အခန်း ၅၈၇
Vol. 29 Ch. 587
အခန်း (၅၈၇)
ချင်ယွမ်ဖုန်းသည် ချက်ချင်းပင် အကြောင်းခြင်းရာကို ရိပ်စားမိသွားချေသည်။ သူသည် လင်တုံး နောက်သို့ ထပ်မံလိုက်ပါရန် ဆုံးဖြတ်ခဲ့ခြင်းမှာ အခြားကြောင့်မဟုတ်၊ တည်းခိုခန်းအတွင်းရှိ ထိုလူထွားကြီးနှစ်ယောက်က သူမအပေါ် မကောင်းသောအကြံအစည် ရှိနေသည်ကို မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်ပေသည်။
သို့ရာတွင် ဤနေရာသို့ ရောက်ရှိလာသည့်အခါ၌မူ ချင်ယွမ်ဖုန်းသည် ထိုလူနှစ်ယောက်၏အရေးကို မေ့လျော့နေခဲ့မိသည်။
“ဒုက္ခပဲ...”
ချင်ယွမ်ဖုန်းသည် ချက်ချင်းပင် စိုးရိမ်ပူပန်စိတ်များ လွှမ်းမိုးသွားရကာ ယင်းမှာ သူ၏ အမှုမဲ့အမှတ်မဲ့ ဖြစ်သွားခဲ့သော ပေါ့ဆမှုပင် ဖြစ်ချေသည်။
သူနှင့် လင်တုံးတို့သည် သိကျွမ်းခဲ့ကြသည်မှာ တစ်ရက်မျှသာ ရှိသေးသော်လည်း ချင်ယွမ်ဖုန်းအနေဖြင့် သူမအပေါ် ကောင်းသော အထင်အမြင် ရှိခဲ့ပေသည်။
အဘယ်ကြောင့်ဆိုသော် သူမသည် သူ၏ ပရိသတ်မလေး ဖြစ်သည့်အပြင် ကြင်နာတတ်သော နှလုံးသားလည်း ရှိသောကြောင့် ဖြစ်သည်။
ထို့ကြောင့်လည်း ချင်ယွမ်ဖုန်းအနေဖြင့် ဤမိန်းကလေးငယ်အား လူဆိုးများ၏ လက်တွဲသို့ ကျရောက်သွားသည်ကို မရှုရက် မမြင်ရက်ဘဲ ပစ်ပယ်ထားနိုင်ခြင်း မရှိခဲ့ပေ။
သူ၏ ကျယ်ပြောလှသော နတ်ဘုရားဝိညာဉ်အရှိန်အဝါသည် ချက်ချင်းပင် ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး ကိုက်ငါးထောင်ခန့် အကွာအဝေးအထိ လွှမ်းခြုံသွားချေသည်။
ဤမြို့ငယ်လေးတစ်ခုလုံးသည်ပင် ထိုမျှလောက်သာ အကျယ်အဝန်း ရှိပေသည်။
သို့သော်ငြားလည်း ချင်ယွမ်ဖုန်းသည် မြို့တွင်း၌ လင်တုံး၏ အရိပ်အယောင်မျှပင် ရှာမတွေ့ဘဲ ဖြစ်နေရ၏။
ချင်ယွမ်ဖုန်း၏ နတ်ဘုရားဝိညာဉ်စွမ်းအားဖြင့် ကြည့်ရှုလျှင် အခန်းတွင်း၌ ရှိနေသော သူများကိုပင် အထင်အရှား မြင်တွေ့နိုင်စွမ်းရှိပြီး ရေချိုးနေသူများ သို့မဟုတ် ချစ်တင်းနှောနေကြသူများကိုပင် မြင်နိုင်စွမ်း ရှိသည်ကို သိထားရမည် ဖြစ်သည်။
သို့သော် ယခုအခါ၌မူ သူသည် လင်တုံး၏ အစအနကိုမျှ ရှာဖွေ၍ မရနိုင်ဘဲ ရှိနေရချေသည်။
