← Chapters

အခန်း ၂၉၇

Vol. 30 Ch. 297

အခန်း ၂၉၇

Vol. 30 Ch. 297

အပိုင်း ၂၉၇

"ဒီလောက်တောင် စွမ်းဆောင်ရည် မြင့်တာလား။"

ရွှီလိ၏ မျက်နှာတွင် အံ့ဩသွားသည့် အမူအရာ ပေါ်လာပြီး စက်ရုပ်ကို လက်ဆန့်ကာ မကိုင်ဘဲ မနေနိုင်ဖြစ်သွားသည်။ သူ ခံစားမိသလောက်ဆိုလျှင် ဤစက်ရုပ်ကို ကာဗွန်လူမီနီယံ အလွတ်သတ္တုစပ်ဖြင့် ပြုလုပ်ထားပုံရသဖြင့် မျက်နှာပြင်ပေါ်တွင် အပူချိန် မရှိပေ။

"ဝက်ဝံကြီး။"

ရွှီလိ၏ စိုက်ကြည့်မှုကို ရင်ဆိုင်ရင်း လင်းဖန်က ခပ်အေးအေးပင် ပြောလိုက်သည်။

ဒါက သူ ရှုံ့တာ၏ တည်ရှိမှုကို ပထမဆုံးအကြိမ် မိတ်ဆက်ပေးခြင်း ဖြစ်သည်။

ဤစက်ရုပ်သည် ရှုံ့တာ၏ ပထမဆုံးသော ရုပ်ဝတ္ထုသယ်ဆောင်ကိရိယာ ဖြစ်သော်လည်း၊ ၎င်းက စစ်မှန်သော အဓိပ္ပာယ်အရ သယ်ဆောင်ကိရိယာတစ်ခု မဟုတ်ဘဲ ရှုံ့တာ၏ ပြင်ပကိရိယာတစ်ခုအဖြစ်သာ သတ်မှတ်နိုင်သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းက ရှုံ့တာ၏ ညွှန်ကြားချက်များကိုသာ လက်ခံရရှိနိုင်ပြီး ရှုံ့တာ၏ လုပ်ငန်းစဉ်များကို မလည်ပတ်နိုင်ခြင်းကြောင့် ဖြစ်သည်၊ သို့သော်လည်း ၎င်းက ရှုံ့တာ၏ ကိုယ်ပွား များထဲမှ တစ်ခုလည်း ဖြစ်သည်။

"ဝက်ဝံကြီးလား။ စိတ်ဝင်စားဖို့ကောင်းသား"

"ရှုံ့တာ၊ ရွှီလီကို နှုတ်ဆက်လိုက်ဦး။" လင်းဖန်က ပြောလိုက်သည်။

"မင်္ဂလာပါ ရွှီလီ၊ ကျွန်တော့်နာမည်က ရှုံ့တာ ပါ။"

ချက်ချင်းပင် ရှုံ့တာ၏ ကလေးဆန်သော အသံသည် စမ်းသပ်ခန်းထဲတွင် ပျံ့လွင့်သွားခဲ့သည်။

"မင်္ဂလာပါ။"

ရွှီလီသည် ခဏမျှ ကြောင်အသွားပြီးနောက် စက်ရုပ်ကို ပြန်လည်နှုတ်ဆက်လိုက်သည်။

ရွှီလီသည် ရုပ်ရှင်ထဲက ကမ္ဘာကြီးကို ထိန်းချုပ်ထားသည့် ဉာဏ်ရည်တုမျိုးကို မတွေးမိခဲ့ပေ။ သူ တွေးမိသည်မှာ စမတ်လက်ထောက်၏ အဆင့်မြှင့်တင်ထားသော ပုံစံမျိုးသာ ဖြစ်ပြီး သူက စမတ်လက်ထောက်နှင့်လည်း ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်သည်။

