← Chapters

အခန်း ၅၇၈

Vol. 29 Ch. 578

အခန်း ၅၇၈

Vol. 29 Ch. 578

အခန်း (၅၇၈) တိမ်တိုက်မည်းနှင့် ဖီးနစ်ဖြူ

“မဖြစ်နိုင်တာ၊ ကျွန်မတို့ လောင်းကစားရုံမှာ အဲဒီလောက်အထိ များပြားတဲ့ ကျောက်တုံးဝိညာဉ်တွေ မရှိပါဘူး”

ရှောင်ဟုန်က မျက်နှာပျက်ပျက်နှင့် ပြောရှာသည်။

“မရှိဘူး ဟုတ်လား။” ချင်ယွမ်ဖုန်းက နှာခေါင်းတစ်ချက် ရှုံ့ကာ ခပ်ထဲ့ထဲ့ ရယ်လိုက်ပြီးလျှင် “မင်းတို့ဆီမှာ မရှိဘူးဆိုရင်၊ ငါက ဒီအကြောင်းကို လူသိရှင်ကြား လျှောက်ပြောရမလား။ အဲဒီလိုသာ ဖြစ်သွားရင် မင်းတို့လောင်းကစားရုံ ဒီအရပ်မှာ ဆက်ပြီး ရပ်တည်နိုင်တော့မှာ မဟုတ်ဘူးနော်”

လောင်းကစားရုံတစ်ခု အနေဖြင့် အနိုင်ရရှိသည့် လောင်းကြေးဒင်္ဂါးပြားများကို ငွေကြေးအဖြစ် ပြန်လည်မလဲလှယ်ပေးနိုင်ပါက ယုံကြည်မှု ကင်းမဲ့သွားပေလိမ့်မည်။

ထိုသို့သော ယုံကြည်မှု မရှိတော့ပါက မည်သည့်အလောင်းအစားသမားမျှ ဤနေရာသို့ လာရောက်ကစားကြတော့မည် မဟုတ်ချေ။

“ကျွန်မ... ကျွန်မ ဆရာသမားကို သွားပင့်ပေးပါ့မယ်” ဟု ရှောင်ဟုန်က တုန်တုန်ရီရီ ပြောလိုက်သည်။

ထိုစဉ် ချင်ယွဉ်ဖုန်း၏ မျက်ဝန်းအစုံက ရုတ်ချည်း အေးစက်ဝင်းလက်သွားပြီးလျှင် ရိုးတွင်းခြင်ဆီတိုင်အောင် အေးခဲသွားစေနိုင်သော အရှိန်အဝါတို့က ရှောင်ဟုန်၏ ကိုယ်ခန္ဓာအတွင်းသို့ တိုက်ရိုက် စီးဝင်သွားတော့သည်။

“ငါ့အတွက် ကျောက်တုံးဝိညာဉ်တွေကို အရင်လဲပေးပါလို့ ပြောနေတာကို မင်းနားမလည်ဘူးလား”

“ရပါတယ်ရှင်...”

ရှောင်ဟုန်၏ ကိုယ်ခန္ဓာတစ်ခုလုံး ကြောက်ရွံ့လွန်းသဖြင့် တုန်တုန်ရင်ရင် ဖြစ်သွားရသည်။

သူမသည် ချင်ယွမ်ဖုန်း၏ ရှေ့မှောက်ရှိ လောင်းကြေးဒင်္ဂါးပြားများကို အလောတကြီး သိမ်းဆည်းကာ အခန်းအပြင်ဘက်သို့ သုတ်ခြေတင် ပြေးထွက်သွားတော့သည်။

မကြာမြင့်မီ အချိန်ပိုင်းအတွင်းမှာပင် ရှောင်ဟုန်သည် ဖောင်းကားနေသော သိုလှောင်အိတ်တစ်လုံးကို ပိုက်လျက် အခန်းထဲသို့ အပြေးအလွှား ပြန်လည်ဝင်ရောက်လာခဲ့ပြီး သူမ၏ နောက်ကွယ်တွင်မူ လူရိပ်နှစ်ခု ပါဝင်လာလေသည်။

