကြည့်လိုက်သောအခါ သူနှင့် ရွယ်တူခန့်ရှိသော လူငယ်တစ်ယောက်က မိန်းကလေးတစ်ယောက်၏လက်ကို ဆုပ်ကိုင်ထားကြောင်း မြင်လိုက်ရသဖြင့် အံ့အားသင့်သွားရသည်။
ထိုမိန်းကလေးမှာ ယဲ့ချန်းကိုမြင်ပြီး အနည်းငယ် ရှက်ရွံ့နေပုံပေါ်သော်လည်း အမျိုးသားမှာမူ မျက်နှာထက်တွင် မာန်တက်နေေလဟန် အမူအရာတစ်ခု ရှိနေေချသည်။
"စုမင်နဲ့ ထျန်းယွမ်ယွမ်"
ယဲ့ချန်း ထိုလူနှစ်ယောက်ကို မှတ်မိသွားသည်။
ယဲ့ချန်းနှင့် ထိုနှစ်ယောက်မှာ အလုပ်သင်ကာလအတွင်း လုပ်ဖော်ကိုင်ဖက်များ ဖြစ်ခဲ့ကြသည်။
အစပိုင်းတွင် ထျန်းယွမ်ယွမ်က ယဲ့ချန်းကို လိုက်ခဲ့သော်လည်း သူကတော့ သူ(မ)ကို ငြင်းပယ်ခဲ့သည်။
နောက်ပိုင်းတွင် ထျန်းယွမ်ယွမ်သည် မိသားစုပိုင် ငွေကြေးအနည်းငယ် ချမ်းသာသော စုမင်နှင့် ပတ်သက်မိသွားသည်။
အလုပ်သင်ကာလ ပြီးဆုံးသွားပြီးနောက် ယဲ့ချန်းကို နောင်တရစေရမည်ဟုပင် ထျန်းယွမ်ယွမ်က ကြုံးဝါးခဲ့သေးသည်။
မထင်မှတ်ပါဘဲ သူတို့ ဤနေရာမှာ ဆုံတွေ့ကြရသည်။
ယခင်က ယဲ့ချန်းအနေနှင့် ထျန်းယွမ်ယွမ်ကို အလွန်လှပသည်ဟု ထင်ခဲ့ဖူးသော်လည်း စုဝမ်ယိ၏ နတ်သမီးတမျှ အလှတရားကို မြင်တွေ့ပြီးသွားချိန်တွင်မူ ယခင်တုန်းက သူ ဘယ်လောက်မျက်လုံးကန်းခဲ့သလဲဆိုသည်ကို တွေးပြီး ရင်နာနေရုံသာ တတ်နိုင်တော့သည်။
••••••••••••••••••••••••••••••••
အပိုင်း ၆၈၀ : ဘီလျံတန်ကျောက်ရိုင်းတုံး
စုမင်က ယဲ့ချန်းကို ခေါင်းအစ ေခြအဆုံး အကဲခတ်ကြည့်လိုက်သည်။
ဈေးထဲက ဝယ်လာသည့် ဈေးပေါပေါအဝတ်အစားများကို ဝတ်ဆင်ထားသဖြင့် သူ အဆင်မပြေမှန်း သိသာလှ၏။ အရယ်ရဆုံးအပိုင်းမှာ သူသည် ကျောက်တုံးကြီးတစ်တံုးကို ပွေ့ပိုက်ထားခြင်းပင်။
"ယဲ့ချန်း... မင်း အဲ့ဒီကျောက်တုံးကြီးကို ဘာလုပ်မလို့လဲ။ လမ်းဘေးက ကျောက်တုံးတစ်တုံးကို လျှောက်ကောက်ပြီး လာရောင်းနေတာတော့ မဟုတ်ပါဘူးနော်"
စုမင်က လှောင်ပြောင်လိုက်သည်။
ယွမ်ယွမ်ကမူ နှာခေါင်းရှုံ့လိုက်သည်။
"ယဲ့ချန်း... ဒီလောက်နှစ်တွေ ကြာသွားတာတောင် နင် အူကြောင်ကြောင် ဖြစ်နေတုန်းပဲ။ လမ်းပေါ်က တွေ့ရာကျောက်တုံးကို ကောက်လာတိုင်း ကျောက်စိမ်းဖြစ်သွားမယ်လို့ ထင်နေတာလား"
စုမင်က ဘေးမှနေ၍ လှောင်ပြောင်ပြန်သည်။
"ယွမ်ယွမ်ရယ်... ယဲ့ချန်းမှာ အိမ်မက်ရှိတာ ကောင်းတာပေါ့။ အဲ့ဒီလောက်တောင် ဆင်းရဲတဲ့သူဆိုတော့ မိုးပေါ်က ရွှေအိုးကျလာမယ့် အိမ်မက်မျိုးပဲ မက်နိုင်ရှာတာပေါ့"
ယဲ့ချန်းကမူ ထိုနှစ်ယောက်ကို အဖက်လုပ်မနေတော့ဘဲ ကောင်တာဆီသို့ တည့်တည့်လျှောက်သွားလိုက်သည်။
အရောင်းဝန်ထမ်း မိန်းကလေးတစ်ေယာက် ရောက်လာလေသည်။
"လူကြီးမင်း... ဘာကူညီပေးရမလဲရှင့်"
စုမင်က ကြားထဲက ဝယစောင်းမြောင်းပြောဆိုလိုက်သည်။
"ညီမလေး... ဒီကောင်က လမ်းဘေးက ကျောက်တုံးတစ်တုံးကောက်လာပြီး အဲ့ဒါနဲ့ ချမ်းသာချင်နေတာ"
ထိုသို့ပြောရင်း စုမင်နှင့် ယွမ်ယွမ်တို့မှာ မထိန်းနိုင်ဘဲ အော်ဟစ်ရယ်မောကြတော့သည်။
ယွမ်ယွမ်ကလည်း လှောင်ပြောင်ေလဟန်ဖြင့် ပြောလိုက်သည်။
"တော်သေးတာပေါ့။ အရင်တုန်းက ဒီလိုအသုံးမကျတဲ့ကောင်ကို ငါ အဆက်ဖြတ်ခဲ့လို့။ မဟုတ်ရင် အခုအချိန်ဆို ရှက်လွန်းလို့သေမှာ"
အရောင်းဝန်ထမ်းမလေးက ယဲ့ချန်းကို နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်လေသည်။
"လူကြီးမင်း... ဒီကျောက်ရိုင်းတုံးကို ရောင်းမလို့လားရှင့်"
ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလိုက်သည်။
