← Chapters

အခန်း ၁၃၃၉

Vol. 134 Ch. 1339

အခန်း ၁၃၃၉

Vol. 134 Ch. 1339

အခန်း (၁၃၃၉) မသေမျိုးဂူ၇၂ခုမှ ရွှေမသေမျိုးများ

ဤမျှဆူညံပွက်လောရိုက်အောင် လုပ်ဆောင်နေခြင်းမှာ မသေမျိုးသုံးပါးဂိုဏ်းတွင်လူမရှိတော့ဟု သူတို့အမှန်တကယ် ထင်မှတ်နေကြခြင်းလော။

သို့သော် ယခင်ကအသာစီးရနေသော အခြေအနေက အသက်အန္တရာယ်အရှိဆုံး အားနည်းချက်တစ်ခု ဖြစ်လာခဲ့၏။ စီနီယာအစ်ကိုထိုက်ရွှီ ကြောင့် လောင်ကျွမ်းလာသောဒေါသများက ဂိုဏ်းတူ ညီအစ်ကိုများစွာကိုမျက်လုံးနီရဲသည်အထိ သတ်ဖြတ်စေခဲ့ပြီး၊ အရှေ့ပိုင်းတိုက်ကြီး၏ နေရာအများစုကို သိမ်းပိုက်နိုင်စေခဲ့သည်။

ထိုသို့သိမ်းပိုက်နိုင်မှုက သူတို့ကိုတာအိုနယ်မြေများတွင်တပ်စွဲထားရန်နှင့် နေရာအနှံ့အပြားသို့ လူစုခွဲထားရန် လိုအပ်လာစေခဲ့သဖြင့်၊ အချိန်တိုအတွင်း လူပြန်စုရန် ခက်ခဲသွားစေသည်။

"စီနီယာအစ်ကိုထိုက်ရွှီ၊ အရင် ထွက်သွားလိုက်ပါ။"

အစောပိုင်းက ကယ်တင်ခံခဲ့ရသော အမျိုးသမီး တပည့်က ယခုအခါ သူမ၏ဓားရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သူမ၏ရင်ခုန်သံများ မိုးခြိမ်းသံအလားမြည်ဟည်းနေပြီး တင်းမာမှုကြောင့်ပါးပြင်များ နီမြန်းနေသော်လည်း၊ သူမကည် ခန်းမဆောင်ကြီး၏အဝင်ဝတွင်ရပ်နေကာ ဤတံခါးကိုသေသည်အထိ ကာကွယ်မည်ဟု ကျိန်ဆိုထားသည့် ဟန်ပန်ဖြင့်ရပ်တည်နေခဲ့၏။

ရှန်းမင် နှင့် အခြားသူများသည် စကားဆက်မပြောကြတော့ဘဲ၊ သူတို့အားလုံးက သူတို့၏မှော်ရတနာများကို ခေါ်ယူလိုက်ကြသည်။

ဤအနားယူစောင့်ဆိုင်းရသည့် ကာလအပြီးတွင်၊ သူတို့အားလုံးက သူတို့၏ကျင့်ကြံခြင်းအများစုကို ပြန်လည် ရရှိနေပြီဖြစ်သည်။

"မင်းတို့က ငါတို့ရဲ့ဂိုဏ်းတူညီအစ်ကို အများကြီးကို သတ်ဖြတ်ခဲ့ပြီးတော့၊ အခု ထွက်သွားချင်နေတာလား။"

ဗောဓိသတ္တများ၏အမူအရာမှာ ခက်ထန်နေပြီး၊ သူတို့၏မျက်နှာများပေါ်တွင် နတ်ဆိုးဆန်သော အသွင်အပြင်တစ်ခု လင်းလက်သွား၏။ "အခု စီနီယာအစ်ကိုမြောင်ယင် ထွက်လာပြီဆိုတော့၊ မင်းတို့ လူယုတ်မာတစ်စု သွေးကြွေးကိုသွေးနဲ့ ပြန်ဆပ်ရမယ့် အချိန်ရောက်ပြီ။"

"ကျွတ်။"

