← Chapters

အခန်း (၂၁၅-၂၁၆)

Vol. 21 Ch. 215-216

အခန်း (၂၁၅-၂၁၆)

Vol. 21 Ch. 215-216

`

အခန်း (၂၁၅) နန်းတွင်းဆေးရုံသည် ရေနက်ရာဌာနဖြစ်သည်

နန်းတွင်းဆေးရုံ၏ ဆေးဝါးများတွင် အတုအယောင်များ ပါဝင်နေသည်ဆိုပါက အကျိုးဆက်မှာ အလွန်ပင် ကြီးမားလှသည်။ ဝူကျိရှန်းအနေဖြင့် ဤကိစ္စကို အဆုံးစွန်တိုင်အောင် စုံစမ်းရမည်ဖြစ်ပြီး မည်သူ့ကိုမျှ လျှော့ပေါ့ပေး၍ မရပေ။

နောက်တစ်နေ့တွင် ဝူကျိရှန်းသည် နန်းတွင်းဆေးရုံသို့ ရောက်ရှိသည်နှင့် ညွှန်ကြားရေးမှူး ရှဲ့ထျန်းယင်းကို ခေါ်ယူလိုက်သည်။

"ညွှန်ကြားရေးမှူးရှဲ့၊ ကျွန်‌တော်နန်းတွင်းဆေးရုံမှာ တာဝန်ထမ်းဆောင်တာ ကြာပြီဖြစ်ပေမဲ့ ဆေးဝါးထုတ်လုပ်ရေးစက်ရုံကိစ္စတွေနဲ့ မအားလပ်တာကြောင့် ဆေးရုံကို သေချာမစီမံနိုင်သေးဘူး။ အခုတော့ စစ်ဆေးမှု လုပ်ချင်တယ်၊ ခင်ဗျား ဘယ်လိုသဘောရလဲ”

ရှဲ့ထျန်းယင်းမှာ ရိုသေလေးစားဟန်ဖြင့် ပြုံးကာ ပြန်ဖြေ၏။

“အကြီးအကဲက ဧကရာဇ်မင်းမြတ် ကိုယ်တိုင်ခန့်အပ်ထားတဲ့ ညွှန်ကြားရေးမှူးချုပ်မို့ စစ်ဆေးတာက မှန်ကန်ပါတယ်။ ကျွန်တော်မျိုး အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ပါ့မယ်”

“ကောင်းပြီ၊ ဆေးဝါးသိုလှောင်ရုံကနေ စကြတာပေါ့”

ဝူကျိရှန်းက‌ထိုကိစ္စတွင် ရှဲ့ထျန်းယင်းပါပါဝင်ပတ်သက်နေသလားဆိုသည်ကို မသိသေးသဖြင့် ယဉ်ကျေးစွာပင် ပြောလိုက်သည်။

“ညွှန်ကြား‌ရေးမှူး‌ ရှဲ့၊ ပြီးခဲ့တဲ့နှစ်က သိုလှောင်ရုံထဲ ဝင်လာတဲ့ ဆေးဝါးစာရင်းတွေနဲ့ စာအုပ်တွေကို ပြင်ဆင်ထားပေးပါ၊ အတူတူ စစ်ဆေးကြတာပေါ့”

ရှဲ့ထျန်းယင်းက အပြုံးဖြင့် ခေါင်းညိတ်ပြီး အစေခံများကို ချက်ချင်း ပြင်ဆင်ခိုင်းလိုက်သည်။ မကြာမီပင် ဝူကျိရှန်းနှင့် ရှဲ့ထျန်းယင်းတို့သည် ဆေးသိုလှောင်ရုံသို့ ရောက်ရှိသွားကြသည်။ ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်း စစ်ဆေးပြီး အားလုံးအဆင်ပြေကြောင်း အတည်ပြုပြီးနောက် ဝူကျိရှန်းသည် သာမန်အတိုင်းပင် အန်းဂုန်းနျူးဟွမ်ဆေးလုံး သေတ္တာတစ်လုံးကို ကောက်ကိုင်ကာ မေးလိုက်သည်။