"မင်းတို့သူဌေးကို တစ်ချက်လောက် ခေါ်ပေးလို့ရမလား"
စုမင်က ဘေးမှနေ၍ ဝင်ပြောလေသည်။
"တော်လောက်ပြီ ယဲ့ချန်း။ မင်းရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ယောက်အနေနဲ့ မင်းအစား ငါတောင် ရှက်မိတယ်။ လမ်းဘေးက တွေ့ကရာကျောက်တုံးက ကျောက်စိမ်းဖြစ်နိုင်မယ်လို့ မင်း တကယ်ထင်နေတာလား"
ယွမ်ယွမ်က ပို၍ပင် လှောင်ပြောင်ထေ့ငေါ့နေသည်။
"ယဲ့ချန်း... နင်က ဘာမှ မျှော်လင့်ချက်မရှိတဲ့ကောင်လို့ ငါ အမြဲတွေးထားခဲ့တာ။ ဒါပေမဲ့ ငါ နင့်ကို ထားခဲ့ပြီးတဲ့နောက် ဒီ့ထက်ပိုပြီး အခြေအနေဆိုးလာလိမ့်မယ်လို့ ထင်မထားဘူး"
ယဲ့ချန်းကလည်း အေးစက်စက်ေလသံဖြင့် တုံ့ပြန်လိုက်သည်။
"စုမင်... မင်းတို့မိသားစုက အမှိုက်ေကာက်တဲ့လုပ်ငန်း လုပ်တာ မဟုတ်ဘူးလား။ မင်းတို့ရဲ့ အသားတင်ပိုင်ဆိုင်မှုက သန်းဆယ်ဂဏန်းထက် မပိုပါဘူးနော်။ မင်းလှောင်နေတဲ့ ဒီကျောက်တုံးအစုတ်က မင်းတို့တစ်မိသားစုလုံးရဲ့ အသက်ထက်တောင် ပိုပြီးတန်ဖိုးရှိတယ်ဆိုတာ ယုံလား"
"ဟားဟားဟား... ဒီကျောက်တုံးအစုတ်က ငါ့မိသားစုရဲ့ ပိုင်ဆိုင်မှုတွေထက် တန်ဖိုးရှိတယ် ဟုတ်လား။ မင်းကို ငါ ပြောလိုက်မယ်။ ငါတို့မိသားစုရဲ့ အိမ်ခြံမြေတွေတင် ဆယ်သန်းကျော်တယ်။ မရွှေ့ပြောင်းနိုင်တဲ့ ပိုင်ဆိုင်မှုတွေနဲ့ပေါင်းရင် အနည်းဆုံး သန်းနှစ်ဆယ် ရှိတယ်ကွ"
ယွမ်ယွမ်က ဘေးနားက ဝင်လှောင်လေသည်။
"ယဲ့ချန်း... အရင်တုန်းက နင့်ကိုထားခဲ့ပြီး အားမင်နောက်ကို ငါ ဘာလို့ လိုက်သွားခဲ့လဲဆိုတာ အခု နားလည်ပြီလား။ သူက ချမ်းသာတယ်။ နင်ကတော့ အိမ်ငှားနဲ့နေပြီး စက်ဘီးပဲ စီးနိုင်တာ။ ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ"
ယဲ့ချန်းလည်း သရော်ပြုံးပြုံးလိုက်ပြီး ထိုနှစ်ယောက်နှင့် အငြင်းပွားမနေတော့ဘဲ အရောင်းဝန်ထမ်း မိန်းကလေးဘက်သို့ လှည့်ကာ ပြောလိုက်၏။
"မင်းတို့မန်နေဂျာကို ခေါ်ပေးပါ။ ပြီးတော့ ဒါက အဆင့်မြင့်ဧကရာဇ်ေကျာက်စိမ်းစစ်စစ်လို့ ပြောလိုက်ပါ"
"ဧကရာဇ်ကျောက်စိမ်းစစ်စစ် ဟုတ်လား"
ယဲ့ချန်း၏စကားကို ကြားသည်နှင့် လူအုပ်ကြီးမှာ ပွက်ပွက်ညံသွားပြီး အနားသို့ ဝိုင်းအုံလာကြသည်။
စုမင်က အေးစက်စက် သရော်လိုက်သည်။
"ဧကရာဇ်ကျောက်စိမ်းစစ်စစ် ဟုတ်လား။ လေကြီးလိုက်တာ... လျှာပြတ်သွားမှာ မကြောက်ဘူးလား"
လူအုပ်ကြီးကလည်း ခေါင်းယမ်းလိုက်ကြပြီး ဤလူငယ်မှာ လောဘဇောတက်၍ ရူးသွပ်နေပြီဟု ထင်သွားကြသည်။
အရောင်နှင့် အသွင်အပြင်အရ ဤကျောက်တုံးမှာ အစိမ်းရောင်သန်းမည့် ကျောက်မျိုးနှင့် လုံးဝမတူပေ။
အရောင်းဝန်ထမ်းမိန်းကလေးကလည်း ယဲ့ချန်းက ထိုကျောက်ကို ဧကရာဇ်ကျောက်စိမ်းဟု ပြောလိုက်သဖြင့် လန့်ဖျပ်သွားပြီး အဘိုးအိုတစ်ယောက်ကို အလျင်အမြန် သွားခေါ်လိုက်သည်။
"သူဌေး... ဒီလူကြီးမင်းက သူ့လက်ထဲက ကျောက်ရိုင်းတုံးက ဧကရာဇ်ကျောက်စိမ်းလို့ ပြောနေလို့ပါ။ အဲ့ဒါ တစ်ချက်လောက် စစ်ဆေးပေးပါဦး"
မျက်မှန်ဝိုင်းတပ်ဆင်ထားသော အဘိုးအိုတစ်ေယာက် ထွက်လာေလသည်။ ထိုလူကား ကျောက်စိမ်းအရောင်းဆိုင်၏ ပိုင်ရှင်လည်း ဖြစ်သလို ကျော်ကြားလှသော ကျောက်စိမ်းအကဲဖြတ်ပညာရှင် လီခွန်းဖြစ်ပေသည်။
အကြီးအကဲလီက အနားသို့ တိုးလာပြီး ကျောက်ရိုင်းတုံးကို ကြည့်ကာ မှန်ဘီလူးယူ၍ အချိန်အတော်ကြာအောင် အသေအချာ အကဲခတ်နေခဲ့သည်။
