ငါ့တာဝန်
Vol. 173 Ch. 2449
ကားတစ်စင်း ချဉ်းကပ်လာသည်ကို မြင်တော့ လူတိုင်း ၎င်းတို့ ပြုလုပ်နေကြသည်များအား ရပ်တန့်လိုက်ကြပြီး အဆိုပါ ကားကို သတိထားသည့် အကြည့်တို့ဖြင့် ဝိုင်းအုံကြည့်လိုက်ကြသည်။
ကျင်းလင်မြို့၌ အော်ဒီကားမောင်းသည်မှာ ထူးဆန်းသည်လို့ မဆိုသာပေ။ သို့သော်လည်းပဲ လိုင်စင်နံပါတ်ပြားကို တစ်ချက်ရှိုးကြည့်လိုက်တော့ လူတိုင်းစိတ်ထဲ သတိမထားမိဘဲ မနေနိုင်ကြတော့ချေ။
မကြာမီ ကားတံခါး ပွင့်လာခဲ့ပြီး သက်လတ်ပိုင်း အမျိုးသား နှစ်ဦး အပြင်သို့ ထွက်လာခဲ့သည်။ နှစ်ဦးလုံးက ပိုလို ရှပ်နှင့် ဘောင်းဘီရှည်များ ဝတ်ဆင်ထားကြ၏။
သို့သော် ၎င်းတို့အနက် တစ်ဦးကတော့ အင်မတန် သုန်မှုန်နေသည့် မျက်နှာအမူအရာတစ်ခုကို ဆင်မြန်းထားလေသည်။
ကားပေါ်မှ ဆင်းလာသည့် သက်လတ်ပိုင်း အမျိုးသားနှစ်ဦးကို မြင်တော့ ဖုန်းကျန့်ဟွေ့၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့တော့သည်။
ကျင်းလင်ဒေသခံ စီးပွားရေး သမားတစ်ယောက်အနေနှင့် အခု ရောက်ရှိလာသည့် သက်လတ်ပိုင်း အမျိုးသားနှစ်ဦးကို သူ မည်သို့ မသိဘဲ နေလိမ့်မည်နည်း။
တစ်ဦးက စုကျန်းဝန် ဖြစ်ပြီး ကျန်တစ်ဦးကတော့ ပြည်သူ့ရေးရာ ကော်မတီ၏ ဌာနခေါင်းဆောင် ချိန်ဟွားလုံပင်။
ထိုနှစ်ဦး ရောက်ရှိလာလိမ့်မည်လို့ သူ တစ်ခါမျှပင် စိတ်ကူးမယဉ်ခဲ့ဖူးချေ။
ကားထဲက ထွက်လာခဲ့ပြီးနောက် စုကျန်းဝန်က ဘေးပတ်ပတ်လည်ကို တစ်ချက်ကြည့်ရှုလိုက်ပြီး မလှမ်းမကမ်းရှိ လင်းရီကို မြင်တော့ ချက်ချင်းပဲ ထိုနေရာသို့ လျှောက်လှမ်းလာခဲ့လိုက်သည်။
ထိုအချိန် လင်းရီလည်း မတ်တပ်ရပ်လိုက်ပြီး ရန်စီလည်း သူမ၏ ခြေကို ကြွလိုက်သည်။
ထိုအမျိုးသားနှစ်ဦးက မည်သူမည်ဝါ ဖြစ်သည်ကို သူမ သိရှိခြင်းမရှိ။ သို့သော် သာမန်လူမဟုတ်ကြောင်းကိုတော့ ပြောနိုင်သည်။
“ အကြီးအကဲတို့ … ခင်များတို့ ရောက်လာကြပြီပဲ ….”