“ဒီဆေးလုံးတွေကို ဘယ်တုန်းက သိုလှောင်ထားတာလဲ”

“ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကမှ သိုလှောင်ထားတာပါ၊ စာရင်းထဲမှာ အကုန်ပါတယ်”

“သေတ္တာဖွင့်ပါ၊ ကျွန်‌တော်ကိုယ်တိုင် စစ်ဆေးချင်တယ်”

ရှဲ့ထျန်းရင်းက အေးဆေးစွာပင် အဖုံးကိုဖွင့်၍ ဆေးလုံးတစ်လုံးကို ဝူကျိရှန်းထံ လေးစားစွာ ပေးအပ်သည်။ ဝူကျိရှန်းမှာ ဆေးလုံးကို အစိတ်စိတ်အမွှာမွှာ ချေလိုက်ပြီး အနံ့ခံ၊ အရသာခံကြည့်သည်။ အရသာမှာ ပုံမှန်ပင်ဖြစ်ပြီး ဆေးနံ့မှာလည်း ပြင်းရှလှပြီးထူးခြားသည့် လက္ခဏာ မတွေ့ရပေ။ သို့သော် ဝူကျိရှန်းမှာ ဤသို့စစ်ဆေးရုံဖြင့် မလုံလောက်ဟု ယူဆကာ ရေသန့်ကို တောင်းယူ၍ ဆေးကို အရည်ဖျော်လိုက်သည်။

အံ့သြစရာကောင်းသည်မှာ ဆေးလုံးမှာ အရည်ပျော်သွားပြီးနောက် အရည်မှာ ကြည်လင်နေပြီး ဆေးကြွင်းများ တစ်စက်မျှ မကျန်ခဲ့ပေ။ ပြီးခဲ့သည့်ညက လျူဟန်လျန်ပြသခဲ့သည့် ဆေးလုံးမှာ နန်းတွင်းဆေးရုံမှ ဖြစ်သည်မှာ သေချာနေပြီး ဆေးကြွင်းများစွာ ပါဝင်နေ၏။ အဘယ်ကြောင့် ယခုစစ်ဆေးသော ဆေးလုံးများတွင် ပုံမှန်ဖြစ်နေရသနည်း။ လျူဟန်လျန်က မဟုတ်မမှန် တိုင်ကြားလိုက်ခြင်းလား။ ဤသို့ ဖြစ်နိုင်ခြေမှာ အလွန်နည်းပါးပေသည်။

ဝူကျိရှန်း မယုံကြည်နိုင်သဖြင့် နောက်ထပ် ဆေးလုံးတစ်လုံးကို ထပ်၍ အရည်ဖျော်ကြည့်ပြန်သည်။ ရလဒ်မှာ အတူတူပင်ဖြစ်၍ ကြည်လင်နေဆဲ ဖြစ်သည်။

“အကြီးအကဲဝူက ဒီဆေးအကြောင်း စိုးရိမ်နေတာလား”

ရှဲ့ထျန်းယင်းက ရယ်မော၍ ပြော၏။

“အကြီးအကဲဝူသာ စိတ်မချရင် နောက်ထပ် အလုံးအနည်းငယ် ထပ်စစ်ကြည့်လို့ ရပါတယ်...”

