← Chapters

အခန်း ၁၃၃၄

Vol. 134 Ch. 1334

အခန်း ၁၃၃၄

Vol. 134 Ch. 1334

အခန်း (၁၃၃၄) အခြေအနေများ ထပ်မံပြောင်းလဲသွားခြင်း ၂

"စည်းမျဉ်းတွေတဲ့လား။"

အစစ်အမှန်အရှင် ဟောက်မင် က ခံစားချက်ကင်းမဲ့စွာကြည့်နေပြီး သူ၏ နှုတ်ခမ်းထောင့်တွင် မကောင်းဆိုးဝါးဆန်သော အပြုံးတစ်ခု ပေါ်လာ၏။ "အခုမှစည်းမျဉ်းတွေကို သတိရသွားတာပေါ့...ဟုတ်လား။ ငရဲကိုရောက်မှ စီနီယာအစ်ကိုချူရှီး နဲ့ ဖြည်းဖြည်းချင်း သွားငြင်းကြပေတော့။"

အခြား တပည့်များက ခေတ္တမျှ မှင်သက်သွားကြသော်လည်း လျင်မြန်စွာပင်သတိပြန်ဝင်လာကြ၏။ စီနီယာအစ်ကို၏ဦးဆောင်မှုကို လိုက်နာခြင်းက ဘယ်သောအခါမှ မမှားယွင်းနိုင်ပေ။

မျက်တောင်တစ်ခတ်အတွင်း ဟဲမင် ဗောဓိသတ္တ၏မယုံကြည်နိုင်သော အကြည့်အောက်တွင် မျက်စိကျိန်းမတတ် တောက်ပနေသည့် မှော်ရတနာလက်နက် ခုနစ်ခု သို့မဟုတ် ရှစ်ခုခန့်က သူ့ဆီသို့ ရက်စက်စွာ ဝင်ရောက်ရိုက်ခတ်လာလေ၏။

"မင်းတို့တွေ.."

သူ၏စူးရှသော အော်ဟစ်သံက ရုတ်တရက် ပြတ်တောက်သွား၏။ လက်သီးနှစ်ဖက်က လက်လေးဖက်ကိုမယှဉ်နိုင်ရာ လူခြောက်ယောက်က တစ်ယောက်ကိုဝိုင်းအုံတိုက်ခိုက်ခြင်းမှာ ဆိုဖွယ်ရာ မရှိတော့ပေ။

ကြံ့ခိုင်သော ရွှေရောင်ခန္ဓာကိုယ်က မှော်ရတနာလက်နက်များကြောင့် လျင်မြန်စွာအပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရပြီး အာဟတ်တစ်ပါးမျှ အသက်ရှင်မကျန်ရစ်ခဲ့ပေ။

"ကျေးဇူးတင်ပါတယ်၊ စီနီယာအစ်ကို ဟောက်မင်။"

ပြန့်ကျဲနေသော အလောင်းများကိုကြည့်ကာ အမျိုးသမီး တပည့်က အစစ်အမှန်အရှင် ဟောက်မင်ကို ကျေးဇူးတင်စွာဖြင့် ဦးညွှတ်လိုက်လေ၏။

"ငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး။"

ဟောင်မင် သည် ဂုဏ်ယူဝင့်ကြွားခြင်း မပြုရဲဘဲ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ "စီနီယာအစ်ကို ထိုက်ရွှီ ကိုပဲ ကျေးဇူးတင်ပါ။ သူက ငါတို့ မသေမျိုးသုံးပါးဂိုဏ်း ရဲ့ ထိပ်တန်း တပည့်ဖြစ်ပြီး ဒီတစ်ကြိမ် ငါတို့ အရှေ့ပိုင်းတိုက်ကြီး ကို လာခဲ့တာ သူ့ရဲ့ ဦးဆောင်မှုအောက်မှာပဲ။"