စုကျန်းဝန်နှင့် ချိန်ဟွားလုံကို မြင်တော့ လင်းရီ သူတို့နှစ်ဦးကို ပြုံးချက် နှုတ်ခွန်းဆက်လိုက်ပြီး အချင်းချင်း လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။
တစ်ချိန်တည်းမှာပဲ ရန်စီကို သူတို့နှစ်ဦးနှင့် မိတ်ဆက်ပေးလိုက်၏။
တစ်ဖက်လူနှစ်ဦး၏ အထောက်အထားကို သိလိုက်ရတော့ ရန်စီမှာ အနည်းငယ် ပျာယာခတ်သွားခဲ့ပြီး အလျင်အမြန်ပဲ လက်ဆွဲနှုတ်ဆက်လိုက်လေသည်။
“ ကျင်းလင်ကို ရောက်လာတယ်ဆိုလည်း ငါတို့ကို ကြိုအသိပေးရောပေါ့ ဒါရိုက်တာလင်းရာ ….” စုကျန်းဝန်က နွေးထွေးပျူငှာသည့် လေသံဖြင့် ဆိုလိုက်၏။ “ ငါတို့ အားလုံး ကြိုပြီး ပြင်ဆင်ထားပေးမှာပေါ့ …. အဲ့လိုသာဆို အခုလို အခြေအနေမျိုးတွေလည်း ဖြစ်လာတော့မှာ မဟုတ်ဘူး … အကုန်လုံးက ကိုယ့်အချင်းချင်းတွေကိုပဲ … မျက်နှာပူစရာတွေတော့ ဖြစ်ကုန်ပါပြီ … ”
စုန်ကျန်းဝန်ကို လုပေချိန်ကိုယ်တိုင် ရာထူးတိုးထားပေးသဖြင့် ‘ကိုယ့်အချင်းချင်း’ ဟု သုံးနှုန်းသည်က လုံးလုံးလျားလျား ကျိုးကြောင်းဆီလျော်သည်။
“ ထွေထူး အရေးကြီးကိစ္စလည်း မဟုတ်တော့ ခေါင်းဆောင်တို့ကို ကျုပ် အနှောင့်အယှက် မပေးချင်လို့ပါ …” လင်းရီ ပြုံးလျက် ဆိုလိုက်၏။
ထိုသို့ ပြောဆိုပြီးနောက် လင်းရီက ပစ္စည်းများကို ဖျက်စီးသိမ်းဆည်းနေသည့် လူများထံ လက်ဟန်ပြလိုက်ပြီး “ ဒီလူတွေက ကိန်းကြီးခမ်းကြီးနဲ့ ရောက်လာကြပြီး ပစ္စည်းတွေကို စဖျက်စီးကြတော့တာပဲ … သူတို့ရဲ့ လုပ်ရပ်က နည်းနည်းလေး တရားလွန်နေသလားလို့လေ ….”
ဖျက်စီးရေးကို ဦးဆောင်နေသည့် ခေါင်းဆောင်မှာ အံ့အားသင့်သွားခဲ့ပြီး ၎င်းတို့တစ်ယောက်ချင်းစီတိုင်းက ကျောက်ရုပ်များကဲ့သို့ မလှုပ်မယှက် ဖြစ်သွားခဲ့ကြကာ အသက်ပင်ဝဝ မရှူဝံ့ကြတော့ချေ။
ဖုန်းကျန်းဟွေ့လည်း အလားတူ အခြေအနေမျိုးသို့ ကျရောက်နေသည်။ သို့သော်လည်းပဲ သူ မည်သည့်အချိန်က ကားထဲမှ ထွက်ပြီး အပြင်တွင် မတ်တပ်ရပ်နေလဲဆိုတာကိုတော့ မည်သူမျှ မသိလိုက်ကြချေ။
ထိုအခါမှပဲ ရန်စီဘေးနားတွင် ရပ်နေသည့် လူငယ်လေးသည် သာမန် ပေါ့သေးသေး လူတစ်ယောက် မဟုတ်ကြောင်းကို သူ သတိပြုမိသွားခဲ့တော့သည်။
