စွန့်ပစ်ခံ မသေမျိုးကလန်နှင့် ဒုတိယကြိမ်မြောက် တိုက်ပွဲစတင်မှုများ
Vol. 010 Ch. 463
ဝမ်လင်းက အဘွားအို မေးခွန်းကို ပြုံး၍ ပြောလိုက်သည်။ “ငါက စန်နူး…”
အဘွားအိုအသွင်က ပြောင်းလဲ သွားသည်။ သူမက ဝမ်လင်းကို ကြည့်၍ ပြောလိုက်၏။ ရွှမ်ယွဲ့ရဲ့ လီယွမ်ဖန်နဲ့ ဘီလူးနတ်ဆိုး ကလန်ဘိုးဘေးတို့ကို စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့်နဲ့ သတ်ခဲ့တဲ့လူကို ဒီနေ့မှာ ဒီအဘွားအိုက တကယ် မသတ်နိုင်တော့ပါဘူး..."
အဘွားအိုက သက်ပြင်း ချလိုက်သည်။ သူမက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း နောက်ဆုံး အဆင့် ဖြစ်၍ ဝမ်လင်းကို အလွယ်တကူသတ်နိုင်မည်ဆိုလျှင်ပင် သွန်းထျန်၏ တည်ရှိမှုကို လျစ်လျူရှုထား၍ မရချေ။
အဘွားအိုက သူမဘေးရှိ အဘိုးအိုကို ကြည့်လိုက်ပြီးနောက် သူမက စိတ်ထဲ၌ နောက်တစ်ကြိမ် သက်ပြင်းချမိ ပြန်သည်။
သူမဘေးရှိ ခရမ်းရောင်ဝတ်စုံနှင့် အဘိုးအို၏ မျက်နှာက သုန်မှုန်လို့နေသည်။ သူက ခုမှ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း စဦးအဆင့်တွင်သာ ရှိသေး၏။ သူက လီယွမ်ဖန်ကို မေးခွန်းထုတ်စရာ မလိုဘဲ သတ်နိုင်သည်ကို သိ၏။ သို့သော်လည်း ဘီလူးနတ်ဆိုး ကလန်ဘိုးဘေးကို ရင်ဆိုင်ရင်တော့ အနိုင်ရရန် အလွန်ခက်ခဲ ပေလိမ့်မည်။ သို့ရာတွင် သူ့ရှေ့ရှိ လူငယ်က သူတို့နှစ်ယောက်လုံးကို သတ်ပစ်နိုင်ခဲ့သည့်သူ ဖြစ်လို့နေသည်။ ဝမ်လင်းက ခုထိ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို မရောက်သေးသော်လည်း သူက ဝမ်လင်းအပေါ်၌ ကျင့်ကြံခြင်း အဆင့်တူသည့် လူတစ်ယောက်ကဲ့သို့ မြင်နေခဲ့ပြီး ဖြစ်၏။
သွန်းထျန်က ရယ်မောလိုက်သည်။ သူက ဝမ်လင်း လုပ်ဆောင်ချက်နှင့် ပတ်သက်၍ အတော်လေး ကျေနပ်နေမိသည်။ စိတ်ဝိညာဉ် သန့်စင်ခြင်းကလန်၏ လူများက ထိုကဲ့သို့ပုံစံမျိုး ဖြစ်နေရပေမည်။
သွန်းထျန်က ပြောလိုက်သည်။ အချိန်ဆက်မဖြုန်းတော့နဲ့။ “စည်းမျဉ်းအရ ငါ့ကို မင်းတို့ရဲ့ ကောင်းကင်ဘုံ ကျောက်စိမ်းပြား တစ်ဝက်ပေးပါ…”
အဘွားအိုက အနည်းငယ် စဉ်းစားနေသည်။ သည့်နောက် သူမက သွန်းထျန်ကို ကြည့်လိုက်ပြီး ပြော၏။ “ငါက တစ်ဝက်ပေးနိုင်တယ်။ ဒါပေမဲ့ စွန့်ပစ်ခံ မသေမျိုးကလန်က တိုက်ပွဲမှာ ငါတို့ နတ်ဆိုးအင်းဆက် ကလန်က အန္တရာယ်ကျရောက်ရင် ငါတို့ကို တစ်ကြိမ် ကူညီပေးရမယ်…”