ဤစကားကို ကြားရချိန်တွင် ရွှီလီသည် သာ၍ပင် အံ့ဩသွားခဲ့သည်။ စမတ်လက်ထောက်၏ စကားပြောဆိုမှုက အလွန် လိုက်လျောညီထွေရှိလှသော်လည်း ရှုံ့တာ၏ စကားပြောဆိုမှုက စက်ပစ္စည်းတစ်ခုနှင့် စကားပြောနေရသလိုမျိုး မဟုတ်ဘဲ လူသားတစ်ဦးနှင့် သာ၍ တူညီနေကြောင်း သူ သတိပြုမိခဲ့သည်။

"မင်းကို စဉ်းလဲတဲ့မုဒ်ထဲ ထည့်ထားမိသလားဆိုတာ အခု ငါ သံသယဝင်မိပြီ။" လင်းဖန်သည် ရယ်လည်းမရ ငိုလည်းမရ ဖြစ်သွားခဲ့သည်။

"ရွေးချယ်စရာ မုဒ်တွေ ရှိသေးလို့လား။" ရွှီလီက မေးမြန်းခဲ့သည်။

"ရှိတာပေါ့၊ ငါ ရှုံ့တာကို သုတေသနပြုလုပ်နေတုန်းက မော်ဒန်ဖုန်းကနေ စိတ်ကူးစိတ်သန်း ရခဲ့တာ။ သူက ဇာတ်ကောင်မုဒ်တွေကို ပြောင်းလဲနိုင်စွမ်း ရှိတယ်။ အခု ရှုံ့တာမှာ လိမ္မာရေးခြားရှိတဲ့ ဇာတ်ကောင်မုဒ် ရှိနေပြီး တခြား ဇာတ်ကောင်မုဒ်တွေလည်း ရှိသေးတယ်၊ ဒါပေမဲ့ ငါ မစမ်းသပ်ရသေးဘူး။" လင်းဖန်က ပြောလိုက်သည်။

ရှုံ့တာကို ဖန်တီးခဲ့ကတည်းက သူသည် အမြဲတမ်း နာခံတတ်သောမုဒ်တွင်သာ ရှိနေခဲ့သည်။ ထူးခြားဆန်းသစ်မှုတစ်ခုကို စမ်းသပ်ရန်အတွက် ထိုနေ့တွင် သူ၏ ပင်ကိုယ်စရိုက်မုဒ်ကို ပြောင်းလဲလိုက်ရုံသာ ဖြစ်သည်။

"တကယ်ကို အနာဂတ်နည်းပညာလို ခံစားရတယ်။" ရွှီလီက ပြုံးလျက် ပြောလိုက်သည်။

"ကဲပါ၊ လေပန်းမနေတော့ဘူး။ ရှုံ့တာ၊ အခု စမ်းသပ်မှု စတင်ပြီး ခြေလှမ်းအနည်းငယ် လှောက်ကြည့်စမ်း။"

ယခုအခါ ရှုံ့တာ၏ စွမ်းဆောင်ရည်သည် သူ၏ အလုပ်အကိုင် အချက်အချာ ဖြစ်လာခဲ့သည်။

သူ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် စက်ရုပ်သည် စတင်လှုပ်ရှားခဲ့သည်။

"စားပွဲပေါ်က ရေဖန်ခွက်ကို သွားဖြည့်လိုက်။" လင်းဖန်သည် ရွှီလိ၏ လက်ထဲမှ ရေကိုယူ၍ စက်ရုပ်ထံ ကမ်းပေးလိုက်သည်။

"ငါ့ဆီ ရေဖန်ခွက် ယူလာပေး"

……

ညွှန်ကြားချက်တစ်ခုပြီးတစ်ခုက လင်းဖန်အား စက်ရုပ်၏ စွမ်းဆောင်ရည်ကို အစဉ်မပြတ် စမ်းသပ်နိုင်စေခဲ့သည်။