မည်သို့ပင်ဆိုစေကာမူ စုကျန်းဝန်ကဲ့သို့သော လူစားမျိုးကပင် လေးလေးစားစားနှင့် နှုတ်ဆက်၍ ‘ကိုယ့်လူအချင်းချင်း’ဟု ပြောဆိုနေသည်။ ဤသည်ကပင် ထိုလူငယ်လေး၏ အဆင့်အတန်းက ဖုန်းကျန့်ဟွေ့ စိတ်ကူးမယဉ်နိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို ညွှန်ပြနေတော့သည်။
“ ဒါ ငါတို့ဘက်က အမှားပဲ … စိတ်ချပါ ဒါရိုက်တာလင်း … ငါမင်းကို ကျိန်းသေပေါက် ဖြေရှင်းချက် တစ်ခု ပေးပါ့မယ် ….” စုကျန်းဝန် လေးနက်သည့် အမူအရာဖြင့် ပြောလိုက်သည်။
“ မဟုတ်တာ မဟုတ်တာ … အဲ့လောက်ထိ မလိုပါဘူး ….” လင်းရီ ပြောလိုက်ပြီး “ ကျုပ်တို့က ဒီမှာ ရုပ်ရှင်အတွက် ရိုက်ကွင်းလေး နည်းနည်းလောက်ပဲ ရိုက်ချင်တာ … တကယ်လို့ အဆင်ပြေမယ်ဆိုရင် ကျုပ်တို့ကို ရက်အနည်းငယ်လောက် ရိုက်ခွင့် ပြုနိုင်မလား … အဆင်မပြေဘူးဆိုလည်း ထွက်သွားပေးလို့ရပါတယ် … နောက်မှ ပြန်လာရိုက်တာပေါ့ …”
“ အိုက်ယား … ဒါရိုက်တာလင်းကတော့ မဟုတ်တာတွေ လျှောက်ပြောနေပြန်ပါပြီ … ဒီမှာ ရုပ်ရှင်လာရိုက်တယ်ဆိုတာ ငါတို့မြို့လည်း လူသိများပြီးသား ဖြစ်တယ်လေ … မကြိုဆိုစရာ အကြောင်းမှ မရှိတာ … ဘာအဆင်မပြေစရာ အကြောင်းရှိလို့ ….” စုကျန်းဝန် ပြောလိုက်သည်။
“ ဘာပဲဖြစ်ဖြစ် ဒီအကြောင်း စိတ်ပူစရာမလိုဘူး… ငါ ကိုင်တွယ်လိုက်မယ် ….”
လင်းရီ ခေါင်းညိတ်လိုက်သည်။ ပြီးနောက် ဖုန်းကျန့်ဟွေ့ကို ကြည့်လိုက်၏။
“ နောက်ပြီး ဒီလူ … သူက အဲ့အုပ်စုနဲ့ ပတ်သက်နေတယ်နဲ့တူတယ် … နောက်ကွယ်မှာနေပြီး ဂယက်ထအောင် လိုက်ဖန်တီးနေတာပေါ့ … ကြည့်ရတာ လူကောင်းနဲ့တော့ မတူဘူး ….”
စုကျန်းဝန်သည် ဖုန်းကျန့်ဟွေ့ကို တစ်ချက်ကြည့်လိုက်ရာ တစ်ဖက်လူမှာ ရေခဲကမ္ဘာကြီးထဲ ကျရောက်သွားသည့်နှယ် တစ်ကိုယ်လုံး တုန်ယင်သွားခဲ့တော့သည်။
“ မပူနဲ့ … သူ့ကိုပါ ငါ ကိုင်တယ်လိုက်မယ် ….”
လင်းရီ အချိန်ကို တစ်ချက် စစ်ဆေးကြည့်လိုက်ပြီး “ ခေါင်းဆောင်တို့ ဒီည အချိန်ရလား မသိဘူး … ရတယ်ဆို တစ်ခွက်လောက် အတူသောက်ကြတာပေါ့ ….”
