← Chapters

အခန်း ၈၈

Vol. 9 Ch. 88

အခန်း ၈၈

Vol. 9 Ch. 88

အခန်း (၈၈) ရှေးဟောင်းနန်းတော်မှ ထွက်ခွာပြီး ရွှမ် လိပ်ကြီးကို နာခံစေခြင်း

ရွှေရောင်ရှေးဟောင်းနန်းတော်ကို ထိန်းချုပ်နိုင်ပြီးနောက်တွင် ရှုချွမ်းသည် ထိုနန်းတော်အတွင်းရှိ အမွေအနှစ်များကို အချိန်မရွေး စိတ်တိုင်းကျ လေ့လာဆန်းစစ်နိုင်ပြီ ဖြစ်သည်။

ဒါက သူနှင့်အတူ အမွေအနှစ်မျှော်စင်တစ်ခုကို သယ်ဆောင်လာတာနဲ့ အတူတူပင်ဖြစ်ပြီး ဤအမွေအနှစ်မျှော်စင်ထဲမှ အမွေအနှစ်များအားလုံးသည် အနည်းဆုံး ကောင်းကင်အဆင့် အမွေအနှစ်များသာ ဖြစ်ကြသည်။

သေချာစွာ ကြည့်ပြီးနောက် ရှုချွမ်းသည် မဟာနေနတ်မင်းဘုရားလက်သီးကျင့်စဉ်၏ အပြည့်အစုံကို ရရှိခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်းရှစ်ထောင်က ဧကရာဇ်‌ဟောင်ရီ သည် ဤရွှေရောင်ရှေးဟောင်းနန်းတော်ထဲသို့ ဝင်ရောက်ခဲ့ပြီး အမွေအနှစ်၏ အစိတ်အပိုင်းတစ်ခုကို ရယူကာ မဟာနေမင်းနတ်ဘုရားလက်သီးကို နားလည်သဘောပေါက်သွားပြီးနောက် နန်းတော်နံရံတွင် ထွင်းထုခဲ့ခြင်းဖြစ်သည်။

ဒီနေ့တော့ ထိုကျင့်စဉ်က ရှုချွမ်း၏လက်ထဲသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ထို့အပြင် သူသည် နတ်ဘုရားအဆင့် ကျင့်ကြံခြင်းကျင့်စဉ် တစ်ခုဖြစ်သည့် "မဟာယန်ကျင့်စဉ်" ကိုလည်း နန်းတော်သခင်၏ အမွေအနှစ်မှ ရရှိခဲ့သည်။

သူ ယခင်က ကျင့်ကြံ ခဲ့သော မဟာယန်ကျင့်စဉ်သည် ဤကျင့်စဉ် ၏ ရိုးရှင်းအောင် ပြုလုပ်ထားသော ဗားရှင်း တစ်ခုသာ ဖြစ်သည်။

ချက်ချင်းပင် ရှုချွမ်းသည် ဤကျင့်စဉ်အသစ်သို့ ပြောင်းလဲကျင့်ကြံရန် စတင်လိုက်သည်။

၎င်းတို့သည် တူညီသော ဇစ်မြစ်တစ်ခုတည်းမှ ဆင်းသက်လာခြင်းဖြစ်သောကြောင့် ရှုချွမ်းအနေဖြင့် မဟာယန်ကျင့်စဉ်ကို ကျင့်ကြံ ရာတွင် မည်သည့်အတားအဆီးမျှ မကြုံတွေ့ခဲ့ရပေ။

သူ၏ ကျင့်စဉ်ကို အလွယ်တကူပင် အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့သည်။

ရှုချွမ်းက မဟာယန်ကျင့်စဉ် ကို တစ်ပတ်ခတ်မျှသာ လည်ပတ်ကြည့်ရသေးသော်လည်း ဤကျင့်စဉ်၏ ဆန်းကြယ်လှသော စွမ်းအားကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။