ရှုံ့တာသည် ဤညွှန်ကြားချက်အများစုကို နားလည်သော်လည်း ၎င်းတို့ကို လုပ်ဆောင်သည့်အခါ ကွက်တိဖြစ်စေရန်အတွက် အစဉ်မပြတ် လေ့ကျင့်မှု၊ သင်ယူမှုနှင့် ချိန်ညှိမှုများ လိုအပ်သည်။

ရွှီလီသည် ဤမြင်ကွင်းကို အံ့ဩတကြီး ကြည့်ရှုနေခဲ့သည်။ ဤကဲ့သို့သော မြင်ကွင်းမျိုးကို အနာဂတ် သိပ္ပံရုပ်ရှင်များတွင်သာ မြင်တွေ့နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက ယခု မိမိမျက်စိရှေ့မှောက်တွင် ဖြစ်ပျက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ဒါတွေအားလုံးက အလွန် စိတ်လှုပ်ရှားတုန်လှုပ်ဖွယ် ကောင်းလှသည်။ ဤစက်ရုပ်သည် လူသားနှင့် လုံးဝ တူညီနေသည်။ အကယ်၍ ဤမြင်ကွင်း၏ ဗီဒီယိုကို ရိုက်ကူးပြီး အင်တာနက်ပေါ်သို့ တင်လိုက်မည်ဆိုပါက နောက်ထပ် ရေပန်းစားမှုလှိုင်းတစ်ခုကို ဆော်ဩပေးလိမ့်မည်ဟု သူစိုးရိမ်မိသည်။

ရွှီလိသည် ဘေးတွင် ထိုင်ပြီး လင်းဖန်၏ ကျောပြင်ကို တိတ်တဆိတ် ကြည့်ရှုနေခဲ့သည်။ အနာဂတ်သည် မိမိနှင့် ဤမျှအထိ နီးကပ်နေပြီဖြစ်ကြောင်း သူ ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

လင်းဖန်သည် စက်ကို စမ်းသပ်ခြင်းအပေါ်တွင်သာ အာရုံစိုက်ထားခဲ့သည်။

ယခု စက်ရုပ်မှာ ပြီးစီးခါစမျှသာ ရှိသေးသဖြင့် အရာများစွာကို ချိန်ညှိရန် လိုအပ်သည်။ ကံကောင်းထောက်မစွာဖြင့် ရှုံ့တာသည် တုပသင်ယူနိုင်ပြီးနောက် အလိုအလျောက် ချိန်ညှိနိုင်သဖြင့် သူက အလျင်အမြန် လိုက်လျောညီထွေ ဖြစ်သွားခဲ့သည်။

ထို့ပြင် စက်ရုပ်သည် အစဉ်မပြတ် အလုပ်လုပ်ပြီး တွက်ချက်နေစဉ်အတွင်း မည်မျှအထိ ကြာကြာ အလုပ်လုပ်နိုင်မည်ကိုလည်း သူ စမ်းသပ်လိုခဲ့သည်။

နှစ်နာရီအကြာတွင် လှုပ်ရှားနေသော စက်ရုပ်သည် ရုတ်တရက် သူလုပ်လက်စကို ရပ်တန့်လိုက်ပြီး အားသွင်းကြိုးဆီသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားကာ အားသွင်းခေါင်းကို ကိုင်၍ ချိတ်ဆက်မှုပေါက်ထဲသို့ ထိုးသွင်းလိုက်သည်။

"ဒီလောက်အထိ မြန်မြန်ဆန်ဆန်ပဲ အားကုန်သွားတာလား။"

"ဟုတ်ပါတယ်၊ ဘက်ထရီပါဝါက သုံးနာရီစာ အဆက်မပြတ် လှုပ်ရှားမှုနဲ့ ညွှန်ကြားချက်တွေကို လက်ခံဆောင်ရွက်မှုကိုပဲ ထောက်ပံ့ပေးနိုင်လို့ပါ။" ရှုံ့တာက ပြောလိုက်သည်။

"အားအပြည့်သွင်းဖို့ ဘယ်လောက်ကြာလဲ။"

"နာရီဝက်ပါ"

