← Chapters

ဒေဝလောကကို လင်းထိန်စေသော အလင်းရောင်၊ ကမ္ဘာမြေစင်ကြယ်ခြင်း

Vol. 70 Ch. 902

ဒေဝလောကကို လင်းထိန်စေသော အလင်းရောင်၊ ကမ္ဘာမြေစင်ကြယ်ခြင်း

Vol. 70 Ch. 902

ကျိုရွှမ်နတ်မိမယ်မှာ မိမိ၏နှလုံးသားထဲမှ တုန်လှုပ်ခြောက်ခြားမှုကို မည်သည့်စကားလုံးဖြင့် ဖော်ပြရမည်ကိုပင် မသိတော့ပေ။

စူးချန်ကဲသည် ဖူရှစ်အမတတေးဂီတ၏ သီချင်းတစ်ပုဒ်လုံးကို သိရှိရုံသာမကဘဲ ပြီးပြည့်စုံစွာ တီးခတ်ပြနိုင်ခဲ့သည်။

သူမကိုယ်တိုင်ပင်လျှင် ကောင်းကင်စောင်းတောင်၏ ဆက်ခံသူတစ်ဦး ဖြစ်သော်လည်း ၊ ဖူရှစ်အမတတေးဂီတ၏ ပထမပိုင်းနှစ်ပိုင်းကို ဤမျှအထိ ပြီးပြည့်စုံအောင် တီးခတ်နိုင်လိမ့်မည်မဟုတ်ပေ။

လောကသားများက သူမကို ကောင်းကင်စောင်းတောင်၏ အဓိကဆက်ခံသူ ဟု ပြောဆိုကြသော်လည်း ၊ ယခု ကြည့်ရသည်မှာ စူးချန်ကဲက ထိုဘွဲ့နာမည်နှင့် ပို၍ ကိုက်ညီနေသည်။

သို့သော်လည်း တစ်စုံတစ်ခုကို တွေးမိသွားပုံရကာ သူမ၏ နှုတ်ခမ်းထောင့်တွင် ခါးသီးသော အပြုံးတစ်ခု လှစ်ဟသွားသည်။

"စောင်းသံနဲ့ လက်တွေ့ဘဝကို ပုံဖော်တာတဲ့လား..... အခု ငါ့အခြေအနေနဲ့ဆိုရင်.... ဒါကို လုပ်နိုင်ဖို့ အဝေးကြီး လိုသေးတာပဲ"

သူမသည် စောင်းတီးခြင်း အတတ်တွင် ထူးခြားသော အမြင်ရှိသော်လည်း စူးချန်ကဲနှင့် နှိုင်းယှဉ်ပါက များစွာ ကွာခြားလွန်းသည်။

အမတနယ်မြေတွင် ဤကဲ့သို့ ထူးခြားဆန်းပြားသော လူသားတစ်ယောက် ရှိနေလိမ့်မည်ဟု သူမ တစ်ခါမျှပင် မတွေးခဲ့ဖူးချေ။

ကျင့်ကြံလမ်းစဉ်တွင် ထိတ်လန့်ဖွယ်ရာ ကောင်းသော ပါရမီရှိရုံသာမက တေးဂီတလမ်းစဉ်တွင်လည်း မရေမတွက်နိုင်သော ပါရမီရှင်များထက် များစွာသာလွန်နေပြန်သည်။

ဤကဲ့သို့သော ပုဂ္ဂိုလ်ကြီးနှင့် ခေတ်ပြိုင်မွေးဖွားလာရခြင်းမှာ အတော်လေး ဝမ်းနည်းစရာကောင်းလှပေသည်။

လောကကြီးကို မူးယစ်စေသော အမတစောင်းသံသည် နေရာအနှံ့ လွင့်ပျံနေပြီး ၊ နေရာတွင် ရှိနေကြသူတိုင်း စောင်းသံထဲတွင် နစ်မြောနေကြသည်။

တွေဝေမိန်းမောနေစဉ်အတွင်း ၎င်းတို့သည် ရေမြေတောတောင်များ ပြောင်းလဲခြင်းနှင့် လောကကြီး၏ အချိန်နှင့် အာကာသ အလှည့်အပြောင်းများကို ဖြတ်သန်းခဲ့ရသည့်အလား ခံစားတွေ့ကြုံခဲ့ရသည်။

သို့သော်လည်း ရှေးဆန်ပြီး သာယာငြိမ့်ညောင်းသော စောင်းသံသည် ဤမျှနှင့်ပင် ပြီးဆုံးမသွားချေ။

တောက်ရွှီအမတ စားသောက်ဆိုင်ကို ဗဟိုပြု၍ လွင့်ပျံလာသော စောင်းသံသည် စည်ကားလှသော လမ်းမကြီးများပေါ်သို့ ကျရောက်သွားသည်။

