← Chapters

အခန်း ၅၆၉

Vol. 29 Ch. 569

အခန်း ၅၆၉

Vol. 29 Ch. 569

အခန်း (၅၆၉)လူသတ်သမား

သို့သော်လည်း ရှာမိသားစုသည်ကား မိုက်မဲစွာ တိုက်ခိုက်ရန် မဝံ့ရဲချေ။ အကယ်၍ ရှာမိသားစုဘက်မှ အောင်နိုင်ခဲ့လျှင်ပင် ယင်းသည် ဆုံးရှုံးမှုကြီးမားလှသော အောင်ပွဲမျှသာ ဖြစ်ပေလိမ့်မည်။

ထိုသို့ဆိုပါက ရန်ယန် မျှော်မှန်းထားသော ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိနိုင်တော့မည် မဟုတ်ပေ။

မဟာအကြီးအကဲ ရှာလီဖု အား သုတ်သင်ပြီးနောက် ချင်ယွမ်ဖုန်းသည် လက်ကို ဝှေ့ယမ်းကာ သူ့အား သဲကန္တာရအောက်၌ မြှုပ်နှံလိုက်ပြီးလျှင် ကူကူး ရှိရာသို့ ပြန်လည်လျှောက်လှမ်းလာခဲ့ချေသည်။

“ငါ့ကို ဒီနေရာအထိ လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ စိတ်မပူပါနဲ့၊ ရှာမိသားစုက မင်းကို ဒုက္ခပေးမှာ မဟုတ်ပါဘူး၊ အကယ်၍ သူတို့က လာမေးခဲ့ရင် ငါ့နာမည်ကိုသာ ပြောလိုက်ပါ” ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုသည်။

ကူကူးသည် ကြောင်တောင်တောင်ဖြင့် ခေါင်းညိတ်ပြရှာသော်လည်း သူမ၏ စိတ်ဝိညာဉ်မှာ ထိုစကားများကို အမှန်တကယ် ကြားသိပုံမရချေ။

“နင် သွားတော့မလို့လား” ကူကူးက တုန်တုန်ရီရီ မေးမြန်းရှာသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြကာ “ဟုတ်တယ်၊ ငါ့မှာ လုပ်စရာ ကိစ္စတွေ ရှိသေးလို့ပါ” ဟု ဆို၏။

“ငါလည်း နင့်နောက် လိုက်ခဲ့လို့ ရမလား” ကူကူးက ရုတ်တရက် မေးလိုက်သည်။

ချင်ယွမ်ဖုန်းသည် ကူကူးအား ကြည့်ကာ ပြုံးလိုက်ပြီး “မဖြစ်ဘူးလေ၊ ငါသွားမယ့် နေရာက သိပ်ကို အန္တရာယ်များလွန်းတယ်” ဟု ငြင်းပယ်လိုက်ချေသည်။

“ဒါဆို နင့်ကို ဘယ်နေရာမှာ ပြန်ရှာရမလဲ” ကူကူးက အလျှော့မပေးဘဲ ထပ်မံမေးမြန်းပြန်သည်။

ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်လိုက်မိပြီး “ဒီလိုလုပ်လေ၊ မင်း ဒီနေရာကနေ ထွက်သွားပြီး ဆေးနတ်ဘုရားဂိုဏ်းကို သွားလိုက်ပါ၊ အဲဒီမှာ ငါ့နာမည်ကို ပြောရင် သူတို့ မင်းကို ကာကွယ်ပေးလိမ့်မယ်” ဟု လမ်းညွှန်လိုက်၏။

ကူကူးက “ကောင်းပါပြီ၊ငါအခုပဲ သွားပါ့မယ်” ဟု ခေါင်းညိတ်လေသည်။

ချင်ယွမ်ဖုန်းက ပြုံးလျက် “အဲဒီမြို့မှာ ဆေးပင်များ စိုက်ပျိုးထားရာ နယ်မြေ တစ်ခု ရှိတယ်၊ အကယ်၍ မင်း ဆန္ဒရှိရင် လင်ဇီအာ ဆိုတဲ့ မိန်းကလေးကို သွားရှာပြီး ငါလွှတ်လိုက်တာလို့ ပြောလိုက်ပါ၊ အဲဒီမှာ ကူညီပေးလို့ ရတာပေါ့” ဟု ဆိုသည်။