ချင်ယွမ်ဖုန်းသည် သိုလှောင်အိတ်ကို လှမ်းယူလိုက်ပြီး အထဲ၌ ရှိနေသော အရည်အသွေးမြင့် ကျောက်တုံးဝိညာဉ် အရေအတွက် သန်းနှင့်ချီ၍ ရှိသည်ကို မိမိ၏ သိုလှောင်လက်စွပ်ထဲသို့ အကုန်အစင် ထည့်သွင်းလိုက်ပြီးမှသာ စိတ်အေးသွားရတော့သည်။

အရည်အသွေးမြင့် ကျောက်တုံးဝိညာဉ် သန်းပေါင်းများစွာ။ ဤမျှအထိ များပြားလှသော ကျောက်တုံးဝိညာဉ်များကို ချင်ယွမ်ဖုန်း တစ်သက်နှင့်တစ်ကိုယ် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပေရာ စိတ်ထဲ၌ လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်မိသည်။

သို့သော်လည်း နောက်ပိုင်းတွင် ဒင်္ဂါးပြားများကို လဲလှယ်ခွင့် မရရှိတော့မည်ကို စိုးရိမ်ခဲ့သဖြင့် ရှောင်ဟုန်အား အရင်ဆုံးလဲလှယ်ပေးရန် မဆိုင်းမတွ ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်ချေသည်။

အဆုံးစွန်၌မူ သူသည် ငွေမက်သူတစ်ယောက် ဖြစ်ပေသည်။

လူရိပ်နှစ်ခုသည် ချင်ယွမ်ဖုန်း၏ ရှေ့မှောက်သို့ ရောက်ရှိလာကြသည်။

ယင်းတို့မှာ မျက်နှာထား မှောင်မှောင်မည်းမည်းနှင့် အမျိုးသားတစ်ဦးနှင့် အချိုးအစား ပြေပြစ်လှပသော ခန္ဓာကိုယ်အလှကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြသည်။

“ဂုဏ်သရေရှိ ဧည့်သည်တော်၊ ကျွန်တော်က ဒီလောင်းကစားရုံရဲ့ ဆရာသမား ဟေယွမ် ဖြစ်ပြီး၊ ဒီဘက်ကတော့ သခင်မ ပိုင်ဖုန်း ဖြစ်ပါတယ်။ ကျွန်တော်တို့ လာရတဲ့ အကြောင်းရင်းကတော့ မိတ်ဆွေနဲ့ မိတ်ဆွေဖွဲ့ချင်လို့ပါ” ဟု ထိုအမျိုးသားက ဆိုလာသည်။

ချင်ယွမ်ဖုန်းက ပြုံးလိုက်၏။ သူ၏ စိတ်ဝိညာဉ်စွမ်းအားအရ အခန်းအပြင်ဘက်တွင် ယမမင်း အဖွဲ့အစည်းမှ လူသတ်သမား အနည်းဆုံး အယောက်နှစ်ဆယ်ခန့်က ဝိုင်းရံပိတ်ဆို့ထားကြောင်း သိရှိပြီး ဖြစ်ပေသည်။

“ကောင်းပြီလေ၊ ငါလည်း မိတ်ဆွေဖွဲ့ရတာ ဝါသနာပါတယ်” ချင်ယွမ်ဖုန်းက မတ်တပ်ရပ်လိုက်ပြီး ထိုအမျိုးသားထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားသည်။

ထိုအမျိုးသားက မျက်မှောင်ကြုတ်လျက် ချင်ယွမ်ဖုန်းအား စိုက်ကြည့်နေမိရာမှ သူ၏ အကြည့်တို့က တဖြည်းဖြည်းနှင့် ကြောက်ရွံ့တုန်လှုပ်မှုများအဖြစ် ပြောင်းလဲသွားတော့သည်။

“မင်း... မင်းက ချင်ယွမ်ဖုန်းလား” ဟု ထိုလူက အသံဗြာကြီးနှင့် အော်ဟစ်လိုက်မိသည်။

“ ဟေယွမ်ထံမှ တုန်လှုပ်ချောက်ချားမှု +၁၀၀ ရရှိသည်။”

