← Chapters

မြောက်ဘက်မီးတောက်ငယ်နယ်မြေ

Vol. 010 Ch. 474

မြောက်ဘက်မီးတောက်ငယ်နယ်မြေ

Vol. 010 Ch. 474

မြောက်ဘက်ပိုင်း မီးတောက်ငယ် နယ်မြေက ဟင်္သာပြဒါးဂြိုဟ်၏ မြောက်ဘက်စွန်းပိုင်းတွင် တည်ရှိသည်။ ထိုနေရာက မူလတုန်းက ရွှမ်ယွဲ့တည်ရှိခဲ့သော နေရာ ဖြစ်လေ၏။

သည်နေရာရှိ ရေခဲများက ကျင့်ကြံသူများ သည်ဂြိုဟ်ကို စရောက်လာသည့် အချိန်တုန်း ကတည်းက လုံးဝ အရည်ပျော်သွားခြင်း မရှိချေ။ တစ်နေ့တာလုံး အေးစက်စက် လေများ တိုက်ခတ်နေပြီး ကုန်းမြေက ရေခဲများနှင့် ပြည့်နေ၏။ အကွာအဝေး တစ်ခုမှ ကြည့်လျှင် အပြာရင့်ရောင် မြူလွှာများက သည်ဧရိယာ တစ်ခုလုံးကို ဖုံးလွှမ်းနေသည်အား တွေ့ရမည် ဖြစ်၏။

သည်အေးစက်စက် မြူများကို နိုင်လီမြူ ဟု ခေါ်တွင်၏။ သည်ထူးဆန်းသော သဘာဝ စွမ်းအင်က အဆုံးစွန် အေးခဲသည့် နေရာများတွင်သာ ဖြစ်ပေါ်လေ့ရှိသည်။

နိုင်လီမြူများက အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိသည့်အပြင် နောက်ထပ် အကျိုးသက်ရောက်မှု တစ်ခုလည်း ရှိသေး၏။ သည်အကျိုး သက်ရောက်မှုကတော့ ၎င်းကို စုပ်ယူ၍ မရဘဲ တဖြည်းဖြည်း သန့်စင်မွန်းမံ၍သာ ရသည်။

မြောက်ဘက် မီးတောက်ငယ် နယ်မြေက အလွန်ကြီးမားလှသည်။ ရွှမ်ယွဲ့နိုင်ငံက သည်နေရာတွင် တည်ရှိခဲ့တုန်းက သူတို့က သည်နေရာ၏ သုံးပုံတစ်ပုံခန့်ကိုသာ ရှာဖွေနိုင်ခဲ့ကြပြီး ကျန်သည့် နေရာများကို ဆက်၍သွားနိုင်စွမ်း မရှိခဲ့ချေ။ ထို့ကြောင့် သူတို့နိုင်ငံ၏ အဆောက်အဦများက သည်ဒေသ၏ နယ်နိမိတ် အစပ်တွင်သာ အဆုံးသပ်ခဲ့၏။

သို့ရာတွင် အချို့စွမ်းအားမြင့် ကျင့်ကြံသူများက သည်နေရ၏ ဗဟိုတွင် အနီရောင် ရေခဲပြင်ကြီး တစ်ခု ရှိကြောင်း သိကြလေ၏။

သည်ရေခဲများက အေးစက်နေခြင်း မရှိသော မီးတောက်များပင် ဖြစ်သည်။

သည်အရာက အလွန်ဖြစ်တောင့်ဖြစ်ခဲပင်။ မီးတောက်များက ရေခဲအသွင် ဖြစ်ပေါ်နေသည့် စွမ်းအားက လူတိုင်းကို အံ့အားသင့်စေသည်။ ထို့ကြောင့် ဟင်္သာပြဒါးဂြိုဟ်ရှိ ကျင့်ကြံသူများက သည်နေရာကို မြောက်ဘက် မီးတောက်ငယ်နယ်မြေဟု အမည်ပေးခဲ့ကြခြင်း ဖြစ်သည်။