ယခင်က တစ်ဖက်လူကို ပြစ်မှားမိခဲ့သဖြင့် ယခုအခါ အခြေအနေကိုရှင်းလင်းစွာ မြင်တွေ့သွားပြီးနောက် ၎င်းနှင့်လျင်မြန်စွာ သွားရောက်ပူးပေါင်းရန် သဘာဝကျကျပင်ကြိုးပမ်းခြင်းဖြစ်၏။

ဤစကားကိုကြားသောအခါ အခြား တပည့်များက အစစ်အမှန်အရှင် ဟောက်မင်၏ ဖားယားသော အမူအရာကို မြင်သော်လည်း လှောင်ပြောင်လိုစိတ် မဖြစ်ခဲ့ကြပေ။ မည်သို့ပင်ဆိုစေ ၎င်းမှာ အမှန်တရားပင်။

အကယ်၍ စီနီယာအစ်ကို ထိုက်ရွှီ သာ ရှေ့ထွက်ကာ ဤအကျပ်အတည်းကိုဖြေရှင်းမပေးခဲ့ပါက အကြီးအကဲများ မည်မျှကြာအောင် စဉ်းစားနေမည်ကို မည်သူသိနိုင်မည်နည်း။ ဤဂျူနီယာ ညီမလေးကလည်း ထိုနေ့အထိ အသက်ရှင်ကျန်ရစ်ချင်မှ ကျန်ရစ်ခဲ့မည်။

"သြော်... ဒီလိုကိုး။"

အမျိုးသမီး တပည့်က ခေတ္တမျှတိတ်ဆိတ်သွားသော်လည်း ဤစီနီယာအစ်ကိုထိုက်ရွှီ ကို သူမ မသိသဖြင့် သူ့ကိုတွေ့ဆုံပြီးမှသာ ကျေးဇူးတင်ရန် စောင့်ဆိုင်းရုံသာ ရှိတော့၏။

သူမက အကြည့်ကိုပြန်လည် ရုပ်သိမ်းလိုက်ရာ ယခင်ကထက် စိတ်အခြေအနေများစွာ တိုးတက်လာကြောင်း ထင်ရှားနေပြီးပြုံးလျက် ပြောလိုက်သည်။ "ညီမအတွက် လက်စားချေပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုတို့။ ဒီနေရာက စီနီယာအစ်ကိုတို့ စံစားဖို့ပါပဲ။"

"မလောပါနဲ့ဦး။"

အစစ်အမှန်အရှင် ဟောက်မင် သည် ညစ်ပတ်ပြီး နံစော်နေသော ဒုက္ခသည်အုပ်စုကို နောက်လှည့်ကြည့်ကာ အနည်းငယ်ဝှေ့ယမ်းလိုက်၏။

စီနီယာအစ်ကို ထိုက်ရွှီ၏ ပထမဆုံးသော အိမ်နီးချင်းအနေဖြင့် သူက ဤစီနီယာအစ်ကို၏ နည်းလမ်းများ မည်မျှစွမ်းအားကြီးမားကြောင်းကို အကောင်းဆုံးနားလည်ထားသူ ဖြစ်သည်။

"အိမ်တွေကိုပြန်ဆောက်ပေးလိုက်၊ ရေနဲ့ စားနပ်ရိက္ခာတွေဝေပေးပြီး သူတို့ကိုလူရာသွင်းခံရတဲ့ အသွင်အပြင်အရင်ရအောင် လုပ်ပေးလိုက်။"

"ဟင်" အမျိုးသမီး တပည့်၏ဇဝေဇဝါဖြစ်မှုနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ အခြား တပည့်များက လျင်မြန်စွာ သဘောပေါက်သွားကြပြီး သူတို့၏မျက်နှာပေါ်တွင် မကောင်းဆိုးဝါးဆန်သော အပြုံးတစ်ခု ပျံ့နှံ့သွားလေ၏။

ဤနည်းဗျူဟာကို မြောက်ပိုင်းတိုက်ကြီးတွင် အသုံးပြုခဲ့စဉ်က သဘာဝကျကျပင်နာကြည်းမှုများကို ဖြစ်ပေါ်စေခဲ့သော်လည်း ယခုအခါ အရှေ့ပိုင်းတိုက်ကြီးတွင်မူ ထိုဘုန်းကြီးများ၏ယုံကြည်မှုစွမ်းအင်များကို တိတ်တဆိတ်လုယူခံရခြင်းနာကျင်မှုကိုသာ ခံစားရစေလိမ့်မည်။

...