ဗောဓိသတ္တ မြောင်ယင်ပင်လျှင် အနည်းငယ် အံ့အားသင့်သွားထဲ့၏။ သူ၏ဂိုဏ်းတူ ညီအစ်ကိုများမကြာသေးမီက ဆင်းရဲဒုက္ခရောက်ခဲ့ရကြောင်း သူ သိထားသော်လည်း၊ နာကြည်းချက်က ဤမျှအထိပြင်းထန်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

အကယ်၍သူသာ ဤနာကြည်းချက်ကို ဖယ်ရှားပေးနိုင်ပါက၊ သူ၏ကိုယ်ပိုင် ဂုဏ်သတင်းက သေချာပေါက် နောက်တစ်ကြိမ်ထိုးတက်သွားမည်ဖြစ်ပြီး၊ ကိုင်လှုပ်၍မရသော အဆင့်အထိပင် ရောက်ရှိသွားပါလိမ့်မည်။

ဤသို့ တွေးတောမိသောအခါ၊ သူက သူ၏လက်ထဲရှိ ခရမ်းရောင်ရွှေသပိတ်ကိုတစ်ချက်ကြည့်လိုက်ပြီး ခန်းမဆောင်ကြီးဆီသို့ပြန်လည်ကြည့်ရှုကာ ခံစားချက်ကင်းမဲ့စွာပြောလိုက်၏။ "ဂိုဏ်းနှစ်ခုကြားက ပဋိပက္ခဆိုတာ မူလကလောကကြီးကို ကယ်တင်ဖို့ရည်ရွယ်ချက်နဲ့ စွမ်းရည်တွေကို ယှဉ်ပြိုင်ကြတာပါ။ မင်းတို့က ဘယ်လိုလုပ်ပြီး နတ်ဆိုးဆန်တဲ့သဘောထားတွေကိုပြသကာ ဒီလောက် ရက်စက်နိုင်ရတာလဲ။ ငါတို့က နတ်ဆိုးတွေကိုသတ်ဖြတ်ပြီး မကောင်းဆိုးဝါးတွေကို နှိမ်နင်းတဲ့အတွက် အပြစ်မတင်နဲ့တော့။"

သူ၏စကားများ ပဲ့တင်ထပ်သွားသောအခါ၊ မသေမျိုးသုံးပါးဂိုဏ်းမှ တပည့်အချို့က မျက်နှာထား တင်းမာသွားကြသော်လည်း ငြင်းခုံလိုသည့် အရိပ်အယောင် မပြကြပေ။

ဤ ထိပ်ပြောင်ဘုန်းကြီးများ၏ အရှက်မဲ့မှုကို သူတို့ ကြာမြင့်စွာကတည်းက အကျွမ်းတဝင် ရှိနေခဲ့ပြီ ဖြစ်သည်။

လူတိုင်း၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင်..

သွယ်လျသောပုံရိပ်တစ်ခုက ခန်းမဆောင်ကြီး အတွင်းမှ ဖြည်းညှင်းစွာထွက်လာသည်။ မှိုင်းညို့နေသော ဤကောင်းကင်ကြီး၊ တိမ်တိုက်များထဲတွင် မှုန်ဝါးဝါးသာမြင်နေရသော ကြောက်မက်ဖွယ်ကောင်းသည့် ပုံရိပ်ကြီးများနှင့် မြေပြင်ပေါ်တွင် ပြည့်နှက်နေသော ရွှေရောင်အာဟတ်များကို ရင်ဆိုင်ရချိန်တွင်၊ သူ၏ဘေး၌တပည့် သုံးယောက် ငါးယောက်ခန့်သာရှိနေသဖြင့် အနည်းငယ် အထီးကျန်နေပုံ ရသည်။

"စီနီယာအစ်ကို၊သူတို့ကို ဂရုမစိုက်ပါနဲ့။ ငါတို့မှာ စိမ်းလန်းတဲ့တောင်တန်းတွေရှိနေသရွေ့ ထင်းဆိတာမရှားပါဘူး။"

သူတို့ရှေ့ရှိ မြင်ကွင်းက စီနီယာအစ်ကိုချူရှီး ရှိနေစဉ်ကနှင့် အလွန် ဆင်တူသော်လည်း၊ ယခုအခါ ဤ‌နယ်မြေများကို မသေမျိုးသုံးပါးဂိုဏ်း၏အပိုင်များဖြစ်နေခြင်းသာ ကွာခြားသွားသည်။