သွန်းထျန်က အဘွားအိုကို ကြည့်ကာ ပြောလိုက်သည်။ “ဒါက နင်တို့ငါ့ကို ကောင်းကင်ဘုံ ကျောက်စိမ်းပြား ဘယ်လောက် ပေးလဲပေါ် မူတည်တယ်…”
အဘွားအိုက ခါးသက်စွာ ပြုံးသည်။ သူမက သိုလှောင်အိတ်တစ်ခုကို ထုတ်ယူ၍ သွန်းထျန်ထံသို့ လှမ်းပစ် ပေးလိုက်ကာ ပြော၏။ “ဒီလောက်ဆို နင် ကျေနပ်သင့်ပြီ…”
သွန်းထျန်က သိုလှောင်အိတ်ကို ဖမ်းလိုက်၏။ သူက နတ်ဘုရား အာရုံဖြင့် ကြည့်ရှု စစ်ဆေးပြီးနောက် သူ့အသွင်က ထူးဆန်းသွား၏။ သူက အဘွားအိုကို ကြည့်ကာ ပြောလိုက်၏။ “နင်တို့ နတ်ဆိုး အင်းဆက်ကလန်က လူတွေက အတိတ်တုန်းက တကယ့်ကို ညစ်စုတ်ပတ်ခဲ့တာပဲ။ ငါ့ဆရာက နင်တို့ရှိက ကောင်းကင်ဘုံ ကျောက်စိမ်းပြားတွေ အများကြီး ယူသွားတာတောင်မှ နင်တို့မှာ အများကြီး ရှိနေသေးတယ်။ နင်တို့မှာ ဒီကျောက်စိမ်းပြားတွေကို ရှာနိုင်တဲ့ နည်းလမ်း အချို့များ ရှိနေတာလား…”
အဘွားအိုက တည်ငြိမ်စွာ ပြောလိုက်၏။ “နင်က ဒါနဲ့ ပတ်သက်ပြီး သိစရာမလိုဘူး။ ငါတို့ သဘောတူထားတာကို မမေ့ပါနဲ့…” ထိုသို့ပြောပြီးသည်နှင့် သူမက အကွာအဝေး တစ်ခုထံသို့ ပျံသန်း သွားတော့သည်။
ခရမ်းရောင် ဝတ်စုံနှင့် အဘိုးအိုကလည်း ဝမ်လင်းကို တစ်ချက် ကြည့်လိုက်ပြီးနောက် လက်နှစ်ဖက် ယှက်ကာ နှုတ်ဆက်ပြီး ထွက်ခွာသွားတော့၏။
သည်လိုနည်းဖြင့် သွန်းထျန်က ဝမ်လင်းကို ဖီးလုနိုင်ငံအနှံ့ကို ခေါ်သွားပြီး ကောင်းကင်ဘုံ ကျောက်စိမ်းပြား များစွာကို လုယူနိုင်ခဲ့သည်။ လမ်းတစ်လျှောက်တွင် ဝမ်လင်းက သွန်းထျန်၏ အနိုင်ကျင့်မှုကို ကောင်းကောင်း မြင်နေခဲ့ရသည်။ သွန်းထျန်က စိတ်ဝိညာဉ် ဆယ်သန်းအလံကို ထုတ်ပြ၍ ကောင်းကင်ဘုံ ကျောက်စိမ်းပြားများကို တောင်းဆိုခဲ့သည်။
စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်က နာမည်ဆိုးဖြင့် ကျော်ကြားသည့် ကလန်တစ်ခု ဖြစ်၏။ ဖီးလုနိုင်ငံရှိ အခြားကလန်များက သည်ကလန်ကို အမှန်တကယ်ပင် ဒေါသ ထွက်ကြသည်။ သို့သော် စိတ်ဝိညာဉ် သန့်စင်ခြင်းကလန်က အမြဲတမ်း သည်နည်းလမ်း အတိုင်းသာ ဆက်လုပ်လေ့ရှိသည်။