အစပိုင်းတွင် အကြီးအကဲလီ၏ မျက်နှာထက်၌ အထင်သေးလေဟန် အရိပ်အယောင်များ ရှိနေသော်လည်း မကြာခင်မှာပင် ထိုအထင်သေးမှုများမှာ အံ့အားသင့်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။
အကြောင်းမှာ ကျောက်ရိုင်းတုံး၏ အက်ကွဲကြောင်းများကြားမှ စိမ်းစိုသော အရောင်အဝါကို မြင်တွေ့နေရသဖြင့် ကျောက်စိမ်းထွက်လာရန် အခွင့်အလမ်း အလွန်များပြားနေသောကြောင့်ပင်။
ဘေးတွင် ရပ်နေသော စုမင်က မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။
"အကြီးအကဲလီ... ဒီကျောက်တုံးက ကျောက်အတုပဲ ဖြစ်ရမယ်။ ဒီလိုအမှိုက်အတွက်နဲ့ အချိန်မဖြုန်းပါနဲ့"
အကြီးအကဲလီက ရုတ်တရက်မော့ကြည့်လိုက်ပြီး စုမင်ကို ဂရုမစိုက်ဘဲ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။
"ကောင်လေး... ဒီကျောက်ကို ငါ့ဆီ ယွမ်တစ်သန်းနဲ့ ရောင်းမလား"
တစ်သန်း ဟုတ်လား။
ထိုနေရာတစ်ခုလုံး တစပြင်အလား တိတ်ဆိတ်သွားသည်။
လူတိုင်းက သူတို့ နားကြားမှားသည်ဟု ထင်သွားေလသည်။
စုမင်နှင့် ယွမ်ယွမ်တို့လည်း ပါးစပ်အဟောင်းသားဖြင့် ဆွံ့အမှင်တက်ကာ မယုံနိုင်ေလာက်အောင် ဖြစ်သွားကြသည်။
"အကြီးအကဲလီ... အခု ဘာပြောလိုက်တာလဲ။ အဘိုး အရူးလုပ်ခံလိုက်ရတာဖြစ်မယ်။ ဒီကျောက်တုံးအစုတ်က ဘယ်လိုလုပ်ပြီး တစ်သန်းတန်မှာတဲ့လဲ"
စုမင်က မယုံကြည်နိုင်ေလဟန်ဖြင့် ပြောလိုက်သည်။
"ငါ တစ်သက်လုံး ကျောက်စိမ်းလောကထဲမှာ ကျင်လည်လာတာ။ လုံးဝမမှားဘူး။ ကောင်လေး... ဒီကျောက်ရိုင်းတုံးကို တစ်သန်းနဲ့ ရောင်းမှာလား"
အကြီးအကဲလီ၏ စကားကို ကြားသောအခါ လူတိုင်း ယဲ့ချန်းကို အားကျသောအကြည့်များဖြင့် ကြည့်လိုက်ကြသည်။
ဒီကောင်ေလးကတော့ ထီပေါက်တာပဲ။ တစ်သန်းတန်တဲ့ ကျောက်ရိုင်းတုံးကြီးကို ကောက်ရထားတာတဲ့...
ထိုကျောက်တုံးကို ရောင်းရန် သဘောတူလိမ့်မည်ဟု လူတိုင်း ထင်နေကြသော်လည်း ယဲ့ချန်းကမူ ခေါင်းယမ်းပြလိုက်သည်။
အကြောင်းမှာ သူ၏အပတ်စဉ်ခေါင်းကြီးပိုင်းသတင်းတွင် ဤကျောက်ရိုင်းတုံးမှာ ယွမ်တစ်ဘီလျံ တန်ဖိုးရှိကြောင်း ဖော်ပြထားသည်ကို ယဲ့ချန်း မှတ်မိနေသဖြင့် ဤကျောက်ကို တစ်သန်းတည်းနှင့် မရောင်းနိုင်ေပ။
"တောင်းပန်ပါတယ်... အဲ့ဒီဈေးနဲ့တော့ မရောင်းနိုင်ပါဘူး"
ယဲ့ချန်းက မရောင်းနိုင်ဘူးဟု ငြင်းပယ်လိုက်ကြောင်း ကြားသောအခါ လူအုပ်ကြီးမှာ ဆူညံသွားပြန်သည်။
ဒီကောင်ေလးကတော့ လောဘကြီးလွန်းနေပြီ။ တစ်သန်းတန်တဲ့ ကျောက်တုံးကိုတောင် မရောင်းဘူးတဲ့လား။
အကြီးအကဲလီကလည်း မျက်မှောင်ကြုတ်လိုက်လေသည်။
"ကောင်လေး... ဒီကျောက်ရိုင်းတုံးက ရေခဲသားကျောက်စိမ်းဖြစ်ဖို့ပဲ အခွင့်အလမ်းရှိတာ။ တကယ်လို့ ဖြတ်လိုက်မှ ဧကရာဇ်ကေျာက်စိမ်းထွက်မလာခဲ့ရင် မင်း တစ်ပြားမှ ရမှာမဟုတ်ဘူးနော်"
ဤသည်မှာ "သေမြေကြီး ရှင်ရွှေထီး" ဟူသည့် သဘောတရားပင်။
ထိုအခါမှသာ စုမင်က အားတက်သရော ဝင်ပြောသည်။
"ယဲ့ချန်း... ငါသာ မင်းနေရာမှာဆိုရင် ရောင်းလိုက်ပြီ။ မင်းလို ငမွဲကောင်က တစ်သန်းရနေတာတောင် အားမရသေးဘူးလား"
"ငါတို့ယဲ့ချန်းကို နင့်လို ရည်မှန်းချက်သေးသေးလေးပဲ ရှိတဲ့လူလို့ ထင်နေတာလား။ ယဲ့ချန်း အောင်မြင်မှာကို ငါ အမြဲသိနေခဲ့တာ။ တကယ်တော့ ယဲ့ချန်းရယ်... အရင်တုန်းက ငါ နင့်ကို ထားခဲ့တယ်ဆိုတာ နင့်ကို စိတ်ဓာတ်ခွန်အား ဖြစ်စေချင်လို့ပါ။ နင်ကလည်း ငါ့ကို စိတ်မပျက်စေခဲ့ဘူးပဲ"
ယွမ်ယွမ်၏ လေသံမှာ ရုတ်တရက် ပြောင်းလဲသွားပြီး စုမင်၏ လက်မောင်းကိုပင် လွှတ်ချ၍ ယဲ့ချန်း၏ ဘေးနားသို့ လာရပ်ပြီး သူ့ကို ချစ်မျက်ဝန်းများဖြင့် ကြည့်နေလသည်။