ခေတ္တမျှ ကြာပြီးနောက် ချင်ယွမ်ဖုန်းသည် ခေါင်းမော့ကာ သူ၏ နောက်ကွယ်ရှိ တောင်တန်းများနှင့် ထူထပ်လှသော တောအုပ်များ ကာဆီးနေသည့် သဘာဝ အကာအကွယ်တံတိုင်းကြီး ရှိရာသို့ လှမ်းမြော်ကြည့်ရှုလိုက်မိသည်။
ယင်းကို အကာအကွယ်တံတိုင်းဟု ခေါ်ဆိုရခြင်းမှာ ဘေးအန္တရာယ်များကို အမှန်တကယ်ပင် ဆီးတားပေးနိုင်သောကြောင့် ဖြစ်ပေသည်။
သို့ရာတွင် ပြင်ပလူတို့သည် ထိုအကာအကွယ်တံတိုင်းအတွင်းရှိ စစ်မှန်သော ဘေးအန္တရာယ်ကိုမူ သိလျက်နှင့်ဖြစ်စေ၊ မသိဘဲဖြစ်စေ မေ့လျော့နေတတ်ကြသည်။
ချင်ယွမ်ဖုန်းသည် မျက်နှာတွင် အလွန်တရာ စိုးရိမ်ပူပန်သော အမူအရာဖြင့် ထိုအကာအကွယ်တံတိုင်း ရှိရာဆီသို့ ချက်ချင်းပင် ခြေလှမ်းပြင်လိုက်တော့သည်။
“အချိန်မီပါစေဦးလို့ပဲ မျှော်လင့်ရတာပဲ”
ထိုအချိန်တွင် အကာအကွယ်တံတိုင်းအတွင်း၌မူ လူထွားကြီးနှစ်ယောက်သည် မိန်းကလေးနှစ်ယောက်ကို ထမ်းပိုးထားပြီး သူတို့နောက်၌ သခင်လေးငါးယောက် လိုက်ပါလာကြရာ ထိုမြင်ကွင်းသည် တစ်မျိုးတစ်ဖုံ ထူးဆန်းခြောက်ခြားဖွယ် ဖြစ်နေချေသည်။
“အသက်ရှင်ချင်ရင် မြန်မြန်လျှောက်စမ်း” လူထွားကြီးနှစ်ယောက်က ခက်ထန်စွာ အော်ဟစ်လိုက်ကြသည်။
သခင်လေးများသည် တုန်တုန်ရင်ရင်ဖြင့် ခြေလှမ်းများကို အပြေးအလွှား မြှင့်တင်လိုက်ကြရ၏။ သူတို့အားလုံးတွင် ဒဏ်ရာကိုယ်စီ ရရှိထားကြပြီး ယင်းတို့မှာ ထိုလူထွားကြီးနှစ်ယောက်၏ ဆုံးမခြင်းကို ခံထားရသဖြင့် ဖြစ်တန်ရာသည်။
“ငါမေးပါရစေဦး... မင်းပြောတဲ့လူက တကယ်ပဲ အဲဒီလောက် စွမ်းတာလား” ထိုစဉ် လူထွားကြီးတစ်ယောက်က လှမ်း၍ မေးမြန်းလိုက်သည်။
ယန်ရွှမ်သည် ကပျာကယာ ရှေ့သို့ တိုးလာပြီး လွန်စွာ ဖားယားသော အမူအရာဖြင့် လျှောက်တင်လိုက်၏။
“ဟုတ်ပါတယ် အစ်ကိုကြီး... အဲဒီလူက တကယ်ပဲ အလွန် စွမ်းပါ တယ်၊ ဒါပေမဲ့ သူက ကျွန်တော်တို့နဲ့ ဘာမှမပတ်သက်ပါဘူး”
လူထွားကြီးက ခေါင်းညိတ်လိုက်ပြီး “ကောင်းပြီ... အဲဒီအကြောင်းတွေ ဆက်မတွေးနဲ့တော့၊ ငါတို့က ဒီအကာအကွယ်တံတိုင်းထဲမှာ ပုန်းနေမှာ... သူ ငါတို့ကို အနှစ်တစ်ရာနေရင်တောင် ရှာတွေ့မှာ မဟုတ်ဘူး... မင်းတို့ထဲက တစ်ယောက်ယောက်ကများ တခြားစိတ်ကူး ကြံစည်ရဲရင် အားလုံး ဤနေရာမှာပဲ အသက်ပျောက်သွားမယ်”
