အခန်း ၈၅
Vol. 9 Ch. 85
အခန်း (၈၅) လက်စားချေခြင်း၊ လင်ထျန်း၏သေဆုံးမှု
"ဂျူနီယာညီလေးရှု... မင်းက အရမ်းသန်မာ တာပဲ"
အချိန်အတော်ကြာပြီးနောက် စမ်းသမှု နယ်မြေ ၏ တိတ်ဆိတ်မှုကို နောက်ဆုံးတော့ ဖြိုခွင်းလိုက်ပြီ ဖြစ်သည်။
ချွေ့ကျန်းက မယုံနိုင်စွာ ပြောလိုက်ပြီး သူ့မျက်နှာပေါ်က ထိတ်လန့်တုန်လှုပ်မှုများကတော့ မပျောက်ကွယ်သေးပေ။
ရွှေရောင်ရှေးဟောင်းနန်းတော်ထဲ မဝင်ခင်မှာ ရှုချွမ်းဟာ အတွေ့အကြုံရဖို့နှင့် လောကကြီးကို မြင်တွေ့ဖို့သက်သက်ပဲ လာခဲ့တာလို့ သူ တစ်ခါက ထင်ခဲ့ဖူးသည်။
ဒီလောက်ကြီးမားတဲ့ ခွန်အားကို ထုတ်လွှတ်နိုင်လိမ့်မည်ဟု သူ တစ်ခါမှ မတွေးဖူးခဲ့ပေ။
အဝေးတွင် ငယ်ရွယ်သော ကိုယ်တော် သည်လည်း တရားဟောခြင်းကို ရပ်တန့်လိုက်သည်။
သူက ရှုချွမ်းကို ဝင်ရောက်မတိုက်ခိုက်ခဲ့သော်လည်း ရှုချွမ်း၏ ဓားချက်၏ အပြည့်အဝစွမ်းအားကိုတော့ မျက်မြင်တွေ့ခဲ့ရသည်။
"အမိတဘ ၊ ဒီဓားချက်ကို ကမ္မနယ်ပယ် အဆင့်၅အောက်က ဘယ်သူမှ တောင့်ခံနိုင်မှာ မဟုတ်ဘူးလို့ ငါစိုးရိမ်မိတယ်"
သူသည် တိတ်တဆိတ် ဝမ်းမြောက်ခြင်းဖြင့် သူ့နှလုံးသားထဲက လောဘကို ဖိနှိပ်ထားလိုက်သည်။ မဟုတ်ပါက လက်ရှိဗုဒ္ဓဖြစ်လျှင်ပင် ယနေ့ ဤနေရာတွင် ကျဆုံးသွားနိုင်သည်။
"ငါ့အမှတ်တွေကို လွှဲပေးဖို့ မင်းတို့နဲ့ မထိုက်တန်ဘူးထင်တယ်"
ရှုချွမ်းက နတ်ဘုရားသတ်ဓားကို ကိုင်ထားရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
ဒါကို ကြားလိုက်ရသည့်အခါ မြေပြင်ပေါ်မှာရှိနေသည့် လင်ထျန်းက ဒေါသတကြီးဖြင့် သွေးစိမ်းများကို ပါးစပ်အပြည့် အန်ထုတ်လိုက်တော့သည်။
ရှုချွမ်း၏ စကားများက သူ့ကို ခေါင်းမမော့နိုင်အောင် လေးလံသော တူနှင့် ထုနှက်နေသလို ခံစားရစေသည်။
ပုံမှန်အားဖြင့် သူသည် မြင့်မြတ်သောအဆင့်အတန်းရှိပြီး သူ၏ရွယ်တူချင်းများကြားတွင် ပြိုင်ဘက်ကင်းသည်ဟု သတ်မှတ်ခံရကာ ထျန်းယန်ဂိုဏ်း၏ သခင်လေး နှင့် သူတော်စင်ပင် ဖြစ်သည်။
ဒါပေမယ့် အခုတော့ သူက ရှုချွမ်း၏ ဓားချက်တစ်ချက်ကိုတောင် မခံနိုင်ခဲ့ပေ။
ဒီကြီးမားတဲ့ ကွာဟချက်ကို သူ့အတွက် လက်ခံဖို့ အလွန်ခက်ခဲနေခဲ့သည်။
"ကဲ... ငါ့အလှည့်ပဲ"
