← Chapters

အခန်း ၈၆

Vol. 9 Ch. 86

အခန်း ၈၆

Vol. 9 Ch. 86

အခန်း (၈၆) စစ်မှန်သော အမွေအနှစ်

လင်ထျန်း သေဆုံးပြီးနောက် ရှုချွမ်းကို ဝိုင်းရံထားသော ပါရမီရှင်များအားလုံးသည် စိတ်သက်သာရာရသွားသည့် အမူအရာများ ပြသခဲ့ကြသည်။

အင်အားကြီးအဖွဲ့အစည်းများမှ သခင်လေး နှစ်ဦး သူ၏လက်ချက်ဖြင့် သေဆုံးသွားသောအခါ ရှုချွမ်းသည် နောက်ထပ်လူသတ်ရဲသည်ဆိုသည်ကို မည်သူမျှ သံသယမဝင်ကြတော့ပေ။

သူတို့၏အမှတ်များကို အစောကြီး မပေးခဲ့ဘဲ ငြင်းဆန်နေခဲ့လျှင် အခုချိန်တွင် ဝမ်တန်နှင့် လင်ထျန်းတို့လို အလောင်းများ ဖြစ်သွားလောက်ပြီ ဖြစ်သည်။

ဤနေရာက ကြာကြာနေရန် မသင့်တော်ပေ။

ရှုချွမ်းထံ အမှတ်များ လွှဲပြောင်းပေးခဲ့သော ပါရမီရှင်များသည် စမ်းသပ်သည့် တိုက်ပွဲကွင်းပြင်မှ သူတို့ဆန္ဒအလျောက် ထွက်သွားကြသည်။

ဘာပဲဖြစ်ဖြစ် သူတို့မှာ အမှတ်များ မရှိတော့သဖြင့် ဤနေရာတွင် ဆက်နေလည်း အကျိုး မရှိတော့ပေ။

ရှေးဟောင်းနန်းတော်ကမ္ဘာကြီး ပိတ်ရန် အချိန်အနည်းငယ် ကျန်သေးသောကြောင့် စောစောထွက်ပြီး အပြင်ဘက်တွင် အခြားအခွင့်အရေးများ ရှာဖွေခြင်းက ပို၍ကောင်းမွန်သည်။

ရုတ်တရက် ဤစမ်းသပ်မှု နေရာလွတလ ရှိ သိုင်းပညာရှင်ထက်ဝက်ကျော် ပျောက်ကွယ်သွားခဲ့သည်။

ရှုချွမ်းကို ဝင်ရောက်မတိုက်ခိုက်ခဲ့သော သိုင်းပညာရှင် အချို့သာ ကျန်ရှိတော့သည်။

သို့သော်လည်း ဤနေရာတွင် ဆက်ရှိနေခြင်းဖြင့် ထိပ်ဆုံးသုံးယောက်အတွင်းသို့ ဝင်ရောက်ရန် အခွင့်အရေးမရှိသောကြောင့် သူတို့လည်း ကြာကြာမနေခဲ့ကြပေ။

ဒါကြောင့် သူတို့အားလုံး လဲလှယ်မှုစာရင်းကို ဆွဲထုတ်ပြီး သူတို့၏အမှတ်များကို အမွေအနှစ်များ သို့မဟုတ် ဆုလာဘ်များအဖြစ် ပြောင်းလဲပြီးနောက် စမ်းသပ်သည့်နေရာမှ ထွက်သွားကြသည်။

"အစ်ကိုရှု... ကျေးဇူးတင်ပါတယ်"

ရှုချွမ်းကို ကျေးဇူးတင်စကားပြောရင်း စုမြောင်ရင်၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်နေခဲ့သည်။

သူ၏အကူအညီသာ မပါဝင်ခဲ့လျှင် တရားခံကို ကိုယ်တိုင်သတ်ရန် မည်မျှအထိ ကြာဦးမည်ကို သူမ မသိနိုင်ပေ။

"ဂုဏ်ယူပါတယ်"