သည်နယ်မြေ၌ အချိန်ကြာမြင့်စွာ ကတည်းက တည်ရှိခဲ့သည့် ရှေးဟောင်း အတားအဆီး များလည်း ရှိနေသည်။ နိုင်လီမြူများက သည်အရာများထဲက တစ်ခု အပါအဝင်ဖြစ်၏။ သည်နယ်မြေတွင် သွေးမီးတောက် အတားအဆီးလည်း ရှိပေသည်။ ၎င်းအတားအဆီးက သွေးမရှိသော အရာများပေါ်တွင်တော့ သက်ရောက်ခြင်း မရှိပေ။ သို့သော် သွေးဓာတ် ပါဝင်သည့်အရာ တစ်ခုခု ရှိသည်နှင့် အလင်းများ၏ ရိုက်ခတ်ခြင်းကို ခံရပြီး သူတို့၏သွေးများက စတင် ဆူပွက်လာကာ ဆယ်စက္ကန့်အတွင်း သည်သွေးမီးတောက် အတားအဆီးကြောင့် သေဆုံး သွားနိုင်သည်။

သည်အရာများအပြင် သည်နယ်မြေ၌ နတ်ဘုရားအာရုံကို စုပ်ယူနိုင်သော ရေခဲများလည်း ရှိလို့နေသေးသည်။ သည်ရေခဲများက ၎င်းကိုလာထိတွေ့သော နတ်ဘုရားအာရုံများကို ချက်ချင်း အားနည်းအောင် ပြုလုပ်နိုင်စွမ်း ရှိကြသည်။

ထိုအချိန်မှာပင် မြောက်ဘက် မီးတောက်ငယ်နယ်မြေ၏ အနက်ပိုင်းတွင် လူငယ်လေး တစ်ယောက််၏ ခန္ဓာကိုယ်တစ်ခုက လဲလျောင်းနေပြီး နိုင်လီမြူများဖြင့် ဖုံးလွှမ်းထားသည်။

လူငယ်လေးက အလွန်ချောမောလှ၏။ သို့သော် သူက ရုန်းကန်နေရသည့် အသွင် ဖြစ်နေသည်။ သူက ပါးစပ်ထဲကနေ အနက်ရောင် အမျှင်တန်းများကို အဆက်မပြတ် မှုတ်ထုတ်နေလျက် ရှိသည်။ သည်အနက်ရောင် အမျှင်တန်းများက နိုင်လီမြူများကို အဝေးသို့ လွင့်စဉ်စေသည်။

သို့ရာတွင် နိုင်လီမြူက လွင့်ပြယ်သွားသည့် အချိန်မှာပင် ၎င်းက ချက်ချင်းပြန်ရောက်လာပြီး လူငယ်လေး၏ ခန္ဓာကိုယ်ကို သန့်စင်ပစ်နေသည်။

သည်လူငယ်က အလောင်းကောင်ကလန်မှ အကြီးအကဲ ခေါင်းဆောင်စွန်ထိုင် က ဘီလူးနတ်ဆိုး ကလန်ဘိုးဘေးကို တိုက်ခိုက်စေခိုင်းခဲ့သော နတ်ဆိုး ကလေးငယ်ပင် ဖြစ်ချေ၏။

သည်နတ်ဆိုးကလေးငယ်က အလွန်ထူးဆန်းလှ၏။ အတိတ်တုန်းက ဘီလူးနတ်ဆိုး ကလန်ဘိုးဘေး ခန္ဓာကိုယ်က ၎င်းကြောင့် ပျက်စီး သွားခဲ့ရဖူး၏။ ထို့နောက် ဘီလူးနတ်ဆိုး ကလန်ဘိုးဘေးက သူ့မူလ စိတ်ဝိညာဉ်နှင့် လွတ်မြောက်အောင် အတင်းထွက်ပြေး ခဲ့ရပြီး သည်နေရာတွင် နတ်ဆိုး ကလေးငယ်အား လှည့်ဖျား၍ ပိတ်လှောင် ထားခဲ့ခြင်း ဖြစ်၏။

