အခန်း ၈၅၃
Vol. 81 Ch. 853
အခန်း (၈၅၃) - အင်မော်တယ်သလင်းကျောက် တစ်သောင်းငါးထောင်၊ သတ္တမအဆင့် အံ့ဖွယ်တစ်သောင်းပန်းကို ရရှိခြင်း (၃) ။
အချိန်များမှာလည်း တရွေ့ရွေ့ ကုန်လွန်သွားခဲ့၏။
သုံးနှစ်အကြာ…။
ဖုန်းရှီးမြို့၊ မြို့တော်ဝန်နန်းတော်…။
"ဘာပြောလိုက်တယ်...”
"တာအိုရောင်းရင်းကျိုးက ဓာတ်ငါးပါးရွှီမီမြူခိုးအစီအရင်ရဲ့ အစီအရင်အလံတွေကို တစ်ယောက်တည်း ဖန်တီးနိုင်ခဲ့တယ်ဟုတ်လား..."
"ပြီးတော့ အခုချက်ချင်းပဲ ဒီသတ္တမအဆင့်နှောင်းပိုင်း အစီအရင်ကို စတင်ချထားလို့ ရနေပြီတဲ့လား... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
မူလက တရားဝင်ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းနေသော ထောင်ချီလီမှာ သူမ၏ မျက်လုံးလှလှလေးများ အပြူးသားဖြစ်သွားကာ ဘေးရှိ ဟွားစစ်ချင်အား မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်မိတော့သည်။ သူမ၏ စိတ်နှလုံးထဲတွင် မုန်တိုင်းကြီးတစ်ခု တိုက်ခတ်သွားသကဲ့သို့ ဖြစ်သွားရလေသည်။
သူမသည် ပုစဉ်းတောင်ပံကဲ့သို့ ပါးလွှာသော ပိုးသားဖြူဝတ်ရုံကို ဝတ်ဆင်ထားပြီး ရှည်လျားကာ ကိုယ်နှင့်အံကိုက်ဖြစ်နေသော စကတ်သည်ကား သူမ၏ ပြီးပြည့်စုံသော ကောက်ကြောင်းများကို ပေါ်လွင်နေစေ၏။
ထိုပြည့်ဖြိုးမို့မောက်နေသော ရွှေရင်အစုံက မြင်သူတိုင်းအား မူးဝေသွားစေလောက်သည်။
နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် သူမသည် ပိုမို၍ ရင့်ကျက်ဆွဲဆောင်မှု ရှိလာခဲ့ပြီး မျက်ခုံးနှစ်ခုကြားတွင် ညို့ငင်မှုတစ်စွန်းတစ်စ ကိန်းအောင်းနေ၏။
သူမ၏ မြင့်မြတ်သော အငွေ့အသက်များနှင့် ပေါင်းစပ်လိုက်သောအခါ လူကို တံတွေးမျိုချချင်စိတ် ပေါက်သွားစေလောက်သည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများက သူမ၏ စကတ်အောက်တွင် ဒူးထောက်ခစားလိုစိတ်များ ဖြစ်ပေါ်နေကြပြီး၊ သူမ၏ အနက်ရောင် ခုံမြင့်ဖိနပ်ဖြင့် အနင်းခံလိုကြပေမည်။
"ဟုတ်တယ်။ ယောက်ျားက တကယ်ပဲ အဲဒီလို ပြောခဲ့တာ...”
ဟွားစစ်ချင်က ဘေးရှိ သစ်မွှေးစားပွဲပေါ်တွင် ပျင်းရိစွာ မှောက်လျက်ရှိနေရာ သူမ၏ ပြည့်ဖြိုးဝိုင်းစက်နေသော ရွှေရင်အစုံက စားပွဲပေါ်တွင် ဖိမိနေတော့၏။
နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် သူမ၏ ခန္ဓာကိုယ်ကောက်ကြောင်းများမှာ ပိုမို၍ ဆွဲဆောင်မှုရှိလာပုံရပြီး မက်မွန်သီးတစ်လုံးကဲ့သို့ ရင့်မှည့်နေပြီ ဖြစ်သည်။
"အရမ်း လွန်လွန်းနေပြီ..."