မူလက ဆူညံပွက်လောရိုက်နေသော ဈေးတန်းကြီးသည် ချက်ချင်းဆိုသလို အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားပြီး ၊ မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် မြို့သူမြို့သားများသည် မိမိတို့၏ လုပ်လက်စ အလုပ်များကို ရပ်တန့်လိုက်ကြသည်။

၎င်းတို့သည် စောင်းသံကိုသာ အာရုံစိုက်နားထောင်နေသည့်အလား မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ထားပြီး ၊ စောင်းသံထဲတွင် ထိန်းချုပ်မရနိုင်လောက်အောင် မိန်းမောနေမိသည်။

ထိုအချိန်တွင် စူးချန်ကဲ တီးခတ်နေသော ဖူရှစ်အမတတေးဂီတသည် တတိယခန်းဖြစ်သော "လောကနိုးထခြင်းအပိုင်း" သို့ ရောက်ရှိလာပြီဖြစ်သည်။

တတိယခန်းသည် ရှေ့က နှစ်ခန်း၏ ဂီတပုံစံနှင့် လုံးဝ ကွဲပြားခြားနားသည်။

ရှေ့ပိုင်းနှစ်ပိုင်းသည် လူသားများကို အိပ်မက်ဆန်သော ပန်းဥယျာဉ်ထဲသို့ ခေါ်ဆောင်သွားပြီး စိတ်ဝိညာဉ်ကို လျှော့ချပေးသည်။ ငယ်စဉ်က ရှိခဲ့ဖူးသော ကြီးမားသော ရည်မှန်းချက် နှင့် ဖြူစင်သော စိတ်နှလုံးသားများကို ပြန်လည်အမှတ်ရစေပြီး နောက်ဆုံးတွင် ထိုအထဲ၌ နစ်မြောသွားစေသည်။

သို့သော်လည်း တတိယခန်းသည် အိပ်မက်ထဲတွင် နစ်မြောနေသော လူတိုင်းကို အိပ်မက်မှ နိုးထလာစေခြင်း ဖြစ်သည်။

ငယ်စဉ်က ရည်မှန်းချက်ကြီးမားခဲ့သော လူငယ်လေးသည် အရွယ်ရောက်လာပြီး မဟာလမ်းစဉ်၏ မုန်တိုင်းများထဲသို့ တိုးဝင်သွားသကဲ့သို့ပင်။

အစပိုင်းတွင် ငယ်စဉ်က ကြီးမားသော ရည်မှန်းချက်ကို သိရှိခဲ့ပြီး၊ လူ့လောကတွင် အတော်ဆုံးဖြစ်ရန် ကတိပြုခဲ့သည်။

ထို့နောက်တွင် အေးစိမ့်သော လေတစ်ချက် ဖြတ်သန်းတိုက်ခတ်သွားပြီး ကံကြမ္မာပင်လယ်ထဲတွင် တစ်ကိုယ်တည်း ဖြတ်သန်းခဲ့ရသည်။

နောက်ဆုံးပိုင်းတွင်မူ ၊ ငယ်စဉ်က လောကကြီး၏ ခက်ခဲမှုကို သိခဲ့သော်လည်း၊ တိမ်တိုက်များကြားတွင် ပျံသန်းလိုသည့် စိတ်ဆန္ဒလေး တစ်ခု ရှိနေသေး၏။

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဤစောင်းသံထဲတွင် ဘဝတစ်ခုလုံးကို ဖြတ်သန်းခဲ့ရသည့်အလား ခံစားလိုက်ရသည်။

လူ့လောက၏ သံသရာစက်ဝန်းကို ဖြတ်သန်းပြီး၊ မဟာလမ်းစဉ်ပေါင်းများစွာကို ကျော်ဖြတ်ကာ နောက်ဆုံးတွင် မိမိ၏ ဆန္ဒများ ပြည့်ဝသွားပြီး မဟာလမ်းစဉ်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားကြသည်။

သို့သော် ဤအရာနှင့်ပင် မပြီး‌ဆုံးချေ။

အနာဂတ်လမ်းခရီးသည် ဖူရှစ်အမတတေးဂီတ၏ စတုတ္ထခန်းကဲ့သို့ပင် ယခုမှသာ အစပြုခြင်း ဖြစ်သည်။

စူးချန်ကဲ၏ လက်ချောင်းများသည် စောင်းကြိုးများပေါ်တွင် လျင်မြန်စွာ ရွေ့လျားတီးခတ်နေသည်။