ဒီကျင့်စဉ်သည် သူ၏နေသူတော်စင်ခန္ဓာကိုယ်နှင့် အလွန်အမင်း ကိုက်ညီနေပြီး အထူးတလည် စိတ်ကြိုက်ပြုလုပ်ပေးထားသည့်အလား ခံစားရစေသည်။

ဤကျင့်စဉ်​ကို ကျင့်ကြံ ရင်း ရှုချွမ်းသည် သူ့ခန္ဓာကိုယ်ထဲရှိ မူလချီများ ပိုမိုဆင့်တက် သန့်စင်လာသည်ကို တမဟုတ်ခြင်း ခံစားလိုက်ရသည်။

ထို့အပြင် ကျင့်ကြံ နေ စဉ်အတွင်း နေမူလ ၏ အမှုန်အမွှားများကို စုပ်ယူပြီး သူ၏နေသူတော်စင်ခန္ဓာကိုယ်ကို အဆက်မပြတ် သန့်စင်မြှင့်တင်ပေးနေခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ သူ၏နေသူတော်စင်ခန္ဓာကိုယ်သည် နောက်ထပ်အဆင့်တစ်ခုသို့ တိုးတက်လာမည်ဖြစ်ပြီး ထပ်မံ၍ အသွင်ပြောင်းလဲမှုများပင် ဖြစ်ပေါ်လာနိုင်သည်။

ဘာကြောင့်လဲဆိုတော့ သူက အဘိုးကြီးနန်၏ အမွေအနှစ်မှတစ်ဆင့် နေသူတော်စင်ခန္ဓာကိုယ်သည် အဆုံးစွန်မဟုတ်သေးကြောင်း သိရှိခဲ့ရသောကြောင့် ဖြစ်သည်။

နေသူတော်စင်ခန္ဓာကိုယ်ထက်ပင် ပိုမိုအစွမ်းထက်သည့် ခန္ဓာကိုယ်များစွာက ဖရိုဖရဲလောကကြီးထဲတွင် အများအပြား ရှိနေသေးသည်။

ရွှမ်ထျန်းတိုက်ကြီးပေါ်တွင်သာ နေသူတော်စင်ခန္ဓာကိုယ်ကို ထိုမျှအထိ အရေးပါအရာရောက်သည်ဟု သတ်မှတ်နေကြခြင်း ဖြစ်သည်။

"ငါ တစ်နေ့မှာ ဒီထက်ပိုပြီး အစွမ်းထက်တဲ့ ခန္ဓာကိုယ်အဆင့်ကို သေချာပေါက် အသွင်ပြောင်းလဲပစ်မယ်"

ရှုချွမ်းက နှလုံးသားထဲတွင် တိတ်တဆိတ် သံဓိဌာန်ပြုလိုက်သည်။

သူ့တွင်ရှိသော စနစ်၏အကူအညီ၊ ထို့အပြင် အဆင့် ၄ ဧကရာဇ်အရှင်တစ်ပါးထံမှရရှိသည့် ဤအမွေအနှစ်တို့ကြောင့် သူ အသွင်မပြောင်းလဲနိုင်စရာ အကြောင်းမရှိပေ။

ဖရိုဖရဲ ထဲက တိုက်ပွဲများကို မြင်တွေ့ခဲ့ပြီးနောက် သူ၏ရည်မှန်းချက်များသည် ရွှမ်ထျန်းတိုက်ကြီးပေါ်တွင်တင် ကန့်သတ်မနေတော့ပေ။

ဧကရာဇ်အရှင်နယ်ပယ်ဆိုသည်မှာ တခြားပြင်ပလောကကြီးထဲတွင် အစပျိုးရုံမျှသာ ရှိသေးသည်။

သူ၏လက်ရှိပန်းတိုင်မှာ တစ်လောကလုံးတွင် အင်အားအကောင်းဆုံး သိုင်းပညာရှင်တစ်ဦး ဖြစ်လာရန်ပင်။