"သူတစ်ယောက်တည်း ဒီလောက်ကြီးမားတဲ့ အစီအရင် စီမံကိန်းကို ဘယ်လို ပြီးမြောက်အောင် လုပ်နိုင်မလဲဆိုတာ အသာထားဦး..."
"ဒီသတ္တမအဆင့် အစီအရင်ပစ္စည်းတွေကိုတင် သူ ဘယ်နေရာကနေ ရှာတွေ့ခဲ့တာလဲ..."
"အဲဒီ ဓာတ်ငါးပါးကျောက်တွေနဲ့ ရွှီမီကျောက်တုံးတွေက သတ္တမအဆင့် ပစ္စည်းတွေလေ..."
"လူသားမျိုးနွယ် ဧကရာဇ်မြို့တော်က အစွမ်းကုန် ကူညီပေးရင်တောင်မှ အများကြီး ပေးဆပ်ရဦးမှာ..."
"တာအိုရောင်းရင်းကျိုးက လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်ပြီးတော့… ဒီလောက်များပြားတဲ့ အစီအရင်ပစ္စည်းတွေကို ဘယ်လိုများ ရှာတွေ့ခဲ့တာလဲ..."
ထောင်ချီလီအနေဖြင့် ဟွားစစ်ချင်၏စကားကို မယုံကြည်ခြင်း မဟုတ်ပေ။ ဤကိစ္စသည်ကား အလွန်ချဲ့ကားလွန်းနေသောကြောင့် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သတ္တမအဆင့်အစီအရင်အတွက် လိုအပ်သောပစ္စည်းများကို တစ်သီးပုဂ္ဂလတစ်ယောက်တည်းက ထုတ်ပေးနိုင်ရန် လုံးဝမဖြစ်နိုင်သောကြောင့်ပင်။
မျိုးနွယ်စုတစ်ခုလုံးက အစွမ်းကုန် ကူညီပံ့ပိုးပေးမှသာလျှင် ထုတ်ပေးနိုင်မည် ဖြစ်သည်။
ခေတ်သစ်ကမ္ဘာတွင် နိုင်ငံတစ်ဝန်းဖြတ်သန်းဖောက်လုပ်သည့် အမြန်ရထားလမ်းတည်ဆောက်သည့်အခါ နိုင်ငံတော်ဘဏ္ဍာဖြင့်သာ အကုန်အကျခံနိုင်သကဲ့သို့ ဖြစ်၏။
ပုဂ္ဂလိကအနေဖြင့် မည်သို့လျှင် ထိုမျှသောငွေကို တတ်နိုင်ပါမည်နည်း။ ထို့အပြင် ဤသည်က အရင်းကျေရန် လုံးဝမဖြစ်နိုင်ပေ။
မည်သည့်ကျင့်ကြံသူက ဤကဲ့သို့သော အရှုံးပေါ်မည့်အလုပ်ကို လုပ်ချင်ပါမည်နည်း။
"ဒါကိုတော့ သေချာမသိဘူး။ ယောက်ျားဆီမှာ သူကိုယ်ပိုင်နည်းလမ်းတွေ ရှိမှာပေါ့...”
"နင် သူ့ကို တိုက်ရိုက်သွားမေးတာ ပိုကောင်းလိမ့်မယ်...”
"ဘာပဲဖြစ်ဖြစ် အစီအရင်ကိစ္စတွေကို ငါလည်း သိပ်နားမလည်ဘူးလေ...”
"ဒါပေမဲ့ ယောက်ျားက အောင်မြင်ပြီလို့ ပြောရင်တော့ သေချာပေါက် အောင်မြင်တာပဲ။ သူက ဒီလိုကိစ္စမျိုးကို နောက်ပြောင်မှာ မဟုတ်ဘူးလေ... ခစ်ခစ်…”
ဟွားစစ်ချင်က တခစ်ခစ်ရယ်မောရင်း ပြောလိုက်လေသည်။
"ကောင်းပြီ။ ငါ အခုပဲ သွားကြည့်လိုက်မယ်...”