စွန်ထိုင်က ဘီလူးနတ်ဆိုး ကလန်ဘိုးဘေး၏ သွေးမျိုးဆက် စွမ်းအားကြောင့် ဟင်းလင်းပြင် ထဲသို့ လွင့်ထွက်သွားခြင်း မရှိလျှင် သူက နတ်ဆိုး ကလေးငယ်ကို ထိန်းချုပ်၍ ၎င်းက ပိတ်လှောင် ထားခံရမည် မဟုတ်ချေ။

သည်နတ်ဆိုးကလေးငယ်၏ မူလဇာစ်မြစ်က ကြီးကျယ်လှ၏။

နတ်ဆိုးကလေးငယ်၏ မူလဇာစ်မြစ်အကြောင်း မပြောခင် အရင်ဆုံး ပြောရမည့် အကြောင်းက အလောင်းကောင် ကလန်အကြောင်းပင် ဖြစ်၏။

အလောင်းကောင်ကလန်က အလွန်ကြီးမားသည့် ကလန်ကြီးတစ်ခုပင် ဖြစ်သည်။ ယင်းကလန်ကို ဟင်္သာပြဒါး ဂြိုဟ်ပေါ်ရှိ မည်သည့် ကလန်ကမျှ ယှဉ်နိုင်မည် မဟုတ်ချေ။ တကယ်တော့ အလောင်းးကောင်ကလန်ခွဲများက များစွာသော ကျင့်ကြံခြင်း ဂြိုဟ်များပေါ်တွင် ရှိနေသည်။

အလောင်းကောင် ကလန်က အမျိုးမျိုးသော ကျင့်ကြံခြင်း ဂြိုဟ်များတွင် အမြစ်တွယ် နေသည့် အဖွဲ့အစည်းကြီး တစ်ခု ဖြစ်လေသည်။

အလွန့်အလွန် နည်းပါးသော လူများကသာ အလောင်းကောင် ကလန်၏ ဌာနချုပ် တည်နေရာကို သိရှိကြလေသည်။

အလောင်းကောင် ကလန်၏ ဖွဲ့စည်းထားပုံက မျှော်စင်တစ်ခုနှင့် ဆင်တူ၏။ ဤကလန်တွင် အမျိုးမျိုးသော အဆင့်များစွာ ရှိနေ၏။

ကျင့်ကြံခြင်း မဟာမိတ် အဖွဲ့အစည်းကြီးထဲတွင် အလောင်းကောင် ကလန်က တရားဝင်ကလန် အဖွဲ့အစည်း အဖြစ် အသိအမှတ် ပြုထားသည့် ကလန်အနည်းငယ်ထဲက တစ်ခု အပါအဝင်ပင် ဖြစ်လို့နေသည်။ များစွာသော ကျင့်ကြံခြင်း ဂြိုဟ်များပေါ်ရှိ အမျိုးမျိးသော ကလန်များနှင့် နှိုင်းယှဉ်ပါက အလောင်းကောင်ကလန်သည် ခုလက်ရှိ ကျင့်ကြံခြင်း ခေတ်ကြီး တစ်ခုလုံး၏ စစ်မှန်သော ကလန်များထဲက တစ်ခု အပါအဝင်ဟု ပြော၍ ရ၏။

ရှေးမျိုးဆက် ကျင့်ကြံသူ တော်တော်များများက အလောင်းကောင် ကလန်နှင့် ပတ်သက်၍ သွားရှုပ်လို့ မရကြောင်း သိလေသည်။ ပြောကြသည်ကတော့ အလောင်းကောင် ကလန်နောက်မှာ ရှိနေသည့် ပုဂ္ဂိုဟ်က ကောင်းကင်ဘုံ နယ်မြေပြိုကျခဲ့သည့် အကြောင်းအရာနှင့်ပင် ဆက်နွှယ်မှု ရှိနေသည် ဟူ၍ပင်။

သို့ရာတွင် သည်အကြောင်းက ကောလဟာလ တစ်ခုသာ ဖြစ်လေ၏။ မှန်လား၊ မှားလား မည်သူမျှ မသိကြချေ။

