← Chapters

အခန်း ၈၅၄

Vol. 81 Ch. 854

အခန်း ၈၅၄

Vol. 81 Ch. 854

အခန်း (၈၅၄) - လေဟာနယ်သန့်စင်ခြင်း အစောပိုင်းအဆင့် ပြီးပြည့်စုံခြင်း (၁) ။

အချိန်သိပ်မကြာလိုက်၊ ဖုန်းရှီးမြို့တော်တစ်ခုလုံးရှိ အစီအရင်ပညာရှင်များအားလုံး လှုပ်ရှားလာကြသည်။ သူတို့သည် ကျိုးစွေ့၏ အစီအရင်အလံများကို ယူဆောင်သွားကာ ဖုန်းရှီးကျွန်း၏ နေရာအနှံ့အပြားရှိ အစီအရင်ဆုံမှတ်များဆီသို့ သွားရောက်ကြပြီး အစီအရင်အလံများကို စတင်ချထားကြတော့သည်။

ကျိုးစွေ့ကမူ ဖုန်းရှီးကျွန်း၏ သတ္တမအဆင့် စိတ်ဝိညာဉ်ကြော အရင်းအမြစ်အနီးသို့ သွားရောက်ကာ အစီအရင်အခြေခံကို တည်ဆောက်ခဲ့သည်။

အစီအရင်အခြေခံဆိုသည်မှာ သဘာဝကျစွာပင် အစီအရင်၏ ပင်မအူတိုင်ဖြစ်ပြီး အစီအရင်တစ်ခုလုံးကို ထိန်းချုပ်ရန် တာဝန်ယူရသည့် ပင်မအရင်းအမြစ်လည်း ဖြစ်သည်။

ပင်မအစီအရင်ပညာရှင်တစ်ယောက်အနေဖြင့် အစီအရင်အခြေခံကို တည်ဆောက်ရန်နှင့် သန့်စင်ရန် သဘာဝကျကျ လိုအပ်လေသည်။

ထို့နောက် အစီအရင်အခြေခံမှစတင်ကာ အစီအရင်အလံတစ်ခုစီနှင့် အစီအရင်ဆုံမှတ်တစ်ခုစီကို ဖြတ်သန်း၍ အစီအရင်မျဉ်းကြောင်းများကို ရေးဆွဲရမည် ဖြစ်၏။

အစီအရင်အလံပေါင်း တစ်သိန်းနှစ်သောင်းကိုးထောင်ခြောက်ရာကို အလုံးစုံ ချိတ်ဆက်နိုင်မှသာလျှင် ပြီးပြည့်စုံသော အစီအရင်ကြီးတစ်ခု ဖြစ်ပေါ်လာမည် ဖြစ်သည်။

ကောင်းကင်ယံမှနေ၍ အောက်သို့ ငုံ့ကြည့်လိုက်ပါက ရှုပ်ထွေးလှသော အစီအရင်မျဉ်းကြောင်းများက ကန့်လန့်ဖြတ် ယှက်နွှယ်နေသည်ကို မြင်တွေ့ရပေလိမ့်မည်။

မည်သည့် ပုံသေနည်းစနစ်မျှ မရှိဟု ထင်ရသော်လည်း ၎င်းတို့သည် အဆုံးမဲ့ ဆန်းကြယ်မှုများရှိပြီး ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို ဆွဲဆောင်နိုင်သည်။

ထို့ကြောင့် ဤသည်ကား ဧရာမလုပ်ငန်းကြီးတစ်ခု ဖြစ်ပေသည်။

ကျိုးစွေ့က ကနဦးအလုပ်များကို ပြီးစီးခဲ့ပြီးဖြစ်သော်လည်း အချိန်တစ်လကျော်ခန့် ကြာမြင့်ခဲ့လေသည်။

နောက်ဆုံးတွင်မှ ဓာတ်ငါးပါးရွှီမီမြူခိုးအစီအရင်ကို အလုံးစုံ တည်ဆောက်ပြီးစီးသွားတော့သည်။

ဝုန်း…။

ရုတ်တရက် ကျိုးစွေ့က အစီအရင်အလံတစ်တိုင်ကို အစီအရင်အခြေခံပေါ်သို့ စိုက်ချလိုက်လေသည်။ ချက်ချင်းပင် အစီအရင်အလံတိုင်းက စတင်တုန်ခါလာပြီး ရွှေရောင်အလင်းတန်းများ ဖြာထွက်လာကာ ဖုန်းရှီးကျွန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် အစီအရင်မျဉ်းကြောင်းများကလည်း စတင်လင်းလက်လာ၏။

