အခန်း ၈၂
Vol. 9 Ch. 82
အခန်း (၈၂) နောက်ဆုံးစမ်းသပ်မှုနှင့် နန်းတော်သခင် ၏အမွေအနှစ်အတွက် တိုက်ပွဲဝင်ခြင်း
ရား ဝေါင်း မြောင်🤣
ကောင်းကင်ယံကို တုန်ခါစေသော ဟိန်းဟောက်သံကြီးတစ်ခု နောက်တစ်ကြိမ် ပဲ့တင်ထပ်သွားပြီး တတိယအချီ စမ်းသပ်မှုကို တရားဝင် စတင်လိုက်တော့သည်။
ယခုတစ်ကြိမ်တွင် မိစ္ဆာ သားရဲနှင့် မိစ္ဆာမျိုးနွယ်ဝင် တစ်သိန်းကျော်သည် အမှောင်ထဲမှ ထွက်ပေါ်လာပြီး အားလုံးသည် 'သေမျိုးအဆင့်ကျော်လွန်ခြင်းနယ်ပယ် အဆင့် ၉ ' သို့မဟုတ် ထိုထက်မြင့်သော အဆင့်တွေ ရှိကြသည်။
အချို့ဆိုလျှင် နိဗ္ဗာနနယ်ပယ်အဆင့်မှာပင် ရှိနေကြသည်။
ဤအချိန်တွင် သိုင်းပညာရှင်အားလုံး၏ အမူအရာက လေးနက်တည်ကြည်သွားသည်။
ရန်သူများက အရေအတွက် အလွန်များပြားရုံသာမက သူတို့၏ ခွန်အားကလည်း ကြောက်စရာကောင်းလှသည်။
နှစ်ဖက်ကြားတွင် ကြီးမားသော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားရန် နီးကပ်လာခဲ့ပြီ ဖြစ်သည်။
လူတိုင်းက သူတို့၏ အရေအတွက်ထက် ပိုများသော ရန်သူများနှင့် ရင်ဆိုင်ခဲ့ရသည်။
ပြီးတော့ ဒီရန်သူတစ်ဦးချင်းစီ၏ စွမ်းရည် ကလည်း သူတို့ကိုယ်ပိုင်ခွန်အားထက် နိမ့်ကျခြင်း မရှိပေ။
မကြာမီမှာပင်
သိုင်းပညာရှင်အချို့မှာ စိတ်ဓာတ်ကျစရာ အခြေအနေများနှင့် စတင်ကြုံတွေ့လာရသည်။
သူတို့သည် မိစ္ဆာ သားရဲတစ်ကောင်၏ ချွန်ထက်သော ခြေသည်းများကြောင့် ရုတ်တရက် အဖမ်းခံရခြင်း ဒါမှမဟုတ် မိစ္ဆာမျိုးနွယ်ဝင်များ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံခဲ့ကြရသည်။
အချိန်ကြာလာသည်နှင့်အမျှ သိုင်းပညာရှင် အမြောက်အမြား စမ်းသပ်ကွင်းထဲမှ ဖယ်ရှားခြင်း ခံခဲ့ရသည်။
အဓိကအင်အားစုအသီးသီးမှ ပါရမီရှင်များသာ ကျန်ရှိတော့ပြီး မိစ္ဆာ သားရဲများနှင့် မိစ္ဆာမျိုးနွယ်ဝင်များကို စနစ်တကျ အမဲလိုက်နေကြသည်။
ရှုချွမ်းသည်လည်း သူ၏ နတ်ဘုရားသတ်ဓားကို ကိုင်ဆောင်ကာ သူတို့အလယ်တွင် တိုက်ခိုက်နေခဲ့သည်။
အမှတ်များရရှိရန်အတွက် သူက မိစ္ဆာမျိုးနွယ်ဝင်များနှင့် မိစ္ဆာ သားရဲများကို လုံလောက်သော အရေအတွက်အထိ သတ်ဖြတ်ရမည် ဖြစ်သည်။
ဘာလို့လဲဆိုတော့ သူက 'မဟာနေမင်းနတ်ဘုရားလက်သီး' ၏ အမွေအနှစ် အပြည့်အစုံ ကို လဲလှယ်မှုစာရင်းထဲတွင် မြင်လိုက်ရသောကြောင့်ပင်။
ဒါပေမယ့် ဒီဧကရာဇ်သိုင်းပညာ ကို လဲလှယ်ရန်အတွက် အမှတ်အလွန်များပြားစွာ လိုအပ်သည်။