“ပိုင်ဖုန်းထံမှ တုန်လှုပ်ချောက်ချားမှု +၁၀၀ ရရှိသည်။”

“တာဝန်ခံနှစ်ယောက်စလုံး ကိုယ်တိုင်ကိုယ်ကျ ထွက်လာကြတာပဲ၊ တကယ့်ကို အံ့ဩစရာ ကောင်းလှပေတယ်” ချင်ယွမ်ဖုန်းက ပြုံးရွှင်စွာ ပြောဆိုရင်း ပိုင်ဖုန်းအား လှမ်း၍ ကြည့်လိုက်သည်။

ပိုင်ဖုန်း၏ မျက်နှာပေါ်တွင်လည်း ကြောက်ရွံ့မှု အရိပ်အယောင်များ ထင်ဟပ်သွားရ၏။ ၎င်းတို့၏ ရွှေတံဆိပ်ရ လူသတ်သမားပင်လျှင် ချင်ယွမ်ဖုန်း၏ လက်ချက်ဖြင့် အသက်ပျောက်ခဲ့ရသည်ကို ၎င်းတို့ သိရှိပြီး ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းနှင့် ရင်ဆိုင်ရပါက ၎င်းတို့အနေဖြင့် အနိုင်ရရှိရန် အခွင့်အလမ်း လုံးဝမရှိဟု ဆိုရပေမည်။

“မင်း... မင်း ဘာလုပ်ချင်လို့လဲ” ဟု ပိုင်ဖုန်းက အေးစက်စက် လေသံဖြင့် မေးမြန်းလိုက်သည်။

“ငါ ဘာမှလုပ်ဖို့ အစီအစဉ်မရှိပါဘူး။ မင်းတို့ ယမမင်း အဖွဲ့က ငါ့ကို အကြိမ်ကြိမ်အလီလီ သတ်ဖို့ ကြိုးစားခဲ့ကြတယ် မဟုတ်လား။ အခုတစ်ခေါက် ငါလာရတာက မင်းတို့ကို သတိပေးရုံ သက်သက်ပါပဲ” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆို၏။

“ချင်ယွမ်ဖုန်း၊ မင်း ရူးနေတာလား။ ယမမင်း အဖွဲ့အစည်းရဲ့ စစ်မှန်တဲ့ အင်အားကို မင်းသိရဲ့လား။ ငါတို့က ယမမင်းရဲ့ အသင်းခွဲတစ်ခုမျှသာ ရှိသေးတာ။ မင်းသာ ငါတို့ကို ရန်စမယ်ဆိုရင် ယမမင်းရဲ့ အစွမ်းထက်တဲ့ လူသတ်သမားကြီးတွေက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး”

ဟေယွမ်က ထိုသို့ ခြိမ်းခြောက် စကားဆိုလာသည်။

သို့ရာတွင် ချင်ယွမ်ဖုန်းကမူ လှောင်ပြုံးပြုံးလျက် “အလွတ်မပေးဘူး ဟုတ်လား။ ငါက မင်းတို့ကို ရန်စခင်တုန်းကလည်း မင်းတို့က ငါ့ကို အလွတ်မပေးခဲ့ကြပါဘူး”

“ချင်ယွမ်ဖုန်း၊ မင်း ဒီလောက်အထိ ခေါင်းမမာစမ်းနဲ့။ မင်း ယမမင်း အဖွဲ့ရဲ့ တကယ့်အင်အားကို နားမလည်သေးလို့ပါ” ဟေယွမ်က ဒေါသတကြီး အော်ဟစ်တော့သည်။

သို့သော် ထိုအချိန်တွင် ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လိုက်ပြီး လျှပ်တပြက်အတွင်းမှာပင် ဟေယွမ်၏ ရှေ့မှောက်သို့ ရောက်ရှိသွားကာ သူ၏ လည်ပင်းကို ဖမ်းဆုပ်လိုက်တော့သည်။