သွန်းထျန်က သူ့သို့လှောင်အိတ်ကို ပုတ်၍ ဝမ်လင်းကို ပြုံးပြလိုက်သည်။ “ဒါကို ကြည့်စမ်း။ ဒါက ငါတို့ကလန် နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့တဲ့ အရာပဲ။ မင်းက စိတ်ဝိညာဉ် ဆယ်သန်းအလံကို မင်းကိုယ်တိုင် ပိုင်ဆိုင်လာတဲ့အခါ ကျရင် ဒီလို အနိုင်ကျင့်တဲ့ နည်းကိုပဲ အသုံးပြုရမယ်။ မဟုတ်ရင် မင်းက ငါတို့ စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်ရဲ့ နာမည်ကို ဆွဲချတာပဲ…”
သွန်းထျန်၏ခန္ဓာကိုယ်က သေဆုံးခြင်းအော်ရာများနှင့် ပြည့်နေသော်လည်း ဝမ်လင်းက သွန်းထျန် နှလုံးသားထဲ၌ ကျေနပ်နေမှုအာရုံကို ခံစားမိနိုင်သည်။
“ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ငါတို့ စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်ရဲ့ ဘိုးဘေး တစ်ယောက်က အာဏာတက်ခြင်း အဆင့်ကို ရောက်ရှိလိုခဲ့တယ်။ သူလိုတဲ့ ကောင်းကင်ဘုံ ကျောက်စိမ်းပြားတွေက မင်းထက် အဆပေါင်းများစွာ ပိုများခဲ့တယ်။ နောက်ဆုံးမှာတော့ သူက ဂြိုဟ်တစ်ခုလုံးကို ပတ်ပြီး အနိုင်ကျင့် လုယက်ခဲ့ပြီးတဲ့ နောက်မှာ သူက ဟင်္သာပြဒါးနိုင်ငံထိ သွားခဲ့တယ်။ စိတ်ဝိညာဉ် ဆယ်သန်းအလံနဲ့ဆိုရင် အာဏာတက်ခြင်း အဆင့်ကျင့်ကြံသူ တောင်မှ သူ့ကို ဂရုမစိုက်ဘဲ ဆန့်ကျင်နိုင်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် သူက အတင်းအကြပ် ကောင်းကင်ဘုံ ကျောက်စိမ်းပြားတွေကို ရယူနိုင်ခဲ့တယ်…” သွန်းထျန်က ထိုသို့ပြောလိုက်၏။
ဝမ်လင်းက ခါးသက်စွာ ပြုံးမိသည်။ သူက အတိတ်တုန်းက ဟင်္သာပြဒါး နိုင်ငံ၏ အာဏာတက်ခြင်း အဆင့်ကျင့်ကြံသူများက အမှန်ပင် ခေါင်းကိုက်ခဲ့လိမ့်မည်ကို ခံစားမိလိုက်သည်။
တကယ်တော့ စိတ်ဝိညာဉ် သန့်စင်ခြင်းကလန်ရှိ စိတ်ဝိညာဉ် ဆယ်သန်းအလံကို ကိုင်ဆောင် ထားသည့် မျိုးဆက်တိုင်းက အနိုင်ကျင့်သူ ဖြစ်ခဲ့ပေသည်။
“ဒါပေမဲ့ ဘိုးဘေးက မအောင်မြင်ခဲ့ပဲ နောက်ဆုံးတော့ သေခဲ့ရတယ်။ အမှန်တော့ ငါက သူ့လုပ်ဆောင်ချက်နဲ့ ပတ်တတ်ပြီး သဘောမတူခဲ့ဘူး။ တကယ်တော့ လုံးဝမလိုအပ်ဘူးဆိုရင် အာဏာတက်ခြင်း အဆင့်ကျင့်ကြံသူတွေကို သွားမရှုပ်တာပိုကောင်းတယ်။ သူက ငါတို့နှစ်ယောက် ခုလုပ်နေတာထက်ကို ပိုဆိုးခဲ့တာ။ ဒီအလံနဲ့ဆိုရင် ငါတို့က အဆင့်ငါး နိုင်ငံတစ်ခုကို သွားပြီး အဲ့နိုင်ငံတွေရဲ့ ဘယ်ကလန်ကမဆို ကျောက်စိမ်းပြားတွေကို လုယူနိုင်တယ်။ ငါတို့က စွန့်ပစ်ခံ မသေမျိုးကလန်က စွမ်းအားကောင်းတဲ့ လူတွေနဲ့တွေ့ခဲ့ရင်တောင် ဒါက ပြသနာမဟုတ်ဘူး…”