ရှုချွမ်းက ဤပန်းတိုင်သည် အလွန်အမင်း ဝေးကွာမနေတော့ဘဲ ထိုကိစ္စသည်လည်း ခက်ခဲလိမ့်မည်မဟုတ်ဟု ခိုင်မာစွာ ယုံကြည်နေသည်။

ရည်မှန်းချက်အသစ်ကြောင့် သူသည် တက်ကြွမှုများဖြင့် ပြည့်နှက်နေတော့သည်။

သဘာဝအတိုင်းပင် သူ၏လက်တလော ရည်မှန်းချက်ငယ်လေးမှာ ဧကရာဇ်အရှင်နယ်ပယ်သို့ အောင်မြင်စွာ အဆင့်တက်လှမ်းရန်၊ ဧကရာဇ်အရှင်နယ်ပယ် သိုင်းပညာရှင်များ ပျောက်ကွယ်သွားရသည့် လျှို့ဝှက်ချက်ကို ရှာဖွေရန်နှင့် ထို့နောက်တွင် ပြင်ပလောကကြီးထဲသို့ ဝင်ရောက်ရန် ဖြစ်သည်။

"ဟူး..."

ရှုချွမ်းက အသက်ကို ပြင်းပြင်းရှူထုတ်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။

အမွေအနှစ်ရယူခြင်းက ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ သူ ထွက်ခွာရမည့်အချိန် ရောက်ပြီဖြစ်သည်။

ရွှေရောင်ရှေးဟောင်းနန်းတော် ပွင့်ခဲ့သည်မှာ ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲဆိုတာကိုတော့ သူ မသိသေးပေ။

ရှုချွမ်းက အတွေးတစ်ချက် ဖြင့် ညွှန်ကြားလိုက်ရာ သူ ရွှေရောင်ရှေးဟောင်းနန်းတော်သို့ စတင်ဝင်ရောက်ခဲ့စဉ်က တည်နေရာကူးပြောင်းခြင်းဝင်ပေါက်အနီးသို့ ရောက်ရှိသွားသည်။

ယခုအခါတွင် ရှေးဟောင်းနန်းတော်ကမ္ဘာတစ်ခုလုံးက သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေပြီဖြစ်ရာ သူ သွားလိုသည့်နေရာတိုင်းကို သွားနိုင်ပြီး ဤနေရာရှိ အခွင့်အလမ်းအားလုံးကို သူ၏ပိုင်ဆိုင်မှုအဖြစ် သိမ်းဆည်းထားနိုင်သည်။

သူ့အတွက်မူ ဤနေရာက ကြီးမားလှသောနေရာလွတ် နယ်မြေတစ်ခုကဲ့သို့ပင်ဖြစ်ပြီး ထူးခြားချက်မှာ သက်ရှိများကိုပါ ထည့်သွင်းထားနိုင်ပြီး အတွင်း၌ အချိန်စီးဆင်းမှု ရှိနေခြင်းဖြစ်သည်။

သို့သော်လည်း ရှေးဟောင်းနန်းတော်ကမ္ဘာတစ်ခုလုံးတွင် မည်သူမျှ ကျန်ရှိမနေတော့ပေ။

ရွှေရောင်ရှေးဟောင်းနန်းတော်က တစ်လကြာအောင် ပွင့်ခဲ့ခြင်းဖြစ်ပုံရပြီး အသက်ရှင်ကျန်ရစ်သည့် သိုင်းပညာရှင်အားလုံး ထွက်သွားကြပြီ ဖြစ်သည်။

ရှုချွမ်းက ဤကမ္ဘာမှ ထွက်တော့မည့်အချိန်မှာပင် မိစ္ဆာသားရဲတစ်ကောင်၏ ကိုက်ခဲဝါးမြိုခြင်းကို ခံထားရသည့် အလောင်းတစ်လောင်းက သူ့ကို ရုတ်တရက် အာရုံစိုက်မိသွားစေသည်။

