← Chapters

အခန်း ၁၃၃၂

Vol. 134 Ch. 1332

အခန်း ၁၃၃၂

Vol. 134 Ch. 1332

အခန်း (၁၃၃၂) စီနီယာအစ်ကို ထိုက်ရွှီ

"မင်းတစ်ယောက်တည်း သွားတော့။ သူ့အနားကနေ ဝေးဝေးနေဖို့ မှတ်ထား။ ဒီဘုန်းကြီးအိုက လမ်းကြောင်းနှစ်ခုပြင်ဆင်ထားခဲ့ပေမယ့် တစ်ခုက အခု ပျောက်ဆုံးသွားပြီဆိုတော့ မင်း တစ်ယောက်တည်းပဲ တပည့်အဖြစ်ကျန်တော့တယ်။ ကိုယ့်ကိုယ်ကိုယ် အလဟဿအသေမခံလိုက်နဲ့" အဘိုးအိုက လှည့်ကာတိမ်တိုက်များထဲမှ ဖြည်းညှင်းစွာ ထွက်ခွာသွားခဲ့၏။

"..."

ဘုန်းကြီးကျစ်ခုန်းက လှည့်လိုက်ပြီး အနာဂတ် ဗုဒ္ဓ၏ သတိပေးချက်ကို လုံးဝ လျစ်လျူရှုကာ အရာရှိ ရှန်း အတွက် နောက်ထပ် သတင်းအချက်အလက်များ စုံစမ်းရန်သာ တွေးတောနေ၏။ "ဆရာ ဘယ်ကို သွားမလို့လဲ"

ဒေါက်..

အဘိုးအိုက နောက်ဆုံးတွင် သူ့ကိုယ်သူမထိန်းနိုင်တော့ဘဲ နောက်သို့လှည့်ကာ သူ၏ခေါင်းကို တောင်ဝှေးဖြင့် ခေါက်လိုက်၏။

ကြီးမြတ်သောဗုဒ္ဓသုံးပါးတွင်တစ်ပါး အပါအဝင် ဖြစ်သဖြင့် ပထမဆုံးအကြိမ်အဖြစ်တပည့်တစ်ဦးကို ရိုးသားစွာလက်ခံခဲ့သော်လည်း ဤကလေးက ဆရာဟုခေါ်ဆိုသော စကားလုံးတိုင်းတွင် ရည်ရွယ်ချက်တစ်ခုပါဝင်နေရာ မည်သည့် ဧရာမ ပုဂ္ဂိုလ်ကြီးကမျှ ဤကဲ့သို့သော စော်ကားမှုကို သည်းခံနိုင်မည် မဟုတ်ပေ။

သူက စိတ်မရှည်စွာဖြင့်မျက်လုံးလှန်လိုက်ပြီး ပြောလိုက်၏။ "အရှေ့ပိုင်း ဍုမေဏုကို သွားပြီး ခဏလောက်နေမလို့"

သူ ရှင်းလင်းစွာမမြင်နိုင်သော ကံကြမ္မာက လောလောဆယ်တွင် အသုံးဝင်မှုနည်းပါးသော်လည်း အခြားသူများကိုကြိုတင်၍ ထုတ်ဖော်မပြသသင့်ဘဲ အရှေ့ပိုင်း ဍုမေဏုရှိ ထိုဘုန်းကြီးအိုသုံးပါး၏အကြည့်ကို အရင်ဆုံး လွှဲပြောင်းရန် လိုအပ်ပါသည်။

ထိုစကားများပြောပြီးသွားသည်နှင့် အနာဂတ်လောကအရှင်မြတ်က မူလနေရာမှ တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

အံကြိတ်ကိုက်ကာ သူ၏နဖူးကိုပြင်းပြင်းထန်ထန် ပွတ်သပ်နေသော ကျစ်ခုန်းသာ ကျန်ရစ်ခဲ့သော်လည်း သူက အရာရှိ ရှန်းထံသို့ ချက်ချင်း သွားရောက်ရန် အစီအစဉ်မရှိခဲ့ပေ။ အဘိုးအိုက လှည့်ကွက်တစ်ခုကို အသုံးပြုနေသည်ကို မည်သူမျှမသိနိုင်သဖြင့်တည်ငြိမ်စွာ နေထိုင်ပြီး အခြေအနေကို စောင့်ကြည့်ခြင်းက ပိုကောင်းပေလိမ့်မည်။

...

