← Chapters

အခန်း ၅၇၄

Vol. 29 Ch. 574

အခန်း ၅၇၄

Vol. 29 Ch. 574

အခန်း (၅၇၄) - အရိပ်ဆိုးတို့၏ တိုက်ခိုက်မှု

ချင်ယွမ်ဖုန်းသည် ချက်ချင်းပင် ပြုံးလိုက်ပြီး "မင်းမှာ အကဲဖြတ်နိုင်စွမ်း အတန်အသင့် ရှိသားပဲ။ ဒါပေမဲ့ မင်းသာ ဒီထက်နည်းနည်းလောက် ပိုသန်မာရင် ရုန်းထွက်နိုင်ရင် ရုန်းထွက်နိုင်လိမ့်မယ်" ဟု ဆိုချေသည်။

ထိုစဉ်က ချင်ယွမ်ဖုန်း၏ ဝိညာဉ်စွမ်းအားမှာ နဝမအဆင့် ဘိုးဘေးနယ်ပယ်နှင့် ရင်ဘောင်တန်းနိုင်နေပြီ ဖြစ်သော်လည်း သူ၏ ကိုယ်ပိုင်ကျင့်စဉ်အဆင့်မှာမူ လိုက်မမှီသေးပေရာ အားကောင်းလှသော ဝိညာဉ်စွမ်းအား ရှိနေလင့်ကစား အပြင်ပန်း၌သာ သန်မာပြီး အတွင်းသဘော၌ ချိနဲ့နေသေးသည်ဟု ဆိုရမည် ဖြစ်သည်။

သူသည် ရုတ်တရက် လက်ကိုလှန်လိုက်ရာ သူ၏ကျယ်ပြောလှသော ဝိညာဉ်စွမ်းအားတို့သည် ကြီးမားလှသော လက်ဝါးကြီးနှစ်ခုအသွင်သို့ လျင်မြန်စွာ စုစည်းသွားပြီး ကုန်းယွမ်နှင့် ကုန်းကွမ်းတို့ကို အထဲ၌ ပိတ်လှောင်လိုက်တော့သည်။

ကုန်းကွမ်းနှင့် အခြားတစ်ယောက်မှာမူ မိမိတို့၏ ခန္ဓာကိုယ်များ ပြန်လည်လှုပ်ရှားနိုင်လာသည်ကို သိသည်နှင့် တပြိုင်နက် ဝိညာဉ်စွမ်းအား လက်ဝါးကြီးနှစ်ခုကို ဒေါသတကြီး စတင်တိုက်ခိုက်ကြလေတော့ရာ အတွင်းမှ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာချေသည်။

ချင်ယွမ်ဖုန်းသည်လည်း ရင်ဘတ်ထဲ၌ မွန်းကြပ်သောအရှိန်အဝါကို ခံစားလိုက်ရပြီး အကြိမ်ကြိမ် အရိုက်ခံနေရသကဲ့သို့ ဖြစ်ကာ ပါးစပ်အပြည့် သွေးစိမ်းရှင်ရှင် စင်ထွက်သွားရသည်။

"တကယ်ပဲ ငါ့မှာ လိုအပ်ချက်နည်းနည်း ရှိနေသေးတာပဲ။ ပဉ္စမအဆင့် ဘိုးဘေးနယ်ပယ် ကျွမ်းကျင်သူ နှစ်ယောက်ကို ဒီအတိုင်း ကိုင်တွယ်ဖို့က ငါ့အတွက် အခုလောလောဆယ် နည်းနည်း ခက်ခဲနေသေးတယ်" ချင်ယွမ်ဖုန်းက တိုးညှင်းစွာ ရေရွတ်ရင်း လက်ညှိုးကို ခါထုတ်လိုက်သည်။

ခရမ်းရောင်မီးတစ်စသည် ဝိညာဉ်စွမ်းအား လက်ဝါးကြီးများဆီသို့ တိုက်ရိုက်လွင့်မျောသွားပြီး ပြင်းထန်စွာ စတင်လောင်ကျွမ်းလေတော့သည်။