“လယ်ယာစိုက်ပျိုးရမှာလား” ကူကူးသည် ချင်ယွမ်ဖုန်းအား ငေးကြည့်နေမိသော်လည်း နောက်ဆုံးတွင် ခေါင်းကို အလေးအနက် ညိတ်ပြရှာသည်။

ချင်ယွမ်ဖုန်းသည် လျူရှာဂိုဏ်းမှ လျင်မြန်စွာ ထွက်ခွာသွားခဲ့ချေပြီ။ ကူကူးသည် စခန်းတံခါးဝတွင် ရပ်တန့်ကာ ငေးမောကြည့်ရှုနေမိပြီး အချိန်အတန်ကြာမှသာ လှည့်ပြန်လာခဲ့တော့သည်။

“ဂိုဏ်းချုပ်... အဆင်ပြေရဲ့လား” ဝမ်လူးက ရှေ့သို့ တိုးလာကာ မေးမြန်းရှာသည်။

ကူကူးက ပြုံးရွှင်စွာဖြင့် “ဒီညပဲ ငါတို့ ပစ္စည်းတွေ အကုန်သိမ်းပြီး ဆေးနတ်ဘုရားဂိုဏ်းကို ပြောင်းကြမယ်” ဟု အမိန့်ပေးလိုက်၏။

“ဆေးနတ်ဘုရားဂိုဏ်းကို သွားမလို့လား” ဝမ်လူးနှင့် အခြားသူများအားလုံး ဆွံ့အအံ့ဩကုန်ကြချေသည်။

“ဟုတ်တယ်၊ မြန်မြန် ပစ္စည်းသိမ်းကြ၊ မလိုအပ်တဲ့ အမှိုက်တွေကို ထားခဲ့လိုက်၊ ငါတို့တွေ သွားပြီး လယ်ယာစိုက်ပျိုးကြမယ်” ကူကူးက အားရပါးရ အော်ဟစ်ပြောဆိုလိုက်လေတော့သည်။

ချင်ယွမ်ဖုန်းသည် လျူရှာဂိုဏ်းမှ ထွက်ခွာလာပြီးနောက် မဆိုင်းမတွဘဲ ကြယ်ကြွေကန္တာရ၏ တောင်ဘက်အရပ်သို့ ပျံသန်းလာခဲ့ချေသည်။

ကြယ်ကြွေကန္တာရနှင့် ကြယ်လေပြည်မြို့တော် အကြားတွင် သေးငယ်သော ဂိုဏ်းငယ်ပေါင်း နှစ်ဆယ်ကျော် ရှိနေပြီး ထိုဂိုဏ်းတစ်ခုချင်းစီတွင်လည်း ရှာမိသားစုမှ စေလွှတ်ထားသော မဟာအကြီးအကဲ တစ်ဦးစီက ကြီးကြပ်ကွပ်ကဲနေပေရာ။

ထျန်းတူး ပြည်နယ်မြို့တော်၊ ရှာမိသားစု အိမ်တော်။

ရှာလန်သည် ကြီးငယ်မရွေး ဂိုဏ်းပေါင်း ရာချီအား ထိန်းချုပ်နိုင်ခဲ့သည့် အချိန်မှစ၍ တဖြည်းဖြည်း စိတ်အေးချမ်းသာ ရှိလာခဲ့ချေပြီ။

ယခုအခါတွင် လုယွဲ့အင်ပါယာသည် ၎င်းတို့၏ လက်အောက်သို့ လုံးလုံးလျားလျား ရောက်ရှိနေပြီဟု ဆိုရပေမည်။