ဝမ်လင်းက နောက်တစ်ကြိမ် ခါးသက်စွာ ပြုံးမိပြန်သည်။
သွန်းထျန်၏အနိုင်ကျင့်မှုက ဖီးလုနိုင်ငံတစ်ခုတည်းနှင့် ကန့်သတ်မထားပေ။ အမှန်တော့ သွန်းထျန်က ဖီးလုနိုင်ငံရှိ ကလန်များကနေ သင့်တင့် သလောက်သာ ကျောက်စိမ်းပြားများကို ယူခဲ့ခြင်း ဖြစ်၏။ တကယ်တော့ သူတို့က အိမ်နီးနားချင်း ကလန်များ ဖြစ်နေသည် မဟုတ်လား။ ထို့ကြောင့် သူက သူတို့ကို အများကြီး အနိုင်မကျင့်ခဲ့ခြင်းပေ။
သို့သော် သူတို့က ဖီးလုနိုင်ငံကနေ ထွက်လာသည်နှင့် ဝမ်လင်းက သွန်းထျန်၏ အနိုင်ကျင့်မှုက မည်မျှစိုးသည်ကို ကောင်းကောင်းကြီး တွေ့ခဲ့ရတော့သည်။
သုံးလအတွင်း သွန်းထျန်က ဝမ်လင်းကို ခေါ်၍ အဆင့်ငါးနိုင်ငံ လေးခုကို သွားရောက်ခဲ့ပြီး ဖြစ်၏။ အချို့ကျင့်ကြံခြင်း မိသားစုများနှင့် ကလန်များက သူတို့တွင်ရှိသည့် ကောင်းကင်ဘုံ ကျောက်စိမ်းပြား အရေအတွက်ထက် နည်းပါးစွာ ထုတ်ပေးခဲ့ကြသည်။
သည်လိုကလန်များကို သွန်းထျန်က စကားတစ်ခွန်းမှ မဆိုတော့ဘဲ စိတ်ဝိညာဉ် ဆယ်သန်းအလံကို ထုတ်ယူလိုက်ပြီး စိတ်ဝိညာဉ် အပိုင်းအစများကို သည်ကလန်များပေါ်၌ လွှမ်းခြုံ စေလိုက်သည်။ သည့်နောက် သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် စိတ်ဝိဉာည်အပိုင်းအစ ဆယ်ခုကျောက်ကိုပါ ဆင့်ခေါ်ခဲ့သည်။ သည်အရာက မည်သည့် အဆင့်ငါး နိုင်ငံမဆို ခုခံတိုက်ခိုက်နိုင်သည့်အရာ မဟုတ်ချေ။
သွန်းထျန်က ကောင်းကင်ဘုံ ကျောက်စိမ်း ပမာဏ အများကြီး စုဆောင်းထားခဲ့ပြီး ၎င်းတို့ကို သူ့သိုလှောင်အိတ်ထဲ၌ ထည့်သိမ်းထားလေ၏။
လေးခုမြောက် အဆင့်ငါးနိုင်ငံတွင် သွန်းထျန်က ဒေသခံကျင့်ကြံသူများ၏ တုံ့ပြန်မှုတစ်ခုနှင့် ကြုံခဲ့ရ၏။ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကျင့်ကြံသူ လေးယောက်က ပေါင်းဖွဲ့၍ သူ့ကို အတူတကွ တိုက်ခိုက်ခဲ့ကြသည်။
သည်တစ်ကြိမ်၌ ဝမ်လင်းက နောက်ဆုံးတော့ စိတ်ဝိညာဉ် ဆယ်သန်းအလံက မည်မျှ သန်မာကြောင်း အသိအမှတ် ပြုခဲ့ရတော့၏။
