အခန်း ၁၃၃၁
Vol. 134 Ch. 1331
အခန်း (၁၃၃၁) မမြင်ချင်ဟန်ဆောင်ခြင်း
မျက်နှာသာပေးခံရသော ကောင်းကင်ပါရမီရှင်တပည့်များပင်လျှင် တင်းမာမှုကိုခံစားနေရပြီး ခက်ခဲစွာ တောင့်ခံနေရပါသည်။ သူတို့ အနည်းငယ် ပို၍ အောင့်အည်း သည်းခံနိုင်သရွေ့...
ဤတစ်ကြိမ်တွင် ထိုဓားအလင်းတန်းက သူတို့ကို စကားဆုံးအောင်ပင် ပြောခွင့်မပေးခဲ့ပေ။
ဝစ်..ဝစ်
ကျန်ရှိနေသော ဗောဓိသတ္တက တစ်ကိုယ်လုံး တုန်ယင်သွားပြီး နောက်သို့လှည့်ကြည့်လိုက်ရာ သူ၏အနောက်တွင် သေခြင်းတရားမှလွဲ၍ ဘာမျှ မတွေ့ရတော့ဘဲ၊ လူ့ပြည်ငရဲခန်းအလားပြတ်တောက်နေသော ခန္ဓာကိုယ်များပြည့်နှက်နေသည့် မြေပြင်ကိုသာ မြင်တွေ့လိုက်ရ၏။
သူက သူ၏ပါးစပ်ကို အနည်းငယ်ဟလိုက်ပြီး နှုတ်ခမ်းများက တုန်ယင်နေကာ သူ၏မျက်နှာသွင်ပြင်များတွန့်လိမ်သွားပြီးနောက် အရှေ့သို့ ပြန်လည် လှည့်ကြည့်လိုက်၏။
သူ၏မျက်လုံးများထဲတွင် အရပ်ရှည်ပြီးသွယ်လျသော ပုံရိပ်တစ်ခုကို ထင်ဟပ်နေပါသည်။
သူ၏ရှေ့တွင်ရပ်နေပြီဖြစ်သော အစစ်အမှန်အရှင် ထိုက်ရွှီက လက်ကိုညင်သာစွာဆန့်ထုတ်ကာ သူ၏ နဖူးကိုထိလိုက်ပြီး ပေါ့ပေါ့ပါးပါးပင်မေးလိုက်၏။ "ဒါက ဘယ်သူ့ရဲ့အရှေ့ပိုင်းတိုက်ကြီး လဲ။"
ဗောဓိသတ္တက သူ၏မျက်နှာပေါ်ရှိ အေးစက်မှုကို ခံစားလိုက်ရပြီး ထိတ်လန့်မှုတစ်ခုက သူ၏ ခန္ဓာကိုယ်တစ်လျှောက်လျင်မြန်စွာ ပျံ့နှံ့သွားပေသည်
သူ၏အသံမှာ တုန်ယင်နေခဲ့၏။ "အဲဒါက... အဲဒါက ငါတို့ ဂိုဏ်းနှစ်ခုရဲ့အရှေ့ပိုင်းတိုက်ကြီး ပါ..."
ဤသို့ ဝန်ခံလိုက်သော်လည်း သူ၏မျက်ခုံးနားရှိ အေးစက်မှုက ပိုမိုပြင်းထန်လာခဲ့၏။ ထိုသွယ်လျသော လက်ချောင်းများက သူ၏ဦးခေါင်းခွံထဲသို့ ဖြည်းညှင်းစွာဖိဝင်သွားပြီး ပျစ်ချွဲသော သွေးများ စီးကျလာကာ သူ၏အမြင်အာရုံကို အနီရောင်ဖြင့် ခြယ်သလိုက်သည်။
"မှားတယ်။"
ဗောဓိသတ္တ၏ထိတ်လန့်နေသော အကြည့်အောက်တွင် လူငယ်လေးကလေးနက်စွာ ခေါင်းခါလိုက်ပြီး သူ၏အသံမှာ ကြည်လင်နေ၏။ "မင်းတို့ မပါဘူး။"
နောက်တစ်ခဏတွင် သူက ဗောဓိသတ္တ၏ဦးခေါင်းခွံကို ခံစားချက်ကင်းမဲ့စွာချေမွပစ်လိုက်၏။
ရှန်းယီက သူ၏လက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ထိုလူ ဘန်းခနဲနောက်သို့ လဲကျသွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