ရှာမိသားစုသည် လုယွဲ့အင်ပါယာ၏ တော်ဝင်မိသားစုနှင့် ဧကရာဇ် ရန်ယန် ၏ ကိုယ်စားလှယ်တော်များ ဖြစ်လာခဲ့ကြသည်။

ထိုရာနှင့်ချီသော ဂိုဏ်းအသီးသီးသည် လုယွဲ့အင်ပါယာ၏ တပ်မတော်အတွင်းသို့ သိုင်းပညာရှင် အရေအတွက် အချို့ကို စေလွှတ်ပေးခဲ့ကြရပြီး လုယွဲ့အင်ပါယာသည်လည်း နောက်ဆုံးတွင် ရန်ယန် စိတ်ကူးယဉ် မျှော်မှန်းထားသည့် လမ်းကြောင်းအတိုင်း ဖွံ့ဖြိုးတိုးတက်လာခဲ့ချေပြီ။

သို့သော်ငြားလည်း ထိုအချိန်၌ လုယွဲ့အင်ပါယာအတွင်း ဝှက်ဖုံးနေသော ဘေးအန္တရာယ်များစွာ ရှိနေဆဲ ဖြစ်ပေသည်။

ဥပမာအားဖြင့် ဆေးနတ်ဘုရားဂိုဏ်း၊ နန်ဝူးမြို့နှင့် ရွံရှာဖွယ်ကောင်းလှသော ချင်ယွမ်ဖုန်း တို့ပင် ဖြစ်ချေသည်။

“ဂိုဏ်းချုပ်... သတင်းတစ်ခု အစီရင်ခံစရာ ရှိပါတယ်” ရှာမိသားစု တပည့်တစ်ဦးက ရှာလန်၏ ရှေ့တွင် ဒူးထောက်ကာ ပြောကြားလိုက်၏။

“ဘာကိစ္စလဲ” ရှာလန်က တည်ငြိမ်အေးဆေးစွာ မေးမြန်းသည်။

ထိုရှာမိသားစု တပည့်၏ မျက်နှာတွင် ခက်ခဲခက်ဆဲ ဖြစ်နေသော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး “ဂိုဏ်းချုပ်... ဆေးနတ်ဘုရားဂိုဏ်းရဲ့ မြေနက်မြေဆီကို ကျွန်တော်တို့ စေလွှတ်လိုက်တဲ့ လူတွေအားလုံး သုတ်သင်ချေမှုန်းခြင်း ခံလိုက်ရပါပြီ” ဟု ဆိုလေသည်။

“သုတ်သင်ချေမှုန်း ခံလိုက်ရတယ် ဟုတ်လား၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ချင်ယွမ်ဖုန်း ပြန်ရောက်လာတာများလား” ရှာလန်က မျက်မှောင်ကြုတ်လျက် ဆိုသည်။

“ကြားသိရသလောက်တော့ ချင်ယွမ်ဖုန်း ထွက်ခွာသွားပြီးတဲ့နောက်မှ ကျွန်တော်တို့လူတွေက လှုပ်ရှားခဲ့တာပါ၊ ဒါပေမဲ့လည်း အားလုံး အသက်ပျောက်ခဲ့ရတယ်၊ သူတို့ဟာ သန့်ရှင်းသော သားရဲအဆင့် ခွေးနက်ကြီး တစ်ကောင်နဲ့ နတ်သားရဲအဆင့် မြွေဟောက်နက် တစ်ကောင်နဲ့ ရင်ဆိုင်ခဲ့ရတာလို့ ဆိုပါတယ်” ထိုရှာမိသားစု တပည့်ကိုယ်တိုင်ပင် ယင်းသတင်းကို ကောင်းစွာ မယုံကြည်နိုင် ဖြစ်နေရှာသည်။

“သန့်ရှင်းသော သားရဲအဆင့် ခွေးတစ်ကောင် ဟုတ်လား” ရှာလန်သည် ရုတ်ချည်း ထိုင်ခုံမှ မတ်တတ်ထရပ်လိုက်မိပြီး တပည့်ဖြစ်သူအား ထိတ်လန့်တုန်လှုပ်ဖွယ် မျက်နှာပေးဖြင့် စိုက်ကြည့်နေမိချေသည်။