နှစ်ကြိမ်တိုင်တိုင် စစ်ဆေးပြီးနောက်တွင်လည်း ပြဿနာမတွေ့ရသဖြင့် ဝူကျိရှန်း ခေါင်းရှုပ်သွား၏။ သူသည် စာရင်းစာအုပ်ရှိ အရေအတွက်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

“ဒီစာရင်းအရ အန်းဂုန်းနျူးဟွမ်ဆေးလုံး သုံးထောင် ရှိရမှာ၊ ဘာလို့ ဒီလောက်ပဲ ကျန်တော့တာလဲ”

“သုံးထောင် စလုံး အစစ်ပါ။ ပြီးခဲ့တဲ့နှစ်က ဧကရာဇ်မင်းမြတ်က ဆုန်းနယ်စားကို ဆေးဆယ်လုံး ပေးသနားခဲ့တယ်။ ဇိုးမင်းသား လာချိန်မှာလည်း အလုံးနှစ်ဆယ်၊ ကိုရီးယားသံတမန်ကို အလုံးနှစ်ဆယ်၊ ရူကျူးသံတမန်ကို အလုံးနှစ်ဆယ် စသဖြင့် ပေးအပ်ခဲ့တာ စာရင်းထဲမှာ အကုန်မှတ်တမ်းတင်ထားပါတယ်”

နန်းတွင်းဆေးရုံမှ ဆေးဝါးများကို မင်းညီမင်းသားများနှင့် သံတမန်များကို ပေးအပ်လေ့ရှိခြင်းမှာ ပုံမှန်ဖြစ်စဉ် ဖြစ်သည်။ သို့သော် ပေးအပ်လိုက်သော အရေအတွက်မှာ တစ်ရာပင် မပြည့်သေးပေ။ အများစုမှာ “သိုလှောင်ဆေးဝါး” အဖြစ် ကျန်ရှိနေရမည်ဖြစ်သော်လည်း ယခုအခါ အလုံးတစ်ရာခန့်သာ ကျန်တော့၏။ ကျန်ရှိသော နှစ်ထောင့်ငါးရာမှာ ဘယ်ရောက်သွားသနည်း။

“အကုန်လုံးကို စွန့်ပစ်လိုက်ပါပြီ”

ရှဲ့ထျန်းရင်း၏ မျက်နှာပေါ်တွင် တည်ငြိမ်သည့်အပြုံး ပေါ်လာ၏။

“ဒီဆေးက အချိန်ကြာတာနဲ့ ပျက်စီးတာမျိုး မရှိပေမဲ့ နန်းတွင်းဆေးရုံမှာ နှစ်တိုင်း ဆေးအသစ်တွေ ဝင်လာတာကြောင့် ဆေးအဟောင်းတွေကို ပုံမှန်စွန့်ပစ်ရတာပါ။ အကုန်လုံး စာရင်းထဲမှာ ရှိပါတယ်”

ရှဲ့ထျန်းယင်းက သက်ဆိုင်ရာ စာရင်းများကို ဝူကျိရှန်းထံ လေးစားစွာ ပေးအပ်လိုက်သည်။ ဝူကျိရှန်းမှာ ဘာမျှ မတွေ့ရှိရသော်လည်း သံသယမှာ ပိုမိုကြီးမားလာသည်။ ရှဲ့ထျန်းယင်းမှာ နန်းတွင်းဆေးရုံ၏ အဓိကလူ ဖြစ်သဖြင့် ဆေးဝါးများတွင် ပြဿနာရှိမရှိ သူအသိဆုံးပင်။ သို့သော် သူသည် ဝူကျိရှန်း၏ စစ်ဆေးမှုကို လုံးဝ မကြောက်ရွံ့ပေ။

နန်းတွင်းဆေးရုံရှိ အရာရှိငယ်များမှအစ အားလုံးမှာ အကျိုးစီးပွား တူညီသည့် အသိုင်းအဝိုင်းတစ်ခု ဖြစ်နေပြီး ဝူကျိရှန်းမှာ ရောက်ရှိလာသည်မှာ လအနည်းငယ်သာ ရှိသေးသဖြင့် ဤရေနက်ရာဌာန၏ အရှုပ်အထွေးများကို မသိရှိနိုင်ပေ။ ရှဲ့ထျန်းယင်းမှာလည်း အလွန်သတိထားသူ ဖြစ်သဖြင့် အမှားအယွင်း တစ်စုံတစ်ရာ မချန်ထားပေ။ ဝူကျိရှန်းအနေဖြင့် စာရင်းစစ်ဆေးရုံမျှဖြင့် မည်သို့မျှ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။

“အကြီးအကဲဝူသာ စိတ်မချရင် တခြားစာရင်းတွေကိုပါ စစ်ကြည့်လို့ ရပါတယ်...”