"ငါ မင်းတို့ကို ရွေးချယ်စရာ နှစ်ခုပေးမယ်၊ တစ်... မင်းတို့ရဲ့အမှတ်တွေကို လွှဲပြောင်းပေးရင် ငါ မင်းတို့အသက်ကို ချမ်းသာပေးမယ်၊ နှစ်... ငါ့လက်ချက်နဲ့ သေအောင် ရိုက်နှက်ပြီးမှ မင်းတို့အမှတ်တွေကို ငါယူသွားမယ်"
ရှုချွမ်းက ခံစားချက်အနည်းငယ်မျှမပါဘဲ ပြောလိုက်သည်။
တခြားလူတွေ၏ အမှတ်များကို လုယူချင်လျှင် ကိုယ့်အမှတ်ကိုလည်း လုယူခံရဖို့ ပြင်ဆင်ထားရမည်။
သူ့လုပ်ရပ်က တခြားသူတွေ သူ့ကို ဆက်ဆံသလိုမျိုးပဲ ပြန်လည်ဆက်ဆံနေခြင်း ဖြစ်သည်။
သူ စကားပြောပြီးသည်နှင့် ရှုချွမ်း၏ ရိုက်နှက်ခြင်းကို ခံထားရသော ပါရမီရှင်အများအပြားသည် ၎င်းတို့၏ ရွေးချယ်မှုများကို ပြုလုပ်ပြီး ဖြစ်ကြသည်။
အမှတ်များ၏ အရေးပါမှုကို လူတိုင်းသိကြသည်။
ဒါပေမယ့် အခုချိန်မှာတော့ သူတို့၏ အသက်ကို ကယ်တင်ဖို့က အရေးကြီးဆုံး ဖြစ်နေသည်။
"ကျွန်တော့်အမှတ်တွေကို လွှဲပြောင်းပေးဖို့ ရွေးချယ်ပါတယ်"
"ကျွန်တော်လည်းပဲ"
ပထမဆုံးလူ၏ ရွေးချယ်မှုနှင့်အတူ ကျန်ရှိနေသည့် လူများကလည်း ရှုချွမ်းက သူတို့၏ အမှတ်များကို မလိုချင်တော့မှာကို စိုးရိမ်ပြီး စိတ်အားထက်သန်စွာ ပြောဆိုလာကြသည်။
"ကျွန်တော်က ငယ်ရွယ်ပါသေးတယ်၊ အနာဂတ်ကောင်းတွေလည်း ရှိပါသေးတယ်၊ ကျွန်တော် မသေချင်သေးဘူး"
"ကျေးဇူးတင်ပါတယ် အကိုကြီးရှု၊ မင်းရဲ့ ရက်ရောမှုအတွက်ပါ၊ ဒါတွေက ကျွန်တော့်ရဲ့ အမှတ်တွေပါ"
"အကိုကြီးရှု၊ ကျွန်တော် ဒူးထောက်ပြီး ဦးညွှတ်တောင်းပန်ပါ့မယ်"
ပါရမီရှင်များက တစ်ယောက်ပြီးတစ်ယောက် စကားဆိုရင်း သူတို့၏ အမှတ်များကို လက်နှစ်ဖက်ဖြင့် ဆက်သလာကြပြီး ရှုချွမ်းကို တောင်းပန်လိုက်ကြသည်။
ဘာပဲဖြစ်ဖြစ် ဤမျှ ရက်စက်ကြမ်းကြုတ်သောလူကို ပြစ်မှားမိထားသဖြင့် ပြန်ရောက်သွားသည့်အခါ ကလဲ့စားချေခြင်း ခံရမည်ကို လူတိုင်း စိုးရိမ်နေကြသည်။
သူတို့၏ အသက်ရှင်သန်ရေးအတွက် ရှုချွမ်းကို အသည်းအသန် ဖားနေကြခြင်း ဖြစ်သည်။
မကြာမီ ပါရမီရှင် နှစ်ရာလုံးက သူတို့၏ အမှတ်များကို ရှုချွမ်းထံ အပ်နှံလိုက်ကြသည်။
ရှုချွမ်းက လူမသတ်ဘူးဟု မည်သူမျှ လောင်းကြေးမထပ်ရဲကြပေ၊ ဝမ်တန်၏ ခေါင်းမဲ့အလောင်းက ထိုနေရာတွင် ရှိနေဆဲ ဖြစ်သည်။