ကုန်းကွမ်းနှင့် ကုန်းယွမ်တို့သည် ဝိညာဉ်စွမ်းအား လက်ဝါးကြီးများထဲမှနေ၍ ချင်ယွမ်ဖုန်း၏ စကားကို ကြားလိုက်ရသောအခါ ဒေါသထွက်လွန်း၍ သွေးအန်မတတ် ဖြစ်သွားကြရသည်။

'ဒါက ခက်ခဲနေသေးတယ် ဟုတ်လား။ ဒါဆို မင်းအမြင်မှာ ချက်ချင်း အပြတ်မသတ်နိုင်တာမှန်သမျှ ခက်ခဲတယ်လို့ သတ်မှတ်တာပေါ့၊ ဟုတ်လား '

ထိုလူနှစ်ယောက်သည် ချင်ယွမ်ဖုန်း၏ ဘိုးဘွားဘီဘင် တစ်ဆယ့်ရှစ်ဆက်တိုင်အောင် စိတ်ထဲမှနေ၍ ကျိန်ဆဲနေကြသော်လည်း အချည်းနှီးသာ ဖြစ်ချေသည်။

ခရမ်းရောင်မီးသည် ထိုလူနှစ်ယောက်လုံးကို လွှမ်းခြုံသွားပြီး စတင်သန့်စင်တော့သည်။

ထိုအခါမှ လူနှစ်ယောက်လုံး ငြိမ်ကျသွားပြီး ကိုယ်ရံစွမ်းအင် အကာအကွယ်ဒိုင်းကို လျင်မြန်စွာ မြှင့်တင်လိုက်ကြသော်လည်း သူတို့၏ ကိုယ်တွင်းစွမ်းအင် ကုန်ဆုံးမှုနှုန်းမှာ ကြောက်ခမန်းလိလိ ဖြစ်နေသဖြင့် ကြာရှည်စွာ တောင့်ခံနိုင်စွမ်း မရှိတော့ချေ။

ချင်ယွမ်ဖုန်းသည် ဝိညာဉ်စွမ်းအား လက်ဝါးကြီးများ၏ အပြင်ဘက်သို့ ရောက်လာပြီး "ဟေး၊ ငါ မင်းတို့ကို မေးခွန်းတစ်ခု မေးပါရစေ" ဟု ဆိုလိုက်သည်။

သူတို့နှစ်ဦးစလုံး စကားမဆိုနိုင်ကြပေ။ ယခုအချိန်တွင် ဝိညာဉ်စွမ်းအားကို ခွဲခြမ်းစိတ်ဖြာရန် မဝံ့ရဲကြတော့ချေ။

ကိုယ်တွင်းစွမ်းအင် အကာအကွယ်ဒိုင်းထဲ၌ ရှိနေသော်လည်း သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံး လောင်ကျွမ်းတော့မတတ် ကြောက်မက်ဖွယ်ကောင်းသော အပူရှိန်ကို ခံစားနေရသည်။

"ငါ့ကိုသတ်ဖို့ ဘယ်သူ စေခိုင်းတာလဲ" ချင်ယွမ်ဖုန်းက မေးလိုက်သည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကုန်းယွမ်က နောက်ဆုံးတွင် အော်ဟစ်ပြောဆိုလိုက်တော့သည်။

"ရှာလန်ပဲ။ အကြွေးမှာ သခင်ရှိတယ်၊ ရန်ညှိုးမှာ အကြောင်းရှိတယ်။ မင်း တစ်ယောက်ယောက်ကို ရှာချင်ရင် ရှာလန်ကိုသွားရှာ။ ငါတို့က ဝိညာဉ်ကျောက်တုံး ရဖို့အတွက်ပဲ လုပ်ငန်း သဘောအရ လုပ်တာ"

"အော်... ရှာလန်ပေါ့လေ" ချင်ယွမ်ဖုန်းသည် အံ့ဩသွားပုံမရဘဲ "အရင်တုန်းကလည်း ငါ့ကိုသတ်ဖို့ လူသတ်သမားတွေ ရောက်လာသေးတယ်။ အဲဒီအကြောင်း မင်းတို့ ဘာများသိလဲ" ဟု မေးပြန်သည်။

