← Chapters

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း ၂၀၁

Vol. 21 Ch. 201

အခန်း ၂၀၁

ဆံပင်ဖြူအဘိုးအိုသည် စကားပြောနေရင်း သူ၏မျက်နှာထက်တွင် အံ့ဩတုန်လှုပ်ရိပ်များ ပိုမိုထင်ဟပ်လာခဲ့သည်။

သူသည် ယခင်ကလည်း အရည်အသွေးမြင့်မားလှသော ဝိညာဉ်ဆေးလုံးများကို အများအပြား မြင်တွေ့ဖူးခဲ့သော်လည်း ထိုအရာများကို ဆေးလုံးတစ်လုံးချင်းစီအလိုက်သာ ရေတွက်လေ့ရှိသည်။

ယခုမူ သူ၏လက်ထဲတွင် ရှိနေသည်မှာ ချီစွမ်းအင်ဖြည့်တင်းဆေးလုံး တစ်ပုလင်းလုံးဖြစ်ပြီး အားလုံးကလည်း အထွတ်အထိပ် အရည်အသွေးများ ဖြစ်နေကြရာ ဤသည်မှာ လွန်စွာ ရှားပါးသည်။

အထူးသဖြင့် ယခုအခါ သူ၏ရှေ့မှောက်တွင် ဆေးပုလင်းပေါင်း သုံးဆယ်ကျော် ရောက်ရှိနေခြင်းပင်။

အကယ်၍ ဤဆေးလုံးအားလုံးသာ ဤကဲ့သို့သော အဆင့်မြင့်အရည်အသွေးမျိုး ဖြစ်နေကြမည်ဆိုပါက ၎င်းက တကယ့်ကို မှင်တက်သွားလောက်စရာ အခြေအနေပင်။

“ဒီပုလင်းထဲမှာ ဆေးလုံး အလုံးငါးဆယ် ရှိပါတယ်။ ကျွန်တော်တို့ဆိုင်ကနေ ဝိညာဉ်ကျောက်တုံး တစ်ထောင်နဲ့ ဝယ်ယူပါရစေ။ ဧည့်သည်တော်ကြီးအနေနဲ့ ဒီဈေးနှုန်းအပေါ် သဘောတူနိုင်မလားမသိဘူးခင်ဗျာ”

ဆံပင်ဖြူအဘိုးအိုက ဈေးနှုန်းကို ကမ်းလှမ်းလိုက်ပြီး ကုယွမ် ခေါင်းညိတ်ပြသည်ကို မြင်မှသာ နောက်ထပ် ဆေးပုလင်းတစ်လုံးကို လှမ်းယူလိုက်ကာ ဆေးဆို့ကို ဖွင့်လှစ်လျက် ဆက်လက်စစ်ဆေးကြည့်ရှုတော့သည်။

“အင်း... ဒါက အဆီအနှစ်အားဖြည့်ဆေးလုံးပဲ... ဒီဆေးလုံးက အခြေခံအုတ်မြစ်ကို ခိုင်မာစေပြီး အဆီအနှစ်တွေကို အားကောင်းစေတဲ့နေရာမှာ တော်တော်လေး ထိရောက်မှုရှိတာ။ ဒီအဆီအနှစ်အားဖြည့်ဆေးပုလင်းကလည်း အရည်အသွေး တော်တော်လေး ကောင်းမွန်တယ်”

“ပြီးတော့ ဒါက အဆိပ်ဖြေဆေးလုံး...”

“ဟင်... ဝိညာဉ်သိုလှောင်ဆေးလုံးတောင် ပါတာလား ဒါက...”