သူမ ကလဲ့စားချေနိုင်ခဲ့သည်ကို ကြည့်ရင်း ရှုချွမ်းလည်း ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူသည် လင်ထျန်း၏ သိုလှောင်လက်စွပ်ကို ကောက်ယူပြီး အထဲက အရာအားလုံးကို သူ၏ကိုယ်ပိုင်လက်စွပ်ထဲသို့ ပြောင်းထည့်လိုက်သည်။

ထို့နောက် ရှင်းယန်မီးထိန်းချုပ်ခြင်းသိုင်း ပညာကို အသက်သွင်းလိုက်ရာ နေမင်းအစစ်အမှန်မီး‌တောက်များ ထွက်လာပြီး အလောင်းနှစ်လောင်းကို ချက်ချင်းဖုံးလွှမ်းသွားသည်။

ခဏချင်းအတွင်းမှာပင် နှစ်ယောက်စလုံး ပြာကျသွားကြတော့သည်။

"မြောင်ရင်... နောက်ဘာလုပ်ဖို့ စီစဉ်ထားလဲ"

ရှုချွမ်းက မေးလိုက်သည်။

"အစ်ကိုရှု... ကျွန်မကတော့ ဆုလာဘ်တွေ လဲလှယ်ပြီးရင် စီနီယာအစ်မနဲ့အတူ ထွက်သွားဖို့ စီစဉ်ထားပါတယ်"

စုမြောင်ရင်က စိတ်တည်ငြိမ်သွားပြီးနောက် ရှုချွမ်းကို ပြောလိုက်သည်။

"ကောင်းပြီ"

ရှုချွမ်း ခေါင်းညိတ်လိုက်သည်။

သူသည် နန်းတော်သခင်၏ အမွေအနှစ်ကို လက်ခံရန် ပြင်ဆင်ရတော့မည် ဖြစ်သောကြောင့် စုမြောင်ရင်ကို သူနှင့်အတူ ခေါ်သွားနိုင်ခြင်း မရှိပေ။

သူမသာ ယောင်ချီမြင့်မြတ်နယ်မြေက လူများနှင့်အတူ သွားမည်ဆိုလျှင် သူမ၏ဘေးကင်းရေးအတွက် သူ စိုးရိမ်မည်မဟုတ်ပေ။

သူသည် ယောင်ချီမြင့်မြတ်နယ်မြေက တပည့်များအတော်လေး ကောင်းမွန်သော အထင်အမြင်တစ်ခု ရှိသည်။

စုမြောင်ရင်ကို သူ့ထံ ခေါ်ဆောင်လာပေးခဲ့သည့် ဟွမ်လင်းကြောင့်သာမကဘဲ အစောပိုင်းက ရှုချွမ်းကို ဝိုင်းတိုက်ခိုက်ခဲ့သူများထဲတွင် ယောင်ချီမြင့်မြတ်နယ်မြေမှ တစ်ဦးတစ်ယောက်မျှ မပါဝင်ခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။

"အစ်ကိုရှု... ယောင်ချီမြင့်မြတ်နယ်မြေမှာ ကျွန်မဆီ လာရှာဖို့ မမေ့နဲ့နော်"

သူတို့ လမ်းခွဲတော့မည့်အချိန်တွင် စုမြောင်ရင်က အနည်းငယ် တွန့်ဆုတ်နေခဲ့သည်။ မထွက်ခွာမီ နောက်ဆုံးစက္ကန့်တွင် သူမက ရှုချွမ်းကို လှမ်းအော်ပြောလိုက်သည်။

"ကျွန်‌တော် သေချာပေါက် လာခဲ့မယ်၊ စိတ်မပူနဲ့"

ရှုချွမ်းက ကတိပေးလိုက်သည်။

သူ၏ကတိစကားကို ကြားရပြီးနောက်တွင်တော့ စုမြောင်ရင်သည် စိတ်ကျေနပ်မှုအပြည့်ဖြင့် စမ်းသပ်မှု တိုက်ပွဲကွင်းပြင်မှ ထွက်သွားခဲ့သည်။

"ဂျူနီယာညီ‌လေးရူကတော့ တကယ်ကို ကံကောင်းတာပဲ"