ရှန်းမင် နှင့် အခြားသူများက သူတို့၏မှော်ရတနာလက်နက်များကို ကိုင်ဆောင်ထားပြီး၊ စီနီယာအစ်ကိုထိုက်ရွှီကို အပြင်သို့စောင့်ရှောက်ခေါ်ဆောင်သွားရန် ရည်ရွယ်ထားကြ၏။ ယနေ့ ကပ်ဘေးကို ရှောင်လွှဲနိုင်သရွေ့၊ သူတို့က ဤနည်းလမ်းအတိုင်း ဤဘုန်းကြီးများ၏ဗိမာန်တော်ကြီးကို ဖြိုချနိုင်ပါလိမ့်မည်။

"..."

ရှန်းယီက မကြားဟန်ပြကာ၊ ဦးဆောင်နေသော ဗောဓိသတ္တများကိုသာ စိုက်ကြည့်နေသည်။

နောက်တစ်ခဏတွင် သူက အသက်မဲ့ဓားကို ပေါ့ပေါ့ပါးပါးပင် ဆွဲထုတ်လိုက်၏။

ကြည်လင်သော သတ္တုသံတစ်ချက် ပဲ့တင်ထပ်သွားပါသည်။

မည်သည့်စကားမျှ မပြောသော်လည်း၊ ဤလုပ်ရပ် တစ်ခုတည်းကပင် ထိုနေရာရှိ ဗောဓိသတ္တတိုင်းကို လုံးဝ ဒေါသထွက်သွားစေသည်။

ဤကဲ့သို့ အထင်သေးသော မာနထောင်လွှားမှုက ပြိုင်ဘက်က နန်ဖျင်ကိုအစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး ဘုန်းကြီးတစ်ပါးမျှအသက်ရှင် မကျန်ရစ်စေခဲ့သည့်နေ့ကို လူတိုင်းအား အလိုအလျောက် သတိရသွားစေသည်။

ယနေ့ သူတို့က ဤသူ၏မသေမျိုးဓားကို ဖျက်ဆီးပြီး သူ၏တာအို အသီးအပွင့်ကို မချိုးဖျက်နိုင်ပါက၊ ဗောဓိဂိုဏ်းအနေဖြင့် ကပ်ဘေးမှနုတ်ထွက်ပြီး တိုက်ကြီးလေးခုကို လွှဲပြောင်းပေးလိုက်ခြင်းသာ ပိုကောင်းပေလိမ့်မည်။

"မင်းက ချူရှီး နဲ့ တော်တော်လေး တူတာပဲ။"

မြောင်ယင်ဗောဓိသတ္တက ဒေါသထွက်နေသော သူ၏ ဂိုဏ်းတူ ညီအစ်ကိုများကို တည်ငြိမ်စေရန် လက်ဖြင့် အမူအရာပြလိုက်ပြီး၊ တိုးညှင်းစွာ ရယ်မောလိုက်၏။ "မင်း အဆုံးသတ်နဲ့ ရင်ဆိုင်ရတဲ့အခါ၊ ဒီဂုဏ်ယူဝင့်ကြွားတဲ့ စိတ်ဓာတ်ကို ထိန်းသိမ်းထားနိုင်ဦးမယ်လို့ ငါ မျှော်လင့်ပါတယ်။"

လက်ထဲရှိ ခရမ်းရွှေရောင်သပိတ်အပြင်၊ သူ မထွက်ခွာမီ ဆရာဖြစ်သူ၏ကတိစကားကြောင့် သူ ပိုမိုရဲတင်းနေခြင်းဖြစ်သည်။

ဤအစစ်အမှန်အရှင် ထိုက်ရွှီ ပို၍ခိုင်မာစွာ ရပ်တည်လေ၊ သူ့အတွက် ပို၍ အကျိုးရှိလေ ဖြစ်သည်။

