← Chapters

ရှေးဦးလျို့ဝှက်နယ်မြေ

Vol. 70 Ch. 906

ရှေးဦးလျို့ဝှက်နယ်မြေ

Vol. 70 Ch. 906

တောက်ရွှီအမတ စားသောက်ဆိုင်၏ တွေ့ဆုံပွဲသည်လည်း နောက်ဆုံးတွင်မူ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ရှေးဦးလျို့ဝှက်နယ်မြေ တည်ရှိရာ အရပ်ဒေသဆီသို့ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။

ယခုအချိန်မှစ၍ သူတို့သည် မဟာလမ်းစဉ် ခရီးစဉ်တွင် အချင်းချင်း ပြိုင်ဆိုင်ရမည့် ပြိုင်ဘက်များ ဖြစ်ကြပြီး ၊ ညှာတာထောက်ထားနေမည် မဟုတ်ပေ။

စူးချန်ကဲ ယခုတစ်ကြိမ် သွားရောက်မည့် ရှေးဦးလျို့ဝှက်နယ်မြေမှာ အလွန်ပင် ထူးခြား၏။

၎င်း၏ အနိမ့်ဆုံး ကန့်သတ်ချက်မှာ ကောင်းကင်အမတ နယ်ပယ်သို့ ရောက်ရှိရန် လိုအပ်ပြီး ၊ ရွှေအမတ အဆင့်(၁) ကျင့်ကြံသူများလည်း ဝင်ရောက်နိုင်သည်။

ထို့ကြောင့် ဤအခွင့်အရေးကို လာရောက်လုယူရန်အတွက် အင်အားစုအသီးသီးမှ ခေတ်ဟောင်း ပါရမီရှင်များစွာလည်း နိုးထလာကြပြီး ရှေးဦးလျို့ဝှက်နယ်မြေဆီသို့ ဦးတည်လာကြသည်။

...........

" ချန်ကဲ... ရှေးဦးလျို့ဝှက်နယ်မြေကို သွားတဲ့အခါ တကယ်ပဲ ယွီ့ကဲကိုပါ ခေါ်သွားမှာလား"

လော့ရန်ယွီသည် သူမ၏ ရင်ခွင်ထဲရှိ ယွီ့ကဲ၏ ခေါင်းလေးကို အသာယာ ပွတ်သပ်ပေးရင်း စိုးရိမ်ပူပန်သော အသံဖြင့် ဆိုလိုက်သည်။

"ယွီ့ကဲက အမတနယ်မြေအကြောင်းကို သိပ်ပြီး နားမလည်သေးဘူး၊ တကယ်လို့ ရှေးဦးလျို့ဝှက်နယ်မြေထဲ ရောက်တဲ့အခါ ကျွန်မတို့ လူစုကွဲသွားရင် ဘယ်လိုလုပ်မလဲ"

" ယောင်းမ... ဒီလိုဆိုရင်ရော ဘယ်လိုလဲ"

ထိုစဉ် ယွင်ချင်က အကြံပြုလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ညီမကလည်း ရှေးဦးလျို့ဝှက်နယ်မြေထဲကို မဝင်ချင်ဘူး၊ ညီမနဲ့ ယွီ့ကဲ အပြင်မှာ စောင့်ရင်း ဝမ်းကွဲအစ်ကိုနဲ့ ယောင်းမကို စောင့်နေမယ်လေ ကောင်းဘူးလား"

ဤရက်ပိုင်းအတွင်း သူမတို့သည် အတူတကွ စကားစမြည် ပြောဆိုခဲ့ကြပြီး ၊ ယွင်ချင်သည်လည်း ယွီ့ကဲနှင့် ရင်းနှီးကျွမ်းဝင်သွားခဲ့ပြီ ဖြစ်သည်။

ယွီ့ကဲသည် လူစိမ်းများကို ကြောက်တတ်သော်လည်း လိမ္မာယဉ်ကျေးသူ ဖြစ်ရာ ၊ ယွင်ချင်၏ ပင်ကိုယ်စရိုက်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။

ဤအချက်ကပင် ယွင်ချင်ကို အထူးအဆန်း ဖြစ်စေခဲ့ပြီး၊ ထို့အပြင် တစ်ဖက်လူ၏ နောက်ခံမှာလည်း ဆန်းကြယ်လှသဖြင့် ယွီ့ကဲအပေါ် ချစ်ခင်မြတ်နိုးမှုများ ဖြစ်ပေါ်လာခဲ့သည်။

"မင်း စိတ်ထဲမှာ ဘာတွေကြံနေတယ်ဆိုတာကို ဝမ်းကွဲအစ်ကိုက မသိဘူးလို့ ထင်နေတာလား"