“မလှုပ်နဲ့၊ လှုပ်ရင် အသက်ပျောက်သွားမယ်”

ချင်ယွမ်ဖုန်းက အေးစက်စွာ ပြောဆိုလိုက်စဉ် နဂါးကျောရိုးဓားက ပိုင်ဖုန်း၏ ပခုံးထက်သို့ အဆင်သင့် ရောက်ရှိနေပြီ ဖြစ်ပေသည်။

ဟေယွမ်နှင့် ပိုင်ဖုန်းတို့သည် ဤနေရာ၏ တာဝန်ခံများ ဖြစ်ကြသော်လည်း ဟေယွမ်က ကိုးဆင့်မြောက် မဟာဆရာ နယ်ပယ်မျှသာ ရှိသေးပြီး၊ ပိုင်ဖုန်းသည်လည်း ပထမအဆင့် ဘိုးဘေးနယ်ပယ်မျှသာ ရှိသေးသည်။

ချင်ယွမ်ဖုန်း၏ ရှေ့မှောက်တွင်မူ ၎င်းတို့သည် ကလေးငယ်များကဲ့သို့သာ ဖြစ်ချေသည်။

ပိုင်ဖုန်းသည် နဂါးကျောရိုးဓားထံမှ ထွက်ပေါ်လာသော အအေးဓာတ်ကို ခံစားမိပြီး ရောက်ရာအရပ်၌ပင် ကြက်သေ သေသွားရရှာသည်။

ချင်ယွမ်ဖုန်း ပြောသော စကားအပေါ်တွင် သူမ သံသယ ဖြစ်ရဲခြင်း မရှိတော့ပေ။

ချင်ယွမ်ဖုန်းသည် ဟေယွမ်၏ လည်ပင်းကို ညှစ်ထားလျက် အခန်းအပြင်ဘက်သို့ ဖြည်းဖြည်းချင်း လျှောက်လှမ်း ထွက်ခွာလာခဲ့သည်။

ထိုအချိန်တွင် အခန်းပြင်ပရှိ အယောက်နှစ်ဆယ်ကျော်သော လူသတ်သမားများသည် ချင်ယွမ်ဖုန်းက မိမိတို့၏ ဆရာသမားလည်ပင်းကို ညှစ်ထားသည်ကို မြင်တွေ့ရသဖြင့် ရှေ့သို့ မတိုးရဲဘဲ ရှိနေကြ၏။

“ပြေးကြ၊ အားလုံးပဲ အမြန်ပြေးကြတော့” ဟု ပိုင်ဖုန်းက ထိုအချိန်တွင် အေးစက်စွာ အမိန့်ပေးလိုက်သည်။

လူသတ်သမားများမှာ အလွန်တရာ ဝေခွဲမရ ဖြစ်သွားကြရသည်။ ဤလူက မိမိတို့ အိမ်တံခါးဝအထိ လာရောက် ရန်စနေသည်ကို အဘယ်ကြောင့် ထွက်ပြေးရမည်နည်း။ ဤသူက မည်သူမို့လို့နည်း။

ပိုင်ဖုန်းသည် လူသတ်သမားများ၏ မျက်နှာအမူအရာကို မြင်သောအခါ ဒေါသမထိန်းနိုင်ဘဲ “အားလုံးပဲ အမြန်ဆုံး မပြေးကြသေးဘူးလား” ဟု ထပ်မံအော်ဟစ်ရတော့သည်။

လူသတ်သမားများသည် ခဏမျှ တုံ့ဆိုင်းသွားကြသော်လည်း ပိုင်ဖုန်းအပေါ် ယုံကြည်မှု ရှိကြသည့်အတွက် လောင်းကစားရုံအတွင်းမှ လျင်မြန်စွာ ထွက်ခွာသွားကြလေသည်။

လောင်းကစားရုံအတွင်း ရှိနေကြသော အခြားလူများသည်ပင်လျှင် ထိုအချိန်၌ အလျင်အမြန်ပင် ဆုတ်ခွာသွားကြတော့သည်။