မျက်တောင်တစ်ခတ်အတွင်း သူက သူ၏ကြီးမားသော လက်ကို ဝှေ့ယမ်းလိုက်ရာ၊ လက်ဖဝါးတစ်ဖက်စာထက်သိပ်မကြီးသော ခရမ်း ရွှေရောင်သပိတ်က အောက်သို့ လျင်မြန်စွာကျဆင်းလာပြီး၊ တောင်သုံးလုံးနှင့် တောင်ထွတ်ငါးခု တစ်ပြိုင်နက်တည်းပြိုကျလာသကဲ့သို့ တစ်ဝုန်းဝုန်းအသံများဆူညံနေပေ၏။

၎င်းက သူ၏လက်ထဲမှ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက်၊ နန်ဖျင်စီရင်စုမြို့တော် တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။

ထိုတိုက်ခိုက်မှုအောက်တွင် သူတို့၏စိတ်တွင်းရှိ တာအိုအသီးအပွင့်များမှ စူးရှသောငိုကြွေးသံများကို ရုတ်တရက်ခံစားလိုက်ကြရ၏။

ဘုန်းကြီး မြောင်ယင် လှုပ်ရှားသည်ကို ယခင်က သူတို့ မျက်မြင်ကိုယ်တွေ့ ကြုံဖူးသည်။ စီနီယာအစ်ကို ထိုက်ရွှီကို ကျော်လွန်ရန်အသာထား၊ စီနီယာအစ်ကို ချူရှီးပင်လျှင် သူ့ကို ဖိနှိပ်ထားနိုင်ခဲ့ပြီး၊ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အဟုန်မျိုး ဘယ်သောအခါမှ မရှိခဲ့ပေ။

မဟာလွတ်လပ်ခြင်း ဗောဓိသတ္တက သူ့အပေါ် များစွာသောနက်နဲမှုကို ပေါင်းထည့်ပေးလိုက်ကြောင်း ရှင်းလင်းနေသည်။

"အားလုံးပဲ၊ ငါတို့ရဲ့ဂိုဏ်းတူ ညီအစ်ကိုတွေအတွက် အခုပဲ လက်စားချေကြ။"

ဗောဓိသတ္တ မြောင်ယင်က ဤအစစ်အမှန်အရှင် ထိုက်ရွှီကိုလည်း သူ၏ဂိုဏ်းက တန်ဖိုးထားကြောင်းသိရှိထားပြီး၊ သူ၏အခြေခံအုတ်မြစ်များက ထိုမျှအထိအားနည်းနေမည် မဟုတ်ကြောင်း သိသဖြင့် အချိန်ဆွဲမနေလိုဘဲ၊ သူ တိုက်ခိုက်နေစဉ် ညင်သာစွာ သတိပေးလိုက်သည်။

မျက်တောင်တစ်ခတ်အတွင်း ပတ်လည်ရှိ ဗောဓိသတ္တများ အားလုံးနှင့် သူတို့၏ခြေအောက်ရှိ ပြည့်ကျပ်နေသော အာဟတ်များက ရွှေရောင်မြစ်တစ်စင်းကို ထုတ်လွှတ်လိုက်ကြပြီး၊ ၎င်းကိုသပိတ်ထဲသို့ တိုက်ရိုက်ပို့လွတ်လိုက်ကြ၏။

ဗုဒ္ဓအသံအောက်တွင် ရှန်းမင် နှင့် အခြားသူများက သူတို့၏ဦးနှောက်များ ပေါက်ကွဲထွက်တော့မည်ဟု ခံစားလိုက်ရပြီး၊ သူတို့၏နတ်ဝိညာဉ်များပင်လျှင် အက်ကွဲမည့် အရိပ်အယောင်များပြသလာသည်။

ထိုအခိုက်အတန့်တွင် ရွှေရောင်မျဉ်းအနက်ရောင်တာအိုဝတ်ရုံနှင့် ပုံရိပ်က ရှောင်တိမ်းခြင်းလည်းမရှိ၊ဖယ်ရှားခြင်းလည်းမရှိဘဲရှေ့သို့ ညင်သာစွာ ခြေတစ်လှမ်းတိုးလိုက်ပေ၏။

မျက်တောင်တစ်ခတ်အတွင်း နန်ဖျင်စီရင်စု မြို့တော်တစ်ခုလုံး တုန်လှုပ်ခြင်းမှ ရပ်တန့်သွားပြီး၊ ထူးခြားသောတည်ငြိမ်မှု အခြေအနေတစ်ခုသို့ ပြောင်းလဲသွားပါသည်။

