← Chapters

တွက်ချက်မှုက အတော်လေး မှန်တယ်

Vol. 173 Ch. 2451

တွက်ချက်မှုက အတော်လေး မှန်တယ်

Vol. 173 Ch. 2451

“ ဟမ် … ဘာပြောချင်တာ …”

လင်းရီနှင့် ရန်စီတို့နှစ်ဦးလုံး ဇဝေဇဝါ ဖြစ်သွားခဲ့ကြသည်။

သူတို့ချင်း သိလည်းမသိကြဘဲနဲ့ ဘာပြောစရာအကြောင်း ရှိလို့ ….

“ လာခဲ့ … ဟိုနားလေးသွားပြီး စကားခဏ သွားပြောကြရအောင် …”

ဘုန်းတော်အိုကြီးက မတ်တပ်ရပ်ပြီး လင်းရီကို ဘေးတစ်ဖက်သို့ ခေါ်သွားခဲ့၏။

မသိစိတ်ထဲတွင်တော့ ကောင်းသည့် ကိစ္စဖြစ်မှာ မဟုတ်ကြောင်းကိုတော့ လင်းရီ အလိုလို ခံစားမိနေသည်။

“ ကိစ္စ တစ်ခုခုရှိလို့လား “

“ အခုလေးတင်ပဲ မင်း ကျူအာကုတ် စကန်ဖတ်တုန်းက မင်းရဲ့ စကားပြောမှတ်တမ်းကို ငါ အမှတ်မထင် မြင်လိုက်ရတယ် ….”

“ အဲ့ဒီတော့ …. ခင်များပြောချင်တာက ….”

“ အမျိုးသမီး‌တွေ အများကြီးက မင်းဆီ စာပို့ထားတာကို ငါ မြင်လိုက်တယ် … အဲ့ဒီ မိန်းကလေးက မင်းလှည့်စားတာကို ခံထားရတဲ့လူ ဖြစ်မယ် ….” ဘုန်းတော်အိုကြီးက ပြုံးလျက် ဆိုလိုက်ပြီး “ တကယ်လို့ သူသာ မင်း မိန်းကလေးတွေ အများကြီးနဲ့ တစ်ပြိုင်နက်တည်း စကားပြောနေတာကို သိသွားခဲ့ရင် သူ ဘယ်လိုထင်သွားမလဲဆိုတာ အတော်လေး သိချင်မိသားကွ ….”

လင်းရီ ရယ်ရမလို၊ ငိုရမလို ဖြစ်သွားခဲ့သည်။ ဘုန်းတော်အိုကြီးက သူ့ကို ခေါ်ထုတ်လာခဲ့သည်က အရေးကြီး ကိစ္စ တစ်စုံတစ်ရာကြောင့် ဖြစ်လိမ့်မည်ဟု ထင်နေခဲ့သော်လည်း တကယ့်တကယ်တွင်တော့ အရေးမပါသည့် အသေးမွှား ကိစ္စလေးသာ ဖြစ်နေလေသည်။

“ ဆက်ပြောပါဦး … ခင်များ ဘာထပ်ပြောချင်သေးလဲ …”

“ မင်းရဲ့ အချိန်တွေက ခက်ခဲနေတော့မှာကို ငါ ကြိုပြီး မြင်ယောင်နေတယ် … ဒီတော့ ငါမင်းကို အခက်တွေ့အောင် မလုပ်ချင်ဘူး …. ယွမ် ၂,၀၀၀ …. ဒီကိစ္စကို အဆင်ပြေချောမွေ့အောင် လုပ်ပေးပြီး သူ မင်းကို တမ်းတမ်းစွဲ ဖြစ်သွားအောင် ကူညီပေးမယ်လို့ အာမခံတယ်ကွာ … ဘယ်လိုလဲ … အပေးအယူကောင်းပဲမလား …..”

“ ဟင့်အင်း … ကျုပ်မှာ အဲ့လောက် ပိုက်ဆံအများကြီး မရှိဘူး ….” လင်းရီ ပြောလိုက်သည်။ “ ပြီးတော့ ယွမ် ၂,၀၀၀ က နည်းနည်းများတယ် …. သုည ဖြုတ်လိုက်ရင်ကော ဘယ်လိုလဲ ….”

