← Chapters

အခန်း ၅၉၃

Vol. 30 Ch. 593

အခန်း ၅၉၃

Vol. 30 Ch. 593

အခန်း (၅၉၃) မီးလျှံဖီးနစ်

စစ်မှန်သော နဂါးပုံရိပ်ကြီးသည် ချင်ဝူယန်းထံသို့ အရှိန်အဟုန်ပြင်းစွာဖြင့် တိုးဝင်တိုက်ခိုက်လာသည့် အချိန်၌ပင် သူမသည် လှုပ်ရှားလိုက်ချေပြီ။

လက်ထဲ၌ ကိုင်ဆောင်ထားသော ဓားရှည်ကို မြှောက်ကာ လေထုထဲမှ အားကုန်လွှဲ၍ ခုတ်ချလိုက်တော့သည်။

ယင်းဓားရှည်ထက်မှ နီရဲတောက်ပသော ကိုယ်ရံစွမ်းအင် အလင်းတန်းများသည် ကောင်းကင်ယံထက်မှ ကျဆင်းလာဘိသကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာပြီး စစ်မှန်သော နဂါးပုံရိပ်ကြီးနှင့် ပြင်းထန်စွာ ရိုက်ခတ်မိလေသည်။

ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် မြေပြင်ထက်တွင် တွင်းကြီးတစ်တွင်း ဖြစ်ပေါ်သွားရသည်။

စစ်မှန်သော နဂါးပုံရိပ်နှင့် နီရဲသော ကိုယ်ရံစွမ်းအင်တို့သည်လည်း ချက်ချင်းပင် လွင့်ပြယ်ပျောက်ကွယ်သွားကာ တစ်နယ်တစ်ပြင်လုံး၌ ဖုန်မှုန့်နှင့် မီးခိုးလုံးများ ဖုံးလွှမ်းသွားချေသည်။

ချင်ဝူယန်း၏ မျက်ဝန်းအစုံ၌ အံ့ဩတုန်လှုပ်မှု အနည်းငယ် ဖြတ်ပြေးသွား၏။ ချင်ယွမ်ဖုန်းသည် စတုတ္ထအဆင့် မဟာဆရာနယ်ပယ်မျှသာ ရှိသေးသော်လည်း သူ၏ အစစ်အမှန် တိုက်ခိုက်ရေးစွမ်းရည်မှာ သူမထက် အားနည်းခြင်းမရှိသည်ကို သူမ တွေးထင်မထားခဲ့ပေ။

သုံးနှစ်တာ အချိန်ကာလသည် ကျိုးကန်းနေသော အမှိုက်ကောင်တစ်ယောက်ကို ဤမျှအဆင့်အထိ အမှန်တကယ် မြှင့်တင်ပေးနိုင်ပါသလော။

ချင်ဝူယန်းတစ်ယောက် ဆက်လက်တွေးတောရန် အချိန်မရလိုက်ဘဲ မီးခိုးလုံးများထဲမှ လူရိပ်တစ်ခုသည် ရုတ်ချည်း တိုးထွက်လာတော့သည်။

“ချင်ဝူယန်း၊ မင်းရဲ့ပညာတွေကို အကုန်ထုတ်လိုက်စမ်း”

သုံးနှစ်တိုင်တိုင် ဖိနှိပ်ချုပ်ချယ်ခြင်း ခံခဲ့ရသော ချင်ယွမ်ဖုန်းသည် ယခုတိုက်ကွက်တွင် မည်သည့်အရာကိုမျှ ချန်လှပ်ထားခြင်း မရှိပေ။

လက်ထဲမှ နဂါးကျောရိုးဓားမကြီးကို အားကုန်လွှဲခုတ်လိုက်ရာ ခရမ်းရောင်မီးလျှံများ တဟုန်းဟုန်း တောက်လောင်ထွက်ပေါ်လာပြီး ပြင်းထန်သော လေပြင်းများသည် ချင်ဝူယန်း၏ မျက်နှာဆီသို့ ပွတ်တိုက်သွားကာ သူမ၏ ဆံပင်များကို နောက်ဘက်သို့ လွင့်ခါသွားစေသည်။