သူ ဆက်လက်ကြည့်ရှုလေလေ ဆံပင်ဖြူအဘိုးအိုသည် စိတ်ထဲမှ ပိုမို၍ အံ့ဩတုန်လှုပ်လာလေလေ ဖြစ်တော့သည်။

သူသည် ရတနာတစ်ရာဆောင်၏ မန်နေဂျာတစ်ဦး ဖြစ်သည်။

သူ၏ ထူးခြားလှသော ကျင့်ကြံခြင်း နတ်ဘုရားကျင့်စဉ်များ၊ စူးရှသောမျက်လုံးများနှင့် ကြွယ်ဝလှသော အတွေ့အကြုံများကြောင့်သာ ဤဆိုင်ကြီးက သူ့ကို အဖိုးအခအမြောက်အမြား ပေးဆောင်လျက် ငှားရမ်းထားခဲ့ခြင်းပင်။

နှစ်ပေါင်းများစွာအတွင်း သူသည် ကောင်းမွန်သော ရတနာပစ္စည်းများစွာကို မြင်တွေ့ဖူးခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း ယခု ကုယွမ် ထုတ်ပြလိုက်သော ဆေးလုံးများမှာ ပုလင်းတစ်လုံးပြီးတစ်လုံး ချီစွမ်းအင်ဖြည့်တင်းဆေးလုံး၊ ကျောက်စိမ်းအဆီအနှစ်ဆေးလုံး၊ အဆီအနှစ်အားဖြည့်ဆေးလုံးနှင့် ဝိညာဉ်သိုလှောင်ဆေးလုံးများအထိ စုံလင်သည်။

ဤဆေးလုံးများ၏ အရည်အသွေးမှာ ယေဘုယျအားဖြင့် လွန်စွာ ကောင်းမွန်လှရုံတင်မကဘဲ ကြည့်ရသည်မှာ ဆရာတစ်ဦးတည်း၏ လက်ရာဖြင့် ဖော်စပ်ထားခြင်းဖြစ်ကြောင်း သိသာလှသဖြင့် သူ့ကို အလေးအနက် တွေးတောမိသွားစေသည်။

ဆံပင်ဖြူအဘိုးအိုသည် ဈေးနှုန်းကို ခေါင်းထဲတွင် တွက်ချက်လိုက်ပြီးနောက် ပြောလိုက်သည်။

“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဧည့်သည်တော်ကြီးရဲ့ ဝိညာဉ်ဆေးလုံးတွေအားလုံးက အရည်အသွေး အရမ်းမြင့်မားပါတယ်။ ဒါတွေအားလုံးရဲ့ ဈေးနှုန်းကို ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ စုစုပေါင်း ဝိညာဉ်ကျောက်တုံး ၁၄,၉၈၀ ဝန်းကျင် ရပါလိမ့်မယ်"

“ဒါပေမဲ့လည်း... မကြာခင်မှာ နဂါးနီနတ်ဘုရားနန်းတော် ပွင့်တော့မယ့် အခြေအနေကြောင့် ချီစွမ်းအင်ဖြည့်တင်းဆေးလုံးတွေ၊ အဆိပ်ဖြေဆေးလုံးတွေနဲ့ အလားတူဆေးလုံးတွေရဲ့ ဈေးနှုန်းက အဆင့်နှစ်ဆင့်၊ သုံးဆင့်လောက် မြင့်တက်နေပါတယ်"

“ဒါကြောင့် တွက်ချက်မှုထဲမှာ ဝိညာဉ်ကျောက်တုံး ၂,၅၀၀ ထပ်မံဖြည့်စွက်ပေးထားပါတယ်။ အဘိုးကြီးက ငါ့သဘောနဲ့ငါပဲ ကိန်းဂဏန်းကို ဝိုင်းလိုက်ပြီး စုစုပေါင်း ဝိညာဉ်ကျောက်တုံး ၁၇,၅၀၀ ပေးပါရစေ။ ဒီအခြေအနေအပေါ် ဘယ်လိုထင်မြင်မိလဲခင်ဗျာ”

သူသည် စကားပြောနေရင်း ကုယွမ်၏ မျက်နှာအမူအရာကို အကဲခတ်နေမိပြီး တစ်ဖက်လူက သဘောမတူဘဲ ငြင်းပယ်သွားမည်ကို စိုးရိမ်နေပုံပင်။

“မန်နေဂျာကြီးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်ဗျာ။ ဒါဆိုရင်လည်း ကျွန်တော့်ဘက်က အားနာမနေတော့ပါဘူး”