နန်ဖျင်စီရင်စု အနီးတွင်..

လူသူကင်းမဲ့သောတောင်ကမ်းပါးယံ တစ်ခုပေါ်တွင် ဖြစ်ပေ၏။

မသေမျိုးသုံးပါးဂိုဏ်းမှ တပည့်အချို့က တင်ပျဉ်ခွေ ထိုင်နေကြပြီး သူတို့မှာလည်း စီရင်စု မြို့တော်အတွင်းရှိ ရှန်းမင် နှင့် အခြားသူများကဲ့သို့ပင်ပြင်းထန်စွာဒဏ်ရာရထားပုံ ပေါ်ပေသည်။

ကံကောင်းထောက်မစွာဖြင့် အစိမ်းရောင်ဝတ်ရုံနှင့် အမျိုးသားတစ်ဦးက အနီးအနားတွင် ဝင်္ကပါကို ဂရုတစိုက် တည်ဆောက်နေပြီး ဆေးလုံးများကိုလည်း ထုတ်ယူကာ နောက်ဆုံးတွင် လူတိုင်းကို ကုသရန် သူ၏ကိုယ်ပိုင် ကပ်ဘေးစွမ်းအားကို ဖြုန်းတီးရန် တွန့်ဆုတ်မနေခဲ့ပေ။

"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို လီရှန်း"

အချိန်အတော်ကြာပြီးနောက် သူတို့၏ အမူအရာများတိုးတက်လာပြီး မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ကြကာ ပထမဦးစွာ ကျေးဇူးတင်စကားပြောကြားပြီးနောက် ပြင်းထန်သော မငြိမ်မသက်ဖြစ်မှုများကို ခံစားရသည့် စီရင်စုမြို့တော် ၏ လားရာဆီသို့ လှမ်းကြည့်လိုက်ကြ၏။

သတ်ဖြတ်လိုသောရည်ရွယ်ချက်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှပြီး မိုးမြေ၏ပြောင်းလဲမှုလက္ခဏာများက ဗောဓိသတ္တ တစ်ပါးကျဆုံးသွားကြောင်းကို ညွှန်ပြနေသည်။

"စီနီယာအစ်ကို။အဲဒါက ဘယ်သူလဲ။ ကျွန်တော်တို့ လုံးဝ မသိဘူး။"

"..."

လီရှန်း အစောပိုင်းကအံ့မခန်းဖွယ်ကောင်းသော ဓားအလင်းတန်းကို ပြန်လည် သတိရကာ စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေ၏။

မြောက်ပိုင်းတိုက်ကြီးမှ ရောက်ရှိလာပြီး ဂိုဏ်းတူ အဖွဲ့ဝင်အနည်းငယ်ကို မည်သို့ ကယ်တင်ရမည်ကို တွေးတောခြင်းမှာ သတိထားပြီးဆင်ခြင်တုံတရား ရှိခြင်းဟု ပြော၍ရနိုင်သော်လည်း ပိုမို ကြမ်းတမ်းသော စကားလုံးများဖြင့် ပြောရလျှင်... မြောက်ပိုင်းတိုက်ကြီးတွင် နေထိုင်ရသည်မှာ အသားကျနေသဖြင့် ဗောဓိဂိုဏ်း၏ နယ်မြေသို့ ပထမဆုံး ရောက်ရှိလာချိန်တွင် အနည်းငယ်တုံ့ဆိုင်းပြီး စိုးရိမ်ပူပန်နေခြင်းဖြစ်ကာ ကိုယ့်အသိုက်ထဲမှာသာ မာနကြီးခြင်းဟု ခေါ်ဆိုပါကလည်း မှားယွင်းမည် မဟုတ်ပေ။

အကြီးအကဲများ မရောက်လာမီ ဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်အောင်လျှော့ချရန်နှင့် တစ်ဆင့်ချင်းစီဖြည်းဖြည်းချင်း သွားရန်သာ တွေးတောနေခဲ့ခြင်း ဖြစ်၏။