ချင်ဝူယန်းသည် တိုးဝင်လာသော ထိုလူရိပ်ကို စိုက်ကြည့်နေသော်လည်း သူမ၏ မျက်နှာအမူအရာကမူ အေးစက်တည်ငြိမ်နေဆဲ ဖြစ်သည်။

ယင်းနောက် သူမ၏ ခန္ဓာကိုယ်ထက်မှလည်း နီရဲသော မီးလျှံများ အုန်းကနဲ ပေါက်ကွဲထွက်လာချေပြီ။

ချင်ဝူယန်း၏ နောက်ကျောဘက်၌ ဖီးနစ်ငှက်ပုံရိပ်တစ်ခု ထွက်ပေါ်လာရာ ထိုအရာသည်ကား ချင်ဝူယန်း၏ ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံဖြစ်သည့် မီးလျှံဖီးနစ်ပင် ဖြစ်ပေသည်။

သူမ၏ ထူးခြားသော ခန္ဓာကိုယ်စွမ်းအားကို ထုတ်သုံးလိုက်ခြင်းက ချင်ဝူယန်းတစ်ယောက် ဤတိုက်ပွဲကို အလေးအနက် စတင်ရင်ဆိုင်နေပြီဖြစ်ကြောင်း ပြသနေသည်။

သူမအနေဖြင့် မြူနှင်းဂိုဏ်းသို့ ဝင်ရောက်ပြီးကတည်းက ဤမျှပြင်းထန်သော တိုက်ပွဲမျိုးကို တစ်ကြိမ်မျှ မကြုံတွေ့ခဲ့ဖူးချေ။

ခရမ်းရောင်မီးလျှံများနှင့် နီရဲသော မီးလျှံများသည် ဟိန်းဟောက်သံနှင့်အတူ ထိပ်တိုက်တွေ့ဆုံကြရာ ပေါ်ထွက်လာသော အရှိန်အဟုန်ကြီးမားလှသည့် စွမ်းအားလှိုင်းများကြောင့် သူတို့၏ နောက်ကွယ်ရှိ မီးခိုးများနှင့် ဖုန်မှုန့်များပင် လွင့်စင်ထွက်သွားရသည်။

သူတို့နှစ်ဦးကြား၌ မီးလျှံများ ပေါက်ကွဲထွက်ကာ ရေတွက်၍မရနိုင်သော မီးပွားစိုင်များသည် မီးမိုးများအသွင်ဖြင့် မြေပြင်ထက်သို့ တဖွဲဖွဲ ကျဆင်းလာတော့သည်။

ခဏချင်းတွင်ပင် ထိုမြေပြင်ကြီးတစ်ခုလုံးသည် မီးလျှံပင်လယ်ပြင်ကြီးအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ထင်မှတ်ရပေသည်။

ခရမ်းရောင်နှင့် နီရဲသော မီးလျှံများသည် မြေပြင်ပေါ်သို့ ကျရောက်သွားသည့်တိုင်အောင် အပြန်အလှန် ရစ်ပတ်နှောင်ဖွဲ့နေကြဆဲဖြစ်ရာ ယင်းမှာ သူတို့သခင်များ၏ အလျှော့မပေးလိုသော ပြင်းပြသည့် စိတ်ဆန္ဒများကို ဖော်ပြနေဘိသကဲ့သို့ ရှိချေသည်။

ဤအချိန်၌ ချင်ဝူယန်းသည် အမှန်တကယ်ပင် အံ့ဩတုန်လှုပ်သွားရပြီ ဖြစ်သည်။ မီးလျှံဖီးနစ် ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်သည့်အလျောက် လောကအလယ်ရှိ မီးလျှံဟူသမျှသည် သူမ၏ ဝါးမြိုခြင်းကို ခံရမည်ဖြစ်ပြီး သူမအား ဦးညွှတ်ကျိုးနွံရမည် ဖြစ်သည်။

သို့သော်လည်း ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ထက်မှ ထူးဆန်းသော ခရမ်းရောင်မီးလျှံများသည် သူမ၏ ဖိနှိပ်မှုကို လုံးဝ တုံ့ပြန်ခြင်းမရှိသည့်အပြင် သူမ၏ မူလအနှစ်သာရမီးလျှံကိုပင် ပြန်လည်ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိနေချေသည်။