ထိုအလောင်းပေါ်တွင် ကျန်ရှိနေသေးသော ဝတ်စုံစုတ်ကို ကြည့်ပြီး ရှုချွမ်းက လူတစ်ယောက်ကို သတိရသွားသည်။

"ဒါ ငွေလမြင့်မြတ်နယ်‌မြေရဲ့ ခေါင်းဆောင် မဟုတ်ဘူးလား"

ရှုချွမ်းက စိတ်ထဲမှ တွေးတောရင်း ထိုနေရာသို့ ဆင်းသက်လိုက်သည်။

သူက မြေပြင်ပေါ်သို့ ပြုတ်ကျနေသော ငွေဖြူရောင် တံဆိပ်ပြားလေးတစ်ခုကို ကောက်ယူလိုက်ရာ ထိုတံဆိပ်ပြားပေါ်တွင် "ယွမ်လီ" ဟု ရေးထွင်းထားသည်ကို တွေ့လိုက်ရသည်။

သေချာပါသည်၊ ဒါ ထိုလူ၏ အလောင်းပင် ဖြစ်သည်။

"ငါမှတ်မိသလောက်တော့ ဒီလူ မသေခင်က ဆန်းကြယ်တဲ့ ပုတီးစေ့တစ်စေ့ ရထားတယ် မဟုတ်လား"

ထိုလူရရှိခဲ့သည့် အခွင့်အလမ်းမှာ ဆန်းကြယ်သော ပုတီးစေ့တစ်စေ့ဖြစ်သည်ကို သူ မှတ်မိနေသည်။

စနစ်ကပင် ဤပုတီးစေ့ကို ဆန်းကြယ်သည်ဟု သတ်မှတ်ခဲ့သဖြင့် ရှုချွမ်း၏ စိတ်ဝင်စားမှုကို နှိုးဆွပေးခဲ့သည်။

သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ထိုရုပ်အလောင်းထဲမှ စိမ်းဖန့်ရောင် ပုတီးစေ့တစ်စေ့ ပျံထွက်လာပြီး သူ့လက်ထဲသို့ ကျရောက်လာသည်။

ထိုလူက ၎င်းကို မည်သို့ဝှက်ထားခဲ့သည်တော့ မသိရပေ။ ရုပ်အလောင်းကို ကြည့်ရသလောက် ထိုလူသည် သေဆုံးပြီးနောက် လုယက်ခြင်းခံခဲ့ရပြီး သူ၏ သိုလှောင်လက်စွပ်ပင် ပျောက်ကွယ်နေခဲ့သည်။

အသုံးမလိုသည့် အဆတ်အစပ် ပစ္စည်းအမျိုးမျိုးက မြေပြင်ပေါ်တွင် ပြန့်ကျဲနေပြီး ၎င်းတို့မှာ သိုလှောင်လက်စွပ်ထဲမှ အတင်းဆွဲထုတ်ပြီး လွှင့်ပစ်ထားခဲ့ခြင်း ဖြစ်မှာ သေချာသည်။

သို့သော် ဤစိမ်းဖန့်ရောင် ပုတီးစေ့ကိုမူ သူတို့ ရှာမတွေ့ခဲ့ကြပေ။

ရှုချွမ်းက သူ၏အသိစိတ်ကို ထိုပုတီးစေ့ထဲသို့ နစ်မြှုပ်ကြည့်လိုက်ရာ ၎င်းက ဘာလဲဆိုတာကို ချက်ချင်း သဘောပေါက်သွားသည်။

ဤအရာသည် "ဝိညာဉ်ပုတီးစေ့" တစ်စေ့ဖြစ်ပြီး ရှုချွမ်းအနေဖြင့် ယခင်က အမွေအနှစ်မြင်ကွင်းထဲရှိ မျိုးနွယ်ခြားများထံတွင် မြင်တွေ့ခဲ့ဖူးသည်။

