← Chapters

အခန်း ၅၈၂

Vol. 29 Ch. 582

အခန်း ၅၈၂

Vol. 29 Ch. 582

အခန်း (၅၈၂) စိန်ခေါ်ရာမြို့တော်

ချင်းချန်ဂိုဏ်းမှ လူများသည် ချင်ယွမ်ဖုန်း ဖြည်းညှင်းစွာ ထွက်ခွာသွားသည်ကို ကြည့်ရင်း အတန်ကြာအောင် မည်သူမျှ စကားမဆိုနိုင်ဘဲ ရှိချေသည်။

“ဂိုဏ်းချုပ်... ချင်ယွမ်ဖုန်းက ဘာလုပ်မလို့လဲ” ဂိုဏ်းကြီးကြပ်သူ အကြီးအကဲတစ်ဦးက မေးမြန်းလိုက်၏။

ပန်ကျော့သည် တတ်နိုင်ခြင်းမရှိသည့်နှယ် ခေါင်းကို ခါယမ်းကာ ခါးသီးစွာ ပြုံးလိုက်ပြီးလျှင် “သူက ဘာလုပ်ဦးမှာလဲ... လူသတ်ဖို့ သွားတာပေါ့” ဟု ဆိုသည်။

သူ့ခန့်မှန်းချက်သည် မှန်ကန်ပေရာ ချင်ယွမ်ဖုန်းသည် အမှန်တကယ်ပင် လူသတ်ရန် သွားခြင်း ဖြစ်ချေသည်။

ရှာမိသားစုအပေါ် ပေးမည့် ပြစ်ဒဏ်သည် စတင်ရုံသာ ရှိသေးသည်။

ရှာမိသားစု၏ အခြားသော အဖွဲ့ဝင်များသည် ချင်မိသားစု ပျက်စီးခြင်းအကြောင်းကို ရေရေရာရာ မသိကြပေ။

အဓိက တာဝန်ရှိသူများမှာ ရှာမိသားစု၏ အကြီးအကဲများနှင့် မဟာအကြီးအကဲများသာ ဖြစ်ကြသည်။

ထိုသူများကသာ ချင်မိသားစုကို ကိုယ်တိုင်ကိုယ်ကျ ချေမှုန်းဖျက်ဆီးခဲ့ကြခြင်း ဖြစ်ပေသည်။

ထို့ကြောင့် ချင်ယွမ်ဖုန်း၏ ကလဲ့စားချေမှုသည် ထိုသူများဆီသို့သာ ဦးတည်နေတော့သည်။

မျှော်လင့်မထားဘဲ တစ်ရက်အတွင်းမှာပင် အခြားသော မဟာအကြီးအကဲတစ်ဦးသည်လည်း ဓမ္မတာအတိုင်းမဟုတ်ဘဲ သေဆုံးသွားခဲ့ရပြီး ချင်မိသားစု၏ ဘိုးဘွားစင်မြှင့်ရှိရာ အရပ်မျက်နှာသို့ ဒူးထောက်လျက်သား ရှိနေဆဲ ဖြစ်ချေသည်။

ဤသို့ ဖြစ်ပျက်လာသည်တွင် ရှာမိသားစု၏ အကြီးအကဲများသည် ဆက်လက်၍ မထိုင်နိုင်တော့ဘဲ အားလုံးပင် နန်းတော်သို့ သွားရောက်ကာ ရှာလန်၏ အကာအကွယ်ကို တောင်းခံကြတော့သည်။

ချင်ယွမ်ဖုန်းအနေဖြင့် ရှာလန်အား ဒုက္ခပေးရန် နန်းတော်တွင်းအထိ အမှန်တကယ် ဝင်ရောက်ရဲလိမ့်မည်မဟုတ်ဟု ယုံကြည်နေကြသည်။

ထိုသို့ဖြင့် ထျန်းတူး ပြည်နယ်မြို့တော်၏ လှိုင်းတံပိုးများသည် ရုတ်ချည်း ငြိမ်သက်သွားခဲ့ပြီး ချင်ယွမ်ဖုန်းသည်လည်း နောက်တစ်ကြိမ် ထပ်မံပေါ်ပေါက်မလာတော့ဘဲ ပျောက်ကွယ်သွားသည့်နှယ် ရှိတော့သည်။