သူတို့နှစ်ဦးစလုံးသည် တစ်ပြိုင်နက်တည်း နောက်သို့ ဆုတ်ခွာသွားကြသော်လည်း ချက်ချင်းပင် ခြေလှမ်းကို ပြန်လည်ထိန်းချုပ်ကာ တစ်ဦးကိုတစ်ဦး ထပ်မံ၍ တိုးဝင်တိုက်ခိုက်ကြပြန်သည်။

တောက်လောင်နေသော မီးလျှံများသည် သူတို့၏ ခန္ဓာကိုယ်ထက်၌ ထွက်ပေါ်လာရာ ဧရာမ မီးလုံးကြီးနှစ်လုံးကဲ့သို့ သွင်ပြင်ရှိပြီး ဟိန်းဟောက်သံနှင့်အတူ ထပ်မံ၍ ရိုက်ခတ်မိကြပြန်သည်။

ပေါက်ကွဲသံများသည် အဆက်မပြတ် ထွက်ပေါ်နေချေပြီ။ ကညွန်ချိုင့်ဝှမ်း၏ ဘေးတစ်ဖက်တစ်ချက်ရှိ တောင်ထိပ်များပေါ်မှ ကြည့်ရှုနေကြသော လူအားလုံးသည် ရင်တမမဖြင့် အသက်ရှူရန်ပင် မေ့လျော့နေကြသည်။

ထိုမီးလုံးကြီးနှစ်လုံး၏ တိုက်ခိုက်မှုသည် ကြည့်ရှုနေသူတို့၏ သွေးသားများကို ဆူပွက်လာစေပြီး စိတ်လှုပ်ရှားမှုများကို မြှင့်တင်ပေးနေဘိသကဲ့သို့ ရှိသည်။

တစ်ချိန်တည်းမှာပင် သူတို့အားလုံးသည် မောင်နှမဝမ်းကွဲများဖြစ်ကြသည့် ချင်ယွမ်ဖုန်းနှင့် ချင်ဝူယန်းတို့၏ အစွမ်းထက်မှုကို အသိအမှတ်ပြုလိုက်ကြရသည်။

သေးငယ်လှသော ချင်မိသားစုမှ ဤကဲ့သို့သော ပါရမီရှင်နှစ်ဦး ထွက်ပေါ်လာခြင်းသည် ချင်မိသားစုအတွက် အလွန်ပင် ကံကောင်းလှသည်ဟု ဆိုရပေမည်။

သို့သော်လည်း ထိုနှစ်ဦးသည် ရန်သူများအဖြစ် ပြောင်းလဲသွားခဲ့ကြပြီး ချင်မိသားစုမှာလည်း ကြာမြင့်စွာကတည်းက ပျက်စီးကွယ်ပျောက်သွားခဲ့ပြီဖြစ်ရာ ယင်းမှာ ချင်မိသားစု၏ ဝမ်းနည်းဖွယ် အနိဋ္ဌာရုံပင် ဖြစ်တော့သည်။

ကွင်းပြင်အလယ်ရှိ ချင်ဝူယန်းနှင့် ချင်ယွမ်ဖုန်းတို့သည် အခြားသော ဟန်ရေးပြ တိုက်ကွက်များကို စွန့်ပစ်လိုက်ကြပြီး သူတို့၏ ကိုယ်တွင်းစွမ်းအင်နှင့် မီးလျှံများကိုသာ အသုံးပြု၍ ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်နေကြသည်။

မည်သူက အရင်ဆုံး တောင့်မခံနိုင်တော့ဘဲ ဖြစ်မည်နည်း၊ ထိုသူသည် ရှုံးနိမ့်ခြင်းသို့ ရောက်ရပေမည်။

ဤကဲ့သို့ ပြင်းထန်လှသော တိုက်ပွဲကြောင့် ဘေးမှကြည့်ရှုနေကြသော ကျိုးထုံနှင့် မြူနှင်းဂိုဏ်းသားများသည်လည်း စိုးရိမ်ပူပန်လာကြကာ ကွင်းပြင်အလယ်ရှိ လူနှစ်ဦးထံသို့ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။