ဝူကျိရှန်းမှာ ခိုင်လုံသည့် အထောက်အထား မရရှိသေးသဖြင့် မည်သည့်အဆုံးအဖြတ်မျှ မပေးဝံ့ပေ။ သူက ရယ်မောလိုက်၏။

“ကျွန်‌တော်လည်း တခြားကိစ္စတွေနဲ့ မအားလပ်တာကြောင့် သာမန်စစ်ဆေးတာပါ။ ညွှန်ကြား‌ရေးမှူးကြီး စီမံထားတာ အကုန်လုံး စနစ်ကျနေတာပဲ၊ နောက်ထပ် စစ်စရာ မလိုပါဘူး”

“ဒီနေ့ စစ်ဆေးတာကတော့ လုပ်ထုံးလုပ်နည်းအတိုင်းပါပဲ၊ တခြားရည်ရွယ်ချက် မရှိပါဘူး”

ဝူကျိရှန်းက ရယ်မောပြောဆိုကာ သို လှောင်ရုံမှ ထွက်ခွာသွားသည်။

ဝူကျိရှန်း ထွက်သွားပြီးနောက်တွင်မှ ရှဲ့ထျန်းယင်းမှာ နဖူးပေါ်မှ ချွေးစက်များကို သုတ်လိုက်ရတော့၏။

*********

`

အခန်း (၂၁၆) - ခိုင်မာသော သက်သေ

ဝူကျိရှန်းဆိုတဲ့ ဒီသခင်ကြီးက ရည်ရွယ်ချက် မကောင်းတာနဲ့ လာတာဖြစ်မယ်။ ရှဲ့ထျန်းယင်းသည် တိုင်ယွမ်ဆေးရုံတော်၏ အဓိကအရာရှိများကို စုစည်းထားပြီး ဖြစ်၏။

"ဒီနေ့ အကြီးအကဲက ဆေးခန်းကို ရုတ်တရက် စစ်ဆေးတယ်၊အန်ကုန်းနျူးဟွမ်ဆေးလုံးတွေကိုအဓိကထား စစ်တာပဲ။ ဒီပုံစံကိုကြည့်ရတာ သူတစ်ခုခုကို ရိပ်မိနေပုံရတယ်"

ရှန်ချူရုံသည် တိုင်ယွမ်ဆေးရုံတော်၏ ဒုတိယအကြီးအကဲဟောင်း ဖြစ်၏။ ဝူကျိရှန်း ရောက်လာပြီးနောက်ပိုင်းတွင် သူသည် တတိယအကြီးအကဲ ဖြစ်လာခဲ့သည်။ ရှဲ့ထျန်းယင်း၏ လူယုံတစ်ဦးအနေဖြင့် သူက ဝူကျိရှန်းကိုအလေးအနက်မထားပေ။

"ကျွန်တော်တို့ရဲ့ အကြီးအကဲဝူက တိုင်ယွမ်ဆေးရုံတော်မှာ ဘာအခြေအမြစ်မှမရှိဘူး၊ သူက ဘာမှနားမလည်တဲ့သူ။ သူက ဘာကို ရိပ်မိစရာရှိမှာလဲ"

"သူရိပ်မိသွားရင်လည်း ကိစ္စမရှိပါဘူး"