သို့သော် မည်သို့ပင် ဖြစ်စေကာမူ အလောင်းကောင် ကလန်၏ စွမ်းအားက မေးခွန်း ထုတ်စရာ မလိုချေ။

အလောင်းကောင် ကလန်ခွဲတိုင်းတွင် ကလန်ခေါင်းဆောင် တစ်ယောက်နှင့် အကြီးအကဲ ခေါင်းဆောင် တစ်ယောက်စီ ရှိကြသည်။ အကြီးအကဲ ခေါင်းဆောင်က ကလန်၏ အရေးအခင်း ကိစ္စများနှင့် ပတ်သက်၍ တာဝန်ယူကာ ကလန်ခေါင်းဆောင်ကတော့ အရာအားလုံးကို ထိန်းချုပ်ရာ၌ တာဝန်ယူ ရှိလေသည်။

အလောင်းကောင် ကလန်ထဲ၌ မတူကွဲပြားသော ခန္ဓာကိုယ် (၃၀၀၀)ကျော်နှင့် ပတ်သက်၍ သတင်း အချက်အလက်များ ပါဝင်သည့် ကျောက်စိမ်းပြား တစ်ခု ရှိလေသည်။ သည်ခန္ဓာကိုယ်များထက် တစ်ခုကို ရှာတွေ့လျှင် သူတို့က အချို့သော ကောင်းကင် ရတနာများနှင့် လဲလှယ်လေ့ ရှိကြ၏။

လူသူကင်းမဲ့သည်ဂြိုဟ်တစ်ခုပေါ်ကနေ စွန်ထိုင်ရရှိခဲ့သည့် နတ်ဆိုးကလေးငယ်ကလည်း သည်လိုခန္ဓာကိုယ် အမျိုးအစားများထဲက တစ်ခု ဖြစ်လေ၏။

သည်နတ်ဆိုး ကလေးငယ်၏ ခန္ဓာကိုယ်က အလောင်းကောင် ကလန်၌ အဆင့် (၁၇၁) တွင် ရှိလေသည်။ ၎င်းနတ်ဆိုး ကလေးထံ၌ ခုထိ ဆုံးဖြတ်၍ မရသေးသော စိတ်ဝိညာဉ်ရင်းမြစ်တစ်ခု ရှိနေ၏။ ၎င်းက သဘာဝက ဖန်တီးထားသည့် ခန္ဓာကိုယ်တစ်ခု ဖြစ်လေသည်။ တစ်စုံတစ်ယောက်က ယင်းခန္ဓာကိုယ်ကို ပိုင်ဆိုင်သည့် အခါ၌ ထိုလူ၏ စိတ်ဝိညာဉ်ရင်းမြစ်နှင့် ယှဉ်လို့ရသည့် အထိ ၎င်းနတ်ဆိုး ကလေးက ဖွံ့ဖြိုးလာလိမ့်မည် ဖြစ်သည်။

စွန်ထိုင်က သည်ခန္ဓာကိုယ်ကို ရှာတွေ့ပြီးနောက် အလွန်ပျော်ရွှင် ခဲ့ဖူးသည်။ သူက သည်ခန္ဓာကိုယ်ကို နှစ်တစ်ထောင်ခန့် သန့်စင် မွန်းမံပြီးနောက် သည်နတ်ဆိုး ကလေးငယ် ဖြစ်လာခြင်းပင်။ သည်နတ်ဆိုး ကလေးငယ်က မန္တာန်များကိုပင် အသုံးပြုနိုင်သည့် စွမ်းရည် ရှိလေသည်။ ၎င်းခန္ဓာကိုယ်ကိုယ်တိုင်က စွန်းထိုင်ကဲ့သို့ စိတ်ဝိညာဉ် အသွင်ပြောင်းခင်း အလယ်အဆင့်၌ ရှိလို့နေခဲ့သည်။ ၎င်းနတ်ဆိုး ကလေးခန္ဓာကိုယ်နှင့် ပတ်သက်၍ တစ်ခုတည်းသော ထူးဆန်းသည့် အချက်က ၎င်းသည် အထူးအစီအရင် တစ်ခုထဲ၌ ပြုစုပျိုးထောင် လာနိုင်သလို အချိန်အတန် ကြာသည့်အချိန်ထိလည်း ထိုအစီအရင် ထဲကနေ ထွက်ခွာနိုင်ခြင်း မရှိတော့ချေ။