ယဲ့ချန်းက ရုပ်ရည်ချောမောသည့်အပြင် ယခုမူ ချမ်းသာသွားပြီဖြစ်၏။ စုမင်ကမူ ပိုင်ဆိုင်မှုသန်းဂဏန်းမျှသာ ရှိပြီး ရုပ်ဆိုးလှသဖြင့် ယွမ်ယွမ်အနေနှင့် ယဲ့ချန်းကို ရွေးချယ်လိုက်သည်မှာ သဘာဝကျသည်။
ယွမ်ယွမ်က ယဲ့ချန်း၏ လက်မောင်းကို ချိတ်ရန် ကြိုးစားသော်လည်း တစ်ဖက်လူက ရှောင်တိမ်းလိုက်သည်။
အတိတ်တုန်းက ယဲ့ချန်းအနေနှင့် ယွမ်ယွမ့်ကို အလွန်နှစ်သက်ခဲ့ဖူးသည်မှာ အမှန်ပင်ဖြစ်သော်လည်း ယခုအခါတွင်မူ...
ဟက်!
အိမ်တွင် နတ်ဘုရားမတစ်ပါး ရှိနေသည့်ကြားက ယခုလိုအဆင့်မရှိသည့် မိန်းမလည်က သူ့ကို မြူဆွယ်နိုင်မည်ဟု ထင်နေသည်မှာ အိပ်မက်မက်နေခြင်းသာ။
"ယွမ်ယွမ်... ငါ အခု အိမ်ထောင်ကျနေပြီ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ"
ယဲ့ချန်းက အေးစက်မာေကျာစွာ ပြောလိုက်သည်။
ယဲ့ချန်း အိမ်ထောင်ရှိေနပြီဟု ကြားလိုက်ရသောအခါ ယွမ်ယွမ် မျက်နှာပျက်သွားသည်။
သူ(မ)၏ မျက်ဝန်းထဲတွင် နောင်တရသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ယဲ့ချန်းကမူ သူ(မ)ကို ဂရုမစိုက်တော့ဘဲ အကြီးအကဲလီဘက်သို့ လှည့်၍ ပြောလိုက်သည်။
"ကျောက်တုံးကို ဖြတ်လို့ရပါတယ်။ တကယ်လို့ ဧကရာဇ်ကျောက်စိမ်း ထွက်လာခဲ့ရင် အဲ့ဒီအချိန်ကျမှ ဈေးပေးပါ"
ယဲ့ချန်း၏ စကားကို ကြားသောအခါ လီခွန်း အံ့အားသင့်သွားေလသည်။
ဤလူငယ်လေးက တကယ်သတ္တိရှိလှပေသည်။
သာမန်လူသာဆိုလျှင် ဤကဲ့သို့သော စွန့်စားမှုမျိုးကို မလုပ်ဘဲ ယွမ်တစ်သန်းကိုသာ ချက်ချင်းယူသွားကြပေလိမ့်မည်။
မည်သို့ပင်ဆိုစေ တစ်သန်းဆိုသည်မှာ ဘဝတစ်ခုလုံးကို ပြောင်းလဲပစ်ရန်နှင့် ချမ်းသာကြွယ်ဝရန် လုံလောက်ေပသည်။ အကယ်၍ ဖြတ်လိုက်ပြီးမှ အသုံးမဝင်ေသာ ကျောက်ဖြစ်သွားခဲ့လျှင် အချည်းနှီးဖြစ်သွားပေမည်။
အကြီးအကဲလီကလည်း ခေါင်းညိတ်လိုက်၏။
"ကောင်လေး... မင်း ဒီကျောက်တုံးကိုဖြတ်မှာ သေချာပြီလား"
"သေချာပါတယ်"
အကယ်၍ အပတ်စဉ်ေခါင်းကြီးပိုင်းသတင်းကို မသိထားလျှင် ယဲ့ချန်းကိုယ်တိုင်လည်း ထိုကျောက်တုံးကို တစ်သန်းနှင့် ချက်ချင်းရောင်းချလိုက်မည်သာ။
သို့သော် ယခုအခါတွင်မူ ဤသည်မှာ ဧကရာဇ်ကျောက်စိမ်းဖြစ်ကြောင်း ယဲ့ချန်း သိထားသဖြင့် တုံ့ဆိုင်းနေစရာ မလိုတော့ပေ။
လီခွန်းက ခေါင်းညိတ်လိုက်၏။
"ကောင်လေး... ဒါဆိုရင်တော့ မင်းကို ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးနိုင်တော့မယ်"
ယဲ့ချန်းကလည်း ကျောက်တုံးကို ကျောက်ဖြတ်စက်ဆီသို့ သယ်သွားခဲ့သည်။
လီခွန်းကိုယ်တိုင် ကျောက်ရိုင်းတုံးကို စက်ပေါ်တွင် တင်၍ ဖြတ်တောက်ရန် ပြင်ဆင်လိုက်သည်။
ယဲ့ချန်းအနေနှင့် ရလဒ်ကို ကြိုတင်သိရှိထားသော်လည်း အနည်းငယ်တော့ စိတ်လှုပ်ရှားနေမိသည်။
မည်သို့ပင်ဆိုစေ ဤပမာဏကား ယွမ်တစ်ဘီလျံ ဖြစ်နေသောကြောင့်ပင်တည်း။
အခြားသူများအားလုံးလည်း စိတ်လှုပ်ရှားနေကြသည်။
ဤကျောက်တုံးသည် ဖြတ်ပြီးနောက် အံ့ဩစရာကောင်းသောရလဒ် ထွက်လာမလား သို့မဟုတ် အသုံးမဝင်သော ကျောက်ဖြစ်သွားမလားဆိုသည်ကို သူတို့အားလုံး သိချင်စိတ်ပြင်းပြနေကြသည်။
••••••••••••••••••••••••
အပိုင်း ၆၈၁ : အနာဂတ်ကို ပြောင်းလဲခြင်း
ထျန်းယွမ်ယွမ်မှာ စိတ်လှုပ်ရှားစွာဖြင့် လက်သီးတင်းတင်းဆုပ်ထားလေသည်။ အကယ်၍ ဤကျောက်တုံးက အမှန်တကယ် ဧကရာဇ်ကျောက်စိမ်းဖြစ်နေခဲ့လျှင် သူ(မ)အနေနှင့် ယဲ့ချန်း၏မယားငယ် ဖြစ်ရပါစေဦးတော့... သူ့နောက်ကို တစ်ကျော့ပြန် လိုက်မည်ဟု ဆုံးဖြတ်ထားပြီးဖြစ်၏။