မြူနှင်းဂိုဏ်းမှ တပည့်များသည် ချင်ယွမ်ဖုန်းအပေါ် ထားရှိခဲ့သော အထင်သေးမှုများကို ကြာမြင့်စွာကတည်းက ဖျောက်ဖျက်လိုက်ကြရပြီ ဖြစ်သည်။

မိမိကိုယ်ကိုယ် အထင်ကြီးလွန်းလှသည်ဟု သူတို့ သတ်မှတ်ထားခဲ့သော ထိုလူရွယ်သည် မြူနှင်းဂိုဏ်း၏ အချစ်တော် နတ်မိမယ်လေးကို နောက်ကောက်မကျဘဲ ရင်ဆိုင်တိုက်ခိုက်နိုင်နေသည်ကို သူတို့ ထိတ်လန့်တုန်လှုပ်စွာ တွေ့ရှိလိုက်ရခြင်းပင်။

ပြင်းထန်စွာ တိုက်ခိုက်နေကြသော ချင်ယွမ်ဖုန်းနှင့် ချင်ဝူယန်းတို့အနက် နောက်ဆုံးတွင် လူတစ်ယောက်သည် စတင်၍ တောင့်မခံနိုင်တော့ဘဲ ဖြစ်လာခဲ့သည်။

သို့သော်လည်း လူတိုင်းကို အံ့အားသင့်သွားစေသည်မှာ အရင်ဆုံး တောင့်မခံနိုင်တော့ဘဲ ဖြစ်သွားရသူမှာ ချင်ဝူယန်း အမှန်တကယ်ပင် ဖြစ်နေခြင်းပင်။

ချင်ဝူယန်းသည် ချင်ယွမ်ဖုန်းနှင့် နောက်ဆုံးတစ်ကြိမ် တိုက်ခိုက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်သည် ရုတ်ချည်း အပေါ်သို့ ပျံတက်သွားပြီး လေထုထဲရှိ သူမ၏ နီရဲသော ခန္ဓာကိုယ်ပုံရိပ်သည် သုံးခုအဖြစ် ကွဲပြားသွားကာ အဖက်ဖက်မှနေ၍ ချင်ယွမ်ဖုန်းထံသို့ တိုက်ရိုက် တိုးဝင်တိုက်ခိုက်လေတော့သည်။

အမှန်တကယ်တော့ ဤအခြေအနေသည် ချင်ယွမ်ဖုန်း၏ တွက်ချက်မှုအတွင်း၌ ရှိနေခဲ့ပြီးသား ဖြစ်သည်။

သူသည် ရှုဝမ်ချန်း၏ လူမဆန်သော အထူးလေ့ကျင့်မှုများကို ခံယူခဲ့ရပြီး ရှုဝမ်ချန်းသည်လည်း ချင်ယွမ်ဖုန်းအတွက် ရေတွက်၍မရနိုင်သော အဖိုးတန်ပစ္စည်းများကို ပံ့ပိုးပေးခဲ့ရာ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ကို ကျောက်ဆောင်ကဲ့သို့ ခိုင်မာစေပြီး ပြန်လည်ကုစားနိုင်စွမ်းကိုလည်း ထူးကဲစွာ အားကောင်းစေခဲ့သည်။

သို့သော်လည်း ချင်ဝူယန်းသည် အစဉ်တစိုက် ကျင့်ကြံနေခဲ့သော်လည်း သူမ၌ အစစ်အမှန် တိုက်ပွဲအတွေ့အကြုံများစွာ မရှိချေ။

ထို့ကြောင့် တိုက်ပွဲအစကတည်းကပင် ချင်ဝူယန်းသည် ချင်ယွမ်ဖုန်း၏ တိုက်ခိုက်မှု စည်းချက်အတွင်းသို့ ကျရောက်သွားခဲ့ရသည်။

ပြင်းထန်လှသော ထိတွေ့ရိုက်ခတ်မှုများစွာပြီးနောက် နှစ်ဦးစလုံးတွင် ဒဏ်ရာအချို့ ရရှိခဲ့ကြသည်။ သို့သော်လည်း ထိုဒဏ်ရာများသည် ချင်ယွမ်ဖုန်းအတွက်မူ အရေးမပါလှပေ။

သူ၏ ပြင်းပြသော စိတ်ဓာတ်ခွန်အားသည် ဒဏ်ရာများကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုများကို ကျော်လွှားနိုင်ချေသည်။