သန့်ရှင်းသော သားရဲတစ်ကောင်သည် လူသားတို့၏ ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ဦးနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်ကို ရှာလန် အသိဆုံး ဖြစ်ပေသည်။

အကယ်၍ ချင်ယွမ်ဖုန်းသည် ထိုသန့်ရှင်းသော သားရဲနှင့်အတူ ရှာမိသားစုထံသို့ ပြဿနာရှာရန် ရောက်ရှိလာပါက မည်သူက တားဆီးနိုင်မည်နည်း။

ရှာလန်၏ မျက်ဝန်းများသည် အလွန်တရာ အုံ့မှိုင်းသွားခဲ့ပြီး စိတ်ထဲမှနေ၍ အစီအစဉ်တစ်ခုကို တိတ်တဆိတ် ကြံစည်နေမိတော့သည်။

ထိုစဉ်မှာပင် အခြားသော ရှာမိသားစု တပည့်တစ်ဦး အခန်းထဲသို့ အပြေးအလွှား ဝင်ရောက်လာပြန်သည်။

“အစီရင်ခံပါတယ် ဂိုဏ်းချုပ်၊ မဟာအကြီးအကဲ ရှာလီဖု မနေ့ညကပဲ လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရပါတယ်” ဟု ထိုတပည့်က ဝမ်းနည်းပူဆွေးသော မျက်နှာထားဖြင့် တင်ပြရှာသည်။

“ဘာပြောတယ်” ရှာလန်၏ မျက်လုံးများ ပြူးကျယ်သွားကာ “ဘယ်သူ့လက်ချက်လဲ” ဟု မေးလိုက်၏။

ထိုတပည့်က ခေါင်းခါပြလျက် “ကျွန်တော်တို့လည်း အခုထိ မသိရသေးပါဘူး၊ လျူရှာဂိုဏ်းက လူတွေအားလုံးလည်း ထွက်ခွာသွားကြပြီး ဘယ်ဆီကို ရောက်သွားမှန်း မသိရတော့ပါဘူး” ဟု ဆိုသည်။

“ယုတ်မာလှချည်လား”

ရှာလန်သည် ဒေါသအဟုန်ဖြင့် ဘေးနားရှိ စားပွဲခုံအား လက်ဝါးဖြင့် ရိုက်ချလိုက်ရာ စားပွဲခုံမှာ တစ်စစီ ကြေမွပျက်စီးသွားခဲ့ရချေသည်။

“နေဦး၊ မင်းပြောတော့ ငါတို့လူတွေက ချင်ယွမ်ဖုန်း ထွက်သွားပြီးမှ လှုပ်ရှားတာဆိုတော့ ထိုသန့်ရှင်းသော သားရဲက ချင်ယွမ်ဖုန်းနဲ့အတူ ပါမသွားဘူးလို့ ဆိုလိုတာပေါ့” ရှာလန်က မေးမြန်းလိုက်သည်။

ရှာမိသားစု တပည့်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ “မှန်ပါတယ် ဂိုဏ်းချုပ်၊ အခြေအနေက အဲဒီလို ဖြစ်ရပါမယ်” ဟု ခေါင်းညိတ်ပြ၏။

“ဒါဆိုရင် မဟာအကြီးအကဲကို သတ်ခဲ့တဲ့သူက ချင်ယွမ်ဖုန်း ဖြစ်ရမယ်၊ မဟုတ်ရင် ဘယ်သူက သူ့ကို အောင်နိုင်ပါ့မလဲ” ရှာလန်က ရက်စက်ကြမ်းကြုတ်စွာ ရေရွတ်လိုက်သည်။