“ ကောင်းတာပေါ့ … အလုပ်တွေ တော်တော်ရှုပ်နေတာနဲ့ အခုထိ ဘာမှကို မစားရသေးတာ ….” စုကျန်းဝန်က စိတ်အားထက်သန်စွာဖြင့် လက်ခံလိုက်ပြီး “ သွားစို့ … ငါက အိမ်ရှင်ဆိုတော့ ငါပဲ ဧည့်ခံမယ်…..”
“ ဒါဆိုလည်း ကျုပ် အားမနာတော့ဘူးနော် ….”
လင်းရီ၏ အထောက်အထားနှင့် ပတ်သက်၍ကတော့ စုကျန်းဝန်သည် အပေါ်ယံလောက်သာ နားလည်ထား၏။ လင်းရီတွင် အင်မတန် အားကောင်းသည့် ကျောထောက်နောက်ခံ ပိုင်ဆိုင်ထားပြီး သူ့ဆရာ၏ တပည့်အချစ်တော်လည်း ဖြစ်သည်။ နောက်ပြီး လင်းယွင်အုပ်စု၏ ဥက္ကဌလည်း ဖြစ်သေး၏။ အနှီ နှစ်ချက်နှင့်တင် ထမင်းအတူစားဖို့ရာ ဝမ်းပန်းတသာနှင့် လက်ခံဖို့ လုံလောက်၏။
လင်းရီ ထမင်းအတူစားဖို့ အကြံပြုလိုက်သည်က ရန်စီအတွက် လမ်းခင်းပေးချင်၍ပင်။ ပိုပြီး အရေးပါသည့် လူများနှင့် သူမ ရင်းနှီးလေလေ ၊ နောင်ကျ အလုပ်လုပ်ရသည်မှာ ပိုမို လွယ်ကူလေလေ ဖြစ်၏။
ရန်စီကလည်း သဘာဝအလျောက် ဤအချင်းအရာကို နားလည်သဘောပေါက်သည်။
လင်းရီက သူမအတွက်နှင့် ယနေ့ ညစာစားပွဲကို စီစဉ်လိုက်ရခြင်း ဖြစ်၏။
“ ခေါင်းဆောင်စု ….”
သူတို့တွေ ထွက်သွားတော့မည့် အချိန်မှာပဲ ဖုန်းကျန့်ဟွေ့က မျက်နှာလို ၊ မျက်နှာရ အပြုံးမျိုးဖြင့် အနားသို့ ပြေးလာခဲ့ပြီး “ ဒီခု ညစာစားပွဲကို ကျုပ်ပဲ ဧည့်ခံလိုက်မယ်ဆိုရင်ကော … ဒီရုပ်ရှင်ကားထဲမှာလည်း ရင်းနှီးမြုပ်နှံထားတယ်ဆိုတော့ လူတိုင်းကို ကျုပ်ပဲ ဒကာခံပါရစေ ….”
စုန်ကျန်းဝန်က ဖုန်းကျန့်ဟွေ့ကို အေးစက်စက် ကြည့်၍ “ ဒါ မင်းနဲ့ ဘာဆိုင်လို့ … ကိုယ့်နေရာကို မသိဘူးလား…”
ထိုအကြည့်တစ်ချက်နှင့်တင် ဖုန်းကျန့်ဟွေ့ကို သေလုမတတ် ကြောက်ရွံ့သွားစေခဲ့သည်။
သူ ကိုးရို့ကားယားနှင့် နောက်ဆုတ်သွားခဲ့ပြီး ရန်စီဘေးနား သွားရပ်၍ “ ဥက္ကဌရန် … ဒါ ငါ့အမှားပါ … ငါကိုက ကန်းပြီး မိုက်မဲမိတာပဲ … ကျေးဇူးပြုပြီး စိတ်ထဲ မထားပါနဲ့ … မင်းရဲ့ ရုပ်ရှင်ထဲမှာ ငါ ဆက်ပြီး ရင်းနှီးမြုပ်နှံမယ် … နောက်ထပ် သန်း ၅၀ ထပ်ပေါင်းပေးမယ် … အမြတ်ကိုလည်း ၂၀ ရာခိုင်နှုန်းတည်း ယူမယ် … ငါ့ကို နောက်အခွင့်အရေးတစ်ခုလေးပဲ ပေးပါကွာ ….”
