← Chapters

အခန်း ၁၉၈

Vol. 20 Ch. 198

အခန်း ၁၉၈

Vol. 20 Ch. 198

အခန်း (၁၉၈) - သီးခြားလှုပ်ရှားခြင်း

ချန်လော့၏ အသံကို ကြားလိုက်ရချိန်တွင် လူတိုင်း တွန့်ဆုတ်ခြင်းမရှိ လှည့်ကြည့်လိုက်ကြသည်။

အားလုံး လှည့်ကြည့်လိုက်ချိန်တွင် ထိုအနက်ရောင်အရိပ်သည် သူတို့၏ အမြင်အာရုံမှ လွတ်မြောက်ကာ ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရ၏။

ထိုမြင်ကွင်းကို မြင်သောအခါ လျူချီက ချက်ချင်း ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သော်လည်း နောက်တစ်စက္ကန့်တွင် ချန်လော့၏ တားဆီးခြင်းကို ခံလိုက်ရသည်။

"စိတ်လိုက်မာပါ မလုပ်နဲ့..."

ချန်လော့သည် အခြားသူများ၏ အသက်ကို သိပ်ဂရုမစိုက်သော်လည်း ယခု ဤကောင်းကင်နတ်ဆိုးတောအုပ်ထဲတွင် လူတစ်ယောက် ပိုရှိလေလေ အသက်ရှင်နိုင်ခြေ ပိုများလေလေ ဖြစ်သည်။

ထို့အပြင် ထိုနောက်သို့ မဆင်မခြင် လိုက်သွားပါက အနီးအနားရှိ သားရဲများကို ဆွဲဆောင်မိနိုင်သည်။ ချန်လော့သည် ဤလူ၏ မဆင်မခြင် လုပ်ရပ်အတွက် အသက်ပေးရန် စိတ်ကူးမရှိပေ။

ဘေးတွင် ရပ်နေသော ချိုးယွီနင်က လျူချီကို တစ်ချက်ကြည့်လိုက်ပြီး မနေနိုင်ဘဲ စကားဆိုလိုက်သည်။

"လျူချီ... ဒီနေရာက ကောင်းကင်နတ်ဆိုးတောအုပ်ပဲ... နှစ်ပေါင်း ၇၀၀ ကျော်အတွင်း ဘယ်သူမှ ခြေမချဖူးဘူး... ဒီမှာ ဘယ်လို သားရဲမျိုးတွေ ရှိနေသလဲ၊ ဘယ်လောက် အစွမ်းထက်သလဲဆိုတာ ဘယ်သူမှ မသိဘူး... လျှောက်မသွားနဲ့..."

ချိုးယွီနင်၏ စကားကို ကြားလိုက်ရချိန်တွင် လျူချီ ခေါင်းငုံ့သွားလေသည်။

သူသည် စဉ်းစားဆင်ခြင်မှု ကင်းမဲ့စွာဖြင့် လုပ်ဆောင်တတ်သည့် အားနည်းချက်ရှိသည်မှလွဲလျှင် အဘက်ဘက်တွင် ပြည့်စုံကောင်းမွန်သူတစ်ဦး ဖြစ်သည်။

သို့သော်လည်း သူသည် အခြေအနေကို မသုံးသပ်ဘဲ စောစီးစွာ ဝင်ရောက်လုပ်ဆောင်တတ်သဖြင့်၊ အမှန်တကယ် ဖြစ်ပျက်နေသည်ကို သိရှိချိန်တွင်မူ အရာရာမှာ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ဤသို့ဖြစ်ခဲ့သည်မှာ အရင်ကလည်း အကြိမ်ပေါင်းများစွာ ရှိခဲ့ပြီး မည်သူမျှ တုံ့ပြန်ရန် အချိန်မရမီ လျူချီသည် အပြင်သို့ ပြေးထွက်သွားလေ့ရှိသည်။

ချန်လော့က သူ့ကို အကြိမ်များစွာ တားဆီးခဲ့ရသည်။ သို့သော် တစ်ခါတစ်ရံတွင် ချန်လော့သည် လျုချီတစ်ယောက် သားရဲအချို့ကို ဆွဲဆောင်ရန် မျှော်လင့်လျက် ၊ ချိုးယွီနင်နှင့် အခြားသူများကို အားနည်းသွားစေရန်အတွက် သူ့ကို တမင်တကာ ပြေးခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခု ကောင်းကင်နတ်ဆိုးတောအုပ်ထဲတွင် ထိုအကွက်ကို အသုံးမပြုခြင်းက အကောင်းဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ချက်ချင်း သေဆုံးသွားနိုင်ခြေ ရှိသောကြောင့် ဖြစ်သည်။

မကြာမီတွင် သူတို့အဖွဲ့သည် ကောင်းကင်နတ်ဆိုးတောအုပ်၏ အနည်းငယ် ပိုမိုနက်ရှိုင်းသော နေရာသို့ ဝင်ရောက်လာကြသည်။

ချိုးယွီနင်က ပတ်ဝန်းကျင်ကို သတိထားကာ တစ်ချက်ကြည့်လိုက်ပြီးနောက် ချန်လော့နှင့် အခြားသူများကို ကြည့်လိုက်၏။

"ငါတို့က ကောင်းကင်နတ်ဆိုးတောအုပ်အကြောင်း သိပ်မသိကြဘူး... ဒါကြောင့် အရင်တုန်းကလို အဲဒီကို သွားပြီး လိုချင်တာကို အလွယ်တကူ ယူလို့မရတော့ဘူး..."