သို့သော်စောစောက အငွေ့အသက်မငြိမ်မသက်ဖြစ်မှုက သူ့ကို ရင်ထဲတွင်အနည်းငယ်ရှက်ရွံ့သွားစေခဲ့သည်။

နောက်ဆုတ်နေရန် မလိုအပ်ကြောင်း ဆရာ့၏ စကားများကိုပြန်လည် သတိရမိသောအခါ မကြာသေးမီကမှ ဝင်ရောက်လာသော ဂိုဏ်းတူအဖွဲ့ဝင်က အကြီးအကဲများစွာ၏စိတ်ထဲတွင် ရှိနေသော မသေမျိုး ဧကရာဇ်၏ ပုံရိပ် ဖြစ်နိုင်ကြောင်း ထင်ရှားနေသည်။

"အဲဒါ လင်းရွှီဂူက စီနီယာအစ်ကိုထိုက်ရွှီ ပဲ"

"စီနီယာအစ်ကို... ထိုက်ရွှီ" တပည့်များက သူတို့၏ အကြည့်များကို ပြန်လည် ရုပ်သိမ်းလိုက်ကြပြီး အံ့အားသင့်သွားကြ၏။ သူတို့၏မြောက်ပိုင်းတိုက်ကြီးမှ ရွယ်တူများထဲတွင် လီရှန်းက စီနီယာအစ်ကိုဟု ခေါ်ဆိုရန် ထိုက်တန်သူတစ်ဦး အမှန်တကယ် ရှိနေပေသည်။

"စီနီယာအစ်ကိုထိုက်ရွှီ က ငါတို့ မသေမျိုးသုံးပါးဂိုဏ်းရဲ့ ထိပ်တန်း တပည့်ပဲ" လီရှန်းက ၎င်းကို မငြင်းဆိုခဲ့ဘဲ တစ်ဖက်လူ၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးရန်လည်းမဟုတ်ဘဲ အမှန်တရားကိုသာ ပြောဆိုခြင်းဖြစ်ရာ သူ၏လေသံကို နောက်တစ်ကြိမ်မြှင့်လိုက်၏။

ထိပ်တန်း တပည့်ဟူသော ဂုဏ်ပုဒ်ကို ပြောဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ထိုနေရာမှာတိတ်ဆိတ်သွားလေ၏။

ယခင်က စီနီယာအစ်ကို လီရှန်း ၊ စီနီယာအစ်မ ယိုယောင် နှင့် အရှေ့ဘက်အစွန်းဧကရာဇ် စံအိမ်တော်မှ ချီရှန်းတို့ ရှိခဲ့ပြီး မြောက်ပိုင်းတိုက်ကြီး တွင် အင်အားစုသုံးခု ချိန်ခွင်လျှာညီမျှနေခဲ့သည်။

ယခုအခါ ဤမျှတိုတောင်းသော အချိန်လေးအတွင်း ထွက်ခွာလာပြီးနောက် ထိပ်တန်းတပည့် နေရာကို အခြားသူတစ်ဦးက ရယူသွားခဲ့ပြီ ဖြစ်၏။

"ဘာတွေ ဖြစ်ခဲ့တာလဲ၊ စီနီယာအစ်မ ယိုယောင် နဲ့ ချီရှန်း က..." တပည့်များက ဤသတင်းကို လပ်ခံနိုင်အချိန်အတော်ကြာ ယူလိုက်ရ၏။

"အင်း၊အဲဒါကို ရှင်းပြဖို့အချိန်နည်းနည်းယူရမယ်" လီရှန်းက အကူအညီမဲ့စွာပြုံးလိုက်ပြီး သူ့မျက်လုံးများတွင် ထက်မြက်မှုအနည်းငယ် ထပ်တိုးလာသည်။ စီနီယာအစ်ကိုထိုက်ရွှီ က လမ်းခင်းပေးထားပြီးဖြစ်ရာသူလည်း သူ၏ဆရာကို အရှက်မခွဲသင့်တော့ပေ။

ဤကျင့်ကြံခြင်းကို ဘုန်းကြီးအနည်းငယ်၏ အသက်များအပေါ်တွင် စမ်းသပ်ရပါလိမ့်မည်။

All Chapters