ထို့ကြောင့်လည်း စွန်ထိုင်က ကောင်းကင်ဘုံ နယ်မြေသို့ သွားရောက်ခဲ့တုန်းက သူက သည်နတ်ဆိုး ကလေးငယ်ကို သူနှင့်အတူ မခေါ်ခဲ့ခြင်း ဖြစ်သည်။ သူပြန်ရောက်လာသည့် အချိန်တွင် သူက ၎င်းနတ်ဆိုး ကလေးကို ခေါ်၍ အလောင်းကောင် ကလန်ခွဲကြီး တစ်ခု အနီးအနားရှိ ဂြိုဟ်တစ်ခုတွင် သွားရောက်ရန် စီစဉ်ခဲ့သည်။ သူက ထိုနေရာတွင် ကျောက်ရီ၏ ချိပ်ပိတ်မှုကို ဖယ်ရှားရန်အတွက် နတ်ဆိုး ကလေးခန္ဓာကိုယ်နှင့် အဆင့်ရှစ် စိတ်ဝိညာဉ် ကွဲထွက်ခြင်း ဆေးလုံးကို လဲလှယ်ရန် စီစဉ်ထားခဲ့၏။

ထိုအချိန်မှာပင် ဝမ်လင်းက သူ့ကိုလှမ်းခေါ်သည့် အချိန်နှင့် ကြုံကြိုက်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း သူက နတ်ဆိုးကဘေးကို အသုံးပြု၍ ဘီလူးနတ်ဆိုးကလန်ကို ဆန့်ကျင် တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

သည်နေ့တွင် မြောက်ဘက် မီးတောက်ငယ် နယ်မြေအတွင်း၌ အလင်းတန်းနှစ်ခုက ကောင်းကင်ကို ဖြတ်၍ မြန်ဆန်စွာ ပျံသန်းလာနေ၏။ အရှေ့အလင်းတန်းတွင် လူနှစ်ယောက် ရှိနေပြီး နောက်တွင်တော့ လူတစ်ယောက်က လိုက်ပါနေ၏။

ရှေ့ရှိ လူနှစ်ယောက်က ဝမ်လင်းနှင့် စစ်ထူနန်တို့ ဖြစ်ကြသည်။ နောက်က လိုက်ပါလာသူကတော့ စွန့်ပစ်ခံ မသေမျိုးကလန်၏ ဘိုးဘေးလေး ဖြစ်လေသည်။

စစ်ထူနန်က ပျံသန်းနေရာမှ ရုတ်တရက် နောက်သို့ လှည့်၍ စွန့်ပစ်ခံ မသေမျိုးကလန်၏ ဘိုးဘေးလေးကို လှမ်းအော်လိုက်သည်။ “မင်းက နှေးလွန်းတယ်…ကောင်လေး…။ ဒီအဘိုးအိုက မင်းကို ခဏခဏ စောင့်နေရတယ်။ မင်းက ပိုပြီးမြန်မြန် မပျံသန်းနိုင်ရင် ဒီအဘိုးအိုက မင်းကို စောင့်မနေတော့ဘူး…”

ဘိုးဘေးလေးက အလွန်ပင် ဒေါသပုန်ထ သွားလေ၏။ သူက လမ်းတစ်လျောက်တွင် အကြိမ်များစွာ လက်လျှော့လိုခဲ့၏။ သို့သော် သူက လက်လျော့ရန် ပြင်လိုက်သည့် အချိန်တိုင်း စစ်ထူနန်က သူ့ကို မှီလာရန် ရပ်စောင့်ပေးပြန်သည်။