အမှတ်ငါးသောင်း တိတိ
ရှုချွမ်းအတွက်ပင် ဤအမှတ်ပမာဏက ဖိအားအလွန်ကြီးမားလှသည်။
ဒါပေမယ့် ဤနေရာ၌ ပြီးပြည့်စုံသော အမွေအနှစ်တစ်ခု ရယူနိုင်မည့် အခွင့်အရေးကို သူ အဆုံးရှုံးမခံနိုင်ပေ။ ဒါက မြင့်မြတ်နယ်မြေတိုင်း ပိုင်ဆိုင်ထားခြင်းမရှိသည့် အမွေအနှစ်မျိုး ဖြစ်သည်။
သူ အခုတင် တတ်မြောက်ထားသည့် နတ်ဘုရားသတ်ဓားသိုင်းနှင့် ပေါင်းစပ်ပြီး မဟာနေမင်းနတ်ဘုရားလက်သီး၏ အမွေအနှစ်အပြည့်အစုံကိုသာ ရရှိနိုင်မည်ဆိုလျှင် ထိုအချိန်ကျပါက သူ ဘယ်လောက်အထိ အစွမ်းထက်လာမလဲဆိုသည်ကို မခန့်မှန်းနိုင်တော့ပေ။
ရှုချွမ်းက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မဟာနေမင်းနတ်ဘုရားလက်သီး အမွေအနှစ်အတွက် အစွမ်းကုန် ပေးဆပ်ရန် ဆုံးဖြတ်လိုက်သည်။
သူက နတ်ဘုရားသတ်ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရာ သူ၏ သတ်ဖြတ်ခြင်းဓားဝိညာဉ်ပင် လိုက်လံတုန်ခါလာခဲ့သည်။
သူသည် သူ၏ လက်ရှိအားအကောင်းဆုံး တိုက်ကွက်ဖြစ်သည့် နတ်ဘုရားသတ်ဓားသိုင်းထဲမှ အကွက်တစ်ခုကို ထုတ်ဖော်ပြသရန် ပြင်လိုက်သည်။
"လူသားငရဲ"
ရှုချွမ်း၏ မျက်ခုံးများ တွန့်ကွေးသွားသည်။ သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်နှင့် ဤတိုက်ကွက်ကို အသုံးပြုခြင်းက သူ့အပေါ်တွင် ကြီးမားသော ဖိအားများ သက်ရောက်စေသည်။
ဒါပေမယ့် အမှတ်များရရှိရန်အတွက် သူ့မှာ အဲ့လိုလုပ်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိပေ။
"သတ်"
သတ်ဖြတ်ခြင်းဓားဝိညာဉ်ကို လှုံ့ဆော်လိုက်သည့်အခါ အလောင်းပုံတောင်တန်းများနှင့် သွေးပင်လယ် မြင်ကွင်းကြီးသည် တိုက်ပွဲကွင်းတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
မရေမတွက်နိုင်သော ခြေလက်အင်္ဂါ အပိုင်းအစများ၊ အဆုံးမဲ့သော သတ်ဖြတ်ခြင်းအရှိန်အဝါနှင့် မိစ္ဆာချီများကြောင့် ရှိနေကြသော ပါရမီရှင်များအားလုံး ကျောချမ်းသွားကြရသည်။
"ဒါက ဘာတိုက်ကွက်လဲ"
ဤအခိုက်အတန့်တွင် ပါရမီရှင်အားလုံး အံ့ဩလွန်းသဖြင့် အသက်ရှူပင် မှားသွားကြသည်။
ဤသွေးပင်လယ်နှင့် အလောင်းပုံတောင်တန်းကြီး၏ လွှမ်းခြုံမှုကို ခံလိုက်ရသဖြင့် သူတို့ကိုယ်တိုင်ပင် အသက်အန္တရာယ် ခြိမ်းခြောက်မှုကို ခံစားလိုက်ရခြင်း ဖြစ်သည်။