အတိတ်က သင်ခန်းစာက အနာဂတ်အတွက် လမ်းညွှန်ချက်ပင်။
ကွင်းပြင်ထဲတွင် လင်ထျန်းတစ်ယောက်သာ အမှတ်များ မအပ်ဘဲ ကျန်ရှိနေခဲ့သည်။
ရှုချွမ်း၏ အမူအရာက တည်ငြိမ်နေပြီး သူ့ကို စူးစိုက်ကြည့်လိုက်သည်။
ဤအခိုက်အတန့်တွင် လင်ထျန်းက မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သူ၏ အော်ရာ က အနည်းငယ် အားနည်းနေကာ သူ့ထံတွင် အမြဲဝန်းရံနေကျ တာအိုအော်ရာ များလည်း ပျောက်ကွယ်သွားသဖြင့် အလွန်အမင်း ဖရိုဖရဲ ဖြစ်နေပုံပါ်သည်။
"ငါ တခြားလူတွေကို လွှတ်ပေးနိုင်ပေမယ့် မင်းကိုတော့..."
ထိုနေရာတွင် ရှုချွမ်းက စကားကို ခေတ္တရပ်လိုက်သည်။
ချက်ချင်းပင် လင်းထျန်း၏ စိတ်ထဲ၌ မကောင်းသော ခံစားချက် တစ်ခု ဝင်ရောက်လာသည်။
မျှော်လင့်ထားသည့်အတိုင်း ရှုချွမ်း၏ နောက်ထပ်စကားလုံးများက သူ့နှလုံးသားကို ချောက်နက်ထဲသို့ တိုက်ရိုက် ဆွဲချသွားတော့သည်။
"မင်း သေရမယ်"
ရှုချွမ်းက လင်ထျန်းကို အေးစက်စွာ ပြောလိုက်သည်။
အစောပိုင်းက ရှုချွမ်းသည် စနစ်ကို အသုံးပြု၍ လင်ထျန်း၏ အချက်အလက်များကို စစ်ဆေးခဲ့ရာ ဤလူက စုမြောင်ရင်၏ မိသားစုကို ဖျက်ဆီးခဲ့သည့် ကလဲ့စားချေရန် ရှိနေသော ထျန်းယန်ဂိုဏ်း၏ သူတော်စင်နှင့် သခင်လေး လင်ထျန်း ဖြစ်နေသည်ကို သိရှိခဲ့ရသည်။
စုမြောင်ရင်၏ မိသားစု တစ်ခုလုံး ပျက်စီးသွားရခြင်းက သူ့ကြောင့်ပင် ဖြစ်သည်။
ယခုအခါ သူမအတွက် ကလဲ့စားချေရန် အခွင့်အရေး ရောက်ရှိလာပြီဖြစ်ရာ ရှုချွမ်းက သူ့ကို မည်သို့ လွှတ်ပေးပါမည်နည်း။
သူ့ကို သတ်လိုက်ခြင်းက ထျန်းယန်ဂိုဏ်း၏ ရူးသွပ်စွာ တုံ့ပြန်မှုကို ဖြစ်စေမလားဆိုသည်ကိုတော့ ရှုချွမ်းက အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိပေ။
"ဘာဖြစ်လို့လဲ"
ရှုချွမ်းထံမှ ထွက်ပေါ်လာသော ပြင်းထန်လှသည့် သတ်ဖြတ်ခြင်းအော်ရာ ကို ခံစားလိုက်ရသဖြင့် ဒဏ်ရာပြင်းထန်နေသော လင်ထျန်း၏ ကျောရိုးတစ်ခုလုံး အေးစက်သွားသည်။
ရှုချွမ်းက သူ့ကို တကယ် သတ်ရဲလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
"ဘာဖြစ်လို့လဲ ဟုတ်လား၊ မင်း သေသွားတဲ့အခါမှ ယမမင်းကိုပဲ သွားမေးလိုက်တော့"