"ဒါကြောင့် အခု ငါတို့မှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်... တစ်ခုက အဖွဲ့ငယ်လေးတွေ ခွဲပြီး နေရာအနှံ့ ရှာဖွေဖို့ ထွက်သွားကြတာပဲ..."

ထိုစကားကို ကြားလိုက်ရချိန်တွင် လူတိုင်း၏ မျက်နှာပေါ်ရှိ အမူအရာများမှာ အနည်းငယ် မသာမယာ ဖြစ်သွားကြသည်။

သူတို့ထဲမှ မည်သူမျှ အမှန်တကယ် လမ်းခွဲလိုခြင်း မရှိသည်မှာ ရှင်းလင်းလှပေသည်။

ထို့နောက် ချိုးယွီနင်က ဆက်ပြောလေသည်။

"ဒါမှမဟုတ်ရင် ငါတို့ အရင်နည်းလမ်းအတိုင်းပဲ အတူတကွ လှုပ်ရှားကြတာပေါ့..."

ခေတ္တမျှ စဉ်းစားပြီးနောက် လူတိုင်းက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။

သို့သော် ချန်လော့မှာ မျက်မှောင်ကြုတ်သွားသည်။ ချန်လော့အတွက်မူ ဤရွေးချယ်မှုတွင် အားသာချက်ရော အားနည်းချက်ပါ ရှိနေခဲ့သည်။

သူ တုံ့ဆိုင်းနေခဲ့၏။ လမ်းခွဲလိုက်ခြင်းက ချိုးယွီနင်နှင့် အခြားသူများကို အတိုင်းအတာတစ်ခုအထိ အားနည်းသွားစေနိုင်သော်လည်း သူကိုယ်တိုင်လည်း အန္တရာယ်ထဲသို့ ကျရောက်စေနိုင်သည်။

သို့သော် အကယ်၍ လူတိုင်း အတူတကွ ခရီးသွားပါက နတ်ဝိညာဉ်အဆင့်ရှိ သားရဲနှင့် ကြုံတွေ့ရလျှင်ပင် ချိုးယွီနင်၏ "ရောင်စဉ်ဖြာ လက်နက်" တစ်ချက်တည်းဖြင့် ဖြေရှင်းနိုင်ပြီး အခြားသူများအပေါ် ဖိအားသက်ရောက်မှုကို လျှော့ချပေးနိုင်မည် ဖြစ်သည်။

‘တခြားသူတွေကို အမြတ်ထုတ်တာက ပိုကောင်းမလား ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာက ပိုကောင်းမလား…’

ခေတ္တမျှ စဉ်းစားပြီးနောက် ချန်လော့သည် အံကြိတ်လိုက်ပြီး ချိုးယွီနင်ကို ကြည့်ကာ အဖြေပေးလိုက်သည်။

"ငါတို့ လမ်းခွဲသင့်တယ်လို့ ငါ ထင်တယ်..."

ထိုစကားကို ကြားလိုက်ရချိန်တွင် လူတိုင်းက ချန်လော့ဘက်သို့ လှည့်ကြည့်လိုက်ကြပြီး ၊ အံ့အားသင့်သွားပုံရသည်။

"ငါတို့ အတူတကွ လှုပ်ရှားမယ်ဆိုရင် တိုက်ခိုက်ရေးစွမ်းအား တစ်ခုကို ထိန်းသိမ်းထားနိုင်ပေမဲ့ ဒါက ငါတို့ရဲ့ ရှာဖွေရေးအမြန်နှုန်းကို အများကြီး နှေးကွေးသွားစေလိမ့်မယ်..."

"ငါတို့ ကောင်းကင်နတ်ဆိုးတောအုပ်ထဲမှာ ကြာကြာနေလေလေ ငါတို့အတွက် ပိုအန္တရာယ်များလေလေ ဖြစ်လိမ့်မယ်..."

"ပြီးတော့ ငါတို့အားလုံး အတူတူ လမ်းလျှောက်နေတာဆိုတော့ သားရဲတွေ သိသွားရင် ငါတို့ ဝိုင်းရံခံရပြီး အသတ်ခံရနိုင်တယ်..."