ကုယွမ်က ခေါင်းညိတ်ပြလိုက်သည်။

ဤဆေးလုံးများကို တစ်ပုလင်းချင်းစီ ခွဲခြားရောင်းချပါက ပိုမိုမြင့်မားသော ဈေးနှုန်းကို ရရှိနိုင်မည်ဖြစ်ကြောင်း သူ ကောင်းစွာသိရှိသော်လည်း ၎င်းသည် အချိန်တော်တော်လေး ကြာမြင့်သွားမည်မှာ သေချာသည်။

ယခုအချိန်တွင် သူ၏အချိန်များသည် လွန်စွာ တန်ဖိုးရှိလှရာ ဝိညာဉ်ကျောက်တုံးအနည်းငယ်အတွက်နှင့် အချိန်ကို အလဟဿ အကုန်မခံနိုင်ချေ။

၎င်းအပြင် တစ်ဖက်လူ ကမ်းလှမ်းလာသည့် ဈေးနှုန်းမှာလည်း တော်တော်လေး မျှတလှသဖြင့် ကုယွမ်တွင် ငြင်းပယ်စရာ အကြောင်းမရှိချေ။

ယခင်က ကုယွမ်သည် ဆေးဖော်စပ်မှု ကုန်ကြမ်းပစ္စည်းများကို ဝယ်ယူစဉ်က စုစုပေါင်း ဝိညာဉ်ကျောက်တုံး တစ်ထောင်ကျော်မျှသာ အသုံးပြုခဲ့ရခြင်းပင်။

၎င်းသည် လေးဆယ်ရာခိုင်နှုန်း လျှော့ဈေးရရှိခဲ့သည့် အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်သော်လည်း ကုန်ကျစရိတ်များကို နုတ်ပယ်လိုက်လျှင်ပင် ကုယွမ်အနေဖြင့် ဝိညာဉ်ကျောက်တုံး တစ်သောင်းသုံးထောင်ကျော်မျှ အသားတင်အမြတ်အစွန်း ရရှိလိုက်ခြင်း ဖြစ်ရာ ဤသည်မှာ တကယ့်ကို ကောင်းကင်က ကျလာသည့် လာဘ်တုံးကြီးပင်။

အကယ်၍ သူသည် ဤကဲ့သို့သော အခွင့်အရေးမျိုးကို နောက်ထပ် အကြိမ်အနည်းငယ်မျှ ပြုလုပ်နိုင်ခဲ့ပါက ရွှေအမြုတေနယ်ပယ်သို့ တက်လှမ်းရန် လိုအပ်သော အရင်းအမြစ်အားလုံးကို အပြည့်အဝ စုဆောင်းမိသွားနိုင်သည်။

ကျင့်ကြံခြင်းလောကတွင် ဆေးဖော်စပ်မှုပညာရှင်ကြီးများကို ချမ်းသာကြွယ်ဝလှသော သူဌေးကြီးများ သို့မဟုတ် မဟာသူဌေးကြီးများအဖြစ် ရှုမြင်ကြခြင်းမှာ အကြောင်းမဲ့မဟုတ်ချေ။

ဘယ်တတ်နိုင်ပါ့မလဲ...

ဆေးဖော်စပ်ခြင်းအတတ်ပညာက တကယ့်ကို အမြတ်အစွန်း များတာကိုး….

ဝိညာဉ်ကျောက်တုံး ရာဂဏန်းမျှသာ တန်ဖိုးရှိသော ဝိညာဉ်ဆေးပင်များမှတစ်ဆင့် ဆေးဖိုတစ်ဖိုစာ ဖော်စပ်လိုက်ရုံမျှဖြင့် ထွက်ရှိလာသော ဝိညာဉ်ဆေးလုံးများကို ဝိညာဉ်ကျောက်တုံး တစ်ထောင်၊ နှစ်ထောင် သို့မဟုတ် ၎င်းထက်မကသော ဈေးနှုန်းများဖြင့် ပြန်လည်ရောင်းချနိုင်စွမ်း ရှိသည်။