ဤမြင်ကွင်းကို ကြည့်ပြီး ချွေ့ကျန်းက မစနောက်ဘဲ မနေနိုင်ခဲ့ပေ။

ထို စနောက်မှုကို ရှုချွမ်းက ရင်းနှီးသော အပြုံးဖြင့်သာ တုံ့ပြန်လိုက်သည်။

ထို့နောက် ကျန်ရှိနေသည့်လူများကလည်း သူ့ကို ခေါင်းညိတ်နှုတ်ဆက်ပြီး စမ်းသပ်မှု နေရာလွတ် မှ ပျောက်ကွယ်သွားကြသည်။

ထွက်မသွားမီ ယန်ချန်းတစ်ယောက်သာ မျက်နှာတစ်ခုလုံး မကျေမနပ်ဖြစ်မှုများ ပြည့်နှက်နေခဲ့သည်။

ဤခရီးစဉ်တွင် သူသည် တစ်လမ်းလုံး အမဲလိုက်ခြင်းကို ခံခဲ့ရပြီး မည်သည့်အခွင့်အရေးကိုမျှ မရရှိခဲ့ပေ။

ပြီးတော့ စမ်းသပ်မှု တိုက်ပွဲကွင်းပြင်ထဲ ဝင်လာပြီးနောက်တွင်လည်း သူ၏စွမ်းရည်များကို ထုတ်ပြရန် ရည်ရွယ်ခဲ့သော်လည်း ရှုချွမ်း ပေါ်လာသဖြင့် သူ၏အစီအစဉ်များအားလုံး လုံးဝ ပျက်စီးသွားခဲ့ရသည်။

ရလဒ်အနေဖြင့် သူ့တွင် အမှတ်များများစားစား မရှိခဲ့ပေ။

ဤခရီးစဉ်က သူ့အတွက်တော့ လုံးဝ အချည်းနှီးဖြစ်ခဲ့ရသည်ဟု ဆိုနိုင်သည်။

သူသည် ဤအချက်အပေါ် အလွန်မကျေမနပ်ဖြစ်နေသော်လည်း ဘာမှမတတ်နိုင်ခဲ့ပေ။ သူက သွားကို ကြိတ်ပြီး စမ်းသပ်တိုက်ပွဲကွင်းပြင်မှ ထွက်သွားရုံသာ ရှိတော့သည်။

သူတို့အားလုံး ထွက်သွားကြပြီးနောက် ကျယ်ပြောလှသော စမ်းသပ်တိုက်ပွဲကွင်းပြင်ကြီးထဲတွင် ရှုချွမ်း၊ ချွေ့ကျန်းနှင့် တောင်ဝှေးကို ကိုင်ဆောင်ထားသည့် ကိုယ်တော် သုံးဦးသာ ကျန်ရှိတော့သည်။

သူတို့သုံးဦးထဲတွင် ရှုချွမ်းတစ်ဦးတည်း၏ အမှတ်များက တစ်သိန်းကျော်အထိ ရောက်ရှိနေခဲ့သည်။

ဒုတိယနေရာကတော့ ဟွေ့ယွမ်ဟု အမည်ရသည့် သူ့ရှေ့က ကိုယ်တော် ဖြစ်သည်။

သူနှင့် ရှုချွမ်းကြားတွင် ကြီးမားသော ကွာဟချက် ရှိနေသော်လည်း သူ့တွင် အမှတ်သုံးသောင်းကျော် ရှိနေဆဲ ဖြစ်သည်။

တတိယနေရာက ချွေ့ကျန်းတွင်မူ အမှတ်တစ်သောင်းသာ ရှိသည်။

ရှုချွမ်းက ဝမ်တန်နှင့် လင်ထျန်းတို့ကို သတ်ဖြတ်ပြီးနောက် သူ တတိယနေရာသို့ ညှပ်ပူးညှပ်ပိတ် ဝင်လာနိုင်ခြင်းက စင်စစ်အားဖြင့် ကံကောင်းခြင်းသက်သက်ပင် ဖြစ်သည်။