“မရဲပါဘူး အစ်ကိုကြီး... မရဲပါဘူး” ယန်ရွှမ်က သုတ်သုတ်သီးသီး ပြောဆိုလိုက်ပြီး “အစ်ကိုကြီး... အဲဒီလူကို ဒီအတိုင်း ပစ်ထားတာက မကောင်းဘူး ထင်တယ်၊ ကျွန်တော်တို့ကို အစာအဖြစ် သုံးပြီး သူ့ကို ဒီဘက်ဆွဲခေါ်လိုက်ရင် ဘယ်လိုလဲ... သူက အဲဒီလောက် စွမ်းနေမှတော့ ရတနာတွေလည်း အများကြီး ရှိမှာ အသေအချာပဲ”
ထမ်းပိုးခြင်း ခံထားရသော လင်တုံးသည် မျက်လုံးများ ပြူးကျယ်သွားရကာ ယန်ရွှမ် ဤကဲ့သို့သော စကားမျိုး ပြောဆိုလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။
“ယန်ရွှမ်... နင်က တကယ့်ကို ကျေးဇူးကန်းတဲ့ ကောင်ပဲ... စောစောကပဲ အစ်ကိုကြီးချင်က ငါတို့ကို ကယ်ခဲ့တာလေ”
“ဟွန်း... အဲဒါက နင့်ရဲ့ အစ်ကိုကြီးချင်ပါ၊ ငါတို့နဲ့ ဘာဆိုင်လို့လဲ... သူက နင့်ကိုပဲ ကယ်ချင်တာလေ” ယန်ရွှမ်က မင်းသားကြီး အမူအရာဖြင့် ပြန်လည် ချေပလိုက်သည်။
လင်တုံးသည် ရင်ထဲ၌ အလွန်တရာ စိတ်ပျက်အားငယ်ခြင်း ဝေဒနာကို ခံစားလိုက်ရချေသည်။
ယန်ရွှမ်သည် ဤကဲ့သို့သော လူစားမျိုး ဖြစ်နေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့မိသဖြင့် လုံးဝပင် စိတ်ပျက်မိသွားတော့သည်
လင်တုံးအား ထမ်းပိုးထားသော လူထွားကြီးသည် သူမကို မြေပြင်ပေါ်သို့ တိုက်ရိုက် ချထားလိုက်ပြီးနောက် ပါးတစ်ချက် ရိုက်နှက်လိုက်ချေသည်။
“နင် အော်မနေနဲ့... ငါတို့က အခု နင်တို့ကို ဓားပြတိုက်နေတာ... ငါတို့ကို နည်းနည်းပါးပါး ခန့်ညားမှု မရှိရဘူးလား” လူထွားကြီးက ခက်ထန်စွာ ဟိန်းဟောက်လိုက်၏။
ယန်ရွှမ်သည် အခွင့်အရေးကို လက်မလွှတ်ဘဲ ရှေ့သို့ တိုးလာပြန်ကာ “အစ်ကိုကြီး... ဒီမိန်းကလေး နှစ်ယောက်လုံးက အစ်ကိုကြီးတို့ အပိုင်ပေါ့... စောစောက ကျွန်တော် အကြံပြုတဲ့ နည်းလမ်းကို ဘယ်လို သဘောရလဲ ခင်ဗျာ”
အခြားလူထွားကြီး တစ်ယောက်သည်လည်း ယန်ရွှမ်၏ ချစ်သူမိန်းကလေးကို ချထားလိုက်ပြီးနောက် ယန်ရွှမ်၏ မျက်နှာကို ဖြတ်ခနဲ ရိုက်နှက်လိုက်ရာ သူ၏ ကျန်ရှိနေသော ပါးတစ်ဖက်မှာလည်း ယောင်ကိုင်းသွားရချေသည်။