သူသည် ဤရတနာရထားလုံးကို ရှာတွေ့ရန် အစစ်အမှန်အရှင် ယွင်မြောင်၏ သိုလှောင်အိတ်ထဲတွင် မွှေနှောက်ရှာဖွေခဲ့ရုံသာမက ကလေးငယ် တစ်ဦးကိုပါဟန်ဆောင်ခေါ်ဆောင်လာပြီး ဤမျှ ထင်ပေါ်ကာမာနကြီးသော ဟန်ပန်ဖြင့် ရောက်လာခဲ့ခြင်းမှာ အကြောင်းရင်းတစ်ခုတည်းအတွက်သာ ဖြစ်ပါသည်။
အကယ်၍ ရွှေမသေမျိုးများက ဤအကြောင်းကို သိရှိသွားပြီး အရှေ့ပိုင်းတိုက်ကြီးသို့ အပြေးအလွှားလာရောက်ကြမည်ဆိုပါက သူ့အတွက်ပြဿနာများစွာကို သက်သာစေမည် ဖြစ်၏။
သို့သော် ယခုကြည့်ရသည်မှာ ချီယွင်ကျစ်မှလွဲ၍ အခြားရွှေမသေမျိုးများတွင် ထိုကဲ့သို့သော ရည်ရွယ်ချက် မရှိပုံပေါ်သည်။ သတိပေးချက်က မည်မျှပင်ပြင်းထန်စေကာမူ သူတို့၏လုပ်ရပ်များသည် မသေမျိုးသုံးပါးဂိုဏ်း၏ သဘောထားကိုပြသနေပြီး ဖြစ်လေ၏။
'ပြန်လည်သင့်မြတ်ချင်တာလား။ အိပ်မက် မက်နေလိုက်။'
ရှန်းယီက သူ၏လက်ကို ဆန့်ထုတ်လိုက်ရာ ကျောက်လှေကားထစ်များတွင်နက်ရှိုင်းစွာ စိုက်ဝင်နေသော အသက်မဲ့ဓားက ဝှီးခနဲအသံနှင့်အတူ ခုန်တက်လာပြီး သူ၏လက်ထဲသို့ဝင်ရောက်လာသည်။
သူက ဓားရှည်ကို ကိုင်ဆောင်လျက်နောက်သို့ လှည့်လိုက်ပြီး ပင်မခန်းမဆောင် အရှေ့တွင် သစ်တုံးများအလား ဒူးထောက်နေကြသော တပည့်အုပ်စုကို ပေါ့ပေါ့ပါးပါးတစ်ချက်ကြည့်ကာ ခံစားချက်ကင်းမဲ့စွာပြောလိုက်သည်။ "ထကြ။ငါ့နောက်ကို လိုက်ခဲ့ကြ။"
ဤစကားများကို ကြားသောအခါ မည်သည့် အကြောင်းကြောင့်မှန်းမသိဘဲ မသေမျိုးသုံးပါးဂိုဏ်းမှ တပည့်အချို့၏ရင်ထဲတွင် ပြင်းထန်စွာ တုန်လှုပ်သွားခဲ့၏။
ဘုန်းကြီးများမြင်တွေ့ခဲ့ရသည်ကို သူတို့လည်း မြင်တွေ့ကြပေသည်။
ယနေ့ အခြေအနေမျိုးတွင်ပင် လူငယ်တပည့်များကို အသာထား မဟာလွတ်လပ်ခြင်းကြာပန်းပုတီးစေ့ဗောဓိသတ္တပင်လျှင် လှုပ်ရှားမှုတစ်ခုပြုလုပ်ပြီးနောက် ဆင်ခြေတစ်ခုရှာဖွေရန်လိုအပ်ခဲ့ပေလိမ့်မည်။
ဆင်ခြေက မည်မျှပင်ရုပ်ဆိုးနေပါစေ ၎င်းကရှိနေရမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက စည်းမျဉ်းများကို ချိုးဖောက်ရာရောက်မည်ဖြစ်ကာ အခြားသူများအခွင့်ကောင်းယူရန် အားနည်းချက်တစ်ခု ချန်ထားခဲ့သကဲ့သို့ဖြစ်ပေလိမ့်မည်။
အစိုးရိမ်ရဆုံးအရာမှာ နောက်ပိုင်းတွင် အကျိုးအမြတ်အတွက် သူတို့ကိုကာကွယ်ပေးရန် သူတို့၏အင်အားစုက မည်သည့်ဆင်ခြေမှမရှိပေးဘဲ အခြားဂိုဏ်းများသူတို့၏ဒေါသကို ထုတ်ဖော်ရန်အတွက် သူတို့ကိုထိုးကျွေးလိုက်မည်ကိုပင်ဖြစ်၏။