စိတ်ထဲတွင် ဤသို့တွက်ချက်နေသော်လည်း ကုယွမ်သည် အရှိန်အဝါကို ကောင်းကောင်းကြီး သဘောပေါက်ထားသည်။

အကယ်၍ သူသာ ဆေးဘုရင်တောင်တန်း၏ အတွင်းစည်းတပည့်တစ်ဦး ဖြစ်မနေခဲ့ပါက ထို့အပြင် စီထူယန့်၏ အလေးပေးချီးမြှောက်မှုကို ခံရသဖြင့် ဆေးဖော်စပ်မှု ကုန်ကြမ်းပစ္စည်းများကို အရင်းဈေးအတိုင်းသာ ပေးချေခဲ့ရခြင်းမျိုး မဟုတ်ပါက ရရှိမည့်ဝိညာဉ်ကျောက်တုံးပမာဏမှာ ယခုထက် အများကြီး လျော့နည်းသွားမည်မှာ အသေအချာပင်။

ထို့အပြင် ကုယွမ်အနေဖြင့် ဤမျှအထိ အထွတ်အထိပ်အရည်အသွေးရှိသော ဝိညာဉ်ဆေးလုံးများကို ဖော်စပ်နိုင်ခြင်းမှာလည်း ချိုင်ယွန်းသယ်ဆောင်လာပေးသည့် အသွင်တစ်ထောင်ဟူသော ပါရမီစွမ်းရည်ကြောင့် ဖြစ်ချေသည်။

အမှန်တော့ ဆေးဘုရင်တောင်တန်းတစ်ခုလုံးတွင်ပင် ကုယွမ်၏ ဆေးဖော်စပ်မှုအဆင့်မျိုးကို လိုက်မှီနိုင်သူမှာ အလွန်နည်းပါးသည်။

ထို့ကြောင့် ဆေးဖော်စပ်မှုပညာရှင်များသည် ငွေရှာရလွယ်ကူသည်ဟု ဆိုသော်လည်း ၎င်း၏ ဝင်ဆံ့နိုင်မှုသတ်မှတ်ချက်ကမူ လွန်စွာ မြင့်မားလှပေသည်

ကုယွမ်၏ အဆင့်အတန်းမျိုးသို့ ရောက်ရှိရန်အတွက် ဆယ်စုနှစ်ပေါင်းများစွာ သို့မဟုတ် ရာစုနှစ်ပေါင်းများစွာတိုင်တိုင် လေ့ကျင့်နေထိုင်ရမည်ဖြစ်ပြီး အတွေ့အကြုံများ စုဆောင်းမိစေရန် ဝိညာဉ်ဆေးပင် အမြောက်အမြားကို အလဟဿ အကုန်အကျခံပြီးမှသာ နောက်ဆုံးတွင် ဆေးဖော်စပ်မှုပညာရှင်ကြီးတစ်ဦး ဖြစ်လာနိုင်ခြင်းမျိုး ဖြစ်သည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဆေးဖော်စပ်မှုပညာရှင်ကြီးတစ်ဦး ဖြစ်လာရန်အတွက် ကြီးမားလှသော ပါရမီနှင့် ကျိုးကြောင်းဆင်ခြင်ဉာဏ် လိုအပ်ရုံတင်မကဘဲ လုံလောက်လှသော အရင်းအမြစ် ပံ့ပိုးမှုများလည်း ရှိနေရမည်ပင်။

သို့သော်လည်း တစ်ဖက်လူ၏ စကားလုံးများထဲတွင် ပါဝင်နေသော အခြားသော သတင်းအချက်အလက်တစ်ခုက ကုယွမ်၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

နဂါးနီနတ်ဘုရားနန်းတော် ပွင့်တော့မည့် အခြေအနေက ကျောက်စိမ်းတောက်ပတဲ့ နတ်ဘုရားမဏ္ဍပ်ရဲ့ ဆေးလုံးဈေးနှုန်းတွေကိုပါ သက်ရောက်မှုရှိနေတယ်ဆိုတော့... ဒါက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ။