ကောင်းကင်ဘုရင်နယ်ပယ်အထက်ရှိ မျိုးနွယ်ခြားများသာလျှင် ဝိညာဉ်ပုတီးစေ့များကို သိပ်သည်းဖြစ်တည်စေနိုင်သည်။

ဤအရာက သာမန်သိုင်းပညာရှင်များအတွက် မည်သို့မျှ အသုံးမဝင်ပေ။

သို့သော်လည်း သးတို့၏ သိုင်းတာအို အစစ်အမှန် ဝိညာဉ်ကို နှိုးထပြီးသား သိုင်းပညာရှင်များအတွက်မူ အလွန်အဖိုးတန်လှသော အာဟာရတစ်ခွက်ပင် ဖြစ်သည်။

၎င်းက သိုင်းတာအို အစစ်အမှန် ဝိညာဉ်ကို ပိုမိုသန်မာလာစေပြီး နောက်ထပ်အဆင့်တစ်ခုအထိ အသွင်ပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်သည်။

အကယ်၍ ဝိညာဉ်ပုတီးစေ့ အရေအတွက် လုံလောက်စွာရှိလျှင် သိုင်းတာအို အစစ်အမှန် ဝိညာဉ်ကို "ယန်နတ်ဘုရား" အဆင့်အထိ တစ်ဟုန်ထိုး အသွင်ပြောင်းလဲသွားစေနိုင်သည်ပင်။

ယန်နတ်ဘုရား ဖြစ်တည်လာပြီးသည်နှင့် သိုင်းပညာရှင်တစ်ဦးသည် အင်မော်တယ် အခြေအနေသို့ ရောက်ရှိသွားပြီဟု ဆိုနိုင်သည်။

ယန်နတ်ဘုရား မပျက်စီးသရွေ့ ခန္ဓာကိုယ်က မည်မျှပင် ထိခိုက်ပျက်စီးပါစေ၊ သွေးတစ်စက် ရှိရုံမျှဖြင့် ပြန်လည်မွေးဖွားနိုင်စွမ်း ရှိသည်။

သို့သော်လည်း သိုင်းပညာရှင်တစ်ဦးအတွက် သိုင်းတာအို အစစ်အမှန် ဝိညာဉ်ကို နှိုးထနိုင်ရန်ပင် အလွန်ခဲယဉ်းလှသော အခွင့်အလမ်းဖြစ်ပြီး ယန်နတ်ဘုရား အဆင့်ဆိုသည်မှာ ကောင်းကင်ဘုရင်နယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်များသာ အိပ်မက်မက်ဝံ့သည့် အရာဖြစ်သည်။

ရှုချွမ်း၏ လက်ထဲရှိ ဝိညာဉ်ပုတီးစေ့မှာ ဧကရာဇ်အရှင်နယ်ပယ်သို့ စတင်အဆင့်တက်ခါစ မျိုးနွယ်ခြားတစ်ဦးထံမှ ရရှိထားခြင်း ဖြစ်သည်။

"တကယ်ကို ပစ္စည်းကောင်းပဲ"

ရှုချွမ်း၏ မျက်လုံးများ တောက်ပသွားသည်။ သူသည် သိုင်းတာအို အစစ်အမှန် ဝိညာဉ်ကို မည်သို့သန်မာအောင် လုပ်ရမလဲဟု တွေးတောပူပန်နေချိန်တွင် အိပ်ချင်နေတုန်း ခေါင်းအုံး ပေးလိုက်သကဲ့သို့ အချိန်ကိုက် ဖြစ်သွားရသည်။

သူက ဝိညာဉ်ပုတီးစေ့ကို သိမ်းဆည်းလိုက်ပြီး လက်တစ်ချက် ဝှေ့ယမ်းကာ နေမင်းအစစ်အမှန်မီး‌တောက်များဖြင့် ထိုနေရာရှိ ရုပ်အလောင်းကို ပြာကျအောင် လောင်ကျွမ်းပစ်လိုက်သည်။