ဖူရှစ်အမတတေးဂီတသည် နောက်ဆုံး အထွတ်အထိပ် နှင့် နောက်ဆုံးအခန်းဖြစ်သော "ကမ္ဘာမြေစင်ကြယ်ခြင်း အခန်း" သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဖူရှစ်အမတတေးဂီတ၏ ရှေ့သုံးခန်းသည် တစ်ဦးချင်းစီ၏ မဟာလမ်းစဉ်ခရီးကို ဖော်ပြခဲ့ပါက ၊ ဤစတုတ္ထခန်းသည် ရှေ့သုံးခန်း၏ အရာအားလုံးကို ပေါင်းစပ်ကာ ပဲ့တင်ထပ်ခြင်းပင် ဖြစ်သည်။

ငယ်စဉ်က ဖြူစင်သော စိတ်နှလုံးသား၊ မဟာလမ်းစဉ်၏ အမတခရီး ၊ အဆုံးစွန်သော ပန်းတိုင် အရာအားလုံး ပြန်လည်ဆုံတွေ့ကာ မဟာလမ်းစဉ်၏ စောင်းသံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဤတေးဂီတ၏ အမည်မှာ ဖူရှစ်အမတတေးဂီတပင် ဖြစ်သည်

ထိုအခိုက်အတန့်တွင်။

သက်ရှိတိုင်းကို အံ့ဩမှင်သက်စေပြီး၊ လောကရှိ အရာအားလုံးကို အရောင်မှိန်သွားစေနိုင်သော ဒဏ္ဍာရီလာ တေးဂီတသည် လူ့လောကတွင် ထပ်မံ၍ ပဲ့တင်ထပ်လာခဲ့လေပြီ။

တောက်ရွှီမြို့တစ်ခုလုံးသည် တိတ်ဆိတ်ခြင်းထဲသို့ ကျရောက်သွားပြီး ၊ ကောင်းကင်ယံတစ်ခုလုံးတွင် တေးဂီတသင်္ကေတများသာ ပျော်ရွှင်စွာဖြင့် ကခုန်နေလေ၏။

ကောင်းကင်ယံတွင် မရေမတွက်နိုင်သော အချိန်နှင့် အာကာသအပိုင်းအစများ မျောလွင့်နေပြီး အဆုံးတွင် ၎င်းတို့သည် နတ်ဆိုးများ၊ အမတဧကရာဇ်မင်းများ၊ လူသားမျိုးနွယ်၏ အရှင်သခင်များနှင့် ဒေဝလောက၏ သူရဲကောင်းဝိညာဉ်များ အဖြစ် ဖွဲ့စည်းသွားသည်။

၎င်းတို့သည် သာမန်အခြေအနေမှ ရုန်းကန်ကာ တတ်လှမ်းလာကြသူများ သို့မဟုတ် နာမည်ကြီးဂိုဏ်းကြီးများနှင့် ရှေးဟောင်းမိသားစုကြီးများမှ မွေးဖွားလာကြသူများ ဖြစ်သော်လည်း၊ ဒေဝလောကကြီးတစ်ခုလုံး အန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင် မိမိတို့၏ ခန္ဓာကိုယ်ကို ရင်းကာ လမ်းသစ်ကို ဖောက်လုပ်၍ အမှောင်ထုကို တိုက်ခိုက်ခဲ့ကြသူများ ဖြစ်သည်။

ကမ္ဘာမြေစင်ကြယ်ခြင်းသည် ဒေဝလောက၏ ဆင်းရဲဒုက္ခအားလုံးကို စင်ကြယ်စေပြီး၊ အဆုံးမဲ့အေးစက်သော အမှောင်ထုကို သုတ်သင်ကာ သက်ရှိလောကသားများအား နွေးထွေးစေမည့် အလင်းကို ဖြန့်ကျက်လေသည်။

ထိုအရာသာလျှင် စစ်မှန်သော မဟာလမ်းစဉ်၏ အမတခရီးစဉ်ဖြစ်သည်။ ထို့ကြောင့် ဤနောက်ဆုံးအခန်း၏ အမည်ကို "ကမ္ဘာမြေစင်ကြယ်ခြင်း" ဟု ခေါ်တွင်သည်။

ထိုအရာသည် ယွင်ဝူဖုန်း၏ ဆန္ဒဖြစ်သလို၊ ဒေဝလောကတစ်ခုလုံး၏ ဆန္ဒလည်း ဖြစ်ပေသည်။

..........