“ သုညဖြုတ်မှာလား ….” ဘုန်းတော်အိုကြီးက လင်းရီကို မကျေနပ်သည့် အမူအရာမျိုးဖြင့် ကြည့်လိုက်ပြီး “ ၂,၀၀၀ ဆိုတာက အတော်လေး သင့်တင့်တဲ့ ပမာဏ ဖြစ်နေပြီကို မင်းက ယွမ် ၂,၀၀ တည်းပေးချင်တယ်ပေါ့ …. ငါ့ကို သူတောင်းစားများ မှတ်နေလား ….”

“ မဟုတ်ဘူး မဟုတ်ဘူး … ကျုပ်ပြောချင်တာက ၂ ယွမ် ၊ သုည အကုန်လုံးကို ဖြုတ်ချလိုက် …”

“ ၂ ယွမ် …”

အကယ်၍ စောနတုန်းက မကျေနပ်သည့် အမူအရာနှင့် ဖြစ်နေခဲ့သည် ဆိုလျှင် ယခုအခါတွင်တော့ ဒေါသထွက်သည့် ဘက်ခြမ်းသို့ ကူးပြောင်းသွားခဲ့တော့၏။

“ မင်းငါ့ကို လာနောက်နေတာလား ….” ဘုန်းတော်အိုကြီးက ပြောလိုက်ပြီ “ ဒါဆိုလည်း ငါ့ကို ခါးသီးတဲ့ အမှန်တရားတွေ ပြောတဲ့အတွက် အပြစ်မတင်နဲ့ပေါ့ကွာ …..”

ထိုစကားလုံးများ ပြောဆိုပြီးနောက် ဘုန်းတော်အိုကြီးက သူ့နေရာသို့ ပြန်ရောက်လာခဲ့သည်။ သို့ပေမယ့်လည်း သူ့ မျက်နှာအမူအရာမှာ စောနတုန်းကကဲ့သို့ ညင်သာ နူးညံ့နေခြင်း မရှိတော့ပေ။

“ နင်တို့ ဘာအကြောင်းတွေ ပြောခဲ့ကြတာလဲ ….”

လင်းရီ ပြန်ရောက်လာတာကို မြင်တော့ ရန်စီ သိချင်စိတ် ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။

“ ထွေထူး မဟုတ်ပါဘူးကွာ …..”

“ ကောင်မလေး … မင်း စာချရင်ကော ဘယ်လိုလဲ …”

“ ဟင် … စာချတာလား … ရတယ်လေ …”

ရန်စီက သစ်သားချောင်းသေးသေးလေးများ ထည့်ထားသည့် ကျည်တောက်ကို ယူ၍ ညင်သာစွာ လှုပ်ခါလိုက်ရာ သစ်သားပြားတစ်ချောင်းကအပြင်သို့ ထွက်ကျလာသည်။

ထွက်ကျလာသည့် သစ်သားချောင်းကို ဘုန်းတော်အိုကြီးက ကောက်ယူဖတ်ကြည့်ပြီး ခေတ္တခန့် တိတ်ဆိတ်သွားခဲ့သည်။

တစ်ဖက်လူ၏ ဟန်များလှသည့် သရုပ်ဆောင်မှုကို မြင်တော့ လင်းရီ ကျယ်လောင်စွာ အော်ရယ်လုနီးပါး ဖြစ်သွားခဲ့လေသည်။

“ ကောင်မလေး … တကယ်လို့ မင်းက အိမ်ထောင်ရေး မင်္ဂလာကိစ္စ စဉ်းစားနေတယ်ဆိုရင်တော့ ဒီတုတ်ချောင်းက သိပ်တော့ မကောင်းဘူးပဲ …”

“ ဘယ်လို မကောင်းတာလဲ …..”