“ ကျွန်မကတော့ ရှင့်ကို အခွင့်အရေး ပေးချင်ပါရဲ့ …” ရန်စီ အေးစက်စက်လေသံဖြင့် ခွန်းတုံ့ပြန်လိုက်ပြီး “ ဒါပေမယ့် သူများကတော့ မပြောတတ်ဘူး …”
“ နောက်ပြီး သေချာတာ တစ်ခုက …. ၊ ကျွန်မ ရန်စီရဲ့ လူက အလှပန်းအိုး မဟုတ်တာတော့ ကျိန်းသေတယ် ….”
ထိုသို့ပြောဆိုပြီးနောက် သူတို့အားလုံး ကားထဲသို့ ဝင်သွားခဲ့ကြပြီး ထွက်ခွာသွားခဲ့ကြသည်။ ဖုန်းကျန့်ဟွေ့ကို ဆက်ပြီး အာရုံမထားကြတော့ချေ။
ရုပ်ရှင် အဖွဲ့သားများအားလုံးမှာ မျက်စိရှေ့က မြင်ကွင်းကို ကြည့်ရင်း တုန်လှုပ် အံ့အားသင့်နေမိကြ၏။
ထို့ပြင် အုပ်စု၏ ကပ္ပတိန်သည်လည်း သူ့မိသားစုဝင် တစ်ဦးဦး သေဆုံးသွားသည်ထက်ပင် ပို၍ ဝမ်းနည်းသည့် မျက်နှာအမူအရာမျိုးနှင့် ဖြစ်နေတော့သည်။
သူ့ကိုယ်သူ အဆုံးသတ်ပြီ ဖြစ်ကြောင်း တပ်အပ် သေချာစွာ သိရှိသည်။
*****
ည ဆယ့်တစ်နာရီ ဝန်းကျင်လောက်ရောက်တော့ ညစာစားပွဲသည်လည်း အဆုံးသတ်သွားခဲ့လေသည်။
ရန်စီကလည်း သူမ၏ ကျွမ်းကျင်ပိုင်နိုင်သည့် ဆိုရှယ် စကေးကို အသုံးချ၍ ဆက်တိုက် တို့စ်လုပ်နေသဖြင့် ဧည့်သည်နှင့် အိမ်ရှင် ၊ နှစ်ဦးနှစ်ဖက်လုံးအတွက် ပျော်ရွှင်ဖွယ်ရာကောင်းသည့် ညစာပွဲအခမ်းအနားတစ်ခု ဖြစ်ခဲ့လေသည်။
လင်းရီက သူမအတွက် လမ်းကြောင်းတစ်ခု ခင်းပေးခဲ့ကြောင်းကို ရှင်းရှင်းလင်းလင်း သိသည်။ အဆိုပါ လမ်းကို မည်သို့လျှောက်လှမ်းသွားမလဲ၊ အခွင့်အရေးတွေကို ဘယ်လို အသုံးချသွားမလဲဆိုတာကတော့ သူမ အပေါ်မှာပဲ မူတည်နေသည်။
ညသန်းခေါင်ယံ ဝန်းကျင်လောက်ရောက်တော့ နှစ်ဦးမှာ ဟိုတယ်သို့ ပြန်ရောက်လာခဲ့ကြသည်။
“ မင်း ဘာတွေ ဖြစ်နေတာ … ခုံအောက်ကနေ ခြေထောက်ကို ဒီလောက်ထိ တို့နေတာတောင် ဘာမှနားမလည်ဘူးလား ….” လင်းရီ အေးတိအေးစက် မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်၏။
ရန်စီကတော့ အမှားလုပ်ထားမိသည့် ကလေးလေးတစ်ယောက်နှယ် လင်းရီ၏ လည်ပင်းကို တွယ်ဖက်ထားရင်း “ ငါလည်း အရက်တွေ အများကြီး မသောက်ချင်ပါဘူး … ဒါပေမယ့် အခွင့်အရေးရှိတဲ့အခါကျရင်တော့ ကိုယ့်ဘက်က သေချာလေး ဖမ်းဆုပ်ဖို့ လိုတယ်လေ …. ညစာစားပွဲမှာ ဒီတိုင်းထိုင်နေပြီး နင့်ကိုချည်း အရာအားလုံး ကိုင်တွယ်ခိုင်းနေလို့တော့ ဘယ်ဖြစ်မှာ … မဟုတ်ရင် ငါက အသုံးမကျတဲ့လူ ဖြစ်သွားမှာပေါ့ ….”