“မင်း တကယ့်ကို လိမ္မာပါးနပ်တာပဲ” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

ပိုင်ဖုန်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး “မင်း ဘာပဲလုပ်ချင်လုပ်၊ ငါတို့ နှစ်ယောက်တည်းကိုပဲ ဦးတည်လိုက်ပါ။ သူတို့က လူသတ်သမား သက်သက်မျှသာ ဖြစ်ပြီး ဘာမှမသိကြပါဘူး”

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြကာ အပြင်ဘက်သို့ လျှောက်သွားပြီး ဟေယွမ်၏ လည်ပင်းကို ကိုင်မြှောက်၍ သူ၏ ခေါင်းပေါ်သို့ ပင့်တင်လိုက်သည်။

“ဒီလောင်းကစားရုံနဲ့ မသက်ဆိုင်တဲ့လူတွေ အားလုံး အမြန်ဆုံး ထွက်သွားကြ။ မဟုတ်ရင် အသက်ပျောက်သွားတဲ့အခါ အလောင်းမြေကျဖို့ မမျှော်လင့်နဲ့” ချင်ယွမ်ဖုန်းက အေးစက်စွာ ကြေညာလိုက်သည်။

လောင်းကစားရုံအတွင်းရှိ လူများသည် စောစောစီးစီးကတည်းက ထွက်ပြေးသွားကြသဖြင့် အခြားသော လောင်းကစားသမားများမှာ အံ့ဩမှင်သက်နေကြရသည်။

ယခုအခါ ချင်ယွမ်ဖုန်းကို မြင်တွေ့လိုက်ရမှသာ အခြေအနေမှန်ကို သဘောပေါက်သွားကြပြီး လောင်းကစားရုံအတွင်းမှ အလုအယက် ပြေးထွက်သွားကြတော့သည်။

ထိုသို့ ထွက်ခွာမသွားမီ စာပွဲပေါ်ရှိ လောင်းကြေးဒင်္ဂါးပြားများကို သိမ်းဆည်းသွားရန်လည်း မမေ့မလျော့ ရှိကြပေသေးသည်။

မကြာမီအချိန်အတွင်းမှာပင် လောင်းကစားရုံကြီးအတွင်း၌ ချင်ယွမ်ဖုန်း၊ ဟေယွမ်နှင့် ပိုင်ဖုန်း သုံးဦးတည်းသာ ကျန်ရစ်တော့သည်။

“မင်း ဘာလုပ်ချင်တာလဲ” ပိုင်ဖုန်းက အေးစက်စက် မေးမြန်းလိုက်သည်။

ချင်ယွမ်ဖုန်းက ပြုံးလျက် “မင်းတို့ ယမမင်း အဖွဲ့က ငါ့ကို သတ်ချင်နေတာကို၊ ငါက ပြန်ပြီး မခုခံရဘူးလား။ အဲဒါ ဘယ်လို လောကနိယာမမျိုးလဲ”

“မင်းလည်း သိတဲ့အတိုင်း ငါတို့ ယမမင်း အဖွဲ့က ကျောက်တုံးဝိညာဉ်တွေ ရဖို့အတွက်ပဲ အလုပ်လုပ်တာ။ ဒီကိစ္စကို ဖြေရှင်းချင်ရင် မင်းအနေနဲ့ အရင်းအမြစ်ကို ရှာရလိမ့်မယ်။ ဒါ့အပြင် မင်းသာ ယမမင်း အဖွဲ့ကို ရန်စရင် နောင် အနာဂတ်မှာ အဆုံးမရှိတဲ့ လိုက်လံလုပ်ကြံမှုတွေကို ရင်ဆိုင်ရလိမ့်မယ်” ဟု ပိုင်ဖုန်းက အေးစက်စွာ ဆိုလေသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး “ငါ သိတာပေါ့။ ဒါပေမဲ့ မင်းတို့အနေနဲ့ ပိုပြီး အစွမ်းထက်တဲ့ လူတွေကို စေလွှတ်လိုက်တာက ပိုကောင်းလိမ့်မယ်။ မဟုတ်ရင်တော့ အဲဒီလူတွေ အားလုံးက ငါ့အတွက် ခြေနင်းကျောက်တုံးတွေ ဖြစ်သွားကြလိမ့်မယ်”