ဤတိုက်ပွဲက ထာဝရတည်တံ့မည် မဟုတ်ဘဲ တစ်နေ့နေ့တွင် အဆုံးသတ်မည်ကို လူတိုင်း သိကြ၏။ ထိုအချိန်ရောက်လျှင် သူတို့အသတ်မခံရလျှင်ပင် မည်သည့်အကျိုးအမြတ်မျှ ရရှိမည် မဟုတ်ပေ။
တစ်နည်းဆိုရသော် စီနီယာအစ်ကိုထိုက်ရွှီ၏ အရှေ့ပိုင်းတိုက်ကြီးသို့ ရောက်ရှိလာခြင်းမှာ ယုံကြည်မှုစွမ်းအင်များအတွက် ယှဉ်ပြိုင်ရန် မဟုတ်ဘဲ သူတို့ကိုထောက်ပံ့ရန်အတွက် သူ၏ အနာဂတ်ကိုစွန့်လွှတ်ကာ အန္တရာယ်ခံယူခဲ့ခြင်း ဖြစ်သည်။
"အမိန့်အတိုင်းပါ။"
ရှန်းမင်က သူ၏ မျက်နှာကို အင်္ကျီလက်ဖြင့် သုတ်လိုက်ပြီး ရုတ်တရက် မတ်တပ်ရပ်လိုက်၏။
"ကျွန်တော်တို့က စီနီယာအစ်ကိုရဲ့နောက်ကို သေတဲ့အထိသေချာပေါက်လိုက်ပါ့မယ်။"
ဗောဓိဂိုဏ်းက တစ်ချိန်က သူတို့ကို မည်သို့အရှက်ခွဲခဲ့သည်ကို ယခုအပြည့်အဝပြန်လည် ပေးဆပ်ခိုင်းရမည်။
"..."
ဤမြင်ကွင်းကို အနီးကပ်စောင့်ကြည့်နေသူမှာလည်း ကောင်းကင်ယံတွင် ပုန်းအောင်းနေသော ဘုန်းကြီး ကျစ်ခုန်းပင် ဖြစ်လေသည်။
အရာရှိရှန်း မြောက်ပိုင်းတိုက်ကြီးသို့ သွားပြီးနောက် ဘေးကင်းနိုင်ပါ့မလားဟု သူ စိတ်ပူနေဆဲ အချိန်တွင် တစ်ဖက်လူက သူ၏ရှေ့သို့မမျှော်လင့်ဘဲ နောက်တစ်ကြိမ် ပေါ်လာခဲ့၏။
တောင်ပိုင်းတိုက်ကြီးတွင် ရှိစဉ်ကထက် မလျော့သောအားလုံးအပေါ် လွှမ်းမိုးထားသည့် တူညီသော ခမ်းနားသည့် ဟန်ပန်ဖြင့်ပင်။
ဗောဓိသတ္တများက သူ့ကိုကြောက်ရွံ့ကြပြီး မသေမျိုးများက သူ့ရှေ့တွင်ဒူးထောက်ကြရ၏။
တောင်ပိုင်းတိုက်ကြီးကဲ့သို့ပင် ဂိုဏ်းနှစ်ခု၏ဝဲဂယက်ထဲသို့ရောက်နေသည့်တိုင် တစ်ဖက်လူက အရာအားလုံးကို ထိန်းချုပ်ထားသောတူညီသည့် အရာရှိ ရှန်းအဖြစ် ကျန်ရှိနေဆဲဖြစ်ပေသည်။
သေချာပေါက် အရာရှိ ရှန်းက မသေမျိုးသုံးပါးဂိုဏ်း၏ စီနီယာအစ်ကို အနေအထားဖြင့် အဘယ်ကြောင့်လှုပ်ရှားနေကြောင်းကို ကျစ်ခုန်း နားမလည်ခဲ့သော်လည်း တစ်ဖက်လူဘာပဲလုပ်လုပ် သေမျိုးလောကရှိပုရွက်ဆိတ်များအလား နတ်ဘုရားများနှင့် ဗုဒ္ဓများက လျစ်လျူရှုထားသော
သက်ရှိများအတွက်သာဖြစ်သည်ဟု သူအမြဲတစေ ယုံကြည်ထားခဲ့၏။
"ဟူး။"
သို့သော် မျက်တောင်တစ်ခတ်အတွင်း ဘုန်းကြီးက သူ၏ စိတ်ခံစားမှုများကို ထိန်းချုပ်လိုက်၏။
အရာရှိ ရှန်းကို ခြိမ်းခြောက်နိုင်သော အနီးအနားရှိ တစ်ဖက်လူကို သူမေ့မထားခဲ့ပေ။