ချီဖုန်းချောက်ကမ္ဘာသည် သဘာဝအတိုင်း ဖြစ်တည်နေသော ချောက်ကမ္ဘာကြီးတစ်ခု ဖြစ်ပြီး ဘေးတစ်ဖက်တစ်ချက်စီတွင် အလွန်တရာ မြင့်မားလှသော တောင်ထိပ်များ ရှိကာ အလယ်တွင်မူ ကျဉ်းမြောင်းသော လမ်းကြောင်းတစ်ခုသာ ကျန်ရှိလေသည်။

ကျော်ကြားလှသော စိန်ခေါ်ကွင်းတစ်ခု ဖြစ်သည်နှင့်အညီ များစွာသော ပါရမီရှင်များသည် ဤနေရာသို့ လာရောက်၍ အသေအလဲ စိန်ခေါ်တိုက်ခိုက်ခဲ့ကြဖူးသဖြင့် မရေတွက်နိုင်သော ဒဏ္ဍာရီများကို ချန်ရစ်ခဲ့ကြချေသည်။

ချောက်ကမ္ဘာ၏ အလွန်တွင်မူ သိပ်သည်းလှသော တောင်တန်းများနှင့် တောအုပ်များ ရှိနေပြီး ယင်းက လုယွဲ့အင်ပါယာနှင့် အဝေးအနောက်ဘက်ရှိ ထန်ဂူဒေသတို့ကို ပိုင်းခြားထားသည့် သဘာဝအတားအဆီးတစ်ခု ဖြစ်နေသည်။

ထန်ဂူဒေသသည် ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်တွင် အဂမ္ဘီရအဆန်ဆုံး နေရာတစ်ခု ဖြစ်ပေသည်။ ဒဏ္ဍာရီများအရ ထိုနေရာသည် ရှေးအကျဆုံးသော အပျက်အစီးများ တည်ရှိရာနေရာ ဖြစ်သော်လည်း ကံဆိုးစွာပင် တောင်တန်းများနှင့် ချောက်ကမ္ဘာများအတွင်း၌ မရေတွက်နိုင်သော ဘေးအန္တရာယ်များ ခိုအောင်းနေသဖြင့် သိုင်းပညာရှင် အများစုကို ပိတ်ဆို့ထားသကဲ့သို့ ဖြစ်နေသည်။

ဘိုးဘေးနယ်ပယ်သို့ တက်လှမ်းအောင်မြင်ပြီးသော အစွမ်းထက်ပုဂ္ဂိုလ်များသာလျှင် ယင်းကို ကျော်ဖြတ်၍ ပျံသန်းနိုင်ပေလိမ့်မည်။

ခရီးနှင်လာခဲ့သည်မှာ လဝက်ခန့် ကြာပြီးနောက်တွင် ချင်ယွမ်ဖုန်းသည် ချီဖုန်းချောက်ကမ္ဘာသို့ ရောက်ရှိလာခဲ့သည်။

ဤနေရာ၏ ပတ်ဝန်းကျင် အခြေအနေသည် အတန်ငယ် ကြမ်းတမ်းလှသဖြင့် လူသားများ နေထိုင်ရန် မသင့်တော်ဟု ထင်မှတ်စရာ ရှိချေသည်။

သို့သော်ငြား အံ့ဩစရာကောင်းလှသည်မှာ ဤနေရာ၌ အလွန်ကျော်ကြားသော မြို့ငယ်လေးတစ်မြို့ ရှိနေခြင်းပင် ဖြစ်သည်။ယင်းကို စိန်ခေါ်ရာမြို့တော်ဟု ခေါ်ဆိုကြသည်။

ချီဖုန်းချောက်ကမ္ဘာသည် စိန်ခေါ်ပွဲများအတွက် သန့်ရှင်းသော နယ်မြေတစ်ခု ဖြစ်လာသည်နှင့်အညီ လူအများအပြားသည် စိန်ခေါ်ပွဲများကို ကြည့်ရှုရန် ဤနေရာသို့ လာရောက်လိုကြပေရာ တဖြည်းဖြည်းနှင့် မြို့ငယ်လေးတစ်မြို့ ဖြစ်တည်လာခဲ့ခြင်း ဖြစ်သည်။