"ကြည့်ရတာ စက်ရုပ်နှစ်ရုပ်က တစ်လှည့်စီ အလုပ်လုပ်ဖို့ လိုအပ်လိမ့်မယ်၊ ဒါမှမဟုတ် ပမာဏ သာ၍ကြီးမားတဲ့ ဘက်ထရီ လိုအပ်လိမ့်မယ် ထင်တယ်။"

စက်ရုပ်၊ အိုင်းရွန်းမန်း၏ အာ့ခ် ရီအက်တာသည် အကောင်းဆုံး စွမ်းအင်အရင်းအမြစ် ဖြစ်သော်လည်း ဤကဲ့သို့သော နည်းပညာမျိုးက အချိန်တိုအတွင်း မဖြစ်နိုင်ပေ။

အနာဂတ်တွင် အကယ်၍ စနစ်၌ ဘာပြဿနာမျှ မရှိခဲ့လျှင် ဆင်တူသော နည်းပညာမျိုး ရရှိလာနိုင်ကောင်း ရရှိလာနိုင်သည်။

လင်းဖန်က ၎င်းကို တွေးတောလိုက်ပြီးနောက် နောက်ဆုံးတွင် နည်းလမ်းတစ်ခုကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

ပမာဏ သာ၍ကြီးမားသော ဘက်ထရီကို ရယူရန် ကြိုးပမ်းအားထုတ်မှုများစွာ လိုအပ်ပြီး ၎င်းက နောက်ထပ် နာရီအနည်းငယ်သာ ခံလိမ့်မည်ဖြစ်ရာ စမ်းသပ်ခန်းထဲတွင် အချိန်အတော်ကြာ ရှိနေမည့် လက်ထောက်စက်ရုပ်အတွက် ကြီးမားသော အဓိပ္ပာယ် မရှိပေ။

စက်ရုပ်နှစ်ရုပ်က တစ်လှည့်စီ လုပ်ဆောင်ခြင်းဖြစ်ပြီး လိုအပ်သည့်အခါ ၎င်းတို့နှစ်ဦးစလုံး အတူတူ ပူးပေါင်းလုပ်ဆောင်ပြီး နောက်ထပ် ကူညီပေးမည့်သူတစ်ဦး ရှိနေခြင်းက သာ၍ ကောင်းမွန်ကြောင်း ထင်ရှားသည်။ တန်ပြန်အစီအမံများကို တွေးတောပြီးနောက် လင်းဖန်သည် ကျန်းဖန်၏ ဖုန်းကို ခေါ်ဆိုလိုက်သည်။

ကျန်းဖန်သည် သူ့လက်ထဲရှိ ဖိတ်စာကို ကြည့်ရှုနေခဲ့သည်။ ရုတ်တရက် ကြိုးဖုန်း မြည်လာခဲ့သည်။ ဖုန်းကို လက်ခံရရှိပြီးနောက် ကျန်ဖန်သည် ရယ်မောလိုက်သည်။ သံဖိနပ်တွေ ဝတ်ဆင်ပြီး ရှာဖွေတာတောင် ဘာမှ ရှာမတွေ့ခဲ့တာပဲကိုဥစ္စာ……

"ဥက္ကဋ္ဌကြီး၊ ဘာကိစ္စရှိလို့လဲခင်ဗျာ။"

"ဒီအပေါ်ကို တက်လာခဲ့ပါ။"

"ကောင်းပါပြီ။"

ကျန်ဖန်က ဘာမှ ထပ်မစဉ်းစားဘဲ သဘောတူခဲ့ပြီး သူ့လက်ထဲရှိ ဖိတ်စာကို ကိုင်ဆောင်ကာ ထွက်ခွာလာခဲ့သည်.........။

ဆယ်မိနစ်အကြာ။ ကျန်ဖန်သည် သူ့အတွက် ရေနွေးပူပူ ငှဲ့ပေးနေသော စက်ရုပ်ကို ကြည့်ပြီး ထိတ်လန့်တုန်လှုပ်နေသော အမူအရာဖြင့် ကြောင်အမ်းအမ်း စူးစိုက်ကြည့်နေခဲ့သည်။