ဝမ်လင်းက သူတို့လေးယောက် အရိုက်ခံရပြီး ပြန်မဆုတ်သွားခင် လှုပ်ရှားရန်ပင် အချိန်မရလိုက် ဖြစ်ခဲ့ရ၏။ သွန်းထျန်က သူတို့ လေးယောက်ကို မသတ်လိုသည့် အတွက်ကြောင့်သာ ပြန်ဆုတ်သွားခွင့် ရခဲ့ခြင်း ဖြစ်၏။ မဟုတ်လျှင် သူတို့ထဲက တစ်ယောက်ကတော့ စိတ်ဝိညာဉ်အလံအတွက် နောက်ထပ် မူလ စိတ်ဝိညာဉ် အဖြစ် ကျိန်းသေပေါက် ထပ်တိုး သွားလိမ့်မည် ဖြစ်၏။
သွန်းထျန်က သူ့လက်ကျန်ချိန် နှစ်နှစ်ထက် အလွန်အနိုင်ကျင့် နေခဲ့သည့် အတွက် ဝမ်လင်းက ကောက်ရိုး ဦးထုပ်ကို ဆောင်းကာ သူ့အသွင်ကို ဖုံးကွယ်ထားခဲ့ရ၏။
မဟုတ်လျှင် သည်အနိုင်ကျင့် ခံရသော ကလန်များက သူ့ကို နောက်တစ်ချိန်ကျရင် လာရှာနိုင်ပေသည်။
အဆင့်ငါး နိုင်ငံလေးနိုင်ငံ၊ ကလန် (၁၃)ခု၊ နှင့် ကျင့်ကြံခြင်းမိသားစု တစ်ရာကျော်သို့ သူတို့ နှစ်ယောက်က သွားယောက်ခဲ့ပြီး ဖြစ်သည်။ ဖီးလုနိုင်ငံရှိ ကလန်များကိုပါ ရေတွက်လျှင် စုစုပေါင်းကလန် (၁၆)ခု ရှိပြီ ဖြစ်၏။
သည်သုံးလအတွင်း သွန်းထျန်က ၎င်းတို့ထံကနေ ကောင်းကင်ဘုံ ကျောက်စိမ်းပြား များစွာကို လုယူခဲ့ပြီး ဖြစ်၏။ သည်နေ့တွင် သွန်းထျန်က ရပ်တန့်ခဲ့တော့သည်။
သွန်းထျန်က ဝမ်လင်းကို အလေးအနက် လေသံဖြင့် ပြောလိုက်သည်။ “ဒီများပြားတဲ့ ကောင်းကင်ဘုံ ကျောက်စိမ်းပြားတွေက မင်းကို စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်ရှိဖို့ လုံလောက်သင့်ပြီ။ အနည်းငယ်တောင် ကျန်ကောင်း ကျန်နိုင်သေးတယ်။ နောက်ကျရင် မင်းက မင်းကျင့်ကြံမှု အဆင့်ကို မြှင့်တင်လိုရင် မင်းက မင်းဘာသာမင်း ကျောက်စိမ်းပြားတွေကို ရအောင် လုပ်ရလိမ့်မယ်။ မှတ်ထားပါ။ ကျင့်ကြံမှုကမ္ဘာမှာ အထူးသဖြင့် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူတွေက ကောင်းကင်ဘုံ ကျောက်စိမ်းပြားကို ရဖို့ တစ်ခုတည်းသော နည်းလမ်းက သူများရှိက လုယူတာပဲ။ မင်းက မင်းရဲ့တပည့် ဘယ်လောက် များများကို ကောင်းကင်ဘုံ နယ်မြေကို ပို့လွှတ်နိုင်ပါစေ မင်းက လုံလောက်တဲ့ ကောင်းကင်ဘုံ ကျောက်စိမ်းပြားကို ရနိုင်မှာ မဟုတ်ဘူး…”
ဝမ်လင်းက ခေါင်းညိတ်ပြသည်။ သူက လုယူခြင်းနှင့် ပတ်သက်၍ စိတ်စနိုးစနှောင့် မဖြစ်ချေ။ သို့သော် သူက သွန်းထျန်၏ နည်းလမ်းများကိုတော့ သဘောမတူချေ။ သူက တခြားလူတွေရှိက ကျောက်စိမ်းပြားကို သွန်းထျန်လုယူသလို တစ်ဝက် မဟုတ်ဘဲ အကုန်လုယူ သင့်သည့်ဟု ထင်မှတ် ထားပေသည်။