သူတို့သည် ဤသတ်ဖြတ်ခြင်းအရှိန်အဝါကြောင့် ဖိနှိပ်ခြင်းကို ခံလိုက်ရပြီး လက်နက်များကို မြှောက်ရန်ပင် သတ္တိမရှိတော့ပေ။
ဘယ်လိုမျိုး အစွမ်းထက်တဲ့ သိုင်းပညာက ဒီလို မြင်ကွင်းမျိုးကို ဖန်တီးနိုင်ရတာလဲ။
ဒီနေရာရှိ ပါရမီရှင်များအတွက် ရှုချွမ်း သူ၏ အစွမ်းကုန်ခွန်အားကို ထုတ်ဖော်ပြသသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းလည်း ဖြစ်သည်။
တကယ့်ကို ကြောက်စရာကောင်းလှသည်။
သွေးပင်လယ်နှင့် အလောင်းပုံတောင်တန်းကြီး၏ လွှမ်းခြုံခြင်းကို ခံထားရသော မိစ္ဆာ သားရဲများနှင့် မိစ္ဆာမျိုးနွယ်ဝင်များသည်လည်း ဤအခိုက်အတန့်တွင် ခုခံရန် စိတ်ဓာတ်များ ပျောက်ဆုံးသွားပြီး မြေပြင်ပေါ်၌ တစ်ကောင်ပြီးတစ်ကောင် ဒူးထောက်ချလိုက်ကြတော့သည်။
ဒီမြင်ကွင်းကို မြင်ရသောအခါ ပါရမီရှင်အားလုံး မယုံနိုင်လောက်အောင် ဖြစ်သွားကြသည်။
ဒါပေမယ့် နောက်ထပ်ပေါ်လာတဲ့ မြင်ကွင်းက သူတို့အားလုံးကို ပိုပြီး တုန်လှုပ်သွားစေခဲ့သည်။
သွေးပင်လယ်နှင့် အလောင်းပုံတောင်တန်းကြီးထဲတွင် ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် ကြီးမားလှသော ဓားကြီးတစ်လက် ပေါ်ထွက်လာသည်။
အဆုံးမဲ့ သတ်ဖြတ်လိုစိတ် နှင့် မိစ္ဆာ ချီများသည် ဓားပေါ်တွင် စုပုံလာပြီး စမ်းသပ်နေရာပင် ကြောက်မက်ဖွယ်ကောင်းသော ဓားချီဖြင့် အက်ကွဲကြောင်းများဖြင့် ဖြတ်တောက်ခံလိုက်ရပြီး ပြိုကျတော့မည့် အလား ဖြစ်သွားလေသည်။
"အရမ်း သန်မာတာပဲ"
"အဲ့ဒီ စွမ်းအားက ဘယ်ကနေ ပေါ်လာတာလဲ"
လူတိုင်း ထိတ်လန့်ကုန်ကြသည်။
ယန်ရှန်းပင်လျှင် ကောင်းကင်ယံက ဓားကြီးကို ကြည့်ပြီး မယုံကြည်နိုင်စရာ အမူအရာမျိုး ဖြစ်နေခဲ့သည်။
"မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး၊ ဒါက ဘာတိုက်ကွက်လဲ"
ယန်ရှန်းက ထပ်ခါတလဲလဲ ရေရွတ်နေမိသည်။
ရှုချွမ်း အစောပိုင်းက ပြသခဲ့သည့် ခွန်အားက သူ၏ မျှော်လင့်ချက်ကို ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
ဒါပေမယ့် အခုတော့ ဤတိုက်ကွက်၏ စွမ်းအားက သူ ကြာမြင့်စွာ ထိန်းသိမ်းထားခဲ့သည့် မာနကို လုံးဝ ရိုက်ချိုးဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။
ပြီးတော့ ရှုချွမ်း၏ နောက်ထပ် လုပ်ဆောင်ချက်က သူ၏ သိုင်းတာအို နှလုံးသားကိုပါ တိုက်ရိုက် အစအနမကျန် ချေမှုန်းပစ်လိုက်တော့သည်။
"သေစမ်း"
ရှုချွမ်းက 'သေ' ဟူသော စကားလုံးကို အော်ဟစ် လိုက်သည်။