“ မင်းဘေးမှာ ရှိတဲ့ လူကြီးမင်းလေးက မင်းနဲ့ လိုက်ဖက်ညီတဲ့ စုံတွဲတွေ မဟုတ်ဘူး …”

“ လိုက်ဖက်ညီတဲ့ စုံတွဲတွေ မဟုတ်ဘူးလား ….”

“ သူ့မျက်နှာသွင်ပြင်ရယ် ၊ အခု ဒီရဲ့ ကံကြမ္မာတုတ်ချောင်းရယ် ပေါင်းစပ်လိုက်တော့ သူက မရေမတွက်နိုင်တဲ့ အမျိုးသမီးတွေနဲ့ ရှုပ်ထွေးတဲ့ နှောင်ကြိုးတွေကို ဖန်တီးမယ့် လူစားမျိုးဆိုတာ ကျိန်းသေတယ် …. တကယ်လို့ မင်း သူနဲ့ အတူနေရင် မင်း တစ်ဘဝလုံး နောင်တရနေလိမ့်မယ် ….. အနှေးနဲ့အမြန် လမ်းခွဲလိုက်တာ အကောင်းဆုံးပဲ ….”

ဘုန်းတော်အိုကြီး၏ နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးတက်သွားခဲ့ပြီး အေးစက်စက် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ စိတ်ထဲတွင်လည်း ကြိတ်ပြီး ကျိန်ဆဲနေလျက် ရှိ၏။

‘ မင်းက မပေးချင်ဘူးဆိုမှတော့ … ဒီလိုဆိုလည်း ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့ပေါ့ကွာ ….”

“ နင်ကြည့် … အတော်လေး မှန်တယ်တွေ့လား …” ရန်စီက လင်းရီ၏ လက်မောင်းကို လှုပ်ခါရင်း ပြောလိုက်ပြီး “ ရေတွက်ကြည့်ရအောင် …. ဥက္ကဌကျီ၊ အတွင်းရေးမှူးလျန် ၊ ပြီးတော့ လီချူးဟန်နဲ့ ဝမ်ရင်း ၊ ဒါဆို ငါက ငါးယောက်မြောက်ပဲ … နည်းတော့ မနည်းဘူး … ကျင်းမင်ဘုရားကျောင်းရဲ့ ဂုဏ်သတင်းက တကယ်ကို ထိုက်တန်မှုရှိတာပဲ ….”

ဘုန်းတော်အိုကြီး “ …… “

သောက်လခွမ်းတွေ ဖြစ်နေတာလားဟ …

လင်းရီသည် ဘုန်းတော်အိုကြီး၏ ပခုံးကို ညင်သာစွာ ပုတ်ပေးလိုက်ပြီး လေးနက်သည့် အမူအရာဖြင့် “ ကျုပ်ကို ဒုတိယအလွှာမှာ ရှိနေတယ်လို့ ထင်နေတာလား … တကယ်တော့ ကျုပ်က စထရာတိုစပီးယား အလွှာမှာဗျ …. အနိုင်ပေးတဲ့အတွက် ကျေးဇူးပဲ ….”

နှစ်ယောက်မှာ လက်မောင်းချင်းချိတ်လျက် ကျောက်ရုပ်ကြီးနှယ် ကြက်သေသေနေသည့် ဘုန်းတော်အိုကြီးကို နောက်ချန်ရစ်ထားခဲ့ကြသည်။

ဟေ့ကောင် … ရုပ်ချောတယ်ဆိုတိုင်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်လို့ရပြီ ထင်နေလားကွ …

ဒါ ပြစ်မှုပဲ …

******

ကျင်းမင် ဘုရားကျောင်းကို ခေတ္တမျှ လိုက်လံလည်ပတ်ကြည့်ရှုပြီး … ပြန်ထွက်လာသည့် အချိန်၌ ညနေ သုံးနာရီကျော်နေလေပြီ။

“ ကွန်ဖြူးရှပ် ဘုရားကျောင်းကို သွားကြတော့မလား …” လင်းရီ မေးမြန်းလိုက်သည်။

ရန်စီ ခေါင်းညိတ်လိုက်၏။ “သွားစို့ … ရိုက်ကွင်းကိုလည်း တစ်ခါတည်း စစ်ဆေးကြည့်လို့ရတာပေါ့ … ပြီးရင် ညဘက် ချင်းဟွိုင်မြစ်ကိုလည်း လည်လို့ရတယ် ….”