"အော်မီတော်ဖော်.... ဒကာလေး ရှုက တကယ်ပဲ ကြီးမားတဲ့ ခွန်အားကို ပိုင်ဆိုင်ထားတာပဲ"

အဝေးက ကိုယ်တော် ဟွေ့ယွမ်က ရှုချွမ်းကို နှုတ်ဆက်လိုက်သည်။

သူသည် ရှုချွမ်း၏ စွမ်းဆောင်ရည်အားလုံးကို မျက်မြင်တွေ့ခဲ့ရသည်။

သူသည် သူ့ကိုယ်သူ နိဗ္ဗာနနယ်ပယ်တွင် သန်မာ သော ကျင့်ကြံသူတစ်ဦးအဖြစ် ယုံကြည်မှုရှိသော်လည်း ရှုချွမ်းကို အနိုင်ယူနိုင်မလားဆိုသည်ကိုတော့ သေချာရေရာခြင်း မရှိပေ။

"ကိုယ်တော် လည်း အားမနည်းပါဘူး"

ရှုချွမ်း၏ မျက်လုံးများက လေးနက်နေခဲ့သည်။ သူ့ရှေ့က ကိုယ်တော် က အလွန်နူးညံ့သိမ်မွေ့ပုံရသော်လည်း သူ၏ခွန်အားက အလွန်ကြောက်မက်ဖွယ်ကောင်းသည်ကို သူ ခံစားမိသည်။

သူက စောစောက သေဆုံးသွားသည့် လူနှစ်ယောက်ထက် ပိုမိုသန်မာပြီး ခဲယဉ်းသော ပြိုင်ဘက်တစ်ဦးဟု သတ်မှတ်နိုင်သည်။

ကံကောင်းထောက်မစွာဖြင့် အမှတ်များအတွက် ထပ်မံယှဉ်ပြိုင်ရန် မလိုတော့ဘဲ စမ်းသပ်သည့်နေရာတွင် သူတို့သုံးဦးသာ ကျန်ရှိတော့သည်။

သူတို့သည် တစ်ယောက်ကိုတစ်ယောက် ခေါင်းညိတ်ပြလိုက်ကြပြီး ထိုလျှို့ဝှက်ဆန်းကြယ်သောအသံ ထပ်မံထွက်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။

မကြာမီမှာပင် ထိုအသံက အချိန်ကိုက် ထွက်ပေါ်လာခဲ့သည်။

"ဂုဏ်ယူပါတယ်... မင်းတို့တွေ နန်းတော်သခင်ရဲ့ အမွေအနှစ်ကို လက်လှမ်းမီနိုင်မယ့် အခွင့်အရေးကို ရရှိသွားကြပြီ"

"ဒါပေမယ့် ဒါက အခွင့်အရေးသက်သက်ပဲ၊ ဘယ်သူက နောက်ဆုံး အမွေအနှစ်ကို ရရှိမလဲဆိုတာကတော့ မသိနိုင်သေးဘူး"

"ကဲ... သွားကြတော့"

ထိုအသံ ဆုံးသွားသည်နှင့်တပြိုင်နက် သူတို့သုံးဦးစလုံး မျက်စိတစ်မှိတ်အတွင်းမှာပင် အခြားနေရာတစ်ခုသို့ ရောက်ရှိသွားကြသည်။

သူတို့ရှေ့တွင် အဖြူရောင်ကျောက်စိမ်းလှေကားထစ်တစ်ခု ရှိနေပြီး ယင်း၏အဆုံးတွင် ကြီးကျယ်ခမ်းနားလှသော နန်းတော်ကြီးတစ်ခု တည်ရှိနေသည်။

သို့သော်လည်း ထိုနန်းတော်ကြီးက ကောင်းကင်ယံတွင် ပြောင်းပြန်ဖြစ်နေခဲ့သည်။

မည်မျှအထိ မြင့်မားသော ကျွမ်းကျင်သူက ဤကဲ့သို့ ထူးဆန်းသော ရတနာနန်းတော်ကြီးကို ဖန်တီးခဲ့သလဲဆိုသည်ကို မသိနိုင်ပေ။