ဘိုးဘေးဘေးအတွက် သည်အဖြစ်သည် ထူးဆန်းလွန်းနေ၏။ သို့သော် သူက လက်လျော့ရန် ဆန္ဒ မရှိတော့ချေ။ သူက အဆိုးဆုံးအခြေနေ ဖြစ်လာလျှင်ပင် လျှို့ဝှက်နည်း စနစ်တစ်ခုကို အသုံးပြုကာ ဘိုးဘေး စိတ်ဝိညာဉ် သစ်ပင်ထံသို့ ပြန်သွားနိုင်သေးသည် မဟုတ်လား။ သည့်အပြင် စစ်ထူနန်လု ယူသွားသည့် ဘိုးဘေးစိတ်ဝိညာဉ်က ခုထိ သန့်စင်ခြင်း မခံရသေးချေ။

သည့်အတွက်ကြောင့်လည်း သူက ဆက်၍ လိုက်ပါနေခြင်း ဖြစ်၏။

သူတို့သုံးယောက်လုံးက အလွန်မြန်ဆန်လှသည်။ သူတို့က မြောက်ဘက် မီးတောက်ငယ် နယ်မြေ ဗဟိုသို့ ရောက်ရှိ လာကြလေသည်။ ဝမ်လင်းက သည်အနီရောင် မီးတောက်များကြားတွင် နတ်ဆိုးကလေးငယ် ရှိနေသည်ကို ချက်ချင်း အာရံခံမိလိုက်၏။

စစ်ထူနန်မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ သူက ရပ်တန့်၍ ရယ်မောကာ လျင်မြန်စွာ လိုက်လာနေသော ဘိုးဘေးလေးကို ကြည့်သည်။

“ငါ့ ခန္ဓာကိုယ် မပျက်စီးခင်တုန်းကဆိုရင် ငါက ဒီနေရာမှာ အချိန်အကြာကြီး ကျင့်ကြံခဲ့ဖူးတယ်။ ဒါ့ကြောင့် ငါက ဒီနေရာမှာ ရှိနေတဲ့ အတားအဆီးတွေနဲ့ ပတ်သက်ပြီး ကောင်းကောင်းကြီး နားလည်တယ်…” စစ်ထူက အတိတ်ကို ပြန်လွမ်းဆွတ် သွားဟန်ပြီးနောက် ချိပ်တံဆိပ် တစ်ခု ပြုလုပ်၍ လေထဲသို့ လက်ညွှန်လိုက်၏။

ထိုအခါ မြေပြင်က တုန်ခါသွားပြီး ရွှေရောင် အလင်းတန်း တစ်ခုက ပျံသန်းထွက်လာ၏။

စစ်ထူနန်က ဝမ်လင်းကို ဆွဲခေါ်၍ ရယ်မော လိုက်သည်။ ထို့နောက် သူက ပေတစ်ထောင် အကွာအဝေးသို့ ရွေ့လျား၍ ဘိုးဘေးလေးကို ကြည့်သည်။

ဘိုးဘေးလေး ရောက်လာသည့် အခိုက်တွင် ကောင်းကင် တစ်ခုလုံးက အဖြူရောင် အလင်းတန်းတစ်ခုနှင့် လွှမ်းခြုံလာသည်။ သည်အဖြူရောင် အလင်းက အလွန်တောက်ပပြီး ထူးဆန်းသော အားတစ်ခုပါ ပါဝင်နေကာ ဘိုးဘေးလေး ခန္ဓာကိုယ်ပေါ်သို့ ကျရောက် သွားသည်။ အနီရောင် အလင်းက ချက်ချင်းပင် ဘိုးဘေးလေး၏ အရည်ပြားအောက်၌ ပေါ်လာ၏။

ဘိုးဘေးလေးက နှာခေါင်းရှုံ့ လိုက်သည်။ “အနီရောင် သွေးမီးတောက်” သူ့စွန့်ပစ်ခံ မသေမျိုးကလန်သည် သည်ဂြိုဟ်၏ ဒေသခံ ဖြစ်သည်။ ထို့ကြောင့် သူတို့က သည်နေရာနှင့် ပတ်သက်၍ ကောင်းစွာ နားလည်ထား၏။ သူက အဖြူရောင် အလင်းကို ချက်ချင်း မည်သည့်အရာဖြစ်မှန်း ချက်ချင်း သိလိုက်၏။