ယခင်တုန်းက ယဲ့ချန်း သူ(မ)ကို အလွန်အမင်း ချစ်မြတ်နိုးခဲ့ဖူးသည်။ ထို့ကြောင့် သေချာပေါက် ဖြစ်နိုင်ခြေ ရှိ၏။
ထျန်းယွမ်ယွမ်လည်း မိမိကိုယ်ကိုယ် စိတ်ထဲမှ အားပေးလိုက်သည်။
“ကျွီ...”
စူးရှသော အသံနှင့်အတူ အကြီးအကဲလီ၏ လက်ထဲမှ ဓားသည် ကျောက်တုံးကို ဖြတ်တောက်ပြီးသွားေလပြီ။
ပါးလွှာသော အပြင်ဘက်အလွှာကို ဖြတ်တောက်လိုက်ရုံမျှဖြင့် အတွင်းပိုင်းဝယ် တောက်ပသော အစိမ်းရောင်တစ်ချက် ပေါ်ထွက်လာသည်။
“သေစမ်း... အစိမ်းရောင် ထွက်လာပြီလား”
ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်းပင် တိတ်ကျသွားတော့သည်။
တောက်ပစိုပြည်သော ထိုအစိမ်းရောင်အကွက်ကို ကြည့်ပြီး လူတိုင်း ဆွံ့အသွားကြသည်။
အကြီးအကဲလီမှာ ပို၍ပင် တုန်လှုပ်သွားပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
“လူငယ်လေး... သန်းငါးရာ ဒီကျောက်ရိုင်းတုံးကို ငါလိုချင်တယ်"
သန်းငါးရာ...
ဤဈေးနှုန်းကို ကြားလိုက်ရသောအခါ အနားရှိ လူအားလုံး အသက်ရှူမှားမတတ် ဖြစ်သွားကြသည်။
ဘုရားရေ... ဒီကောင်လေးကတော့ ထီပေါက်တာပဲ။
တွေ့ရာကျောက်တုံးတစ်တုံးကို ကောက်လာသည့်တိုင် သန်းငါးရာ တန်နေသည်ဆိုခြင်းမှာ စင်စစ်မယုံနိုင်စရာပင်။
စုမင်ခမျာ လုံးဝပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။
ဆင်းရဲမွဲတေသည်ဟု ထင်မှတ်ထားသော ကောင်က မျက်စိတစ်မှိတ်အတွင်း ဘီလျံနာတစ်ယောက် ဖြစ်လာလိမ့်မည်ဟု သူ အိမ်မက်ထဲမှာပင် မမက်ဖူးေချ။
သူ(မ)၏ဘေးတွင်မူ ထျန်းယွမ်ယွမ်၏ မျက်ဝန်းများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေေလသည်။
ထိုကျောက်ရိုင်းတုံးကြီးမှာ သူ(မ)အပိုင် ဖြစ်နေသည့်အလားပင်။
သူ(မ) ဆုံးဖြတ်ချက် ချပြီးေချပြီ။ ယဲ့ချန်း၏ မယားငယ်ပင်ဖြစ်နေပါစေ ဂရုမစိုက်တော့ပေ။
ယဲ့ချန်း ရောင်းလိမ့်မည်ဟု လူတိုင်း ထင်နေကြသော်လည်း ယဲ့ချန်းက ခေါင်းယမ်းပြလိုက်ပြန်သည်။
“သန်းငါးရာက နည်းလွန်းတယ်”
ယဲ့ချန်း၏ စကားကို ကြားသောအခါ လူတိုင်း မယုံကြည်နိုင်လောက်အောင် ပေါက်ကွဲသွားသည်။
သန်းငါးရာတောင် မလောက်သေးဘူးတဲ့လား... သူက ဘာတွေများ ထပ်ပြီး လိုချင်နေသေးတာလဲ။
အကြီးအကဲလီကလည်း မျက်မှောင်ကြုတ်လိုက်လေသည်။
“လူငယ်လေး... မင်းဘာသာမင်း ဈေးခေါ်ပါ။ ဘယ်လောက်နဲ့ ရောင်းမှာလဲ”
ယဲ့ချန်းက ပြောလိုက်၏။
“တစ်ဘီလျံ”
ယဲ့ချန်း ခေါ်လိုက်သော ဈေးနှုန်းကို ကြားရသောအခါ ထိုနေရာတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။
“သေစမ်း... ဒီကောင်က ဒီလောက်တောင် ဈေးကြီးကြီး ခေါ်ရဲတယ်ေပါ့”
“တစ်ဘီလျံ ဟုတ်လား... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
အကြီးအကဲလီက ကျောက်ရိုင်းတုံးကို စိုက်ကြည့်ပြီး သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်၏။
"တစ်ဘီလျံပဲ... သဘောတူတယ်"
တစ်ဘီလျံဖြင့် အရောင်းအဝယ် ဖြစ်သွားခဲ့ေလပြီ။
လူတိုင်း အံ့ဩမှင်တက်သွားကြသည်။
လူတိုင်း ဆွံ့အသွားကြလေသည်။ အထူးသဖြင့် အစောပိုင်းက ယဲ့ချန်းကို အိမ်မက်မက်နေသည်ဟု လှောင်ပြောင်ခဲ့ကြသူများမှာ ယခုမူ ကြက်သေသေနေကြပြီဖြစ်၏။
အမလေး.. အောက်က ကျောက်တုံးတစ်တုံး ကောက်လာတာကို တကယ်ပဲ တစ်ဘီလျံနဲ့ ရောင်းလိုက်ရတယ်တဲ့လား... မယုံနိုင်စရာ ကောင်းလိုက်တာ...
