← Chapters

အခန်း ၁၃၃၅

Vol. 134 Ch. 1335

အခန်း ၁၃၃၅

Vol. 134 Ch. 1335

အခန်း (၁၃၃၅) အခြေအနေများ ထပ်မံပြောင်းလဲသွားခြင်း ၃

"နားလည်ပါပြီ။"

ရှန်းယီက ခေါင်းအနည်းငယ်ညိတ်လိုက်ပြီး စီရင်စု မြို့တော်ကို ဖြတ်ကာဖြည်းညှင်းစွာ လျှောက်သွားခဲ့၏။

သူက သူ၏ခြေအောက်ရှိ အသစ်ခင်းထားသော ကျောက်တုံးပြာလမ်းကို ငုံ့ကြည့်လိုက်သည်။ ၎င်းက နတ်ဘုရားမင်းဆက်၏ယခင် ခမ်းနားမှုနှင့် မယှဉ်သာသော်လည်း တဖြည်းဖြည်းတိုးတက်လာနေလေပြီ။

မဟာဆန္ဒကိုအဆိုပြုပြီးနောက် ရှန်းယီက ထိပ်တန်း ဒုတိယအဆင့်စာရင်းဝင်များထဲသို့ ရောက်ရှိနေပြီ ဖြစ်၏။ မှော်ရတနာလက်နက်များတွင် အားနည်းချက်များရှိနေသေးနိုင်သော်လည်း နယ်ပယ်အပိုင်းတွင်မူ သူက အစစ်အမှန် ဗုဒ္ဓကဲ့သို့သော ပုဂ္ဂိုလ်များနှင့် ခြေတစ်လှမ်းသာကွာဝေးတော့ပြီး သူ၏ကတိသစ္စာကို ဖြည့်ဆည်းရန်သာ လိုအပ်တော့၏။

သေချာပေါက် ဤမျှလျင်မြန်စွာ ရရှိလာသော စွမ်းအားက တူညီစွာပြင်းထန်သော တန်ဖိုးပေးဆပ်မှုများနှင့် လာခြင်းဖြစ်သည်။

နေ့ရက်တိုင်းကုန်ဆုံးသွားသည်နှင့်အမျှ သူ၏ကိုယ်တွင်းရှိ ကပ်ဘေးစွမ်းအားများက အနည်းငယ်စီ လျော့နည်းသွားပါလိမ့်မည်။ ၎င်းက အရေးမပါဟု ထင်ရသော်လည်း အချိန်ကြာလာစုဆောင်းလာသည်နှင့်အမျှ တစ်နေ့တွင် လုံးဝပျောက်ကွယ်သွားမည့် နေ့သို့ ရောက်ရှိလာပေလိမ့်မည်။

ထိုအချိန်ရောက်လျှင် ဂိုဏ်းချုပ်၏ဝင်ရောက်စွက်ဖက်မှုကပင် သူ၏သေဆုံးခြင်းမှ သူ့ကို ကယ်တင်နိုင်မည် မဟုတ်ပေ။

ယခင်အတိုင်းပင် နတ်ဆိုးတစ်သောင်းခန်းမက စုံစမ်းစစ်မှုကိုသာ ဖုံးကွယ်နိုင်သော်လည်း မဖြည့်ဆည်းရသေးသော မသေမျိုးကတိသစ္စာများအတွက် ကောင်းကင်တာအို၏အပြစ်ပေးမှုကို မတားဆီးနိုင်ကြောင်း ထင်ရှားပါသည်။

သို့သော် ရှန်းယီက စိတ်မသက်မသာဖြစ်မနေဘဲ သူ၏ရင်ထဲတွင် သက်သာရာရမှု တစ်ခုပင် ရှိနေခဲ့၏။

သူ မျှော်လင့်ထားသည်ထက် ပိုမိုချောမွေ့စွာဖြင့် ဤစွမ်းအားဖြင့် သူလုပ်ချင်သောအရာများ၏ ထက်ဝက်ကျော်ကို သူပြီးမြောက်ခဲ့ပြီးဖြစ်သည်။

ပြည်သူများက သူတို့၏ဂုဏ်သိက္ခာကိုပြန်လည်ရရှိခဲ့ပြီး ဂိုဏ်းနှစ်ခုမှ လူငယ်မျိုးဆက်များက အသေအပျောက် များပြားခဲ့လေ၏။