“တောက်... စောက်စကားတွေ လျှောက်ပြောမနေနဲ့... အဲဒီလူက အဲဒီလောက် စွမ်းတာကို ဒီကို ခေါ်လာတာ သေတွင်းတူးတာ မဟုတ်ဘူးလား... ငါတို့မှာရှိတဲ့ ဝိညာဉ်ကျောက်တုံးတွေနဲ့ တခြား အဖိုးတန်ပစ္စည်းတွေ အကုန်လုံး ထုတ်ပေးစမ်း... ငါတို့ သဘောကျရင် နင်တို့ကို သဘာဝအတိုင်း လွှတ်ပေးမှာပေါ့”
ကျန်ရှိနေသော သူများသည် ဝိညာဉ်ကျောက်တုံးများ အပ်နှံလိုက်လျှင် ပြန်လည် ထွက်ခွာခွင့် ရတော့မည်ဟု ထင်မှတ်ကာ ဝမ်းသာအားရ ဖြစ်သွားကြပေသည်။
သို့သော် လင်တုံးကမူ သက်ပြင်းချလိုက်မိ၏။
သူမသည် ဤကဲ့သို့သော စွမ်းအားကြီးသူများအနေဖြင့် လူ့အသက်ကို တန်ဖိုးမထားတတ်ကြကြောင်းနှင့် သူတို့၏ ကတိကဝတ်များသည် လေလွင့်ဖျောက်ဖျက်အပ်သော အရာမျှသာ ဖြစ်ကြောင်းကို နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
သူတို့သည် ဝိညာဉ်ကျောက်တုံးများကိုသာ အလိုရှိပါက ဤနေရာအထိ ခေါ်ဆောင်လာကြမည် မဟုတ်ပေ။
ဝိညာဉ်ကျောက်တုံးများအပြင် ဤလူထွားကြီးနှစ်ယောက်သည် သူတို့၏ အသက်ကိုပါ ရယူလိုကြခြင်း ဖြစ်ပေရာသည်။
ထို့ကြောင့် လင်တုံးသည်လည်း မည်သို့ ထွက်ပြေးရမည်ကို အလျင်အမြန်ပင် ကြံဆနေမိသည်။ မဟာဆရာနယ်ပယ်ရှိ လူထွားကြီးနှစ်ယောက်နှင့် ရင်ဆိုင်ရပါက သူမအနေဖြင့် အနိုင်ရရန် အခွင့်အရေး လုံးဝ မရှိပေ။
သို့သော် သူမသည် မည်သူမျှ သတိမမူမိစေဘဲ မိမိ၏ ခေါင်းဘီးဆံထိုးကို တိတ်တဆိတ် ဆွဲနှုတ်ကာ ခြေရင်းသို့ ချပစ်လိုက်ချေသည်။
ချင်ယွမ်ဖုန်းအနေဖြင့် ဤဆံထိုးကို မြင်တွေ့ကာ မိမိတို့နောက်သို့ လိုက်လံရှာဖွေနိုင်ပါစေဟုသာ သူမ မျှော်လင့်နေမိတော့သည်။
ယခုအခါတွင်မူ ချင်ယွမ်ဖုန်းသည် သူမအား လာရောက် ကယ်ဆယ်လိမ့်ဦးမည်ဟုသာ မျှော်လင့်ချက် ထားနိုင်တော့သည်။
သူမနှင့် တစ်ရက်မျှသာ သိကျွမ်းခဲ့ရသော ဤလူသားသည် ယခုအခါ၌ လင်တုံး၏ စိတ်ပိုင်းဆိုင်ရာ အားကိုးရာကြီး ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ယန်ရွှမ်၏ ချသူမိန်းကလေးမှာမူ ကြာမြင့်စွာကတည်းကပင် စိတ်ဓာတ်များ ကြေမွပျက်စီးနေခဲ့ပြီ ဖြစ်ကာ ကြောက်ရွံ့မှုများကြောင့် ထုံထိုင်းအေးစက်နေခဲ့ပြီ ဖြစ်သည်။