ဖြစ်နိုင်တာက သည်လိုလုပ်ရန်က အတော်လေး ပိုခက်ခဲဟန်ရှိ၏။ သို့သော် သူတို့က သည်နည်းလမ်းကို အသုံးပြုလျှင် အခုသူတို့ ရလာသည့် ကောင်းကင်ဘုံ ကျောက်စိမ်းပြားများထက် နှစ်ဆ ပိုရှိနေလောက်ပြီ ဖြစ်၏။
လုံလောက်သည့် ကောင်းကင်ဘုံ ကျောက်စိမ်းပြားများကို ရရှိပြီးနောက် သွန်းထျန်က ဝမ်လင်းကို ခေါ်၍ စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်သို့ အမြန်ပြန်၏။ သူက ဝမ်လင်းကို ကာကွယ်ပေးမည် ဖြစ်၏။ ထိုမှသာ ဝမ်လင်းက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို လုံခြုံစွာနှင့် ဖြတ်ကျောက်နိုင်မည် မဟုတ်လား။
သွန်းထျန်က သက်ပြင်းချကာ ပြောလိုက်သည်။ “ဟင်္သာပြဒါးဂြိုဟ်က တကယ့်ကို သေးလွန်းတယ်။ ငါ ငယ်ရွယ်စဉ်တုန်းက ဂြိုဟ်အပြင်ဘက်ကို တစ်ခါထွက်ပြီး ထျန်ယွမ်ဂြိုဟ်ကို ရောက်သွား ခဲ့ဖူးတယ်။ အဲမှာဆိုရင် ကလန်တွေလည်း အများကြီး ရှိသလို ကောင်းကင်ဘုံ ကျောက်စိမ်းပြား တွေလည်း ဒီမှာထက် အဆမတန် ပိုများတယ်။ ငါက လုံလောက်အောင် မသန်မာခဲ့လို့သာ မဟုတ်ရင် အဲ့နေရာက ကလန်တွေ ရှိကနေ လုယူခဲ့မှာ။ ပြောကြာတာကတော့ ကျင့်ကြံခြင်း မဟာမိတ် အဖွဲ့ကြီးတွေ ကြားမှာ အဆင့်ခြောက်နိုင်ငံ အများအပြားက အခြား ကျင့်ကြံခြင်း ဂြိုဟ်တွေကို အငိုက်ဖမ်းတိုက်ခိုက်ပြီး ကောင်းကင်ဘုံ ကျောက်စိမ်းပြားတွေကို လုယူလေ့ ရှိကြတယ်တဲ့…”
“ထျန်ယွမ်ဂြိုုဟ်…” ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားလေ၏။
သွန်းထျန်က ပြောလိုက်သည်။ “ဒီထျန်ယွမ်ဂြိုဟ်မှာ ထျန်ယွမ်ဆိုတဲ့လူရဲ့ ကျင့်ကြံခြင်း အဆင့်က အလွန်မြင့်မားတဲ့ အဆင့်မှာ ရှိတယ်။ ပြောကြတာကတော့ သူက ကျင့်ကြံခြင်း မဟာမိတ် အဖွဲ့အစည်းကြီးမှာတောင် နေရာတစ်ခု ရှိတယ်တဲ့။ ဒါက ဒီက ကျူးချွဲဇီ ယှဉ်နိုင်တဲ့ အရာမဟုတ်ဘူး…”
ဝမ်လင်းက အနည်းငယ် စဉ်းစားနေ၏။ သူက ထပ်ပြီးမေးဟန် ပြင်လိုက်စဉ် သွန်းထျန်၏ အသွင်က အကွာအဝေး တစ်ခုကို လှမ်းကြည့်ရင်း ပြောင်းလဲ သွားလေ၏။ ဝမ်လင်းက နတ်ဘုရားအာရုံကို ဖြန့်ကြက်၍ ခေါင်းလှည့်ကြည့်လိုက်သည်။