ထို့နောက် သူ၏ စကားလုံးက တာအိုနိယာမကို အမိန့်ပေးလိုက်သည့်အလား ကောင်းကင်ယံက ဓားကြီးသည် စတင်လှုပ်ရှားလာသည်။
ထိုဓားကြီးသည် မရေမတွက်နိုင်သော ဓားအသေး စားများအဖြစ် ကွဲထွက်သွားပြီးနောက် ဓားအားလုံး ပြန်လည် ပေါင်းစည်းသွားခဲ့သည်။
ထို့နောက် ဓားတစ်ချက် ခုတ်ပိုင်းချလိုက်သည်။
ဘုန်း
ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက်
အလင်းတိုင်ကြီးပင် ဤဓားချက်ကြောင့် အပိုင်းပိုင်းကွဲအက်သွားပြီး စမ်းသပ်မှု နယ်မြေ တစ်ခုလုံး ခနတာ အမှောင်ထဲသို့ ကျရောက်သွားခဲ့သည်။
အလင်းတိုင်ကြီး ပြန်လည် စုစည်းသွားသောအခါမှသာ ရှိနေကြသော ပါရမီရှင်များသည် သူတို့ရှေ့က မြင်ကွင်းကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရတော့သည်။
စမ်းသပ်မှု တိုက်ပွဲကွင်းပြင်တစ်ခုလုံးမှာ အက်ကွဲကြောင်းတွေနဲ့ ပြည့်နှက်နေသည်။
ပြီးတော့ ဓားချက်ကျရောက်သွားသည့် လမ်းကြောင်းတွင် မိုင်ပေါင်းသောင်းချီ ရှည်လျားပြီး အောက်ခြေမမြင်နိုင်သော အက်ကွဲကြောင်းကြီးတစ်ခု လူတိုင်း၏ မျက်စိရှေ့မှောက်တွင် ပေါ်ပေါက်နေခဲ့သည်။
အစောပိုင်းက အရှိန်အဟုန်ပြင်းပြင်းဖြင့် တိုက်ခိုက်နေကြသော မိစ္ဆာမျိုးနွယ်ဝင်များနှင့် မိစ္ဆာ သားရဲများအားလုံး ဤတိုက်ခိုက်မှုတစ်ချက်တည်းဖြင့်ပင် သနားညှာတာမှုမရှိဘဲ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
ကံကောင်းလွန်း၍ အသက်ရှင်ကျန်ရစ်ခဲ့သည့် မိစ္ဆာအနည်းငယ်သာ ရှိတော့သည်။
"ဒါက ဘယ်လိုမျိုး စွမ်းအားလဲ"
ပါရမီရှင်တစ်ဦးက ထိုဓားချက်ချန်ထားရစ်ခဲ့သည့် အမှတ်အသားကို ငေးကြည့်ရင်း တုန်ရီသော အသံဖြင့် မေးလိုက်မိသည်။
ဘယ်သူမှ သူ့ကို ပြန်မဖြေနိုင်ကြပေ။ ဘာကြောင့်လဲဆိုတော့ ဒီနေရာရှိ လူတိုင်းသည် သူတို့ရှေ့က ကြီးမားလှသော အက်ကွဲကြောင်းကြီးကို ကြည့်ပြီး ဆွံ့အနေကြသောကြောင့် ဖြစ်သည်။
ထိပ်တန်းပါရမီရှင် အနည်းငယ်ပင်လျှင် ဒါကို မယုံနိုင်ဘဲ ရှိနေကြသည်။
တစ်ဖက်တွင်မူ တိုက်ခိုက်မှုတစ်ချက်တည်းဖြင့် မိစ္ဆာမျိုးနွယ်နှင့် မိစ္ဆာ သားရဲ ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် ရှုချွမ်းမှာ ယခုအခါ အသက်ကို ပြင်းပြင်းရှူနေရသည်။
သူ၏ အော်ရာ တစ်ခုလုံး အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့သည်။
"စီနီယာအစ်ကိုရှု..."