ရှုချွမ်းက လက်သီးကို မြှောက်ပြီး လင်ထျန်းထံသို့ ဦးတည်လိုက်သည်။
သူ့ကို ကိုင်တွယ်ရန်အတွက် ရှုချွမ်းက နတ်ဘုရားသတ်ဓားကိုပင် အသုံးမပြုချင်တော့ပေ။
သူ၏ လက်သီးပေါ်တွင် ဖျက်ဆီးခြင်းစွမ်းအားများကို သယ်ဆောင်ထားသည့် သိပ်သည်းလှသော သတ်ဖြတ်ခြင်းအော်ရာ များ ဖုံးလွှမ်းသွားသည်။
"မင်း ငါ့ကို သတ်လို့မရဘူး"
"ငါက ထျန်းယန်ဂိုဏ်းရဲ့ သခင်လေး ၊ မင်း ငါ့ကို သတ်ရင် ငါ့အဖေက မင်းကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး၊ မင်း ကမ္ဘာမြေအဆုံးအထိ ထွက်ပြေးရင်တောင် သေလမ်းပဲ ရှိမှာ"
ရှုချွမ်း၏ သတ်ဖြတ်ရန် ဆုံးဖြတ်ချက်ကို ခံစားလိုက်ရသဖြင့် လင်ထျန်း ထိတ်လန့်သွားသော်လည်း မာနထောင်လွှားသော အမူအရာကို ပြသရင်း ပြန်လည်ခြိမ်းခြောက်လိုက်သည်။
တစ်ဖက်တွင်မူ စုမြောင်ရင်သည် လင်းထျန်းက သူ၏ အထောက်အထားကို ထုတ်ဖော်ပြောဆိုလိုက်သည်ကို ကြားသောအခါ သူမ၏ ငွေသွားလေးများကို ချက်ချင်း ကြိတ်လိုက်မိသည်။
ထျန်းယန်ဂိုဏ်းသခင်လေး ကို သူမ ဘယ်တော့မှ မေ့မည်မဟုတ်ပေ၊ ဤလူကြောင့်ပင် သူမ၏ မိသားစု ပျက်စီးခဲ့ရပြီး သူမပါ လိုက်လံ အမဲလိုက်ခြင်း ခံခဲ့ရခြင်း ဖြစ်သည်။
အကယ်၍ သူမကို ရှုချွမ်းက မကယ်တင်ခဲ့လျှင် သူမမှာ သေဆုံးသွားသည်မှာ ကြာလှပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရှုချွမ်းက လင်ထျန်းကို ဘာကြောင့် မဖြစ်မနေ သတ်ချင်နေရသနည်းဆိုသည်ကို သူမ နားလည်သွားခဲ့သည်၊ ဒါတွေအားလုံးက သူမအတွက်ပင် ဖြစ်သည်။
သူမ၏ နှလုံးသားတစ်ခုလုံး စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားတော့သည်။
"မဟုတ်ဘူး... ငါ့ကိုမသတ်ပါနဲ့... မင်း ငါ့ကိုသတ်ရင် မင်းလည်း လွတ်မြောက်မှာ မဟုတ်ဘူး"
ရှုချွမ်းက သူ၏ ခြိမ်းခြောက်မှုကို လုံးဝ ဂရုမစိုက်သည်ကို မြင်ရပြီး သူ၏ လက်သီးပေါ်က ပိုမိုသိပ်သည်း လာသော သတ်ဖြတ်ခြင်းအော်ရာ ကို ခံစားလိုက်ရသည့်အခါ လင်းထျန်း ကြောက်ရွံ့သွားခဲ့ပြီ ဖြစ်သည်။
သေခြင်းတရား၏ ခြိမ်းခြောက်မှုက သူ့ကို လွှမ်းမိုးသွားသဖြင့် သူ မတတ်နိုင်ဘဲ အသနားခံ တောင်းပန်လိုက်မိသည်။
သူသည် ထျန်းယန်ဂိုဏ်းသခင်လေး မာနတရားများကို လုံးဝ စွန့်လွှတ်လိုက်ရပြီ ဖြစ်သည်။