စူးချန်ကဲသည် ယွင်ချင်ကို အပြုံးမပျက် ကြည့်လိုက်ရင်း ၊

" သိပ်မကြာခင်က ဦးလေး ငါ့ကို အသံလွှင့်ပြောပြီးပြီ ၊ ဒီရှေးဦးလျို့ဝှက်နယ်မြေခရီးစဉ်က မင်းအတွက်လည်း လေ့ကျင့်မှုတစ်ခုပဲ..မင်း အထဲကို ဝင်ရမယ့်အပြင် ကိုယ့်ဟာကို တစ်ယောက်တည်း ဝင်ရောက်ပြီး လေ့ကျင့်ရမယ်"

ဤစကားကို ကြားလိုက်ရသော ယွင်ချင်မှာ မျက်နှာညိုးငယ်သွားသည်။

မိမိသည် သံသရာစက်ဝန်းအမတမင်းဆက်၏ မင်းသမီးတစ်ပါး ဖြစ်ကာ လိုချင်တာမှန်သမျှ ရယူနိုင်သော်လည်း အဘယ့်ကြောင့် ဤကဲ့သို့ အပင်ပန်းခံ လေ့ကျင့်နေရဦးမည်နည်း။

မိမိ၏ ဝမ်းကွဲအစ်ကိုဖြစ်သူမှာလည်း အမတနယ်မြေအနှံ့ ခြေဆန့်လျက် မျိုးဆက်သစ် ပါရမီရှင်အများအပြားနှင့် အာဏာလုပွဲများ ဆင်နွှဲနေရသည်ကိုလည်း သူမ တကယ်ကို နားမလည်နိုင်ပေ။

သူမအမြင်တွင် ဤကဲ့သို့သော သတ်ဖြတ်တိုက်ခိုက်ရသည့် အားပြိုင်မှုများသည် အတော်လေး ပင်ပန်းစရာကောင်းသည်။

ထိုစဉ်မှာပင် ယွီ့ကဲ က တိုးတိုးလေး ဆိုလိုက်၏။

"ဖေဖေ.... ယွီ့ကဲ အပြင်မှာ ဖေဖေနဲ့ မေမေပြန်လာတာကိုပဲ စောင့်နေလိုက်မယ်လေ...."

"အစ်မက သမီးကို ပြောတယ်..... ဖေဖေတို့က သမီးကိုပါ ခေါ်သွားရင်.... ကံမကောင်းတာတွေ ဖြစ်လာလိမ့်မယ်.... ဘေးအန္တရာယ်တွေနဲ့တောင် ကြုံတွေ့ရနိုင်တယ်တဲ့....."

ဤစကား ထွက်လာသည်နှင့် လူတိုင်း၏ အကြည့်များမှာ ယွီ့ကဲပေါ်သို့ ကျရောက်သွားသည်။

ယွီ့ကဲသည် ခေါင်းလေးကို အနည်းငယ် ငုံ့ထားပြီး လက်ထဲရှိ အနီရောင်ကျောက်သလင်းလုံးလေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ သူမ၏ အမူအရာမှာ တစ်စုံတစ်ခုကို ကြောက်ရွံ့နေသကဲ့သို့ပင်။

ဤသည်ကို မြင်လိုက်ရသော စူးချန်ကဲသည် အသာယာ ပြုံးလိုက်ရင်း ယွီ့ကဲ၏ ခေါင်းလေးကို ကြင်နာစွာ ပွတ်သပ်ပေးလိုက်ကာ ဆိုလိုက်၏။

"ရှေးဦးလျို့ဝှက်နယ်မြေဆိုတာ အစကတည်းက စကားလုံးတွေနဲ့ ဖော်ပြလို့မရတဲ့ အရပ်ဒေသတစ်ခုပဲ ၊ အဲ့မှာ ဘယ်လောက်ပဲ ကြီးမားတဲ့ အခွင့်အရေးတွေ ရှိနေပါစေ... ကြီးမားတဲ့ ဘေးအန္တရာယ်တွေလည်း ရှိနေမှာပဲ"

'စိတ်ချပါ မင်း ဘာမှမဖြစ်စေရဘူး"

ထိုစကားသံအဆုံးတွင် ၊ ယွီ့ကဲ၏ စိတ်ထဲက စိုးရိမ်ပူပန်မှုများမှာ အတော်အတန် လျော့ကျသွားခဲ့သည်။

"တကယ်တော့.... ဖေဖေပြောတဲ့ အဲဒီရှေးဦးလျို့ဝှက်နယ်မြေနဲ့ ပိုပြီး နီးကပ်လာလေလေ.... သမီးရဲ့ စိတ်ထဲမှာ ထူးဆန်းတဲ့ စွမ်းအားတစ်ခုက သမီးကို လှမ်းပြီး ခေါ်နေသလိုမျိုး ခံစားရတယ်....."