ထောင်ချီလီသည်ကား သဘာဝကျစွာပင် ပြတ်သားမြန်ဆန်လှသည်။ သူမက ဖန်သားခုံမြင့်ဖိနပ်ကို စီးထားပြီး လုံးဝန်းပြည့်ဖြိုးသော ကောက်ကြောင်းအလှဖြင့် ဆွဲဆောင်မှုအပြည့် ရှိနေသည်။
သူမ၏ ကိုယ်ဟန်က တစ်ချက်လှုပ်ရှားသွားပြီး အမှတ် (၈၈) တာအိုကျောင်းတော်ဆီသို့ ချက်ချင်း ပျံသန်းသွားလေတော့သည်။
ဤကိစ္စသည် တကယ် ဟုတ်မဟုတ်ကို သူမကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြည့်ချင်နေမိသည်။
ဝှစ်…။
အချိန်သိပ်မကြာလိုက်၊ သူမသည် အမှတ် (၈၈) တာအိုကျောင်းတော်၏ စံအိမ်ခြံဝင်းအတွင်းသို့ တိုက်ရိုက်ရောက်ရှိသွား၏။
ထိုအချိန်၌ပင် ကျိုးစွေ့ကလည်း ဂူဗိမာန်ထဲမှ အတိအကျ ထွက်လာခဲ့မိရာ၊ သူမနှင့် မျက်နှာချင်းဆိုင် ဆုံမိသွားလေသည်။
"ဒါက..."
ကျိုးစွေ့ကို မြင်လိုက်ရသည့်အခိုက်အတန့်တွင် ထောင်ချီလီ၏ မျက်နှာလှလှလေးက နီမြန်းသွားခဲ့သည်။ သူမ၏ နှလုံးသားသည်ပင် ခေတ္တမျှ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရပြီး အသက်ရှူရသည်ပင် အလိုအလျောက် မွန်းကျပ်သွားသလို ဖြစ်သွားရ၏။
ဤခွေးကောင်သည်ကား အလွန်တရာ အချိုးကျချောမောလွန်းနေပြီး မိန်းမများထက်ပင် ပို၍လှပနေချေသည်။
ဤလောကတွင် ဤကဲ့သို့သော အတုမဲ့နတ်သားမျိုး မည်သို့ရှိနေနိုင်မည်နည်း။ ဤသည်က အလွန်တရာ ဖောက်လွဲဖောက်ပြန် ဖြစ်လွန်းနေပေသည်။
မိမိကိုယ်ကိုယ် ရုပ်ရည်ဖြင့် လူကိုအကဲဖြတ်တတ်သော မိန်းမတစ်ယောက်မဟုတ်ဟု ထင်ထားခဲ့သော်လည်း၊ ယခု သူမရှေ့မှ အမျိုးသားက အလွန်ချောမောလွန်းနေသည် မဟုတ်ပါလော။
ဤသည်က သာမန်လူများ စိတ်ကူးယဉ်နိုင်သည့် အကန့်အသတ်ကိုပင် ကျော်လွန်နေလေပြီ။
အကယ်၍ ဤအမျိုးသားသာ ဆန္ဒရှိပါက မိန်းမမည်မျှလောက်သည် သူ၏အိပ်ယာပေါ်သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာမည်ကိုပင် မသိနိုင်တော့ပေ။
သို့သော်ငြား ထောင်ချီလီဟူသည်မှာလည်း သာမန်မိန်းမတစ်ယောက် မဟုတ်ချေ။
ဤအမျိုးသား၏ အလှအပတွင် ခေတ္တမျှသာ ငေးငိုင်သွားမိပြီးနောက် သူမက အမြန်ပြန်လည်တည်ငြိမ်သွားကာ ကျိုးစွေ့ကို ကြည့်လိုက်သည်။
"တာအိုရောင်းရင်းကျိုး... စောစောက ဟွားစစ်ချင်ပြောတယ်… ရှင် သတ္တမအဆင့်အစီအရင်ဖြစ်တဲ့ ဓာတ်ငါးပါးရွှီမီမြူခိုးအစီအရင်ရဲ့ အစီအရင်အလံတွေကို အောင်မြင်စွာ သန့်စင်ပြီးပြီလို့ ပြောတယ်။ ဒါ တကယ်ပဲလား...”