ဒါပေမဲ့ ဒါကလည်း နဂါးနီနတ်ဘုရားနန်းတော်ထဲကို ဝင်ရောက်မယ့် လူဦးရေက တကယ့်ကို လူအမြောက်အမြား ရှိနေမယ်ဆိုတာကို သက်သေပြနေတာပဲ။

“ဟားဟား... ခဏလောက် စောင့်ပါဦး ဧည့်သည်တော်ကြီး”

ဆံပင်ဖြူအဘိုးအိုသည် သူ၏အမှတ်အသား ကျောက်စိမ်းပြားကို ဆိုင်အကူလူငယ်လေးထံသို့ လွှဲပြောင်းပေးအပ်လိုက်ပြီး ဝိညာဉ်ကျောက်တုံးများကို သွားရောက်ယူဆောင်ခိုင်းရန် ပြင်ဆင်လိုက်သော်လည်း ကုယွမ်က တားမြစ်လိုက်သည်။

“မလောပါနဲ့ဦး စောစောက မင်းတို့ဆိုင်ကို ပင်လယ်ရပ်ခြားက ဧည့်သည်တစ်ယောက် လာပြီး သမုဒ္ဒရာနဂါးပုလဲတစ်လုံး လာရောင်းသွားတယ်လို့ ကြားလိုက်ရလို့ပါ။ ကျွန်တော် ဒီအရာကို နည်းနည်း စိတ်ဝင်စားလို့။ လူတစ်ယောက်ကို အဲဒါ အရင်ဆုံး သွားယူခိုင်းပြီး ကျွန်တော့်ကို ကြည့်ခွင့်ပေးပါလား”

ဤစကားကို ကြားသောအခါ ဆံပင်ဖြူအဘိုးအိုက ခေါင်းညိတ်ပြလိုက်ပြီး ဆိုင်အကူလူငယ်လေးကို ချက်ချင်း ထွက်ခွာသွားစေခဲ့သည်။

ဆိုင်အကူလူငယ်လေးက တံခါးကို ပိတ်ပြီး ထွက်သွားပြီးနောက် ဆံပင်ဖြူအဘိုးအိုက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

“ဒီဝိညာဉ်ဆေးလုံးတွေက အများစုက အရည်အသွေး တော်တော်လေး ကောင်းမွန်တာမို့ ဆရာကြီးတစ်ဦးရဲ့ လက်ရာဖြစ်တာ သေချာပါတယ်။ အကယ်၍ နောင်ပွင့်မယ့်ရက်တွေမှာ ဧည့်သည်တော်ကြီးဆီမှာ ဒီလိုပစ္စည်းတွေ ထပ်ရှိနေဦးမယ်ဆိုရင် ကျွန်တော်တို့ဆိုင်ကိုပဲ လာဖို့ မျှော်လင့်ပါတယ်။ ကျွန်တော့်သဘောနဲ့တင် ဈေးကွက်ပေါက်ဈေးထက် ရာခိုင်နှုန်း ပိုပြီး ပေးပါ့မယ်”

ကုယွမ်သည် ဤအဘိုးကြီးက သူအား စမ်းသပ်လိုနေခြင်း ဖြစ်ကြောင်း သဘာဝကျကျပင် ရိပ်မိလိုက်သည်။

အပြင်ပန်းတွင်မူ ရတနာတစ်ရာဆောင်အတွက် ဖောက်သည်ဆွဲသည့် ပုံစံမျိုး ပြုလုပ်နေသော်လည်း အမှန်တကယ်တွင်မူ သူ၏နောက်ကွယ်မှ သတင်းအချက်အလက်များကို နှိုက်ယူရန် ကြိုးပမ်းနေခြင်းသာ ဖြစ်သည်။