ကုန်းယွမ်နှင့် ကုန်းကွမ်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့နှစ်ဦးစလုံး ချင်ယွမ်ဖုန်းအား ယခင်က လုပ်ကြံရန် ကြိုးပမ်းမှုများကို သိရှိကြပြီး ထိုလုပ်ကြံမှု နှစ်ကြိမ်စလုံး ကျရှုံးခဲ့ရသည်။

ထိုသို့မဟုတ်ပါက ချင်ယွမ်ဖုန်းအား လုပ်ကြံမည့် အဖိုးအခမှာ ယခုမျှအထိ မြင့်မားနေမည်မဟုတ်ပေ။

"ငါတို့ သိတယ်၊ ငါတို့ သိတယ်" ကုန်းယွမ်က ထပ်မံအော်ဟစ်သည်။

"ဒါဆိုရင် အဲဒီအချိန်တုန်းက ငါ့ကို ဘယ်သူက သတ်ချင်တာလဲ" ချင်ယွမ်ဖုန်းက အေးစက်စွာ မေးလိုက်သည်။

ပြီးခဲ့သည့်အကြိမ်က လူသတ်သမား ရောက်လာသောအခါ ထိုသူက အမျိုးသမီးတစ်ဦး ဖြစ်ကြောင်းသာ ပြောခဲ့ပြီး မည်သူမည်ဝါမှန်း မသိခဲ့ပေ။

ကုန်းကွမ်းနှင့် ကုန်းယွမ်တို့သည် ကျင့်စဉ်အဆင့် ပိုမိုမြင့်မားပုံရသဖြင့် တစ်ခုခုကို သိရှိနိုင်တန်ရာသည်။

"ဘယ်သူလဲဆိုတာ ငါတို့မသိဘူး၊ ဒါပေမဲ့ အမျိုးသမီးတစ်ယောက်ဆိုတာတော့ ငါသိတယ်"

ကုန်းယွမ်က အလျင်အမြန် ပြောလိုက်သည်။

ချင်ယွမ်ဖုန်းသည် အတန်ငယ် စိတ်ပျက်သွားပြီး "အော်၊ ဒါကတော့ ငါသိပြီးသားပဲ" ဟု ဆိုချေသည်။

"ဒါဆို... မင်းသာ ငါတို့ကို လွှတ်ပေးမယ်ဆိုရင် ငါတို့ အဲဒီလူကို ရှာပေးမယ်၊ မင်းအတွက် သေချာပေါက် ရှာပေးပါ့မယ်" ဟု ကုန်းကွမ်းကလည်း ထိုအချိန်တွင် အလျင်အမြန် အော်ဟစ်လိုက်သည်။

သူတို့နှစ်ဦးစလုံး သေခြင်းတရား၏ ခြိမ်းခြောက်မှုကို ခံစားနေရသဖြင့် အလျင်အမြန် အော်ဟစ်တောင်းပန်နေကြခြင်း ဖြစ်သည်။

သို့သော် ချင်ယွမ်ဖုန်းက ခေါင်းခါလိုက်ပြီး "ငါ့ကို သတ်ချင်တဲ့လူတွေ အများကြီးပဲ။ ငါ အနိုင်ယူနိုင်တဲ့လူတွေ အားလုံး သေကုန်ကြပြီ။ ငါ အနိုင်မယူနိုင်သေးတဲ့ လူတွေလည်း နောင်ကျရင် ငါ့လက်နဲ့ပဲ သေရမှာပဲ" ဟု ဆိုလိုက်သည်။

"မလုပ်ပါနဲ့၊ တောင်းပန်ပါတယ်။ ငါတို့နှစ်ယောက် မင်းကို တကယ် ကူညီနိုင်ပါတယ်" ကုန်းယွမ်သည် ထိတ်လန့်တုန်လှုပ်သွားသည်။ ယခုအချိန်တွင် သူတို့၏ ကိုယ်တွင်းစွမ်းအင် အကာအကွယ်ဒိုင်းမှာ ပါးလွှာသော အလွှာတစ်ခုသာ ကျန်တော့သဖြင့် ကြာရှည်စွာ တောင့်ခံနိုင်တော့မည် မဟုတ်သည်မှာ ထင်ရှားလှပေသည်။

"တော်စမ်း ငါ မင်းတို့ကို မယုံဘူး"