"ဆူညံလိုက်တာ"
ရှုချွမ်း၏ အမူအရာက ပြောင်းလဲခြင်းမရှိဘဲ လက်သီးတစ်ချက်ဖြင့် ထိုး လိုက်သည်။
"အား"
အော်ဟစ်သံနှင့်အတူ လင်းထျန်း၏ ချီပင်လယ်မှာ ရှုချွမ်းကြောင့် တိုက်ရိုက် ဖျက်ဆီး ခြင်း ခံလိုက်ရပြီး ခဏချင်းအတွင်းမှာပင် ပါရမီရှင် ဘဝမှ မသန်စွမ်းသူဘဝသို့ ရောက်ရှိသွားတော့သည်။
"မင်း ဘယ်လိုတောင် သတ္တိရှိရတာလဲ၊ ဘယ်လိုတောင် သတ္တိရှိရတာလဲ"
သူ၏ ချီပင်လယ် ပျက်စီးသွားသည့်တိုင် ရှုချွမ်းက တကယ် လက်ရဲဇက်ရဲ လုပ်လိမ့်မည်ဟု သူ မယုံနိုင်သေးဘဲ ရှိနေဆဲပင်။
"မြောင်ရင်... ကျန်တာက မင်းအလှည့်ပဲ"
ရှုချွမ်းက သူ့လက်ပေါ်က သွေးစွန်းမှုများကို ပေါ့ပေါ့ပါးပါး သုတ်လိုက်ရင်း စုမြောင်ရင်ကို ပြောလိုက်သည်။
ကလဲ့စားချေခြင်းဟူသည် နောက်ဆုံးတွင်တော့ ကိုယ်တိုင် ဆောင်ရွက်ရမည် ဖြစ်သည်။
မဟုတ်ပါက အနာဂတ် သိုင်းတာအို ကျင့်ကြံမှုအပေါ် သက်ရောက်မှု ရှိနိုင်သည်။
ရှုချွမ်းအနေဖြင့် စုမြောင်ရင်ကို ဤကဲ့သို့သော အရာမျိုးဖြင့် အထိခိုက်မခံလိုပေ။
သူမက ကောင်းကင်ဘုံက ကောင်းချီးပေးတဲ့ ဧကရီတစ်ပါးပင်၊
"အင်း... ကျေးဇူးတင်ပါတယ် အစ်ကိုရှု"
သူမ၏ မိသားစုကို ဖျက်ဆီးခဲ့သည့် နောက်ကွယ်က လက်မည်းကြီးတစ်ဦးက သူမ၏ မျက်ရှေ့မှောက်တွင် ရှိနေပြီး ကလဲ့စားချေရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီ ဖြစ်သည်။
စုမြောင်ရင် တစ်ယောက် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။
သူမက လင်ထျန်း၏ ရှေ့သို့ လျှောက်လှမ်းသွားသည်။
သူမက လက်ကို ဝှေ့ယမ်းလိုက်ပြီး မီးတောက်တစ်ခုကို ဆင့်ခေါ်လိုက်သည်။
ဒါက နိဗ္ဗာနအစစ်အမှန်မီးတောက် ဖြစ်သည်၊ ဖီးနစ်သွေးမျိုးဆက် မရှိသူ မည်သူမဆို အနည်းငယ်မျှ ထိမိရုံနှင့် ဖြည်းဖြည်းချင်း လုံးဝ ဝါးမြိုခြင်း ခံရမည် ဖြစ်သည်။
ဤဖြစ်စဉ်က အလွန်အမင်း နာကျင်ရမည်ဖြစ်ပြီး စုမြောင်ရင်က လင်ထျန်းကို ဤနာကျင်မှုကို ခံစားစေကာ သူမ၏ မိသားစုတစ်ခုလုံး၏ ဝိညာဉ်များကို နှစ်သိမ့်ပေးချင်နေခြင်း ဖြစ်သည်။
"ငရဲကို သွားစမ်း"
စုမြောင်ရင်၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာခဲ့သည်၊ ဒါက စိတ်လှုပ်ရှားမှုကြောင့်လား သို့မဟုတ် ကလဲ့စားချေနိုင်ခဲ့သည့် ဝမ်းမြောက်မှုကြောင့်လားတော့ မသိနိုင်ပေ။