မြို့တွင်းရှိ စီးပွားရေးလုပ်ငန်း အများစုမှာ တည်းခိုခန်းများနှင့် ဟိုတယ်များသာ ဖြစ်ကြပြီး စိန်ခေါ်ပွဲ လာရောက်ကြည့်ရှုသူများ တည်းခိုနေထိုင်နိုင်ရန် ပြင်ဆင်ပေးထားခြင်း ဖြစ်ချေသည်။

ယခုအချိန်တွင် ချင်ယွမ်ဖုန်း၏ စိန်ခေါ်ပွဲဖြစ်ရန် လဝက်ကျော်မျှ လိုသေးသဖြင့် သူသည် ထိုမြို့ငယ်လေးထဲသို့ တိုက်ရိုက် ဝင်ရောက်လာခဲ့သည်။

ထိုမြို့လေးသည် တောင်တန်းကြီးတစ်ခုကို ကျောမှီထားပြီး ချီဖုန်းချောက်ကမ္ဘာ၏ အနောက်ဘက်တွင် တည်ရှိကာ နောက်ကွယ်၌ ဘေးအန္တရာယ်များပြားသော တောင်တန်းများ ရှိနေသည်။

ထိုမြို့လေးထဲတွင် မိစ္ဆာအနှစ်သာရလုံးများနှင့် သားရဲအရိုးများကဲ့သို့သော ပစ္စည်းများကိုပါ ရောင်းချနေသည်ကို ချင်ယွုန်းဖုန်း သတိပြုမိလိုက်၏။

ဤအရာများသည် နောက်ကွယ်ရှိ အတားအဆီးကို ကျော်ဖြတ်ကာ မိစ္ဆာသားရဲများကို အမဲလိုက်ရာမှ ရရှိလာခြင်း ဖြစ်တန်ရာပြီး ထိုနည်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြခြင်း ဖြစ်ပေလိမ့်မည်။

ချင်ယွမ်ဖုန်းသည် မြို့လေးထဲတွင် ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့သည်။ ချင်ယွမ်ဖုန်းနှင့် ချင်ဝူယန်းတို့၏ လာလတ္တံ့သော စိန်ခေါ်ပွဲကြောင့် လူအများအပြားသည် မြို့ထဲသို့ ကြိုတင်ရောက်ရှိနေကြပြီ ဖြစ်သည်။

ချင်ယွမ်ဖုန်း၏ ကျော်စောမှုသည်

ပျံ့နှံ့သွားခဲ့သည်မှစ၍ လူအများအပြားက သူ့ကို သိရှိလာကြပြီး သုံးနှစ်အကြာတွင် ဖြစ်ပွားမည့် ချင်ဝူယန်းနှင့် စိန်ခေါ်ပွဲအကြောင်းကိုလည်း သိရှိသွားကြခြင်း ဖြစ်ချေသည်။

ထို့ကြောင့် လူအများအပြားသည် တိုက်ကြီးပေါ်ရှိ အထူးချွန်ဆုံးသော လူငယ်မျိုးဆက် သိုင်းပညာရှင်နှစ်ဦး၏ စိန်ခေါ်ပွဲကို ကြည့်ရှုလိုသဖြင့် ဤနေရာသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။

အချို့က ချင်ယွမ်ဖုန်းကို လေးစား အားကျကြသဖြင့် လာရောက်ကြခြင်း ဖြစ်ပြီး အချို့ကမူ စည်ကားသည်ကို သဘောကျ၍ လာရောက်ကြခြင်း ဖြစ်သည်။