အကြီးအကဲရှန်ချူရုံ၏ မျက်နှာအမူအရာမှာ ပေါ့ပေါ့ဆဆပင် ရှိနေ၏။

"ကျွန်တော်တို့အားလုံးက အထက်အောက် စည်းလုံးနေတာပဲ။ သူက အပြင်လူလေ၊ ဘာမှမသိတဲ့သူ။ ဘယ်လိုပဲ စစ်ဆေးစစ်ဆေး ခွေးက ဖြူကောင်ကို ကိုက်သလိုပဲ ဘယ်နေရာကမှ ကိုက်လို့ရမှာမဟုတ်ဘူး"

"သူ့ကို လျှော့တွက်လို့မရဘူး၊ လုံးဝမရဘူး"

ပေါ့ပေါ့ဆဆ ပြောနေသော ရှန်ချူရုံကို‌ ရှဲ့ထျန်းယင်းကတော့ သတိပေးလိုက်၏။

" သူရောက်လာတာနဲ့ အန်ကုန်းနျူးဟွမ်ဆေးလုံးတွေကို စစ်တာက သူကြိုတင်ပြင်ဆင်လာတာကို ပြနေတာပဲ။ ကံကောင်းလို့ ကျွန်တော်တို့ မြန်မြန်ဆန်ဆန် လုပ်လိုက်နိုင်တာ၊ မဟုတ်ရင် တကယ်အန္တရာယ်များတယ်။ အခုတောင် ကျွန်တော့်မှာ ချွေးပြန်နေရပြီ၊ ဒီတစ်ခေါက်တော့ တကယ် ကပ်သီလေး လွတ်သွားတာ"

အန်ကုန်းနျူးဟွမ်ဆေးလုံးများတွင် ပြဿနာအမှန်တကယ် ရှိနေပြီး အလွန်ကြီးမားသော ပြဿနာဖြစ်၏။ အန်ကုန်းနျူးဟွမ်ဆေးဘူး သုံးထောင်တွင် နှစ်ထောင့်ငါးရာမှာ အရည်အသွေးညံ့သောဆေးများ ဖြစ်ပြီး ငါးရာသာလျှင် အရည်အသွေးမီသော ဆေးများ ဖြစ်ကြ၏။

ရှဲ့ထျန်းယင်းတို့သည် တိုင်ယွမ်ဆေးရုံတော်ကို အသုံးချ၍ ကြီးမားသော အမြတ်အစွန်းများ ရယူနေသော်လည်း ဤကိစ္စ၏ အရေးပါပုံကို သိကြ၏။ တစ်ချိန်ချိန်တွင် ပေါ်ပေါက်လာပါက မိသားစုတစ်စုလုံးပါ ထိခိုက်မည့် ကြီးလေးသော ပြစ်မှုဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင်မှုများ ရှိထားကြသည်။

သူတို့သည် နန်းတွင်းသူနန်းတွင်းသားများ၏ အသက်နှင့် ကစားရဲခြင်းမရှိသဖြင့် နန်းတော်တွင်း သုံးသော အန်ကုန်းနျူးဟွမ်ဆေးလုံးများအားလုံးမှာဆေးအစစ်များ ဖြစ်၏။ မင်းသားများ၊ မှူးမတ်များနှင့် နယ်စားများထံ လက်ဆောင်ပေးသော ဆေးများမှာလည်း စစ်မှန်သော ဆေးများသာ ဖြစ်သည်။

နှစ်ပေါင်းများစွာ အတွေ့အကြုံအရ ဆေးဘူး သုံးရာမှ ငါးရာဆိုလျှင် လုံလောက်ပြီး ပြဿနာ ဖြစ်လေ့မရှိပေ။

ကျန်ရှိသော နှစ်ထောင့်ငါးရာမှာ အရည်အသွေးညံ့သော ဆေးများပင် ဖြစ်၏။

မည်သို့ပင်ဖြစ်စေ ဤဆေးများမှာ လိုအပ်သည်မဟုတ်ဘဲ ဆေးခန်း၌ အရန်အဖြစ် သိမ်းဆည်းထားခြင်းသာ ဖြစ်၏။