နိဗ္ဗာနအစစ်အမှန်မီးတောက်က လင်ထျန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီး သူ့အသားအရေများကို တစ်လက်မချင်းစီ လောင်ကျွမ်းစေခဲ့သည်၊ သူ၏ ချီပင်လယ် ပျက်စီးနေသဖြင့် ဤမီးတောက်ကို သူ လုံးဝ မခုခံနိုင်ပေ။
"အား... ငါ့ကိုသတ်လိုက်ပါ၊ ငါ့ကိုသတ်လိုက်ပါတော့"
ပြင်းထန်လှသော နာကျင်မှုကြောင့် လင်ထျန်း တောင့်မခံနိုင်တော့ဘဲ အသက်ရှင်လိုစိတ်ကို တိုက်ရိုက်စွန့်လွှတ်ကာ အမြန်ဆုံး သေဆုံးခွင့်ရရန်သာ ဆုတောင်းနေမိသည်။
ဒါပေမယ့် စုမြောင်ရင်က သူ့ကို ဒီလောက်အလွယ်တကူ ဘယ်မှာ သေခွင့်ပေးပါမည်နည်း။
သူ သတိလစ်တော့မည့် အချိန်တိုင်းမှာ သူမက ဆေးလုံးတစ်လုံးကို သူ့ပါးစပ်ထဲသို့ ထည့်ပေးခဲ့သည်။
လင်ထျန်း၏ ခန္ဓာကိုယ်တစ်ခုလုံး နိဗ္ဗာနအစစ်အမှန်မီးတောက်ကြောင့် လုံးဝ ပြာကျသွားသည့်တိုင်အောင် သူသည် သတိကောင်းကောင်း ရှိနေခဲ့သည်။
ထို့နောက်တွင်တော့ သူ၏ ဦးခေါင်းနှင့် ဝိညာဉ်ပါ လောင်ကျွမ်းသွားတော့သည်။
နောက်ဆုံးတွင် လင်ထျန်းသည် နိဗ္ဗာနအစစ်အမှန်မီးတောက်ကြောင့် လုံးဝ ဝါးမြိုခြင်း ခံလိုက်ရပြီး ထိုမီးတောက်က စုမြောင်ရင်၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။
ခဏချင်းအတွင်းမှာပင် စုမြောင်ရင်၏ ကျင့်ကြံမှုက တဟုန်ထိုး မြင့်တက်သွားတော့သည်။
ဒါက နတ်ဘုရားစွမ်းအား နယ်ပယ် အဆင့် ၉အထွတ်အထိပ်သို့ တိုက်ရိုက် ရောက်ရှိသွားခြင်းဖြစ်ပြီး နိဗ္ဗာနနယ်ပယ်သို့ ဖောက်ထွက်ရန် ခြေလှမ်းတစ်လှမ်းသာ လိုတော့သည်။
"အဖေ... အမေ... သမီး မောင်နှမတွေအတွက် ကလဲ့စားချေပေးလိုက်ပြီ"
"စိတ်မပူကြပါနဲ့၊ နောက်ထပ် လင်းမိသားစုနဲ့ ထျန်းယန်ဂိုဏ်း ရှိသေးတယ်၊ သမီး သူတို့ထဲက ဘယ်သူ့ကိုမှ လွှတ်ပေးမှာ မဟုတ်ဘူး၊ သူတို့ကို အဖေတို့ဆီ အဖော်အဖြစ် သေချာပေါက် ပို့ပေးပါ့မယ်"
ကြီးမားသော ကလဲ့စားချေမှု ပြီးမြောက်သွားသဖြင့် စုမြောင်ရင်၏ ရင်ထဲတွင် ပိတ်ဆို့နေသော အရာများ နောက်ဆုံးတွင် လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။
ရှုချွမ်းကလည်း သူမအတွက် ဝမ်းသာပေးနေမိသည်။