သူမသည် မူလက ယန်ရွှမ်နှင့်အတူ ခရီးထွက်လာခဲ့ခြင်းဟု ထင်မှတ်ခဲ့သော်လည်း ဤခရီးသည် မိမိကိုယ်မိမိ သေတွင်းထဲသို့ ပို့ဆောင်ခြင်း ဖြစ်လိမ့်မည်ဟု မည်သို့မျှ မထင်မှတ်ထားခဲ့မိပေ။
ယန်ရွှမ်သည်လည်း သူ၏ ချစ်သူမိန်းကလေး၏ မျက်လုံးများကို တည့်တည့်မကြည့်ရဲဘဲ ရှိနေရ၏။ ယခုအခါတွင်မူ အသက်ရှင်သန်နိုင်ရေးအတွက်ဆိုလျှင် သူသည် မည်သည့်အရာကိုမဆို ပြုလုပ်ဝံ့နေပြီ ဖြစ်သည်။
အသက်ရှင်ရခြင်းနှင့် နှိုင်းယှဉ်လျှင် ယခင်က သူ ဖြစ်ခဲ့ဖူးသော သခင်လေးဟူသည့် ဂုဏ်ပုဒ်မှာ ခွေးချေးမျှပင် တန်ဖိုးမရှိတော့ပေ။
သူတို့သည် နိမ့်ပါးသော တောင်တန်းငယ်တစ်ခုကို ဖြတ်ကျော်ကာ ကွင်းပြင်ကျယ်တစ်ခုသို့ ရောက်ရှိလာကြရာ ထိုနေရာတွင် ကျောက်ခဲအကျိုးအပဲ့များ မြေပြင်အနှံ့ ဖုံးလွှမ်းနေပြီး အလွန်တရာ ခြောက်ကပ်ဆိတ်သုဉ်းသော မြင်ကွင်း ဖြစ်နေချေသည်။
“ကဲ... ဒီနေရာဆို ရပြီ... ထင်ပါရဲ့... အဲဒီလူ ဒီအထိ လိုက်လာနိုင်စရာ အကြောင်းမရှိတော့ဘူး” လူထွားကြီးတစ်ယောက်က ဆိုလိုက်သည်။
ယန်ရွှမ်သည် ချက်ချင်းပင် အပြေးအလွှား သွားရောက်ကာ မိမိ၏ သိုလှောင်အိတ်ကို တိုက်ရိုက် ဆွဲချွတ်၍ လူထွားကြီးထံသို့ ဆက်သလိုက်၏။
“အစ်ကိုကြီးနှစ်ယောက် ခင်ဗျာ... ကျွန်တော် ဒီတစ်ခေါက် ခိုးထွက်လာတာမို့လို့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နှစ်သောင်းပဲ ပါလာပါတယ်... အခုတော့ တစ်သောင်းပဲ ကျန်ပါတော့တယ်... အထဲမှာ ဆေးလုံးတချို့လည်း ရှိပါသေးတယ်”
ယန်ရွှမ်က ဖားယားစွာ လျှောက်တင်လိုက်ပေသည်။
သို့သော်ငြားလည်း လူထွားကြီးသည် ကျေးဇူးတင်သော အမူအရာ လုံးဝ မပြဘဲ ထိုသိုလှောင်အိတ်ကို လုယူလိုက်ပြီးနောက် ယန်ရွှမ်အား ကန်ကျောက်၍ လွင့်စင်သွားစေပြန်သည်။
“မင်းကို ဘယ်သူက အဲဒီလောက် အသုံးအဖြုန်းကြီးခိုင်းလို့လဲ... ကံဆိုးလိုက်တာ” လူထွားကြီးက အေးစက်စွာ ပြောဆိုလိုက်၏။