လူသတ်သမားဟူသည် လုပ်ငန်းသဘောအရ ငွေကြေးအတွက်သာ လုပ်ဆောင်ကြသူများ ဖြစ်ရာ ချင်ယွမ်ဖုန်းအနေဖြင့် သူတို့ကို ယုံကြည်မည်မဟုတ်သည်မှာ ဓမ္မတာပင် ဖြစ်သည်။

မီးလျှံများသည် လူသတ်သမားနှစ်ဦးကို ချက်ချင်း လွှမ်းခြုံသွားသော်လည်း သူတို့ကို ပြာကျအောင် မသန့်စင်သေးပေ။

ထိုလူနှစ်ဦးသည် နောက်ဆုံးတွင် မြင့်မားလှသော အပူရှိန်ကို မခံမရပ်နိုင်ဖြစ်ကာ ခန္ဓာကိုယ်များ အရည်ပျော်လုမတတ် ဖြစ်လာပြီး ခဏအကြာတွင် မေ့လဲလုနီးပါး ဖြစ်သွားကြသည်။

ထိုအခါ ချင်ယွမ်ဖုန်းသည် ဝိညာဉ်စွမ်းအား လက်ဝါးကြီးများထဲသို့ လက်ကိုဆန့်တန်းကာ သူတို့၏ ဦးခေါင်းထိပ်ပေါ်သို့ တင်လိုက်တော့သည်။

ကြီးမားလှသော စုပ်ယူမှုအားတစ်ခု ဖြစ်ပေါ်လာပြီး သူတို့နှစ်ဦးစလုံး၏ ကျင့်စဉ်အဆင့်များသည် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ထဲသို့ လုံးဝ စုပ်ယူခြင်း ခံလိုက်ရသည်။

တစ်ချိန်တည်းမှာပင် ချင်ယွမ်ဖုန်းသည် သူတို့၏ အတိတ်မှတ်ဉာဏ်များကို စစ်ဆေးရန် ဝိညာဉ်ရှာဖွေခြင်းပညာရပ်ကိုလည်း အသုံးပြုလိုက်သည်။

မကြာမီ ချင်ယွမ်ဖုန်းသည် သူတို့၏ မှတ်ဉာဏ်အားလုံးကို သိရှိသွားခဲ့သည်။ ပြီးခဲ့သည့်အကြိမ်က ချင်ယွမ်ဖုန်းအား လုပ်ကြံရန် တာဝန်ပေးအပ်ခဲ့သော အမျိုးသမီးမှာ မည်သူမည်ဝါ ဖြစ်ကြောင်းကို သူတို့ တကယ်ပင် မသိရှိကြချေ။

ကုန်းကွမ်းနှင့် ကုန်းယွမ် ညီအစ်ကိုနှစ်ဦးသည် ယမမင်း အဖွဲ့အစည်းမှ လေ့ကျင့်ပေးထားသော လူသတ်သမားများ ဖြစ်ကြပြီး ခက်ခဲသော ပစ်မှတ်များစွာကို သတ်ဖြတ်ခဲ့ဖူးသဖြင့် လုပ်ငန်းနယ်ပယ်အတွင်း အတန်အသင့် နာမည်ကျော်ကြားသူများ ဖြစ်ကြသည်။

သို့သော် ယခုအချိန်တွင်မူ သူတို့၏ ကျင့်စဉ်အဆင့်အားလုံးသည် ချင်ယွမ်ဖုန်းအတွက် သူတစ်ပါးကောင်းကျိုး သက်သက်သာ ဖြစ်သွားရချေတော့သည်။

သူတို့၏ ကျင့်စဉ်အဆင့်များကို စုပ်ယူပြီးနောက် မီးလျှံများသည် ချက်ချင်း အရှိန်ပြင်းစွာ တောက်လောင်သွားပြီး ထိုလူနှစ်ဦးကို ပြာပုံတစ်ခုအဖြစ်သို့ ပြောင်းလဲပစ်လိုက်တော့သည်။

ချင်ယွမ်ဖုန်းသည်မူ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် ကောင်းကင်ယံမှနေ၍ ငှက်မွှေးတစ်စကဲ့သို့ ဖြည်းညှင်းစွာ လွင့်မျောကျလာပြီး မြေပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်သက်ရောက်သွားချေသည်။