အချိန်အတော်ကြာ ကုန်ဆုံးသွားပြီးနောက်၊

ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်နေဆဲပင်။

လွင့်ပျံနေသော ဖူရှစ်အမတစောင်းသံသည် မည်သည့်အချိန်က ရပ်တန့်သွားသည်မသိ ၊ လောကတစ်ခွင်ကို အရောင်မှိန်ဖျော့သွားစေခဲ့သော စောင်းသံ၏ ပဲ့တင်ထပ်သံသည် လောကတွင် ကြာမြင့်စွာ ကျန်ရစ်နေဆဲ ဖြစ်သည်။

တောက်ရွှီအမတ စားသောက်ဆိုင်တစ်ခုလုံးသာမကဘဲ တောက်ရွှီမြို့တစ်ခုလုံးရှိ ကျင့်ကြံသူများမှာ တိတ်ဆိတ်ငြိမ်သက်နေကြသည်။

ငယ်ရွယ်သော ကျင့်ကြံသူများနှင့် တောက်ရွှီမြို့၏ အမတဘုရင်အဆင့်ရှိ စစ်သူကြီးများပင်လျှင် တုန်လှုပ်ခြောက်ခြားကာ အာရုံပျံ့လွင့်နေဆဲ ဖြစ်သည်။

သူတို့အနေဖြင့် ဤတေးဂီတကို မှတ်ချက်ပေးရမည်ဆိုပါက ၊ စကားတစ်ခွန်းသာ ရှိသည်။

ဤတေးဂီတသည် နတ်ဘုရားလောကတွင်သာ ရှိသင့်ပေသည်။

"ငါ အခုလေးတင်.... ရေမြေတောတောင် အလှည့်အပြောင်း မြောက်မြားစွာကို ဖြတ်သန်းခဲ့ရသလိုပဲ...အတိတ်နဲ့ အနာဂတ်ကိုလည်း မြင်လိုက်ရသလိုပဲ "

"ဟုတ်တယ်.... ငါ ခုနက မိန်းမောနေတုန်း ငါတို့ရဲ့ ဒေဝလောက သူရဲကောင်းဝိညာဉ်တွေကို မြင်လိုက်ရသလိုပဲ.... ဒီတေးဂီတက.... သူတို့ရဲ့ ဆန္ဒတွေကို ကိုယ်စားပြုနေတာလား"

"ဒါက စစ်မှန်တဲ့ ဖူရှစ်အမတတေးဂီတပေါ့လေ၊ ဒီတေးဂီတက.... အမှန်တကယ်ပဲ ငါတို့ အမတနယ်မြေရဲ့ အကောင်းဆုံး တေးဂီတပဲ"

"ဒါပေမဲ့.... ချန်ကဲသခင်လေးရဲ့ ပါရမီကလည်း ကြောက်စရာကောင်းလွန်းတယ် ၊ ခုနက တီးခတ်သွားတဲ့ ဖူရှစ်အမတတေးဂီတက ကျိုရွှမ်နတ်မိမယ်ထက်တောင် သာလွန်သေးတယ်"

"သာလွန်ရုံတင် ဘယ်ကမလဲ၊ အများကြီးကို သာလွန်တာ ပြီးတော့ ဒီတေးဂီတထဲမှာ ပါဝင်တဲ့ မဟာလမ်းစဉ်ရဲ့ အနှစ်သာရကလည်း မနည်းဘူး၊ ငါဆိုရင် ဒီအမတတေးဂီတကနေ အများကြီး သိမြင်နားလည်သွားတယ်"

"တေးဂီတတစ်ပုဒ်အောက်မှာ ငါ့ရဲ့ ကျင့်ကြံမှုတောင် လှုပ်ခတ်သွားလိမ့်မယ်လို့ မထင်ထားမိဘူး၊ ချန်ကဲသခင်လေးရဲ့ လမ်းညွှန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်"

ထိုသို့ပြောပြီးနောက် ထိုကျင့်ကြံသူများသည် စူးချန်ကဲရှိရာ ဘက်သို့ ရိုသေစွာဖြင့် ဦးညွှတ်လိုက်သည်။

"ချန်ကဲဆက်ခံသူရဲ့ လမ်းညွှန်ပေးမှုအတွက် ကျေးဇူးတင်ရှိပါတယ်"

တောက်ရွှီအမတ စားသောက်ဆိုင်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် စူးချန်ကဲရှိရာဘက်သို့ ဦးညွှတ်ကာ အရိုအသေ ပေးခဲ့ကြသည်။

အသံများသည် တစ်ဆင့်ထက်တစ်ဆင့် ကျယ်လောင်လာပြီး စူးချန်ကဲအပေါ် ရိုသေကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

"ချန်ကဲသခင်လေးရဲ့ လမ်းညွှန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်"

" ကျွန်တော်တို့ကို ခုလို အခွင့်အရေး ပေးသနားခဲ့တဲ့အတွက် ချန်ကဲသခင်လေးကို ကျေးဇူးတင်ပါတယ်"

「.........」

All Chapters