အချို့ကမူ စိန်ခေါ်ပွဲကို အမှန်တကယ် စိတ်ဝင်တစား ကြည့်ရှုလိုကြခြင်း ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ကျွမ်းကျင်သူများအကြား ထိပ်တိုက်တွေ့ဆုံမှုသည် သိုင်းပညာရှင်များအတွက် အလွန် ဆွဲဆောင်မှုရှိလှပြီး အချို့ဆိုလျှင် အခြားသူများ၏ စိန်ခေါ်ပွဲကို ကြည့်ရှုရင်းမှပင် တရားအသိပွင့်လင်းကာ အဆင့်တက်လှမ်းနိုင်ကြသောကြောင့် ဖြစ်ချေသည်။

မိမိဘာသာ သာမန်ကာလျှံကာ အကြံပြုခဲ့သော စိန်ခေါ်ပွဲတစ်ခုက ဤမျှလောက် များပြားသော လူအုပ်ကြီးကို ဆွဲဆောင်နိုင်လိမ့်မည်ဟု ချင်ယွမ်ဖုန်းကိုယ်တိုင်ပင် ထင်မှတ်မထားခဲ့မိပေ။

သူသည် အစားအစာ အချို့ကို သုံးဆောင်ရန် ဟိုတယ်တစ်ခုထဲသို့ လျှောက်လှမ်း ဝင်ရောက်ခဲ့သည်။

“ကြိုဆိုပါတယ် မိတ်ဆွေ အချိန်ကိုက် ရောက်လာတာပဲ၊ အခု လောလောဆယ် စားပွဲအလွတ် တစ်ဝိုင်းပဲ ကျန်တော့တယ်”

ဝန်ထမ်းလုလင်က ပြုံးရွှင်စွာဖြင့် ဆီးကြိုဆိုရင်း ချင်ယွမ်ဖုန်းကို ထောင့်စွန်းရှိ စားပွဲတစ်ဝိုင်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြကာ ဟင်းပွဲအချို့ကို မှာယူပြီးလျှင် ထိုင်လိုက်တော့သည်။

ထိုတည်းခိုခန်းထဲတွင် လူမျိုးစုံ ရောပြွမ်းနေသော်လည်း အများစုမှာ ချင်ယွမ်ဖုန်းနှင့် ချင်ဝူယန်းတို့၏ စိန်ခေါ်ပွဲအကြောင်းကိုသာ ဆွေးနွေးနေကြခြင်း ဖြစ်သည်။

မည်သူ နိုင်လိမ့်မည်ဟု အပိုင်မပြောရဲကြသော်လည်း ချင်ယွမ်ဖုန်းနှင့် ပတ်သက်၍ ကြားသိထားရသော ကောလာဟလများကိုမူ မြိန်ရေယှက်ရေ ပြောဆိုနေကြချေသည်။

အတန်ကြာအောင် နားထောင်ပြီးနောက် ချင်ယွမ်ဖုန်းသည် ခပ်ဖွဖွ ရယ်မောလိုက်မိသည်။ မိမိကိုယ်တိုင်ပင် မသိရှိရသေးသော ကိစ္စရပ်များစွာ ရှိနေသည်ကို တွေ့ရှိရသောကြောင့် ဖြစ်ပေသည်။

မကြာမီအချိန်မှာပင် လူခြောက်ယောက်၊ ခုနစ်ယောက်ခန့် ရှိသော အုပ်စုတစ်စုသည် တည်းခိုခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။

ထိုသူများအားလုံးသည် အလွန် ငယ်ရွယ်ကြပြီး ကျင့်စဉ်အဆင့်မှာလည်း မမြင့်မားလှဘဲ သိုင်းပညာရှင်နယ်ပယ် ဝန်းကျင်တွင်သာ ရှိကြသေးသည်။

ထိုသူအချို့သည် ဇိမ်ခံအဝတ်အစားများကို ဝတ်ဆင်ထားကြသဖြင့် ထင်ရှားသော မိသားစုကြီးများမှ သခင်လေးများ ဖြစ်ကြောင်း သိသာလှပေသည်။

အုပ်စုကို ဦးဆောင်လာသူသည် တည်းခိုခန်းထဲကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး မျက်နှာတွင် မကျေနပ်သော အရိပ်အယောင်များ ထင်ဟပ်နေချေသည်။