ယန်ရွှမ်သည် မျက်ရည်ဝဲမတတ် ဖြစ်သွားရကာ စိတ်ထဲ၌ ထိုလူနှစ်ယောက်အား အကြိမ်ကြိမ် ကျိန်ဆဲနေမိသော်လည်း မျက်နှာထက်တွင်မူ မည်သည့်အမူအရာမျှ မပြရဲဘဲ ရှိနေရရှာသည်။
အခြားသူများသည်လည်း မိမိတို့၏ သိုလှောင်အိတ်များကို အလျင်အမြန်ပင် ဆက်သကြသော်လည်း သူတို့တွင် ရှိသောအရာများသည် ယန်ရွှမ်ထက် များစွာ လျော့နည်းပေသည်။
အားလုံး စုပေါင်းလိုက်လျှင်ပင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ရာဂဏန်းမျှသာ ရှိပြီး ယင်းတို့မှာ အိမ်မှ ခိုးထွက်လာစဉ်က ခိုးယူလာခဲ့ကြခြင်း ဖြစ်ပေသည်။
“ဝိညာဉ်ကျောက်တုံးက ဒီလောက်ပဲ ရှိတာလား... တကယ့်ကို အချိန်ကုန်ရကျိုး မနပ်လိုက်တာ... မင်းတို့အားလုံး ချမ်းသာကြတယ် အောက်မေ့တာ... ဒါပဲ ရှိတာကိုး” လူထွားကြီးက မကျေမနပ် ရေရွတ်လိုက်သည်။
“ဟွန်း... ကောင်းပြီလေ... ဒီလောက် ဝိညာဉ်ကျောက်တုံးဆိုရင်လည်း ငါတို့ ညီအစ်ကိုတွေ ခေတ္တခဏ သုံးဖြတ်ဖို့ လောက်ငှပါတယ်” အခြားလူထွားကြီးက ရယ်မောရင်း ဆိုလိုက်ပြီး “ဒီမိန်းကလေး နှစ်ယောက်လုံးက အတော်လေး ချောမောလှပကြတာပဲ... ငါတို့ ဒီနေရာမှာတင်ပဲ ကိစ္စပြတ်လိုက်ကြရအောင်လား”
“အဲဒါ အကောင်းဆုံးပဲ”
အခြားလူထွားကြီးသည်လည်း သူ၏ သိုလှောင်အိတ်ထဲမှ စောင်အချို့ကို တိုက်ရိုက် ဆွဲထုတ်လိုက်လေသည်။
လောကဓံနယ်ပယ်တွင် ကျင်လည်နေကြသူများ ဖြစ်သည့်အတိုင်း သူတို့တွင် ပစ္စည်းကိရိယာများ အစုံအလင် ရှိနေကြပေသည်။
ယန်ရွှမ်၏ ချစ်သူမိန်းကလေးသည် မျက်နှာတစ်ခုလုံး ဖြူလျော်သွားရ၏။ ထိုလူထွားကြီးနှစ်ယောက်၏ ရွံရှာဖွယ်ကောင်းသော မျက်နှာများကို ကြည့်ရှုရင်း သူမသည် ပျို့အန်ချင်စိတ်များပင် ပေါ်ပေါက်လာရချေသည်။
လင်တုံးသည်လည်း မျက်နှာ တည်ပျက်သွားရပေသည်။ သူမသည် ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဖူးသဖြင့် သူမ၏ ခန္ဓာကိုယ်ငယ်လေးမှာ တုန်ရီစပြုလာခဲ့ပြီ ဖြစ်သည်။
“ဟားဟားဟား... ညီမလေးနှစ်ယောက်... စိုးရိမ်မနေကြပါနဲ့... ငါတို့နှစ်ယောက်ကို ကောင်းကောင်း ပြုစုပေးလို့ ငါတို့ စိတ်ချမ်းသာသွားရင် နင်တို့ကို ပြန်လွှတ်ပေးမှာပေါ့... ဘယ်လိုလဲ”