သူမက ကျိုးစွေ့ကို မကြည့်ရမနေနိုင်တော့ဘဲ စိတ်ထဲတွင်လည်း အလွန်အမင်း စိုးရိမ်တကြီး ဖြစ်နေမိသည်။
ဤကိစ္စ အမှန်တကယ်ဖြစ်ရန် သူမ မျှော်လင့်မိသည်။
အဘယ်ကြောင့်ဆိုသော် အကယ်၍ တကယ်သာဖြစ်ခဲ့ပါက ဖုန်းရှီးကျွန်းသည် နောင်တစ်ချိန်တွင် လုံးဝလုံခြုံသွားမည်ဖြစ်ကြောင်း ကိုယ်စားပြုနေသောကြောင့်ပင်။
အနည်းဆုံးအနေဖြင့် လူသားမျိုးနွယ်သည်လည်း ဤကျွန်းပေါ်တွင် မည်သည့်အရာကိုမျှ ဂရုစိုက်စရာမလို တိုးချဲ့နိုင်မည်ဖြစ်သည်။
လူသားမြောက်မြားစွာသည်လည်း ဖုန်းရှီးမြို့တော်အတွင်း၌သာ ကန့်သတ်နေထိုင်ရန် မလိုအပ်တော့ဘဲ နောက်ထပ်မြို့တော်များကို ပိုမိုတည်ဆောက်နိုင်မည် ဖြစ်သည်။
လူဦးရေကိုလည်း ပို၍များပြားစွာ လက်ခံနိုင်မည် မဟုတ်ပါလော။
"မှန်ပါတယ်။ တကယ်ပါ...”
"အစီအရင်အလံတွေက ဒီနေရာမှာ ရှိပါတယ်...”
ကျိုးစွေ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး ကိုယ်ပေါ်မှ သိုလှောင်အိတ်တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုအိတ်ထဲတွင် အစီအရင်အလံပေါင်း တစ်သိန်းနှစ်သောင်းကိုးထောင်ခြောက်ရာတိတိ ပါဝင်နေ၏။
ဤသည်မှာ ပြီးခဲ့သော သုံးနှစ်တာကာလအတွင်း ရရှိခဲ့သည့် ရလဒ်လည်း ဖြစ်ပေသည်။
ဖေးဟော်လျှို့ဝှက်နယ်မြေမှ အစီအရင်ပစ္စည်း အမြောက်အမြားကို ရရှိခဲ့သည့်အပြင် ကိုယ်ပွားမြောက်မြားစွာ၏ အကူအညီကြောင့် သုံးနှစ်အတွင်း ဤအစီအရင်အလံများကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ခြင်း ဖြစ်သည်။
သူသည် မျိုးနွယ်စုတစ်ခု၊ အစီအရင်ပညာရှင်ပေါင်းများစွာက နှစ်ရာချီကြာအောင် လုပ်ဆောင်ရမည့် ဧရာမလုပ်ငန်းကြီးတစ်ခုကို သူတစ်ယောက်တည်း အင်အားဖြင့် ပြီးမြောက်ခဲ့သည်ဟု ဆိုနိုင်သည်။
ဤကိစ္စကို အပြင်တွင် ပြောပြမည်ဆိုလျှင်ပင် ယုံကြည်မည့်သူ လူအနည်းငယ်မျှသာ ရှိပေလိမ့်မည်။
"ဒါ... ဒါက..."