ထို့နောက်တွင် အလင်းတစ်ချက် လက်သွားပြီးနောက် သူသည် ရှေးဟောင်းနန်းတော်၏ အပြင်ဘက်သို့ ပေါ်ထွက်လာခဲ့သည်။

တစ်လကျော်ကြာပြီးနောက် ရှုချွမ်းသည် ဤအဆုံးမဲ့ပင်လယ်ပြင်ကြီးထဲသို့ တစ်ဖန်ပြန်လည် ရောက်ရှိလာခဲ့ရာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

ဤရှေးဟောင်းနန်းတော် ခရီးစဉ်အတွင်း သူသည် နတ်ဘုရားစွမ်းအားနယ်ပယ် အဆင့်၁ မှ လက်ရှိ နိဗ္ဗာနနယ်ပယ် အဆင့်၁ သို့ အဆင့်တက်နိုင်ခဲ့ရုံသာမက နန်းတော်သခင်၏ အမွေအနှစ်ကိုပါ ရရှိခဲ့သည်။

သူ၏ ရရှိမှုများက တကယ်ကို ကြွယ်ဝလှပေသည်။

"နောက်တော့...မြင့်မြတ်နယ်မြေကို ပြန်ရမယ့်အချိန်ပဲ"

ရွှေရောင်ရှေးဟောင်းနန်းတော် အပြင်ဘက်ရှိ ကျွန်းကလေးမှာ လူသူကင်းမဲ့ ခြောက်ကပ်နေပြီ ဖြစ်ရာ သူ အမွေအနှစ်ကို လက်ခံရယူနေစဉ်အတွင်း အချိန်အတော်ကြာ ကုန်လွန်သွားခဲ့သည်မှာ ထင်ရှားသည်။

နန်းတော်အမွေအနှစ်ထဲတွင် နစ်မြှုပ်နေစဉ်ကမူ သူ ဤမျှ အချိန်ကုန်သွားသည်ကို သတိမပြုမိခဲ့ပေ။

ရှုချွမ်းက ဟင်းလင်းပြင်ထဲတွင် ရပ်တန့်ကာ သူ့ရှေ့ရှိ ရွှေရောင်ရှေးဟောင်းနန်းတော်ကို ကြည့်ပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ရွှေရောင်ရှေးဟောင်းနန်းတော်က တဖြည်းဖြည်း သေးငယ်သွားပြီး နောက်ဆုံးတွင် လက်ဖဝါးအရွယ်အစားမျှသာ ရှိတော့ကာ ရှုချွမ်း၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။

"အော်... မင်း နောက်ဆုံးတော့ ထွက်လာခဲ့ပြီပဲ"

ရှုချွမ်းက ရွှေရောင်ရှေးဟောင်းနန်းတော်ကို သိမ်းဆည်းလိုက်သည်နှင့် အလွန်နားငြီးဖွယ်ကောင်းသော အသံတစ်သံက သူ့နားထဲသို့ ပဲ့တင်ထပ်ဝင်ရောက်လာသည်။

ဤရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ရှုချွမ်း ထိတ်လန့်သွားရသည်။

သူက အသံလာရာကို လိုက်ကြည့်လိုက်သောအခါ ထိုအသံမှာ သူ့ရှေ့ရှိ ရွှမ် လိပ်ကြီးထံမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

"မင်း စကားပြောနေတာလား"

ရှုချွမ်းက မေးလိုက်သည်။

"ဒီဘုရင်ကလွဲလို့ တခြားဘယ်သူ ရှိဦးမှာလဲ"

ထိုအသံက ထပ်မံထွက်ပေါ်လာရာ ရှုချွမ်းအနေဖြင့် သူ့ရှေ့က ရွှမ် လိပ်ကြီး အမှန်တကယ် စကားပြောနေခြင်းဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။