စုမြောင်ရင်က အနားသို့ အပြေးအလွှား လာရောက်ပြီး အားအင်ကုန်ခမ်းနေသော ရှုချွမ်းကို တွဲကူရန် ပြင်လိုက်သည်။
"ငါ အဆင်ပြေပါတယ်"
ရှုချွမ်းက စုမြောင်ရင်၏ လက်ကို အသာအယာ ဖယ်ထုတ်လိုက်ပြီး ဓားကို မြေကြီးတွင် ထောက်ကာ တုန်ယင်စွာ မတ်တတ်ရပ်လိုက်သည်။
သူက ဒီဓားချက်၏ စွမ်းအားနှင့် အားအင်ကုန်ခမ်းမှုကို အထင်သေးမိခဲ့သည်။
အသက်ရှိုက်ချိန် အနည်းငယ်အတွင်းမှာ ဒီဓားချက်က သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရှိသမျှ မူလချီများကို ခမ်းခြောက်သွားစေခဲ့သည်။
သူဟာ လက်ရှိတွင် နိဗ္ဗာနနယ်ပယ် အဆင့်၁မှာသာ ရှိသေးသော်လည်း သူ၏ နေသူတော်စင်ခန္ဓာနှင့် မဟာယန်ကျင့်စဉ်၏ ထူးခြားမှုကြောင့် သူ၏ မူလချီ ပမာဏက နိဗ္ဗာနနယ်ပယ် အဆင့်၉ ကျင့်ကြံသူတစ်ဦးနှင့် နှိုင်းယှဉ်နိုင်စွမ်း ရှိသည်။
သို့သော်လည်း ထိုသို့ဖြစ်ပါလျက်နှင့် သူသည် ခဏလေးအတွင်း အားလုံး ခမ်းခြောက်သွားခဲ့ရသည်။
အကယ်၍ မဟာယန်ကျင့်စဉ်သာ ပတ်ဝန်းကျင်က ကောင်းကင်နှင့်မြေကြီး မူလချီများကို အဆက်မပြတ် စုပ်ယူပြီး သန့်စင်ပေးမနေလျှင် သူ သေဆုံးမည်မဟုတ်သော်လည်း ခန္ဓာကိုယ်တစ်ခုလုံး ခြောက်ကပ်သွားမည့်ပုံမျိုး ဖြစ်နေသည်။
ဟူး
ရှုချွမ်းက သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်သည်။ ယခုတစ်ကြိမ် အားအင်ကုန်ခမ်းမှုက ကြီးမားလှသော်လည်း ရလဒ်ကတော့ အလွန်အံ့ဩစရာ ကောင်းလှသည်။
ဤတိုက်ခိုက်မှုတစ်ချက်တည်းဖြင့်ပင် အနည်းဆုံး မိစ္ဆာ သားရဲနှင့် မိစ္ဆာမျိုးနွယ်ဝင် ခြောက်သောင်းခန့်ကို ချက်ချင်း အမှုန့်လုပ်ပစ်နိုင်ခဲ့သည်။
ခဏတာအတွင်း သူ၏ အမှတ်များက ခြောက်သောင်းကိုးထောင်ကျော်အထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဤအချိန်တွင် သူ၏ မျက်နှာ၌ အပြုံးတစ်ခု ပေါ်လာတော့သည်။
မဟာနေမင်းနတ်ဘုရားလက်သီး အမွေအနှစ်က သူ့အတွက် ဖြစ်လာပြီ။
သူ၏ စွမ်းအားအားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက် ရှုချွမ်းသည် ခန္ဓာကိုယ် ယိုင်နဲ့သွားကာ စုမြောင်ရင်၏ ရင်ခွင်ထဲသို့ တိုက်ရိုက် လဲကျသွားတော့သည်။
"အို... စီနီယာအစ်ကိုရှု၊ ဘယ်လိုနေသေးလဲဟင်"
စုမြောင်ရင် လန့်သွားပြီး ရှုချွမ်းကို အမြန်ဖက်တွဲကာ စိုးရိမ်တကြီး မေးလိုက်သည်။
"ငါ အဆင်ပြေပါတယ်၊ အားအင်ကုန်ခမ်းသွားလို့ပါ၊ ခဏလောက် နားလိုက်ရင် အဆင်ပြေသွားမှာပါ"
ရှုချွမ်းက ပြုံးပြီး ခေါင်းခါကာ ပြန်ဖြေလိုက်သည်။