တိုင်ယွမ်ဆေးရုံတော်တစ်ခုလုံး စည်းလုံးနေသဖြင့် မည်သူမျှ ရှာမတွေ့နိုင်ပေ။ သတ်မှတ်ထားသော ရက်ရောက်သည်နှင့် ဤညံ့ဖျင်းသော ဆေးအစုကို ဖျက်ဆီးပစ်နိုင်ပေသည်။

ဤသို့ဆိုလျှင် မည်သည့်သက်သေမျှ ကျန်ရှိတော့မည်မဟုတ်ဘဲ စစ်ဆေး၍ ရနိုင်မည်မဟုတ်ပေ။

ဝူကျိရှန်း၏ ရုတ်တရက် စစ်ဆေးမှုတွင် ဘာမျှမတွေ့ရှိရခြင်းမှာ အချိန်အခါ မမှန်သောကြောင့် ဖြစ်၏။ ပြီးခဲ့သည့်လကုန်တွင် ရှဲ့ထျန်းယင်းတို့သည် အရည်အသွေးညံ့သော ဆေးဘူး နှစ်ထောင့်ငါးရာကို ဖျက်ဆီးပြီး ဖြစ်သည်။ အကြီးအကဲဝူက လဆန်းမှ စစ်ဆေးခြင်း ဖြစ်သဖြင့် မည်သို့မျှ တွေ့ရှိနိုင်မည် မဟုတ်ပေ။

ဝူကျိရှန်းသာ တစ်လခွဲစော၍ စစ်ဆေးခဲ့ပါက အရာအားလုံး ပေါ်ပေါက်သွားမည် ဖြစ်၏။

ဤကိစ္စသာ အတည်ဖြစ်သွားပါက တိုင်ယွမ်ဆေးရုံတော်ရှိ လူတစ်ယောက်မျှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

ဘေးအန္တရာယ်မှ ကပ်သီလေး လွတ်မြောက်ခဲ့သော်လည်း ရှဲ့ထျန်းယင်းမှာ စိုးရိမ်နေဆဲ ဖြစ်၏။

ဒီအကြီးအကဲဝူက အကြောင်းမဲ့ အန်ကုန်းနျူးဟွမ်ဆေးလုံးတွေကို စစ်မှာမဟုတ်ဘူး။ သူ တစ်ခုခုကို ရိပ်မိနေတာ ဖြစ်ရမယ်"

"သက်သေသာ သူလက်ထဲ ရောက်သွားရင်တော့ ခင်ဗျားတို့ရော ကျွန်တော်ရော... "

ရှဲ့ထျန်းယင်းက လည်ပင်းကို ဓားဖြင့် လှီးသည့်ဟန် ပြလိုက်၏။

"အဲဒီအချိန်ကျရင် ငါတို့ထဲက ဘယ်သူမှ အလောင်းတောင် ကျန်မှာမဟုတ်ဘူး"

"နောက်ဆိုရင် အမြဲသတိထား၊ ဘာမဆို ဂရုစိုက်ပြီး လုပ်ကြ။ အကြီးအကဲဝူလက်ထဲ ဘာသက်သေမှ မမိအောင် လုပ်ရမယ်... နားလည်လား"

ဤကိစ္စမှာ လူများစွာ၏ အသက်နှင့် အကျိုးစီးပွားနှင့် သက်ဆိုင်သဖြင့် မည်သူမျှ ပေါ့ဆရဲခြင်းမရှိပေ။ သူတို့အားလုံး ခေါင်းညိတ်လိုက်ကြ၏။

"နားလည်ပါပြီ၊ နားလည်ပါပြီ။ နောက်ဆိုရင် ပိုပြီး သတိထားပြီးလုံးဝလုံခြုံအောင် လုပ်ပါ့မယ်"

"ဒါပေမဲ့ ဒီနှစ်အတွက် တင်သွင်းရမယ့် အန်ကုန်းနျူးဟွမ်ဆေးလုံးတွေက ထုတ်လုပ်ပြီးနေပြီ"