တစ်ရက်နှင့် တစ်ည လွန်မြောက်ပြီးနောက် ချင်ယွမ်ဖုန်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

သူသည် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိရာ နှလုံးသားတစ်ခုလုံး ဝမ်းမြောက်ခြင်းများဖြင့် ပြည့်နှက်သွားရသည်။

ကုန်းယွမ်နှင့် ကုန်းကွမ်း ညီအစ်ကိုတို့၏ ကျင့်စဉ်အဆင့်ကို စုပ်ယူပြီးနောက် ချင်ယွမ်ဖုန်း၏ ကျင့်စဉ်နယ်ပယ်သည် တိုက်ရိုက်တစ်ဆင့် မြင့်တက်သွားပြီး စတုတ္ထအဆင့် ဘိုးဘေးနယ်ပယ်သို့ ချဉ်းနင်းဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။

ဒါက ချင်ယွမ်ဖုန်းကို အလွန်ပင် စိတ်လှုပ်ရှားသွားစေသည်။ သူသည် သားရဲခြေဆန့်ကျွန်းပေါ်တွင် ဆုံးရှုံးခဲ့ရသမျှ အရာအားလုံးကို နောက်ဆုံးတွင် ပြန်လည်ရရှိခဲ့ပြီ ဖြစ်သည်။

သူသည် မတ်တပ်ရပ်လိုက်ရာ သူ၏ အရိုးများဆီမှ တဂျောက်ဂျောက်မြည်သံများ ထွက်ပေါ်လာသည်။ အားကောင်းလှသော ဖိနှိပ်မှုအရှိန်အဝါတစ်ခုသည် သူ၏ခန္ဓာကိုယ်မှနေ၍ လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ဆာဆာထွက်ပေါ်လာပြီး ခဏအကြာတွင် ထိုဖိနှိပ်မှုအရှိန်အဝါသည် ဒီရေကဲ့သို့ပင် ချင်ယွုန်းဖုန်း၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်စီးဝင်သွားချေသည်။

"ရှောင်လင်၊ ငါ့ရဲ့ အရည်ချင်းပြကွက်ကို ပြစမ်းပါဦး" ချင်ယွမ်ဖုန်းက တိုးညှင်းစွာ ဆိုလိုက်သည်။

သခင် ချင်ယွမ်ဖုန်း

အသက် ၂၂ နှစ်

ကျင့်စဉ်အဆင့်: စတုတ္ထအဆင့် ဘိုးဘေးနယ်ပယ်၊ ဆဋ္ဌမအဆင့် ဆေးဖော်စပ်သူ၊ ဆဋ္ဌမအဆင့် ဝိညာဉ်အဆောင်လက်ဖွဲ့ ဖန်တီးသူ

တိုက်ခိုက်ရေးပညာ: ဝိညာဉ်ရှာဖွေခြင်းပညာရပ်၊ အဆိပ်တစ်သောင်း ပညာရပ်၊ မိုးတိမ်လွင့် ပညာရပ်၊ ကောင်းကင်ဘုံ သန့်စင်ခြင်း ပညာရပ်၊ အလောင်းကောင်ရုပ်သေး ပညာရပ်၊ ယင်ယန်ပေါင်းစပ်ခြင်း ပညာရပ်၊ ဝိညာဉ်သားရဲထိောင်းကျောင်းရေး ပညာရပ်၊ နဂါးဟိန်းသံပညာရပ်၊ ဓားဆွဲ ခုတ်ချက်၊ လင်းနို့အသွင်ပြောင်းခြင်း ပညာရပ်၊ သွေးပေါက်ကွဲခြင်း ပညာရပ်၊ မီးလျှံကောင်းကင်ခုတ်ချက်၊ နေဝင်ချိန်တစ်ချက်ခုတ်၊ ဗုဒ္ဓဂါထာတော် လက်ဝါး၊ ဝရဇိန်ခန္ဓာပညာရပ်၊ ကြိုတင်သိမြင်ခြင်း၊ မိုးကြိုးမီးလျှံ ဗုံးသီး၊ နဂါးသတ်ချက်၊ ဝိညာဉ်ချီပေါက်ကွဲခြင်း၊ အရိပ်ဆိုးသတ်ဖြတ်ခြင်း၊