"အဲ့တာက သမီးနဲ့ ရင်းနှီးနေသလိုလို စိမ်းသက်နေပြန်တယ်..... ဒါကြောင့် ယွီ့ကဲ ရှေးဦးလျို့ဝှက်နယ်မြေထဲကို ဝင်သွားရင်.... ဖေဖေနဲ့ မေမေတို့အတွက် မလိုအပ်တဲ့ ဒုက္ခတွေ ဖြစ်လာမှာကို ကြောက်လို့ပါ...."

ဤစကားလုံးများသည် လူတိုင်းကို တုန်လှုပ်သွားစေပြီး မယုံကြည်နိုင်သော အမူအရာများ ဖြစ်လာကြသည်။

' ရှေးဦးလျို့ဝှက်နယ်မြေထဲမှာ... ထူးဆန်းတဲ့ စွမ်းအားတစ်ခုက ယွီ့ကဲကို လှမ်းပြီး ခေါ်ယူနေသတဲ့လား"

အထူးသဖြင့် ယွီ့ကဲ၏ လာရာနောက်ခံသမိုင်းကြောင်း အချို့ကို သိရှိထားသော စူးချန်ကဲ၏ စိတ်ထဲတွင် လှိုင်းတံပိုးများ ရိုက်ခတ်လာပြီး ၊ စိတ်ဝိညာဉ်ပင်လျှင် တုန်လှုပ်ချောက်ချားသွားခဲ့ရသည်။

ယွီ့ကဲသည် ဒေဝလောက၏ ကံအကျိုးဆက်များမှ မွေးဖွားလာခြင်း ဖြစ်ပြီး၊ ဒေဝလောကကံအကျိုးဆက်၏ ကိုယ်ပွားခန္ဓာတစ်ခုဟု နားလည်နိုင်သည်။

ရှေးဦးလျို့ဝှက်နယ်မြေ ဟူသည်မှာ ကမ္ဘာဦးအစကတည်းက တည်ရှိခဲ့သော နေရာတစ်ခုပင် ဖြစ်သည်။

ဤကဲ့သို့သော ဒေဝလောက မဟာလမ်းစဉ်၏ ကောင်းချီးပေးခြင်းကို ခံထားရသည့် ဆန်းကြယ်သော အရပ်ဒေသတွင် ကံအကျိုးဆက်စွမ်းအားများ တည်ရှိနေလေသလော။

ယွီ့ကဲ၏ စကားကို ကြားလိုက်ရပြီးနောက် စူးချန်ကဲ၏ စိတ်ထဲတွင်လည်း မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။

ယခုတစ်ကြိမ် ရှေးဦးလျို့ဝှက်နယ်မြေခရီးစဉ်သည် ကနဦးဧကရာဇ် (၁၃)ဦး၏ လျို့ဝှက်ချက်များထက် ရိုးရှင်းမည်မဟုတ်သည်မှာ သေချာသည်။

.............

အမတလှေသည် တောက်ရွှီမြို့မှ ထွက်ခွာလာခဲ့သည်။ နာရီပေါင်းများစွာကြာ မောင်းနှင်ခဲ့ပြီးနောက် နောက်ဆုံးတွင် ရှေးဦးလျို့ဝှက်နယ်မြေ တည်ရှိရာ အရပ်ဒေသသို့ ဆိုက်ရောက်လာခဲ့၏။

ရှေးဦးလျို့ဝှက်နယ်မြေ တည်ရှိသော နယ်မြေဒေသမှာလည်း အလွန်ပင် ထူးခြားသည်။

ကမ္ဘာကြီးထဲတွင် တည်ရှိနေခြင်း မဟုတ်ဘဲ၊ အာကာသအက်ကွဲကြောင်း ကဲ့သို့ ကြယ်စင်မြစ်ကြီးတစ်ခု၏ အထဲတွင် မြှုပ်နှံခတ်နှိပ်ထားခြင်း ဖြစ်ပေသည်။

ဤအာကာသအက်ကွဲကြောင်းမှာ ရှေးဦးလျို့ဝှက်နယ်မြေသို့ သွားရောက်မည့် ဝင်ပေါက်ပင် ဖြစ်သည်။

အထဲမှ ထွက်ပေါ်လာသော အငွေ့အသက်များသည် အပြင်ဘက်ကမ္ဘာနှင့် မတူဘဲ သီးခြားခွဲထွက်နေသည်။