သို့သော် ချင်ဝူယန်းမှာမူ ဒဏ်ရာရရှိသွားသည့်အခါ စိတ်လှုပ်ရှားတုန်လှုပ်လာပြီး နာကျင်မှုသည်လည်း သူမအပေါ် သက်ရောက်မှု ရှိလာခဲ့သည်။

ဤအချိန်၌ ချင်ဝူယန်း၏ အဝတ်အစားများသည် အနည်းငယ် စုတ်ပြဲနေပြီဖြစ်ရာ သူမ၏ ဖြူဖွေးသော အသားအရေများ ထွက်ပေါ်နေပြီး အချို့နေရာများတွင် မီးလောင်ကျွမ်းထားသော အမှတ်အသားများပင် ရှိနေချေသည်။

သူမ၏ ဆံပင်များသည်လည်း ဖရိုဖရဲ ဖြစ်နေပြီဖြစ်ရာ ရူးသွပ်နေသော မိန်းမတစ်ယောက်ကဲ့သို့ သွင်ပြင် ဖြစ်နေတော့သည်။

ချင်ဝူယန်း၏ ရုတ်ချည်း ပြောင်းလဲသွားသော တိုက်ကွက်ဗျူဟာသည် ချင်ယွမ်ဖုန်း၏ ဝိညာဉ်စွမ်းအားအောက်တွင် အထင်အရှား ပေါ်လွင်နေချေသည်။

သူသည် မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်သော်လည်း သူ၏ ခန္ဓာကိုယ်သည် ငြိမ်သက်နေရာမှ လှုပ်ရှားမှုသို့ ပြောင်းလဲသွားကာ ရုတ်ချည်း တိုးထွက်သွားတော့သည်။

ချင်ယွမ်ဖုန်း၏ ပြင်းထန်လှသော ခြေကန်ချက်ကြောင့် မြေပြင်ထက်တွင် အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားရပြီး ယင်းမှာ သားရဲကြီးတစ်ကောင်က ၎င်း၏ နှုတ်ခမ်းဝကြီးကို ဖွင့်ဟလိုက်သကဲ့သို့ ချင်ဝူယန်းထံသို့ လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။

ထိုအက်ကွဲကြောင်းကြီးအတွင်း၌ ရွှေရောင်အလင်းတန်းများသည် အားနည်းစွာ ဖျတ်ခနဲ လက်ပွင့်နေချေသည်။

ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် မြေပြင်ထက်၌ ပုံရိပ်ယောင်အချို့ ချန်ထားခဲ့သည်ကို မြင်လိုက်ရသည့်အခါ ချင်ဝူယန်းသည် ချင်ယွမ်ဖုန်းကို အလေးအနက် စတင်သတိထားလိုက်ရပြီ ဖြစ်သည်။

ချင်ယွမ်ဖုန်း၏ ကျင့်စဉ်အဆင့်မှာ သူမလောက် မမြင့်မားသော်လည်း သူ၏ စွမ်းအားကိုမူ အထင်သေး၍မရချေ။

ပုံရိပ်သုံးခုသည် အောက်သို့ ထိုးဆင်းလာပြီး သူတို့၏ ဓားရှည်များကို ရူးသွပ်စွာ ဝှေ့ယမ်းလိုက်ကြရာ ထူထပ်လှသော နီရဲသည့် ကိုယ်ရံစွမ်းအင်များသည် လေဆင်နှာမောင်းကဲ့သို့ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ဆီသို့ တိုက်ရိုက် တိုးဝင်သွားတော့သည်။

သို့သော်လည်း ဤအချိန်၌ မြေပြင်ပေါ်ရှိ အက်ကွဲကြောင်းကြီးသည် ချင်ဝူယန်း၏ ပုံရိပ်သုံးခုအောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထိုနက်ရှိုင်းလှသော အက်ကွဲကြောင်းကြီးထဲမှ ရွှေရောင်မိုးကြိုးလျှပ်စီးစွမ်းအားများသည် ရုတ်ချည်း ပေါက်ကွဲထွက်လာပြီး နှင်တံများကဲ့သို့ ချင်ဝူယန်း၏ ပုံရိပ်သုံးခုထံသို့ ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။