အချိန်တန်လျှင် လူသားဧကရာဇ် လိုချင်သော အခြေအနေက မျှော်မှန်းထားသည်ထက် နှစ်ပေါင်းများစွာစော၍ ရောက်ရှိလာပေလိမ့်မည်။

ဤအကြောင်းကိုတွေးရင်း ရှန်းယီက အင်ပါယာ မြို့တော်၏လားရာဆီသို့ ခေါင်းလှည့်ကြည့်လိုက်၏။

ယခု သူသိချင်သော တစ်ခုတည်းသောအရာမှာ ထိုလူလျှို့ဝှက်စွာပြင်ဆင်ထားသောအရာများက လောကကြီး၏အခြေအနေကို အမှန်တကယ် ပြောင်းလဲနိုင်ပြီး သေမျိုးလောကရှိသတ္တဝါများအတွက် တောက်ပသောလမ်းကြောင်းတစ်ခုကို ဖောက်လုပ်ပေးနိုင်မည်လား ဆိုသည်ပင်။

အကယ်၍မိုးချုန်းသံသာကျယ်ပြီး မိုးမရွာဘူးဆိုပါက သူ အမှန်တကယ်ဒေါသထွက်မိရပါလိမ့်မည်။

ထိုအချိန်မှာပင် ရှန်းယီ၏အကြည့်က ပုံရိပ်တစ်ခုပေါ်တွင် ဖြည်းညှင်းစွာရပ်တန့်သွားခဲ့၏။ သူမမှာ ဆံပင်များဖရိုဖရဲဖြစ်နေပြီး သာမန်အဝတ်အစားများကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ဖြစ်သည်။

သေချာပေါက် ထိုကဲ့သို့သော သာမန် အဝတ်အစားမှာ ထူးဆန်းသည်တော့ မဟုတ်ပေ။ အထူးသဖြင့် ယခင် ဒုက္ခသည်အများစု အဝတ်အစားလဲလှယ်ထားပြီးဖြစ်သော ဤနန်ဖျင် စီရင်စု မြို့တော်တွင် ပို၍ပင် မထူးဆန်းပေ။

အထည်အလိပ်က အကောင်းဆုံးအရည်အသွေး မဟုတ်လျှင်ပင် အနည်းဆုံးတော့ သန့်ရှင်းနေပေသည်။

ရှန်းယီကို အမှန်တကယ်ရပ်တန့်သွားစေသောအရာမှာ သူမဆီမှထွက်ပေါ်နေသော ရင်းနှီးသည့် အနံ့ပင် ဖြစ်၏။

"မသေမျိုးအရှင်..."

တာအိုအရှင် ထိုက်ရွှီချဉ်းကပ်လာသည်ကို မြင်သောအခါ အမျိုးသမီးက သူ့ကိုရှောင်ဖယ်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

သူမက သူမ၏ခေါင်းကို အနည်းငယ်မော့လိုက်ရာ သူမ၏ပင်ပန်းနွမ်းနယ်နေသော အခြေအနေတွင်ပင် သူမ၏ယခင်အလှတရားကို ဖုံးကွယ်ထား၍ မရနိုင်ခဲ့ပေ။

ခေတ္တမျှတုံ့ဆိုင်းပြီးနောက် အမျိုးသမီးက ချိုမြိန်သော မက်မွန်သီးမုန့်တစ်ခုကို ထုတ်ယူကာ လက်ဖြင့် ကမ်းပေးလိုက်၏။ "ကျေးဇူးတင်ပါတယ်၊ မသေမျိုး အရှင် ထိုက်ရွှီ"

"..."

ရှန်းယီက စကားများများစားစားမပြောဘဲ မက်မွန်သီးမုန့်ကို ပေါ့ပေါ့ပါးပါးလက်ခံလိုက်ပြီးနောက် ထိုနေရာမှထွက်ခွာရန် လှည့်ထွက်သွားသည်။

ကူလီက သူထွက်ခွာသွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့၏။

နန်ဖျင်စီရင်စုမြို့တော်တွင် ဤအစစ်အမှန်အရှင် ထိုက်ရွှီကို တစ်ချက်မြင်တွေ့ရန် သူမ အဘယ်ကြောင့်အန္တရာယ်ခံပြီး မလိုအပ်သော လုပ်ရပ်ကိုလုပ်ခဲ့သည်ကို သူမကိုယ်တိုင်ပင် မသိခဲ့ပေ။