သူက သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ဧရာမ တက်တူးကြီး တစ်ခုက သူ့ရှေ့၌ ပေါ်လာခဲ့သည်။ သည်တက်တူးက တဖျပ်ဖျပ် တောက်ပနေပြီးနောက် အဖြူရောင် အလင်းများက ဘိုဘေးလေး ခန္ဓာကိုယ်ကနေ လွင့်ပြယ် သွားတော့၏။

စစ်ထူနန်က အံ့အားသင့်သွားမိပြီး သူ့မျက်လုံးများက အေးစက်လာခဲ့သည်။ ထို့နောက် သူက အလင်းတန်းအလား ဘိုဘေးလေးထံသို့ ရွေ့လျား သွားလေ၏။

လေးခုမြောက် ဘိုးဘေးက ရုတ်တရက် ခေါင်းမော့ကာ စစ်ထူနန်ကို မော့ကြည့်ကာ သူ့လက်ကို ဝှေ့ယမ်း လိုက်သည်။ သူရှေ့ရှိ တက်တူးက အမျှင်တန်းများ အဖြစ်သို့ ပြောင်းသွားပြီး စစ်ထူနန်ကို ပိတ်လှောင်ရန် ကြိုးစားလာကြ၏။

စစ်ထူနန်က ရယ်မော လိုက်သည်။ သူက ရှောင်ရှားခြင်း မရှိဘဲ သည်အမျှင်တန်းများကို ဖြတ်သွားပြီး ဘိုးဘေးလေး ခန္ဓာကိုယ်ထံသို့ တိုက်ရိုက် တိုးဝင်သွားသည်။ ဘိုးဘေးလေးက အော်ဟောက် လိုက်၏။ “ထွက်လာစမ်း…”

သူက သူ့နှဖူးကို ထိလိုက်ရာ သစ်ရွက်ကိုးရွက် အပင်တစ်ပင် ထွက်ပေါ်လာလေ၏။

သည်အပင် ထွက်ပေါ်လာသည့် အခိုက်မှာပင် စစ်ထူနန်က ဘိုးဘေးလေးထံသို့ ရောက်ရှိ လာ၏။ သည့်နောက် သူ့အော်ရာကို ထုတ်လွှတ်ကာ အော်ပြောလိုက်သည်။ “နိုင်လီမြူ…”

နတ်ဆိုးကလေးငယ်ကို ဝန်းရံနေသည့် မြူများက စစ်ထူနန်ထံသို့ လျင်မြန်စွာ လွင့်မြော လာကြပြီး သူနှင့်ဘိုးဘေးလေးတို့ကို ပိတ်လှောင်၍ နတ်ဆိုးကလေးငယ် ပိတ်မိနေသော ရေခဲမီးတောက် များထဲသို့ ဆွဲခေါ်သွားတော့သည်။

သည်အရာက အလွန်မြန်ဆန်စွာ ဖြစ်ပျက် သွားခြင်းပင်။ မျက်စိတစ်မှိတ် အတွင်း စစ်ထူနန်နှင့် လေးခုမြောက်ဘိုးဘေးတို့က မြူများနှင့် ဝန်းရံခြင်း ခံလိုက်ရတော့သည်။ ရေခဲမီးနောက်တိုင် တစ်ခုက သူတို့တစ်ယောက်စီ၏ ပတ်လည်၌ ဖြစ်ပေါ်လာသည်။