ထောင်ချီလီမှာ ဤသိုလှောင်အိတ်ကို လှမ်းယူလိုက်ပြီး နတ်ဘုရားအာရုံဖြင့် ဖြည်းညင်းစွာ စစ်ဆေးကြည့်လိုက်သည်။
ပထမဆုံးအနေဖြင့် သိုလှောင်အိတ်ထဲရှိ အစီအရင်အလံမြောက်မြားစွာကို သူမ ခံစားသိရှိလိုက်ရ၏။
သတ္တမအဆင့် အစီအရင်ပညာရှင်တစ်ယောက်အနေဖြင့် သဘာဝကျစွာပင် ဤအစီအရင်အလံများ၏ ဆန်းကြယ်မှုကို ချက်ချင်း သိရှိသွားလေသည်။
အဓိကပစ္စည်းများက ဓာတ်ငါးပါးကျောက်နှင့် ရွှီမီကျောက်တုံးများဖြစ်ပြီး ၎င်းတို့ပေါ်တွင် ဓာတ်ငါးပါးစွမ်းအားနှင့် ရွှီမီလေဟာနယ်စွမ်းအားများ ကိန်းအောင်းနေချေသည်။
အစီအရင်အလံများကို သန့်စင်ထားမှုက ဆရာတစ်ဆူအဆင့်ရှိပြီး အလွန်တရာ ပြည့်စုံကောင်းမွန်လွန်းသည်ဟု ဆိုနိုင်လေသည်။
ပစ္စည်းတစ်ခုချင်းစီကို ပြီးပြည့်စုံစွာ ပေါင်းစပ်ထားပြီး အစီအရင်အလံအဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်၏။
သူမကို ပို၍ အံ့ဩသွားစေသည်မှာ အစီအရင်အလံများပေါ်တွင် ပြီးပြည့်စုံသော အစီအရင်မျဉ်းကြောင်းများကို ရေးဆွဲထားခြင်းပင်။
ဤမျဉ်းကြောင်းများသည် သတ္တမအဆင့်အစီအရင်၏ ကမ္ဗည်းလိုင်းများကို ဖွဲ့စည်းထားပြီး နက်နဲလွန်းလှပေသည်။
၎င်းအပေါ်ရှိ အစီအရင်ကမ္ဗည်းရေးဆွဲမှု တစ်ချက်ချင်းစီတိုင်းက အထွတ်အထိပ်သို့ ရောက်ရှိနေသည်ဟု ဆိုနိုင်လေသည်။
ဤသည်မှာ အစီအရင်ပညာရှင် ဆရာတစ်ဆူ၏ လက်ရာဖြစ်ကြောင်း အသေအချာပင်။
နှစ်ပေါင်းသောင်းချီကြာအောင် အစီအရင်လမ်းစဉ်တွင် နစ်မြုပ်ထားခဲ့သည့် သူမကဲ့သို့သော အစီအရင်ပညာရှင်ပင်လျှင် ဤအဆင့်အထိ ရောက်ရှိနိုင်မည် မဟုတ်ချေ။
ထို့အပြင် အစီအရင်အလံတစ်တိုင်ချင်းစီ၏ ကမ္ဗည်းများသည် တူညီမှုမရှိပေ။
သို့သော် အချင်းချင်း ပေါင်းစပ်လိုက်ပါက ဧရာမအစီအရင်ကြီးတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။
"ဒီအစီအရင်အလံတွေ အားလုံးကို ရှင် သန့်စင်ခဲ့တာလား...”
"ဒါကို ဘယ်လိုလုပ်နိုင်ခဲ့တာလဲ...”
ထောင်ချီလီက မယုံကြည်နိုင်စွာဖြင့် ကျိုးစွေ့အား ကြည့်လိုက်လေသည်။
သုံးနှစ်တာကာလအတွင်း သတ္တမအဆင့် အစီအရင်အတွက် လိုအပ်သော အစီအရင်အလံများကို တစ်စုံတစ်ယောက်က သန့်စင်နိုင်လိမ့်မည်ဟု သူမ မယုံရဲချေ။ သို့သော် အမှန်တရားက မျက်မှောက်တွင် ရှိနေသဖြင့် မယုံဘဲလည်း မနေနိုင်တော့ချေ။
"ဒါကတော့... အတိအကျ ဘယ်လိုလုပ်ခဲ့လဲဆိုတာက သဘာဝကျကျပဲ ကျုပ်ရဲ့ လျှို့ဝှက်ချက်ပါ...”
"အခု ခင်ဗျားအနေနဲ့ ကိစ္စတစ်ခုကိုပဲ လုပ်ဖို့ လိုအပ်တယ်။ အဲဒါက ဒီသတ္တမအဆင့် အစီအရင်ကြီးကို စတင်တည်ဆောက်ဖို့ပါပဲ...”
"ဒါကမှ အရေးအကြီးဆုံးကိစ္စ မဟုတ်ဘူးလား...”