"တကယ်လို့ ငါတို့ လမ်းခွဲလိုက်ရင် တစ်ဖွဲ့က အန္တရာယ်ကြုံလာတဲ့အခါ တခြားအဖွဲ့တွေက သွားပြီး ကူညီပေးနိုင်တယ်... ဒါကြောင့် ငါတို့ အရမ်းကြီး အားနည်းမှာ မဟုတ်ဘူး..."

ချန်လော့၏ သုံးသပ်ချက်ကို နားထောင်ပြီးနောက် လူတိုင်းက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။

သူတို့သည် အမှန်တကယ် လမ်းခွဲလိုခြင်း မရှိသော်လည်း ချန်လော့၏ စကားတွင် အဓိပ္ပာယ်ရှိကြောင်းကို ဝန်ခံရပေမည်။

"လမ်းခွဲဖို့ကို ကျွန်တော်လည်း သဘောတူတယ်..."

အခြားတစ်ယောက်က ဝင်ပြောလိုက်သည်။

လူတိုင်း ကြည့်လိုက်ရာ ထိုသူမှာ ကျန်းချုံ ဖြစ်နေ၏။

"အားလုံး အတူတူ စုနေတာက အရမ်း ဆူညံပြီး အချိန်ဖြုန်းရာကျတယ်... ငါတို့သာ အဖွဲ့ငယ်လေးတွေ ခွဲလိုက်ရင် ဆေးဖက်ဝင်အပင်တွေကို ပိုမြန်မြန် ရှာတွေ့နိုင်မယ်..."

ထို့နောက် အခြားလူအချို့ကလည်း သီးခြားလှုပ်ရှားသင့်သည်ဟူသော ချန်လော့နှင့် ကျန်းချုံ၏ အမြင်ကို သဘောတူခဲ့ကြသည်။

ခေတ္တမျှ စဉ်းစားပြီးနောက် ချိုးယွီနင်သည် ချန်လော့၏ အကြံပြုချက်အပေါ် အခြေခံ၍ အဖွဲ့များ ဖွဲ့စည်းရန် ဆုံးဖြတ်လိုက်သည်။

နောက်ဆုံးတွင် လူ ၁၃ ယောက်ကို အဖွဲ့လေးဖွဲ့ ခွဲလိုက်သည်။

ချန်လော့၊ ချိုးယွီနင်၊ ပိုင်ယီယီနှင့် လျူချီတို့သည် အဖွဲ့တစ်ဖွဲ့တည်းတွင် ကျရောက်ခဲ့သည်။

ထိုလေးယောက် တစ်ဖွဲ့တည်း ပါဝင်ရခြင်း၏ အကြောင်းရင်းမှာ အဓိကအားဖြင့် ချန်လော့၏ လက်ရှိစွမ်းအားမှာ အလွန် အားနည်းလွန်းသောကြောင့် ဖြစ်သည်။

လျူချီမှာ လူ ၁၃ ယောက်ထဲတွင် အညံ့ဆုံး ဖြစ်သည်။သူ၏ စွမ်းအားမှာလည်း မမြင့်မားဘဲ အောက်ဆုံး သို့မဟုတ် အောက်ဆုံးမှ ဒုတိယနေရာတွင် ရှိနေ၏။ ထို့အပြင် သူသည် အလွန် စိတ်လိုက်မာပါ ပြုမူတတ်သူလည်း ဖြစ်သည်။

ပိုင်ယီယီ တစ်ယောက်တည်းသာ အလယ်အလတ်အဆင့်တွင် ရှိပြီး အဆင်ပြေနေပေသည်။

ချိုးယွီနင်သည် အညံ့ဆုံး ကစားသမား နှစ်ယောက်ကို ခေါ်ထုတ်သွားရခြင်းမှာ အကြောင်းရင်း နှစ်ခုရှိသည်။ ပထမအချက်မှာ အခြားအဖွဲ့များ၏ စွမ်းအားကို မထိခိုက်စေရန်ဖြစ်ပြီး ဒုတိယအချက်မှာ အကယ်၍ ပြဿနာတစ်ခုခုနှင့် ကြုံတွေ့ရပါက သူတို့ကို အကူအညီမဲ့ မဖြစ်စေရန် ဖြစ်သည်။

ကျန်ရှိနေသော အဖွဲ့သုံးဖွဲ့ကို ကျန်းချုံ၊ လီချန်နှင့် ကျန်းချွန်းရှန်းတို့က အသီးသီး ဦးဆောင်ခဲ့ပြီး တစ်ဖွဲ့လျှင် သုံးယောက်စီ ပါဝင်သည်။

မထွက်ခွာမီ ချိုးယွီနင်သည် သူ၏ သိုလှောင်အိတ်ထဲမှ အသံလွှင့် ဝါးအချို့ကို ထုတ်ယူကာ ကျန်းချုံနှင့် အခြားသူများကို ကမ်းပေးလိုက်သည်။

"ဒါက အသံလွှင့် ဝါးပဲ... အန္တရာယ်တစ်ခုခု ကြုံလာရင် ဒါမှမဟုတ် ဆေးဖက်ဝင်အပင် တစ်ခုခု တွေ့ရင် ဝါးကို ချိုးပြီး ငါတို့ဆီကို သတင်းပို့လိုက်ပါ..."