မသေမျိုးသုံးပါးဂိုဏ်းက ဗောဓိဂိုဏ်း နှင့် မတူညီပေ။

တိုက်ကြီးသုံးခုကို လွှမ်းမိုးထားသော ဍုမေဏု တောင် နှင့် နှိုင်းယှဉ်ပါက အဆင့်အတန်းတူညီသော မသေမျိုးများအားလုံးက မြောက်ပိုင်းတိုက်ကြီးတွင်သာ နေထိုင်ကြပြီး ဂိုဏ်းချုပ်များနှင့် ပိုမို နီးကပ်စွာနေထိုင်လိုကြသဖြင့် လူများပြည့်ကျပ်နေစေခဲ့၏။

လောလောဆယ်တွင် မသေမျိုးများ အားလုံး အပြင်သို့ထွက်ခွာလာကြသောအခါ အရှေ့ပိုင်း ဍုမေဏုတစ်ခုတည်းက မသေမျိုးသုံးပါးဂိုဏ်းကို မယှဉ်နိုင်ခဲ့ပေ။

တပည့်များစွာ ဤနေရာသို့ ဆင်းသက်လာပြီး အနိုင်ကျင့်ခံရသော ဂိုဏ်းတူအဖွဲ့ဝင်များနှင့် ပူးပေါင်းမိသွားသောအခါ သူတို့က မိုးကြိုးသွားများအလားအင်အားဖြင့် တန်ပြန်လက်စားချေ တိုက်ခိုက်မှုကို စတင်ခဲ့ကြ၏။

ဟောက်မင်က အကြံဉာဏ်ရှိသော တစ်ဦးတည်းသော ကျင့်ကြံသူ မဟုတ်ပေ။

နန်ဖျင်စီရင်စုရှိ အကြမ်းတမ်းဆုံးတိုက်ပွဲက လူတိုင်း အပြေးအလွှားအတုယူရသည့် စံပြတစ်ခု ဖြစ်လာခဲ့သည်။

နာကြည်းမှုများဖြင့် ပြည့်နှက်နေပြီဖြစ်သော မသေမျိုးများက ယခုအခါ သူတို့ကိုဦးဆောင်မည့်သူ ရှိလာပြီဖြစ်ရာ အကြီးအကဲများ၏အပြစ်တင်မှုကို မကြောက်ရွံ့ကြတော့ပေ။ ထို့ကြောင့် တိုက်ခိုက်မှုတိုင်းသည် ယခင်ကထက် ပိုမိုရက်စက်ကြမ်းကြုတ်လာပြီး သတ်၍ရသူမည်သူ့ကိုမျှ ချမ်းသာမပေးခဲ့ဘဲ မသတ်နိုင်သူများကိုပင် ပြင်းထန်စွာဒဏ်ရာရစေရန် ကြိုးပမ်းခဲ့ကြ၏။

မကြာမီ အရှေ့ပိုင်းတိုက်ကြီး၏ စီရင်စု နှစ်ဆယ့်ခြောက်ခုအနက် ဆယ့်ခုနစ်ခုက မသေမျိုးသုံးပါးဂိုဏ်း၏ လက်အောက်သို့ ကျရောက်သွားခဲ့ပြီ ဖြစ်သည်။

ဤတာအိုနယ်မြေများ ပေါများလာမှုက ကျင့်ကြံသူများကို ရွှင်လန်းစွာသာယာယစ်မူးစေခဲ့ပြီး လောကကြီး၏ကျယ်ဝန်းမှုကို နားလည်လာစေခဲ့သည်။ အကယ်၍အရှေ့ပိုင်းတိုက်ကြီးရှိ ကိစ္စရပ်များကို မဖြေရှင်းရသေးပါက ကျန်ရှိနေသော တိုက်ကြီးနှစ်ခုဆီသို့ သူတို့၏အကြည့်များကို စတင် လွှဲပြောင်းနေလောက်ပြီဖြစ်သည်။