“အလုပ်သမား... ငါတို့အတွက် စားပွဲတစ်ဝိုင်း ရှာပေးစမ်း” ဟု သူက လှမ်းအော်လိုက်သည်။ဝန်ထမ်းသည် အမြန်ပြေးသွားကာ အားနာရိုကျိုးသော မျက်နှာထားဖြင့် “တောင်းပန်ပါတယ် ခင်ဗျာ... ဒီနေ့တော့ လူအပြည့် ဖြစ်နေပါပြီ၊ အခြားနေရာတစ်ခုခုမှာ ရှာဖွေကြည့်ပါဦးမလား ခင်ဗျာ” ဟု ပြောဆိုလိုက်၏။

ဦးဆောင်လာသော လူငယ်သည် ထိုစကားကို ကြားလျှင် ကြားချင်း ရုတ်ချည်းပင် စိတ်မရှည် ဖြစ်သွားတော့သည်။ “ငါတို့ ဒီနေ့ သုံးနေရာလောက် သွားပြီးပြီ... မရဘူး၊ ငါ ဒီနေ့ ဒီနေရာမှာပဲ စားရမယ်”

ထောင့်စွန်းတွင် ရှိနေသော ချင်ယွမ်ဖုန်းသည် ယင်းကို ဂရုမစိုက်မိပေ။ ဤသူသည် မိသားစုထဲမှ ထွက်ပြေးလာပြီး လူ့လောက၏ ကြမ်းတမ်းမှုကို မသိသေးသော သခင်လေးတစ်ဦးသာ ဖြစ်ပေလိမ့်မည်။

ဝန်ထမ်းလုလင်သည် ခက်ခဲသွားဟန်ဖြင့် “ဒါပေမဲ့ မိတ်ဆွေမြင်တဲ့အတိုင်းပါပဲ... ကျွန်တော်တို့ဆီမှာ စားပွဲအလွတ် အမှန်တကယ် မရှိတော့ပါဘူး ခင်ဗျာ” ဟု ပြန်လည် လျှောက်တင်လိုက်သည်။

ထိုအချိန်တွင် အသက်ငယ်ရွယ်သော မိန်းကလေးတစ်ဦးက ထွက်လာပြီး ဦးဆောင်လာသော လူငယ်၏ အင်္ကျီလက်စကို ဆွဲကာ “အစ်ကိုရွှမ်... ကျွန်မတို့ တခြားနေရာကိုပဲ သွားကြရအောင်ပါ” ဟု ဖျောင်းဖျရှာသည်။

“မသွားဘူး... ငါ ဒီမှာပဲ စားမယ်” ထိုသခင်လေးသည် ဒေါသထွက်သွားပုံရပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုရာမှ ချင်ယွမ်ဖုန်းကို မြင်တွေ့သွားခဲ့သည်။

“ဟိုမှာကြည့်... အဲဒီလူက တစ်ယောက်တည်း စားပွဲတစ်ဝိုင်းလုံးကို ယူထားတာပဲ၊ ဒါ ဖြုန်းတီးရာ မကျဘူးလား”

ချင်ယွမ်ဖုန်းသည် ဆွံ့အသွားမိတော့သည်။ သူသည် ငြိမ်သက်စွာ ထိုင်၍ အစားအစာကို သုံးဆောင်နေခြင်းသာ ဖြစ်ပေရာ မည်သူ့ကို သွားရောက် စော်ကားမိသနည်း။

ထိုသို့ဆိုကာ ဝန်ထမ်းလုလင်၏ တားဆီးမှုကို ဂရုမစိုက်ဘဲ ထိုသခင်လေးသည် ချင်ယွမ်ဖုန်း၏ စားပွဲရှေ့သို့ တိုက်ရိုက် လျှောက်လှမ်းလာပြီး အဆင့်မြင့် ဝိညာဉ်ကျောက်တုံးနှစ်တုံးကို စားပွဲပေါ်သို့ ပစ်ချလိုက်လေသည်။