အခြားတပည့်တစ်ဦးမှာမူ အလွန် ဇဝေဇဝါ ဖြစ်နေလျက် “ဂိုဏ်းချုပ်... ချင်ယွမ်ဖုန်း နောက်ဆုံးအကြိမ် ထျန်းတူး ပြည်နယ်မြို့တော်ကို လာတုန်းက သူက နဝမအဆင့် မဟာဆရာနယ်ပယ် မျှသာ ရှိသေးတာပါ၊ အခု ဘိုးဘေးနယ်ပဲ ဒုတိယအဆင့် ရှိတဲ့ အကြီးအကဲ ရှာလီဖု ကို သတ်နိုင်လောက်တဲ့အထိ စွမ်းဆောင်နိုင်ပါ့မလား” ဟု မေးခွန်းထုတ်ရှာသည်။

ရှာလန်သည် မျက်မှောင်ကြုတ်ကာ မျက်ဝန်းများကို မှေးစင်းလိုက်ပြီး “ပြီးခဲ့တဲ့အကြိမ်က သူဟာ မဟာဆရာ နဝမအဆင့်ပဲ ရှိသေးပေမဲ့ ငါတို့ရဲ့ ဘိုးဘေးနယ်ပယ် ပထမအဆင့် ရှိတဲ့ မဟာအကြီးအကဲကို သတ်ပစ်နိုင်ခဲ့တယ်၊ အခုဆိုရင် သူဟာ ပိုပြီးတော့တောင် အားကောင်းမောင်သန် ဖြစ်နေလောက်ပြီ” ဟု သုံးသပ်ပြ၏။

“တောက်... လူငယ်လေးတစ်ယောက်က ငါတို့အတွက် ဒီလောက်တောင် အနှောင့်အယှက်ပေးတဲ့ ရန်သူ ဖြစ်လာလိမ့်မယ်လို့ မထင်ထားမိဘူး၊ သွားကြ၊ အကြီးအကဲတွေနဲ့ မဟာအကြီးအကဲတွေ အားလုံးကို ထျန်းတူး ပြည်နယ်မြို့တော်ကို ချက်ချင်း ပြန်လာဖို့ အကြောင်းကြားလိုက်၊ ဘာအကြောင်းနဲ့မှ မနှောင့်နှေးစေနဲ့” ရှာလန်က ပြတ်သားစွာ အမိန့်ပေးလိုက်ချေသည်။

“ဟုတ်ကဲ့ပါ”

ရှာမိသားစု တပည့်နှစ်ဦးစလုံးသည် လျင်မြန်စွာ ဆုတ်ခွာသွားခဲ့ကြပြီ

အချိန်အတန်ကြာ လွန်မြောက်ပြီးနောက် ရှာလန်သည် ၎င်း၏ စိတ်လှုပ်ရှားမှုများကို ဖြည်းညင်းစွာ ငြိမ်သက်စေလိုက်သည်။

“မင်းလည်း ကြားပြီးပြီမလား၊ ချင်ယွမ်ဖုန်းက အခုဆိုရင် တကယ်ကို အစွမ်းထက်နေပြီ” ရှာလန်က ဟင်းလင်းပြင်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်၏။

သို့သော်လည်း မကြာမီမှာပင် ရှာလန်၏ နောက်ကွယ်ရှိ အရိပ်သည် စတင်လှုပ်ရှားလာပြီး လူရိပ်တစ်ခု ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့ချေသည်။

ထိုသူသည် မျက်တွင်းဟောက်ပက်နှင့် ပိန်လှီသော လူတစ်ဦး ဖြစ်ပြီး ၎င်း၏ ကိုယ်ခန္ဓာပတ်လည်တွင် သေမင်း၏ အရှိန်အဝါများ လွှမ်းမိုးနေသကဲ့သို့ ခံစားရပေရာ။

“သိပြီ၊ လုပ်ကြံဖို့ အပ်နှံလိုတာလား” ထိုလူက အေးစက်စွာ မေးမြန်းသည်။

“ငါ မင်းကို ခေါ်လိုက်တာလည်း ဒီကိစ္စအတွက်ပဲ” ရှာလန်က တည်ငြိမ်စွာ ဆိုသည် “ယခု ငါ ချင်ယွမ်ဖုန်း ကို အသက်ပျောက်စေချင်တယ်”