ခရမ်းရောင်မီး၊ ရွှေရောင်မိုးကြိုး၊ ဟင်းလင်းပြင်၊ ရေခဲ၊ နဂါးအရှိန်အဝါ၊ မြေကမ္ဘာ

ကျင့်ကြံခြင်းပညာရပ်: စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ်

ယုံကြည်မှုတန်ဖိုး: ၄၉၀၁၆၅၃၈

ရှောင်လင်သည် ချင်ယွမ်ဖုန်း၏ စိတ်အာရုံထဲ၌ ရွှင်လန်းတက်ကြွသော ပုံစံဖြင့် ပေါ်လာသည်။

"ဂုဏ်ယူပါတယ် သခင်၊ သခင်ရဲ့ ကျင့်စဉ်အဆင့်က နောက်တစ်ဆင့် မြင့်တက်သွားပြန်ပြီ" ရှောင်လင်က ပြုံးလျက် ဆိုလိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းငြိမ့်လိုက်သော်လည်း သူ၏ တိုက်ခိုက်ရေးပညာ ကဏ္ဍတွင် ယခုအခါ 'အရိပ်ဆိုးသတ်ဖြတ်ခြင်း' ဟူသော တိုက်ခိုက်ရေးပညာအသစ်တစ်ခု ထပ်မံတိုးပွားလာသည်ကို လျင်မြန်စွာ သတိပြုမိသွားသည်။

"ဒါက ဘာလဲ။ ကုန်းယွမ်နဲ့ ကုန်းကွမ်း ညီအစ်ကိုတွေဆီကနေ စုပ်ယူလိုက်တာလား" ချင်ယွမ်ဖုန်းက မေးလိုက်သည်။

ရှောင်လင်က ခေါင်းငြိမ့်ရင်း "ဟုတ်ပါတယ် သခင်။ ဒါက အလွန် အားကောင်းတဲ့ လုပ်ကြံသတ်ဖြတ်ရေး သိုင်းပညာရပ်တစ်ခုပါ။ သခင် ဒါကို ကောင်းကောင်း အသုံးချရပါမယ်" ဟု ဆိုချေသည်။

"နားလည်ပြီ" ချင်ယွမ်ဖုန်းက ခေါင်းငြိမ့်လိုက်ပြီး ထိုတိုက်ခိုက်ရေးပညာကို စတင်လေ့လာတော့သည်။

အရိပ်ဆိုးသတ်ဖြတ်ခြင်းသည် ကမ္ဘာမြေအဆင့်မြင့် တိုက်ခိုက်ရေးပညာရပ်တစ်ခုဖြစ်ပြီး ကျင့်ကြံရမည့် စည်းကမ်းချက်များမှာ အလွန်ပင် တင်းကျပ်လှကာ မိမိကိုယ်ကို အရိပ်တစ်ခုအသွင် ပြောင်းလဲ၍ ရန်သူကို မမျှော်လင့်ဘဲ တိုက်ခိုက်နိုင်စွမ်း ရှိသည်။

ချင်ယွမ်ဖုန်းသည် မှင်တက်သွားရသည်။ ဒါက ယခင်က ကုန်းယွမ်နှင့် ကုန်းကွမ်းတို့ သူ၏အပေါ် အသုံးပြုခဲ့သော တိုက်ခိုက်ရေးပညာ မဟုတ်လော။ ၎င်းကို တိုက်ရိုက် စုပ်ယူရရှိလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

ဒီ 'အရိပ်ဆိုးသတ်ဖြတ်ခြင်း' ပညာရပ်သည် လူသတ်သမားများအကြား အလွန်မြင့်မားသော တိုက်ခိုက်ရေးပညာရပ်တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံရသည်။

၎င်းကို မကျင့်ကြံမီ ခန္ဓာကိုယ်အား ပြုပြင်ပြောင်းလဲမှုများနှင့် လေ့ကျင့်မှုများစွာ ပြုလုပ်ရမည့်အပြင် မိမိ၏ ခန္ဓာကိုယ်ကို ပြောင်းလဲရန်အတွက် အမျိုးမျိုးသော ဝိညာဉ်ဆေးပင် မြက်ပင်များကိုလည်း စားသုံးရမည် ဖြစ်သည်။

All Chapters