ရှုချွမ်းက မဆင်မခြင် အနားသို့ မချဉ်းကပ်ခဲ့ပေ။

ဤကောင်းကင်ဘုရင်နယ်ပယ် မိစ္ဆာ သားရဲကြီးသည် ရွှေရောင်ရှေးဟောင်းနန်းတော်၏ ဖိနှိပ်ခြင်းကို နှစ်ပေါင်းတစ်သိန်းတိုင်တိုင် ခံခဲ့ရခြင်း ဖြစ်သည်။

မည်သူမဆို နာကျည်းချက်များ ရှိနေနိုင်ရာ မိစ္ဆာ သားရဲတစ်ကောင်ဆိုလျှင် ပို၍ပင် ဆိုးရွားပေလိမ့်မည်။

"မင်း အမွေအနှစ်ကို ရရှိပြီး ရွှေရောင်ရှေးဟောင်းနန်းတော်ကို သိမ်းပိုက်လိုက်တာလား"

ရွှမ် လိပ်ကြီး 'ရွှမ်လျဲ့' က ဆက်လက်မေးမြန်းသည်။

"ဟုတ်တယ်"

ရှုချွမ်းက ရဲရဲဝံ့ဝံ့ပင် ဝန်ခံလိုက်သည်။

မျက်စိရှိသူတိုင်း သူ ရွှေရောင်ရှေးဟောင်းနန်းတော်ကို သိမ်းဆည်းလိုက်သည်ကို မြင်တွေ့နိုင်သဖြင့် ဖုံးကွယ်နေစရာ အကြောင်းမရှိပေ။

ထိုစကားကို ကြားသောအခါ ရွှမ်လျဲ့က သူ၏ဧရာမ ခေါင်းကြီးကို ငြိမ့်ပြပြီးနောက် ပြော သည်။

"လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းက ငါက ဒီရှေးဟောင်းနန်းတော်ထဲက အဘိုးကြီးနဲ့ ကတိတစ်ခု ပြုလုပ်ခဲ့တယ်၊ ငါက ဒီရွှေရောင်ရှေးဟောင်းနန်းတော်ကို နှစ်ပေါင်းတစ်သိန်းတိုင်တိုင် သယ်ဆောင်ပေးရမယ်၊ နှစ်ပေါင်းတစ်သိန်း ပြည့်ပြီးတဲ့အခါ တစ်စုံတစ်ယောက်က ဒါကို လာရောက်သိမ်းပိုက်လိမ့်မယ်လို့ပေါ့"

"ပြီးတော့ ငါက အဲဒီလူကို နှစ်ပေါင်းတစ်ရာပဲ စောင့်ရှောက်ပေးဖို့ လိုအပ်တယ်၊ အဲဒီလို လုပ်ပေးရင် ငါ့ကို ဧကရာဇ်အရှင်နယ်ပယ်အထိ အဆင့်တက်လှမ်းနိုင်စေမယ့် ကျင့်စဉ်တစ်ခု ပေးမယ်လို့ ကတိပြုခဲ့တယ်"

"ငါ ဒီနေ့ရက်ကို နှစ်ပေါင်းတစ်သိန်းနီးပါးစောင့်ဆိုင်းခဲ့ရတာ"

"မင်း နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ"

ရွှမ်လျဲ့သည် ဤအခိုက်အတန့်တွင် အလွန်အမင်း စိတ်လှုပ်ရှားနေပုံရသည်။

သူ အလိုချင်ဆုံးအရာမှာ ကျင့်စဉ်အဆင့် တိုးတက်လှမ်းရန် ဖြစ်သည်။

ဒီအတွက်ကြောင့် သူသည် နှစ်ပေါင်းတစ်သိန်းလုံးလုံး စောင့်ဆိုင်းခဲ့ရသည်။

နှစ်ပေါင်းတစ်သိန်းဆိုသည့် အချိန်အတွင်း ပင်လယ်တွေက ကုန်းမြေဖြစ်လို့၊ သမိုင်းကြောင်းတွေ ပြောင်းလဲခဲ့ရသည်။