အကယ်၍ သူသာ ချက်ချင်းကြီး သဘောတူလိုက်မည်ဆိုပါက ဤဆေးလုံးများက တိုက်ဆိုင်မှုတစ်ခုကြောင့် ရရှိလာခြင်းမျိုးမဟုတ်ဘဲ သူ၏နောက်ကွယ်တွင် အဆင့်မြင့်မားလှသော ဆေးဖော်စပ်မှုပညာရှင်ကြီးတစ်ဦး ရှိနေကြောင်း သက်သေပြလိုက်သကဲ့သို့ပင်။

သို့သော်လည်း ကုယွမ်သည် တကယ်တမ်းတွင်မူ ဤအရာကို စိတ်ထဲ၌ ထားမနေဘဲ သာမန်ကာလျှံကာပင် ခေါင်းညိတ်ပြလိုက်ရင်း “ကောင်းပါပြီ” ဟု ပြောလိုက်သည်။

ကုယွမ်က ဤမျှအထိ လွယ်လွယ်ကူကူ သဘောတူလိုက်သည်ကို မြင်သောအခါ ဆံပင်ဖြူအဘိုးအိုသည် အစပိုင်းတွင် ဝမ်းသာသွားခဲ့သော်လည်း နောက်ပိုင်းတွင်မူ စိတ်ထဲ၌ အနည်းငယ် မရေမရာ ဖြစ်သွားခဲ့ရသည်။

ဒါဆိုရင် ဒီအဆင့်မြင့်ဆေးလုံးတွေက ဒီလူကိုယ်တိုင် ဖြစ်ဖြစ် ဒါမှမဟုတ် သူ့နောက်ကွယ်က လူတစ်ယောက်ယောက်က ဖော်စပ်ထားတာ တကယ်ပဲလား...

အပြင်ပန်းတွင်မူ သူသည် ကုယွမ်နှင့် ရင်းနှီးကျွမ်းဝင်စွာ စကားစမြည် ဆက်လက်ပြောဆိုနေခဲ့သည်။

သို့သော်လည်း သူ၏ အပြုအမူများက ကုယွမ်အပေါ် သိသိသာသာ ပိုမို၍ ယဉ်ကျေးပျူငှာလာခဲ့သည်။

ဆံပင်ဖြူအဘိုးအိုသည် ကုယွမ်၏ မကျေနပ်မှုကို ဆွဲဆောင်မိပြီး အမှားအယွင်းတစ်ခု ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် ဆက်လက်၍ စုံစမ်းမေးမြန်းခြင်း မပြုတော့ချေ။

သို့သော်လည်း ချင်ကျိုးပြည်နယ်တစ်ခုလုံးတွင် ဤမျှအထိ မြင့်မားသော ဆေးဖော်စပ်မှု အတတ်ပညာမျိုး ရှိသူ အလွန်နည်းပါးလှရာ အများစုမှာ ဆေးဘုရင်တောင်တန်းတွင်သာ ရှိကြသည်။

ငါ့ရှေ့ကလူက ဆေးဘုရင်တောင်တန်းက လူတစ်ယောက် ဖြစ်နေမလား...

ဆံပင်ဖြူအဘိုးအိုသည် စိတ်ထဲမှ တိတ်တဆိတ် ခန့်မှန်းနေမိတော့သည်။

မကြာမီမှာပင် ဆိုင်အကူလူငယ်လေးသည် သစ်သားသေတ္တာတစ်လုံးကို အလျင်အမြန် သယ်ဆောင်လျက် ပြန်လည်ရောက်ရှိလာခဲ့သည်။

ဤသစ်သားသေတ္တာ၏ ကုန်ကြမ်းပစ္စည်းမှာ တော်တော်လေး ထူးခြားလှပြီး အပေါ်တွင် ထင်ရှားလှသော တားမြစ်ချက်မန္တန်များနှင့်အတူ အဝါရောင်အဆောင်လက်ဖွဲ့တစ်ခုကိုလည်း ကပ်နှိပ်ထားရာ ဝိညာဉ်ရေးရာ အလင်းတန်းများ ခပ်ဖျော့ဖျော့ တောက်ပနေသည်။