ယခင်က နေ့ရက်များက မည်မျှပင် ပင်ပန်းဆင်းရဲခဲ့ရသနည်း။

အိမ်များတစ်လုံးပြီးတစ်လုံး လျင်မြန်စွာ ပေါ်ပေါက်လာပြီး တဖြည်းဖြည်းရွာများနှင့် မြို့ငယ်လေးများ ဖြစ်ပေါ်လာခဲ့၏။ မသေမျိုးများ၏ အစွမ်းကုန်ကြိုးပမ်းအားထုတ်မှုဖြင့် အပျက်အစီးများဖြစ်သွားခဲ့သော စီရင်စုမြို့တော်များက တစ်ဖန် ပြန်လည်ပုံပေါ်လာခဲ့သည်။

သတင်းများက အရှေ့ပိုင်းတိုက်ကြီးတစ်ခွင်သို့ တောင်လေများအလားတိုက်ခတ်ပျံ့နှံ့သွားလေ၏။

ဗောဓိဂိုဏ်းက အဓိက စီရင်စုများ၏နယ်စပ်များကို ကာကွယ်ရန်ဘုန်းကြီးများစွယကို အတင်းအကျပ် စေလွှတ်ခဲ့ရ၏။ ၎င်းမှာ မသေမျိုးသုံးပါးဂိုဏ်း၏ ကျူးကျော်မှုကို ခုခံကာကွယ်ရန် မဟုတ်ဘဲ ထိုမျောလွင့်နေသော ယုံကြည်မှုစ်ွုးအင်များကို တားဆီးရန် ဖြစ်လေသည်။

နောက်ဆုံးတွင် ဧကရာဇ်ချီများကို လုယူရန်အတွက် နတ်ဆိုးကြီးများကိုအသုံးပြုလေ့ရှိသော ဗုဒ္ဓဗိမာန်တော်က ပထမဆုံးအကြိမ်အဖြစ် ၎င်း၏စပါးကျီများကို ကန့်သတ်ချက်မရှိဖွင့်လှစ်ပေးခဲ့ရ၏။

ထိုသို့ဖွင့်လှစ်ပေးမှုက ဒုက္ခသည်များကို ဆွဲဆောင်ခဲ့ပြီး အဖြူရောင်ကျောက်စိမ်း လှေကားထစ်များတွင်ပြည့်ကျပ်နေကာ သူတို့၏မည်းညစ်နေသော ခြေရာများက တစ်ချိန်က ခမ်းနားခဲ့သောခန်းမဆောင်ကြီးကို စွန်းထင်းသွားစေခဲ့သည်။

ထိုအတောအတွင်း နန်ဖျင်စီရင်စုတွင်တော့ အသစ်တည်ဆောက်ထားသော ခန်းမဆောင်ကြီးအတွင်းတွင် မသေမျိုးသုံးပါးကို ပူဇော်သည့်အပြင် အစစ်အမှန်အရှင် ထိုက်ရွှီ၏ ရုပ်တုသစ် တစ်ခုပါ ရှိနေလေ၏။

"စီနီယာအစ်ကို... ထိပ်ပြောင်ဘုန်းကြီး တစ်အုပ်က ယုံရှင်းစီရင်စု ဆီကို သွားနေတယ်လို့ ကြားတယ်။ အဲဒါက ဘုန်းကြီး မြောင်ယင်ရဲ့ နယ်မြေပဲ။ စီနီယာအစ်ကိုက နာမည်အကြီးဆုံးအချိန်ကို ရောက်နေတာဆိုတော့ သတိထားပါဦး။"

ရှန်းမင်က ရှန်းယီ၏ ဘေးမှ လိုက်ပါလာပြီး အနည်းငယ် စိုးရိမ်စွာဖြင့် ပြောလိုက်၏။ " ဘုန်းကြီး မြောင်ယင်က အရှေ့ပိုင်းဍုမေဏု ရဲ့ လူငယ်မျိုးဆက်တွေထဲမှာ အသန်မာဆုံးမဟုတ်နိုင်ပေမယ့်၊ သူ့ရဲ့ဆရာကတော့ အကာအကွယ်အပေးဆုံးဆိုတာ သေချာပါတယ်။"