“ကောင်းပြီ၊ မင်းတို့ရဲ့ မဟာအကြီးအကဲကို သတ်နိုင်တယ်ဆိုရင် ချင်ယွမ်ဖုန်းရဲ့ အစွမ်းက ဘိုးဘေးနယ်ပယ် ဒုတိယအဆင့်ထက် သာလွန်နေပြီပေါ့” ထိုလူက အေးစက်စွာပင် ဆိုပြန်သည် “မင်း ဘယ်လောက် ပေးချေဖို့ ပြင်ဆင်ထားလဲ”

ရှာလန်သည် သွားကို ကြိတ်ကာ “အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သန်း” ဟု ဆိုလိုက်၏။

“ဒါပေမဲ့ ဘိုးဘေးနယ်ပယ်က သိုင်းပညာရှင်တစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့ ဆိုတာ မင်းထင်သလောက် မလွယ်ကူဘူး၊ တစ်သန်းဆိုတာ စပေါ်ငွေလို့ပဲ သတ်မှတ်နိုင်မယ်၊ ဆယ်သန်းဆိုရင်တော့ ပိုပြီး သင့်တော်လိမ့်မယ်”

ထိုလူက ခပ်အေးအေးပင် တုံ့ပြန်သည်။

“ဒီလောက်တောင် များတာလား” ရှာလန်၏ မျက်လုံးများ ပြူးကျယ်သွားရပြန်သည်။ ၎င်း၏ ရှာမိသားစု ပိုင်ဆိုင်သမျှ အရာအားလုံးကို ထုတ်ရောင်းလျှင်ပင် ထိုမျှများပြားသော အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများကို ရှာဖွေနိုင်မည် မဟုတ်ချေ။

“အကယ်၍ ငွေမရှိရင်လည်း ကိစ္စမရှိပါဘူး၊ ငါတို့ ယမမင်း အဖွဲ့အစည်းက ငွေကိုသာ အသိအမှတ်ပြုပြီး လူကို အသိအမှတ်မပြုဘူး” ထိုလူက ဆိုကာ နောက်သို့ ဆုတ်ခွာရန် ဟန်ပြင်လိုက်သည်။

သို့သော် ရှာလန်က ထိုလူအား လျင်မြန်စွာ ဆွဲထိန်းလိုက်ပြီး “မလောပါနဲ့ဦး၊ မင်း ချင်ယွမ်ဖုန်းကို လွယ်လွယ်ကူကူ လုပ်ကြံနိုင်မယ့် နည်းလမ်း ငါ့မှာ ရှိပါတယ်” ဟု တားဆီးလိုက်၏။

ထိုလူက ရှာလန်အား ကြည့်ကာ သက်ပြင်းချလျက် “ပြောပါဦး၊ ယင်းက ဝိညာဉ်ကျောက်တုံး ဘယ်လောက်တန်ဖိုး ရှိမလဲဆိုတာ ကြည့်ရသေးတာပေါ့” ဟု ဆိုသည်။

“ငါ အခု ရှာမိသားစုရဲ့ မဟာအကြီးအကဲတွေနဲ့ အကြီးအကဲတွေ အားလုံးကို ပြန်ခေါ်နေတယ်၊ ချင်ယွမ်ဖုန်းကတော့ ဒီအခွင့်အရေးကို လက်လွတ်ခံမှာ မဟုတ်ဘူး၊ သူ ငါ့မိသားစုရဲ့ အကြီးအကဲတွေကို သတ်ဖြတ်ပြီး စိတ်လက်ပေါ့ပါးနေမယ့် အချိန်ကျရင် မင်း သူ့ကို လုပ်ကြံလိုက်ရုံပဲ” ရှာလန်က ရက်စက်လှသော အပြုံးဖြင့် ဆိုလိုက်လေတော့သည်။

All Chapters