မိုးကုပ်စက်ဝိုင်း တစ်နေရာကနေ အနက်ရောင် မြူခိုးတစ်ခုက တိမ်များကို ဝါးမျိုရင်း လှမ်းလာနေသည်ကို တွေ့လိုက်ရ၏။ သည်မြူက အလွန်ကြီးမားပြီး ၎င်း၏ အနားစွန်းကိုပင် မမြင်ရချေ။
တက်တူးအမှတ်အသား၏ အားကောင်းသော အော်ရာက ပျံ့နှံ့လို့လာ၏။
“စွန့်ပစ်ခံ မသေမျိုးကလန်…”သွန်းထျန်မျက်လုံးက လက်ခနဲ ဖြစ်သွားလေ၏။
သူတို့နှစ်ယောက် အတူရှိနေစဉ် အတွင်း ဝမ်လင်းက သွန်းထျန်နှင့် စကားပြောဆိုပြီး လွန်ခဲ့သော နှစ်များက သည်ဂြိုဟ်တွင် ဖြစ်ပျက်ခဲ့သည့် အရာများကို သိလာခဲ့သည်။ လွန်ခဲ့သော နှစ်များက စွန့်ပစ်ခံ မသေမျိုးကလန်က လူအများကြီးကို စုဝေးပြီး ဟင်္သာပြဒါး ကုန်းမြေကို တိုက်ရိုက် လာရောက် တိုက်ခိုက်ခဲ့ကြပေသည်။
သည်တိုက်ပွဲတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများ သေဆုံးခဲ့ရသည်။ စွန့်ပစ်ခံ မသေမျိုး ကလန်၏ အာဏာတက်ခြင်း အဆင့်နှင့်ညီမျှသည့် အချို့နတ်ဆရာများက ကျူးချွဲဇီနှင့် အခြားအာဏာ တက်ခြင်း အဆင့်ကျင့်ကြံသူ နှစ်ယောက်ကို တိုက်ခိုက်ခဲ့ကြသည်။
သည်တိုက်ပွဲက သုံးနှစ်တိတိ ကြာမြင့်ခဲ့ပြီး ထိုနောက်မှာတော့ စွန့်ပစ်ခံ မသေမျိုးကလန်က ပြန်ဆုတ်ခွာ သွားခဲ့သည်။ သူတို့က အဆင့်သုံးနိုင်ငံများကို သိမ်းပိုက်ပြီးနောက် ဟင်္သာပြဒါးနိုင်ငံနှင့် သည်လို တနုံ့နုံ့ စစ်ပွဲကို ဆက်လက် ဖြစ်နေခဲ့သည်။
သည်တိုက်ပွဲတွင် အခြားလူများထက် လူနှစ်ယောက်က ထင်ပေါ်လာခဲ့ကြ၏။ သူတို့ နှစ်ယောက်က လျိုမေနှင့် ချန်းဖန်တို့ ဖြစ်ကြသည်။
လျိုမေက ပြိုင်ဘက်ကင်းအောင် လှ၍ လူငယ်အမျိုးသား ကျင့်ကြံသူများ၏ အာရုံကို ဖမ်းစား နိုင်ခဲ့သည်။ သူမ၏ ကျင့်ကြံခြင်း အဆင့်က အလွန်မြင့်မားပြီး စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အလယ်အလတ် အဆင့်တွင် ရှိနေသည်။ သည်အရာက လူအများ၏ မျက်လုံးကို ပိုမို ဖမ်းစား စေနိုင်ခဲ့သည်။
သူမပေါ်လာသည့် အခိုက်တွင် သူမက အနီရောင် လိပ်ပြာ၏ ကျော်ကြားမှုကို လုံးဝ ဖိနှိပ်ထားနိုင်ခဲ့ပြီး ကောင်းကင် သမီးပျိုအသစ် ဖြစ်လာခဲ့တော့၏။
ကြည့်ရသည်မှာ မည်သူကမျှ အနီရောင်လိပ်ပြာနှင့် ပတ်သက်၍ အာရုံစိုက်ခြင်း မရှိတော့သည့် အလားပင်။