မသေမျိုးသုံးပါးဂိုဏ်းမှ တပည့်အချို့က ခေတ္တမျှ မှင်သက်သွားကြပြီး၊ ထို့နောက် အံ့အားသင့်မှုများကို ထုတ်ဖော်လိုက်ကြ၏။ ဤသည်မှာ အထက်မျိုးဆက်မှ နတ်ဘုရားစွမ်းရည်များပင်။

အသက်မဲ့ဓားကို အားမကိုးဘဲ၊ ဤသန့်စင်သော နယ်ပယ်အဆင့်တစ်ခုတည်းဖြင့်ပင် စီနီယာအစ်ကို ထိုက်ရွှီက သပိတ်အောက်တွင် သူ၏အသက်ကို ကာကွယ်နိုင်ရုံသာမကမြို့တစ်ခုလုံးကိုပါ ကာကွယ်ပေးနိုင်ခဲ့၏။

ကိုးနှင့်ကိုး အသွင်ပြောင်းလဲခြင်းရှိ ကောင်းကင်ပါရမီရှင်များစွာတို့အကြားတွင် ဤကဲ့သို့သော ကျင့်ကြံမှုမျိုးက သေချာပေါက်အထွတ်အထိပ်တွင်ရှိနေသည်ဟု သတ်မှတ်နိုင်ပါသည်။

"..."

ဗောဓိသတ္တများကလည်း သပိတ်၏ကျဆင်းမှု နှေးကွေးသွားသည်ကို သတိပြုမိလိုက်၏။ သို့သော် မသေမျိုးသုံးပါးဂိုဏ်းမှ တပည့်များနှင့် မတူဘဲ၊ သူတို့သည် ရှန်းယီဆီသို့ မကြည့်ဘဲ အလိုအလျောက် မျက်လုံးသင့်ကာပတ်ဝန်းကျင်ကို ကြည့်လိုက်ကြ၏။

ဘုန်းကြီး မြောင်ယင်က တစ်ခုခုကို သဘောပေါက်သွားပုံရပြီး၊ခေတ္တမျှတွေးတောကာ သူ၏မျက်နှာပေါ်တွင်ပြတ်သားမှု တစ်ခုကိုထုတ်ဖော်ပြလိုက်သည်။

"ဘာမှ ချန်မထားကြနဲ့။"

သူကတိုးညှင်းစွာဟိန်းဟောက်လိုက်ပြီး ဗောဓိသတ္တများကို ဦးဆောင်ကာ နောက်ထပ်ချန်လှပ်ထားခြင်းမရှိတော့ဘဲ သူတို့၏ကပ်ဘေးစွမ်းအား အားလုံးကို သပိတ်ထဲသို့လောင်းထည့်လိုက်ပေ၏။

တစ်ချိန်တည်းမှာပင် အိုမင်းနေသောလက်ကြီးတစ်ဖက်က ကောင်းကင်ယံကိုဖြတ်သန်းသွားပြီး၊ အေးစက်သောရယ်မောသံနှင့်အတူ သပိတ်ကို လွယ်ကူစွာ ဆုပ်ကိုင်ကာနောက်သို့ ရက်စက်စွာ ပြန်ရိုက်ချလိုက်သည်။

ဘုန်း..

အလစ်အငိုက်မိသွားသော ဘုန်းကြီး မြောင်ယင်က သူ၏ရင်ဘတ်ပေါ်သို့ သပိတ်ဖြင့်ပြင်းထန်စွာ ရိုက်ခတ်ခံလိုက်ရရာ၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံး နီးပါးအက်ကွဲသွားပြီး ကြာပန်းပလ္လင်ပေါ်မှ နောက်သို့တိုက်ရိုက် လွင့်ထွက်သွားခဲ့၏။

အသက်တစ်ရှိုက်စာအတွင်းမှာပင် သူ၏အရွတ်များပြတ်တောက်သွားပြီး၊အရိုးများကျိုးကြေကာ တစ်ကိုယ်လုံး ပျော့ခွေသွားပါသည်။

All Chapters