“ အိုကေလေ … မင်း သဘောပဲ ….”

နှစ်ယောက်မှာ တက္ကစီငှား၍ ကွန်ဖြူးရှပ် ဘုရားကျောင်းအနီး ရုပ်ရှင်ရိုက်ကူးရေး ဧရိယာသို့ ရောက်လာခဲ့ကြသည်။

“ အခြေအနေ ဘယ်လိုရှိလဲ … ဘယ်သူမှ ပြဿနာ လာမရှာကြတော့ဘူးမလား …” ရန်စီက ဒါရိုက်တာကို ခေါ်ပြီး မေးမြန်းလိုက်၏။

“ မရှိဘူး မရှိဘူး … အားလုံး အဆင်ပြေတယ် …”

ပြောရင်းဖြင့် ဒါရိုက်တာက လင်းရီကို မသိစိတ်အလျောက် လှမ်းကြည့်မိလိုက်ပြီး “ ပြေတဲ့အပြင်ကို သက်ဆိုင်ရာ ဌာနက အာဏာပိုင်တွေ ရောက်လာပြီး တစ်ခုခု အကူအညီ လိုသေးလားဆိုပြီးတော့တောင် အားတက်သရော လာမေးနေသေးတယ် …”

“ အဆင်ပြေတယ်ဆို ပြီးတာပါပဲ … ရှင်လုပ်စရာရှိတာ သွားလုပ်တော့ …. တကယ်လို့ တစ်ခုခုဆို ကျွန်မဆီ ဖုန်းဆက်လိုက် ….”

“ အိုကေ အိုကေ …”

ညွှန်ကြားချက် တစ်ချို့ ပေးပြီးနောက် လင်းရီနှင့် ရန်စီတို့ ပြန်ထွက်လာခဲ့ကြသည်။

ကွန်ဖြူးရှပ် ဘုရားကျောင်းကဲ့သို့ ရှုမျှော်ခင်းကောင်းသည့် နေရာအနီးနားတွင် အရာသာရှိသည့် အစားအသောက်တန်းများနှင့် အပန်းဖြေစရာတစ်ချို့ ရှိသည်ကလည်း ပုံမှန်မျှပင်။

နှစ်ဦးမှာ ဘဲသွေးမြီးရှည်နှင့် အော့စ်မန်းတပ်ပန်းကိတ်ကို မြည်းစမ်းကြည့်ကြပြီးနောက် နေရာတစ်ဝိုက်ကို စတင် လည်ပတ်ကြတော့သည်။

ညနေ မိုးချုပ်လာသည်နှင့်အမျှ ကွန်ဖြူးရှပ် ဘုရားကျောင်းသို့ လာရောက်လည်ပတ်သူဦးရေက တစထက်တစ တိုးများလာသည်။

လူတော်တော်များအတွက် နေ့ခင်းပိုင်းတွင် ကွန်ဖြူးရှပ်ဘုရားကျောင်းနှင့် ချင်းဟွိုင်မြစ်ကို ကြည့်ရှုရသည်က ပျော်စရာ သိပ်မရှိပေ။ ညခြမ်းအလှကမှသာ စစ်မှန်သည့် အလှတရားတစ်မျိုးပင်။

ထို့ပြင် တွန်းလှည်းသည် တော်တော်များများကလည်း စုံလင်လှသည့် ဟင်းလျာနှင့်မုန့်များကို ကိုယ်စီ ရောင်းချနေကြလေသည်။

ရန်စီမှာ ဈေးဝယ်ထွက်ခြင်းကို သဘာဝအလျောက် မွေ့လျော်ပြီး လင်းရီကလည်း လူအုပ်ကြီးနှင့်အတူ ဝင်ရောကာ ဒေသထွက် လက်ဆောင် ပစ္စည်း အများအပြားကို ဝယ်ယူနေတော့သည်။