၎င်းက ယခုအချိန်၌ ဆက်သွယ်ထားသော လျှပ်စစ်စီးကြောင်းများနှင့်ပင် တူညီနေလေသည်။

ဤအခိုက်အတန့်တွင် ဖုန်းရှီးကျွန်းတစ်ခုလုံးရှိ သတ္တမအဆင့် စိတ်ဝိညာဉ်ကြောများမှလည်း ကြီးမားလှသော ကောင်းကင်မြေကြီး စိတ်ဝိညာဉ်ချီများ စီးဆင်းလာခဲ့သည်။

ယင်းက အစီအရင်ကြီးတစ်ခုလုံး စတင်လည်ပတ်လာစေရန် ပြုလုပ်ပေးလိုက်ပြီး ကောင်းကင်နှင့်မြေကြီးကြားရှိ ဓာတ်ငါးပါးစွမ်းအားနှင့် လေဟာနယ်စွမ်းအားများကို ဆွဲယူလိုက်သကဲ့သို့ ဖြစ်သွားလေသည်။

ဝှမ်… ဝှမ်… ဝှမ်…။

ချက်ချင်းပင် ကောင်းကင်နှင့်မြေကြီးကြားရှိ အဆုံးမဲ့သော ဓာတ်ငါးပါးမြူခိုးများက စတင်မြင့်တက်လာပြီး ဖုန်းရှီးကျွန်းတစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားလေသည်။

ထိုမျှမကသေးချေ၊ ဖုန်းရှီးကျွန်းကို ဖုံးလွှမ်းသွားရုံသာမက ဤဓာတ်ငါးပါးမြူခိုးများသည် ကျွန်းအပြင်ဘက်သို့ပါ စတင်ပျံ့နှံ့သွားခဲ့ရာ ကီလိုမီတာ ဆယ်သန်းခန့်ရှိသော ပင်လယ်ပြင်အထိပင် ပျံ့နှံ့သွားခဲ့၏။

ယခုအချိန်၌ ဖုန်းရှီးကျွန်းကို ဗဟိုပြုကာ ပင်လယ်ပြင်ဧရိယာ ကီလိုမီတာဆယ်သန်းခန့်သည် ဓာတ်ငါးပါးမြူခိုးများဖြင့် ဖုံးလွှမ်းသွားခဲ့သည်ဟု ဆိုနိုင်ပေသည်။

ဤမြူခိုးများသည် အရောင်အသွေးစုံလင်စွာဖြင့် အဆက်မပြတ် လှိမ့်တက်နေလေသည်။

ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ မြူခိုးများအတွင်းသို့ ဝင်ရောက်သွားပါက ချက်ချင်း လမ်းပျောက်သွားမည့်အပြင် လေဟာနယ်သည်လည်း ကပြောင်းကပြန် ဖြစ်သွားမည်ဖြစ်၏။

အရပ်လေးမျက်နှာကိုပင် လုံးဝ ခွဲခြား၍ ရနိုင်တော့မည် မဟုတ်ချေ။

နတ်ဘုရားအာရုံသည်ပင်လျှင် ဤမြူခိုးများ၏ တစ်မီတာအကွာသို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိဘဲ သာမန်မျက်စိကိုသာ အားကိုး၍ ခွဲခြားနိုင်တော့မည် ဖြစ်သည်။

ဤသည်ကား သတ္တမအဆင့် 'ဓာတ်ငါးပါးရွှီမီမြူခိုးအစီအရင်' ပင် ဖြစ်တော့သည်။

အစီအရင်ကို အောင်မြင်စွာ တည်ဆောက်ပြီးသွားသည်နှင့်တစ်ပြိုင်နက် ခန္ဓာပေါင်းစည်းခြင်းအဆင့် ပညာရှင်ကြီးများ အစီအရင်အတွင်းသို့ ဝင်ရောက်လာလျှင်ပင် အစီအရင်ထဲ၌ ပိတ်မိသွားရပေမည်။

လွတ်မြောက်ရန် လုံးဝ မဖြစ်နိုင်တော့ချေ။ အခြားသော ကျင့်ကြံသူများဆိုလျှင်မူ ပို၍ပင် ပြောစရာမလိုတော့ပေ။

မှန်ပေ၏၊ ကာကွယ်ရေးအစီအရင်တစ်ခုအနေဖြင့် ၎င်း၏ ကာကွယ်ရေးစွမ်းအားသည်လည်း အတော်လေး အားကောင်းလှကာ ရန်သူများကို ပိတ်လှောင်ထားနိုင်ရုံမျှသာ မဟုတ်ချေ။

အကယ်၍ ရန်သူများအနေဖြင့် ဤအစီအရင်ကြီးကို တိုက်ခိုက်လာပါက လေဟာနယ်အတားအဆီးများဖြင့် ကာကွယ်ထားနိုင်မည့်အပြင်၊ ရန်သူ၏စွမ်းအားများကို လေဟာနယ်စွမ်းအားမှတစ်ဆင့် အခြားနေရာများသို့ပင် ဖြန့်ကျက်ပြောင်းရွှေ့ပေးနိုင်စွမ်း ရှိပေသည်။