ချင်ယွမ်ဖုန်းသည် ခေါင်းကိုပင် မဖော်ဘဲ အစားအစာကိုသာ ဆက်လက် သုံးဆောင်နေခဲ့သည်။

“ဟေ့လူ... ဒီစားပွဲကို ငါ ဝယ်လိုက်ပြီ” ဟု ထိုသခင်လေးက အေးစက်စွာ ပြောဆိုလိုက်၏။

ချင်ယွမ်ဖုန်းကမူ စကားတစ်ခွန်းမျှ မဆိုဘဲ လေထဲက အသံကို ကြားရသည့်နှယ်သာ သဘောထားလိုက်သည်။

ချင်ယွမ်ဖုန်းက မိမိကို လျစ်လျူရှုထားသည်ကို မြင်လျှင် ထိုသခင်လေးသည် ချက်ချင်းပင် ဒေါသအမျက် ချောင်းချောင်းထွက်သွားတော့သည်။ သူက လက်ပါရန် ပြင်လိုက်စဉ်မှာပင် စောစောက မိန်းကလေးက နောက်ကနေ ဆွဲလှမ်းတားလိုက်ပေသည်။

“အစ်ကိုရွှမ်... ကျွန်မကိုပဲ အဆင်ပြေအောင် လုပ်ခွင့်ပေးပါ” ဟု မိန်းကလေးက အမြန် ပြောလိုက်သည်။

ထိုသခင်လေးသည် မိန်းကလေးကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်ပြီးလျှင် “ကောင်းပြီ... မြန်မြန်လုပ်၊ ငါတို့ သွားပြီး ဟင်းမှာကြမယ်” ဟု ဆိုကာ အုပ်စုသည် အစားအစာများ မှာယူရန် ကောင်တာဆီသို့ အပြေးအလွှား သွားကြတော့သည်။

ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ထိုသူတို့သည် လူ့လောက၏ ကြမ်းတမ်းသော လက်တွေ့ဘဝကို မကြုံတွေ့ဖူးကြသေးပေ။

ထိုသို့မဟုတ်ပါက ဤမျှလောက် မောက်မာရဲကြလိမ့်မည်မဟုတ်ပေ။ ဤကမ္ဘာကြီးသည် မိမိတို့ မိသားစုပိုင်သည့် ကမ္ဘာမဟုတ်သဖြင့် မည်သူမျှ လိုက်လျော အလိုလိုက်နေမည်မဟုတ်သည်ကို မသိကြချေ။

ယခုအချိန်မှာပင် ဘေးစားပွဲမှ လူနှစ်ဦးသည် ထိုအုပ်စုကို တောက်ပသော မျက်ဝန်းများဖြင့် ကြည့်ရှုနေကြသည်ကို ချင်ယွမ်ဖုန်း သတိပြုမိလိုက်၏။

“အစ်ကိုကြီး... အစ်ကိုကြီးကလည်း ချင်ယွမ်ဖုန်းရဲ့ စိန်ခေါ်ပွဲကို ကြည့်ဖို့ လာတာလား” မိန်းကလေးသည် ချင်ယွမ်ဖုန်း၏ ရှေ့တွင် ဝင်ထိုင်ရင်း မေးမြန်းလိုက်သည်။

ချင်ယွမ်ဖုန်းသည် ခေါင်းမော့၍ သူမကို ကြည့်လိုက်သော်လည်း စကားတစ်ခွန်းမျှ ပြန်မပြောဘဲ နေလိုက်ချေသည်။

“ကျွန်မလည်း တူတူပါပဲ... ကျွန်မက ချင်ယွမ်ဖုန်းကို တကယ် လေးစားအားကျလို့ သူ့ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဖူးချင်နေတာကြာပါပြီ၊ ဒါပေမဲ့ ကံဆိုးတာက ကျွန်မက အစေခံတစ်ယောက်ရဲ့ သမီးဖြစ်နေတော့ ကျွန်မတို့ သခင်လေးနောက်ကို လိုက်လာရုံပဲ တတ်နိုင်တာပေါ့... လမ်းတစ်လျှောက်လုံးလည်း သခင်လေး စိတ်အနှောင့်အယှက် ဖြစ်မှာစိုးလို့ မျက်နှာချို သွေးနေရတာ” ဟု မိန်းကလေးက ညည်းတွားသံ အတန်ငယ်ဖြင့် ဖွင့်ဟရှာတော့သည်။

All Chapters