နတ်ဘုရားမင်းဆက်၏ စစ်သူကြီးတစ်ဦးအနေဖြင့် ကူလီက မရေမတွက်နိုင်သောကျင့်ကြံသူများနှင့် တွေ့ဆုံခဲ့ဖူးသော်လည်း ဤကဲ့သို့သော လူငယ်မျိုးကို တွေ့ရခဲလှပါသည်။

သူတို့၏ရပ်တည်ချက်များကွာခြားနေပြီး သူ၏ ရည်ရွယ်ချက်များက မည်သို့ပင်ဖြစ်နေစေ။

အနည်းဆုံးတော့... သူ့ကြောင့် မြောက်ပိုင်းတိုက်ကြီးနှင့် အရှေ့ပိုင်းတိုက်ကြီးနှစ်ခုစလုံးက မြေပြင်တုန်ဟည်းလောက်သော အပြောင်းအလဲများကို ကြုံတွေ့ခဲ့ရပြီဖြစ်ပေသည်။

သူမ၏စောစောက ကျေးဇူးတင်ခြင်းမှာ အမှန်တကယ်ပင် ရင်ထဲမှလာသောရိုးသားမှုဖြစ်သည်။

ခေတ္တအကြာတွင် ကူလီက လှည့်ကာအရှေ့ပိုင်းတိုက်ကြီးမှထွက်ခွာပြီး အင်ပါယာမြို့တော်ဆီသို့ ဦးတည်သွားခဲ့၏။ အရှင်မင်းကြီးကို ဤသတင်းကောင်းကို အသိပေးရန် အချိန်ရောက်ပြီ ဖြစ်သည်။

ထိုအတောအတွင်း အခြားတစ်ဖက်တွင်..

ရှန်းယီက လူသူကင်းမဲ့သောနေရာတစ်ခုသို့ လျင်မြန်စွာသွားရောက်ပြီး ထိုက်ရွှီနယ်ပယ်ထဲသို့ ဝင်ရောက်သွားခဲ့၏။

သူက သူ၏မျက်ခုံးများကို အနည်းငယ်တွန့်ကွေးလိုက်ရာ သူ၏မျက်လုံးများထဲတွင် အေးစက်သော အရောင်တစ်ခု လင်းလက်သွားလေ၏။

ထိုအမျိုးသမီး တမင်တကာဖုံးကွယ်ထားခဲ့သော အငွေ့အသက်က အခြားသူများကိုသတိမထားမိစေနိုင်သော်လည်း သူကတော့ ၎င်းနှင့်အလွန် ရင်းနှီးကျွမ်းဝင်နေပါသည်။

၎င်းမှာ အခြားမဟုတ်ဘဲနတ်ဘုရားများနှင့် ဗုဒ္ဓများ အဆက်မပြတ်ယှဉ်ပြိုင်လုယူနေကြသော ယုံကြည်မှုစွမ်းအင်ဆိုသည့်ဧကရာဇ်ချီပင်ဖြစ်လေ၏။

အင်ပါယာမြို့တော်ဘက်တွင် တစ်ခုခုဖြစ်ပျက်ခဲ့ပုံရပါသည်။ သူတို့က ကျောက်စိမ်းပြားကို အသုံးမပြုတော့သလို ယဲ့လန်မှတစ်ဆင့် သတင်းစကား ပေးပို့ခြင်းလည်း မရှိတော့ဘဲ သတင်းအချက်အလက်များကိုပေးပို့ရန် ဤနည်းလမ်းကို ရွေးချယ်လာခဲ့ကြ၏။

သူက သူ၏လက်ချောင်းထိပ်များကို ပြင်းပြင်းထန်ထန်ပွတ်သပ်လိုက်ရာ မက်မွန်သီးမုန့်ကို လွယ်ကူစွာချေမွပစ်လိုက်၏။

သို့သော် အချိန်အတော်ကြာမွှေနှောက်ရှာဖွေပြီးနောက် မုန့်အကြွင်းအကျန်များကြားတွင် ဘာကိုမျှ သူ မတွေ့ခဲ့ရပေ။

ရှန်းယီက ခေါင်းမော့လိုက်ရာ သူ၏မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်နေသော အမူအရာတစ်ခုရှိနေ၏။

"..."

All Chapters