ထို့နောက် သူသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ မူလချီများ ပြန်လည်ဖြည့်တင်းပေးသည့် ဆေးလုံးများကို ထုတ်ယူကာ အချို့ကို တစ်ပြိုင်နက်တည်း မျိုချလိုက်ပြီး မဟာယန်ကျင့်စဉ်ကိုပါ လည်ပတ်စေကာ သူ၏ ခွန်အားကို လျင်မြန်စွာ ပြန်လည် ထိန်းညှိလိုက်သည်။
"ဂုဏ်ယူပါတယ်၊ မင်းတို့တွေ တတိယအချီ စမ်းသပ်မှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြပြီ၊ အခု ကျန်ရှိနေတဲ့သူတွေကတော့ အစစ်အမှန် ပါရမီရှင်တွေပဲ ဖြစ်ကြတယ်"
"မကြာခင်မှာ မင်းတို့ဟာ နောက်ဆုံးစမ်းသပ်မှုကို ရင်ဆိုင်ကြရတော့မယ်"
"လဲလှယ်မှုစာရင်းရဲ့ ထိပ်ဆုံးမှာရှိတဲ့ နန်းတော်သခင်ရဲ့ အမွေအနှစ်ကို မြင်ကြလား၊ ဒီနောက်ဆုံးစမ်းသပ်မှု ပြီးဆုံးသွားတဲ့အခါ အမှတ်အများဆုံးရတဲ့ ထိပ်ဆုံး သုံးယောက်က နန်းတော်သခင်ရဲ့ အမွေအနှစ်ကို ရရှိမယ့် အခွင့်အရေး ရှိလိမ့်မယ်"
"ပြီးတော့ ဒီနောက်ဆုံးစမ်းသပ်မှုရဲ့ အကြောင်းအရာကတော့ မင်းတို့အချင်းချင်း တိုက်ခိုက်ကြပြီး အခြားလူတွေရဲ့ အမှတ်တွေကို လုယူရမှာ ဖြစ်တယ်၊ ဘယ်လို ကန့်သတ်ချက်မှ ရှိမှာမဟုတ်ဘူး"
"ဒီ အတော အတွင်းမှာ မင်းတို့ သေဆုံးသွားခဲ့ရင် တကယ် သေဆုံးသွားမှာဖြစ်ပြီး အသက်ကယ် ပို့ဆောင်ပေးမယ့် စနစ်မျိုး ရှိတော့မှာ မဟုတ်ဘူး"
"အခုပဲ... နောက်ဆုံးစမ်းသပ်မှုကို တရားဝင် စတင်လိုက်ပြီ"
ထိုအေးစက်လှသော အသံကြီး ပေါ်ထွက်လာပြီးနောက် ကြီးမားလှသော စကားတစ်ခုကို ချန်ထားရစ်ခဲ့သဖြင့် ရှိနေကြသော ပါရမီရှင်အားလုံး အံ့အားသင့်သွားကြပြီး သူတို့၏ မျက်လုံးများက တောက်ပလာကြသည်။
လူတိုင်းက နန်းတော်သခင်၏ အမွေအနှစ်က ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာ သိကြသည်။
သူတို့က ဒါကို ပြသထားရုံသက်သက်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း တစ်နေ့တွင် ဤအမွေအနှစ်ကို ရရှိနိုင်မည့် အခွင့်အရေး ရှိလာလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ကြပေ။
ဤအခိုက်အတန့်တွင် ပါရမီရှင်အားလုံးသည် ဆာလောင်နေသော ဝံပုလွေအုပ်ကြီးများကဲ့သို့ ဖြစ်သွားကြပြီး အခြားလူများကို ဝါးမြိုရန် အသင့်ပြင်လိုက်ကြတော့သည်။
နန်းတော်သခင်၏ အမွေအနှစ်အတွက် နေရာ သုံးနေရာသာ ရှိပြီး အမှတ်အများဆုံးရသည့် သုံးယောက်သာ လိုအပ်သည်။
ဤနေရာတွင် ကျန်ရှိနေသော တစ်ရာ သို့မဟုတ် နှစ်ရာခန့်ရှိသည့် ပါရမီရှင်အားလုံး စတင်၍ အကွက်ချ စဉ်းစားနေကြပြီ ဖြစ်သည်။
ဤနေရာတွင် မကြုံစဖူး ပြင်းထန်လှသော တိုက်ပွဲကြီးတစ်ခု စတင်တော့မည် ဖြစ်သည်