သူသည် လင်းဖန်၏ စမ်းသပ်ခန်းထဲသို့ တစ်ကြိမ်မျှ မဝင်ဖူးခဲ့သလို၊ ၎င်းထဲတွင် ဘာကို သုတေသနပြုလုပ်နေသည်ကိုလည်း သူ မသိရှိပေ။ သူသည် များသောအားဖြင့် လင်းဖန်၏ လိုအပ်ချက်များအတိုင်း အချို့သောအရာများကိုသာ စီစဉ်ပေးလေ့ ရှိသည်။

သူ လင်းဖန်၏ ရုံးခန်းသို့ ရောက်သည်နှင့်တစ်ပြိုင်နက် လင်းဖန်သည် ဤကဲ့သို့သော စက်ရုပ်တစ်ရုပ်၊ သိပ္ပံရုပ်ရှင်ထဲက စက်ရုပ်မျိုးကို ခေါ်ထုတ်လိုက်ရာ ၎င်းက သူ့ရှေ့မှောက်တွင် ပေါ်ထွက်လာခဲ့သည်။

သူသည် မိမိကိုယ်ကိုယ် အချိန်ခရီးသွားခဲ့မိသလားဟုပင် သံသယဝင်မိပြီး ယခုအခါ သူ့စိတ်ထဲတွင် အနည်းငယ် လည်ပတ်ရန် ခက်ခဲနေခဲ့သည်။

"ဒါက ဥက္ကဠပြောပြောနေတဲ့ ကစားစရာ အရုပ်လေးလား။"

ကျန်ဖန်သည် စက်ရုပ် ကမ်းပေးလာသော ရေဖန်ခွက်ကို အံ့ဩသွားသည့် အမူအရာဖြင့် လှမ်းယူလိုက်သည်။

"ဒါက ကစားစရာ အရုပ်လေးပါပဲ။ မနေ့ကမှ အပြီးသတ်ခဲ့တာ။ ဒီနေ့မှ လမ်းလျှောက်ဖို့ စတင် သင်ယူရသေးတာပါ။ နောင် အနာဂတ်မှာ လူသားတွေရဲ့ လှုပ်ရှားမှု ဒေတာတွေကို စုဆောင်းဖို့ မနက်ခင်းက ရွှီလိကို ဒီပေါ် တက်လာခိုင်းလိုက်တာ။" လင်းဖန်က ပြောလိုက်သည်။

"ဥက္ကဠကစားစရာတွေက တကယ်ကို ထူးခြားတာပဲ။ နည်းပညာက ရင့်ကျက်နေပြီလား။"

ကျန်းဖန်သည် စက်ရုပ်ကို အံ့ဩတကြီး ကြည့်ရှုလိုက်သည်။

"ရင့်ကျက်တယ်လို့ မသတ်မှတ်နိုင်သေးပါဘူး၊ အခုထိ ဒေတာ စမ်းသပ်မှု အဆင့်မှာပဲ ရှိပါသေးတယ်။"

လင်းဖန်က ပြောလိုက်သည်။ "ဒါက အခုကျုပ်ရဲ့ စမ်းသပ်ခန်းလက်ထောက်၊ စက်ရုပ်လက်ထောက် တစ်ဦးပါပဲ။"

"နည်းပညာ ရင့်ကျက်သွားပြီးရင် ခန့်မှန်းခြေ ကုန်ကျစရိတ်က ဘယ်လောက်ရှိမလဲ။"