ရှန်ချူရုံက လက်မလျှော့နိုင်သေးပေ။

"ဆေးလုံးပေါင်း ထောင်ချီပြီး ကျန်နေသေးတာ၊ ကုန်ကျစရိတ်တွေကလည်း အများကြီးပဲ။ အဲဒီငွေတွေကို ဒီအတိုင်း အလကားဖြစ်သွားအောင် လုပ်လို့မဖြစ်ဘူးမလား"

"ခွေးကောင်"

ရှဲ့ထျန်းယင်းက သူ့လူယုံကို စူးစူးရဲရဲ ကြည့်၍ ဆဲဆိုလိုက်၏။

" မင်းခေါင်းထဲမှာ ချေးတွေပဲ ရှိနေတာလား။ ငွေနည်းနည်းလေးရဖို့နဲ့ ကိုယ့်အသက်နဲ့ အကျိုးစီးပွားကို စွန့်စားတော့မှာလား။ မင်းရူးနေတာလား"

ရွှေငွေတို့မှာ ဆွဲဆောင်မှု ရှိသော်လည်း ကိုယ့်အသက်ကသာ အရေးကြီးဆုံး ဖြစ်၏။ ငွေအတွက်နှင့် အသက်စွန့်ရခြင်းမှာ တန်ဖိုးမရှိပေ။

ရှန်ချူရုံသည် ငွေကို မြတ်နိုးသော်လည်း သူ၏ အသိစိတ်ကို မဆုံးရှုံးသေးပေ။ သူ ယခု ဘာလုပ်ရမည်ကို ကောင်းကောင်း သိ၏။

"သခင်ကြီးရှဲ့ စိတ်ချပါ၊ ကျွန်တော် အောက်ကလူတွေကို ချက်ချင်းမှာလိုက်ပါ့မယ်။ ဒီနှစ်အတွက် ဆေးတွေကို အတုအယောင်မပါဘဲ စစ်မှန်တာချည်းပဲ ထုတ်လုပ်ခိုင်းပါ့မယ်"

ရှန်ချူရုံ၏ စကားကြောင့် ရှဲ့ထျန်းယင်းစိတ်ကျေနပ်သွား၏။ သူသည် စားပွဲကို လက်ချောင်းတို့ဖြင့် ဖြည်းညင်းစွာ ခေါက်လိုက်၏။

"ငါတို့ သတိထားပြီး တုံ့ပြန်ရမယ်၊ စည်းလုံးနေမယ်ဆိုရင် သူ ဘာမှ ရှာတွေ့မှာမဟုတ်ဘူး၊ ခင်ဗျားတို့လည်း စိတ်ပူစရာ မလိုပါဘူး... ဒါပေမဲ့"

စားပွဲခေါက်သံ ရပ်တန့်သွားပြီး ရှဲ့ထျန်းယင်းသည် အားလုံးကို အကဲခတ်လိုက်၏။

"ဒါပေမဲ့ ငါနားမလည်တဲ့ အချက်တစ်ခုရှိတယ်၊ ဝူကျိရှန်းက ဘာလို့ ဒီနေ့မှ ရုတ်တရက် ဆေးခန်းကို စစ်ဆေးဖို့ စဉ်းစားတာလဲ"

"အကြီးအကဲဝူတာဝန်ထမ်းဆောင်တာ ကြာပြီ။ အားလုံးက သူ့ကို အကြီးအကဲတစ်ယောက်လို လေးစားပြီး သူ့စိတ်တိုင်းကျ ဖြစ်အောင် လုပ်ပေးထားကြတာပဲ"

ဝူကျိရှန်းကလည်း တိုင်ယွမ်ဆေးရုံတော်ရဲ့ အကျိုးအမြတ်များကိုလုံးဝမစွက်ဖက်ဘဲမိဖုရားကြီး၏ကျန်းမာရေးနှင့်ဆေးဝါးစက်ရုံကိစ္စများကိုသာ အာရုံစိုက်ထား၏။