“ အဲ့လိုလုပ်တာနဲ့ အသုံးမကျတာနဲ့က ဘာပတ်သက်နေလို့ …..”
“ အမျိုးသမီးတစ်ယောက်ရဲ့ အခန်းကဏ္ဍက အဲ့အတိုင်းပဲလေ ….” ရန်စီ ပြောလိုက်ပြီး “ အပြင်ရောက်တဲ့အချိန်ကျရင် ကျော့ရှင်းနေပြီး အိပ်ရာပေါ်ရောက်ရင်တော့ အပြည့်အဝ စွမ်းဆောင်နိုင်ရမယ် … ပြန်ရောက်တဲ့အခါကျရင် သူတို့အားလုံး လက်မထောင်ပြီး လင်းရီရဲ့ အမျိုးသမီးက လုံးဝ အထင်ကြီးဖို့ကောင်းတယ်ဆိုပြီး ချီးမွမ်းတာကို လိုချင်တယ် ….”
“ မဟုတ်ရင် နင့်ကို အရှက်ရစေမှာပေါ့ ….”
“ ငါ မျက်နှာရဖို့ မင်းလုပ်ပေးစရာမလိုဘူး ….”
လင်းရီသည် ရန်စီ၏ နူးညံ့သည့် တင်ပါးကို ဖျစ်ညှစ်လိုက်ပြီး “ အခုချိန်ကစပြီး မင်းကြိုက်နှစ်သက်တာကိုပဲလုပ် … တစ်ခြားကိစ္စတွေ စဉ်းစားမနေနဲ့ ….”
“ ဟွန့် …” ရန်စီက ချစ်ဖို့ကောင်းအောင် နှုတ်ခမ်းဆူလိုက်ပြီး “ နင် ငါ့ကို ဂရုစိုက်မှန်း ငါသိသားပဲ …. “
“ ဒါပေမယ့် နင် ဂုဏ်ယူရအောင်တော့ ကြိုးစားချင်တယ် … အဲ့တာ ငါ လုပ်သင့်လုပ်ထိုက်တာပဲ ….”
“ လူတွေက နင့်ကို လေးစားအားကျတဲ့အခါကျရင် ငါလည်း ဂုဏ်ယူရတယ် ….”
“ အေးဆေးပေါ့ … အရက်က ခန္ဓာကိုယ်အတွက် မကောင်းဘူး … ကိုယ့်အကန့်အသတ်ကိုယ် သိရတယ် ….” တင်ပါးကို ညင်သာစွာ ပုတ်ပေးလိုက်ပြီး “ သွားပြီး ဆေးကြောတော့ …. နောက်ကျနေပြီ … အိပ်ဖို့ အချိန်ကျပြီ ….”
“ မဆေးတော့ဘူး …. ချက်ချင်းပဲ စလိုက်ကြရအောင် … ငါ ဘယ်လိုမှ မစောင့်နိုင်တော့လို့ ….”
ရန်စီက လင်းရီကို အိပ်ရာပေါ်သို့ တွန်းချလိုက်၏။ ပြီးနောက် သူမကိုယ်တိုင်လည်း ပစ်ဝင်လိုက်သည်။
ကြမ်းတမ်းပြီး အရိုင်းဆန်သည့် တိုက်ပွဲကြီးကလည်း တရားဝင် စတင်လေပြီ။