ခန္ဓာပေါင်းစည်းခြင်းအဆင့် ပညာရှင်ဆယ်ယောက်ကျော်၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံရလျှင်ပင် ဤဓာတ်ငါးပါးရွှီမီမြူခိုးအစီအရင်သည် လဲပြိုသွားမည်မဟုတ်ဘဲ လုံးဝ အနိုင်ယူ၍ရမည်မဟုတ်ဟု ဆိုနိုင်လေတော့သည်။

ဓာတ်ငါးပါးရွှီမီမြူခိုးအစီအရင် အောင်မြင်သွားသည့်ခဏတာအတွင်း ဖုန်းရှီးမြို့ရှိ လူသားကျင့်ကြံသူတစ်ရပ်လုံးမှာလည်း လုံးဝဆူညံပွက်လောရိုက်သွားပြီး တစ်ယောက်ချင်းစီတိုင်းမှာ အလွန်တရာစိတ်လှုပ်ရှားကာ ဝမ်းသာပီတိဖြစ်နေကြလေသည်။

ကျွန်းအတွင်း၌ မြူခိုးများမရှိသည်မှာ သဘာဝပင်ဖြစ်ပြီး မြူခိုးများသည် ကျွန်း၏အပြင်ဘက်ရှိ ပင်လယ်ရေပြင်ကိုသာ ဖုံးလွှမ်းထားခြင်းဖြစ်၏။

ဤသည်က ဖုန်းရှီးကျွန်းကို ကာကွယ်ပေးထားသည့် သဘာဝအတားအဆီးတစ်ခုပင် ဖြစ်ပေသည်။

"ဟားဟား... နောက်ဆုံးတော့ ဓာတ်ငါးပါးရွှီမီမြူခိုးအစီအရင်ကို အောင်မြင်စွာခင်းကျင်းနိုင်ခဲ့ပြီပဲ...”

"ဒီသတ္တမအဆင့်အထွတ်အထိပ် ကာကွယ်ရေးအစီအရင်ကို ကျုပ် ရှေးဟောင်းကျမ်းစာတွေထဲမှာပဲ မြင်ဖူးခဲ့တာ။ ကိုယ်တိုင်ကိုယ်ကျ ခင်းကျင်းခွင့်ရလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး...”

"ဘိုးဘေးကျိုးက တကယ်ကိုအစွမ်းထက်လွန်းတယ်။ သတ္တမအဆင့်အစီအရင်ပညာရှင်တစ်ယောက် ဖြစ်နေတာပဲ။ သူက မကောင်းဆိုးဝါးများလား...”

"ကြားရသလောက်ဆိုရင် ဘိုးဘေးကျိုးက အခုမှ အသက်ခုနစ်ရာကျော်ပဲ ရှိသေးတယ်တဲ့။ ဒီလောက်တိုးတက်တဲ့နှုန်းက အရမ်းမြန်လွန်းတယ်။ ဒါက စီနီယာထောင်ကလွဲရင် ဖုန်းရှီးမြို့ရဲ့ ဒုတိယမြောက် သတ္တမအဆင့်အစီအရင်ပညာရှင် ဖြစ်လောက်တယ်...”

"သူက အစစ်အမှန်ပါရမီရှင်တစ်ယောက်လို့ပဲ ပြောရမယ်။ သူတစ်ရက်လေ့လာတာက ကျုပ်တို့ဆယ်စုနှစ်ချီ လေ့လာတာနဲ့ ညီမျှတယ်။ ကျုပ်တို့လိုသာမန်လူတွေ ယှဉ်နိုင်တဲ့အရာ မဟုတ်ဘူး။ ကွာဟချက်က တကယ်ကိုကြီးမားလွန်းတယ်...”

"ဘိုးဘေးကျိုးရဲ့ အစီအရင်ကျင့်ကြံမှုအဆင့်က အံ့မခန်းဖြစ်တယ်ဆိုတာ သဘာဝပါပဲ။ ပြဿနာက သူ သတ္တမအဆင့်အစီအရင်ပစ္စည်းတွေကို ဘယ်ကနေ ရလာခဲ့တာလဲဆိုတာပဲ။ ပစ္စည်းတွေသာမရှိရင် ဘယ်လောက်ပဲအစွမ်းထက်တဲ့ အစီအရင်ပညာရှင်ဖြစ်နေပါစေ ဘာမှလုပ်နိုင်မှာမဟုတ်ဘူးလေ...”