အရှေ့ပိုင်းဍုမေဏု တစ်ခုတည်းက မြောက်ပိုင်းတိုက်ကြီးကဲ့သို့ ကြီးမြတ်သော ကောင်းကင်ပါရမီရှင် သုံးဦးကိုမွေးထုတ်ပေးနိုင်မည် မဟုတ်ရာ အခြေအနေကိုတင်းကျပ်စွာထိန်းချုပ်ထားနိုင်ရန်သာ တတ်နိုင်လိမ့်မည်။

အခြေခံအင်အားစုများက ရှုပ်ထွေးလှပြီး မသေမျိုးသုံးပါးဂိုဏ်းအတွင်းထက်ပင် အုပ်စုအဖွဲ့များက ပိုမို များပြားနေ၏။

ထိုကဲ့သို့သော အခြေအနေများတွင် ခွန်အားတစ်ခုတည်းက ခိုင်မာသောကျောထောက်နောက်ခံကို ယှဉ်နိုင်မည် မဟုတ်ပေ။ ဂုဏ်သိက္ခာကိုပင် စွန့်လွှတ်ရန်ဆန္ဒရှိသော ထိုမဟာလွတ်လပ်ခြင်း ကြာပန်းပုတီးစေ့ဗောဓိသတ္တက သူ၏တပည့်အတွက် ဂုဏ်ကျက်သရေများစွာကို သေချာပေါက် စုဆောင်းပေးခဲ့သည်။

"မူလက စီနီယာအစ်ကိုချူရှီး ရဲ့ ဖြစ်ရပ်ကြောင့် အရှေ့ပိုင်း ဍုမေဏု က သူ့ကို ယာယီနောက်ဆုတ်နေစေချင်ခဲ့တာ ဖြစ်နိုင်တယ်။ အခု အဲဒီ ထိပ်ပြောင်ဘုန်းကြီးက ဘုန်းကြီးတွေကို ထပ်စုစည်းနေတာဆိုတော့ စီနီယာအစ်ကိုနဲ့ ဒီအခွင့်အရေးကိုအသုံးချပြီး ပြန်လည်ထွက်ပေါ်လာဖို့ ရည်ရွယ်ထားပုံပဲ။"

မသေမျိုးသုံးပါးဂိုဏ်းက အဆက်မပြတ်ဖိအားပေးလာမှုနှင့်အတူ အရှေ့ပိုင်း ဍုမေဏု၏ သဘာဝအရ ထိုအသက်ကြီးသော မဟာလွတ်လပ်ခြင်း ဘုန်းကြီးများ ကိုယ်တိုင်မလှုပ်ရှားလျှင်ပင် သူတို့အာဏာရလာသည်ကို လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။

အနည်းဆုံးတော့ အခြားတိုက်ကြီး နှစ်ခု၏ဍုစူးဏု တောင်ထံမှ အကူအညီများရောက်ရှိလာသည်အထိ ဤနောက်ဆုံးကျန်ရှိနေသော တာအိုနယ်မြေ အနည်းငယ်ကို သူတို့ ဆုပ်ကိုင်ထားကြပါလိမ့်မည်။

ဤအခြေအနေမျိုးတွင် မသေမျိုးသုံးပါးဂိုဏ်း၏ အရှိန်အဟုန်ကို ယာယီဖိနှိပ်ရန်အတွက် ရှေ့ထွက်မည့်သူတစ်ဦးကို သူတို့အရေးတကြီးလိုအပ်နေပေသည်။

ထို့အတွက် အစစ်အမှန်အရှင် ထိုက်ရွှီကို ကျော်လွန်ခြင်းထက် မည်သည့်အရာကမျှပို၍ ထိရောက်မှုရှိမည်မဟုတ်ပေ။

All Chapters