လက်ရှိအချိန်တွင် ဤနေရာ၌ လူပင်လယ်ကြီးသဖွယ် ကျင့်ကြံသူများဖြင့် ပြည့်နှက်နေ၏။

မျက်စိတစ်ဆုံး ကြည့်လိုက်ပါက ၊ နေရာတိုင်းတွင် အမတလှေများနှင့် ရတနာသင်္ဘောကြီးများသာ ရှိနေကြပြီး၊ ၎င်းတို့၏အပေါ်တွင် မရေမတွက်နိုင်သော မျိုးဆက်သစ် လူငယ်များဖြင့် ပြည့်နှက်နေသည်။

အမတနယ်မြေ၏ တစ်ကိုယ်တော်ကျင့်ကြံသူများ သို့မဟုတ် သာမန်အောက်ကမ္ဘာမှ တတ်လှမ်းလာကြသော ကျင့်ကြံသူများအဖို့ ၊ ရှေးဦးလျို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ရန်မှာ အခြေခံအားဖြင့် မဖြစ်နိုင်သော ကိစ္စတစ်ခုပင် ဖြစ်ပေသည်။

"ဟိုမယ် ၊ ချန်ကဲသခင်လေး စီးနင်းလာတဲ့ အမတလှေပဲ"

မျက်စိလျင်သော ကျင့်ကြံသူတစ်ဦးက အဝေးမှ မောင်းနှင်လာသော အမတလှေကြီးကို သတိပြုမိလိုက်သဖြင့် အလန့်တကြား အော်ဟစ်လိုက်မိသည်။

ဤစကားလုံးများသည် ရေကန်ထဲသို့ ကျောက်ခဲကြီးတစ်လုံး ပစ်ချလိုက်သကဲ့သို့ ဂယက်ထသွားစေသည်။

တခဏချင်းမှာပင် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ပြီး၊ တစ်ယောက်ပြီး တစ်ယောက် လှည့်ကြည့်လာကြသည်။

ယခင်က တောက်ရွှီမြို့တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်များအပြီးတွင် ၊

စူးချန်ကဲ၏ ကျော်ကြားမှုသည် နောက်တစ်ကြိမ် မြင့်မားသွားခဲ့ပြီ ဖြစ်ကာ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ လေးစားကြည်ညိုခြင်းကို ခံနေရပြီ ဖြစ်သည်။

"ချန်ကဲသခင်လေးကို ဂါရဝပြုပါတယ်"

ကျင့်ကြံသူ အများအပြားသည် အမတလှေပေါ်မှ ပျံသန်းထွက်လာကြပြီး၊ စူးချန်ကဲရှိရာ ဘက်သို့ ရိုသေလေးစားစွာဖြင့် နှုတ်ဆက်လိုက်ကြသည်။

အမတလှေ၏ ကုန်းပတ်ထက်တွင် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေသော စူးချန်ကဲသည် ခေါင်းကို အသာညိတ်လျက် တုံ့ပြန်လိုက်ပြီးနောက်၊ သူ၏အကြည့်ကို ကြယ်စင်မြစ်ကြီးဆီသို့ ပို့လွှတ်လိုက်သည်။

မျက်ရှေ့ရှိ ဤကြယ်စင်မြစ်ကြီးမှာ အလွန်ပင် ဆန်းကြယ်လှပေသည်။

တစ်ချက်ကြည့်လိုက်ရုံမျှဖြင့်၊ ၎င်းမှာ ကြယ်တာရာကောင်းကင်ယံထက်တွင် အလျားလိုက် ဖြတ်တောက်ထားသော တောက်ပသည့် ဓားရာကြီးတစ်ခုနှင့် တူပေသည်။

စူးချန်ကဲသည် ထိုကြယ်စင်မြစ်ကြီးထဲရှိ အာကာသအက်ကွဲကြောင်းထဲတွင် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသော ကြီးမားသည့် ရှေးဟောင်းတံခါးတစ်ချပ်ကို မြင်တွေ့လိုက်ရသည်။

၎င်းမှာ သဘာဝတရားကြီးက ဖန်တီးထားသကဲ့သို့ မိုးမြေ၏ မဟာလမ်းစဉ်ကို ဖော်ဆောင်လျက် ရှိနေသည်။ အပြင်ဘက်မှ သာမန် ကြည့်လိုက်ရုံမျှဖြင့်၊ ဤရှေးဦးလျို့ဝှက်နယ်မြေထဲတွင် ဒေဝလောက၏ လျို့ဝှက်ချက်များစွာ ကိန်းအောင်းနေသကဲ့သို့ ခံစားရပေသည်။

All Chapters