စုမင်ခမျာ လုံးဝဆွံ့အသွားရသည်။
ထျန်းယွမ်ယွမ်က စိတ်လှုပ်ရှားနေတော့သည်။
“ယဲ့ချန်း... နင်က တကယ်အံ့ဩဖို့ကောင်းတာပဲ။ တစ်ဘီလျံဆိုရင် ငါတို့တစ်သက်လုံး သုံးလို့တောင် ကုန်မှာမဟုတ်ဘူး”
သူ(မ)၏ဘေးရှိ စုမင်ကမူ သူ့မျက်စိရှေ့တင် အရှက်ခွဲခံလိုက်ရသဖြင့် အလွန်အမင်း ဒေါသထွက်နေေလသည်။
“ထျန်းယွမ်ယွမ်... မင်းက ဘာသဘောလဲ”
“ရုပ်ဆိုးတဲ့ကောင်... အရင်တုန်းက ရှင်နဲ့ ပတ်သက်မိတာ ကျွန်မ မျက်စိကန်းေနလို့ပဲ။ ရှင်က ယဲ့ချန်းနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်လို့ရမှာလဲ။ သူက ရှင့်ထက် ပိုချောသလို ပိုလည်းချမ်းသာတယ်။ ရှင့်လို ရုပ်ဆိုးတဲ့ ကောင်နဲ့ ကျွန်မက ဘာလို့ဆက်တွဲနေရမှာလဲ”
ထိုသို့ပြောပြီးနောက် ထျန်းယွမ်ယွမ်က ယဲ့ချန်းကို ချစ်ခင်ကြင်နာစွာ ကြည့်လိုက်လေသည်။
"ယဲ့ချန်း... ငါ နင့်ကို တစ်ချိန်လုံးချစ်ခဲ့တာပါ။ နင်နဲ့အတူ ရှိနေရမယ်ဆိုရင် နင့်မယားငယ်အဖြစ် ခံယူဖို့လည်း ငါ လိုလားပါတယ်"
ထျန်းယွမ်ယွမ်၏ အခွင့်အရေးသမား မျက်နှာပေးကို ကြည့်ပြီး ယဲ့ချန်း ရွံရှာမိသည်။
“ဒါပေမဲ့ ငါက မင်းကို မချစ်တော့ဘူးလေ”
“မဟုတ်ဘူး... နင် ငါ့ကို ချစ်ရမယ်။ အခက်အခဲတွေပဲ ကြုံရကြုံရ... ကမ္ဘာကြီးပျက်စီးသွားတဲ့အထိ ငါ့ကို ချစ်သွားမယ်လို့ အရင်က နင် ပြောခဲ့ဖူးတယ်လေ”
ယဲ့ချန်းက သရော်လိုက်သည်။
"ထျန်းယွမ်ယွမ်... ငါတို့နှစ်ယောက်လုံး လူကြီးတွေ ဖြစ်နေကြပြီ။ အရှင်းဆုံးပြောရရင် မင်းက ရုပ်လည်းဆိုးသလို ငါနဲ့လည်း မတန်ဘူး”
"နင်..."