ချိုးယွီနင်၏ လက်ထဲရှိ အသံလွှင့် ဝါးကို ကြည့်ရင်း ချန်လော့သည် ချိုးယွီနင်၏ သိုလှောင်အိတ်ကို မျက်စိကျနေမိသည်။

‘ဒီချိုးယွီနင်ရဲ့ သိုလှောင်အိတ်က အရာရာတိုင်း ရှိနေတဲ့ ဒိုရေမွန်ရဲ့ မှော်အိတ်လိုပဲ…’

ဤသို့တွေးမိရင်း ပစ္စည်းကောင်းများ အခြားသူလက်သို့ ပါသွားမည်ကို စိုးရိမ်ကာ ချိုးယွီနင်ကို အမြန်သတ်ပြီး သူ၏ ပစ္စည်းများကို လုယူချင်စိတ် ဖြစ်ပေါ်လာမိတော့သည်။

ထို့နောက် ကျန်သုံးဖွဲ့သည် လမ်းခွဲကာ အရှေ့တောင်၊ အနောက်မြောက်နှင့် အနောက်တောင်ဟူ၍ ဦးတည်ခဲ့ကြသည်။

ချိုးယွီနင်သည် ချန်လော့နှင့် အခြားသူများကို မြောက်ဘက်သို့ ဦးဆောင်သွားခဲ့၏။

ချန်လော့သည် ရွှေရောင်အနှစ်သာရဆေးလုံး ဖော်စပ်ရန် လိုအပ်သော ဆေးဖက်ဝင်အပင်များ အားလုံး ပါဝင်သည့် စာရင်းတစ်ခုကို ထုတ်ယူလိုက်သည်။

ချန်လော့ကို ဆွံ့အသွားစေသည်မှာ ရွှေရောင်အနှစ်သာရဆေးလုံး ဖော်စပ်ရန်အတွက် ဆေးဖက်ဝင်အပင်နှင့် ကောင်းကင်နှင့် မြေကြီး ရတနာ အမျိုးအစား ၃၀ ကျော် လိုအပ်ပြီး ၎င်းတို့အနက်မှ ဆေးဖက်ဝင်အပင် အမျိုးအစား ၂၀ ကျော်မှာ သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေတွင်သာ တွေ့နိုင်သည်။

အကယ်၍ ဤဆေးဖက်ဝင်အပင်များကို သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေအတွင်း မရရှိပါက အပြင်ဘက်တွင် ရရှိနိုင်မည့် အခွင့်အရေး လုံးဝမရှိသလောက်ပင် ။

ကျန်ရှိနေသော ဆေးဖက်ဝင်အပင် ဒါဇင်ပေါင်းများစွာမှာ သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေတွင် မတွေ့ရသော်လည်း အလားတူပင် တန်ဖိုးကြီးမားပြီး တစ်ခုလျှင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး တစ်ထောင်ခန့် တန်ကြေးရှိပေသည်။

ဤအချက်က ရွှေရောင်အနှစ်သာရဆေးလုံးကို ဖော်စပ်ရန်အတွက် ဝိညာဉ်ကျောက်တုံး မည်မျှ လိုအပ်ကြောင်း ပြသနေပေသည်။

သို့သော် ရွှေမြုတေ၏ အရည်အသွေးကို မြှင့်တင်ပေးနိုင်သည့် အာနိသင်နှင့် နှိုင်းယှဉ်ပါက ဤဝိညာဉ်ကျောက်တုံးများမှာ အရေးမပါတော့ချေ။

ကောင်းမွန်သော ရွှေမြုတေသည် ကျင့်ကြံသူကို အလျင်အမြန် တိုးတက်စေနိုင်သည်။

ချို့ယွင်းချက်ရှိသော ရွှေမြုတေသည် ကျင့်ကြံသူကို အဆင့်တတ်ရာတွင်‌ နှေးကွေးစေသည်။

မည်မျှအထိ ကျင့်ကြံနိုင်သည် ဆိုသည်မှာ ရွှေမြုတေ၏ အရည်အသွေးအပေါ် မူတည်နေပေသည်။

အကယ်၍ ပြီးပြည့်စုံသော ရွှေအမြုတေကို ဖွဲ့စည်းနိုင်ပါက နတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိရန်မှာ အသာလေးပင် ဖြစ်သည်။

All Chapters