ပစ္စည်းတို့က ဈေးမကြီးလှပေ။ တစ်ခုကို ယွမ် ၂၀၊ ၃၀ ဝန်းကျင်သာ ပေးရ၏။ ၎င်းတို့ကို ဝယ်ယူပြီး ကျိုးဟိုင်ပြန်ရောက်လျှင် မိသားစုနှင့် မိတ်ဆွေသူငယ်ချင်းများကို လက်ဆောင်ပေးဖို့ရာ ရည်ရွယ်ထားသည်။

“ လင်းရီ … နင်ကြည့် … ဆေးတင်ထားတဲ့ ပန်းလှေပုံစံ မော်ဒယ်အသေးစားလေးလှက သိပ်လှတာပဲ ….”

ရန်စီက မလှမ်းမကမ်းတွင်ရှိ ဆိုင်တစ်ဆိုင်ကို ညွှန်ပြလျက် ပြောဆိုလိုက်သည်။

လင်းရီ လှမ်းကြည့်လိုက်တော့ ရန်စီပြောနေသည့် ပန်းလှေဆိုသည်မှာ မီတာဝက်ခန့် ရှည်လျားသည့် လက်မှု အနုပညာ ပစ္စည်းတစ်ခုဖြစ်ပြီး ဈေးအပေါဆုံးကပင် ယွမ် တစ်ရာကျော် ပေးရ၏။

“ လိုချင်လို့လား …”

“ လိုချင်တယ်ရယ်တော့ မဟုတ်ပါဘူး … ဒီတိုင်း တစ်ချက် ကြည့်ချင်တာ … အတော်လေး ကောင်းပြီး အနုပညာ ရသရှိတယ် ခံစားရလို့ ….”

“ ဒါဆိုလည်း တစ်ချက် သွားကြည့်ကြတာပေါ့ …. ဘာပဲဆိုဆို ပျော်ဖို့ ဒီရောက်လာတာပဲ မဟုတ်လား …..”

ဤသို့ဖြင့် နှစ်ယောက်မှာ ဆိုင်အနီးသို့ ရောက်လာခဲ့ကြပြီး ယင်းပစ္စည်းက လူတော်တော်များများကို ဆွဲဆောင်နေကြောင်း တွေ့ရှိလိုက်ရသည်။

“ တစ်ခါထိုး ဆယ်ယွမ် ၊ အမှတ် ၆၀ ကျော်ရင် ဆုတစ်ခုရမယ် …”

ဆိုင်သူဌေး၏ ဘေးနားတွင် နှစ်မီတာလောက် မြင့်သည့် စက်ပစ္စည်းတစ်ခု ရှိ၏။

၎င်းထိပ်တွင်တော့ လက်သီးပြင်းအားစမ်းသည့် ပစ်မှတ်ဘောလုံးတစ်လုံး ရှိနေသည်။

ဤသို့သော ဂိမ်းမျိုးကို လင်းရီ အကြိမ်ရေတော်တော်များများ ဆော့ကစားခဲ့ဖူး၏။

ရမှတ် ၆၀‌ ကျော်ဖို့က အမှန်တကယ်ကို မလွယ်ကူလှပေ။

နောက်ပြီး စက်ပစ္စည်းတွင်လည်း သူ့ကိုယ်ပိုင် လှည့်ကွက်များက ရှိနေသေး၏။ ဆိုင်ရှင်က လူတော်တော်များများက ပုံမှန်ရမှတ် ဘယ်နှမှတ် ရနိုင်မလဲဆိုတာကို နားလည်ထားပြီး ဖြစ်သည်။

“ လာကြနော် လာကြ … ၉၉၉ ယွမ်တန်တဲ့ လှေပုံစံငယ်က ဆယ်ယွမ်တည်းနဲ့ ကိုယ့်လက်ထဲ ရောက်လာမှာကို မစမ်းကြည့်ချင်ကြဘူးလား …”

“ ဆယ်ယွမ်က အတော်ဈေးပေါတယ် ပြောရမယ် ….”