ယဲ့ချန်းထံမှ ငြင်းပယ်ခံလိုက်ရသဖြင့် ထျန်းယွမ်ယွမ်လည်း သူ(မ)၏ ဗီဇအမှန်ကို ထုတ်ပြလာတော့သည်။
"ယဲ့ချန်း... နင် ကောက်လာတဲ့ ကျောက်တုံးစုတ် တစ်တုံးတည်းနဲ့တင် ဒီလောက်တောင် မာနကြီးနေရသလား"
ထျန်းယွမ်ယွမ်က ယဲ့ချန်းကို လက်ညှိုးထိုး၍ ဆဲရေးတိုင်းထွာလိုက်သည်။
ထိုအချိန်တွင် ဝတ်စုံပြည့် ဝတ်ဆင်ထားသော အမျိုးသားအချို့ ဝင်ရောက်လာသည်။
ထိုအထဲမှ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ေယာက်ကို လီခွန်းက အမြန်သွားကြိုလိုက်သည်။
"ဥက္ကဋ္ဌဟူ... ဘယ်လိုကိစ္စမျိုးရှိလို့ ဒီကို ကြွလာရတာလဲ"
ရောက်လာသူမှာ ရွှေလမ်းမစီးပွားရေးဇုန်၏ အထွေထွေမန်နေဂျာ ဟူဝမ် ဖြစ်ပေသည်။
ဟူဝမ်သည် အဘိုးလီနှင့် နှုတ်ဆက်စကား အနည်းငယ် ပြောဆိုပြီးနောက် ယဲ့ချန်းထံသို့ တည့်တည့် လျှောက်သွားေလသည်။
ဟူဝမ်နှင့် သူ့အနောက်မှ ပါလာသော ရွှေလမ်းမ၏ အမှုဆောင်အရာရှိအချို့က အတူတကွ ဦးညွှတ်လိုက်ကြသည်။
“မင်္ဂလာပါ ဥက္ကဋ္ဌယဲ့”
“ဥက္ကဋ္ဌယဲ့ ဟုတ်လား”
လူအုပ်ကြီးမှာ အံ့ဩမှင်တက်သွားကြပြန်သည်။
အဘိုးလီမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားသည်။
"ဥက္ကဋ္ဌဟူ... ဒီလူငယ်လေးက ဘယ်သူမို့လို့လဲ"
ဟူဝမ်က ရိုသေစွာ ပြန်ေဖြလိုက်၏။
"သူက ကျွန်တော်တို့ မိုတုစီးပွားရေးလမ်းမရဲ့ပိုင်ရှင် မစ္စတာယဲ့ချန်းပါ"
“ဘာ... ပိုင်ရှင် ဟုတ်လား”
အခန်းထဲတွင် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။
ဤကျောက်တုံးကို တစ်ဘီလျံဖြင့် ရောင်းလိုက်သည့် ဤလူငယ်က ရွှေလမ်းမ၏ပိုင်ရှင် ဖြစ်နေပေသည်။
စုမင်နှင့် ထျန်းယွမ်ယွမ်တို့ နှစ်ေယာက်စလုံး လုံးဝဆွံ့အသွားကြသည်။
ယဲ့ချန်းက ကြောင်အမ်းနေသော ထျန်းယွမ်ယွမ်ကို ကြည့်ကာ ပြောလိုက်သည်။
“အရင်တုန်းကတော့ ငါ မင်းကို တကယ်ချစ်ခဲ့တာ။ မင်းသာ ဒီလောက်အထိ အခွင့်အရေးသမား မဆန်ခဲ့ရင် ဒီနေ့ ဒီအရာအားလုံးက မင်းအပိုင် ဖြစ်လာနိုင်တာပေါ့။ ဒါပေမဲ့ နှမြောစရာကောင်းတာက မင်းမှာ ဒီလိုကံမျိုး ပါမလာခဲ့ဘူး။ အခု မင်းက ငါ့ရဲ့မယားငယ်ဖြစ်ဖို့ရော အရည်အချင်းပြည့်မီတယ်လို့ ထင်နေသေးလား”
ထျန်းယွမ်ယွမ်ခမျာ မြေပြင်ပေါ်သို့ ပစ်လဲကျသွားတော့သည်။
သူဌေးကြီးတစ်ေယာက်နှင့်လက်ထပ်ရန် ဆိုသည်မှာ သူ(မ)၏ ဘဝအိမ်မက် ဖြစ်ခဲ့သော်လည်း ထိုအိမ်မက်ကို သူ(မ)ကိုယ်တိုင် လက်စွမ်းပြ၍ ဖျက်ဆီးပစ်ခဲ့မိချေပြီ။
စုမင်၏ မျက်နှာတစ်ခုလုံး ခရမ်းချဉ်သီးတစ်လုံးနှယ် နီရဲသွားရသည်။ သူသည် ထိုလူကို ဆင်းရဲမွဲတေနေသည့်ကောင်ဟု အစောကပင် စော်ကားခဲ့မိသော်လည်း ထိုလူသည် တစ်ဘီလျံတန် ကျောက်တုံးကို ရောင်းချနိုင်ရုံသာမက စီးပွားရေးလမ်းမကြီး၏ ပိုင်ရှင် ဖြစ်နေလေသည်။
ယဲ့ချန်းနှင့်ယှဉ်လျှင် သူသည် အမှိုက်တစ်စထက် မပိုချေ။
စုမင်လည်း ထိုနေရာတွင် ဆက်နေရန် အလွန်ရှက်ရွံ့နေသဖြင့် လှည့်ထွက်ကာ ကုပ်ေချာင်းေချာင်းဖြင့် ထွက်သွားတော့သည်။
ထိုအချိန်တွင် ထျန်းယွမ်ယွမ်က သူ့ခြေထောက်ကို ရုတ်တရက် ဖက်တွယ်လိုက်၏။
"အားမင်... တကယ်တော့ ကျွန်မအချစ်ဆုံးက ရှင်ပါ”
"ဖယ်စမ်း... နင့်လို အခွင့်အရေးသမား မိန်းမမျိုးကို ငါ ရွံတယ်"
စုမင်က သူ(မ)ကို ကန်ထုတ်လိုက်ပြီး နောက်ကိုပင် လှည့်မကြည့်ဘဲ ထွက်သွားေလသည်။
ထျန်းယွမ်ယွမ်ခမျာ မြေပြင်ပေါ်တွင် ရှိုက်ကြီးတငင် ငိုကြွေးနေမိသည်။ အရာအားလုံးကို ရချင်ဇောဖြင့် လောဘတက်ခဲ့သော်လည်း နောက်ဆုံးတွင် ဘာတစ်ခုမှ မရခဲ့ကြောင်း သူ(မ) သိလိုက်ရသည်။
ယဲ့ချန်းက ထျန်းယွမ်ယွမ်၏ သနားစရာကောင်းလှသော အဖြစ်ကို စောင့်ကြည့်ရင်း သူ(မ)အတွက် သနားဂရုဏာသက်မိရုံသာ တတ်နိုင်တော့သည်။