ဆံပင်ဖြူအဘိုးအိုသည် သစ်သားသေတ္တာကို လှမ်းယူလိုက်ပြီး အဝါရောင်အဆောင်လက်ဖွဲ့ကို ခွါလိုက်ပြီးနောက် ထူးခြားလှသော လက်ကွက်မန္တန်အချို့ကို အသုံးပြုလျက် တားမြစ်ချက်ကို ဖယ်ရှားကာ သစ်သားသေတ္တာကို ဖွင့်လှစ်လိုက်တော့သည်။

ချက်ချင်းပင် အိပ်မက်ဆန်ဆန် ထူးဆန်းလှသော မီးခိုးဖြူများ သေတ္တာအတွင်းမှ ဝုန်းခနဲ ပန်းထွက်လာခဲ့ပြီး ၎င်းသည် သက်ရှိတစ်ခုကဲ့သို့ အသွင်ပြောင်းလဲသွားကာ ခြေသည်းလေးခုနှင့် ဦးချိုတစ်ခုရှိပြီး အကြေးခွံများ စိပ်စိပ်ပိတ်ပိတ် တည်ရှိနေသော အိပ်မက်နဂါးဖြူတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

၎င်းသည် လေထုထဲသို့ ပျံသန်းသွားရင်း ခပ်ဖျော့ဖျော့ နဂါးဟောက်သံတစ်ခုကို ထုတ်လွှတ်လျက် သူ၏ခြေသည်းများနှင့် အစွယ်များကို ပြသလာခဲ့သည်။

ဆံပင်ဖြူအဘိုးအိုက လက်ညှိုးတစ်ချက် ထိုးလိုက်ရာ အိပ်မက်နဂါးဖြူသည် ချက်ချင်းပင် ပျက်ပြယ်သွားခဲ့ပြီး မီးခိုးဖြူမျှင်တန်းများအဖြစ် ပြောင်းလဲကာ သစ်သားသေတ္တာထဲရှိ ဖြူလွလွ ပုလဲလုံးလေးတစ်ခုအတွင်းသို့ ပြန်လည်စီးဆင်းသွားခဲ့တော့သည်။

ဤပုလဲဖြူလေးသည် စားပွဲတင်တင်းနစ်ဘောလုံးတစ်လုံးခန့် ပမာဏရှိပြီး တောက်ပကြည်လင်နေကာ မျက်နှာပြင်ထက်တွင် ခပ်ဖျော့ဖျော့ အလင်းတန်းလေးများ ဖြာထွက်နေသည်။

အိပ်မက်မြူခိုးများအတွင်းသို့ စီးဆင်းသွားသည်နှင့်အမျှ ပုလဲဖြူလေးက တဖြည်းဖြည်း ကြည်လင်လာခဲ့ပြီး ပုလဲလုံးလေး၏ အတွင်း၌ တီကောင်တစ်ကောင်မျှသာ ပမာဏရှိသော အိပ်မက်နဂါးလေးတစ်ကောင်သည် အထက်အောက် လူးလာတုံ့ပြန်ကာ လှုပ်ရှားကပြနေခဲ့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရလျှင်ပင် အသက်ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ဦးတောင်မှ ၎င်းသည် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးဖြစ်ကြောင်း အသိအမှတ်ပြုနိုင်သည်။

ကုယွမ်က လက်ကို ဆန့်ထုတ်လိုက်ပြီး သမုဒ္ဒရာနဂါးအိပ်မက်ပုလဲကို သူ၏လက်ထဲသို့ လှမ်းယူကာ ခဏမျှ အနီးကပ် စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် မသိစိတ်ဖြင့် ခပ်ဖွဖွ ခေါင်းညိတ်လိုက်မိတော့သည်။

မဆိုးပါဘူး... ဒါက တကယ့် စစ်မှန်တဲ့ သမုဒ္ဒရာနဂါးအိပ်မက်ပုလဲပဲ။ ပြီးတော့ ဒါက ရွှေအမြုတေနယ်ပယ်အဆင့်ရှိတဲ့ သမုဒ္ဒရာနဂါးတစ်ကောင်ဆီက ရရှိထားတာ ဖြစ်ရမယ်။

All Chapters