သည်အချိန်တွင် နိုင်လီမြူအတွင်း၌ ရေခဲမီးနောက်တိုင် သုံးလုံး ရှိလာခဲ့ပြီ ဖြစ်သည်။

စစ်ထူနန်က ရေခဲမီးတောက်ထဲ၌ ကျေနပ်သော အပြုံးတစ်ခုကို ထုတ်ဖော် လိုက်သည်။ထို့နောက် သူက ထူးဆန်းစွာပင် သည်မီးတောက် ထဲကနေ ထွက်လာခဲ့၏။ သူက နတ်ဆိုး ကလေးငယ် ရှိနေသော ရေခဲမီးတောက်ထံသို့ ပျံသန်းသွားပြီး သည်ကလေးငယ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက် လိုက်သည်။

“ဝမ်လင်း… ဒီနိုင်လီမြူက သဘာဝ အစီအရင်တစ်ခုပဲ။ ဒါက ငါ့အတွက် လုံးဝ ပြည့်စုံတဲ့ အကွာအကွယ်တစ်ခု ဖြစ်စေလိမ့်မယ်။ဒါ့အပြင် ဒီမြူက ငါ့ကျင့်ကြံမှုကို ပြန်ကောင်းဖို့ အတွက် အချိန်သိပ်မကြာအောင်ပါ လုပ်ပေးနိုင်တယ်။ ငါ့ ကိစ္စပြီးရင် မင်းကို လာရှာမယ်။ မင်းက ဒီချိန်အတွင်းမှာ ကျူးချွဲဇီကို ဂရုစိုက်ပါ။ ငါ မထွက်လာခင် မသေစေနဲ့…” စစ်ထူနန်အသံက နိုင်လီမြူ အတွင်းဘက်ကနေ ထွက်ပေါ်လာ၏။

ဝမ်လင်းက အနည်းငယ်စဉ်းစားနေ၏။ သူက မြူထဲရှိ နတ်ဆိုး ကလေးငယ်ကို ကြည့်ကာ မေးလိုက်သည်။ “သင်က ငါစောင့်ကြပ်ပေးဖို့ မလိုဘူးလား…”

“မလိုဘူး…။ ဒီနိုင်လီမြူက အကောင်းဆုံး အကာအကွယ် တစ်ခုပဲ…” စစ်ထူနန်အသံက စိတ်လှုပ်ရှားမှုများ ပါဝင်လို့နေ၏။ ထောင်စုနှစ်ပေါင်းများစွာ ကြာပြီးနောက် သူက နောက်ဆုံးတွင် ခန္ဓာကိုယ်တစ်ခု ထပ်မံ ရရှိလာတော့မည် မဟုတ်လား။ သူက ဘဝအတွေ့အကြုံများစွာ ဖြတ်သန်းဖူး၊ ကြုံခဲ့ဖူးပေမဲ့ စိတ်မလှုပ်ရှားမိဘဲ မနေနိုင် ဖြစ်ရသည်။

“ပြင်ပ ကျင့်ကြံသူတွေ… မင်းတို့အားလုံး စောင့်နေပါ…။ ဒီအဘိုးအိုက ကျင့်ကြံခြင်း အဆင့်ပြန်ကောင်းမွန် လာတာနဲ့ မင်းတို့ကို လက်စားချေဖို့ သေချာပေါက် လာရှာမယ်…”

ဝမ်လင်းက ခေါင်းမော့ကာ အကွာအဝေး တစ်ခုကို ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်၏။ သင် ငါ့ကို ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်အကြောင်း မပြောရသေးဘူး…”

“ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက်…။ ငါက ကျင့်ကြံခြင်း ဂြိုဟ်တစ်ခုရဲ့ အုပ်ချုပ်သူ တစ်ယောက် ဖြစ်မလာခင်က ဒီသလင်းကျောက်က စွမ်းအားကောင်းတဲ့ ရတနာတစ်ခုလို ထင်ခဲ့မိတယ်။ ဒါပေမဲ့ ငါက ဟင်္သာပြဒါးနိုင်ငံရဲ့ ဒုတိယမျိုးဆက် အုပ်ချုပ်သူ ဖြစ်လာတဲ့အခါမှာ ငါက ဒီသလင်းကျောက်ဟာ အလွန်ရက်စက်လှတဲ့ အရာဆိုတာ သိလာခဲ့တယ်…”

***

All Chapters