ဝူကျိရှန်းသည်တိုင်ယွမ်ဆေးရုံတော်၏အကြီးအကဲဖြစ်‌သော်လည်းသူက နာမည်ခံလောက်သာရှိပြီး တိုင်ယွမ်ဆေးရုံတော်ကို ရှဲ့ထျန်းယင်းတို့ကသာထိန်းချုပ်ထားခြင်းဖြစ်သည်။

အားလုံးက ငြိမ်းချမ်းစွာနဲ့ ကိုယ့်အလုပ်ကိုယ် လုပ်ပြီးငြိမ်းချမ်းမှုကိုသာ လိုလားကြ၏။သို့သော် ယနေ့ ဝူကျိရှန်း၏ ထူးဆန်းသော အပြုအမူကြောင့် သူတို့ စိတ်မအေး ဖြစ်လာကြ၏။

"နန်းတော်က စစ်ဆေးချင်ရင် သူတာဝန်ယူတဲ့အချိန်ကတည်းက စစ်ဆေးလိုက်မှာပေါ့။ ဒါပေမဲ့ လအတော်ကြာမှ ရုတ်တရက်ကြီး စစ်ဆေးရတာက... ဒါမှမဟုတ်"

ရှဲ့ထျန်းယင်းသည် ရှိနေသူအားလုံးကို စိုက်ကြည့်လိုက်၏။

" ခင်ဗျားတို့ဆီက တစ်ခုခု ပေါက်ကြားသွားတာလား၊ အကြီးအကဲဝူကို သံသယဝင်အောင် လုပ်မိတာများ ရှိလား"

"မဖြစ်နိုင်ပါဘူး၊လုံးဝ မဖြစ်နိုင်ပါဘူး။

ကျွန်တော်တို့က သခင်ကြီးရှဲ့နောက် လိုက်လာတာ နှစ်အတော်ကြာပြီ၊ အမြဲသတိထားနေတာပါ။ အကြီးအကဲဝူကလည်း ဆေးရုံကိစ္စတွေကို ဘာမှ စိတ်မဝင်စားဘူး၊ ကျွန်တော်တို့ဆီက ဘာမှ ပေါက်ကြားစရာ မရှိပါဘူး"

အားလုံးက ငြင်းဆိုကြ၏။ရှဲ့ထျန်းယင်းခေါင်းညိတ်လိုက်၏။

"ခင်ဗျားတို့က အမြဲသတိရှိတာ ငါယုံပါတယ်၊ ဒါပေမဲ့ အကြီးအကဲဝူရုတ်တရက် စစ်ဆေးတာမှာ အကြောင်းရင်း တစ်ခုခုတော့ ရှိရမယ်။ ငါစဉ်းစားကြည့်ပါဦးမယ်"

စားပွဲခေါက်သံများ ပြန်လည် ထွက်ပေါ်လာပြီး ခဏအကြာတွင် ရပ်တန့်သွား၏။

"သူက အန်ကုန်းနျူးဟွမ်ဆေးလုံးတွေကိုပဲ စစ်တာ၊ ဒီကိစ္စက အန်ကုန်းနျူးဟွမ်ဆေးလုံးတွေနဲ့ပဲ ဆိုင်ရမယ်"

"အကြီးအကဲရှန်"

ရှဲ့ထျန်းယင်းသည် ရှန်ချူရုံကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်၏။

" အန်ကုန်းနျူးဟွမ်ဆေးလုံးတွေကို ခင်ဗျားတာဝန်ယူထားတာလေ။ ခင်ဗျားလူတွေ သတိမထားမိဘဲ အကြီးအကဲဝူကို သံသယဝင်အောင် လုပ်မိတာ ဖြစ်ရမယ်။ ခင်ဗျားရဲ့ အောက်လူတွေကို သတိထားခိုင်းလိုက်တော့"

*********

All Chapters