ကောင်းကင်လှေကားထစ်အတိုင်း တက်လှမ်းပြီး နန်းတော်ထဲသို့ ဝင်ရောက်လိုက်သည့်အခါ သူတို့သည် ပုံမှန်အတိုင်း မတ်တပ်ရပ်လျက်အနေအထား ဖြစ်သွားကြပြီး ဒါက အလွန်အံ့ဩစရာ ကောင်းလှသည်။

နန်းတော်အတွင်း၌ ရေတွက်၍မရနိုင်သော လင်းလက်နေသည့် အလင်းလုံးများ ပျံဝဲနေကြသည်။

နန်းတော်အတွင်းရှိ နံရံများပေါ်တွင် လက်ညှိုးရာများ၊ ဓားရာများ၊ လက်နက်ရာများ စသည့် အမျိုးမျိုးသော အမှတ်အသားများကို ထုဆစ်ထားသည်။

အမှတ်အသားတစ်ခုချင်းစီက ကြောက်မက်ဖွယ်ကောင်းသော တာအိုအော်ရာ များကို ထုတ်လွှတ်နေသဖြင့် ရှုချွမ်းနှင့် အခြားလူများကို အနည်းငယ် ယိမ်းထိုးသွားစေသည်။

"ဒီအလင်းလုံးတွေနဲ့ အမှတ်အသားတွေက အထွတ်အထိပ်ကျွမ်းကျင်သူတွေ ချန်ထားခဲ့တာ ဖြစ်ရမယ်၊ ဒါတွေကို နားလည်သဘောပေါက်ရင် ပြိုင်ဘက်ကင်း အမွေအနှစ်တွေကို ရရှိနိုင်လိမ့်မယ်"

ရှုချွမ်း စိတ်ထဲမှ အလွန်တုန်လှုပ်သွားခဲ့သည်။

ဤအခိုက်အတန့်တွင် ထိုအသံက ရုတ်တရက် ထပ်မံပြောလာသည်။ "မင်းတို့ရှေ့က အလင်းလုံးတွေနဲ့ အမှတ်အသားတွေကို မြင်ကြလား၊ နန်းတော်သခင်ရဲ့ အမွေအနှစ်က အဲဒီအထဲမှာ ရှိတယ်၊ မင်းတို့ ရနိုင်မလားဆိုတာကတော့ ကိုယ့်ကံတရားအပေါ်ပဲ မူတည်တယ်"

ဒါကို ကြားလိုက်ရသည့်အခါ သူတို့အားလုံး မျက်လုံးများ တောက်ပသွားကြပြီး စိတ်လှုပ်ရှားမှုများက အထင်အရှား ပေါ်လွင်နေခဲ့သည်။

"ဒကာလေး ရှု...ဒကာလေး ချွေ့... ဒီကိုယ်တော် အရင်သွားနှင့်ပါ့မယ်"

သူက နောက်ဆုံးတော့ လူငယ်တစ်ဦး ဖြစ်နေဆဲပင်။ အသံပျောက်ကွယ်သွားသည့် အခိုက်အတန့်တွင် ကိုယ်တော် ဟွေ့ယွမ်က သူ၏စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ဘဲ ဤအမွေအနှစ်ပင်လယ်ထဲသို့ လျင်မြန်စွာ ပြေးဝင်သွားခဲ့သည်။

သူ၏အရှိန်က အလွန်မြန်ဆန်လှသဖြင့် ကျန်ရှိသည့်လူနှစ်ဦးကို အံ့အားသင့်သွားစေသည်။

ထို့နောက် ကျန်နှစ်ဦးက သတိပြန်ဝင်လာပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခေါင်းညိတ်လိုက်ကြပြီး ကွဲပြားသော လမ်းကြောင်းနှစ်ခုမှနေ၍ ဤအမွေအနှစ်များကို စတင်နားလည်သဘောပေါက်ရန် ကြိုးပမ်းကြတော့သည်။

အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

ရှုချွမ်းသည် ဤအမွေအနှစ်ပင်လယ်ထဲတွင် အဆက်မပြတ် ရွေ့လျားရင်း အစွမ်းထက်သော အမွေအနှစ်များစွာကို နားလည်သဘောပေါက်ခဲ့သော်လည်း နန်းတော်သခင်၏ အမွေအနှစ် သဲလွန်စ ကိုတော့ ရှာမတွေ့သေးပေ။

တစ်ဖက်တွင်လည်း ဟွေ့ယွမ်နှင့် ချွေကျန်းတို့သည်လည်း ရှုချွမ်းကဲ့သို့ပင် တူညီသော အခက်အခဲနှင့် ရင်ဆိုင်နေရသည်။

"ငါက ဒီနန်းတော်သခင်ရဲ့ အမွေအနှစ်နဲ့ ရေစက်မပါတာများလား"

ရလဒ်မရှိဘဲ အချိန်အတော်ကြာ ရှာဖွေပြီးနောက် ရှုချွမ်းသည် မိမိကိုယ်ကိုယ်ပင် သံသယဝင်လာခဲ့သည်။

ရုတ်တရက်

ရှုချွမ်း၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။

သူက မဟာယန်ကျင့်စဉ်ကို လည်ပတ်လိုက်သည့်အခါ ထူးခြားသော အော်ရာ တစ်ခု၏ သဲလွန်စ ကို ဖမ်းမိလိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် ဤမဟာယန် ကျင့်စဉ်သည် နန်းတော်သခင်၏ အမွေအနှစ်နှင့် တစ်စုံတစ်ရာ ဆက်စပ်မှု ရှိရမည်ဖြစ်သည်။

ချက်ချင်းပင် ရှုချွမ်း ထပ်မံတွန့်ဆုတ်မနေတော့ပေ။ သူက တင်ပျဉ်ခွေထိုင်လိုက်ပြီး မဟာယန် ကျင့်စဉ်ကို အပြည့်အဝ လည်ပတ်စေကာ ထိုထူးခြားသော အော်ရာ ကို အာရုံခံနိုင်ရန် စိတ်ကို အာရုံစိုက်လိုက်သည်။

တစ်ရက် ကုန်ဆုံးသွားခဲ့သော်လည်း ရှုချွမ်းသည် ထိုထူးခြားသော အော်ရာ ကို ထပ်မံအာရုံမခံနိုင်ခဲ့ပေ။

ခဏမျှ သူ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

"ဒါက အထင် မှားရုံသက်သက်ပဲလား"

ရှုချွမ်းက စဉ်းစားရင်း မျက်မှောင်ကုတ်လိုက်မိပြီး သူ့၏ ဆုံးဖြတ်ချက်ကိုပင် တစ်ချက် သံသယဝင်မိသွားသည်။

သို့သော်လည်း သူ၏နှလုံးသားက ထိုထူးခြားသော အော်ရာ ကို အမှန်တကယ် အာရုံခံမိခဲ့သည်ဟု ခိုင်မာစွာ ယုံကြည်နေဆဲ ဖြစ်သည်။

ချက်ချင်းပင် ရှုချွမ်းက စိတ်ရှုပ်ထွေးစရာ အတွေးအားလုံးကို ဖယ်ထုတ်လိုက်ပြီး စိတ်ဝိညာဉ်တစ်ခုလုံးကို ဤနားလည်သဘောပေါက်မှုထဲသို့ နှစ်မြှုပ်လိုက်တော့သည်။

နောက်ထပ် တစ်ရက် ကုန်ဆုံးသွားပြီးနောက် မျက်လုံးမှိတ်ကာ တင်ပျဉ်ခွေထိုင်နေသော ရှုချွမ်းက ရုတ်တရက် မျက်လုံးပွင့်လာခဲ့ပြီး သူ၏မျက်နှာတွင် ဝမ်းသာစရာ အမူအရာတစ်ခု ပေါ်လာခဲ့သည်။

"ရှာတွေ့ပြီ"

သူသည် ထိုထူးခြားသော အော်ရာ ၏ သဲလွန်စ ကို နောက်တစ်ကြိမ် ထပ်မံ ဖမ်းမိလိုက်ခြင်း ဖြစ်သည်။

All Chapters