သူမနှင့်ပတ်သက်၍ လူအများ ပြောနေကြသည်က သူမက ခုလက်ရှိ ဟင်္သာပြဒါးနိုင်ငံ ခေါင်းစီးကိုယ်တိုင်၏ တပည့်တစ်ယောက် ဖြစ်ပြီး နောက်တက်လာမည့် ဟင်္သာပြဒါးခေါင်းစီး ဆိုသည့်နေရာကိုပင် ရွေးချယ် ခံထားရသည့်သူ တစ်ယောက် ဖြစ်ကြောင်းကိုပင်။
သူမ ပေါ်လာသည့်အခါ သူမက သစ်ရွက်ခုနစ်ရက် နတ်ဆရာ အတော်များများကို ဖမ်းစီး နိုင်ခဲ့သည်။ သူမက သစ်ရွက်ရှစ်ရွက် ပိုင်ဆိုင်သည့် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း နောက်ဆုံး အဆင့်နှင့် ညီမျှသည့် နတ်ဆရာ တစ်ယောက်ကိုပင် ဖမ်းဆီးနိုင်ခဲ့ပေ၏။
သည့်အတွက်ကြောင့် သူမ၏ ကျော်ကြားမှုက မိုးထိ ထိုးတက်သွားခဲ့သည်။
လူတိုင်း၏ စိတ်အာရုံကို ဖမ်းစားနိုင်သည့် သူမနှင့် ပတ်သက်သော နောက်တစ်ချက် ရှိသေး၏။ ပြောကြသည်က သူမသည် အလွန် ကြင်နာတက်ပြီး သန့်စင်လွန်းသည့် နှလုံးသားပိုင်ရှင် တစ်ယောက်ဖြစ်ပြီး သည်လို ကျင့်ကြံမှုအဆင့်ကို ရောက်ခဲ့သည်။ သို့သော် သူမက ခုချိန်ထိ သူမဘဝတွင် လူတစ်ယောက်ကိုမျှ မသတ်ဖူးသေးဘူးဟု ဆိုကြသည်။ သူမနှင့် တိုက်ခိုက်ခဲ့သော စွန့်ပစ်ခံမသေမျိုးကလန်အဖွဲဝင်များကိုပင် မသတ်ပဲ ဖမ်းရုံသာ ဖမ်းခဲ့သည်ဟု ဆိုကြ၏။
သည်လို ကောင်းမွန်သည့်အရည်အသွေးများရှိနေသည့်အတွက် သူမက လူတိုင်း၏ အာရုံကို ဖမ်းစား နိုင်ခဲ့သည်။ သူမပေါ်လာသည့် အချိန်တွင် အနီးအနားရှိ ကျင့်ကြံသူများက အလွန်လေးစားပြီး သူမ၏အမိန့်ကိုပင် နာခံကြကုန်သည်။
သည်ကျင့်ကြံသူများက ရှုံးနိမ့်တော့မည်ဟု ထင်နေသည့် တိုက်ပွဲများတွင်ပင် သူမ ပေါ်လာသည့်အခါ စိတ်ဓာတ် တက်ကြွပြီး သူမအကူအညီနှင့် သည်ရှုံးနိမ့်မလို ဖြစ်နေသည့် တိုက်ပွဲများကိုပင် ပြန်၍ အနိုင်ယူနိုင်ခဲ့ကြသည်။
သည်အမျိုးသမီးက သည်မျိုးဆက်၏ ပါရမီရှင်နှစ်ယောက်ထဲက တစ်ယောက်ဟု ယူဆ၍ ရပေ၏။
အခြားပါရမီရှင် တစ်ယောက်ကတော့ ချန်းဖန် ဖြစ်သည်။ သူက အလွန်ချောမောပြီး လွှမ်းမိုးနိုင်သည့် ဟန်ပန် ရှိသူ ဖြစ်သည်။ သူ့ကျင့်ကြံမှု အဆင့်ကလည်း စိတ်ဝိညာဉ်အသွင် ပြောင်းခြင်း အလယ်အဆင့် ဖြစ်သည်။ သူ့အသွင်တွင် လုံးဝ မောက်မာနေသည့်ဟန် မရှိဘဲ အလွန် မှန်ကန် ဖြောင့်မတ်ပြီး ယဉ်ကျေးသော အမူအရာ ရှိသူ ဖြစ်လေသည်။
ချန်းဖန်က စွန့်ပစ်ခံမသေမျိုးကလန်၏ ဒုတိယမြောက်နှစ် တိုက်ခိုက်မှုတွင် ရုတ်တရက် ပေါ်လာခဲ့သည့်သူ ဖြစ်သည်။
***