“မင်း...” ပိုင်ဖုန်းသည် ရုတ်ချည်း လက်သီးကို တင်းတင်းဆုပ်လိုက်မိသော်လည်း ချင်ယွမ်ဖုန်းအား တိုက်ခိုက်ရန် မဝံ့မရဲ ဖြစ်နေရှာသည်။

“ဒေါသမထွက်ပါနဲ့။ ငါ သိချင်တာက အခုတစ်ခေါက် ငါ့ကို လုပ်ကြံဖို့ တာဝန်ကို ဘယ်သူက အပ်နှံခဲ့တာလဲ ဆိုတာပါပဲ” ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည်နှင့် ဟေယွမ်သည် ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ မူလချီစွမ်းအားများကို စုစည်းရန် ပြင်ဆင်တော့သည်။

သို့သော်လည်း ချင်ယွမ်ဖုန်းက ဟေယွမ်အား အေးစက်စွာ လှမ်း၍ ကြည့်လိုက်ရုံမျှဖြင့် ဟေယွမ် အပင်ပန်းခံ စုဆောင်းထားသော မူလချီစွမ်းအားများမှာ ရုတ်ချည်း

ပျက်ပြယ်သွားရတော့သည်။

“အော်... ဒါဆို မင်းတို့က ရှာလန်ဆီက တာဝန်ကို လက်ခံခဲ့တာပေါ့ ဟုတ်လား။” ချင်ယွမ်ဖုန်းက ခပ်ထဲ့ထဲ့ လှောင်ပြုံးပြုံးလိုက်ပြီးနောက် သူ၏ လက်ဖဝါးဆီမှ ပြင်းထန်သော စုပ်ယူမှု အရှိန်အဝါတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာကာ ဟေယွမ်၏ ကျင့်စဉ်စွမ်းအားများကို လျင်မြန်စွာ စုပ်ယူပစ်လိုက်တော့သည်။

ထို့နောက် ချင်ယွမ်ဖုန်းသည် ဟေယွမ်၏ ရုပ်အလောင်းကို ခွေးသေတစ်ကောင်အား ပစ်ချလိုက်သကဲ့သို့ ဂရုမစိုက်စွာ ဘေးသို့ လွှင့်ပစ်လိုက်လေသည်။

“ကောင်းပြီ၊ နောက်ထပ် မေးခွန်းတစ်ခု ရှိသေးတယ်၊” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆက်လက်ပြောဆိုသည်မှာ “အရင်တုန်းက ဆေးဖော်စပ်သူများအသင်း ဌာနချုပ်မှာ ငါ့ကို လာပြီးလုပ်ကြံတဲ့ ယမမင်းအဖွဲ့က လူသတ်သမားကကော ဘယ်သူ့ရဲ့ လက်ချက်လဲ”

“ငါ မသိဘူး ချင်ယွမ်ဖုန်း။ငါတို့ ယမမင်းအဖွဲ့က အလုပ်အပ်နှံသူတွေရဲ့ အမည်နာမ လျှို့ဝှက်ချက်ကို အမြဲတမ်း ထိန်းသိမ်းထားလေ့ရှိတယ်။ နင့်အနေနဲ့ ငါတို့ဆီကနေ ဘာအချက်အလက်မှ ရဖို့ မမျှော်လင့်နဲ့။ ဒါ့အပြင် အဲဒီတုန်းက တာဝန်ကို ငါတို့ အသင်းခွဲက လက်ခံခဲ့တာ မဟုတ်တဲ့အတွက် ပိုပြီးတော့တောင် သိနိုင်စရာ အကြောင်းမရှိဘူး” ဟု ပိုင်ဖုန်းက အေးစက်စွာ တုံ့ပြန်ပြောဆိုသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး “ဒါဆိုရင်လည်း ထားလိုက်ပါတော့”

All Chapters