"ခန့်မှန်းရ ခက်ပါတယ်၊ ဒါပေမဲ့ဒါကို သုတေသနပြုလုပ်တဲ့ အစကတည်းကဆိုရင် ဉာဏ်ရည်ထက်မြက်တဲ့ အနှစ်သာရကို ထည့်မတွက်ဘဲ သန်း ၂၀ ကုန်ကျခဲ့ပြီး အရေးအကြီးဆုံးကတော့ ဦးနှောက်ဆဲလ်တွေ အများကြီး ကုန်ခမ်းခဲ့ရတာပါပဲ။ အကယ်၍ အမြောက်အမြား ထုတ်လုပ်မယ်ဆိုရင်တော့ ကုန်ကျစရိတ်က ၁ သန်းဝန်းကျင်လောက် ရှိလိမ့်မယ်။" လင်းဖန်က ပြောလိုက်သည်။

"၎င်းကို ဈေးကွက်ထဲ တင်ဖို့ စိတ်ဝင်စားမှု ရှိလား။" ကျန်ဖန်က မေးမြန်းခဲ့သည်။

"နည်းပညာက မရင့်ကျက်သေးပါဘူး၊ ထို့ပြင် ဒီအရာရဲ့ အစိတ်အပိုင်းတွေနဲ့ ကန့်သတ်ချက် တန်ဖိုးတွေအပေါ် တိကျတဲ့ ဒေတာတွေ မရှိသေးပါဘူး။ သက်တမ်းကိုလည်း မသိရသေးပါဘူး။ အကယ်၍ ရောင်းချပြီးတာနဲ့ ချက်ချင်း တစ်ခုခု မှားယွင်းသွားခဲ့ရင် ဒါက ပျက်စီးဆုံးရှုံးမှုရဲ့ လက္ခဏာ မဟုတ်ပါဘူး။"

"ကောင်းပါပြီ၊ နည်းပညာ ရင့်ကျက်သွားလို့ဈေးကွက်တင်ဖို့ အဆင်သင့်ဖြစ်တဲ့အခါ ကျတော့်ကိုပြောပါ။ အကယ်၍ ကုန်ကျစရိတ်က တကယ်ပဲ ၁ သန်းပဲ ရှိမယ်ဆိုရင် ကျတော် ခင်ဗျားကို ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်အောင် လုပ်ပေးမယ်။"

ကျန်းဖန်သည် စက်ရုပ်ကို ကြည့်ရှုပြီး ခဏမျှ စဉ်းစားကာ ပြောလိုက်သည်။

- "ဒါပေမဲ့ အခုလည်း ဥက္ကဠကက အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာတော့မှာပဲဥစ္စာ။"

"ဘာကို ဆိုလိုတာလဲ။" လင်းဖန်က မေးလိုက်သည်။

"ကျတော်အခု ကုမ္ပဏီရဲ့ လက်ရှိ ဈေးကွက်တန်ဖိုးကို မခန့်မှန်းနိုင်ပေမဲ့ လက်ရှိ ပိုင်ဆိုင်မှုနဲ့ဆိုရင် ကမ္ဘာ့အချမ်းသာဆုံး စာရင်းရဲ့ ထိပ်ဆုံးဆယ်ယောက်ထဲမှာ ပါဝင်ဖို့က ဘာပြဿနာမှ မရှိပါဘူး။"

ကျန်ဖန်က ပြောလိုက်သည်။

" မကြာခင်မှာ ထိပ်ဆုံးကို ရောက်ရှိနိုင်ပါလိမ့်မယ်။"

"ဘယ်လိုပြောရမလဲ။" လင်းဖန်က မေးလိုက်သည်။

သူ့တွင် ယခုအခါ ငွေနှင့် ပတ်သက်၍ ဘာအယူအဆမျှ မရှိတော့ပေ။ ငွေအမြောက်အမြား ရှိနေသည်ကိုသာ သူ သိရှိပြီး တိကျသော ကိန်းဂဏန်းများကိုမူ သူ မမြင်တွေ့ရသေးပေ။ စနစ်ရှိနေခြင်းကြောင့် ငွေသည် အဓိပ္ပာယ်မဲ့သောအရာ ဖြစ်လာခဲ့ပြီ ဖြစ်သည်။

...........................................................

All Chapters