အကယ်၍ သူ၏ရွှမ်လိပ် မျိုးနွယ်စု၏ ရှည်လျားလှသော အသက်သက်တမ်းသာ မရှိခဲ့လျှင် သူသည် ယနေ့အချိန်အထိ ကြံ့ကြံ့ခံနိုင်ခဲ့မည် မဟုတ်ပေ။

ရှုချွမ်း ကြောင်အသွားရသည်။

ရွှမ်လျဲ့တွင် အဘိုးကြီးနန်နှင့် ဤကဲ့သို့သော ကတိကမျိုး ရှိခဲ့လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သို့သော်လည်း သူ ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။

ဒါက အဘိုးကြီးနန်က သူ၏အမွေအနှစ် ဆက်ခံမည့်သူအတွက် ချန်ထားရစ်ခဲ့သည့် အကာအကွယ် အလွှာတစ်ခု ဖြစ်သည်။

နှစ်ပေါင်းတစ်ရာ စောင့်ရှောက်ပေးရမည် ဖြစ်ပြီး အဘိုးကြီးနန်၏ အမွေအနှစ်များဖြင့်ဆိုလျှင် ဝက်တစ်ကောင်ပင် ဧကရာဇ်နယ်ပယ်သို့ အဆင့်တက်နိုင်သည်။

ထိုအချိန်ကျမှ ရှေးဟောင်းနန်းတော်ထဲမှ မည်သည့်ကျင့်စဉ်ကိုမဆို ထုတ်ပေးလိုက်ရုံဖြင့် ရွှမ်လျဲ့အတွက် အဆင့်တက်ရန် လုံလောက်ပေလိမ့်မည်။

အကြောင်းစုံကို တွေးတောနားလည်သွားပြီးနောက် ရှုချွမ်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။

ကောင်းကင်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့် လက်ထောက်တစ်ယောက်ကို အလကားရရှိခြင်းအပေါ် မည်သူက မပျော်ရွှင်ဘဲ နေပါမည်နည်း။

"ဒီလိုဆိုမှတော့ ငါနဲ့အတူ လိုက်ခဲ့တော့၊ နှစ်ပေါင်းတစ်ရာပြည့်ရင် မင်းကို ထိုကျင့်စဉ် ပေးမယ်လို့ ငါ အာမခံပါတယ်"

"နှစ်ပေါင်းတစ်ရာတောင် စောင့်စရာ မလိုပါဘူး၊ ငါ ဧကရာဇ်နယ်ပယ်ကို အဆင့်တက်တာနဲ့ မင်းကို ချက်ချင်း ပေးမှာပါ"

ရှုချွမ်းက ပြောလိုက်သည်။

"တကယ်လား"

ထိုစကားကို ကြားရသောအခါ ရွှမ်လျဲ့သည် ချက်ချင်းပင် အတိုင်းထက်အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားတော့သည်။

ချက်ချင်းပင် ပင်လယ်ရေပြင်ကြီးက လှိုင်းထန်သွားပြီး ရွှမ်လျဲ့၏ ခန္ဓာကိုယ်က လျင်မြန်စွာ သေးငယ်သွားကာ လက်ဖဝါးအရွယ် လိပ်ကလေးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ရှုချွမ်း၏ လက်ထဲသို့ ပျံသန်းဝင်ရောက်လာသည်။

"ဒါဆို ငါတို့ ဘာကို စောင့်နေကြဦးမလဲ၊ သွားကြစို့"

ဒါကို မြင်သောအခါ ရှုချွမ်းက တွေဝေမနေတော့ဘဲ ရွှမ်လျဲ့ကို သူ၏ပုခုံးပေါ်တွင် တင်လိုက်ပြီးနောက် မြင့်မြတ်နယ်မြေသို့ ပြန်လည်ထွက်ခွာရန် ပြင်ဆင်လိုက်တော့သည်။

All Chapters