“ ဒါပေမယ့် မေးစရာရှိတာက လိုအပ်ချက်နဲ့ ကိုက်ညီနိုင်မလား ဆိုတာပဲ … ဆိုင်ရှင်က အရူးမှ မဟုတ်တာ … ဧည့်သည်တွေကို လွယ်လွယ်နဲ့ ဆုပေးမှာ မဟုတ်ဘူး ….”

“ အမှန်ပဲ …” ရန်စီလည်း တွေးတွေးဆဆနှင့် ခေါင်းညိတ်လိုက်၏။

“ သူဌေး … အဲ့လှေကို ရဖို့ဆို ဘယ်နှမှတ် ရဖို့ လိုမလဲ ….”

ခပ်ပိန်ပိန် အမျိုးသားတစ်ဦးက မေးမြန်းလိုက်သည်။

“ ရမှတ် ၉၀ ကျော်ရင် ရပြီ …. မင်း ရတယ်ဆိုရင်တော့ ဒီလှေကို အိမ်သာ သယ်သွားလိုက်တော့ ကိုယ့်လူရေ ….. စမ်းကြည့်ချင်လား ….”

“ စမ်းကြည့်မယ်ဗျာ … တစ်ခါလောက်ပေါ့ ….”

အမျိုးသားက စကန်ဖတ်၍ ဆယ်ယွမ်ပေးချေလိုက်သည်။

“ အိုကေ … ရယ်ဒီ ဖြစ်ရင် ကြိုက်တဲ့ အချိန် စလိုက်တော့ ….” ဘော့စ်က ပစ်မှတ်ဘောလုံးကို ညွှန်ပြပြီး “ ဒီနေရာ တည့်တည့်ကို သေချာ ထိအောင်ထိုးရင် အမှတ်ပိုကောင်းတယ် … လွဲသွားရင်တော့ အမှတ်နည်းမှာပဲ ….”

ခပ်ပိန်ပိန် အမျိုးသားကလည်း သူ့ကိုယ်သူ အဆင်သင့်ပြင်ပြီး ‘ဖောင်း’ခနဲ လက်သီးတစ်ချက် ထိုးချလိုက်၏။

စက္ကန့်အနည်းငယ် ကြာပြီးနောက် စက်တွင် စာတစ်ကြောင်းက ဖြတ်ပြေးလာခဲ့၏။

[သင့်ရမှတ် ၅၄ မှတ်။ ပိုပြီး လေ့ကျင့်ဖို့ လိုပါသေးတယ်။ ကစားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ]

“ အိုက်ယား … ဆုရဖို့ ၆ မှတ်လေးတည်းလိုတာ နှမြောဖို့ကောင်းတာကွာ … နောက်တစ်ခေါက် ထပ်ကြိုးစားကြည့်မလား … ဒီတစ်ခါဆိုရလောက်တယ် …”

ဆိုင်ရှင်က နည်းပရိယာယ်ပါပါနှင့် နောက်တစ်ကြိမ် ထပ်ထိုးဖို့ သွေးဆောင်နေသည်။

“ အိုကေဗျာ … နောက်တစ်ခါပေါ့ … ဒီတစ်ခါတော့ ကျိန်းသေပေါက် ဆုရရမယ် ….”

ခပ်ပိန်ပိန်နှင့် အမျိုးသားက နောက်တစ်ကြိမ် စကန်ဖတ်ပြီး မထိုးမီ သွေးပူလေ့ကျင့်ခန်းများ ပြုလုပ်နေသည်။

ရန်စီက ထိုမြင်ကွင်းကို စိတ်ဝင်တစားနှင့် ကြည့်ရှုနေပြီး … ထို့နောက် လင်းရီဘက်သို့ လှည့်၍ “ နင်သာဆို ဘယ်နှမှတ်လောက် ရနိုင်လောက်မလဲ ….”

“ အင်း ……… ငါသာထိုးလိုက်ရင် စက်တောင် ပျက်သွားနိုင်တယ် …”

All Chapters