"ဒီမိန်းမက အရမ်းဆူတာပဲ ဥက္ကဋ္ဌဟူ... အဆင်ပြေအောင် ရှင်းလိုက်ပါဦး"
ဟူဝမ်ကလည်း ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်ပြီး လုံခြုံရေးဝန်ထမ်းနှစ်ေယာက်ကို ထျန်းယွမ်ယွမ်အား အပြင်သို့ မောင်းထုတ်ရန် အမိန့်ပေးလိုက်သည်။
ကျောက်စိမ်းဆိုင်လေးအတွင်း၌ ပြန်လည် တိတ်ဆိတ်သွားသည်။
ကျောက်စိမ်းကိစ္စ ပြေလည်သွားပြီးနောက် ယဲ့ချန်း နောက်ထပ်ဆက်လုပ်ရမည့် တာဝန်မှာ ယန်းမီမီကို ကယ်တင်ရန်ပင်။
အနာဂတ်ကို ပြန်လည်ပြင်ဆင်ရေးသားနိုင်ကြောင်း သက်သေပြထားပြီးဖြစ်၏။
တစ်နည်းအားဖြင့်ပြောရလျှင် ယန်းမီမီကို ဂျပန်ထုတ် ဖုန်းထျန်းကားပေါ်သို့ မတက်မိအောင် တားဆီးနိုင်ခဲ့ပါက မတော်တဆမှုကို ရှောင်လွှဲနိုင်ပေလိမ့်မည်။
ယဲ့ချန်းက ယန်းမီမီထံသို့ စောစောစီးစီး ဖုန်းဆက်ထားသည်။
“ရှောင်ယာ... မနက်ဖြန် ဘာအစီအစဉ်ရှိလဲ”
"ဪ.. မနက်ဖြန်မနက်ပိုင်း ကြေညာချက်တစ်ခုတစ်ခု ရှိတယ်။ ပွဲတစ်ခုကို စောစောတက်ရမှာ”
"ကောင်းပြီလေ... ဒါဆိုရင် မနက်ဖြန် ငါ မင်းကို ကားမောင်းပြီး လိုက်ပို့ပေးမယ်။ တိုက်တိုက်ဆိုင်ဆိုင် ငါလည်း အဲ့ဒီနားမှာ လုပ်စရာလေးရှိနေလို့"
ကားမတော်တဆမှုအကြောင်းကို ပြောလိုက်လျှင် သူ(မ) အတွေးများသွားမည်စိုးသဖြင့် ယဲ့ချန်း ထုတ်မပြောခဲ့ပေ။
"ဟုတ်ပါပြီ... ဒါဆိုရင် ငါ စောင့်နေမယ်နော်"
နောက်တစ်နေ့မနက်တွင် ယဲ့ချန်းသည် ကူလီနန်ကားကို မောင်းနှင်ကာ ယန်းမီမီ တည်းခိုနေသည့် ဟိုတယ်သို့ ရောက်ချလာသည်။
သူ ရောက်လာချိန်တွင် ဟိုတယ်ဝင်ပေါက်၌ ဖုန်းထျန်းကားတစ်စီး ရပ်ထားေကြာင်း တွေ့လိုက်ရသည်။
ဤကားမှာ မူလက ယန်းမီမီစီးရန် စီစဉ်ထားသော ကားဖြစ်၏။
ယန်းမီမီလည်း ယဲ့ချန်း၏ ကားပေါ်သို့ တက်လိုက်ပြီး သူ(မ)၏ လက်ထောက်နှင့် အခြားဝန်ထမ်းများကမူ ထိုဖုန်းထျန်းကားကို စီးနင်းလိုက်ပါသွားကြသည်။
ယန်းမီမီကို ထိုကားပေါ်သို့ မတက်မိအောင် တားဆီးနိုင်ခဲ့သဖြင့် မတော်တဆမှု မဖြစ်ပွားပါစေနှင့်ဟုသာ ယဲ့ချန်း စိတ်ထဲမှ ဆုတောင်းနေမိသည်။
တကယ်တော့ ယဲ့ချန်းလည်း စွန့်စားနေရသည်။
ဤသည်မှာ အနာဂတ်ကို ပြောင်းလဲပစ်ရန် ကြိုးစားသည့် ကိစ္စရပ်တစ်ခုပင်။
အကယ်၍ ယန်းမီမီကိုယ်တိုင်ကသာ ထိုမတော်တဆမှု၏ အဓိကသော့ချက် ဖြစ်နေခဲ့ပါက သူ(မ) ဘယ်ကားပေါ်တွင် ထိုင်နေပါစေ မတော်တဆမှုကို ကြုံတွေ့ရမည်သာ။
သို့သော် မိတ်ေဆွများ ဖြစ်ကြသည့်အတွက် ယန်းမီမီ မတော်တဆမှု ကြုံရမည်ကို ယဲ့ချန်းအနေနှင့် လက်ပိုက်ကြည့်မနေနိုင်ပါချေ။
ဖုန်းထျန်းကားက ရှေ့မှ ဦးဆောင်မောင်းနှင်ပြီး ယဲ့ချန်း၏ ကူလီနန်ကားက အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။
"ယဲ့ချန်း... ရှင် ဒီနေ့ ပုံမှန်နဲ့မတူဘဲ တစ်မျိုးဖြစ်နေသလိုပဲနော်"
ယန်းမီမီက ရုတ်တရက် ပြောလိုက်သည်။
ယဲ့ချန်းလည်း အံ့အားသင့်သွားလေသည်။
"ဘယ်လိုမျိုးလဲ"
ယန်းမီမီက ခေတ္တမျှ စဉ်းစားပြီး ပြောလိုက်၏။
"ရှင် တော်တော်စိတ်လှုပ်ရှားနေသလိုပဲ"
ယဲ့ချန်းကမူ စိတ်ထဲမှနေ၍ ခါးသီးစွာ ပြုံးလိုက်မိသည်။
"ငါက ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ။ ဒါက မင်းရဲ့အသက်ဘေးနဲ့ ပတ်သက်နေတာလေ"
ခရီးစဉ်မှာ ချောမွေ့လေသည်။ နောက်ဆုံးတွင် အဝေးပြေးလမ်းမကြီးပေါ်သို့ ရောက်လာခဲ့သည်။
ယဲ့ချန်းမှာ စိတ်ကို အမြဲတင်းထားသည်။ သူ့တွင် နတ်ဘုရားအဆင့် ကားမောင်းစွမ်းရည်များ ရှိနေသော်လည်း အနည်းငယ်မျှပင် မပေါ့ဆရဲပေ။
သို့သော်လည်း ဘေးအန္တရာယ်ကား ကြိုတင်သတိပေးချက်မရှိဘဲ ရောက်လာခဲ့သည်။