"ဒါက ဘိုးဘေးကျိုးရဲ့ကိုယ်ပိုင်ကံကြမ္မာနဲ့ ကောင်းကင်အထိမြင့်မားတဲ့ ကံတရားကြောင့်လို့ပဲ ပြောရမယ်...”

"ပြောတာမှန်တယ်။ ဒါက ကျုပ်တို့နဲ့ဘာမှမဆိုင်ဘူးလေ။ အများကြီးတွေးနေစရာ မလိုပါဘူး။ စီနီယာကျိုးက ဒီလောက်များပြားတဲ့အစီအရင်ပစ္စည်းတွေကို ထုတ်ပေးရက်တာကပဲ ကျုပ်တို့ဖုန်းရှီးမြို့ရဲ့ ကံကောင်းမှုပါပဲ...”

"ဖုန်းရှီးကျွန်းမှာ ဒီသတ္တမအဆင့်အစီအရင်ကြီး ရှိလာပြီဆိုတော့ ကျုပ်တို့တွေ ကျွန်းပတ်လည်မှာ မြို့ကြီးတွေတည်ဆောက်ပြီး မြို့ဧရိယာကို ဆက်လက်ချဲ့ထွင်နိုင်သလို လူဦးရေအများအပြားကို လက်ခံနိုင်ပြီပေါ့...”

"ဒါပေါ့... အခုဖုန်းရှီးမြို့က အရမ်းကျပ်ညပ်နေပြီ။ လူဦးရေခွဲဝေဖို့ မြို့သစ်တွေလိုအပ်နေတာ...”

ကျင့်ကြံသူအများအပြားမှာ အလွန်တရာစိတ်လှုပ်ရှားစွာဖြင့် တီးတိုးဆွေးနွေးနေကြ၏။

သူတို့သည် ဤသတ္တမအဆင့်ကာကွယ်ရေးအစီအရင်ကို အာရုံခံမိသည်နှင့်တစ်ပြိုင်နက် လုံခြုံမှုအပြည့်အဝကို ချက်ချင်းခံစားလိုက်ရလေသည်။

ဤမျှအစွမ်းထက်သော သတ္တမအဆင့်ကာကွယ်ရေးအစီအရင်သည် ခန္ဓာပေါင်းစည်းခြင်းအဆင့်စွမ်းအားရှင်များ၏ တိုက်ခိုက်မှုကို ကြုံတွေ့ရလျှင်ပင် ဘေးကင်းလုံခြုံနေမည်သာဖြစ်၏။

မှန်ပေသည်၊ ကျိုးစွေ့သည်လည်း အများအကျိုးအတွက် မိမိကိုယ်ကိုစတေးမည့် သူတော်ကောင်း ကျင့်ကြံသူမျိုးမဟုတ်ချေ။

သူဤမျှများပြားသော အစီအရင်ပစ္စည်းများကို ထုတ်ပေးရသည့်အကြောင်းရင်းမှာ မိမိအတွက်အကျိုးရှိသောကြောင့်ပင် ဖြစ်လေသည်။

မိမိ၏အသိုက်အမြုံ ဖြစ်နေသောကြောင့် သံမဏိရဲတိုက်ကဲ့သို့ ခိုင်မာနေရန် လိုအပ်သည်မှာ သဘာဝပင် မဟုတ်ပါလော။

သို့မဟုတ်ပါက ရန်သူများ အလွယ်တကူ ဝင်ရောက်လာနိုင်မည်ဆိုလျှင် အလွန်တရာအန္တရာယ်များလှသည် မဟုတ်ပါလော။

ထို့ကြောင့် ဖုန်းရှီးကျွန်း၏ ကာကွယ်ရေးကို ခိုင်မာအောင် ပြုလုပ်ခြင်းမှာလည်း ယုတ္တိတန်သော ကိစ္စတစ်ခုဖြစ်ပေသည်။

ဤသည်က နှစ်ဦးနှစ်ဖက်အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ရာ မည်သူကမလုပ်ဘဲ နေပါမည်နည်း။

ပို၍အရေးကြီးသည်မှာ ဤအစီအရင်ပစ္စည်းများအားလုံးသည် ဖေးဟော်လျှို့ဝှက်နယ်မြေမှ ရရှိလာခြင်းဖြစ်၏။

ယခင်က ဖေးဟော်မျိုးနွယ်စု ချန်ရစ်ထားခဲ့ခြင်းဖြစ်ပေသည်။

ကျိုးစွေ့သည် အလှူလက်ဖက်ဖြင့် မျက်နှာလုပ်နေခြင်းဖြစ်ရာ အလွန်သဘောထားကြီးသည်ဟု သတ်မှတ်၍ရသော်လည်း ထူးဆန်းသော ကိစ္စတော့မဟုတ်ပေ။

...

All Chapters