ကျိုးစွေ့က သူ၏လျှို့ဝှက်ချက်များကို ထုတ်ဖော်ပြသရန် ရည်ရွယ်မထားပေ။ သူက ဓာတ်ငါးပါးရွှီမီမြူခိုးအစီအရင်ကို တိုက်ရိုက် စတင်တည်ဆောက်ချင်နေသည်။
ထို့အပြင် ယခု ဖုန်းရှီးမြို့တော်တစ်ခုလုံး၌လည်း မည်သူကမျှ မိမိကို ဤကဲ့သို့သော လျှို့ဝှက်ချက်များ ပြောပြရန် ဖိအားပေးနိုင်မည် မဟုတ်ချေ။
"ကောင်းပါပြီ။ ရှင် အတိအကျ ဘယ်လိုလုပ်ခဲ့လဲဆိုတာကို ကျွန်မလည်း ဆက်ပြီး မစုံစမ်းချင်တော့ပါဘူး။ ဒါကလည်း အံ့မခန်း လျှို့ဝှက်ချက်တစ်ခု ဖြစ်မှာ သေချာပါတယ်...”
"ရှင် တစ်နေရာရာကနေ ဒီတန်ဖိုးကြီးတဲ့ အစီအရင်အလံတွေကို ရလာတယ်လို့ပဲ ကျွန်မ သဘောထားလိုက်ပါ့မယ်...”
"ဘာပဲဖြစ်ဖြစ် အစီအရင်ပညာရှင် အများအပြားကို ရှင့်နောက်ကနေ လိုက်ပြီး ဒီသတ္တမအဆင့် အစီအရင်ကြီးကို ကူညီတည်ဆောက်ဖို့ ကျွန်မ စီစဉ်ပေးပါ့မယ်...”
ထောင်ချီလီ၏ မျက်လုံးလှလှလေးများတွင် ထူးဆန်းသော အလင်းရောင်တစ်ခု ပေါ်ထွက်လာပြီး ကျိုးစွေ့ကို ကြည့်သည့် သူမ၏အကြည့်များကလည်း လုံးဝပြောင်းလဲသွားလေသည်။
သူမရှေ့မှ ဤအမျိုးသား အတိအကျ မည်သို့လုပ်ဆောင်ခဲ့သည်ကိုလည်း သူမ ဂရုမစိုက်ချင်တော့ပေ။
အကယ်၍ လူသားမျိုးနွယ် ဧကရာဇ်မြို့တော်အတွင်း၌သာဆိုလျှင် ဤကဲ့သို့သောကိစ္စများ ပေါက်ကြားသွားပါက ပြဿနာကြီးကြီးမားမားများ ဖြစ်လာနိုင်သည်။
ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ အများအပြားက ဤကိစ္စကို ဖိအားပေး မေးမြန်းကောင်း မေးမြန်းကြပေလိမ့်မည်။
သို့ရာတွင် ကြယ်ကွဲပင်လယ်ကဲ့သို့ နေရာမျိုး၌ မည်သူကမျှ ဤအမျိုးသားကို အန္တရာယ်ပြုရဲမည် မဟုတ်ချေ။
ယင်းအစား ဤအမျိုးသားကိုပင် အားကိုးနေရသေးသည်။
လူသားဧကရာဇ်ကဲ့သို့ပင် ဖြစ်၏။ လူသားဧကရာဇ်၏ ကိုယ်ပေါ်တွင် မရေမတွက်နိုင်သော လျှို့ဝှက်ချက်များ ရှိသော်လည်း မည်သည့်အခါကမျှ ပေါက်ကြားခဲ့ခြင်း မရှိပေ။
အသက်မရှင်ချင်တော့သည့် သူများမှလွဲ၍ မည်သည့် လူသားကျင့်ကြံသူက တစ်စုံတစ်ခုအာချောင်ရဲပြီး အဆုံးတိုင်အောင် စုံစမ်းရဲပါမည်နည်း။
လူသားဧကရာဇ်က ထုတ်မပြောချင်သရွေ့ မည်သူကမျှ ဘာမှပြောရဲမည် မဟုတ်ချေ။
ယခု ကျိုးစွေ့၏ အဆင့်အတန်းသည် ဖုန်းရှီးမြို့တော်၌ ထိုကဲ့သို့သော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
"အင်း။ ဒါဆိုရင်လည်း စကြတာပေါ့...”
ကျိုးစွေ့က ခေါင်းညိတ်ပြလိုက်တော့သည်။
...