အနာဂတ်လောကအရှင်မြတ်က သူ့ကို လက်ခံခဲ့ချိန်တွင် အကြောင်းရင်း နှစ်ခုရှိကြောင်းကို ကျစ်ခုန်း သေသေချာချာသိရှိထား၏။ ဗုဒ္ဓနှလုံးသား အပြင် ဤလောက၏ဧရာမ ပုဂ္ဂိုလ်ကြီးများကို စိတ်ဝင်စားစေနိုင်သော တစ်ခုတည်းသော အခြားအချက်မှာ သူနှင့် အရာရှိ ရှန်း၏ ဆက်စပ်မှုပင် ဖြစ်ပါသည်။
သူ့ကိုလှည့်ဖြားပြီး သူ၏သတိထားမှုကို လျှော့ချစေရန် ကြိုးစားနေသည်လော...။
"ရှီး။"
အနာဂတ်ဗုဒ္ဓက ရွှေပုစဉ်းရင်ကွဲ၏ မျက်နှာပေါ်ရှိ သိမ်မွေ့သော အမူအရာအပြောင်းအလဲများကို ရိပ်မိလိုက်ရာ သူ၏ရင်ထဲတွင် တစ်ဆို့သွားသလို ခံစားလိုက်ရပြီးနှုတ်ခမ်းများက အနည်းငယ် တွန့်လိမ်သွားကာ သူ၏တောင်ဝှေးကို မထိန်းချုပ်နိုင်ဘဲ နောက်တစ်ကြိမ်တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။
ခေတ္တအကြာတွင် တစ်ဖက်လူ၏ဝက်မွေးနှင့်တူသော ဦးခေါင်းကိုရိုက်ချင်သည့် ဆန္ဒကို သူ ထိန်းချုပ်လိုက်ပြီး အောက်ဘက်ရှိလူငယ်လေးထံသို့ အကြည့်ကိုပြန်လည် လွှဲပြောင်းလိုက်၏။
အဘိုးအိုအသွင်အပြင်ရှိသော အနာဂတ်ဗုဒ္ဓက အဓိပ္ပာယ်ပါပါ မျက်ခုံးပင့်လိုက်သည်။
ခုနစ်ကြိမ်သွေးသန့်စင်ခြင်းဝိညာဉ် ရတနာက ကျင့်ကြံသူတစ်ဦးကို များစွာကူညီပေးနိုင်သော်လည်း ကိုးနှင့်ကိုး အသွင်ပြောင်းလဲခြင်းအဆုံးစွန် ကျင့်ကြံခြင်းမျှဖြင့်တော့ ၎င်းကို ဤမျှတိကျပြီးလွယ်ကူစွာကိုင်တွယ်နိုင်ရန်မှာ မဖြစ်နိုင်ပုံ ပေါ်ပါသည်။
သူ၏ကျင့်ကြံခြင်းကို ဖုံးကွယ်ထားကာ ဤကဲ့သို့ ထူးဆန်းသောနည်းလမ်းဖြင့် ကပ်ဘေးထဲသို့ ဝင်ရောက်လာခဲ့ခြင်းပင်။
ယုံကြည်မှုစွမ်းအင်များအတွက်သာ မဟုတ်လျှင် မည်သည့်အရာအတွက်ဖြစ်သနည်း။
အနာဂတ်ဗုဒ္ဓက ကံကြမ္မာကိုမြင်တွေ့ရပုံပေါ်သော်လည်း ၎င်းကိုရှင်းလင်းစွာမမြင်နိုင်ခဲ့ပေ။ အကြောင်းမှာ ဤမျှငယ်ရွယ်သော ကျင့်ကြံသူတစ်ဦးက အရာရာကို မည်သို့ ပြောင်းလဲနိုင်မည်ကို သူနားမလည်နိုင်သောကြောင့် ဖြစ်သည်။
ယနေ့တွင် ဤနေရာတွင် ရှိနေခဲ့သည်မှာ အခြားအစစ်အမှန် ဗုဒ္ဓဧကရာဇ် တစ်ပါးပါးသာဖြစ်ပါက သူ၏အကြံအစည်များ အဆုံးသတ်သွားပါလိမ့်မည်။
ကံမကောင်းစွာဖြင့် သူဖြစ်နေခဲ့ပေ၏။
"ထားလိုက်ပါတော့။ထားလိုက်ပါတော့။ နားကို မလည်နိုင်တော့ဘူး။"
အနာဂတ်ဗုဒ္ဓက သူ၏နှုတ်ခမ်းများကို သပ်လိုက်ပြီး ပျင်းရိပျင်းတွဲဖြင့်ပြောလိုက်၏။ "ဒါဆိုရင် မမြင်ခဲ့ဘူးလို့ပဲဟန်ဆောင်လိုက်မယ်။"
ဗောဓိဂိုဏ်းက မဟာကပ်ဘေးကြီးတစ်ခုကို စတင်လိုသည်မှာ ထိုဦးဆောင်သောဗုဒ္ဓကိုင်တွယ်ရမည့် ကိစ္စဖြစ်သည်။
'အနာဂတ်လောကအရှင်မြတ်ဖြစ်တဲ့ ငါနဲ့ ဘာဆိုင်လို့လဲ။'