ခဏချင်းတွင်ပင် ချင်ဝူယန်း၏ ပုံရိပ်နှစ်ခုသည် လွင့်ပြယ်ပျောက်ကွယ်သွားကာ အံ့ဩတုန်လှုပ်နေသော အမူအရာဖြင့် ချင်ဝူယန်း အစစ်အမှန်တစ်ယောက်သာ ကျန်ရစ်တော့သည်။

ထိုရွှေရောင်မိုးကြိုးလျှပ်စီးများသည် နာကျင်မှုကို သယ်ဆောင်လာရုံသာမက တိုတောင်းသော ထုံကျဉ်မှုဝေဒနာကိုပါ ဖြစ်ပေါ်စေရာ ချင်ဝူယန်းအနေဖြင့် မည်သည့် ပြန်လည်တိုက်ခိုက်မှုကိုမျှ ပြုလုပ်နိုင်ခြင်း မရှိဘဲ ဖြစ်သွားရသည်။

ချင်ယွမ်ဖုန်းသည် ရှေ့သို့ တိုးဝင်လာပြီး ကောင်းကင်ယံတစ်ခုလုံး ဖုံးလွှမ်းနေသော နီရဲသည့် ကိုယ်ရံစွမ်းအင်များကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ထိုကိုယ်ရံစွမ်းအင်များက သူ၏ ခန္ဓာကိုယ်ကို ဖြတ်တောက်နေသည်ကိုပင် သူ ဂရုမစိုက်ဘဲ ချင်ဝူယန်း၏ ရှေ့မှောက်သို့ ချက်ချင်း ရောက်ရှိသွားတော့သည်။

“မီးလျှံကောင်းကင်ခုတ်ချက်”

ချင်ယွမ်ဖုန်းသည် ဟိန်းဟောက်လိုက်ပြီး လက်ထဲမှ နဂါးကျောရိုးဓားမကြီးကို ဝုန်းကနဲ ခုတ်ချလိုက်ချေပြီ။

တောက်လောင်နေသော ဓားအလင်းတန်းသည် ကောင်းကင်ထက်မှ ကျဆင်းလာသော ဥက္ကာခဲတစ်ခုကဲ့သို့ ချင်ဝူယန်း၏ ဦးခေါင်းထက်သို့ တည့်တည့်မတ်မတ် ကျရောက်သွားတော့သည်။

မြူနှင်းဂိုဏ်းမှ တပည့်များသည် အသက်ရှူရန်ပင် မေ့လျော့နေကြပြီး သူတို့၏ အချစ်တော် နတ်မိမယ်လေးသည် ဤမျှတိုတောင်းသော အချိန်အတွင်း၌ ဖိနှိပ်ခြင်း ခံလိုက်ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။

ပတ်ဝန်းကျင်ရှိ ကြည့်ရှုနေသူများသည်လည်း အာမေဍိတ်သံများ ထွက်ပေါ်လာကြပြီး ချင်ဝူယန်းတစ်ယောက် တစ်ချက်တည်းဖြင့် အလဲထိုးခံရတော့မည့် အခြေအနေကို စိုက်ကြည့်နေကြသည်။

သို့သော်လည်း ဖုမိုချိုးသည် အနည်းငယ် စိုးရိမ်ပူပန်မှု ရှိနေဆဲ ဖြစ်သော်လည်း အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားခြင်း မရှိပေ။

“ချင်ယွမ်ဖုန်းက အမှန်တကယ်ပဲ အစွမ်းထက်တယ်ဆိုတာ ငါ ဝန်ခံရမယ်။ သုံးနှစ်အတွင်းမှာ ဘာမှမရှိတဲ့အဆင့်ကနေ ဒီနေရာအထိ ကျင့်ကြံနိုင်ခဲ့တာက သူဟာ ဒီမဟာကမ္ဘာကြီးရဲ့ ထိပ်တန်း ပါရမီရှင်တွေထဲက တစ်ယောက် ဖြစ်နေပြီဆိုတာ ပြသနေတာပဲ။ ဒါပေမဲ့ ချင်ဝူယန်းနဲ့ ယှဉ်ရင်တော့ ဒါဟာ လုံလောက်မှု မရှိသေးဘူး”

All Chapters